Chin Youth EduLink - CYEL

Chin Youth EduLink - CYEL

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin Youth EduLink - CYEL, Educational consultant, .

03/04/2026

"Suu Myat Than Foundation Scholarship"

Asia chung sianghleiruun (university) pakhatkhat ah a kai lio mi siseh, kai ding in cohlan a si mi siseh, Myanmar rammi siangngakchia hna caah k*m khat ah $1,200 tiang bawmhnak pe mi scholarship asi.

- Ahote nih dah sok khawh asi?
- Soknak ah zei cazin/ca hna dah herh?
- Zeitindah thimnak an tuah?

🍁A tanglei kan video ah tling tein kan rak langhter.
===============
အာရှတိုက်ထဲက တက္ကသိုလ်တစ်ခုခုမှာ တက်ရောက်နေသူဖြစ်စေ၊ တက်ရောက်ဖို့ အကြောင်းကြားစာ ရရှိထားသူဖြစ်စေ မြန်မာနိုင်ငံသား ကျောင်းသား/သူတွေအတွက် တစ်နှစ်ကို $1,200 အထိ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုဖြစ်ပါတယ်။

- ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
- လျှောက်ထားဖို့ ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်လဲ?
- ဘယ်လိုမျိုး ရွေးချယ်သွားမှာလဲ?

🍁အောက်က ဗီဒီယိုလေးထဲမှာ အပြည့်အစုံ ဖော်ပြပေးထားပါတယ်နော်။

Learn more: https://suumyatthan.org/scholarship.html



17/03/2026

🗑️Digital Cleanup Day Myanmar🗑️

Na Inbox hi na ruahnak lengin a rak rit tuk kho men!

Cloud chung ah a ummi on lomi / rel lomi email, a mawmi hmanthlak tibantuk "Dark Data" pawl nih vawleipi a lumter i energy tampi an hman khawh.

Kan i theih lo karah digital hmunthur "Digital Trash" tam tuk kan i khon sual tawn. A herh lo ah kan i chiah sual mi data Gigabyte pawl nih energy dongcat loin an hman.

Parami Environmental Club nih a voihnihnak an tuahmi Digital Cleanup Day Myanmar ahcun kan device chung a ummi a herh lomi digital file pawl le data pawl thianh áš­inak a si. Hmuh khawh lomi hmunthur zong vawlei pi caah hmunthur an si ve rak philh hlah!

A ni - 20 March, 2026
A caan - Zaan 7:00 p.m. - 9:00 p.m. (Ningani)

Min peknak -

👉https://forms.gleaoVMEiVNiALPGM3o8



[English Version Below]

🗑️ သင့် Inbox က သင်ထင်ထားတာထက် ပိုပြီး လေးလံနေနိုင်ပါတယ်။
မဖတ်ရသေးတဲ့ အီးမေးလ်တွေ၊ ဝေဝါးနေတဲ့ Screenshot တွေနဲ့ Cloud ထဲမှာ မေ့လျော့နေတဲ့ မှတ်တမ်းတွေစတဲ့ "Dark Data" တွေဟာ ကမ္ဘာကြီးကို အသံတိတ် အပူပေးနေပြီး စွမ်းအင်တွေကို ဖြုန်းတီးနေတယ်ဆိုတာ သင်သိပါသလား?

ကျွန်ုပ်တို့ဟာ ခိုင်မာတည်မြဲပါတယ်ဆိုတဲ့ ကမ္ဘာကြီးထဲမှာ ရှင်သန်နေရင်း မသိလိုက်ပဲ "ဒစ်ဂျစ်တယ် အမှိုက်" (Digital Trash) တွေကို အဆက်မပြတ် စုဆောင်းမိနေကြပါတယ်။ ကျွန်ုပ်တို့ မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ ဒေတာ Gigabyte တိုင်းဟာ အပူချိန်မြင့်တက်နေတဲ့ ကမ္ဘာမြေရဲ့ တစ်နေရာရာက Server တွေဆီကနေ စွမ်းအင်တွေကို အဆက်မပြတ် လိုအပ်နေတာဖြစ်ပါတယ်။

အခုဆိုရင် Parami Environmental Club ရဲ့ ဒုတိယအကြိမ်မြောက် Digital Cleanup Day Myanmar ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ၂၀၂၅ ခုနှစ်ရဲ့ အောင်မြင်မှုခြေလှမ်းတွေအတိုင်း ဒစ်ဂျစ်တယ် ရေရှည်တည်တံ့မှုအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်းရပ်တည်ကြရအောင်။

ဘာတွေလုပ်မှာလဲ ?- မလိုအပ်တဲ့ ဒစ်ဂျစ်တယ်ဖိုင်လ်တွေနဲ့ ဒေတာတွေကို စုပေါင်းရှင်းလင်းကြမှာပါ။
ဘာကြောင့်လဲ? - မမြင်ရတဲ့ ညစ်ညမ်းမှုဟာလည်း ညစ်ညမ်းမှုတစ်မျိုးပဲ ဖြစ်လို့ပါပဲ။

ဘယ်တော့လဲ? - ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် (သောကြာနေ့)
ဘယ်အချိန်လဲ? - မြန်မာစံတော်ချိန် ညနေ ၇နာရီမှ ၉နာရီအထိ

အခုပဲ စာရင်းပေးသွင်းလိုက်ပါ -
👉https://forms.gle/aoVMEiVNiALPGM3o8

--------------------

🗑️ YOUR INBOX IS HEAVIER THAN YOU THINK.
Did you know that "Dark Data"—those thousands of unread emails, blurry screenshots, and forgotten recordings in your cloud—is silently draining energy and warming the planet?
In a world that feels fixed and solid, we are often unknowingly accumulating "digital ghosts." Every unnecessary gigabyte we store requires a pulse of energy from a server somewhere on this warming earth.
The Parami Environmental Club is back for the 2nd Annual Digital Cleanup Day Myanmar! Following the success of our 2025 pilot, we are once again taking a collective stand for digital sustainability.
WHAT: A collective "Digital Purge" of unnecessary files and data.
WHEN: March 20, 2026
TIME: 7:00 - 9:00 PM MMT
WHY: Because invisible pollution is still pollution.

Don’t wait—registration is now OPEN:
👉https://forms.gle/aoVMEiVNiALPGM3o8

14/03/2026

📝Alison Free Online Courses

📚Cawnnak field 10 chungah cawn khawhmi course 5500 leng a ummi a lak tein cacawn khawhnak Alison kong kan rak in hrawmh hna.

Website link: https://alison.com/



03/03/2026

[Burmese Text Below]

KNB Scholarship

Bachelor Program lawng si lo in Master Program le Doctoral Program tiang in sok khawh a si mi Indonesia Cozah nih a tuah mi Kemitraan Negara Berkembang (KNB) Scholarship cu ho pawl nih dah sok khawh a si, zeidah a herh i zeitin dah sok a si ti mi he pehtlai in a tanglei video ah kan rak langhter.
========
အင်ဒိုနီးရှားနိုင်ငံအစိုးရမှ ဆောင်ရွက်တဲ့ Kemitraan Negara Berkembang (KNB) Scholarship ဟာ Bachelor Program များသာမက Master Program နှင့် Doctoral Program များအထိ လျှောက်ထားနိုင်တဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုဘဲ ဖြစ်ပါတယ်။

ဒီဗီဒီယိုမှာတော့ KNB Scholarship ကို ဘယ်သူတွေက လျှောက်ထားနိုင်သလဲ၊ ဘာတွေလိုအပ်သလဲ၊ ဘယ်လိုလျှောက်ထားရမလဲ ဆိုတာကို တင်ပြရှင်းလင်းပေးသွားမှာဖြစ်ပါတယ်။

KNB Official Website
https://knb.kemdiktisaintek.go.id/
KNB Offering Letter ဒေါင်းလုဒ်လုပ်ရန် လင့်ခ်
https://knb.kemdiktisaintek.go.id/
Online Application ဖြည့်စွက်ရန် လင့်ခ်
https://knb.kemdiktisaintek.go.id/
တက္ကသိုလ်စာရင်းများ ကြည့်ရှုရန် လင့်ခ်
https://knb.kemdiktisaintek.go.id/




23/02/2026

[Burmese Text Below]

🎓Universitas Singaperbangsa Karawang (UNSIKA) Scholarship

Indonesia ram sianghleiruun pakhat a si mi Universitas Singaperbangsa Karawang (UNSIKA)
nih 2026 cacawn k*m ca ah a tuah mi scholarship cu undergraduate ca lawng si loin Master program ca zong ah sok khawh an si.

Hi scholarship ah hin zei pawl dah aa tel i sok tik ah zeidah an herh ti mi kha hika video ah hin kan rak langhter lai.
============
🎓Universitas Singaperbangsa Karawang (UNSIKA) ပညာသင်ဆု

အင်ဒိုနီးရှားနိုင်ငံရှိ Universitas Singaperbangsa Karawang (UNSIKA) ဟာ ၂၀၂၆ ပညာသင်နှစ်အတွက် Undergraduate နှင့် Master Program များအတွက် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ကြေညာထားပါတယ်။

ဒီပညာသင်ဆုမှာ ပါဝင်တဲ့အကြောင်းအရာများနှင့် လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို အောက်မှာဖော်ပြတဲ့ ဗီဒီယိုမှာ အသေးစိတ် တင်ပြရှင်းလင်းထားပါတယ်။

Application Deadline: March 29, 2026
Application Portal: https://unsika.link/international-scholarship
Contact Email: [email protected]
Original Post: https://www.facebook.com/share/p/188eQbwzpX/?mibextid=wwXI



18/02/2026

[Burmese Text Below]

🎓 University Credit timi cu zeidah a si?
Ramdang ah sianginn kai aa timmi hna nih theih ah a áš­ha mi Credit kong cu tawi te le fiang tein kan rak langhter.

📍Credit timi cu zeidah a si?
Cawnnak subject pakhat caah hmanmi "Sianginn kai caan + pumpak cazoh caan (Workload)" tahnak unit a si. 1 Credit cu zarh khat chung cacawn caan suimilam 25 in 30 hrawng he aa tluk.

📍Degree pakhat ngah nakhnga Credit zeizat dah a herh?
□ Bachelor’s Degree: A tlangpi in 240 Credits a herh (K*m khat ah 60 Credits in k*m 4 chung).
□ Master’s Degree: 60 in 120 Credits (K*m 1 asiloah K*m 2).

📍Credit phun thum a um:
□ Compulsory: Degree ngah nakhnga laak a herh hrimhrim mi cawnnak hna.
□ Elective: Mah pumpak nih huam deuhmi lei thim khawh mi cawnnak hna.
□ Free Configuration: Mah cawnmi he aa lo lo mi department dang (tahchunnak ah - Engineering nih hlasak lei cawnnak aa thim mi bantuk) in mah duh tawk thim khawh mi cawnnak hna.

📍 Zei caah a biapit?
Sianginn pakhat in pakhat asiloah ram pakhat in pakhat sianginn áš­hial na duh tikah, na hmuh cia mi Credit hna cu Transfer khawh an si.
========
🎓 University Credit (တက္ကသိုလ် ခရက်ဒစ်) ဆိုတာ ဘာလဲ?
နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေ သိထားသင့်တဲ့ Credit အကြောင်းကို တိုတိုနဲ့ လိုရင်းရှင်းပြပေးလိုက်ပါတယ်နော်။

📍Credit ဆိုတာ ဘာလဲ?
ဘာသာရပ်တစ်ခုအတွက် အသုံးပြုရတဲ့ "စာသင်ချိန် + ကိုယ်ပိုင်လေ့လာချိန် (Workload)" ကို တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။ 1 Credit ဟာ တစ်ပတ်တာအတွင်း စာသင်ယူမှုနဲ့ လေ့လာမှုအချိန် ၂၅ နာရီကနေ ၃၀ နာရီ ဝန်းကျင်နဲ့ ညီမျှပါတယ်။

📍ဘွဲ့တစ်ခုရဖို့ Credit ဘယ်လောက်လိုလဲ?
□ Bachelor’s Degree: ပုံမှန်အားဖြင့် ၂၄၀ Credits လိုအပ်ပါတယ် (တစ်နှစ်ကို ၆၀ နှုန်းနဲ့ ၄ နှစ်စာ)။
□ Master’s Degree: ၆၀ ကနေ ၁၂၀ Credits (၁ နှစ် သို့မဟုတ် ၂ နှစ်)။

📍Credit အမျိုးအစား (၃) မျိုး ရှိတယ်:
□ Compulsory: ဘွဲ့ရဖို့အတွက် မဖြစ်မနေ ယူရမယ့် အဓိကဘာသာရပ်တွေ။
□ Elective: မိမိ ပိုပြီး စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်တာ။
□ Free Configuration: မိမိမေဂျာနဲ့ မဆိုင်တဲ့ တခြားဌာနတွေကနေ (ဥပမာ - အင်ဂျင်နီယာကျောင်းသားက ဂီတဘာသာရပ်ကို ယူတာမျိုး) စိတ်ကြိုက် ရွေးချယ်နိုင်တာ။

📍ဘာကြောင့် အရေးကြီးတာလဲ?
ကျောင်းတစ်ခုကနေတစ်ခု (သို့) နိုင်ငံတစ်ခုကနေတစ်ခု ပြောင်းတက်ချင်တဲ့အခါ မိမိရထားပြီးသား Credit တွေကို Transfer (လွှဲပြောင်း) လို့ ရပါတယ်။ အစကနေ ပြန်တက်စရာမလိုဘဲ အချိန်ကုန် သက်သာစေလို့ပါပဲ။

Learn more: https://www.unihabit.com/en/what-are-university-credits/



13/02/2026

[Burmese Text Below]

Tuchan sianghngakchia hna lak ah kan theih lengmang mi GPA timi hi zeidah a si? Zei caah dah a biapit? 🤔📚

Ramdang ah fimnak cawn a tim mi na si ah, rian tha hmuh a duh mi na si ah GPA kong hi fiang tein hngalh a herh hrimhrim mi a si.

✨ GPA timi hi zeidah a si?

GPA cu Grade Point Average kha a tawi nakin auh mi a si i, sianghngakchia pakhat i a cawnnak lei a thiamnak kha nambar in tuak mi a si. A tlangpi in 0.0 in 4.0 tiang khiah a si i, sianginn kan kai chung ah kan rak hmuh mi Grade vialte kha a tlangpi (average) in tuak mi a si.

💡 GPA hi zei caah dah a biapit?

University Admissions: Sianghleiruun sok tikah GPA hi a biapi bik mi thil pakhat a si. Na GPA a san si ahcun na cawn mi fimnak ah naa zuam i thiamnak na ngeih taktak ti kha a langhter.

Scholarships: Scholarship tam deuh cu a tlangpi in GPA 3.0 in a cunglei ngeih a herh theu tawn. Na GPA a san deuh paoh ahcun sianginn a man loin fimnak cawn khawhnak lam na ngei deuh lai.

Career Prospects: Sianginn dih hnu i Company hna ah rian sok tikah, GPA hi an zoh tawn. Hi an zohnak nih hin na rianáš­uan duhnak, mah le mah i hruai khawhnak le thil thar cawn khawhnak na ngei timi kha a langhter.

Graduate School: Master asiloah PhD tiang cawn le peh na duh a si ahcun GPA tha ngeih hi a herh hrimhrim mi a si.

🌟 A tawi nakin chim ahcun GPA timi hi nambar sawhsawh lawng si loin naa zuamnak, na felfainak le fimnak lei na sining a langhter tu a si. ✨

=======

ဒီနေ့ခေတ် ကျောင်းသားလူငယ်တွေကြားမှာ မကြာခဏကြားနေရတဲ့ GPA ဆိုတာ ဘာလဲ? ဘာကြောင့် အရေးကြီးတာလဲ? 🤔📚

နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ဖို့ ပြင်ဆင်နေသူပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ကောင်းတွေ ရချင်သူပဲဖြစ်ဖြစ် GPA အကြောင်းကို သေချာသိထားဖို့ လိုအပ်ပါတယ်။

✨ GPA ဆိုတာ ဘာလဲ?

GPA ဆိုတာ Grade Point Average ရဲ့ အတိုကောက်ဖြစ်ပြီး ကျောင်းသားတစ်ယောက်ရဲ့ ပညာရေးစွမ်းဆောင်ရည်ကို ပျမ်းမျှတွက်ချက်ထားတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် 0.0 ကနေ 4.0 အထိ သတ်မှတ်လေ့ရှိပြီး သင်တန်းတစ်လျှောက် ရရှိခဲ့တဲ့ Grade တွေအားလုံးကို စုပေါင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

💡 GPA က ဘာကြောင့် အရေးကြီးတာလဲ?

University Admissions: နိုင်ငံတကာ တက္ကသိုလ်တွေကို လျှောက်ထားတဲ့အခါ GPA က အဓိကစံနှုန်းတစ်ခု ဖြစ်ပါတယ်။ GPA မြင့်ခြင်းက သင်ဟာ စာကြိုးစားပြီး တစိုက်မတ်မတ် လေ့လာနိုင်သူဖြစ်ကြောင်း သက်သေပြနေတာပါ။

Scholarships: Scholarship အများစုဟာ သတ်မှတ်ထားတဲ့ GPA အနိမ့်ဆုံး (ဥပမာ 3.5 နှင့်အထက်) ရှိဖို့ လိုအပ်ပါတယ်။ GPA ကောင်းလေလေ၊ ပညာသင်စရိတ် သက်သာမယ့် အခွင့်အလမ်းတွေ ပိုများလေလေပါပဲ။

Career Prospects: ကျောင်းပြီးစ လူငယ်တွေအတွက် ကုမ္ပဏီကြီးတွေက Intern လျှောက်တဲ့အခါ ဒါမှမဟုတ် အလုပ်ခန့်တဲ့အခါ GPA ကို ကြည့်တတ်ကြပါတယ်။ ဒါဟာ သင့်ရဲ့ လုပ်ငန်းခွင်အပေါ် စည်းကမ်းရှိမှုနဲ့ သင်ယူနိုင်စွမ်းကို ဖော်ပြနေလို့ပါ။

Graduate School: Master သို့မဟုတ် PhD ဆက်တက်ဖို့ ရည်မှန်းထားရင်လည်း GPA ကောင်းဖို့က မရှိမဖြစ် လိုအပ်ပါတယ်။

🌟 အကျဉ်းချုပ်ပြောရရင် GPA ဆိုတာ ကိန်းဂဏန်းသက်သက် မဟုတ်ပါဘူး။ သင့်ရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှုနဲ့ ပညာရေးအဆင့်အတန်းကို ဖော်ပြတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ ✨
Learn more: https://www.timeshighereducation.com/student/advice/what-gpa
https://www.webster.edu.ge/blog/2024/why_gpa_is_important.php




09/02/2026

[Burmese Text Below]

Parami University soknak ah zei hna dah a herh? 🎓✨

Parami sianghleiruun ah ca cawn na duh ko nain, zeitin dah kaa timhtuah lai ti in lungrethei in na um maw? Application na phih tikah na herh hrimhrim dingmi thil (10) hi tling tein hi video ah kan rak langhter.

Nangmah hrimhrim nih sok na duh a si ah, sok a duhmi na hawikom hna an um a si ah hi video hi share piak rak philh hlah mu. 💪

Tam deuh hngalh na duh a si ahcun a tanglei link hna ah hin zoh khawh a si:
🔹 Parami University kong: https://www.facebook.com/share/v/1D4Bcax6ee/
🔹 Personal Statement ṭialning: https://www.facebook.com/share/v/16jSojNo5M/
================
Parami University လျှောက်ထားဖို့ ဘာတွေလိုအပ်သလဲ? 🎓✨

Parami မှာ ကျောင်းတက်ချင်ပေမယ့် ဘယ်ကနေ စတင်ပြင်ဆင်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေပါသလား။ လျှောက်လွှာတင်တဲ့အခါ မရှိမဖြစ်လိုအပ်မယ့် အချက် (၁၀) ချက်ကို ဒီဗီဒီယိုထဲမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။

ကိုယ်တိုင်လျှောက်ထားဖို့ပဲဖြစ်ဖြစ်၊ သိလိုတဲ့သူငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ် ဒီဗီဒီယိုလေးကို မျှဝေပေးဖို့ မမေ့နဲ့နော်။ 💪

ပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်လည်း လေ့လာနိုင်ပါတယ်နော်
🔹 Parami University အကြောင်း: https://www.facebook.com/share/v/1D4Bcax6ee/
🔹 Personal Statement ရေးသားနည်း: https://www.facebook.com/share/v/16jSojNo5M/



Photos from Chin Youth EduLink - CYEL's post 02/02/2026

[Burmese Text Below]

Financial Aid le Scholarship an i lo maw?

Financial Aid
Sianginn kai khawhnak hnga bawmhnak tangka vialte a huaptu biafang a si.

Scholarship
Scholarship tthenning phun tampi in a um. Scholarship a petu phu pawl nih an pek mi a um bantuk in University nih a pek mi home institution zong a um ve.
==============
Financial Aid နဲ့ Scholarship တို့က အတူတူဘဲလား?

Financial Aid (ပညာရေးထောက်ပံ့ကြေး)
ကျောင်းတက်နိုင်ရန်အတွက် လိုအပ်တဲ့ ငွေကြေးအထောက်အပံ့အားလုံးကို ခြုံငုံခေါ်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။

Scholarship (ပညာသင်ဆု)
ပညာသင်ဆု အမျိုးအစားများစွာ ရှိပါတယ်။ ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းတွေကနေပေးအပ်ခြင်းမျိုး ရှိသလို မိမိတက်ရောက်ရမယ့်တက္ကသိုလ် (University) ကိုယ်တိုင်ကနေ ပေးအပ်ခြင်းမျိုးလည်းရှိပါတယ်။




25/01/2026

Reminder‼️

PU Admission Information Sharing Session is happening tonight.

Join us via Zoom 👇

https://zoom.us/j/97155843511?pwd=dzKX2k25aRtVUfnvbIzf2jsm87nruI.1

Meeting ID: 971 5584 3511
Passcode: 339794

[Burmese Text Below]

Parami University ah kai na duh ko nain sianginn sok tikah a har tuk lai tiah na lung re a thei maw? An bawmtu dingah CYEL kan um!

Sianghleiruun sok timihi kan nunnak caah a biapi ngaiin biakhiahnak kan tuah tawnmi a si. Asinatein cuti soknak ah nangmah te theng in lungbuai a rak hau lo. Hmuhtonnak a ngei ciami hna sinin “Insider Tips” pawl naa laak khawh nak ding ah kan webinar kai dingin kan in sawm ve.

Tutan zoom ah zeidah kan i ruah hna lai? Fiang khitkhet tein kan i ruah ding mi hna cu-
✅ Parami University zeitin kan sok lai?
✅ Parami nih a pekmi scholarship le financial aid (phaisa lei bawmhnak) pawl kong,
✅ Parami sianginn ah siangngakchia pakhat dirhmun in hmuhton taktak mi pawl hi zeitin a si, ti le
✅ Hal duh mi paoh kal khawhnak caan ti in an i tel lai.

Sharing a kan tuah piak tu ding cu - Parami University i 2026 Student Ambassador a si mi Harry a si. Amah pumpak hmuhtonnak le ruahnak ṭha hna kha a kan hrawmh te lai! 🎓

Hi session hi a lak tein (free) in kai khawh a si. Natein kainak zoom link kan in kuat khawh nak ding ah a tang google form link ah na min rak i pe ve mu.
==================
Parami University မှာတက်ချင်ပေမဲ့ လျှောက်လွှာတင်ရမှာကို ခက်ခဲမယ်ထင်ပြီး စိတ်ပူနေလား? စိတ်မပူနဲ့နော်၊ ကူညီပေးဖို့ ကျွန်တော်တို့ CYEL ရှိတယ်နော်!

တက္ကသိုလ်လျှောက်တယ်ဆိုတာ ဘဝအတွက် တကယ်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ ဒါပေမဲ့ တစ်ယောက်တည်း ရုန်းကန်နေစရာမလိုအောင် ကျွန်တော်တို့နဲ့အတူ Zoom မှာ လာဆုံပြီး "Insider Tips" လေးတွေ လာယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ✨

ဒီ Session မှာ ဘာတွေပြောကြမလဲ? အသေးစိတ် ဆွေးနွေးသွားမှာကတော့ -
✅ Parami University ကို ဘယ်လိုလျှောက်ရမလဲ။
✅ Parami ကပေးတဲ့ Scholarship နဲ့ Financial Aid (ပညာသင်ဆု) အကြောင်းတွေ။
✅ Parami မှာ ကျောင်းသားဘဝ ဖြတ်သန်းရတာ တကယ်ရော ဘယ်လိုရှိလဲ။
✅ သိချင်တာမှန်သမျှ အကုန်မေးလို့ရမယ့် Q&A အစီအစဉ်။

🎙️Sharing လုပ်ပေးမယ့်သူကတော့ - Parami University ရဲ့ 2026 Student Ambassador ဖြစ်တဲ့ Harry ပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အကြံဉာဏ်ကောင်းတွေကို မျှဝေပေးသွားမှာပါ! 🎓

📅 နေ့ရက် - ၂၀၂၆၊ ဇန်နဝါရီ ၂၅ ရက်
🕖 အချိန် - ည ၆:၃၀ - ၇:၃၀ နာရီ
📍 နေရာ - Zoom Meeting

ဒီ Session က လုံးဝ အခမဲ့ ပါ။ ဒါပေမဲ့ Zoom Link ရဖို့အတွက် အောက်က link မှာ အရင်ဆုံး စာရင်းပေးသွင်းပေးရပါမယ်။

🔗 ဒီမှာ စာရင်းပေးသွင်းပါ - https://forms.gle/itV4dX7whvec1Wgr8




24/01/2026

Reminder‼️

PU Admission Information Sharing Session is happening tomorrow

Join us via Zoom 👇

https://zoom.us/j/97155843511?pwd=dzKX2k25aRtVUfnvbIzf2jsm87nruI.1

Meeting ID: 971 5584 3511
Passcode: 339794

[Burmese Text Below]

Parami University ah kai na duh ko nain sianginn sok tikah a har tuk lai tiah na lung re a thei maw? An bawmtu dingah CYEL kan um!

Sianghleiruun sok timihi kan nunnak caah a biapi ngaiin biakhiahnak kan tuah tawnmi a si. Asinatein cuti soknak ah nangmah te theng in lungbuai a rak hau lo. Hmuhtonnak a ngei ciami hna sinin “Insider Tips” pawl naa laak khawh nak ding ah kan webinar kai dingin kan in sawm ve.

Tutan zoom ah zeidah kan i ruah hna lai? Fiang khitkhet tein kan i ruah ding mi hna cu-
✅ Parami University zeitin kan sok lai?
✅ Parami nih a pekmi scholarship le financial aid (phaisa lei bawmhnak) pawl kong,
✅ Parami sianginn ah siangngakchia pakhat dirhmun in hmuhton taktak mi pawl hi zeitin a si, ti le
✅ Hal duh mi paoh kal khawhnak caan ti in an i tel lai.

Sharing a kan tuah piak tu ding cu - Parami University i 2026 Student Ambassador a si mi Harry a si. Amah pumpak hmuhtonnak le ruahnak ṭha hna kha a kan hrawmh te lai! 🎓

Hi session hi a lak tein (free) in kai khawh a si. Natein kainak zoom link kan in kuat khawh nak ding ah a tang google form link ah na min rak i pe ve mu.
==================
Parami University မှာတက်ချင်ပေမဲ့ လျှောက်လွှာတင်ရမှာကို ခက်ခဲမယ်ထင်ပြီး စိတ်ပူနေလား? စိတ်မပူနဲ့နော်၊ ကူညီပေးဖို့ ကျွန်တော်တို့ CYEL ရှိတယ်နော်!

တက္ကသိုလ်လျှောက်တယ်ဆိုတာ ဘဝအတွက် တကယ်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ ဒါပေမဲ့ တစ်ယောက်တည်း ရုန်းကန်နေစရာမလိုအောင် ကျွန်တော်တို့နဲ့အတူ Zoom မှာ လာဆုံပြီး "Insider Tips" လေးတွေ လာယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ✨

ဒီ Session မှာ ဘာတွေပြောကြမလဲ? အသေးစိတ် ဆွေးနွေးသွားမှာကတော့ -
✅ Parami University ကို ဘယ်လိုလျှောက်ရမလဲ။
✅ Parami ကပေးတဲ့ Scholarship နဲ့ Financial Aid (ပညာသင်ဆု) အကြောင်းတွေ။
✅ Parami မှာ ကျောင်းသားဘဝ ဖြတ်သန်းရတာ တကယ်ရော ဘယ်လိုရှိလဲ။
✅ သိချင်တာမှန်သမျှ အကုန်မေးလို့ရမယ့် Q&A အစီအစဉ်။

🎙️Sharing လုပ်ပေးမယ့်သူကတော့ - Parami University ရဲ့ 2026 Student Ambassador ဖြစ်တဲ့ Harry ပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အကြံဉာဏ်ကောင်းတွေကို မျှဝေပေးသွားမှာပါ! 🎓

📅 နေ့ရက် - ၂၀၂၆၊ ဇန်နဝါရီ ၂၅ ရက်
🕖 အချိန် - ည ၆:၃၀ - ၇:၃၀ နာရီ
📍 နေရာ - Zoom Meeting

ဒီ Session က လုံးဝ အခမဲ့ ပါ။ ဒါပေမဲ့ Zoom Link ရဖို့အတွက် အောက်က link မှာ အရင်ဆုံး စာရင်းပေးသွင်းပေးရပါမယ်။

🔗 ဒီမှာ စာရင်းပေးသွင်းပါ - https://forms.gle/itV4dX7whvec1Wgr8




24/01/2026

[Burmese Text Below]

“Fimcawnnak cu mizapi nih hmuh khawh dingmi covo pakhat a si.” 🌸

2025 Daughter Rising Orchid scholarship a ngahmi Lu Htoi Lasaw i hmuhton pawl cu hi video chungah kan zoh ti hna lai. Essay tlangtar thim ning, recommendation letter hal ning, le interview ca i i-timhtuahning hna cu hmunkhat te ah tling tein zoh khawh si dih lai caah a dongh tiang rak zoh! ✨

🎓 Daughter Rising Scholarship 2026 ca cu atu te ah sok khawh a si cang.
==========
“ပညာရေးဆိုတာ လူတိုင်း လက်လှမ်းမီသင့်တဲ့ အခွင့်အရေးတစ်ခုပါ” 🌸

၂၀၂၅ Daughter Rising Orchid ပညာသင်ဆုရှင်လေး Lu Htoi Lasaw ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်တွေကို အခုဗီဒီယိုမှာ မျှဝေပေးသွားမှာပါ။ Essay ခေါင်းစဉ်ရွေးချယ်ပုံ၊ ထောက်ခံစာတောင်းပုံနဲ့ Interview အတွက် ပြင်ဆင်ပုံတွေကို တစ်နေရာတည်းမှာ အစုံအလင် လေ့လာနိုင်မှာဖြစ်လို့ အဆုံးထိကြည့်ဖို့ မမေ့နဲ့နော်။ ✨

🎓 Daughter Rising Scholarship 2026 ကိုလည်း အခုပဲ လျှောက်ထားနိုင်ပါပြီ။

⏳ Deadline: ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆
🔗 လျှောက်ထားရန် Link: https://docs.google.com/forms/d/e/1FAIpQLSdO2heU4JYt1c8hJEJtoNK_Ck5anRqQC7dcaT5tqoWnlfGTGw/viewform

💡 Sianginn soknak ah a herhmi essay tial, personal statement tial, le application process pawl ah bawmh na herh ahcun CYEL nih free tein kan in bawmh khawh. Facebook messenger le [email protected] hna ah pehtlaih khawh kan si.

💡 ကျောင်းလျှောက်ရမှာ လိုအပ်လေ့ရှိတဲ့ essay, personal statement, နှင့် application process တို့အတွက် အကူညီလိုပါက CYEL မှ free ဖြင့် ကူညီပေးနိုင်ပါတယ်။ Facebook messenger နဲ့ mail [email protected] တို့မှာ ဆက်သွယ်နိုင်ပါတယ်။



Want your school to be the top-listed School/college?

Website