01/12/2025
The Study Hive မိသားစုမှလည်း
ကွယ်လွန်သူ မြန်မာစာဆရာကြီး
ဂုဏ်ထူးဦးသိန်းနိုင်၏ မိသားစုနဲ့ထပ်တူ
ဝမ်းနည်းလျက်ပါရှင့် 😢😢
မြန်မာစာရဲ့ အနှစ်သာရ ၊ မြန်မာစာရဲ့တန်ဖိုးကို
သိသာမြင်သာအောင် ရှေ့ဆောင်လမ်းပြပေးခဲ့သော
#မြန်မာစာဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်၏
နောက်ဆုံးခရီးအား နှုတ်ဆက် ဂါရဝပြုရန်
ဆရာကြီးနေအိမ်သို့ သွားရောက်၍
ဆရာကြီးအား ရိုသေစွာ
ရှိခိုးကန်တော့ ဂါရ၀ပြု နှုတ်ဆက်ခဲ့သည်။
လူသေသော်လည်း နာမည်မသေသော ဆရာကြီး
မှတ်သားစရာ စာအုပ်ကောင်းများစွာကို
ရေးသားပေးခဲ့သော ဆရာကြီး
တပည့်ကောင်းများစွာကို ပျိုးထောင်ပေးခဲ့သော
မေတ္တာရှင် ဆရာကြီး
အလွန်တန်ဖိုးထား လေးစားရသော ဆရာကြီး
ကောင်းရာဘုံဘ၀ကို ရောက်ရှိပါစေ။ ။