Dr. Maung Thin

Dr. Maung Thin

Share

ဒီမိုကရေစီအစ စာသင်ကျောင်းက

25/12/2025

ပညာရေးအတွက် ကတိကဝတ် ဆွေးနွေးမူ့များ
ကျန်းမာချမ်းသာကြပါစေ
ကျွန်တော် ဒေါက်တာမောင်သင်းပါ

24/12/2025

ကျွန်တော့်ကိုယ်ရေးအကျဥ်း

ကျန်းမာချမ်းသာကြပါစေ

ကျွန်တော်ဒေါက်တာမောင်သင်းပါ

23/12/2025

ဒုတိယအကြိမ် မိတ္ထီလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူထုတွေ့ဆုံပွဲ 23.12.20205

12/12/2025

မိတ္ထီလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူထုတွေ့ဆုံပွဲ 12.12.20205 သောကြာနေ့

11/12/2025

မိတ္ထီလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူထုတွေ့ဆုံပွဲ

29/11/2025

ကျောင်းဆရာဆိုတာငြိမ်းချမ်းရေရဲ့ ဗိသုကာပညာရှင်တွေပါ။
ငြိမ်းချမ်းရေးရဲ့ ဗိသုကာပညာရှင်တွေကို လေးစားစွာဖြင့်ဆွေးနွေးတင်ပြထားပါသည်။
ကျွန်တော်ဒေါက်တာမောင်သင်းပါ

22/11/2025

ငြိမ်းချမ်းရေးခရီးမှာ ကျောင်းပြင်ပပညာရေးကို ကျွန်တော်တို့ မဖြစ်မနေစဥ်းစားရပါမယ်။
"ကျန်းမာချမ်းသာကြပါစေ"
ကျွန်တော်ဒေါက်တာမောင်သင်းပါ

17/11/2025

ကျွန်တော့်ဘဝဇာတ်ကြောင်းနှင့်ပညာရေးဖြတ်သန်းမူ့
"ကျန်းမာချမ်းသာကြပါစေ"
ကျွန်တော်ဒေါက်တာမောင်သင်းပါ

14/11/2025

ပညာရေးစနစ် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့အတွက် ကျွန်တော် ပါတီနိူင်ငံရေးကိုလုပ်နေပါတယ်။
ကျန်းမာချမ်းသာပါစေ

Photos from Dr. Maung Thin's post 27/10/2025

ပညာတိုးမှ ငြိမ်းချမ်းမည်
------------------------------------

တချိန်က ကျောင်းသုံးစာအုပ်ထဲက သိုးဆောင်းကဗျာစာသားလေးတစ်ခုဟာ အကြောင်းတိုက်ဆိုင်မှု ရှိတိုင်း ကျွန်တော့်ရင်ထဲကို အမြဲတိုးဝှေ့နေလေ့ ရှိပါတယ် ။ " The Child is the Father of the Men " - ဆိုတာပါပဲ ။

ဒီနေ့ လူငယ်တွေဟာ နောင်တချိန် အနာဂါတ်နိုင်ငံတော်ကြီးကို ဉီးဆောင်မယ့် လူကြီးတွေ ဖြစ်လာမှာ မလွဲဧကန်ပါပဲ ။ ဒီလူငယ်တွေဟာ အသိပညာ ၊ အတတ်ပညာတွေ ပြည့်ဝဖို့ လိုပါတယ် ။ ဗုဒ္ဓရဲ့ ဘာသာရေးအဆုံးအမအောက်က ယဉ်ကျေးလိမ်မာသော ၊ ကိုယ့်ကျင့်စာရိတ္တ ခိုင်မာသော လူငယ်တွေ ​ဖြစ်ဖို့ လိုပါတယ် ။ အဲဒီလို ပညာပြည့်ဝပြီး ငြိမ်းချမ်းသောနှလုံးသားရှိတဲ့ လူငယ်တွေ ဖြစ်ကြပါမှ ၊ အနာဂါတ်နိုင်ငံတော်ကြီးဟာ အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာနိုင်မှာ ဖြစ်ပါတယ် ။

​ဆိုခဲ့သလို ပညာနဲ့ယှဉ်တဲ့ စာရိတ္တခိုင်မာဖို့ ၊ ဝါရိတ္တ အထောက်အပံ့ကောင်း လိုအပ်တာ အမှန်ပါပဲ ။ဒီနေ့ (၂၇.၁၀.၂၀၂၅) ရက်နေ့မှာ ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေများ စုပေါင်း၍ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ် ၊ ရေ​ဝေကျေးရွာ (အထက) သို့ စာအုပ်ဒါဇင် ၂၀၀ နဲ့ သိမ်ကုန်း ( အထက ) သို့ စာအုပ်ဒါဇင် ၁၀၀ ၊ခဲတံ ဒါဇင် ၉၀ ၊ ကွန်ပါဗူး ၄၀ တို့ လှူဒါန်းခဲ့ကြပါတယ် ။

ဤဝါရိတ္တအလှူ၏ အကြောင်းတရားကြောင့် ကျောင်းသား / ကျောင်းသူ လူငယ်မောင်မယ်များအသိပညာ ၊ အတတ်ပညာ တိုးပွား၍ ငြိမ်းချမ်းသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခြင်းဟူသော အကျိုးတရားကို ရယူခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ။

ဒေါက်တာ မောင်သင်း

Photos from Dr. Maung Thin's post 26/10/2025

ဆရာအောင်သင်း ဟောပြောပွဲတစ်ခုမှာ ပြောတဲ့ စကားလေးတစ်ခွန်းကို ကျွန်တော် အရမ်း နှစ်ခြိုက်သဘောကျခဲ့ရ ၊ မှတ်သားခဲ့ရဖူးပါတယ် ။

" ကျွန်တော်တို့ မြန်မာတွေဟာ သူများအသက်ကို မသတ်တဲ့ ၊ သူများ ဉစ္စာကို မခိုးတဲ့ စာရိတ္တဆိုတဲ့ ငါးပါးသီလ ကိုတော့ ခါးဝတ်ပုဆိုးလို မြဲအောင် ထိန်းသိမ်းကြတယ် ။ ဒါပေမယ့် အဲဒီသူများအသက်ကို ကယ်တဲ့ ဆေးရုံတွေ ၊ မခိုးအောင် မလိမ်အောင် သင်ပေးတဲ့ စာသင်ကျောင်းတွေကိုတော့ လှူမယ့်သူ မရှိဘူးတဲ့ ။အဲဒီစာရိတ္တကို ထောက်ပံ့ပေးမယ့် ဝါရိတ္တဆိုတဲ့ အရာကိုတော့ ဖြည့်ဆည်းဖို့ ပျက်ကွက်ကြတယ် တဲ့ "

ယနေ့ ၂၆ .၁၀. ၂၀၂၅ ရက်နေ့မှာ ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေများ စုပေါင်း၍ မန္တလေးတိုင်း ဒေသကြီး ၊ မိတ္ထီလာမြို့နယ် ၊ ချည်စက် အထက ကျောင်းကို ကျောင်းသုံးဗလာစာအုပ် ဒါဇင် ( ၂၀၀ ) နဲ့ အထက( ခွဲ ) ၊ မွေကျေးရွာကို ( ၁၁၅ ) ဒါဇင် လှူဒါန်းခဲ့ပါတယ် ။

မွန်မြတ်သော ဝါရိတ္တအလှူအားဖြင့် " ပညာခိုင်မာ ပြည်မြန်မာ " ဖြစ်ဖို့ ကြိုးစားနေပါကြောင်း မိတ်ဆွေများ ဖတ်ရှု မုဒိတာပွားနိုင်ရန် တင်ပြလိုက်ရပါတယ်။

ဒေါက်တာ မောင်သင်း

30/08/2025

၂၀၀၄ ခုနှစ်တုန်းက Tilly Smith လို့အမည်ရတဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦးဟာ မမျှော်လင့်ဘဲ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ် ။ သူမဟာ သူမမိသားစုနဲ့အတူ ထိုင်းနိုင်ငံရဲ့ ကမ်းခြေတစ်ခုမှာ အားလပ်ရက်အပန်းဖြေခရီးထွက်နေစဉ်မှာပဲ ပင်လယ်ရေဟာ ပုံမှန်မဟုတ်ဘဲ နောက်ဆုတ်သွားတာနဲ့ ရေပွက်နေတာတွေကို သတိထားမိခဲ့ပါတယ် ။

ဒါတွေဟာ သူမ မကြာသေးမီက ပထဝီဝင်ဘာသာရပ်မှာ သင်ယူခဲ့ရတဲ့ ဆူနာမီဖြစ်မဲ့ လက္ခဏာတွေဆိုတာကိုသိလိုက်ရပါတယ် ။ ဆူနာမီလှိုင်းကြီးလာတော့မယ်ဆိုတာကို သိလိုက်တာနဲ့ သူမဟာ သူ့မိသားစု နဲ့ ဟိုတယ်ဝန်ထမ်းတွေကို အသိပေးခဲ့ပါတယ် ။အဲဒီသတိပေးချက်ကြောင့်ပဲ လူတွေကို ကမ်းခြေကနေ ဘေးလွတ်ရာကို အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ် ။

စာသင်ခန်းထဲက သင်ခန်းစာတစ်ခုနဲ့ အဲဒီသင်ခန်းစာကို မှတ်မိနေတဲ့ အကျိုးဆက်ကြောင့် အသက် ၁၀ နှစ်အရွယ် ကျောင်းသူလေး တစ်ဉီးဟာ လူ ၁၀၀ ကျော်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒီဖြစ်ရပ်ဟာ သဘာ၀ပါတ်ဝန်းကျင်အကြောင်း ကလေးတွေကို မဖြစ်မနေ သင်ကြားပို့ချသင့်တယ်ဆိုတာရဲ့ အကောင်းဆုံး သက်သေ သာဓကပါပဲ ။

ကျွန်တော် တက္ကသိုလ်မှာ တာဝန်​ထမ်းဆောင်ခဲ့စဉ်က ကျောင်းတွေဖွင့်ချိန်ဆိုရင် အခြေခံပညာကျောင်းတွေဆီသွားပြီး ဗလာစာအုပ်နဲ့ စာရေးကရိယာတွေကို နှစ်စဉ်သွားရောက် လှူဒါန်းလေ့ ရှိပါတယ် ။ မူလတန်းကျောင်း တစ်ကျောင်းကိုရောက်တော့ အဲဒီကျောင်းနံရံမှာ ကပ်ထားတဲ့ ပန်းချီကားနှစ်ချပ်ကို သတိပြုမိလိုက်ပါတယ် ။ " တို့ကျေးရွာ " နဲ့ " တို့ကျောင်း " ပန်းချီကားတို့ပါပဲ ။ တို့ကျေးရွာပန်းချီကားကတော့ ကျေးရွာအိမ်လေးတွေနဲ့ အိမ်နားက သစ်ပင် ကျိုးတို့ကျဲတဲလေးတွေကိုဆွဲထားတာပါ ။ ပြီးရင်တော့ ရွာဝန်းကျင်က စိမ်းလန်းနေတဲ့ လယ်တောတွေပါ ။ထို့အတူပါပဲ ။ တို့ကျောင်း ပန်းချီကားမှာလည်း ကျောင်းအဆောက်အဉီ ၊ အလံတိုင်နဲ့ နိုင်ငံတော်အလံ ၊ ပြီး ကျယ်ပြန့်နေတဲ့ ကစားကွင်းနဲ့ သစ်ပင်အနည်းငယ်ကို ပုံဖော်ရေးဆွဲထားပါတယ် ။အဲဒီပုံတွေကို ကြည့်ရင်း ၂၀၀၈ ခုနှစ်တုန်းက TV နဲ့ သတင်းစာမှာ မြင်ခဲ့ရတဲ့ ဧရာ၀တီတိုင်းက နာဂစ်ဒဏ်ခံရတဲ့ ကျေးရွာအဆောက်အဉီးတွေကို မျက်စိထဲ ဖျတ်ခနဲ မြင်ယောင်မိပါတယ် ။ပျက်စီးနေတဲ့ အဆောက်အဉီးတွေ ၊ ကျိုးတို့ကျဲတဲသစ်ပင်တွေနဲ့ လယ်ကွင်းစိမ်းစိမ်းတွေပါပဲ ။ဒါတွေကို ကြည့်ပြီး ကျွန်​တော်တို့ ပညာရေးမှာ " သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးပညာ " အားနည်းမှု ရှိနေတာကို သတိပြုမိပါတယ် ။

ကျွန်တော်တို့ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ်မှာ ​အစိမ်းရောင်ခါးပတ်( Green Belt ) လို့ခေါ်တဲ့ ဝေါဟာရတစ်ခု ရှိပါတယ် ။ FREDA ရဲ့ အတွင်းရေးမှူး အဘ ဉီးအုန်းရဲ့ လက်သုံးစကားပါပဲ ။မြို့တွေ ရွာတွေရဲ့ ပါတ်လည်မှာ အနည်းဆုံး တစ်မိုင်လောက် ထူထပ်တဲ့ သစ်တောတွေ ဝိုင်းပါတ်ပြီး တည်ထားတာကို အစိမ်းရောင်ခါးပတ်လို့ ခေါ်ပါတယ် ။မြို့ရွာတွေရဲ့ ပတ်ဝန်းကျင်မှာ Wind breaker ဖြစ်တဲ့ သစ်တောတွေရှိ​နေခြင်းအားဖြင့် အဲဒီဒေသကို တိုက်ခတ်လာတဲ့ လေပြင်းရဲ့ ဒဏ်ကို ကာကွယ်ပေးပါတယ် ။ဆိုင်ကလုံးမုန်တိုင်းရဲ့ သဘောဟာ အောက်ခြေညီတဲ့ ပင်လယ်ပြင်မှာ စ တင်ပြီး လေဖိအားနည်းတဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ် ။အဲဒီလို ဝင်တဲ့အခါမှာ အောက်ခြေမျက်နှာပြင် မညီညာရင် အားလျော့ပျက်ပြယ်လေ့ ရှိပါတယ် ။ရွာတွေရဲ့ ဝန်းကျင်မှာ သစ်တောတွေ မရှိဘဲ လယ်ကွင်းတွေသာ ရှိနေတော့ ဝင်ရောက်လာတဲ့ ဆိုင်ကလုံးမုန်တိုင်းကို အားလျော့အောင် မလုပ်နိုင်ပါဘူး ။ သစ်တောတွေ ရှိရင်တော့ သစ်ပင်တွေရဲ့ ထိပ်ဖျားတွေ ( Canopy ) ဟာ မညီမညာ မျက်နှာပြင်ဖြစ်နေတဲ့အတွက် ဆိုင်ကလုံးမုန်တိုင်းကို အားနည်းစေပါတယ် ။

တကယ်တော့ သစ်တောတွေဟာ မြို့ရွာတွေရဲ့ အကာအကွယ်တံတိုင်းကြီးတွေပါပဲ ။မြို့ကြီးတွေမှာဆိုရင် စက်ရုံ အလုပ်ရုံတွေက ထုတ်လွှင့်တဲ့ မီးခိုးငွေ့အညစ်အကြေးတွေ ( Emission Particles ) ကို ကာကွယ်ပေးပါတယ် ။သစ်ပင်တွေရဲ့ အရွက်တွေက ဖုန်မှုန့်တွေ အမှုန်တွေကို တားထားတာမို့ လေကိုလည်း သန့်စင်စေပါတယ် ။ကျေးရွာတွေ မြို့တွေမှာ အစိမ်းရောင်ခါးပတ်သစ်တောရှိခဲ့ရင် လေနီကြမ်း ၊ သဲမုန်တိုင်းဒဏ်ကလည်း ကာကွယ်နိုင်ပါလိမ့်မယ် ။

တစ်နာရီကို ၁၀၅ မိုင်ကနေ ၁၃၅ မိုင်အတွင်း တိုက်ခတ်သွားပြီး ၊ လူပေါင်း ၁ သိန်းကျော်လောက် သေကျေပျက်စီးခဲ့ရတဲ့ နာဂစ်မုန်တိုင်းရဲ့ ဒဏ်ကို ဧရာ၀တီတိုင်းအနေနဲ့ ပြင်းထန်စွာ ခံလိုက်ရတာဟာ ဒီအချက်တွေကြောင့်လည်း ပါ ပါတယ် ။ နာဂစ်မုန်တိုင်းကြောင့် ရုပ်၀တ္ထုတန်ဖိုးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးနစ်နာခဲ့ကြရတာ ဖြစ်ပါတယ် ။သဘာဝဘေးအန္တရာယ်ကို ကာကွယ်ပေးတဲ့ အစိမ်းရောင်ခါးပတ်သစ်တောတွေ ကိုယ့်ရွာ ၊ ကိုယ့်မြို့ဝန်းကျင်မှာ တည်ထောင်ထားရမယ်ဆိုတာရယ် ၊ ရှိပြီးသား ဒီရေတောတွေ မပျက်အောင် ဖွံ့ဖြိုးအောင် ထိန်းသိမ်းရမယ်ဆိုတဲ့ " ပါတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ " အားနည်းခဲ့တဲ့ ဆိုးကျိုးဒဏ်ပါပဲ ။

မြန်မာနိုင်ငံဟာ ကုလအဖွဲ့ဝင်ဖြစ်ပြီးကတည်းက အဲဒီလက်အောက်ခံ ယူနက်စကို အဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာ့ပညာရေးမြှင့်တင်မှုလုပ်ငန်းကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ် ။ ယူနက်စကို အဖွဲ့ကြီးက ၁၉၈၃ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ UNEP ( ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် ) နှင့် ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရေး ( Environmental Education ) စာအုပ်အတွဲပေါင်း ၄၈ အုပ်ထိ ထုတ်ဝေခဲ့ပါတယ် ။ အဲဒီနောက်တော့ ၂၀၀၈ ခုနှစ်အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉပဒေ ( Environmental Law ) တွေ အများကြီးပြုစုခဲ့တာ တွေ့ရပါတယ် ။အဲဒီပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရေးတွေထဲမှာ ကျွန်တော်တို့ဆီမှာ မဖြစ်မနေ သင်ပေးရမယ့် အကြောင်းအရာ ၈ မျိုး ပါဝင်ပါတယ် ။ ဒါပေမယ့် အဲဒီသင်ရိုးကို ယူနက်စကိုဆီကနေ မယူခဲ့ကြတော့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းက ကျောင်းသား/ သူတွေဆီ အဲဒီပညာ မရောက်ခဲ့ပါ ။ ထို့အတူ ဆရာအတတ်သင်ကောလိပ်က ဆရာ / ဆရာမလောင်းတွေဆီကိုလည်း အဲဒီပညာရောက်တယ်လို့ မကြားမိခဲ့ပါ ။ တကယ်လို့ မူလတန်း အလယ်တန်း ဆရာ/ ဆရာမတွေဆီမှာသာ အဲဒီအသိရှိခဲ့ရင် အဲဒီနာဂစ်ဒဏ်ခံရတဲ့ ဒေသတွေမှာ ဒီရေတောကာကွယ်ဖို့နဲ့ အစိမ်းရောင်ခါးပတ်သစ်တောတွေကို ဆရာ / ဆရာမတွေရဲ့ တာဝန်ဝတ္တရားဖြစ်တဲ့ "ဘေးရန်ဆီးကာ" နဲ့အညီ တည်ထောင်ဖို့ ကြိုးပမ်းပါလိမ့်မယ် ။ အကယ်၍ ဆိုင်ကလုံးကို ပျက်ပြယ်အောင် လုပ်ပေးတဲ့ အစိမ်းရောင်ခါးပတ်တွေသာ လူနေကျေးရွာနဲ့ မြို့တွေဝန်းကျင်မှာ ထူထူထပ်ထပ် ရှိခဲ့မယ်ဆိုရင် ၊ ပြီးတော့ ဒီရေတောတွေကိုသာ ဒေသခံတွေ ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဆွေမျိုးသားချင်း တစ်သိန်းကျော် အသက်ပေးရတဲ့ နာဂစ်လို အဖြစ်မျိုး ကြုံလာစရာရှိမှာ မဟုတ်ပါဘူး ။အခုတော့ အဲဒီပညာ အားနည်းခဲ့လို့ တပည့်တွေရဲ့ အသက်ကို မကာကွယ်နိုင်တဲ့အပြင် တန်ဖိုးကြီးတဲ့ ဆရာ/ ဆရာမတွေရဲ့ အသက်တွေပါ နာဂစ်ဘေးရန်ထဲ ပါသွားခဲ့ရပါတယ် ။

၁၉၈၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနက ဆရာကြီးဒေါက်တာ ကျော်စိုး ဉီး​ဆောင်ပြီး မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံက ဆရာတွေနဲ့ ဒီရေ​တောများရဲ့ဖြစ်စဉ်သဘာဝကို လေ့လာတဲ့အဖွဲ့ ဘိုကလေးမြို့နယ်ကို သွားခဲ့ပါတယ် ။အဲဒီခရီးစဉ်ကို ကျွန်တော်လည်း တက္ကသိုလ်ဆရာပေါက်စဘဝနဲ့ လိုက်ပါခဲ့ပါတယ် ။အဲဒီအချိန် ဆိုရှယ်လစ်ခေတ် စပါး မှ စပါး ဆိုပြီး ဒီရေတောတွေကို ဖျက်ပြီး ၊ စပါးစိုက်ဖို့ အားသန်​နေကြတာပါ ။အဲဒါကြောင့် ဆရာကြီးက ​ပြန်လာတာနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်ကိုသွားပြီး ဒီရေတောတွေပျက်ရင် ရေချိုရေငံစပ်ဒေသရဲ့ ဂေဟစနစ်ပျက်ယွင်းပြီး သဘာဝဘေးအန္တရာယ်နှင့် ကြုံနိုင်ကြောင်း ၊ သယံဇာတ ဆုံးရှုံးမှုတွေ များစွာ ကြုံတွေ့နိုင်ကြောင်း တာဝန်ရှိသူတွေကို ပြောခဲ့လို့ ဒီရေတောတွေဖျက်ပြီး စပါးစို​က်မယ့်အစီအစဉ် ဆက်မလုပ်ဖြစ်တော့ပါ ။မြန်မာ့ဒီရေတောတွေ ချက်ချင်း ပျောက်ကွယ်မယ့် ဘေးရန်ကို ကာကွယ်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒေသခံတွေရဲ့ ထင်းခုတ် ၊ မျောခုတ် ၊ မီးသွေးဖုတ်တာတွေကတော့ မလျော့တဲ့အတွက် ဒီရေတောတွေ တဖြည်းဖြည်း ပျက်လာတဲ့အကြောင်းတော့ ကြားရပါတယ် ။

ပညာရေးဟာ အနာဂတ် လူ့ဘောင်ကောင်းကျိုးအတွက် ဉာဏ်မျက်စိနဲ့ ကြိုမြင်ပြီး ကြိုတင်စီစဉ်ခြင်း ဖြစ်ပါတယ် ။ နိုင်ငံကြီးသား အရည်အသွေး ကြွယ်ဝအောင် လေ့ကျင့်ပေးခြင်းပါ ။ကလေးတစ်ဉီးအား ပညာရေးက လေ့ကျင့်ပေးလိုက်တာ မှန်သမျှသည် သူကြီးပြင်းလာသောအခါ နေထိုင်ရမည့်ဘဝအတွက် နမူနာ ပြလိုက်ခြင်းပါ ။ ထို့အတူ သူ့ဘဝတစ်လျှောက်လုံး ရင်ဆိုင်ရမည့်ဘဝပြဿနာများကို ဖြေရှင်းနိုင်မည့် ပညာစွမ်းအားကို တပ်ဆင်ပေးခြင်းပါ ။ အဲဒီလို ဖြည့်ဆည်းပေးတဲ့အခါမှာ " သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးပညာ " ကိုပါ ထည့်သွင်းပေးဖို့ လိုပါတယ် ။ဒီအသိ ဒီပညာတွေကို မျိုးဆက်သစ်လူငယ်တွေဆီ ၂၅ နှစ်စာလောက် ကြိုတင် လက်ဆင့်ကမ်းခဲ့ရမှာပါ ။

သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာတွေကို ကလေးတွေရဲ့ ကျောင်းလွယ်အိတ်ထဲကနေ တဆင့် ကလေးတွေရဲ့ဘဝအသိအဖြစ် ထည့်သွင်းပေးနိုင်ခြင်းအားဖြင့် ၊ အနာဂါတ်မှာ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးသော ၊ သဘာဝဘေးအန္တရာယ်မှ အထိအခိုက် အရှအနာနည်းသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ဖို့ မျှော်လင့်မိပါတယ် ။

ဒေါက်တာ မောင်သင်း

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon