26/12/2025
📌 S*x Education (လိင်ပညာပေးခြင်း) ကိုဘယ်အရွယ်ကတည်းက စသင်သင့်သလဲ?
👉 S*x Education ဆိုတာကလေးကို
ပျက်စီးစေတဲ့အရာ မဟုတ်ပါဘူး။
👉 ကလေးကို ကာကွယ်ပေးတဲ့ လက်နက်ပါ။
S*x Education (လိင်ပညာပေးခြင်း)ကို
👉 အသက် ၂ နှစ်ကတည်းက စသင်သင့်ပါတယ်။
ဒါပေမယ့်
❌ ကျောင်းမှာ ဘာသာရပ်တစ်ခုလို
သီးသန့်သင်ရမယ်ဆိုတာ မဟုတ်ပါဘူး။
✅ အိမ်မှာ မိဘကအချိန်ပေးပြီး စနစ်တကျ၊ အသက်အရွယ်အလိုက် သင်ပေးရမယ့်အရာ
ဖြစ်ပါတယ်။
S*x education ဆိုတာ
👉 လူပျို/အပျိုဝင်မှစသင်ရမယ့်အရာမဟုတ်ပါဘူး။
👉 အသက်ကြီးလာသလို တစ်ဆင့်ချင်းဆက်တိုက် ဆွေးနွေးသွားရမယ့် Ongoing conversation
တစ်ခု ဖြစ်ပါတယ်။
🔹 ကလေးအသက် ၂–၅ နှစ်အရွယ်
ဒီအရွယ်မှာ
❌ လိင်ဆက်ဆံရေးအကြောင်း တန်းပြီးမသင်ပါနဲ့ဦး။
✅ ခန္ဓာကိုယ်အစိတ်အပိုင်း အမည်မှန်တွေကို စတင်သင်ပေးဖို့ အရေးကြီးဆုံး
အချိန် ဖြစ်ပါတယ်။
✔ ခန္ဓာကိုယ်အစိတ်အပိုင်း အမည်မှန်
ပါးစပ်ကို “ပါးစပ်”
နားကို “နား” လို့ သင်သလိုပဲ
👉 အမျိုးသား/အမျိုးသမီး လိင်အဂါတွေကိုလည်း အမည်မှန်နဲ့ သင်ပေးပါ။
👉 ခေါ်ဖို့ ရှက်စရာ မဟုတ်ပါဘူး
✔ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပဲပိုင်ပါတယ်
နှုတ်ခမ်း၊ ရင်ဘတ်၊ တင်ပါး၊ အတွင်းခံအောက်ကနေရာတွေကို
👉 ဘယ်သူမှ လိုသလိုထိတွေ့ခွင့်မရှိပါဘူး။
✔ “No” ပြောနိုင်ခွင့်
တစ်ယောက်ယောက်က
ချစ်လို့ နမ်း၊ ဖက်၊ ထိတွေ့လာရင်
👉 မကြိုက်ရင် “မလုပ်နဲ့၊ မကြိုက်ဘူး” လို့
ပြောခွင့်ရှိတယ်။
👉 ငြင်းတာက မမှားပါဘူး။
⚠️ ဒါပေမယ့်
မိဘ၊ အဖွား၊ caregiver
ဆေးခန်းမှာ ဆရာဝန်တို့ကလိုအပ်လို့ထိတွေ့ရတဲ့အခါတော့ ခွင့်ပြုရမယ်ဆိုတာကို
တစ်ခါတည်းရှင်းပြပေးထားရပါမယ်။
👉 အဲ့လိုကိုင်တွယ်ခံရရင် နိုးလို့ပြောပြီး
ထထွက်သွားခိုင်းပါ။အော်ပြီး ဘေးနားကလူကိုအကူအညီတောင်းခံပါ။ပြီးရင် အိမ်မှာယုံကြည်ရတဲ့မိဘတွေကိုပြန်ပြောပြခိုင်းပါ။
👉ကလေးကိုအဝတ်အစားလဲတဲ့အခါကြုံရင်ကြုံသလို လူရှေ့လဲပေးခြင်း။
အပေါ့ကို public area မှာစွန့်ခိုင်းခြင်းရှောင်ပါ။
အရေးပေါ်အရမ်းပေါက်ချင်လာရင်တောင်
လူမမြင်ကွယ်ရာကိုရွေးပြီးသွားခိုင်းပါ။
🔹 ကလေးအသက် ၅–၉ နှစ်အရွယ်
ဒီအရွယ်က
👉 အရမ်းစူးစမ်းချင်တဲ့အရွယ် ဖြစ်လာပါပြီ
👉 မေးခွန်းတွေ များလာပါပြီ
❓ မေးတတ်တဲ့ မေးခွန်းတွေ
“သားက ဘာလို့ မေမေ့ဗိုက်ထဲရောက်လာတာလဲ?”
“မေမေက ဘာလို့ ဗိုက်ကြီးတာလဲ?”
✔ ဖြေရမယ့်ပုံစံ
အသေးစိတ်မသွားဘဲ ရိုးရှင်းစွာ—
“ဖေဖေ့ရဲ့ သုတ်ပိုးနဲ့
မေမေရဲ့ မမျိုးဥ ပေါင်းစပ်လို့
ဖေဖေနဲ့ မေမေ ချစ်ကြိုက်လို့
မေမေ့ဗိုက်ထဲမှာ ကလေးလေး ဖြစ်လာပြီး မွေးလာတာပါ”
✔ ကောင်းတဲ့ထိတွေ့မှု / မကောင်းတဲ့ထိတွေ့မှု
လက်ဆွဲနှုတ်ဆက်ခြင်းကကောင်းတဲ့ထိတွေ့မှု/
မကိုင်သင့်တဲ့နေရာမနမ်းသင့်တဲ့နေရာနဲ့
ကိုယ်မကြိုက်တဲ့အထိအတွေ့ကို မကောင်းတဲ့အပြုအမူဆိုတာ ခွဲခြားသိမြင်အောင်ပြောပြ
ဖို့လိုပါတယ်။
👉 “No ❌ မလုပ်နဲ့၊ မထိနဲ့” လို့ ပြောခွင့်ရှိတယ်
👉 ကြောက်စရာမလိုဘူး
✔ ကိုယ့်ကိုတိုင်လည်း မထိသင့်ဘူး။
Public area မှာ မလုပ်သင့်တာ
Private area မှာပဲ လုပ်ရမယ့်အရာတွေ
ကို ရှင်းရှင်းလင်းလင်း သင်ပေးဖို့ လိုပါတယ်။
🔹 ကလေးအသက် ၉–၁၂ နှစ်အရွယ်
(လူပျို/အပျိုဝင်စအရွယ်)
✔ အခြေခံ သိထားရမယ့်အရာတွေ
သုတ်ပိုး + မမျိုးဥ ပေါင်းစပ်ပုံ (ရိုးရှင်းစွာ)
ယောကျာ်းလေးများ—
အသံဩလာမယ်
ချွေးနံ့နံလာမယ်
အမွှေးအမျှင် ထွက်လာမယ်
သုတ်လွှတ်လာမယ်
မိန်းကလေးများ—
ရင်သားဖွံ့ဖြိုးလာမယ်
ချွေးနံ့နံလာမယ်
အမွှေးအမျှင်ထွက်လာမယ်
ရာသီသွေးအကြောင်းကို ကြိုတင်သင်ထားရပါမယ်။
👉 ဒါတွေဟာ သဘာဝပါ
ရှက်စရာ လုံးဝ မဟုတ်ပါဘူး။
✔ ယောကျာ်းလေးဆိုရင်တစ်ယောက်တည်းရှိတဲ့ချိန် private areaလိုနေရာမျိုးမှာ
သုတ်လွှတ်သင့်ကြောင့်နှင့်
ကိုယ့်ရဲ့ချစ်သူမိန်းခလေးကို
ခွင့်တောင်းပြီးမှထိတွေ့ကိုင်တွယ်လို့ရကြောင်း
ကွန်ဒုံးသုံးပုံအဆင့်ဆင့်ကအစသင်ပေးပါ။
✔ မိန်းခလေးဆိုရင် ဘယ်သူ့မှ
အယုံမလွယ်သင့်ကြောင့်
လက်ထပ်ပြီးမှတူတူနေသင့်ကြောင်းနဲ့
မယူခင်နေမယ်ဆိုရင် ဖြစ်လာမဲ့ပြသနာများနဲ့လုပ်ဆောင်ရမဲ့အရေးပေါ်အချက်ကအစ
သင်ပေးဖို့အရမ်းအရေးကြီးပါတယ်။
📱 ခုလို social media တွေခေတ်စားလာတဲ့
အချိန်မှာဆိုရင်ဖုန်းအသုံးပြုမှုကအရမ်းအရေးကြီးပါတယ်။
မေမေဖေဖေတို့ရေ
👉 ကလေးကို ဖုန်းပြရင် မိဘဘေးမှာရှိမှကြည့်ခိုင်းပါ။သားက/သမီးက ကလေးလေးငယ်သေးတယ်“ကာတွန်းပဲကြည့်တာ” လို့မထင်ပါနဲ့
ကြော်ငြာ/မဖွယ်မရာပုံ/link တွေကို
မတော်တဆ နှိပ်မိနိုင်ပါတယ်
ကလေးတွေက
👉 လက်တတ်စမ်းချင်တဲ့အရွယ် ဖြစ်လို့
👉 မမြင်သင့်တာတွေ မြင်သွားနိုင်ပါတယ်။
ဒါကြောင့်
✔ မိဘဘေးမှာမရှိရင်မပြပါနဲ့ဖုန်းထိန်းချုပ်ပါ။
✔ S*x education ကို မလွတ်ပါနဲ့။
❗ အတွေ့အကြုံမှ သင်ခန်းစာ
ကျွန်မလွန်ခဲ့တဲ့ ၃ နှစ်လောက်က
👉 (SN child)ကလေးတစ်ယောက်က
👉 ကျွန်မကိုMessenger ကနေ မဖွယ်မရာပုံပို့လာခဲ့ပါတယ်။
👉 အသက်ခန့်မှန်းအားဖြင့် ၁၂–၁၃ နှစ်အရွယ်ပါတယ်။
သာမန်ကလေးဖြစ်ပါစေ/SN child ဖြစ်စေ
👉 ၄–၅ နှစ်ကတည်းက ပြောပြပေးထားရင်
ဒီလိုအရာတွေကို ဘာကြောင့် မပို့သင့်ဘူး
မလုပ်သင့်ဘူးဆိုတာ သိမှာဖြစ်ပါတယ်။
🔔 မိဘများအတွက် အရေးကြီးဆုံး အချက်များ
❌ “ငယ်သေးလို့ မပြောသင့်ဘူး” မထင်ပါနဲ့
❌ “ရှက်စရာ” လို့ မမြင်ပါနဲ့
🙅🏻 လူကြီးက ရှက်ကိုးရှက်ကန်း ဖြစ်နေရင်
👉 ကလေးက “ဒါဟာ မကောင်းတဲ့အရာ” လို့ ထင်သွားပါလိမ့်မယ်
✔ သဘာဝကျကျ ပြောပြပါ
✔ ကလေးမေးတဲ့အဆင့်အထိပဲ ဖြေပါ။
✔ ခန္ဓာကိုယ်နဲ့ ပတ်သက်ရင်
မိဘကို ပွင့်ပွင့်လင်းလင်း ပြောပြရဲတဲ့
ယုံကြည်မှုရှိတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးပါ။
🚨 ကလေးကို S*x Education မသင်ပေးဘူးဆိုရင် ဘာတွေဖြစ်လာနိုင်လဲ?
1️⃣ S*xual Abuse ကို မသိဘဲ ခံရနိုင်တယ်
ကလေးက
❌ ဘယ်နေရာကို ဘယ်သူမှ မထိသင့်ဘူးဆိုတာ မသိ
❌ “ဒါက မကောင်းဘူး” ဆိုတာ မနားလည်
Abuse ခံရတာကို
👉 ကစားတာလို့ ထင်နေတတ်
👉 ချစ်လို့လုပ်တာလို့ ထင်နေတတ်
➡️ အန္တရာယ်ကြီးဆုံး ဆိုးကျိုးပါ။
2️⃣ Abuse ခံရရင်တောင် မပြောရဲဘူး
S*x education မရှိရင်
👉 ကလေးက “ရှက်စရာ” လို့ ထင်တတ်
👉 “ငါမှားလို့ဖြစ်တာ” လို့ ထင်တတ်
လူကြီးကလည်း မပြောဖူးလို့
👉 ဘယ်သူ့ကို ပြောရမလဲ မသိ
👉 ကြောက်ပြီး ထိန်းသိမ်းထားတတ်
➡️ Abuse က နှစ်ရှည်လျားလျား ဆက်ဖြစ်နိုင်ပါတယ်
3️⃣ Public / Private ကို မခွဲနိုင်ဘူး
S*x education မရှိရင်
❌ Public area မှာ မလုပ်သင့်တဲ့အရာ
❌ Private area မှာပဲ လုပ်ရမယ့်အရာ
ကို မသိပါဘူး
➡️
လူရှေ့မှာ အန္တရာယ်ရှိတဲ့ အပြုအမူတွေ လုပ်မိနိုင်
လူကြီးတွေက “မကောင်းတဲ့ကလေး” လို့ မှားထင်နိုင်
4️⃣ မဖွယ်မရာ အပြုအမူတွေကို သာမန်လို့ ထင်သွားနိုင်တယ်
ဖုန်း၊ အင်တာနက်ကနေ
👉 မမြင်သင့်တာတွေ မတော်တဆ မြင်သွားရင်
S*x education မရှိရင်
👉 “ဘာလို့ မကောင်းတာလဲ” မသိ
👉 ထပ်ကြည့်၊ ထပ်လုပ် လုပ်လာနိုင်
➡️ အလေ့အကျင့် မမှန်ကန်တဲ့ လမ်းကို လွယ်လွယ်သွားနိုင်ပါတယ်။
5️⃣ သူများကိုပါ မထိသင့်ဘူးဆိုတာ မသိ
S*x education မရှိရင်
👉 ကိုယ်ကို မထိသင့်ဘူးဆိုတာလည်း မသိ
👉 သူများကို မထိသင့်ဘူးဆိုတာလည်း မသိ
➡️ မရည်ရွယ်ဘဲ
သူများကို ထိခိုက်စေနိုင်
ကျောင်း၊ လူမှုဘဝမှာ ပြဿနာဖြစ်နိုင်
6️⃣ ကိုယ်ခန္ဓာပြောင်းလဲမှုကို ကြောက်လာနိုင်တယ်
လူပျို/အပျိုဝင်တဲ့အချိန်
ရာသီသွေးလာ
သုတ်လွှတ်လာ
ချွေးနံ့နံလာ
ကြိုမသင်ထားရင်
👉 “ငါနာတာလား?”
👉 “ငါမှားနေတာလား?”
လို့ ကြောက်နိုင်ပါတယ်
➡️ Anxiety / fear / shame ဖြစ်လာနိုင်ပါတယ်။
7️⃣ မှားတဲ့အချက်အလက်တွေကို အပြင်ကနေ သင်ယူရတတ်
မိဘက မပြောရင်
👉 သူငယ်ချင်းဆီက
👉 Internet /social media က
👉 မမှန်တဲ့နေရာကနေ
သင်ယူလာတတ်ပါတယ်
➡️ မှားတဲ့သဘောထားတွေ အမြဲတမ်း ခေါင်းထဲမှာ တည်နေသွားနိုင်ပါတယ်။
8️⃣ SN child တွေအတွက် ပိုအန္တရာယ်ကြီး
SN child တွေက
👉 ယုံလွယ်
👉 ခွဲခြားရခက်
S*x education မရှိရင်
👉 Abuse ခံရလွယ်
👉 Abuse လုပ်ခံရတာကိုမသိဘဲဆက်ဖြစ်နိုင်ပါတယ်။
🧩S*x Education ဆိုတာ တစ်ကြိမ်တည်းပြောပြီးပြီးတဲ့အရာ မဟုတ်ပါဘူး။
👉 ကလေးကြီးလာတာနဲ့အမျှအသက်အရွယ်အလိုက်တစ်ဆင့်ချင်း ဆက်တိုက်ပြောသွားရမယ့်
ရေရှည်ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
🙏 ရှက်စရာမဟုတ်ပါဘူး
ဗဟုသုတအနေနဲ့ ကလေးတွေသိသင့်ပါတယ်။
Post ကိုတိုက်ရိုက်ရှယ်လို့ရပါတယ်။
စားသားများကူးယူပြန်တင်ခြင်းမပြုပါ။
happy land
09/12/2025
👶🏻၃နှစ်ကနေ ၅နှစ်အရွယ် ကလေးတစ်ယောက်ရဲ့
ဖွံ့ဖြိုးတိုးတက်မှုကလာတွေလဲ?
👶🏻၃ နှစ်မှ ၅ နှစ်ထိအရွယ်ဟာ 👬အများနဲ့ဆော့တတ်ဖို့ရန် စတင်ကြိုးစားပြီး 🏫 ကျောင်းနှင့်လူမှုဘဝအတွက်အရေးကြီးတဲ့စွမ်းရည်တွေကိုတည်ဆောက်နေတဲ့ အချိန်ဖြစ်ပါတယ်။
💥Gross Motor (ကြီးမားသောကြွက်သား လှုပ်ရှားမှု)
✔️လှေကားအတက်အဆင်းကို အကူအညီမပါပဲ သွားလာနိုင်ခြင်း။
✔️Hop“ခြေတစ်ဖက်တည်းနဲ့ ခုန်တတ်လာခြင်း”
✔️Balance each foot(ပြေးကစားတဲ့အချိန် မြေပြင် ပေါ်သို့ မကျအောင်ခြေတဖက်တည်းရပ်ပြီး
ခုန်ကစားနိုင်ခြင်း)
✔️ဖြောင့်တန်းတဲ့သစ်သားချောင်းပေါ်တွင်လဲမပြုတ်ကျအောင် balance (ထိန်းညှိတဲ့စွမ်းရည်)
လုပ်လာနိုင်ခြင်း။
✔️၃ဘီးပါသောစက်ဘီးအားစီးနိုင်ခြင်း။
💥Fine motor(သေးငယ်သောကြွက်သားလှုပ်ရှားမှု)
✔️အကူအညီမပါပဲ ကြယ်သီးဖြုတ်တပ်တတ်ခြင်း။
✔️၄နှစ်/၄နှစ်ခွဲလောက်တွင်ခြေအိတ်ကိုချွတ်ဝတ်တတ်ခြင်း။
✔️၄နှစ်/၄နှစ်ခွဲတွင်ခဲတံကိုင်နည်းမှန်ကန်လာခြင်း။
✔️၄/၅နှစ်အရွယ်တွင်အစက်များပေါ်တွင်သေချာ လိုက်ဆွဲနိုင်ခြင်း။
✔️၄/၅နှစ်အရွယ်တွင်အရောင်ခြယ်ရင်ဘောင်ဝင်အောင်ခြယ်တတ်လာခြင်း။
✔️စာအုပ်ထဲမှာ ရိုးရှင်းတဲ့ shape ပုံစံတွေ ဆွဲတတ်လာခြင်း။(🟢/🟩/🔺)
✔️လူပုံစံကို ခေါင်း/ခန္ဓာကိုယ်ကအစ မျက်လုံး၊နှာခေါင်း၊နား၊ပါးစပ် ကိုလွယ်ကူရိုးရှင်းတဲ့လူ
ပုံစံဆွဲတတ်လာခြင်း။
✔️ကတ်ကြေးအသုံးပြုတတ်လာခြင်း။
✔️dough ကို ပုံစံအမျိုးမျိုးပုံဖော်ပြုလုပ်
တတ်လာခြင်း။
🧠 Cognitive (သိမှူပိုင်းဆိုင်ရာ)
မူကြိုအရွယ်မှာ ကလေးဟာ သင်္ချာနဲ့ အာရုံခံစားမှုဆိုင်ရာ စွမ်းရည်တွေကို တိုးချဲ့ပြီး စာသင်ကျောင်းအတွက် အသင့်ပြင်ဆင်လာပါတယ်။
✔️Counting 1–10ရေတွက်နိုင်ခြင်း။
(ကလေးဟာ ဂဏန်း ၁ မှ ၁၀ အထိ
အလွတ်ရွတ်ဆိုနိုင်လာခြင်း(သို့)အရာဝတ္ထုတွေကို လက်ညှိုးထိုးပြီး ရေတွက်တတ်လာခြင်း။
၅+၅=၁၀ ရတယ်ဆိုတာကတော့ ၅ နှစ်ဝန်းကျင်မှသာ အပြည့်အဝနားလည်တတ်ကြပါတယ်။
✔️ကလေးက အခြေခံအရောင်တွေသိခြင်းနဲ့
ပုံသဏ္ဌာန်တွေသိရှိလာခြင်း။
အခြေခံအရောင် (အနီ၊ အပြာ၊ အဝါ၊ အစိမ်း) နဲ့ အခြေခံ ပုံသဏ္ဌာန်(စက်ဝိုင်း၊ လေးထောင့်၊ တြိဂံ) ကို ခွဲခြားသိရှိနိုင်ပြီး မှန်ကန်စွာနာမည်တပ်ခေါ်ဆိုတတ်လာခြင်း။
ဥပမာ-ဆရာမက "အနီရောင် ရေဗူးကိုယူခဲ့ပေး"
လို့ပြောလိုက်တဲ့အခါသိပြီးယူလာတာမျိုး၊
ဒါမှမဟုတ်"ဒီပုံက တြိဂံလား၊ စက်ဝိုင်းလား" လို့ မေးတဲ့အခါ ကလေးကမှန်ကန်စွာရွေးချယ်၊ ဖြေကြားနိုင်ခြင်း။
🗣️ Communication (ပြောဆိုဆက်သွယ်မှု)
စကားလုံးတွေရဲ့ အသံထွက် (Articulation) ပိုမိုပြည့်စုံလာပါတယ်။စကားပြောစွမ်းရည်ရင့်ကျက်လာတဲ့အဆင့်ကိုရောက်ရှိလာပါတယ်။
✔️ကလေးကဝါကျရှည်တွေသုံးပြီး
သူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေ
မူကြိုကျောင်းကအကြောင်းအရာတွေကို
မှန်ကန်စွာပြောပြနိုင်လာခြင်း။
ဥပမာ-မူကြိုကနေ အိမ်ပြန်ရောက်တဲ့အခါ
"မနက်က သားသား ကဗျာဆိုတယ်/ပြီးတော့ အရောင်ခြယ်တယ်/ပြီးတော့ထမင်းစားတယ်"
လို့ ရှင်းပြနိုင်ခြင်း။
✔️ကလေးက(မေမေ သားရေကူးချင်တယ် ရေကူးကန်လိုက်ပို့ပါ)စတဲ့သူဖြစ်ချင်တဲ့ဆန္ဒတွေကိုလဲပြောပြနိုင်ခြင်း။
✔️အရာဝတ္ထု၊အသုံးအဆောင်၊လူ၊လုပ်ဆောင်ချက်တွေကိုလဲ ထောင်နဲ့ချီပြီးစကားလုံးအများအပြားသိရှိလာခြင်း။
✔️အရာဝတ္ထု၊အသုံးအဆောင်တွေရဲ့အသုံးဝင်ပုံ
ပြောပြနိုင်ခြင်း။
(ဥပမာ -ဘောလုံးကဘာလုပ်လို့ရလဲမေးရင်
ကန်လို့ရတယ်ဆိုပြီးဖြေနိုင်ခြင်း)
✔️အရာဝတ္ထု(သို့)လူပုဂ္ဂိုလ်တစ်ခုခုကိုထည်ထည်ဝံ့ဝံ့သေချာနားလည်ေအာင်ပြောတတ်လာခြင်း။
(ဥပမာ-သမီးသူငယ်ချင်းစုစုကဘယ်လိုပုံစံလဲေမးရင်? စုစုက အရပ်ရှည်တယ် ၊အသားညိုတယ်၊မျကလုံးပြူးတယ်၊ပါးဖောင်းတယ်သဖြင့်ပြောနိုင်ခြင်း)
✔️မေးခွန်းအများအပြားမေးတတ်လာခြင်း။
(မေမေအဲ့တာဘယ်သူလဲ?
မေမေအဲ့တာစားရင်ဘာဖြစ်တတ်လဲ?
ကိုကိုက ဘယ်မှာလဲမေမေ?)
✔️သူတို့ခံစားချက်တွေကိုပြောပြတတ်လာခြင်း။
(မီးပျက်သွားရင် သားကြောက်တယ်/
ရုပ်ရှင်ကြည့်ရင်ပျော်တယ်/သမီးသူငယ်ချင်းစုစုကိုချစ်တယ်)
☺️Social (လူမှုပေါင်းသင်းဆက်ဆံရေး)
♂️ကလေးဟာ ၂-၃နှစ်အရွယ်တစ်ယောက်တည်း ကစားခြင်းကနေ 👬အခြားသူတွေနဲ့တူတူကစားခြင်းကိုစတင်ကူးပြောင်းလာပါပြီ။
✔️ကလေးက ကိုယ့်ရဲ့စားစရာ၊ကစားစရာတွေကိုအခြားလူကိုဝေမျှခြင်းရှိလာခြင်း။
✔️ကလေးဟာ အခြားသူငယ်ချင်းတွေနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ပြီး ဇာတ်ရုပ်ခွဲကာ
စည်းမျဉ်းတွေနဲ့ ကစားတတ်လာပါတယ်။
ဥပမာ-ကလေးနှစ်ယောက်က ကစားတဲ့အခါ တစ်ယောက်က လူနာ နောက်တစ်ယောက်ကဆရာဝန် ဇာတ်ရုပ်ယူပြီး အပြန်အလှန်ဆက်သွယ်ပြောဆို ကစားခြင်း။
✔️ကလေးက သူတို့နဲ့ အတူတူအများဆုံးကစားရတဲ့ သူငယ်ချင်းတစ်ဦး၊နှစ်ဦးကို စတင်ရွေးချယ်လာပြီး သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းအဖြစ်
သတ်မှတ်လာခြင်း။
✔️သူတို့ကအဲ့သူငယ်ချင်းတွေနဲ့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ချင်စိတ် ရှိလာပါတယ်။
ဥပမာ: ကလေးက "မေမေ မုန့်အပိုတစ်ခုထည့်ပေးပါနော် စုစုကိုကျွေးချင်လို့ပြီးရင်သူနဲ့ကစားမယ်)
လို့ ပြောခြင်း/ အဲ့ဒီသူငယ်ချင်းအိမ်ကိုသွားလည်ဖို့ တောင်းဆိုခြင်း။
✔️ 🏫 ကျောင်းမှာ စာသင်ချိန်ထမပြေးရဘူး/ အပေါ့သွားရင်ခွင့်တောင်းပြီးမှသွားရမယ်/
ဘဲတီးရင် ထမင်းစားရပ်ရမယ်။
🏠 အိမ်မှာဆိုရင်လဲထမင်းစားပြီးရင်
ပန်းကန်ကိုဘေစင်ထဲထည့်ထားရမယ်
ကျောင်းကပြန်လာရင်ကျောင်းအကျီလဲပြီး
လျှော်မဲ့ပုံထဲထည့်ရမယ်) စတဲ့
(ကျောင်း/အိမ်မှာထားရှိတဲ့စည်းကမ်းချက်တွေကို
နားလည်လာပြီးလုပ်ဆောင်လာခြင်း။)
✔️အကူအညီမလိုပဲ အိမ်သာ(အလေး၊အပေါ့)သွားနိုင်ခြင်း။
✔️အကူအညီမလိုပဲသွားတိုက်နိုင်ခြင်း။
✔️ကိုယ်တိုင်ခေါင်းကိုသေသပ်စွာဖြီးနိုင်ခြင်း။
✔️၅နှစ်အရွယ်တွင် ကိုယ့်ဆံပင်ကိုယ်စည်းနိုင်ခြင်း။
✔️၅နှစ်အရွယ်တွင်ကြွတ်ကြွတ်အိတ်ကြိုးချည်နိုင်ခြင်း။
✔️ထမင်းစားထားသောနေရာကိုသေချာ
အဝတ်ဖြင့်သန့်ရှင်းအောင်လုပ်နိုင်ခြင်း။
✔️၄နှစ်ခွဲ ၅နှစ်လောက်ကြရင် ထမင်းစားသည့်အခါ
မဖိတ်ကျအောင်စားနိုင်ခြင်း။
✔️ပုလင်းထဲကရေကိုရေခွက်ထဲသို့ မဖိတ်ကျအောင်ထိန်းထည့်နိုင်ခြင်း။
ဒါကတော့ ၃နှစ်ကနေ၅နှစ်အထိ ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါတယ်။
Post ကိုလွတ်လပ်စွာတိုက်ရိုက်ရှယ်လို့ရပါတယ်။
စာသားများကူးယူပြန်တင်ခွင့်မပြုပါ။
happy land
04/12/2025
၁နှစ်အရွယ်ကနေ ၃နှစ်အရွယ်
ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှု
တွေကဘာတွေလဲ?
👶 ၁ နှစ်မှ ၂ နှစ်အရွယ်
ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှု
🧩၁ နှစ်မှ ၂ နှစ်အရွယ်ကလေးငယ်ဟာ
သူတို့ရဲ့ ပတ်ဝန်းကျင်ကို
စကားလုံးအသစ်တွေနဲ့
လှုတ်ရှားမှုအသစ်တွေနဲ့ စူးစမ်းနေပါပြီ။
💥 Gross Motor
✔️လှေကား၊ခုံ၊စားပွဲ၊တခြား အရာဝတ္ထုတွေ
ပေါ်တက်ခြင်း၊ပြေးခြင်းတွေ
စတင်လုပ်ဆောင်လာခြင်း။
✔️ဘောလုံးပစ်တတ်၊ကန်တတ်လာခြင်း။
💥Fine motor
✔️Scribble (စာအုပ်နဲ့ခဲတံချပေးလိုက်ရင်
လျှောက်ခြစ်တတ်နေပါပြီ)
✔️ဇွန်းကို အသုံးပြုပြီး ကိုယ့်ဘာသာစားရန် ကြိုးစားလာခြင်း။
✔️လွယ်ကူသောဘောင်းဘီချွတ်တတ်ခြင်း။
🧠Cognitive (သိမှုပိုင်းဆိုင်ရာ)
ဒီအရွယ်မှာ ညွှန်ကြားချက်တွေကို
ပိုမိုနားလည်နိုင်ပြီး စိတ်ကူးစိတ်သန်းတွေကို
ကစားနည်းထဲမှာ စတင်အသုံးပြုလာပါတယ်။
✔️One-step instructions
ကလေးဟာ လူကြီးတွေရဲ့ အပြောအဆိုကို
ပိုမိုနားလည်လာပြီး ရိုးရှင်းတဲ့ အမိန့်တစ်ခုကို လုပ်ဆောင်နိုင်စွမ်း ရှိလာပါတယ်။
(ပေးပါ၊ထိုင်ပါ၊မခုန်နဲ့ စသည်ဖြင့်)
ဥပမာ-မိဘက 'အပြင်သွားမယ်ဦးထုပ်သွားယူ'
ဆိုရင်ကလေးကနားလည်ပြီးဦးထုပ်ပြေးယူတာမျိုး
✔️Simple (role play)
သူတို့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ သင်ယူမှု တိုးတက်လာ
ကလေးငယ်ဟာ အရာဝတ္ထုတွေကို
တကယ့်အဖြစ်အပျက်တွေအတိုင်း
ဟန်ဆောင်ပြီး ကစားတတ်လာပါတယ်။
ဥပမာ-ကလေးက ဖုန်းအရုပ်ကို နားနားကပ်ပြီး 'ဟယ်လို' လို့ဟန်ဆောင်ပြောခြင်း။
🗣️ Communication (ပြောဆိုဆက်သွယ်မှု)
ဒီအရွယ်မှာဆိုရင် အပြောစွမ်းရည်
တိုးတက်လာတဲ့အချိန်ပဲဖြစ်ပါတယ်။
✔️အဓိပ္ပါယ်ရှိသော 1word
၁နှစ်ခွဲ ဝန်းကျင်မှာကလေးဟာ
သူတို့သိတဲ့ အရာဝတ္ထုတွေ၊ လူပုဂ္ဂိုလ်တွေ၊ လုပ်ဆောင်ချက်တွေကို ရည်ညွှန်းတဲ့
ရိုးရှင်းတဲ့စကားလုံး (မုန့်၊ကား)စတဲ့
စကားလုံး ၅၀ ကျော်လောက်ကိုသိပြီး
ရည်ရွယ်ချက်ရှိရှိ ပြောဆိုတတ်လာခြင်း။
✔️Basic animal တွေသိလာခြင်း။
(ခွေး၊ကြောင်)
✔️2words sentence
၂နှစ်မှာဆိုရင် ကလေးငယ်ဟာ
စကားလုံးနှစ်လုံးကို တွဲပြီး
သူတို့ရဲ့ လိုအပ်ချက်တွေ၊
ဆန္ဒတွေကို ဖော်ပြတတ်လာပါတယ်။
(ဥပမာ-မုန့်စား၊ရေသောက်)
☺️Social (လူမှုပေါင်းသင်းဆက်ဆံရေး)
✔️ဒီအရွယ်လေးတွေက တခြားကလေးတွေနဲ့
တူတူကစားချင်ပေမဲ့တူတူကစားဖို့ဘယ်လိုလုပ်ရမလဲဆိုတာမလုပ်တတ်ကြသေးပါဘူး။
ကစားစရာတွေကို မျှဝေကစားခြင်း၊
အတူတူဆော့ကစားခြင်းမရှိဘဲ
ကိုယ့်ကစားစရာနဲ့ ကိုယ်ကစားကြပါတယ်။
✔️ဒီအရွယ်ဟာ သူတို့လိုချင်တဲ့အရာကို
မပြောပြတတ်တဲ့အခါ လိုချင်တာမရရင်
စိတ်ဆိုးဒေါသထွက် အော်ဟစ်ခြင်း၊
ခြေထောက်ဆောင့်ခြင်းစတဲ့
အပြုအမူတွေနဲ့ ထုတ်ဖော်ပြတတ်ပါတယ်။
ဥပမာ-City mart ရောက်တဲ့အခါ
ကလေးကမိဘကိုကစားစရာဝယ်ခိုင်းလို့
မဝယ်ပေးရင် ကြမ်းပြင်ပေါ် လှဲပြီး
အော်ငိုခြင်း/ဒေါသထွက်ခြင်း၊
ခြေထောက်စောင့်ခြင်း။
👶🏻၂နှစ်မှ၃နှစ်အရွယ် ကလေးတစ်ယောက်ရဲ့
ဖွံ့ဖြိုးတိုးတက်မှု
🧩၂ နှစ်မှ ၃ နှစ်အရွယ် ကလေးဟာ
အပြောစွမ်းရည်၊ တွေးခေါ်ခြင်း၊
အပြန်အလှန် ဆက်ဆံခြင်းတွေမှာ
အလျင်အမြန်တိုးတက်ပြီး
ကျွမ်းကျင်လာပါတယ်။
💥Gross Motor
(အကြီးစားကြွက်သားလှုတ်ရှားခြင်း)
✔️Jump(စုံခုန်ခြင်း)
✔️Broad Jump(စုံကျော်ခုံခြင်း)
✔️ခြေတပေါင်ကျိုး ၃/၄စက္ကန့်ရပ်နိုင်ခြင်း။
✔️Hop(ခြေတပေါင်ကျိုးခုန်တတ်လာခြင်း)
💥Fine motor
(အသေးစားကြွက်သားလှုတ်ရှားခြင်း)
✔️Draw circle
✔️Draw +
✔️Draw person
(အဝိုင်းလေးတစ်ဝိုင်းရယ် ခန္ဓာယ်ကိုယ်၊လက်၊ ခြေေတွကိုတုတ်ချောင်းလေးနဲ့ရိုးရှင်းတဲ့လူပုံစံဆွဲတတ်လာခြင်း)
✔️ဖြောင့်တန်းတဲ့မျဉ်းကြောင်းဆွဲတတ်လာပါပြီ
✔️တီရှပ်ခေါင်းစွပ်အကျီချွတ်ခြင်း/
တီရှပ်ဝတ်တတ်ဖို့ကိုအကူအညီဖြင့်
ကြိုးစားဝတ်ခြင်း။
✔️ရှေ့ကြယ်သီးပါသောအကျီအား
အကူအညီဖြင့်ကြိုးစားချွတ်ခြင်း။
✔️တစ်ချို့ကလေးဆို ကြယ်သီးပါ
ဖြုတ်တတ်လာပါပြီ။
✔️ဇစ်တွေဆွဲတတ်ခြင်း။
✔️ခပ်နည်းသိပ်မမှန်သေးပေမဲ့
အစားအစာအနည်းငယ်ဖိတ်ပေမဲ့
ဇွန်းကိုအနည်းငယ်သုံးတတ်လာပါခြင်း။
✔️ခရင်းထိုးပြီး သစ်သီးတွေစားစရာတွေကို
ထိုးစားတတ်လာခြင်း။
🧠 Cognitive (သိမှုပိုင်းဆိုင်ရာ)
ဒိအချိန်မှာဆိုရင် ရှုပ်ထွေးတဲ့ညွှန်ကြားချက်
တွေကို နားလည်နိုင်ပြီး ပြဿနာ
ဖြေရှင်းနိုင်စွမ်းလည်းတိုးတက်လာပါတယ်။
✔️ Animal ရဲ့အော်သံတွေသိလာခြင်း။
(ကြောင်အော်သံက ဘာသံလဲ ညောင်ညောင်)
✔️ two-step instructions
တစ်ကြိမ်တည်းမှာ အဆင့်နှစ်ဆင့်ပါတဲ့ ညွှန်ကြားချက်တွေကို မှတ်မိပြီး
လိုက်နာ လုပ်ဆောင်နိုင်ခြင်း။
ဥပမာ:မိဘကကလေးကို
"သားရေဖေဖေ့ကို ဖုန်းသွားပေးပေးပါ၊
ပြီးရင် မေမေ့ကို ခုံယူပေးပါ" လို့
ပြောလိုက်တဲ့အခါ ကလေးက
အဆင့်နှစ်ဆင့်လုံးကို အစဉ်လိုက်မှန်ကန်စွာလုပ်ဆောင်နိုင်ခြင်း။
✔️ဒီအရွယ်မှာဆိုရင် ပုံသဏ္ဌာန်အရွယ်အစားကို
ခွဲခြားသိမြင်လာပြီး ရိုးရှင်းလွယ်ကူတဲ့
Puzzle တွေကိုဆက်လာနိုင်ပါပြီ။
ဥပမာ-ကလေးက shape box လိုပုံစံမျိုးကိုလေးထောင့်ကို လေးထောင့် အပေါက်ထဲ၊
စက်ဝိုင်းကို စက်ဝိုင်းအပေါက်ထဲ
မှန်ကန်စွာထည့်နိုင်ခြင်း။
✔️အပိုင်း၂/၃/၄ ပိုင်းပါတဲ့ puzzleကို
ဆက်နိုင်ခြင်း။
🗣️ Communication (ပြောဆိုဆက်သွယ်မှု)
✔️ 2–4 word sentences
ဝါကျက ရှေ့နောက်သိပ်မမှန်ကန်သေးပေမဲ့
၂/၃/၄လုံးပါတဲ့ ဝါကျတစ်ကြောင်းကိုပြောဆိုခြင်း။
ဥပမာ-(သားသား ပူတယ် ဖွင့်/
မုန့်ပေး မေမေ စား)စသဖြင့်ပြောတတ်လာပါပြီ။
✔️အဲ့အရွယ်ကအရမ်းစူးစမ်းတတ်တဲ့အရွယ်မို့
မိဘတွေကို ခဏခဏ မေးခွန်းထုတ်လာပါပြီ။
ဥပမာ- မေမေကတံခါးပိတ်ခိုင်းရင်
(ဘာလို့ပိတ်ခိုင်းတာလဲ?)
☺️ Social (လူမှုပေါင်းသင်းဆက်ဆံရေး)
အဲ့အရွယ်မှာဆိုရင် အခြားသူတွေနဲ့
ပေါင်းသင်းဆက်ဆံပုံကို စတင်လေ့လာနေပါပြီ။
✔️ဘေးနားက ကစားဖော်က ကစားစရာ
တောင်းဆော့ရင် မေမေကခဏ
ပေးလိုက်ပါဆိုရင် အမြဲတမ်းမဟုတ်ပေမဲ့
တစ်ခါတလေ Sharingလုပ်တတ်လာပါပြီ။
✔️ဒီအရွယ်မှာ ကလေးဟာ ပိုပြီးရှုပ်ထွေးတဲ့ကိုယ့်မှာရှိတဲ့ကစားစရာတွေကို စိတ်ကူးယဉ်သရုပ်ဆောင်ပြီး ဖန်တီးကစားတတ်လာပါတယ်။
ဥပမာ-ကလေးက ဆရာဝန်ကစားစရာပစ္စည်းတွေကို အသုံးပြုပြီး အရုပ်မကို ဆေးထိုး ဆေးတိုက်
နားကြပ်ဖြင့်စမ်းကြည့် ဟန်ဆောင်ကစားခြင်း။
ဒါကတော့ ၁နှစ်ကနေ ၃နှစ်အရွယ်ထိ
ကလေးတစ်ယောက်ရဲ့
ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်ပါတယ်။
နောက်ရက်ကြရင် ၃နှစ်အထက်
Milestone တင်ပေးသွားပါမယ်ရှင့်
Postကိုတိုက်ရိုက်ရှယ်လို့ရပါတယ်ရှင့်။
စာသားများကူးယူပြန်တင်ခြင်းမပြုပါ။
happy land
03/12/2025
ကလေးတစ်ယောက်ရဲ့မွေးစကနေ ၁နှစ်ထိ
ဖွံ့ဖြိုးတိုးတက်မှုကဘာတွေလဲ??
ဖေဖေမေမေတို့ကိုယ့်ကလေးရဲ့
Milestone ကိုသိရအောင်
teenagerအောက်အရွယ်တွေတင်သွားပေးမှာမို့
စိတ်ဝင်စားရင်Page ကို like & follow
လုပ်သွားပေးပါရှင့်။
♂️👶🏻မွေးစမှ ၃လအရွယ်ဖွံ့ဖြိုးတိုးတက်မှု
ဒီအချိန်ဆိုရင်ကလေးငယ်တွေကပတ်ဝန်းကျင်ကို အာရုံခံစားမှုတွေနဲ့ စတင်လေ့လာနေပါပြီ။
💪 Motor skill
👉🏻မိခင်က ကလေးကိုမျက်နှာချင်းဆိုင်ချီပြီး
ပုခုံးပေါ်တင်လိုက်ချိန်မှာ
လေးလံတဲ့ခေါင်းကို စတင်ပြီး
2week မှာ1/2sec စထောင်လာမယ်။
6week မှာ 3/4sec စထောင်လာမယ်။
2months လောက်ဆိုရင်
ခေါင်းကို45°လောက်ထောင်လာနိုင်ပါပြီ။
👉🏻ရည်ရွယ်ချက်မရှိသေးပဲ
လက်တွေခြေထောက်တွေခန္ဓာကိုယ်တွေ
ခဏခဏလှုတ်မယ်။
🧠Cognitive -သိမှုပိုင်းဆိုင်ရာ
👉🏻အမြင်အာရုံ-မိခင်/ဖခင်က ကလေးကို မျက်နှာချင်းဆိုင်ပြီး စကားပြောနေချိန်မှာဆိုရင် ကလေးကမျက်နှာအနှံ့ ဖြည်းဖြည်းချင်း
စိုက်ကြည့်နေခြင်း။
ဒါမှမဟုတ် ပြတင်းပေါက်ကနေ
ဝင်လာတဲ့ နေရောင်ခြည်ကို
မျက်လုံးကလိုက်ကြည့်နေခြင်း။
👉🏻အလင်းရောင်က ပြင်းထန်တဲ့အတွက်ကြောင့်
အမြင်အာရုံမှာ ခြားနားချက်ရှိတဲ့
အရာတွေကို စိတ်ဝင်စားပါတယ်။
🗣️ Communication (ပြောဆိုဆက်သွယ်မှု)
0-3months က စကားတော့မပြောနိုင်သေးပေမဲ့
အသံနဲ့ ခန္ဓာကိုယ်လှုတ်ရှားမှုဆက်သွယ်နေပါပြီ။
👉🏻စထွက်တဲ့အသံက_
သူပျော်နေတာလား၊ကျေနပ်နေတာလားဆိုတာကို (အာ၊အူ)ဆိုတဲ့ဗျည်းအသံမပါတဲ့
သရသံနဲ့ဖော်ပြတတ်ပါတယ်။
ဥပမာ -ကလေးကနို့ဝတဲ့အခါ အားအားဆိုပြီး
ချိုသာတဲ့အသံနဲ့ထွက်ပြတတ်တာမျိုး
သူ့လိုအပ်ချက်တွေဖြစ်တဲ့
သူဗိုက်ဆာတဲ့အခါမျိုး၊ဗိုက်နာတာမျိုးတွေ၊
အိပ်ချစ်တာမျိုးတွေဆိုရင် ငိုသံဖြင့်
တောင်းတတ်နေပါပြီ။
😊Social (လူမှုပေါင်းသင်းဆက်ဆံရေး)
👉🏻၂လဝန်းကျင်လောက်မှာ ကလေးက စတင်ပြုံးတတ်ပါပြီ။
ဥပမာ-မိခင်က ကလေးမျက်နှာကိုကြည့်ပြီး
မြူတဲ့အခါမျိုးကြရင် ကလေးက
မျက်နှာကိုသေချာစိုက်ကြည့်ပြီး
ရည်ရွယ်ချက်ရှိစွာပြုံးတတ်ပါပြီ။
👉🏻ဒီအချိန်မှာစကားများများ ပြောပေးတာ၊
ပြုံးပြတာ၊ မျက်လုံးချင်းဆုံအောင်
ကြည့်ပေးတာမျိုးတွေများများများ
လုပ်ပေးခြင်းကသူတို့တိုးတက်မှုကို
အထောက်အကူဖြစ်စေပါတယ်။
♂️👶🏻၃ လမှ ၆ လအရွယ်ဖွံ့ဖြိုးတိုးတက်မှု
၃ လမှ ၆ လ အကြား ကလေးငယ်ဟာ စူးစမ်းတတ်တဲ့သူတစ်ယောက် ဖြစ်လာပါပြီ။ သူတို့ရဲ့ ပတ်ဝန်းကျင်ကို လှမ်းကိုင်ခြင်း၊ လှုပ်ရှားကြည့်ခြင်း၊ အသံပေးခြင်းတို့ကိုလုပ်ဆောင်ဖို့
စတင်ကြိုးစားနေပါပြီ။
💪Motor skill
👉🏻ကလေးအများစုက ၅လ ၆လလောက်မှာ
စတင်မှောက်လာပါပြီ။
တစ်နေရာမှာချထားရင် ဘယ်ဘက်လှိမ့်လိုက်
ညာဘက်လှိမ့်လိုက်နဲ့ တခြားနေရာကို
ရွေ့ပြီးသွားတတ်နေပါပြီ။
👉🏻အကူအညီနည်းနည်းဖြင့်စတင်ထိုင်ဖို့ကြိုးစားနေပါပြီ။
အနောက်ကနေ ခေါင်းအုံး(သို့)ခြေထောက်ကြားမှာ
ထားထားရင် ခေါင်းလဲမကျအောင်
ထိန်းပြီး ထိုင်နိုင်ပါပြီ။
တစ်ခါတစ်လေ လက်၂ဖက်ကြမ်းပြင်ပေါ်ချပြီး
ထိုင်ဖို့ကြိုးစားပါတယ်။
🧠Cognitive (သိမှုပိုင်းဆိုင်ရာ)
👉🏻ကလေးကသူ့ခန္ဓာကိုယ်ကိုသုံးပြီး
အရာဝတ္တုတွေရွေ့လျားတာ
အသံထွက်တာကိုသိမြင်လာပါပြီ။
ဥပမာ-ချလူကိုကိုင်ရင် ထိရင်အသံမြည်သွားတာကို သတိထားမိပြီး၊ အသံထပ်ကြားရဖို့ရန်အတွက်
လက်တွေ ခြေထောက်တွေနဲ့
ရည်ရွယ်ချက်ရှိရှိထပ်ပြီးခေါင်းတွေ
လက်တွေ ခြေထောက်တွေက
ထပ်လှုတ်ရှားပြီးကြိုးစားယူတာမျိုး။
👉🏻ကလေးရဲ့အမြင်အာရုံဟာဆိုရင်လဲ
သူ့အရှေ့မှာဘောလုံးကိုဟိုဘက်ကန်ဒီဘက်ကန်ရင်ရွေ့လျားတာကိုမျက်လုံးကလိုက်ကြည့်တတ်ပါပြီ။
🗣️ Communication (ပြောဆိုဆက်သွယ်မှု)
👉🏻အဲ့အရွယ်မှာဆိုရင် အူ-အာ အသံကနေ (ba-ba,ma-ma)အသံကိုကူးပြောင်းပြီး
စတင်ပြောတတ်ပါပြီ။
ကလေးကပျော်ရွှင်နေချိန်မှာ ဘာ-ဘာ/ဒါ-ဒါ/မားမားဆိုပြီး လူပုဂ္ဂိုလ် အရာဝတ္ထုတွေနဲ့တော့မချိတ်ဆက်သေးပေမဲ့ စကားစပြောဖို့ရန်တွက်
ထပ်ခါတစ်လဲလဲပြောပြီးသူလေ့ကျင့်နေပါပြီ။
👉🏻သူတို့ရဲ့ခံစားချက်ကိုလဲအနိမ့်အမြင့်နဲ့ မေးခွန်းမေးသလိုပုံစံမျိုးနဲ့ဖော်ပြတတ်ပါပြီ။
ဥပမာ-ကစားစရာတွေ့ရင် ပျော်လို့စူးစူးဝါးဝါးအော်သံလိုမျိုး/သူပျင်းလာတဲ့အခါ
အသံအနိမ့်နဲ့ညီးညူပြတာမျိုးတွေနဲ့
အသံကိုကစားတတ်နေပါပြီ။
😊Social (လူမှုပေါင်းသင်းဆက်ဆံရေး)
👉🏻ကလေးက သူနဲ့တွေ့နေကြမဟုတ်တဲ့
လူနဲ့တွေ့တဲ့အခါစိုးရိမ်ကြောက်ရွံ့တဲ့ပုံစံပြပြီးမျက်နှာသစ်နဲ့ မျက်နှာစိမ်းကို
ကလေးကခွဲခြားတတ်ပါပြီ။
ဥပမာ-ကလေးကသူနဲ့သိပ်မသိတဲ့ သူက ချီဖို့ခေါ်တဲ့အခါကလေးက မျက်နှာလွှဲပြီး
မိခင်ရဲ့ ရင်ခွင်ထဲ ပိုမိုတိုးဝှေ့ပြီးအော်ငိုခြင်း။
👉🏻ကလေးက ကစားနေတုန်း
မိုးခြိမ်းသံလိုအသံကျယ်လောင်တဲ့အသံ
ကြားတဲ့အခါအော်ပြီး မိဘကပွေ့ဖက်ခံရတဲ့
အရာကိုတောင်းဆိုလာခြင်းမျိုးတွေရှိလာပါပြီ။
♂️👶 ၆ လမှ ၁၂ လအရွယ် ဖွံ့ဖြိုးတိုးတက်မှု
ဒီအရွယ်မှာဆိုရင်သိမှုပိုင်းဆိုင်ရာမှာ အရေးအကြီးဆုံးဖွံ့ဖြိုးတိုက်တက်တဲ့အဆင့်ဖြစ်ပါတယ်။
ကလေးကစူးစမ်းသူအဖြစ် ပြောင်းလဲလာပြီး စကားပြောခြင်း၊ လမ်းလျှောက်ခြင်းရဲ့
အခြေခံတွေကို စတင်တည်ဆောက်တဲ့အချိန်ပါ။
💪Motor skill
👉🏻၆လ-၇လမှာဆိုရင်ကလေးက
တွားသွားဖို့ရန် စကြိုးစားနေပါပြီ
မရွေ့သေးပေမဲ့ ရှေ့နောက်တိုးတဲ့ပုံစံလုပ်နေပါပြီ။
👉🏻၇လ-၉လမှာဆိုရင်လက် ၊ဒူးခေါင်းကိုသုံးပြီး
တွားသွားတတ်ပါပြီ။
👉🏻၈လ-၁၀လဆိုရင် မတ်တပ်ရပ်ဖို့ရန်အတွက် ဘေးနားက ခုံ၊စားပွဲတစ်ခုခုကို
ကိုင်ပြီး မတ်တပ်ရပ်ဖို့စကြိုးစားပါပြီ။
၁၂လမှာဆိုရင် ဘေးနားက ကိုင်စရာမရှိပဲ
၂/၃စက္ကန့်ခန့်ရပ်နိုင်ပြီး တစ်ခါတစ်လေ မထိန်းနိုင်လို့ လဲကျတာမျိုးတွေရှိလာပါပြီ။
🧠Cognitive (သိမှုပိုင်းဆိုင်ရာ)
👉🏻ကလေးငယ်တွေဟာ အရာဝတ္ထုတစ်ခုကို မျက်စိနဲ့ မမြင်ရတော့ဘူးဆိုရင်တောင် အဲဒီအရာက ပျောက်ကွယ်သွားတာ မဟုတ်ဘဲ တခြားတစ်နေရာမှာ ရှိနေသေးတယ်ဆိုတဲ့ သဘောတရားကို စတင်နားလည်လာပါတယ်။
ဥပမာ-peek ga boo game
လူကြီးက မျက်နှာကို လက်နဲ့အုပ်ပြီး 'တူ' လို့ ပြောလိုက်တဲ့အခါ၊ လက်ကို ဖယ်လိုက်ပြီး 'ဝါး'လို့
ပြောလိုက်တဲ့အခါ ကလေးကရယ်မောပြီး
တုံ့ပြန်ခြင်း (သို့) လူကြီးကို ပြန်လုပ်ခိုင်းခြင်း။
🗣️ Communication (ပြောဆိုဆက်သွယ်မှု)
ဒီအရွယ်မှာဆိုရင်အရင်ကအသံကနေ စကားပြောဆိုမှုနဲ့ကိုယ်နှုတ်အမူအရာကိုသုံးဖို့ ရည်ရွယ်ချက်ရှိရှိစတင်လုပ်ဆောင်ဖို့ကြိုးစားနေပါပြီ။
👉🏻First words (mama/dada)
၅ လ/၆ လ ဝန်းကျင်က 'ဘာ-ဘာ'၊ 'မာ-မာ' လို့ အသံပြုရုံသက်သက်ကနေ
ခုချိန်မှာတော့ 'မာမာ' ဆိုတာဟာအမေကို
ရည်ညွှန်းမှန်း၊ 'ဒါဒါ' ဆိုတာဟာ အဖေကို
ရည်ညွှန်းမှန်းသတ်မှတ်ပြီးရည်ရွယ်ချက်ရှိရှိ
ခေါ်တတ်လာခြင်း။
ဥပမာ-အမေ(သို့)အဖေကသူ့ဘေးနားကထွက်သွားတဲ့အခါ လှမ်းကြည့်ပြီးမာမာ/ဒါဒါ ခေါ်ခြင်း။
👉🏻အမူအရာများ: Gesture (pointing, waving)
ကလေးငယ်ဟာ စကားလုံးတွေ မပြောနိုင်သေးပေမယ့် သူတို့လိုချင်တာကို အမူအရာနဲ့ ဖော်ပြဖို့ နည်းလမ်းကို ရှာဖွေတတ်လာပါတယ်။ ဒါဟာ စကားပြောဆိုမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
ဥပမာ-ဘီရိုပေါ်ကအရုပ်လိုချင်ရင် လက်ညိုးထိုးပြပြီးယူခိုင်းတာမျိုး/ သူနဲ့သိတဲ့သူ တစ်ယောက်ယောက်ပြန်တဲ့ခါ လက်ရမ်းပြပြီး bye byeလုပ်ပြတာမျိုးတွေလုပ်တတ်ပါပြီ။
😊Social (လူမှုပေါင်းသင်းဆက်ဆံရေး)
👉🏻ဒီအရွယ်က မေမေကိုအရမ်းခင်တွယ်ပြီး
အနားကအပျောက်မခံတဲ့အရွယ်ပါ။
အနားကထသွားတာနဲ့ပျောက်သွားမှာဆိုးလို့
စိုးရိမ်ပြီးအပျောက်မခံတဲ့အရွယ်ဖြစ်ပါတယ်။
👉🏻ကလေးကClap, wave, high-five
လူမှုရေးဆိုင်ရာ တုံ့ပြန်မှုများကို
လေ့လာပြီးအတုခိုးကာ
လိုက်လုပ်တတ်လာပါတယ်။
ဥပမာ-သီချင်းသံကြားရင် စည်းချက်အညီလိုက်ပြီး
လက်ခုတ်တီးတာမျိုး/လူကြီးက လက်ဝါးပေးရင်
ပြန်ရိုက်တာမျိုးတွေ လုပ်ဆောင်တတ်လာပါပြီ။
ဒါကတော့ မွေးစကနေ ၁၂လအထိ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါတယ်။
လွတ်လပ်စွာတိုက်ရိုက်ရှယ်လို့ရပါတယ်ရှင့်။
စာသားကူးယူပြန်တင်ခွင့်မပြုပါ။
happy land
29/11/2025
ကလေးကို စောစီးစွာစာဖတ်ပြခြင်းဘာလို့အရေးကြီးတာလဲ?စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကဘာတွေလဲ?
ကလေးရှိတဲ့ဖေဖေ မေမေတွေအားလုံးတွက်
အကျိုးရှိတဲ့စာမို့အဆုံးထိဖတ်ပြီး
လက်တွေ့အကောင်အထည်
ဖော်ပေးဖို့တွက်ရည်ရွယ်ပါတယ်ရှင့်။
♂️1. ဘာသာစကားတိုးတက်စေခြင်း (Language Development)
-အသံအသစ်တွေ ကြားပြီးခွဲခြားသိမြင်မှုတိုးတက်လာစေတယ်
👉🏻ဥပမာ-Object+wordနဲ့တွဲသိလာမယ်
(ပန်းသီးဆိုတာ ဒါကိုခေါ်မှန်းသိလာမယ်)
👉🏻Sound+animal နဲ့တွဲသိလာမယ်
(ညောင်ညောင်က ကြောင်ဆိုတာသိမယ်)
-စကားလုံးသစ်တွေ မြန်မြန်သင်ယူတတ်
ေစခြင်း
👉🏻ကိုယ့်ရဲ့ပတ်ဝန်းကျင်က အသုံးအနှုန်းတွေ/
Object/animal/color/shape/transportation
တွေကိုစာဖတ်ပြရင်းနဲ့သင်ယူတတ်လာတယ်။
-မေးခွန်းတိုးတက်ခြင်း
👉🏻မေမေ ပုံပြင်ထဲကခြသေ့်ကြီးက
ကလေးတွေကိုဘာလို့မကိုက်တာလဲ?
👉🏻ဖေဖေ မျောက်ကသစ်ပင်ပေါ်တက်တာမပြုတ်ကြဘူးလား?စသဖြင့်
မေးခွန်းလေးတွေကိုမေးတတ်လာမယ်။
-စကားဝါကျအရှည်တွေကိုတည်ဆောက်တတ်ပြီးပြောတတ်လာမယ်။
👉🏻မနက်ဖြန်မေမေတို့ဈေးသွားဝယ်ရင်သားလဲလိုက်ချင်တယ်။
👉🏻ဖေဖေ အလုပ်ကိုဂရုစိုက်သွားနော်ပြန်လာရင်မုန့်ဝယ်လာခဲ့နော် စသဖြင့် ၃/၄နှစ်အရွယ်မှာပြောတတ်လာမယ်။
-Listening skill တတ်လာပြီး Communication skill ပြည့်စုံလာခြင်း။
👉🏻listening skill-အာရုံစူးစိုက်မှုကောင်းစေပြီး သေချာအချိန်ပေးပြီးနားထောင်တတ်လာတယ်။
👉🏻turn-taking skill-တစ်ယောက်တစ်လှည့်အမေးအဖြေလုပ်ခြင်းအားဖြင့် တိုးတက်လာစေတယ်။
👉🏻conversational skill-အိမ်ကိုဧည့်သည်လာရင်
သူ့ဘက်ကနေ စကားတွေစပြောပြီးsocialကောင်းလာစေတယ်။
♂️2.ကလေးဦးနှောက် ဖွံ့ဖြိုးမှုဖွံ့ဖြိုးလာမယ်။
🧠 အာရုံစူးစိုက်နိုင်စွမ်း (Attention span)
➡️ ကလေးလေး ပုံပြပြီးဖတ်ပြတဲ့အတွက် ကြောင့်concentration training ပေးပြီးသားဖြစ်သွားပါတယ်။
🧠 မှတ်ဉာဏ် (Memory)
ကလေးရဲ့မှတ်ဉာဏ်မှာ ဇာတ်ကောင်နာမည်၊ အကြောင်းအရာတွေကလေးကမှတ်မိလာမယ်။
🧠 အဓိပ္ပါယ်နားလည်မှု (Comprehension)
➡️ဘယ်သူကဘာလုပ်လဲ?”, “ဘာကြောင့်လဲ?”ဆိုတာ နားလည်တတ်စေတယ်။
🧠 အတွေးအခေါ်တည်ဆောက်မှု (Cognitive skill)
၃နှစ်ကတည်းကိုပြောလိုက်တဲ့ပုံပြင်ဆိုရင်
အကြောင်းအရာနဲ့ဆက်စက်တွေးခေါ်နိုင်လာမယ်။
ကျောင်းနေရွယ်မှာလဲ သခ်ျာပုစ္ဆာတွက်ချက်တဲ့ခါ
စဉ်းစားတွေးခေါ်လာနိုင်မယ်။
➡️ Story sequence (အစ–အလယ်–အဆုံး)
ကလေးက attention ကောင်းကောင်းနဲ့
နားထောင်တဲ့အတွက်ကြောင့်စိတ်ဝင်စားပြီး
လူကြီးမ ပြောပြရသေးတဲ့အကြောင်းအရာကို ကြိုစဉ်းစားနေမယ် ။Thinking ways
တည်ဆောက်ပေးပြီးသားဖြစ်ပါတယ်။
စာဖတ်ပေးတဲ့အခါ—
ကလေးဦးနှောက်ဟာ တစ်ချိန်တည်းမှာပဲ
✔ အသံနားထောင်
✔ စကားလုံးသစ်တွေသိ
✔ ပုံရိပ်တွေကြည့်
✔ မေမေ/အဖေနဲ့ emotional bondingခံစား
✔ အကြောင်းအရာနားလည်
✔ အတွေးအခေါ် ချိတ်ဆက်
စတဲ့နည်းတွေ အများကြီးတစ်ပြိုင်နက်တည်း activate ဖြစ် စေပြီးကလေးကို"Brain Exercise”
တစ်ခါတည်းလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။
♂️❤️ 3. မိဘ–ကလေး ဆက်ဆံရေး တိုးတက်စေခြင်း (Bonding)
— စာဖတ်ပေးတဲ့အချိန်က ဘာကြောင့် မိဘ–ကလေး ဆက်ဆံရေးကို အထူးသန်စွာတည်ဆောက်ပေးတာလဲ?
🌟 မိဘနဲ့ ကလေး ခြားနားတဲ့အရာအားလုံး ပိတ်ပင်ပြီး “တစ်ဦးတည်း အာရုံစိုက်တဲ့ အချိန်” ဖြစ်တယ်
စာဖတ်ပေးချိန်ဆိုတာ
📱ဖုန်းမသုံး
📺TV မကြည့်
🍽အလုပ်မလုပ်
➡️ မေမေ/အဖေတို့ရဲ့ အာရုံ 100% ကလေးတစ်ယောက်ထဲမှာဖြစ်တဲ့အချိန် ဖြစ်ပါတယ်။
👉 “မေမေ/အဖေက ကျွန်တော့်ကို စိတ်၀င်စားနေတယ်”
👉 “ငါအရေးကြီးတယ်”ဆိုပြီးကလေးကခံစားရစေပါတယ်။
🌟 မိဘနဲ့ ထိတွေပြောဆိုခံရခြင်းဖြင့်
အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပေးခြင်း။
အမေက ကလေးရဲ့အရှေ့မှာထိုင်ပြီး
အဖေကပေါင်ပေါ် မှာကလေးကိုတင်ပြီး
ချိုချိုသာသာ စာဖတ်ပြတဲ့ပုံစံမျိုးမှာဆိုရင်
ပိုမိုရင်းနှီးမှုရပြီးမိဘရဲ့ချစ်ခြင်းမေတ္တာပိုသိလာပြီး
Warm feelingခံစားရမှာဖြစ်ပါတယ်။
🌟Story time မှာမိဘနဲ့ တစ်ယောက်တစ်လှည့်အပြန်အလှန်ပြောစေခြင်း။
စာဖတ်နေတဲ့အချိန်မှာ
“သူကဘယ်သူလဲ?”
“ဘာဖြစ်လို့သေတယ်ထင်လဲ?”
“အဲ့လိုမျိုးဆိုရင်သားသားရောဘာလုပ်မလဲ?”
➡️ Communication loop လေးတွေ ခဏခဏလုပ်ပေးခြင်းအားဖြင့်မိဘနဲ့ ကလေးတစ်ယောက်ကိုတစ်ယောက်
👉 ယုံကြည်မှု
👉 ရင်းနှီးမှု
👉အမေးအဖြေတွေconfidentရှိရှိပြောရဲလာပါမယ်။
🌟စာဖတ်ပြခြင်းကမိဘနဲ့ကလေး
➡️ ချစ်ခြင်း
➡️ လုံခြုံမှု
➡️ ယုံကြည်မှု
တွေကို တစ်ချိန်တည်း တည်ဆောက်ပေးတဲ့ bonding moment ဖြစ်ပါတယ်။
♂️🎨 4. စိတ်ကူးယဉ်မှု တိုးတက်စေခြင်း (Creativity & Imagination)
— စာဖတ်ပြပေးခြင်းက ဘာကြောင့် ကလေးရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို အားကောင်းစေသလဲ?
မေမေ/ဖေဖေ စာဖတ်ပြရင်
✔️ကျား/သမင်
✔️သူရဲကောင်း
✔️ကစားသမားလေး
✔️မိတ်ဆွေသစ်တွေဟာ
➡️ ကလေးဦးနှောက်ထဲမှာ ပုံတစ်ပုံလို့ဇာတ်လမ်းမှာ ပါတဲ့အရာအားလုံး ပေါ်လာပါတယ်။
🌟မပြောပြရသေးတဲ့ အကြောင်းအရာတွေကို “စိတ်ထဲက နေအဆောက်အအုံတွေလိုကြိုစိတ်ကူးပုံဖော်” တည်ဆောက်နိုင်လာခြင်း။
ပုံအပြည့်မပါတဲ့ Story တစ်ခုဖတ်တဲ့အချိန်မှာ
ကလေးက သူ့ဦးနှောက်နဲ့
👉🏻ဒီသူရဲကောင်းက ဘယ်လိုအဝတ်ဝတ်လဲ?
👉🏻သူရဲကောင်းတယ်ဆံပင်ရှည်လား?
👉🏻🐅ကျားက ဘယ်လိုသမင်ကိုကိုက်လိုက်လား?
စသဖြင့်သူ့ဦးနှောက်ထဲဖန်တီးပုံဖော်နေပါတယ်။
🌟ကလေးရဲ့ အတွေးအခေါ် ပိုတိုးတက်စေခြင်း
Storyထဲက
✔ “ဒီကောင်လေး မယုံခဲ့ရင် ဘာဖြစ်မလဲ?”
✔ “သူမအကျင့်မကောင်းတော့ နောက်ဆုံးဘာတွေဖြစ်သွားမလဲ?”
စတဲ့အကြောင်းအရာတွေကို
အဲ့လို မေးမြန်းပြီး ဘာဖြစ်လို့ဘာဖြစ်နိုင်တယ်ဆိုတဲ့အတွေးမျိုးတွေတွေးတတ်လာမယ်။
➡️ အတွေးစဉ်မြောက်မြောက်တင်နေတတ်ပါတယ်။
🌟Problem Solving Creativity တိုးတက်စေခြင်း
ဇာတ်ကောင်တစ်ခုမှာ
ပြဿနာဖြစ်တဲ့အခါသူဘယ်လိုဖြေရှင်းတယ်
ဘယ်လိုနည်းလမ်းရွေးတယ်ဆိုတာတွေကြားပြီး
ကလေးတစ်ယောက်က
➡️ “ငါဆို ဘယ်လိုလုပ်မလဲ?”
➡️ “အဲ့ဒီလမ်းနဲ့မသွားဘူး၊ ဒီလိုဆိုကောင်းမယ်”
သူ့ဘာသာစိတ်ထဲမှာအကြံပေးစဉ်းစားပြီးတည်ဆောက်တတ်လာပါမယ်။
အဲ့လို စိတ်ကူးယဉ်မှုက Emotional Creativity ကိုပါ တိုးတက်စေပါတယ်။
🌟Storyထဲက ဝမ်းနည်းမှု အံ့သြမှု ဝမ်းမြောက်မှု
ချစ်ရမှုစတဲ့ emotion တွေတွေပါတိုးတက်လာမှဖြစ်ပါတယ်။
♂️5. 📖ကျောင်းဝင်တဲ့အချိန် ပိုအဆင်ပြေခြင်း (School Readiness)
-စာဖတ်ပြပေးခြင်းက ဘာကြောင့် မူလတန်းတက်ချိန်မှာ ကြီးမားတဲ့အထောက်အပံ့ဖြစ်လဲ?
ကျောင်းစတက်ချိန်မှာစာနဲ့ ပုံရိပ်တွေကို
🌟အလှမ်းမဝေးတော့ပဲ မိတ်ဆွေဖြစ်ထားပြီးသား
ဖြစ်သွားခြင်း။
ကလေးနဲ့ စာဖတ်ပြပေးနေကြတာက
➡️ စာအုပ်ထဲက ပုံတွေ၊ စာတွေ
➡️ Pages, lines, left-to-right reading
စတဲ့ စာတွေက အနည်းငယ်ကွာခြားမှုရှိပေမဲ့
ကလေးတွက်
📘 စာအုပ်ကြောက်မနေ
📘 စာအုပ်ဖွင့်တတ်၊ ပုံကြည့်တတ်
📘 စာကိုဘယ်လိုဖတ်ရမလဲဆိုတဲ့နည်းလမ်းကို
သိထားပြီးသားကျောင်းတက်တော့မှစလေ့ကျင့်တာမဟုတ်ပဲအိမ်မှာကတညက လေ့ကျင့်ထားပြီးသား ဖြစ်သွားပါတယ်။
🌟စာဖတ်နားလည်မှု (Reading Comprehension) အခြေခံရှိပြီးသားဖြစ်သွားခြင်း။
အိမ်မှာကတည်းက ကလေးကစာဖတ်တဲ့အခါ
စ-လယ်-ဆုံးသေချာနားထောင်တတ်တဲ့အလေ့အထရှိပြီးသားမို့ အိမ်မှာ အမေးအဖြေနဲ့ပြောထားတာမို့ကျောင်းတက်တဲ့ချိန်မှာလဲ
သေချာဂရုတစိုက်နားထောင်တဲ့အတွက်ကြောင့် အကြောင်းအရာတွေနားလည်သဘောပေါက်လာမယ်။
🌟သင်ကြားရေးဆိုင်ရာ စိတ်ဝင်စားမှု တိုးတက်ထားပြီးသား (Interest in Learning)
ကျောင်းတက်ချိန်မှာ ဆရာမစာမေးမှာကိုမကြောက်တော့ဘူး။စာဖတ်ပြတာစသင်တာကိုမပျင်းရိတော့ပဲ
ကျောင်းတက်ချိန်မှာ positive attitude ရှိတဲ့ကလေးဖြစ်သွားမယ်။
🌟သင်ခန်းစာတစ်ခုချင်းလိုက်လျောနိုင်မှုမြန်ဆန်လာမယ် (Learning Adaptability)
Story time မှာနားထောင်စွမ်းရည်ကောင်းလာပြီးနားလည်လာမယ်။မေးခွန်း၊ပြန်ဖြေ၊စဉ်းစား
စတာတွေကို တစ်လှည့်စီလုပ်နေကြမို့
➡️ Listening skills
➡️ Focus skills
➡️ Instructionsလိုက်နာမှုတွေ
အားကောင်းလာပါတယ်။
ဒါကြောင့်Teacher explanation/Classroom rule/Group workတွေကို အလွယ်တကူလိုက်လုပ်လာနိုင်ပါတယ်။
🌟ကိုယ့်ကိုယ်ကိုယ်Confidenceတွေအများကြီးရှိလာခြင်း။
အဖေနဲ့အမေကရင်းနှီးမှုရထားတဲ့အတွက်
ကျောင်းမှာသင်တဲ့အရာတွေကို
အိမ်မှာပြန်မေးတဲ့အခါမှာမှားမှားမှန်မှန်
ရဲရဲဝံ့ဝံ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး
ပြန်ပြောရဲလာမယ်။
➡️ “ငါပြောလို့ရတယ်”
➡️ “ငါနားလည်တယ်”စတဲ့
Self-confidence တည်ဆောက်ထားပြီးသားဖြစ်သွားပါတယ်။
ေစာစီးစွာစာနဲ့မိတ်ဆွေဖြစ်ထားပြီးသား
ကလေးတွေဟာကျောင်းစတင်ချိန်မှာ
ပျော်ရွှင်ပြီး အဆင်ပြေနေတတ်ကြပါတယ်။
♂️😊 6. စိတ်ဓာတ်ကောင်းမွန်ခြင်း (Emotional Development)
— စာဖတ်ပြပေးခြင်းက ကလေးရဲ့ စိတ်နှလုံးဖွံ့ဖြိုးမှုကို ဘယ်လိုကူညီလဲ?
🌟ပုံပြင်ထဲကသဘောထားကောင်းတွေကို သင်ယူတတ်ပြီးစာအုပ်တွေမှာ ပြောပြထားတဲ့မေတ္တာ၊ ချစ်ခြင်း၊အပြုသဘော၊ အကူအညီမျှဝေခြင်း။
တရားမျှတမှု၊ ရိုးသားမှုစတာတွေကိုနားလည်သဘောပေါက်ပြီးကလေးတွေဟာ
➡️ ဇာတ်ကောင်တွေဘယ်လိုပြုမူလဲ၊
➡️ ဘယ်အပြုအမူကအကျိုးရှိလဲ
စတာတွေကို စိတ်ထဲထည့်စဉ်းစားပြီး သင်ယူတတ်ကြပါတယ်။
🌟Emotional Balance (စိတ်ထိန်းချုပ်မှု) တိုးတက်စေခြင်း။
Story time အတွင်းထဲက၊စိတ်ပူပန်မှု၊ဝမ်းနည်းမှု
၊အံ့သြမှု၊ပျော်ရွှင်မှုစတဲ့အခြေအနေတွေနဲ့ကြုံတွေ့တဲ့အခါကလေးဦးနှောက်ဟာ
➡️ စိတ်ခံစားချက်တွေကို ဖော်ထုတ်နည်း/ ထိန်းချုပ်နည်း/ဖြေရှင်းနည်း ကိုလေ့ကျင့်သလိုဖြစ်သွားပါတယ်။
🌟Positive social-emotional habits တိုးတက်စေခြင်း။
စာဖတ်ပေးခြင်းဟာကလေးကို
အပြုသဘောဆောင်တဲ့အရာတွေ
ချစ်ခြင်းမေတ္တာတွေ, ရိုင်းပင်ကူညီခြင်းတွေကို
စိတ်ထဲထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်အနိုင်ကျင့်ခြင်းတွေမရှိတော့ပဲ တရားမျှတမှု တစ်ယောက်ကိုတစ်ေယာက်လေးစားမှု၊နားလည်မှု၊ တစ်ယောကို တစ်ယောက် sharing တွေရှိလာမှာပဲဖြစ်ပါတယ်။
🌟ကိုယ်ကိုယုံကြည်မှု (Self-confidence) တိုးတက်စေခြင်း။
Story အတွင်းက အောင်မြင်မှု/ခက်ခဲမှုတွေကို ကြည့်ပြီး
“ငါလည်း လိုမျိုးကြိုးစားနိုင်တယ်”
“ငါအမှန်ကိုပြောနိုင်တယ်”
“စာဖတ်ခြင်းက ကလေးရဲ့ ဦးနှောက်, စိတ်နှလုံး, စွမ်းရည်တိုင်းကို တည်ဆောက်ပေးတဲ့ အကောင်းဆုံးလေ့ကျင့်မှု"ဖြစ်ပါတယ်။
စာဖတ်ခြင်းက ဘာသာစကား, ဉာဏ်ဖွံ့ဖြိုးမှု, စိတ်ကူးယဉ်မှု, မိဘ–ကလေး ဆက်ဆံရေး, ကျောင်းဝင်သင်ကြားနိုင်မှု, စိတ်ဓာတ်ကောင်းမွန်မှု အားလုံးကို တစ်ချိန်တည်းကူညီပေးတယ်။
အိမ်မှာ နည်းနည်းပဲ စာဖတ်ပေးခြင်းဖြင့် ကလေးဟာ ပျော်ရွှင်ပြီး အဆင်ပြေပြီး အောင်မြင်မှုရရှိတဲ့ လူငယ်အနာဂတ်ကို စတင်တည်ဆောက်နိုင်ပါတယ်။
နေ့တိုင်း ၁၀–၁၅ မိနစ်စာဖတ်ပေးခြင်း = ကလေးဦးနှောက်အတွက် " Brain Exercise ” ဖြစ်ပြီး
သူတို့ရဲ့ စွမ်းရည်, စိတ်ခံစားမှု, သင်ယူမှု, ကိုယ်ပိုင်ယုံကြည်မှု အားလုံးကို တိုးတက်စေတာမို့
ကလေးတွေကိုငယ်စဉ်ကတည်းက
စာဖတ်ပြတဲ့အကျင့်လေးလုပ်ပေးမယ်ဆိုရင်
ငယ်ငယ်ရွယ်ရွယ်နဲ့ smart kid လေး
ဖြစ်လာမှာဖြစ်ပါတယ်ရှင့်။
လွတ်လပ်စွာတိုက်ရိုက်ရှယ်လို့ရပါတယ်ရှင့်။
စာသားကူးယူပြန်တင်ခွင့်မပြုပါ။
happy land