The CEO's Playbook

The CEO's Playbook

Share

"လူငယ်တွေအတွက် စီးပွားရေးအသိပညာ။"

19/02/2026

ကိုယ့် Product ကို အရမ်းမချစ်ပါနဲ့... "Business Model" ကိုပဲ ချစ်ပါ (Final Part)

ဂုဏ်ယူပါတယ်။ ဒီ Video ကို Part 1 ကနေ ပြီးဆုံးတဲ့အထိ ကြည့်ဖြစ်ခဲ့တယ်ဆိုရင် သင်ဟာ သာမန်လူတွေ မရနိုင်တဲ့ Business Knowledge တွေကို မိနစ်အနည်းငယ်အတွင်းမှာ ရရှိသွားပါပြီ။

ဒီ Video လေးမှာ ကျောင်းမှာမသင်ပေးတဲ့၊ ရုပ်ရှင်ထဲမှာ အပေါ်ယံပဲပြသွားတဲ့...
✅ ဘာဂါရောင်းတာထက် မြေပိုင်တာက ပိုမြတ်တဲ့ အမြင်
✅ ကိုယ့်ပိုက်ဆံမသုံးဘဲ လုပ်ငန်းချဲ့ထွင်နည်း (Franchise Machine)
✅ McDonald's မြန်မာပြည်မလာတဲ့ Analysis တွေကို အသေးစိတ် ရှင်းပြပေးခဲ့ပါတယ်။

အရေးအကြီးဆုံး သင်ခန်းစာတစ်ခုကတော့... "Product Trap" (ကုန်ပစ္စည်းထောင်ချောက်) ပါပဲ။
McDonald ညီအစ်ကိုတွေက သူတို့ရဲ့ Burger ကို အရမ်းချစ်လွန်းလို့ လုပ်ငန်း "ထဲမှာ" ပင်ပန်းခံ အလုပ်လုပ်နေချိန်မှာ... Ray Kroc က လုပ်ငန်းရဲ့ "အပေါ်စီးကနေ" System တစ်ခုကို တည်ဆောက်သွားပါတယ်။

စဥ်းစားကြည့်ပါ... မိတ်ဆွေက မနက်ဆိုင်ဖွင့် ညပိုက်ဆံရေပြီး ပင်ပန်းနေတဲ့ "ဆိုင်ရှင်" လား? ဒါမှမဟုတ် ကိုယ်မပါဘဲ လည်ပတ်နိုင်မယ့် System ကိုတည်ဆောက်ပြီး ငွေကြေးစီးဆင်းမှုကို Design ဆွဲနေတဲ့ "စီးပွားရေးသမား"
လား? Ray Kroc လို ယုတ်မာစရာ မလိုပါဘူး။ ဒါပေမဲ့ သူ့လို Mindset မျိုးတော့ ရှိဖို့လိုပါတယ်။

💡 ဒီ Video လေးက မိတ်ဆွေတို့ရဲ့ စီးပွားရေးအမြင်ကို တစ်ခုခု ပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုရင် Like လေးတစ်ချက် နှိပ်ခဲ့ပေးပါ။
ကိုယ့်သူငယ်ချင်းတွေထဲမှာ Product ထဲမှာပဲ နစ်မွန်းပြီး ပင်ပန်းနေတဲ့သူတွေရှိရင် သူတို့ကို အိပ်မက်ကနေ နှိုးပေးဖို့ ဒီ Video လေးကို Mentions ခေါ်ပြီး Share ပေးလိုက်ပါဦးနော်။

နောက်ထပ် ဘယ်လို အရာတွေကို အခွံနွှာပြီး တင်ဆက်ပေးသွားမလဲဆိုတာ သိရအောင် အခုပဲ Follow လုပ်ထားလိုက်ပါ!

#စီးပွါးရေးဗဟုသုတ

19/02/2026

McDonald's ရဲ့ "Real Estate Game" မြန်မာပြည်မှာ ဘာလို့ ကစားလို့မရတာလဲ?🇲🇲 (Part 14)

အဓိကက "Uncertainty" (မသေချာမှု) ပါပဲ။
McDonald's က ဆိုင်ဖွင့်ဖို့ထက် မြေကနေ အိမ်လခစားဖို့ကို ပိုစိတ်ဝင်စားပါတယ်။ နှစ် (၂၀) လောက် စာချုပ်ချုပ်ဖို့အတွက် မြန်မာပြည်ရဲ့ မြေယာပိုင်ဆိုင်မှု ဥပဒေနဲ့ နိုင်ငံရေးအခြေအနေက စိတ်မချရသေးလို့ပါ။

နောက်ပြီး Menu ပြဿနာ...
KFC လို ထမင်း၊ ဟင်းရည်၊ ကြက်သားနဲ့ လိုက်လျောညီထွေ မနေဘဲ "Beef Burger" ကိုပဲ တင်းတင်းကြပ်ကြပ် ရောင်းမယ်ဆိုရင် မြန်မာပါးစပ်နဲ့ ကိုက်ပါ့မလား?

မိတ်ဆွေတို့ရော... မြန်မာပြည်မှာ McDonald's ဖွင့်ရင် KFC လောက် ရောင်းရမယ် ထင်လား? Comment မှာ ဆွေးနွေးပေးသွားပါဦး။ 👇

#စီးပွါးရေးဗဟုသုတ

13/02/2026

KFC ရှိပေမယ့်... McDonald's ဘာလို့မရှိသေးတာလဲ? (Part 13)

Research လုပ်ကြည့်သလောက် စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တစ်ခုကတော့ "Supply Chain" ပြဿနာပါပဲ။ အတိအကျပြောရရင် သူတို့ရဲ့ နာမည်ကျော် "French Fries" ကြောင့်ပါ။

McDonald's မှာ စည်းမျဉ်းတစ်ခုရှိပါတယ်။
New York မှာစားစား၊ Bangkok မှာစားစား... အာလူးချောင်းကြော် အရသာက တစ်ပုံစံတည်း (Consistent) ဖြစ်ရမယ်။
ဒါ့ကြောင့် သူတို့က "Russet Burbank" ဆိုတဲ့ အာလူးမျိုးစိတ်ကိုပဲ သုံးပါတယ်။

🇲🇲 မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ယှဉ်ကြည့်ရင်...
-KFC က ကြက်သားကို CP လို Local Supplier ဆီကနေ Standard မှီအောင် ယူလို့ရတယ်။
-McDonald's လိုချင်တဲ့ အာလူးမျိုးစိတ်၊ စိုက်ပျိုးမယ့်မြေ၊ အအေးခန်းစနစ်တွေက မြန်မာပြည်မှာ အဆင်သင့်မဖြစ်သေးပါဘူး။

ဒါဆို နိုင်ငံခြားကနေ Import လုပ်မလား?
လုပ်လို့ရပေမယ့် Cost က အရမ်းတက်သွားပါလိမ့်မယ်။ သာမန် (၅,၀၀၀) တန် အာလူးချောင်းကြော်က သယ်ယူစရိတ်တွေနဲ့ပေါင်းလိုက်ရင် (၁၅,၀၀၀) ကနေ (၂၀,၀၀၀) လောက် ဖြစ်သွားနိုင်ပါတယ်။

ဒီဈေးနှုန်းနဲ့ဆိုရင် မြန်မာပြည်ဈေးကွက်မှာ McDonald's ရပ်တည်နိုင်ပါ့မလား?
Supply Chain ဆိုတာ လုပ်ငန်းတစ်ခုရဲ့ အသက်သွေးကြောဆိုတာ ဒါပါပဲ။
မိတ်ဆွေတို့ရော...ဘာလို့ Mcdonald's ကမြန်မာနိုင်ငံကို မလာတာလို့ထင်ပါသလဲ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်👇

#စီးပွါးရေးဗဟုသုတ

10/02/2026

KFC ရှိတယ်... Lotteria ရှိတယ်... McDonald's ဘာလို့ မရှိသေးတာလဲ? (Part 12)

Franchise ယူတဲ့သူတွေက မတုံးပါဘူး။ သူတို့က အရမ်းလည်ပါတယ်။
ကိုယ်ပိုင်ဆိုင်ဖွင့်ရင် "Risk" များတယ်။ Brand ကြီးတစ်ခုကို ဝယ်လိုက်ရင် "Risk" နည်းပြီး "Win Rate" များတယ်။ ဒါကို Ray Kroc က ကောင်းကောင်းကြီး အသုံးချခဲ့တာပါ။

ဥပမာ - ရပ်ကွက်ထဲက Gym နဲ့ Brand Gym... ဘာကွာလဲ?
Gym ချင်းတူတူ၊ မုန့်ဆိုင်ချင်းတူတူ... ဘာလို့ တချို့ဆိုင်တွေက ပိုအောင်မြင်ပြီး ပိုလူစည်လဲ?
အဖြေက "System" နဲ့ "Certainty" ပါပဲ။

ဒါကြောင့်လည်း McDonald's ကို မနက်ဖြန် မြန်မာပြည်မှာ ဖွင့်လိုက်ရင် လူတွေ အပြည့်တန်းစီနေမှာ သေချာပေါက်ပါပဲ။ Ray Kroc အတွက်လည်း သူ့ဘက်က ဘာမှမလုပ်ရဘဲ ဆိုင်ခွဲတွေ ပေါ်လာမယ့် အခွင့်အရေးပါ။
ဒါပေမဲ့... ကမ္ဘာ့နိုင်ငံတိုင်းမှာ ရှိနေပြီးသား McDonald's က ဘာလို့ မြန်မာပြည်ကို ကျော်သွားတာလဲ?

KFC တောင် ရောက်နေပြီ။ Lotteria လည်း ရှိနေပြီ။ Burger King တောင် ခြေချဖူးတယ်။
ကမ္ဘာ့နံပါတ်တစ် McDonald's မလာသေးတာ...
နိုင်ငံရေးကြောင့်လား? စီးပွားရေးကြောင့်လား? ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့်လား?

#စီးပွါးရေးဗဟုသုတ

08/02/2026

မီးခလုတ်နှိပ်လိုက်တာနဲ့ ပိုက်ဆံထွက်လာမယ့် "စက်" တစ်လုံးကို ဝယ်ချင်လား? (Part 11)

Ray Kroc က McDonald's Franchise ကို ရောင်းတဲ့အခါ ဒီသဘောတရားနဲ့ ရောင်းခဲ့တာပါ။
Franchise ယူမယ်ဆိုရင် ပေးရမှာ (၂) မျိုးရှိပါတယ်။

1️⃣ Initial Franchise Fee:
ဦးဦးဖျားဖျား ဝင်ကြေးပါ။ Brand နာမည်သုံးခွင့်အတွက် တစ်ခါတည်း အပြတ်ပေးရတာပါ။
2️⃣ Royalty Fee:
လစဉ်ရောင်းရငွေရဲ့ 5% (သို့) 10% ကို "ဆက်ကြေး" သဘောမျိုး ပိုင်ရှင်ကို ပေးရတာပါ။

ဒီလောက်ပိုက်ဆံတွေအများကြီးပေးပြီး ဘာလို့ Franchise ယူကြလဲ?

ဥပမာ - "ဦးဘကြက်ကြော်" ဆိုပြီး ကိုယ့်ဘာသာဖွင့်ရင် ဘယ်သူမှမသိလို့ စမ်းတဝါးဝါးလုပ်ရမယ်၊ ရှုံးနိုင်ချေများမယ်။ KFC လို Brand ဆိုရင်တော့ လူယုံပြီးသားမို့ ပိုစိတ်ချရတယ်။

McDonald's ကိုပဲ ကြည့်ကြည့်... Franchise ယူလိုက်တာနဲ့
✅ လူသိပြီးသား Brand Name
✅ စက္ကန့် (၃၀) နဲ့ ဘာဂါရစေတဲ့ System
✅ အသား၊ အာလူး ဘယ်ကယူရမလဲဆိုတဲ့ Supply Chain
အကုန်လုံး အသင့်ပါပြီးသား "Business in a Box" (ပုံးထဲက အသင့်စားစီးပွားရေး) ကို ရလိုက်တာမို့ပါ။

ဆိုင်ရှင်အနေနဲ့ ခေါင်းစားစရာမလိုဘဲ စနစ်အတိုင်းသွားရင် ပိုက်ဆံဝင်မယ့် Business Model အကြောင်း ဗဟုသုတရစရာ ပြောပြပေးထားပါတယ်။ 👇

#စီးပွါးရေးဗဟုသုတ

06/02/2026

KFC နဲ့ Novotel ကို နိုင်ငံခြားကုမ္ပဏီတွေ တိုက်ရိုက်လာဖွင့်ထားတာ မဟုတ်ပါဘူး (Part 10)

ဒီဆိုင်တွေရဲ့ နောက်ကွယ်က ပိုင်ရှင်အစစ် (Operator) တွေက ပြည်တွင်းက ကုမ္ပဏီကြီးတွေပါ။

KFC ဆိုရင် Yoma Strategic က Run နေတာဖြစ်ပြီး၊ Novotel ဟိုတယ်ဆိုရင် Max Myanmar က ပိုင်ဆိုင်တာပါ။

နိုင်ငံခြားက Brand ကြီးတွေကို ကိုယ့်နိုင်ငံမှာ ကိုယ်တိုင်ဖွင့်လို့ရအောင် လုပ်ပေးတဲ့စနစ်က "Franchising" ပါပဲ။

Franchise လောကမှာ...
-KFC လို Product Franchising နဲ့
-Novotel လို Service Franchising ဘာကွာခြားလဲ?

စီးပွားရေး ဗဟုသုတအနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးထားပါတယ်။ 👇

#စီးပွါးရေးဗဟုသုတ

03/02/2026

ကိုယ့်ပိုက်ဆံ "တစ်ပြားမှမစိုက်ဘဲ" ဆိုင်ခွဲတွေအများကြီး ဘယ်လိုဖွင့်မလဲ? (Part 9)

ကျွန်တော်တို့ဆီက လုပ်ငန်းရှင်တော်တော်များများ ကြုံရတဲ့ ပြဿနာတစ်ခုရှိတယ်။
ကိုယ့်မှာ အရမ်းရောင်းကောင်းတဲ့ လက်ဖက်ရည်ဆိုင်၊ ဒါမှမဟုတ် လက်ရာရှယ်ကောင်းတဲ့ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ရှိတယ်။ တစ်နိုင်ငံလုံးပြန့်အောင် ဆိုင်ခွဲတွေ ချဲ့ချင်ပေမယ့်...
1.ပိုက်ဆံမရှိလို့
2.လူမရှိလို့
3.အချိန်မရှိလို့ ဆိုပြီး "ငါ့ဆိုင်က ရှယ်ပဲ" ဆိုတဲ့ စိတ်နဲ့ပဲ ဆိုင်တစ်ဆိုင်တည်းနဲ့ပဲ သက်ဆုံးတိုင် ပြီးသွားကြတယ်။

Ray Kroc ကတော့ ဒီလိုမလုပ်ပါဘူး။
သူ့အိတ်ကပ်ထဲက ပိုက်ဆံကို တစ်ပြားမှမသုံးဘဲ "သူများပိုက်ဆံ၊ သူများလုပ်အား" ကိုသုံးပြီး သူ့ရဲ့ McDonald's အင်ပါယာကြီးကို တည်ဆောက်ခဲ့တာပါ။

"ရူးနေလား... ဘယ်သူက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆိုင်ဖွင့်၊ ကိုယ့်ဘာသာပင်ပန်းခံလုပ်ပြီး Ray ကို ပိုက်ဆံလာပေးမှာလဲ?" လို့ တွေးမိရင် Franchise သဘောတရားကို နားမလည်သေးလို့ပါပဲ။

💡 Franchise ဆိုတာ ဘာလဲ?
Franchise ဆိုတာ အောင်မြင်ပြီးသား Business Model တစ်ခုကို ပိုက်ဆံပေးပြီး "Copy Paste" လုပ်ခွင့် ဝယ်လိုက်တာပါ။

Brand Name, Recipe, Management System, SOP အကုန်ပါပြီးသားမို့လို့ ဆိုင်ဖွင့်ချင်သူက Ray Kroc ကို ပိုက်ဆံပြန်ပေးရတာ မဆန်းတော့ပါဘူး။

ဒါက လိမ်နည်းမဟုတ်ပါဘူး။ ကမ္ဘာ့အအောင်မြင်ဆုံး "Franchise Business Model" ပါ။

မြန်မာပြည်က လုပ်ငန်းရှင်တွေအနေနဲ့...
ကိုယ့်ဆိုင်ကို တစ်ဆိုင်တည်းနဲ့ ရပ်ထားမလား? Ray Kroc လို နည်းလမ်းသုံးပြီး တစ်နိုင်ငံလုံး ပြန့်အောင်လုပ်မလား?

#စီးပွါးရေးဗဟုသုတ

03/02/2026

McDonald ညီအစ်ကိုတွေကို သတ်လိုက်တဲ့ လက်နက်က "Control" (ထိန်းချုပ်မှု) ပါပဲ (Part 8)

အရင်က ညီအစ်ကိုတွေက Brand ကိုပိုင်လို့ Ray Kroc ကို အချိန်မရွေး မောင်းထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ Ray Kroc က ဆိုင်ဆောက်ထားတဲ့ "မြေ" ကို ပိုင်သွားတဲ့အချိန်မှာတော့ Game က ပြောင်းပြန်လန်သွားပါတယ်။

"စာချုပ်ဖျက်ချင် ဖျက်လေ... ဖျက်တာနဲ့ ငါ့မြေပေါ်က ဆိုင်ကို ဖယ်ပေး" ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ ညီအစ်ကိုတွေ ဘာမှပြန်မလုပ်နိုင်တော့ပါဘူး။ မြေရှင်ကို ဆိုင်ရှင်က ဘယ်လိုလုပ် အာခံရဲမှာလဲ?

💡 Business Lesson:
Ray Kroc နိုင်သွားတာ ဘာဂါကောင်းလို့ မဟုတ်ပါဘူး။ Business Model ကို "Operation" (လုပ်ငန်းလည်ပတ်မှု) ကနေ "Asset" (ပိုင်ဆိုင်မှု) ဘက်ကို ပြောင်းလိုက်လို့ပါ။
ဒီနေ့အချိန်ထိ McDonald's ရဲ့ ဝင်ငွေအများစုဟာ ဘာဂါရောင်းရငွေမဟုတ်ဘဲ "အိမ်လခ" တွေဖြစ်နေတာ ဒါကြောင့်ပါပဲ။

ဒါဆို မေးခွန်းတစ်ခု မေးစရာရှိတယ်...
ဒေဝါလီခံခါနီးဖြစ်နေတဲ့ Ray Kroc က အဲ့လောက်များတဲ့ မြေကွက်တွေကို လိုက်ဝယ်ဖို့ "အရင်းအနှီး" ဘယ်ကရလဲ?

#စီးပွါးရေးဗဟုသုတ

30/01/2026

"ခေါင်းကျရင် ငါနိုင်မယ်... ပန်းကျရင် မင်းရှုံးမယ်" (Part 7)

ဒါဟာ Ray Kroc သုံးခဲ့တဲ့ ဘယ်တော့မှ မရှုံးနိုင်တဲ့ Business Strategy ပါ။
Franchise Realty Corporation ကို ထောင်ပြီးနောက်ပိုင်း သူ့ရဲ့ စာချုပ်စည်းမျဉ်းက အရမ်းမိုက်ပါတယ်။
1️⃣ ဆိုင်ရောင်းမကောင်းရင် -> Base Rent (အခြေခံငှားရမ်းခ) ကို ယူမယ်။
2️⃣ ဆိုင်ရောင်းကောင်းရင် -> ဝင်ငွေရဲ့ 5% ကို ယူမယ်။

ဒီလို တစ်ဖက်သတ်နိုင်တဲ့ ကစားကွက်က Ray Kroc ကို ကြွယ်ဝချမ်းသာစေခဲ့သလို... McDonald ညီအစ်ကိုတွေကို ပြန်သတ်မယ့် 'လက်နက်' တစ်ခုရဲ့အစလည်း ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီလက်နက်က ဘာဖြစ်မလဲ?

#စီးပွါးရေးဗဟုသုတ

26/01/2026

"ခင်ဗျားက ဘာဂါသည် မဟုတ်ဘူး... ခင်ဗျားက မြေရှင်" (Part 6)

Ray Kroc ဟာ အစပိုင်းမှာ Franchisee (ဆိုင်ဖွင့်မယ့်သူ) နဲ့ မြေရှင်ကြားက ပွဲစားသာသာ အဆင့်ပဲ ရှိပါသေးတယ်။ ဒါကို Harry ဆိုတဲ့ Bank သမားက ထောက်ပြလိုက်တဲ့အခါ...

💡 Game Changing Strategy:
Ray Kroc က မြေနေရာကို အရင်ချုပ်ကိုင်လိုက်တယ်။ ပြီးမှ ဆိုင်ဖွင့်ချင်သူကို တဆင့်ပြန်ငှားပြီး Rent (ငှားရမ်းခ) ကို ယူတဲ့ စနစ်ကို ပြောင်းလိုက်တယ်။
ဒါက McDonald's ကို Real Estate ကုမ္ပဏီအဖြစ် ပြောင်းလဲပစ်လိုက်တာပါပဲ။

🇲🇲 မြန်မာပြည်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်...
ရန်ကုန်၊ မန္တလေး လမ်းမတန်းက ဆိုင်ခန်းတွေကို မြင်ယောင်ကြည့်ပါ။

-အထည်ဆိုင်ဖွင့်ပြီး ဈေးရောင်းကောင်းမလား ပူနေရတဲ့သူနဲ့
-လကုန်တာနဲ့ အိမ်လခ အေးဆေးထိုင်ယူနေတဲ့ ဆိုင်ခန်းပိုင်ရှင်...
ဘယ်သူက ပိုပြီး "Secure" ဖြစ်ပြီး စိတ်ချမ်းသာရမယ် ထင်လဲ?

Business Model တစ်ခုက လုပ်ငန်းတစ်ခုရဲ့ အသက်ပါပဲ။ ဒီ Video လေးမှာ အသေးစိတ် လေ့လာကြည့်ရအောင်။ 👇

#စီးပွါးရေးဗဟုသုတ

26/01/2026

Ray Kroc နိုင်သွားတာ "ဘာဂါ" ကြောင့် မဟုတ်ဘူး... "အိမ်ခြံမြေ" ကြောင့်! 🏠 (Part 5)

The Founder ရုပ်ရှင်ကြည့်ပြီး Ray Kroc ကို ဒေါသထွက်နေကြလား? ခဏလောက် Emotion တွေကို ဖယ်ပြီး Business သမားတစ်ယောက်အနေနဲ့ သုံးသပ်ကြည့်ရအောင်။

Ray Kroc ဟာ ဆိုင်ခွဲတွေအများကြီး ဖွင့်ပေးခဲ့ပေမယ့် တကယ်တမ်းမှာတော့ "Bankrupt" (ဒေဝါလီ) ခံရခါနီး ဖြစ်နေခဲ့ပါတယ်။

-စာချုပ်အရ သူရတာက 1.4% ပဲ (ဘာဂါတစ်လုံးကို တစ်ပြားတောင် မမြတ်ဘူး)
-လေယာဉ်ခ၊ ဖုန်းဘေလ်၊ ဝန်ထမ်းလစာနဲ့တင် ရှုံးနေပြီ
-ကိုယ်ပိုင်အိမ်ကိုပါ ပေါင်ထားရတဲ့အထိ လမ်းပျောက်နေခဲ့တာပါ

ဒီလို အခြေအနေကနေ McDonald's ကို အပိုင်သိမ်းနိုင်တဲ့အထိ ဘယ်လို "Game Changer Strategy" ကို သုံးလိုက်တာလဲ?

ရုပ်ရှင်ထဲမှာ သိပ်မရှင်းပြသွားတဲ့ Technical Secret တစ်ခုကို ဒီ Video မှာ ပြောပြပေးထားပါတယ်

#စီးပွါးရေးဗဟုသုတ

26/01/2026

Business မှာ "နှုတ်ကတိ" (Handshake Deal) ကို ယုံမိရင် ဘာဖြစ်သွားနိုင်လဲ? (Part 4)

The Founder ရုပ်ရှင်ရဲ့ ရင်အနာကျင်ရဆုံး အခန်းကတော့ Ray Kroc က ညီအစ်ကိုနှစ်ယောက်ကို အပြီးတိုင် ဖယ်ထုတ်လိုက်တဲ့ အချိန်ပါပဲ။
Ray Kroc ဟာ ညီအစ်ကိုတွေကို ဒေါ်လာ 2.7 Million နဲ့ ဆိုင်ကို ရောင်းခိုင်းခဲ့ပြီး၊ Company အမြတ်ရဲ့ 1% ကို Royalty အနေနဲ့ ပေးမယ်လို့ "လူကြီးလူကောင်း ကတိ" ပေးခဲ့ပါတယ်။
ဒါပေမဲ့... စာချုပ်ပေါ်မှာ လက်မှတ်မထိုးခဲ့ပါဘူး။

ရလဒ်ကတော့...
1️⃣ ညီအစ်ကိုတွေဟာ Royalty ကြေး တစ်ပြားမှ မရခဲ့ပါဘူး။
2️⃣ သူတို့ရဲ့ ကိုယ်ပိုင်နာမည် "McDonald's" ကို သုံးခွင့်မရှိတော့လို့ ဆိုင်နာမည် ပြောင်းလိုက်ရတယ်။
3️⃣ အဆိုးဆုံးကတော့ Ray Kroc က သူတို့ဆိုင်ဘေးနားမှာ McDonald's ဆိုင်အသစ် လာဖွင့်ပြီး မူရင်းဆိုင်ကို ဒေဝါလီခံရအောင် လုပ်ပစ်လိုက်တာပါပဲ။
ဒါဟာ ရက်စက်လွန်းရာ ကျမနေဘူးလား? ဒါမှမဟုတ် Business သဘောတရားအရ ဖြစ်သင့်တာလား?
မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ Comment မှာ ပြောပြပေးသွားပါဦး။ 👇

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon