Be-THiuM

Be-THiuM Once BTHMers, Always Be THMers

NMDCမှ BTHM ကျောင်းသား၊ကျောင်းသူများ၏ 2026နှစ်သစ်အတွက် ဆုတောင်းစကား : ❣️
01/01/2026

NMDCမှ BTHM ကျောင်းသား၊ကျောင်းသူများ၏ 2026နှစ်သစ်အတွက် ဆုတောင်းစကား : ❣️



31/12/2025

Certificate in Food & Beverage Services (CFB) သင်တန်းကို ၂၊၁၊၂၀၂၆ အထိ လာရောက်အပ်နှံလို့ရပါပြီရှင့်😇❣️






🍽️ Certificate in Food & Beverage Services (၃ လကြာ သင်တန်း) 🍽️Hospitality နယ်ပယ်အတွင်း ကိုယ်တိုင်ယုံကြည်မှုနဲ့ အလုပ်လုပ်...
29/12/2025

🍽️ Certificate in Food & Beverage Services (၃ လကြာ သင်တန်း) 🍽️

Hospitality နယ်ပယ်အတွင်း ကိုယ်တိုင်ယုံကြည်မှုနဲ့ အလုပ်လုပ်နိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါသလား။😎

ဒါဆိုရင်တော့ NMDCမှ 2026ခုနှစ်မှစ၍ စတင်ပြီး ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည့် Certificate in Food & Beverage Services သင်တန်းက လူကြီးမင်းတို့အတွက် အကောင်းဆုံး ခြေလှမ်းတစ်ခု ဖြစ်မှာ သေချာပါတယ်ရှင်💯

သင်တန်းကို လူဦးရေအကန့်အသတ်နဲ့ပဲ လက်ခံမှာဖြစ်တဲ့အတွက် ဒီလိုအခွင့်အလမ်းကို လက်မလွတ်အောင် ယနေ့မှစ၍ စတင်လျှောက်ထားနိုင်ပါပြီရှင်🤗❣️

CFBသင်တန်း တက်ရောက်လိုသူများအနေနဲ့😇
-မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
-တက္ကသိုလ်ဝင်တန်း (Matriculation Examination) ဖြေဆိုဖူးသူဖြစ်ရပါမယ်။
-အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပါ။

Courseမှာ သင်ကြားပို့ချပေးမည့် ဘာသာရပ်များကတော့ ✨

-ဧည့်ဝန်ဆောင်မှုနှင့်အစားအသောက်ဝန်ဆောင်မှုဆိုင်ရာအခြေခံပညာဘာသာရပ်၊

-အစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှုဆိုင်ရာကျွမ်းကျင်မှုဘာသာရပ်၊

-အစားအသောက်စာရင်းအင်းအသိပညာဘာသာရပ်၊

CFBသင်တန်းကို တက်ရှိလိုက်ခြင်းအားဖြင့်💫
Food & Beverage Service နယ်ပယ်တွင် လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုများရှိလာပြီး 😎
Communication Skills နှင့် Interpersonal Skills တိုးတက်ကောင်းမွန်လာသူဖြစ်ကာ😇
Hospitality Industry အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါတယ်ရှင်❤️‍🔥

CFBသင်တန်းကို ၅၊၁၊၂၀၂၅ မှစ၍ စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး‌နေ့တိုင်း နံနက် ၇:၀၀မှ ၉:၀၀အထိ ၃လတာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါတယ်ရှင်💞

သင်တန်းကြေးအနေဖြင့် ၉၀,၀၀၀ ကျပ်ကျမည်ဖြစ်ပါတယ်ရှင်❣️

CFBသင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာန (01-8292566) / [email protected] ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်🤗💞

ကိုယ်တိုင်လာရောက် စုံစမ်းလိုပါကအမှတ်(၂၇၃/၂၇၉) ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် စုံစမ်းနိုင်ပါတယ်ရှင်💓

❗သင်တန်းလျှောက်ထားလိုသူများသည် သင်တန်းရေးရာဌာန၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကုန်သည်လမ်း၊ (၆) ထပ်ပင်မဆောင်၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တွင် (၂၉-၁၂-၂၀၂၅)ရက်နေ့မှ (၂-၁-၂၀၂၆) ရက်နေ့အထိ ရုံးချိန်အတွင်း လာရောက် လျှောက်ထားနိုင်ပါတယ်ရှင်။❗




27/12/2025

BTHM Student’s Memories




15/12/2025

The court is set.
The teams are ready.
Are YOU? 🏐🔥
NMDC Volleyball Tournament 2025–2026

15/12/2025

Are You READY for NMDC 2025-2026 Volleyball Tournament?🏐✨




13/11/2025

Hello BTHMers 👋

အခုချိန်မှာဆိုရင် ကျောင်းရဲ့ စာသင်နှစ်အသစ်တစ်ခု ပြန်စတော့မယ့်အချိန်ရောက်လာပြီဆိုတော့
ဒီနှစ်မှ ကျောင်းစတက်ရမယ့် Fresher လေးတွေအပါအဝင် BTHMers တွေအားလုံး စိတ်လှုပ်ရှားနေကြပြီလားဗျို့?👀🔥

ဒီပို့စ်လေးမှာတော့ 2025-2026 ပညာသင်နှစ်အတွက် NMDCမှာ ကျောင်းအပ်ရက်ကဘယ်တော့လဲ? ဘယ်အချိန်ဖွင့်မှာလဲ? ဘာတွေ ဘယ်လိုပြင်ဆင်ရမလဲ? စသဖြင့် မေးခွန်းတွေကို ဖြေသွားပါ့မယ်ရှင့်😇💞

၁။ ကျောင်းဘယ်နေ့စအပ်ရမလဲ??💁‍♀️
ကျောင်းကို ဘယ်အချိန်ထိ နောက်ဆုံးထားအပ်လို့ရလဲ??

ကျောင်းက နို၀င်ဘာ ၁၇ရက်နေ့မှစပြီး အပ်လို့ရပါပြီရှင့်🫶🏻
တစ်လအတွင်း အပ်လို့ရပါတယ်ရှင့်

💥ဒီမှာ သိထားရမှာက Roll no.က‌တော့ ကျောင်းအပ်ချိန်နဲ့လိုက်ပြီး ပေးတာပါရှင့်

၂။ ကျောင်းလာအပ်ဖို့ ဘာစာရွက်စာတမ်းတွေ ယူလာရမလဲ??🤔

ကျောင်းသားဟောင်းတွေကတော့
ဓာတ်ပုံ အနည်းဆုံး ၄ပုံ
ပိုက်ဆံ
အချက်အလက်ထဲမှာ ဖြည့်ဖို
အဖေအမေမှတ်ပုံတင် ကိုယ့်မှတ်ပုံတင် ID no. တွေ

Fresher‌ တွေကတော့

ဓာတ်ပုံ အနည်းဆုံး ၄ပုံ
ပိုက်ဆံ
အမှတ်စာရင်းမူရင်း
မှတ်ပုံတင်မူရင်း/မိတ္တူ
အဖေအမေမှတ်ပုံတင်မိတ္တူ
အိမ်ထောင်စုစာရင်းမိတ္တူ
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
ခုံနံပါတ်
စာစစ်ဌာန

💥ဒီမှာ ထပ်သိထားရမှာက လိပ်စာကို ရှယ်ဖြည့်ရပါတယ်ရှင့်🤗❤️‍🔥

၃။ အဆောင်လျှောက်ဖို့ရော ဘာတွေ လိုအပ်လဲ??

🏢 နယ်မှ ပထမနှစ်ကျောင်းအပ်မယ်ဆိုရင် ကျောင်းအပ်ပြီးတာနဲ့ အဆောင်လျှောက်ထားနိုင်ပါတယ်ရှင့် 💞

ဒီစာရွက်စာတမ်းတွေကိုတော့ မမေ့မလျော့ဘဲ ယူလာရပါမယ်နော်💯
(၁)သန်းခေါင်စာရင်း မူရင်း၊မိတ္တူ
(၂) ရပ်ကွက်ထောက်ခံစာ မူရင်း၊မိတ္တူ
(၃) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း၊မိတ္တူ

၄။ ကျောင်းအပ်ခက တစ်နှစ်လုံးစာလား?? အဲ့ထဲမှာ စာအုပ်ဖိုး ဘာညာရော ပါသလား??🙈✨

ကျောင်းက semအလိုက် ခွဲအပ်ရတာပါရှင့်🎉
တစ်semချင်းစီ ကျောင်းအပ်ခကတော့ မတူပါဘူးရှင့်✨

ကျောင်းအပ်ခထဲမှာစာအုပ်ဖိုး မပါပါဘူးရှင့်
စာအုပ်ဖိုးက အတန်းတက်မှ မေဂျာအလိုက် ရောင်းပါတယ်ရှင့်

ကျောင်းသားကဒ်ကလည်း ‌first semမှာပဲ ပေးပါတယ်ရှင့် အဲ့ဖိုးကလည်း သပ်"ပေးရတာပါရှင့်

၅။ ကျောင်းကို ဘောင်းဘီနဲ့လာလို့ရလား??
🧍🧍‍♀️??

အဖြေကတော့ မရပါဘူးရှင့်🙅
ကျောင်းရဲ့ dress code က မြန်မာအင်္ကျီပါရှင့်
ယောက်ျားလေးဆို ပုဆိုးနဲ့
မိန်းကလေးဆို ထဘီနဲ့ပါရှင့်
💥ဒီမှာ ထပ်သိထားရမှာက လက်ပြတ်၊ဂျိုင်းပြတ်၊ရင်ဟိုက်တာ‌ ၀တ်လို့မရပါဘူးရှင့်

၅။ ဆံပင်ဆေးဆိုးလို့ရလား??

မရပါဘူးရှင့် 🙅‍♀️
ဆံပင်ဆေးဆိုးထားတယ်ဆို အမဲပြန်ပြောင်းဆိုးပေးဖို့ ပြောပါတယ်ရှင့် 🗣️

၆။ ကျောင်းဘယ်နေ့ စတက်ရမှာလဲ??🤷‍♀️

နို၀င်ဘာ ၂၄ရက်‌‌ကနေစပြီး ကျောင်းစတက်ရမှာပါရှင့်🙆‍♀️💞

အဲ့ဒီတော့ နို၀င်ဘာ(၂၄)မှာ စစုံကြပါမယ်ရှင့် 🤗💞
အားလုံးပဲ ဖိုက်တင်းပါ🥳🎉



ဒီနေ့မှာဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ NMDC ရဲ့ 2025-2026 ကျောင်းဝင်ခွင့်စာရင်းတွေ ထွက်ရှိလို့လာပါပြီရှင့်🎉🎊မင်မင...
08/11/2025

ဒီနေ့မှာဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ NMDC ရဲ့ 2025-2026 ကျောင်းဝင်ခွင့်စာရင်းတွေ ထွက်ရှိလို့လာပါပြီရှင့်🎉🎊

မင်မင်တို့မေဂျာဖြစ်တဲ့ BTHM major ရဲ့ ဝင်ခွင့်ရရှိတဲ့ စာရင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်✨

ဝင်ခွင့်ရရှိတဲ့ ညီငယ်၊ ညီမငယ်များ အားလုံးကို BTHMမှ စီနီယာ အစ်ကို၊ အစ်မများက ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါကြောင်း ပြောကြားလိုက်ပါ‌ရစေရှင်🙆‍♀️💞

" Once BTHMers, Always Be THMers "


19/10/2025

Promotion Vd Bloopers!!!

From brainstorming to bloopers, this is the story
behind our promotion vd. Grateful for the laughs, the teamwork, and the people who made it all happen.

Once BTHMers, Always Be THMers.



14/10/2025

၂၀၂၃-၂၀၂၄ ပညာသင်နှစ် BTHM 2nd Batchမှ ကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့ စီနီယာ မစုစုမင်းဟာဆိုရင် ကျောင်းတက်စဉ် ၄နှစ်တာကာလမှာ academicပိုင်း ထူးချွန်ရုံသာမကဘဲ သင်ရိုးပြင်ပ ကျောင်း activity များမှာပါ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပါတယ်❣️

BTHM ဘွဲ့ကိုလည်း 1 star qualify🌟နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မစုစုမင်းဟာ အားကစားပိုင်းမှာလည်း အများနဲ့မတူ တမူထူးခြားတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားပြီး ဂျူနီယာတွေကို ဦးဆောင်ကာ Volleyball အားကစားမှာ BTHM major အတွက်သာမက NMDCကျောင်းအတွက်ပါ Champion 🏆 ဆုပေါင်းများစွာကို အရယူပေးခဲ့သူဆိုလည်း မမှားပါဘူး✨

သူမဟာ 2024ခုနှစ်မှာ BTHM ဘွဲ့ရရှိခဲ့ပြီးနောက် အခုလက်ရှိမှာ Lotte Hotel Yangon ရဲ့ Sales Executive တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်ဝင်လျက်ရှိပါတယ်။ အခုလိုမျိုး ထူးချွန်ထက်မြက်တဲ့ senior မစုစုမင်းဆီမှ BTHM အကြောင်း knowledge sharing နှင့်တကွ သူမရဲ့ လုပ်ငန်းခွင်အတွေ့အကြုံများကို BTHMရဲ့ မျိုးဆက်သစ်ညီအစ်ကိုမောင်နှမများ လေးစားအတုယူဖွယ်ရာဖြစ်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်✨

အခုလိုမျိုး အချိန်ပေးပြီး နောက်လာမဲ့ဂျူနီယာတွေအတွက် knowledge sharing လုပ်ပေးတဲ့အတွက်လည်း Be-THiuM မှ ကျေးဇူးအထူးတင်ရှိကြောင်းနှင့် အောင်မြင်မှုတိုင်းအတွက် BTHM ညီအစ်ကိုမောင်နှမများမှ ဂုဏ်ယူလျက်ရှိကြောင်း ပြောကြားလိုက်ပါရစေရှင်🙆🏼‍♀️💞



06/10/2025

Happy Thadingyut Festival 🤍

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း၊ သာယာကြည်လင်ငြိမ်းချမ်းခြင်း၊ နွေးထွေးလုံခြုံခြင်း တို့နှင့် ပြည့်စုံကြွယ်ဝသော သီတင်းကျွတ်အခါသမယကို ပိုင်ဆိုင်ကြပါစေဟု THMကျောင်းသားကျောင်းသူများမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်✨


Address

No. (273/279), Merchant Road, Botahtaung Township
Yangon

Alerts

Be the first to know and let us send you an email when Be-THiuM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share