King of Tarot - ဆရာဗေဒကျော်

King of Tarot - ဆရာဗေဒကျော် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from King of Tarot - ဆရာဗေဒကျော်, Kamayut, Yangon.

☎️ Viber/Telegram - 09 960 960 294
(Kyaw Zin Thant)

🔮 Tarot ကို ယုံကြည်ပါ - မှန်ကန်မှုကို ရပါမည် 🔮
(မေးခွန်းတစ်ခု-၃၀၀၀; ငါးခု-၁၀၀၀၀; အထူးpackage-၁၅၀၀၀)

❌ငွေကြိုလွှဲရန် မလိုပါ❌
မေးထားပြီးလျှင် စောင့်ရသည် (ချက်ချင်းအဖြေမရပါ)

တနင်္လာ(Monday)နားပါသည်။

သင့်မှာ အခက်အခဲတစ်ခုရှိနေလား? စိတ် ခွန်အားပေးဖို့ လိုအပ်နေလား? “ကာလီမယ်တော်” က သင့်အတွက် 🔥 အားပေးစကားပြောပေးပါလိမ့်မယ်။ ...
22/08/2026

သင့်မှာ အခက်အခဲတစ်ခုရှိနေလား?
စိတ် ခွန်အားပေးဖို့ လိုအပ်နေလား?

“ကာလီမယ်တော်” က သင့်အတွက်
🔥 အားပေးစကားပြောပေးပါလိမ့်မယ်။
🔥 လမ်းညွှန်ပေးပါလိမ့်မယ်။
🔥 သွန်သင်ပေးပါလိမ့်မယ်။

အရမ်းလည်း တန်ခိုးကြီးပါတယ် 🙏🏻

✅ (၁) ဤ ဆူတောင်းစာကို အရင် ရွတ်ပါ -

“हे काली माता, बुराई को दूर करके मेरा मार्ग खोल दो।”

“ဟေး ကာလီ မာတာ၊ ဘူရိုင် ကို ဒူးရ် ကရ်ကေ မေရါ မာရ်ဂ် ခိုးလ် ဒိုး။”

“ကာလီမယ်တော်၊ မကောင်းမှုကို ဖယ်ရှား၍ ကျွန်ုပ်၏လမ်းကို ဖွင့်ပေးပါ။”

✅ (၂) မျက်လုံးလေး ခဏ မှိတ် (၁)-(၂)-(၃) ပြန်ဖွင့်
အရင်ဆုံး စိတ်ထဲ ပေါ်လာတဲ့ pile ကိုရွေးပါ။

✅ (၃) ရွေးပြီးရင် Comment မှာ ကိုယ်ရွေးတဲ့ Pile အက္ခရာ ကိုပဲ ရေးခဲ့ပါ။
ဥပမာ — Pile A ဆို “A” တစ်လုံးတည်း ရေးပါ။ 🔮

📩 သင့်အတွက် Kali Messages ကို Private Message ကနေ ပြန်ပို့ပေးပါမယ်။

Kali Oracle ကိုသုံး၍ ကတ်ဆွဲထားသောရလဒ်ကို ပေးပို့မှာပါ။

🚩 Sunday 23.8.2026 (ည) ment ပိတ်ပါမည်။

🙏🏻မဟာရွှေသိမ်တော်မြတ်စွာဘုရားကြီး🙏🏻(အဓိဌာန် အောင်ပွဲ) မဟာရွှေသိမ်တော်မြတ်စွာဘုရားကြီး သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည...
21/08/2026

🙏🏻မဟာရွှေသိမ်တော်မြတ်စွာဘုရားကြီး🙏🏻
(အဓိဌာန် အောင်ပွဲ)

မဟာရွှေသိမ်တော်မြတ်စွာဘုရားကြီး သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကြီးရွာတွင် တည်ရှိသော ထင်ရှားသည့် စေတီတော်တစ်ဆူ ဖြစ်သည်။

ပုဂံခေတ် အနော်ရထာမင်းကြီးက သက္ကရာဇ် ၃၉၅ ခုနှစ်တွင် စတင်တည်ထားခဲ့သည်။ ရှင်အရဟံမထေရ်မြတ်ကိုယ်တိုင် စေတီတော်၊ ရုပ်ပွားတော်နှင့် သိမ်တိုက်တော်တို့ကို သိမ်သမုတ်ပေးခဲ့သည်။

ဤစေတီတော်သည် ဆုတောင်းပြည့်အဓိဋ္ဌာန်အောင်မြင်သော နေရာအဖြစ် ကျော်ကြားပြီး,အထူးသဖြင့် စာမေးပွဲများမဖြေမီ ကျောင်းသား/ကျောင်းသူများ လာရောက်ဖူးမျှော်လေ့ရှိသည်။

Aquarius — အပြောင်းအလဲကြီး တစ်ခုအတွက် မျော်လင့်ချက် တစ်ခု၁။ THE STAR (ကြယ်) — "သူရဲ့ဖြစ်တည်မှုက မှိန်ပြပြပင်မယ့် အရေးကြု...
20/08/2026

Aquarius — အပြောင်းအလဲကြီး တစ်ခုအတွက် မျော်လင့်ချက် တစ်ခု

၁။ THE STAR (ကြယ်) — "သူရဲ့ဖြစ်တည်မှုက မှိန်ပြပြပင်မယ့် အရေးကြုံလာရင် ရှေ့တန်းတက်လာတယ်”

ဒီကတ်က Aqua တွေရဲ့ အကောင်းမြင်စိတ်၊ မျှော်လင့်ချက်နဲ့ လူသားချင်းစာနာမှု ကို ကိုယ်စားပြုတယ်။
ရုံးထဲမှာ Aqua တွေက မီးပြတိုက်လိုဘဲ။ မှောင်မိုက်
ချိန်ဆို အလင်းပေးနိုင်တယ်။
သူတို့က Issue တစ်ခုကို Problem လို့ မမြင်ဘူး။ Solution ကိုတန်းမြင်တာ။ ပေါင်ချိန်ဘေးက အကြံပေးတဲ့ ပညာရှိ ကုံးစွန်း လိုဘဲ။ အနေတည်
တယ်။ အတွေးမြန်တယ်။ scenes တိုင်းမှာပါချင်မှ ပါမယ်။ အရေးကြုံရင်တော့ ကုံးစွန်းရဲ့ အခန်းပါဘဲ။

၂။ THE FOOL "စွန့်ဦးတီထွင်မှု”

ဒီကတ်က Aqua ရဲ့ ရဲရင့်မှု၊ ဆန်းသစ်တီထွင်မှုနဲ့ အများနဲ့မတူတဲ့ လမ်းသစ်ကို ဖောက်လိုစိတ် ကို ကိုယ်စားပြုတယ်။
ဘယ်သူမှ မလုပ်ရဲတဲ့အလုပ်ကို ပထမဆုံးလုပ်နိုင်
တယ်။
"ဒါကို ဘယ်သူမှ အရင်က မလုပ်ဖူးဘူး" လို့ ပြောလိုက်တာနဲ့ ကုံက "ဒါဆိုရင် ငါပထမဆုံး လုပ်မယ်" လို့ ပြန်ပြောနိုင်တယ်။
သူတို့က Boundaries တွေကို မုန်းတယ်၊
Out of Box ကို ကြိုက်တယ်။

၃။ ⚡ KNIGHT OF SWORDS — "လူသား AI"

ဒီကတ်က Aqua ရဲ့ လျင်မြန်တဲ့ ဉာဏ်ရည် နဲ့ ဆန်းသစ်တဲ့ စဉ်းစားတွေးခေါ်မှု ကို ကိုယ်စားပြုတယ်။
Aqua ဆိုတာ လူသား AI ဘဲ။
တစ်မိနစ်အတွင်း အကြောင်းအရာ ၁၀ ခုကို စဉ်းစားနိုင်တယ်၊ ပြီးတော့ အဲဒီအကြောင်းအရာ ၁၀ ခုလုံးကို ချိတ်ဆက်ပြီး ဘယ်သူမှ မမြင်ဖူးတဲ့ အဖြေ အသစ်ကို ထုတ်ပေးနိုင်တယ်။

✅ Aqua တွေနဲ့ အရမ်းကိုက် တဲ့အလုပ်များ
Innovator
Entrepreneur
Start up or Founder
Tech IT
Scientists
Marketing Strategies Coordinator
NGO
ပရဟိတ
NASA ကဲ့သို့ အာကာသ

ထင်ရှားတဲ့ Aquarius born ပုဂ္ဂိုလ် ထဲမှာ Abraham Lincoln က အထင်အရှားဘဲ။
Abraham Lincoln (1809–1865) ဟာ အမေရိကန်သမိုင်းမှာ အလွန်အရေးပါတဲ့ ကျွန်စနစ်ဖျက်သိမ်းရေးနဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်လည်စည်းလုံးစေခဲ့တဲ့ ခေါင်းဆောင် အဖြစ် ကျော်ကြားပါတယ်။ ခေါက်ရိုးကျိုး အရိုးဆွေးနေတဲ့ Culture ကို စွန့်ဦးလုပ်ပြခဲ့တာပါ။
အနုပညာရှင်ထဲမှာလည်း Shakira တို့ Harry Styles တို့ဟာလည်း ကိုယ်ပိုင် စတိုင် နဲ့ ကျော်ကြားတဲ့ Aqua born တွေပါဘဲ။

Ta**us (ပြိဿရာသီ) 🐂 — သံမဏိခေါင်း (သို့မဟုတ်) မဟာတံတိုင်းကြီး လုပ်ငန်းခွင်မှာဘယ်လို အရေးပါလဲ? ၁။ 🐂 THE HIEROPHANT (စာအုပ...
18/08/2026

Ta**us (ပြိဿရာသီ) 🐂 —
သံမဏိခေါင်း (သို့မဟုတ်) မဟာတံတိုင်းကြီး
လုပ်ငန်းခွင်မှာဘယ်လို အရေးပါလဲ?

၁။ 🐂 THE HIEROPHANT (စာအုပ်ကြီး)
တောအရက်တွေက ဗူးဆိုဖရုံမသီးဘူး။
စာအုပ်ကြီးအတိုင်းလားဆိုတော့လည်း
အဲ့စာအုပ်က သူ့ဟာသူရေးထားတာ 😅
ကမ္ဘာပေါ်မှာ ဘယ်သူမှ မပြဌာန်းထားတဲ့ သူတစ်ယောက်တည်း ဖတ်တဲ့ အဘိဓာန် နဲ့။
သူ့ Rule သူထုတ်၊ သူ့ဟာသူလိုက်နာ 🤭

စတာပါ တောအရက်တွေရဲ့ ကောင်းကွက်တွေက-
စကားတစ်ခွန်းက ကတိတစ်ခုလိုပဲ၊
သူတို့လုပ်ရင် အာမခံပြီးလုပ်တာ။
ပရောဂျက်တစ်ခုကို Ta**us က လက်ခံလိုက်ပြီဆိုရင် ကမ္ဘာပျက်သွားရင်တောင် ပြီးအောင်လုပ်မယ်။

၂။ 👑 KING OF PENTACLES (စိစစ်သေချာသူ)
Ta**us တွေက ပိုက်ဆံကို ဘယ်လိုရှာရမလဲဆိုတာ သာမက၊ ဘယ်လိုထိန်းသိမ်းပြီး တိုးပွားအောင်လုပ်ရမလဲဆိုတာကိုပါ ကောင်းကောင်းသိတယ်။
မလုပ်ချင်လို့မလုပ်တာဘဲရှိမယ်။ 🤭 အကုန်သိတယ်။
ရုံးမှာဆို cost effective and efficient ဖြစ်အောင် အသုံးတတ်ဆုံး။ (သူ့အတွက်သာ သူမလုပ်ရင်နေမယ် 🤭)
နောက်တစ်ခုကောင်းတာက အလွယ်လမ်းဘယ်တော့မှ မလိုက်ဘူး၊ ရေတို ကိုမကြည့်ဘူး၊ သက်လုံကောင်းအောင် အမြဲကြိုးစားတယ်။

၃။ 🌳 TEN OF PENTACLES (အခြေခံအုတ်မြစ်) —
တခါတလေ Ta**us တွေလုပ်နေတာ နားလည်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဒီနေ့အတွက် အလုပ်လုပ်နေတာ မဟုတ်ဘူး၊ သူတို့က ရေရှည်မဟာဗျူဟာ ကို ရေးဆွဲတယ်၊ ကုမ္ပဏီရဲ့ အနာဂတ်ကို ပုံဖော်တယ်၊ ပြီးတော့ သူတို့ရဲ့ အလုပ်က နှစ် ၂၀ ကြာရင် စင်္ကာပူကိုကျော်မယ်၊ ဒါတွေလုပ်ထားရင် ဘာတွေဖြစ်ထွန်းလာမယ် စတဲ့ စနစ်တွေ၊ အခြေခံအုတ်မြစ်တွေ ကို ဆောက်နေတာ။ ဆိုတော့ သူလုပ်နေတာတွေက အခုချက်ချင်းအကျိုးထူးဖို့ထက် တစ်ချိန်မှာ လင်းလက်လာဖို့ l

💼 Ta**us တွေနဲ့ အရမ်းကိုက် တဲ့အလုပ်များ
ဘဏ်မန်နေဂျာ၊
Insurance ၊
accountant/ audit
ဆရာ/ဆရာမ
အိမ်ခြံမြေအကျိုးဆောင်၊
Investors or Investment Advisors (အရပ်အခေါ်တော့ ငွေတိုးချေးစားလည်းရ🤭)
Architects / Engineers
Family Business

🌸 စာအုပ်ကြီးတွေက ဝါသနာပါရင်
စားဖိုမှူး (Chef)၊
ပန်းအလှဆင် (Florist)၊ နဲ့
Music, and Art တွေလည်း ရပါတယ်။

❌ တစ်ခုတော့ရှိတယ် သူတို့လုပ်မယ့် အနုပညာဆိုတာ TikTok မှာ တစ်ည Trend မယ့် အပေါစား တစ်ရာဖိုး ၃ ပုဒ်မဟုတ်ဘူး။
တောအရက် ဘိုးအေကြီး ရှိတ်စပီးယားရေးတာဆိုပြီး တကမ္ဘာလုံးက ဖတ်ရတဲ့ အထိ
အခုထိ အရူးအမူးသုံးနေရတဲ့ Facebook ကို develop လုပ်ခဲ့တဲ့ Mark Zuckerberg
ဒီမိုကရေဇီခေတ်မှာ မိုနာခီကို ဝက်ဝက်ကွဲ ထောက်ခံစေခဲ့တဲ့ အင်္ဂလန်ဘုရင်မကြီး Queen Elizabeth II
အားလုံးက Ta**us တွေပါ။

တောအရက်တွေ ထူးချွန်ရင် ကမ္ဘာကိုတောင် ပြောင်းလဲနိုင်တယ်။
တစ်ခုဘဲ တောအရက် က ကြာတယ်။
အစမှာ သွားကြည့်ရင် စောက်ရူးလို့ထင်လိမ့်မယ်
ဆုံးတဲ့ထိ ကြည့်
အဲ့အခါ သင်သိမှာက
သူလုပ်နေတာ ✨Masterpiece ✨

✨ သင်သိချင်နေတဲ့ အဖြေတစ်ခုရှိလား? ✨အချစ်ရေး 💗 အလုပ်အကိုင် 💼 ငွေကြေး 💰 ဆုံးဖြတ်ချက်တစ်ခု 🤔 — မည်သည့်အကြောင်းအရာမဆို မေးလိ...
15/08/2026

✨ သင်သိချင်နေတဲ့ အဖြေတစ်ခုရှိလား? ✨

အချစ်ရေး 💗
အလုပ်အကိုင် 💼
ငွေကြေး 💰
ဆုံးဖြတ်ချက်တစ်ခု 🤔
— မည်သည့်အကြောင်းအရာမဆို မေးလို့ရပါတယ်။

ဒီ Pick a Pile မှာ သင့်အတွက် အဖြေက—
🔮 YES
🔮 NO
🔮 LEANING YES
🔮 LEANING NO
ဒီ ၄ မျိုးထဲက တစ်ခု ရပါမယ်။

ပြီးတော့ “ #ဘာကြောင့်လဲ?” ဆိုတာကို နဲ့ ဖတ်ပေးပြီး

“ #ဘာလုပ်သင့်လဲ?” ဆိုတဲ့ Guidance ကို နဲ့ ကြည့်ပေးထားပါတယ်။ ✨

လုပ်ငန်းစဉ်စပါပြီ -
(၁) အရင်ဆုံး စိတ်ကို ခဏငြိမ်ငြိမ်ထားပါ။
(၂) မျက်လုံးလေး ခဏပိတ်ထားပါ။
(၃) ပြီးရင် မျက်လုံးဖွင့်လိုက်တဲ့အချိန် စိတ်ထဲ ပထမဆုံးပေါ်လာတဲ့ Pile ကို ရွေးပါ။

Pile 1 | Pile 2 | Pile 3 | Pile 4

ရွေးပြီးရင် Comment မှာ ကိုယ်ရွေးတဲ့ Pile Number ကိုပဲ ရေးခဲ့ပါ။

ဥပမာ — Pile 1 ဆို “1” တစ်လုံးတည်း ရေးပါ။ 🔮

📩 သင့်အတွက် Result ကို Private Message ကနေ ပြန်ပို့ပေးပါမယ်။

Result → Tarot Reading 🔮
Guidance → Oracle Reading 🌙

စိတ်ထဲ ပထမဆုံးရွေးမိတဲ့ Pile ကိုပဲ ယုံကြည်လိုက်ပါ✨

🚩 Sunday 16.8.2026 (ည) ment ပိတ်ပါမည်။

Zodiac Signs နဲ့ သူတို့ရဲ့ အချစ်ရေး …..💔 ၁။ လာချစ်တဲ့သူကို ပြန်မချစ်တဲ့ Signs“ငါ့ကိုချစ်တာတော့ သိတယ်… ဒါပေမယ့် ငါက မချစ်...
14/08/2026

Zodiac Signs နဲ့ သူတို့ရဲ့ အချစ်ရေး …..

💔 ၁။ လာချစ်တဲ့သူကို ပြန်မချစ်တဲ့ Signs
“ငါ့ကိုချစ်တာတော့ သိတယ်… ဒါပေမယ့် ငါက မချစ်ဘူး”

♍ Virgo — မချစ်ရသေးဘူး မတူမတန်ဘူး လုပ်
လိုက်တာနဲ့ လစ်သွားရော 😂
♒ Aquarius — အစက ချစ်သလိုလိုနဲ့၊ ကိုယ့်ကိုချစ်တယ်ဆိုတာ သိတာနဲ့ မချစ်တော့ဘူး။
♐ Sagittarius — ကိုယ်ကချစ်ရတာဘဲကြိုက်တယ်၊ ကိုယ့်ကိုချစ်ပြီဆိုတာနဲ့ စိတ်မပါတော့ဘူး။ 🏃

🥀 ၂။ ချစ်တဲ့သူက ပြန်ချစ်တာမခံရတဲ့ Signs
“ငါက သူ့ကိုချစ်တယ်… သူကတော့ ငါ့ကို မချစ်ဘူး” 😭

♋ Cancer — တစ်ဖက်သတ်ဆိုတာ သိရင်တောင် “သူတစ်နေ့တော့ နားလည်လာမှာပါ” ဆိုပြီး စောင့်နေတတ်။
♏ Scorpio — မချစ်ဘူးဆိုတာ သိသိကြီးနဲ့ Attachment က ဖြတ်မရ။
♓ Pisces — နာကျဉ်တာကို အချစ်လို့မှတ်၊ စိတ်ထိခိုက်လေ လက်မလွှတ်နိုင်လေ ။ 😂

🤷 ၃။ ဘယ်လိုချစ်ရမလဲ မသိတဲ့ Signs
“ချစ်တယ်… ဒါပေမယ့် ဘယ်လိုပြရမလဲ မသိဘူး”

♑ Capricorn — ချစ်တယ်ဆိုတာ “မင်းအတွက် အနာဂတ်စီစဉ်ပေနေတာ” လို့ပြတတ်။ 😂
♊ Gemini — တစ်နေ့ Flirt၊ တစ်နေ့ Ghost၊ နောက်တစ်နေ့ ပြန်လာပြီး “သဲရေ”၊ “ကိုကို”?”
♈ Aries — ချစ်ရင် တိုက်ရိုက်။ ဒေါသထွက်ရင်
လည်း တိုက်ရိုက်။ 😂

😭❤️ ၄။ မြင်မြင်သမျှ “ချစ်မယ်” ဆိုတဲ့ Signs
“သူက ငါ့ Type မဟုတ်ဘူး… ဒါပေမယ့် ချစ်တယ်…”

♉ Ta**us — ရုပ်ချော + အစားအသောက်ကောင်းကောင်း = အချစ်စတင်နိုင်ပြီ။ 😂
♌ Leo — ကိုယ့်ကို Attention ပေးလိုက်ရင် “ဒီလူကတော့ ငါ့ကို သဘောကျနေတယ်” ဆိုပြီး အလွယ်တကူ ပြန်သဘောကျတတ်။
♎ Libra — ရုပ်ချောတာတွေ့ → သဘောကျ။
ချိုချိုသာသာပြောတာတွေ့ → ပိုသဘောကျ။ 😂

💘 အဲ့တော့ သင်က
မချစ်ချင်တာလား…
ချစ်ချင်တာလား…
မချစ်တတ်တာလား…
မျက်စိရှေ့ကလူတိုင်းကို ချစ်ချင်တာလား?” 😂

Ment ခဲ့ပါဦးးးး 🔥

💸 ၁။ ပိုက်ဆံ မစုတဲ့ ရာသီခွင်များ“လက်ထဲရှိတာက ပိုက်ဆံ၊ စိတ်ထဲရှိတာက - ဒါလေးတော့ ဝယ်ချင်တယ်’” Type♈ Aries — စိတ်ထဲရှိတာ ချ...
13/08/2026

💸 ၁။ ပိုက်ဆံ မစုတဲ့ ရာသီခွင်များ
“လက်ထဲရှိတာက ပိုက်ဆံ၊ စိတ်ထဲရှိတာက
- ဒါလေးတော့ ဝယ်ချင်တယ်’” Type

♈ Aries — စိတ်ထဲရှိတာ ချက်ချင်းလုပ်တတ်တဲ့သူ။
“အရင်ဝယ်မယ်၊ နောက်မှစဉ်းစားမယ်” ဆိုတဲ့ mentality ကြောင့် Saving Plan က သူ့အတွက် 😤

♊ Gemini — မနေ့က လိုမယ်ထင်တဲ့ပစ္စည်းကို
ဒီနေ့ကျတော့ “ဒါက ငါ့ဘဝအတွက် မပိုဘဲတဲ့”
ဒါပေမယ့် ဝယ်ပြီးသွားပြီ 😅
လည်ပတ်စားသောက်တာတော့ မပြောတော့ဘူး

♌ Leo — ကိုယ့်ကိုယ်ကို ဂုဏ်ပြု ပေးရတာကို မမေ့ဘူး။
Quality ကောင်းတာ၊ လှတာ၊ Brand ကောင်းတာတွေ့ရင် “ကိုယ့်အတွက် တစ်ခါလောက်တော့” ဆိုပြီး ဝယ်တတ်တယ်။ အဲ့တစ်ခါကတော့ ပိုက်ဆံ မကုန်မခြင်းပါ 😂

♐ Sagittarius — ခရီးထွက်မယ်၊ စားမယ်၊ ပျော်မယ်။ “ပိုက်ဆံက ပြန်ရှာလို့ရတယ်၊ အချိန်က ပြန်မရဘူး” ဆိုတဲ့ mentality နဲ့။

🥲 ၂။ ပိုက်ဆံစုရင်းနဲ့ မွဲနေတဲ့ ရာသီခွင်များ

“Bank Account က ဖောင်းနေတယ်…
ပိုင်ရှင်ကတော့ မကျန်းမာဘူး” Type

♉ Ta**us — ပိုက်ဆံတန်ဖိုးကို နားလည်ပြီး စုတတ်
တယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း
ကိုယ်ကြိုက်တဲ့အစားအစာ၊ အဝတ်အစား၊ အသုံးအဆောင် တွေကို မလျှော့နိုင်ဘူး။ စုရင်းနဲ့ သုံးနေတာ 😂

♍ Virgo — Budget ဆွဲမယ်၊ Expense မှတ်မယ်၊ Saving Target ထားမယ်။ ဒါပေမယ့် ပုစုခရုတွေ ဝယ်ပစ်လိုက်တာ နောက်လကျမှဘဲ implement စလုပ်မယ် ဖြစ်ဖြစ်သွား

♏ Scorpio — ငွေကြေးကိစ္စမှာ လျှို့ဝှက်တတ်ပြီး Emergency Fund, Savings စတာတွေကို အလေးထားတတ်တယ်။ ပြဿနာက မစုခင်ထဲက Emergency သွားလို့ 😂

♑ Capricorn — အနာဂတ်အတွက် အမြဲစဉ်းစားတတ်တယ်။ အိမ်၊ ကား၊ Business၊ Investment… အားလုံးအတွက် စုနေတယ်။ ဒါပေမယ့် အနာဂတ်
အတွက် စုရင်း လက်လွန် ကြက်သွန်ဖြစ်ပြီး ပိုက်ဆံတွေအကုန် တစ်နေရာမဟုတ် တစ်နေရာမှာ မြှုပ်ကုန်လို့ လက်ရှိဘဝကို မွဲနေတတ်တာ သူ့ရဲ့ပြဿနာ။ 😭

🫠 ၃။ ပိုက်ဆံစုဖို့ကို သတိမရတဲ့ ရာသီခွင်များ

“လစာဝင်တာကိုတော့ Notification နဲ့သိတယ်။
ဘယ်ရောက်သွားတာလဲတော့ မသိဘူး” Type

♋ Cancer — ကိုယ်တိုင်အတွက်ထက် မိသားစု၊ ချစ်ရသူတွေအတွက် သုံးတတ်တယ်။ “သူလိုနေတာလေးပါ” ဆိုပြီး သုံးလိုက်တာများလာတော့ ကိုယ့် Savings က လတိုင်း Minus ပြ 😂

♎ Libra — ပိုက်ဆံထက် “ဒါလေးက လှတယ်” ဆို Order တင်လိုက်ပြီ။ Sale တွေ့ရင် “Discount ရတာဆိုတော့ ငါက ပိုက်ဆံချွေတာတာပဲ” ဆိုပြီး deposit လွှဲလိုက်ပြီ 🥴

♒ Aquarius — ပုံမှန်လူတွေမဝယ်တဲ့ Gadget, Hobby, Idea, Anime တစ်ခုခုမှာ ရုတ်တရက် ပိုက်ဆံအများကြီးသုံးနိုင်တယ်။ 😂

♓ Pisces — Mood ကောင်းရင်လည်း သုံး၊ စိတ်ညစ်ရင်
လည်း သုံး။ အောင်မြင်ရင်လည်းသုံး၊ depression ဝင်လည်းသုံး၊
လကုန်ရောက်မှ “ငါ ဘာတွေလုပ်လိုက်မိတာလဲ?” ဆိုပြီး နောင်တရတဲ့ Type။ ဒါမယ့် လစာပြန်ရတာနဲ့ နောင်တက အငွေ့ပျံသွားပြီ 😂

💰 ရာသီခွင် ၁၂ ခုထဲမှာ—
တချို့က သုံးနေတာ၊
တချို့က အစုလွန်နေတာ၊
တချို့ကတော့ စုဖို့ကို မေ့နေတာ။ 😂

ကိုယ့်ရာသီခွင်က ဘယ် Category ထဲပါလဲ?
Comment မှာ ကိုယ့်ရာသီခွင်ရေးခဲ့ပါဦး👇💸

Capricorn တွေစုမယ်……📢Capricorn ♑️ မကာရတွေကို သူစိမ်းအနေနဲ့ ကြည့်ရတာ ငြူစူစရာပါပဲ။ သူတို့က စနေဂြိုဟ် (Saturn) ရဲ့ သားကောင...
12/08/2026

Capricorn တွေစုမယ်……📢

Capricorn ♑️ မကာရတွေကို သူစိမ်းအနေနဲ့ ကြည့်ရတာ ငြူစူစရာပါပဲ။ သူတို့က စနေဂြိုဟ် (Saturn) ရဲ့ သားကောင်တွေမို့လို့။

စည်းကမ်းက သူတို့ရဲ့ မိခင် ဘာသာစကား၊
ဇွဲလုံ့လက သူတို့ရဲ့ နေ့စဉ် မနက်စာ
ပြီးတော့
အောင်မြင်မှုက သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုပါ။

သူတို့ အိပ်မက်တွေက သာမန်လူတွေရဲ့ အိပ်မက်ထက် အဆ ၁၀၀ ကြီးတယ်

မကာရတွေက ရုံးထဲမှာ ဘယ်တော့မှ
မငိုဘူး၊
မညည်းဘူး၊
မရပ်နားဘူး။

မိုးရွာရင် ထီးဆောင်းမယ် မိုးခိုပြီး နားမနေဘူး။
နေပူရင် Suncream လိမ်းပြီးထွက်မယ် အရိပ်ရှာပြီး နားမနေဘူး။
မုန်တိုင်းကျရင် ပြေးတောင် တွေ့လိုက်ဦးမယ်။

သူတို့က ပြဿနာတွေကို "စိန်ခေါ်မှု" လို့ မှတ်တယ်။
ပြီးတော့ စိန်ခေါ်မှုတိုင်းက သူတို့ကို ပိုပြီး တောက်ပလာစေတယ် လို့ ယုံကြည်တယ်။

မကာရရဲ့ ဘုန်းကျက်သရေကို ဖော်ပြတဲ့ကတ်တွေက —
The Devil — သူတို့ရဲ့ စည်းကမ်းက သံမဏိလို ခိုင်မာတယ် (ဒါကို သာမန်လူတွေ မလုပ်နိုင်ဘူး)။
King of Pentacles — သူတို့ ထိလိုက်တဲ့ပိုက်ဆံတိုင်း ဟာ တိုးပွါးသွားစေတယ် (ရင်းနှီးမြှုပ်နှံမှုရဲ့ မှော်ဆရာ)။
10 of Pentacles — သူတို့ဆောက်ထားတဲ့ အဆောက်အအုံတွေ၊ ကုမ္ပဏီတွေ၊ အမွေအနှစ်တွေက သူတို့သေပြီးတာတောင် ရှင်သန်နေတယ် (ဆွေ ၇ ဆက် မျိုး ၇ ဆက် စားမကုန်စေရဘူး)။

ဘာလို့လဲဆိုတော့ မကာရတွေက
ဒီနေ့အတွက် မရှင်သန်ဘူး၊
မနက်ဖြန်အတွက်၊
နောင် ၁၀ နှစ်အတွက်၊
ကိုယ့်ရဲ့သားသမီးတွေအတွက် အလုပ်လုပ်နေလို့ ပါ။

ကိုယ့်ရဲ့ စည်းကမ်းက လူတွေကို အံ့အားသင့်စေတယ်၊
ကိုယ့်ရဲ့ ဉာဏ်ပညာက လူတွေကို လမ်းပြပေးနိုင်တယ်၊
ကိုယ့်ရဲ့ အမွေအနှစ်က နောင်လာနောင်သားတွေအထိခိုင်ခံ့စေတယ်။

ဒါကြောင့် မကာရတွေကို မနာလိုတာ မဆန်းဘူး…
သူတို့က ရုံးခန်းထဲက အခြေခံအုတ်မြစ်တွေပဲလေ။

သင်သိလား?
US Dollar 100 တန်ပေါ်က ထိပ်ပြောင်ပြောင်လူကြီးက Capricorn ဆိုတာ 🔥
Benjamin Franklin ဟာ အမေရိကန်ဒေါ်လာ ၁၀၀ တန်ပေါ်က လူကြီးပါ။
အမေရိကန်ရဲ့ တည်ထောင်သူဖခင်ကြီး (Founding Father) တစ်ပါးဖြစ်ပြီး
မကာရ (Capricorn) ရာသီဖွားပါ။
သူ့က-
အမေရိကန်ရဲ့ အရေးကြီးစာချုပ်စာတမ်း ၄ ခုစလုံးကို လက်မှတ်ထိုးခဲ့တဲ့ တစ်ဦးတည်းသောသူ။
ပြင်သစ်ကို မဟာမိတ်ဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့ သံတမန်ကြီး။
အမေရိကရဲ့ ပထမဆုံး စာကြည့်တိုက်၊ မီးသတ်တပ်ဖွဲ့နဲ့ တက္ကသိုလ်ကို တည်ထောင်ခဲ့သူ။
ဒါကြောင့်ဘဲ ဒေါ်လာ ၁၀၀ တန်ငွေစက္ကူပေါ်မှာ ထာဝရ နေရာယူထားတာပါ။

✅ မကာရတွေနဲ့ အရမ်းကိုက် တဲ့အလုပ်များ (ဒီမှာ ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်မယ်)

Capricorn နဲ့ ကိုက်တဲ့အလုပ်တွေက-
CEO၊ CFO၊ ဘဏ္ဍာရေးအကြီးအကဲ
Managing Director
ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း၊
အိမ်ခြံမြေ၊
စာရင်းကိုင်ဌာနမှူး
ငွေကြေး၊ အရင်းအမြစ်နဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ရတာတွေ
ဗိသုကာပညာရှင်၊
ဆောက်လုပ်ရေးမန်နေဂျာ၊
ပညာရေးဌာနမှူး၊
နိုင်ငံ့ဝန်ထမ်းအကြီးအကဲ
ကော်ပိုရိတ်ရှေ့နေ
ဆရာဝန်၊ ပါမောက္ခ
မဟာဗျူဟာမြောက်စီမံကိန်းရေးဆွဲသူ၊

💬 သင်က Capricorn လား?
ဒါမှမဟုတ် သင့်အဖွဲ့မှာ Capricorn တစ်ယောက်ရှိလား? " Mention ပြီး ဂုဏ်ပြုပေးလိုက်ကြပါ။
တစ်ခုခု ပြောခဲ့ပါဦး👇♑🔥

“ဒီနှစ် မကုန်ခင် မှာ ကိုယ်မမြင်နိုင်သေးတဲ့ အခွင့်အရေး နဲ့ သတိထားရမယ့် အချက်များ”🔮 Sunday Pickအောက်က A / B / C ထဲက စိတ်ထဲ...
09/08/2026

“ဒီနှစ် မကုန်ခင် မှာ ကိုယ်မမြင်နိုင်သေးတဲ့ အခွင့်အရေး နဲ့ သတိထားရမယ့် အချက်များ”

🔮 Sunday Pick
အောက်က A / B / C ထဲက စိတ်ထဲပထမဆုံး ဆွဲဆောင်တဲ့တစ်ခုကို ရွေးလိုက်ပါ။

သင့်အတွက် Divine Message တစ်ခု ရှိနေတယ်…

👉 Comment မှာ A ကိုရွေးခဲ့ရင် A လို့ ရေးခဲ့ပါ (A / B / C)
📩 သင့်အတွက် အဖြေကို Private Message ပို့ပေးပါမယ်။

🚩 ONLY 9.8.2026 allowed for request !!!

#တားရော့

Address

Kamayut
Yangon

Telephone

+959960960294

Website

Alerts

Be the first to know and let us send you an email when King of Tarot - ဆရာဗေဒကျော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to King of Tarot - ဆရာဗေဒကျော်:

Shortcuts

Share