27/08/2026
မလေးရှားမှာ ကျောင်းတက်ဖို့ ပြင်ဆင်သူတွေ မေ့တတ်တဲ့ အချက် (၅) ချက်
မိဘနဲ့ ခွဲ၊ အိမ်နဲ့ ခွဲပြီး နိုင်ငံခြားမှာ တစ်ယောက်ထဲ ပထမဆုံး ခြေလှမ်းစလှမ်းရတော့မယ့် ကျောင်းသား/သူတွေအတွက်
"ငါ ဘာတွေ ကျန်ခဲ့လဲ၊ ဘာတွေ မေ့နေတာလဲ" ဆိုပြီး စိုးရိမ်စိတ်လေးတွေ ရှိနေတာ သဘာဝပါပဲ။
ဒါပေမဲ့ မပူပါနဲ့! ဒီအချက် (၅) ချက်ကိုသာ သေချာ ပြင်ဆင်သွားရင် ရောက်တာနဲ့ အခက်အခဲမရှိ အဆင်ပြေပြေနဲ့ စိတ်အေးလက်အေး ပညာသင်ယူနိုင်မှာပါ ❤️
📄 စာရွက်စာတမ်း မိတ္တူများ
eVAL, Offer Letter, ဆေးစစ်ချက်နဲ့ ဘဏ်စာရွက်တွေကို ဖုန်းထဲမှာပဲ သိမ်းမထားပါနဲ့။
မလေးရှား လေဆိပ် Immigration ချဉ်းကပ်ချိန်နဲ့ ကျောင်းအပ်ချိန်မှာ Paper Copy တောင်းလေ့ရှိပါတယ်။ မိတ္တူစုံကို Carry-on အိတ်ထဲ သီးသန့် ထည့်ထားရင် အစစ်အဆေး ကြုံတဲ့အခါ စိတ်အေးရပါတယ်။
🏥 ခရီးသွားအာမခံ
ကျောင်းကလုပ်ပေးတဲ့ EMGS အာမခံက မလေးရှားကို ခြေချလိုက်တာနဲ့ ချက်ချင်း အာမခံအပြည့်အဝ အလုပ်မလုပ်သေးပါဘူး။ ရောက်ပြီး ပထမပတ်အတွင်း မမျှော်လင့်ဘဲ ဆေးရုံတက်ရရင် ဆေးစရိတ် မလိုအပ်ဘဲ မကုန်ရအောင် လေယာဉ်မစီးမီ ၇ ရက်စာ/၁၄ ရက်စာ Travel Insurance ကြိုဝယ်ထားရင် အန္တရာယ်ကင်းပါတယ်။
📑 အရေးပေါ် ဆက်သွယ်ရန်နှင့် Policy အသေးစိတ်များ
ဗီဇာနဲ့ အာမခံကိစ္စတွေကို မိဘ ဒါမှမဟုတ် အေဂျင်စီက ကူညီပေးထားရင်တောင် အရေးပေါ် ဆက်သွယ်ရမယ့် Hotline နံပါတ်တွေ၊ Policy စည်းမျဉ်းတွေကို ကျောင်းသားကိုယ်တိုင် ဖုန်းထဲမှာ Note မှတ်ထားပါ။ မိမိကိုယ်တိုင် သိထားတာက အားအကိုးရဆုံးပါပဲ။
🧥 အနွေးအင်္ကျီနှင့် ခေါက်ထီး
မလေးရှားက ပူအိုက်ပေမဲ့ တက္ကသိုလ် စာသင်ခန်းတွေနဲ့ စာကြည့်တိုက်တွေက လေအေးပေးစက် (Aircon) ကို နှင်းတောင်ကျမတတ် အေးအောင် ဖွင့်ထားတတ်ပါတယ်။
စာသင်ရင်း ချမ်းလို့ တုန်မနေရအောင် Jacket တစ်ထည်နဲ့ ရုတ်တရက် ရွာတတ်တဲ့ မိုးအတွက် ခေါက်ထီးလေး ယူသွားမိတာဟာ "တော်သေးတယ်၊ ယူလာမိလို့ ဝမ်းသာလိုက်တာ" လို့ စိတ်ထဲ အခါခါ တွေးမိစေမယ့် ပစ္စည်းလေးတွေပါပဲ
🎒တစ်ကိုယ်ရေသုံး ပစ္စည်းများ အများကြီး မသယ်လာရန်
ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ အိမ်သုံးပစ္စည်းတွေကို လေယာဉ် Weight ပိုခံပြီး အများကြီး သယ်စရာ မလိုပါဘူး။
မလေးရှားမှာ Daiso, MUJI, Don Don Donki စတဲ့ ဆိုင်တွေ အများကြီးရှိတာမို့ ရောက်မှ လိုတာလေးတွေ စိတ်ကြိုက် လိုက်ဝယ်တာက ပေါ့ပေါ့ပါးပါးနဲ့ ပိုအဆင်ပြေပါတယ်။
ဒီပို့စ်လေးကို တွေ့တယ်ဆို တခြားသူတွေအတွက်လည်း အကူအညီဖြစ်အောင် share ခဲ့ပေးပါဦးနော် !
Source : https://note.com/sekaia_my/n/ne68174abb93c?hl=en
✨ Unilink Malaysia က ကျောင်းသား/သူတို့ရဲ့ ခြေလှမ်းတိုင်းမှာ အမြဲ အတူရှိနေပေးမှာပါ!
ကျောင်းလျှောက်ထားခြင်းမှစ၍ ဗီဇာ၊ လေဆိပ်ကြို၊ တည်းခိုရန် အဆောင်ရှာပေးခြင်းအထိ 100% Free Service Charge ဖြင့် ကူညီပေးနေပါပြီ။
📩 ၂၀၂၆ Intake အတွက် အစစအရာရာ စိတ်အေးရအောင် Unilink Malaysia Chat box မှာ အခုပဲ မေးမြန်းတိုင်ပင်လိုက်ပါ!
Visit Our Website: https://unilinkmalaysiamm.org/ Phone: 09 253 222 215
Address: 104 A1, Yadanar Housing, Yadanar Road, South Oakkalar Township, Yangon. Our YouTube Channel: https://youtube.com/?si=jMWezBCnFTVoKKED