Dr. Myat Su Hlaing

Dr. Myat Su Hlaing 🔹 Youth Development Consultant
🔹 Educational Psychologist
🔹 Helping people think clearly when life feels confusing

13/01/2026

"မိဘတချို့အနေနဲ့ ကလေးကို စိတ်ဖိစီးမှုဖြစ်စေတဲ့အချက်များ"

ဆုံးဖြတ်ချက်ချဖို့ အမြဲတမ်း ကြာနေတတ်တဲ့သူတွေကို ပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်၊ ကိုယ်တိုင်ရော ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့မခ...
03/01/2026

ဆုံးဖြတ်ချက်ချဖို့ အမြဲတမ်း ကြာနေတတ်တဲ့သူတွေကို ပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်၊ ကိုယ်တိုင်ရော ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့မချတတ်တဲ့သူလား?
🏹အဝတ်အစားဝယ်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်ပြောင်းရမလား မပြောင်းရဘူးလားပဲဖြစ်ဖြစ်၊ သင်တန်းတက်မလား မတက်ဘူးလားပဲဖြစ်ဖြစ်… ဆုံးဖြတ်ချက်ချကြရတယ်...တကယ်ဆုံးဖြတ်ရမယ့်အချိန်ရောက်လာတဲ့အခါ “နောက်ထပ်စဉ်းစားကြည့်ရအောင်” လို့ အချိန်ဆွဲနေတတ်တဲ့သူတွေရှိပါတယ်..

ဥပမာ-
“ဒီနေ့ ဘာစားမလဲ” ဆိုပြီး ဖုန်းထဲက စားစရာတွေ လိုက်ကြည့်၊ review တွေ ဖတ်၊ သူငယ်ချင်းတွေကိုမေး… ၁၅ မိနစ်၊ ၂၀ မိနစ်ကြာသွားပြီး နောက်ဆုံးတော့ အချိန်လွန်သွားလို့ မစားချင်တဲ့ဆိုင်ကိုပဲ သွားစားလိုက်ရတာမျိုး.. စားနေတဲ့အချိန်မှာလည်း “အခြားဆိုင်ကိုသွားခဲ့ရင်ကောင်းမလား” လို့ စိတ်ထဲမှာ တွေးနေမိတတ်တယ်။
ဒါမှမဟုတ်

“ဒီနှစ် Master’s degree တက်မလား၊ အလုပ်ဆက်လုပ်မလား” ဆိုပြီး စဉ်းစားနေရင်း လတော်တော်ကြာသွားတတ်တယ်။ စုံစမ်းစရာအချက်အလက်တွေကို အကုန်မေးမြန်းပြီးသား...ဒါပေမဲ့ မဆုံးဖြတ်နိုင်ဘူး။ အခြားသူတွေက စပြီး လေ့လာနေတဲ့အချိန်မှာ ကိုယ်ကတော့ စဉ်းစားနေရင်းပဲ အချိန်ကုန်တတ်တယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့
⛳အမှားလုပ်မိမှာကို အရမ်းစိုးရိမ်နေခြင်း
⛳ကိုယ့်ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်ခြင်း
⛳အကောင်းဆုံးရွေးချယ်မှုကိုပဲ ရှာနေပြီး မလုံလောက်ဘူးလို့ ထင်နေခြင်း တို့ ဖြစ်ပါတယ်

ဒါကြောင့် ဆုံးဖြတ်ချက်ကို မချသေးဘဲ...နောက်ထပ်စဉ်းစား၊ နောက်ထပ်မေး… နောက်ဆုံးမှာတော့ စိတ်ပင်ပန်းလာတတ်ပါတယ်။
👉သတိထားဖို့လိုတာက
ဆုံးဖြတ်ချက်ချဖို့ ကြာနေခြင်းဟာ ကိုယ့်ကို အထိအခိုက်မခံချင်လို့၊ Risk မယူရဲလို့ ဖြစ်ပါတယ်..

ဒီလို စိတ်ပင်ပန်းစေရတဲ့ အမူအကျင့်ကို ပြုပြင်ဖို့ဆိုရင်
✅အကောင်းဆုံးဆုံးဖြတ်ချက်ကို မရှာပါနဲ့။
✅လုံလောက်တဲ့ဆုံးဖြတ်ချက်လောက်နဲ့ စတင်ပါ။
✅အချိန်တစ်ခု ချထားပြီး အဲ့ဒီအချိန်အတွင်းဆုံးဖြတ်ပါ။
✅ရွေးချယ်ပြီးရင် ကိုယ့်ဆုံးဖြတ်ချက်ကို တန်ဖိုးထားပါ။
✅မှားသွားရင်လည်း ဒါဟာ အတွေ့အကြုံတစ်ခု၊ သင်ခန်းစာတစ်ခုလို့ ခံယူတတ်ဖို့လိုပါတယ်..

အခုအချိန်မှာ ကိုယ်တိုင် မဆုံးဖြတ်နိုင်သေးတဲ့ အရာရှိနေလား? တွေဝေနေတုန်းလား?

𝐃𝐫. 𝐌𝐲𝐚𝐭 𝐒𝐮 𝐇𝐥𝐚𝐢𝐧𝐠
(Educational Psychologist)



📍လွတ်လပ်စွာ share နိုင်ပါတယ်.. Copy ယူခြင်းကို ခွင့်မပြုပါရှင်📍

🔹ခုခေတ်မှာ အများစုက ကြိုးစားချင်စိတ် မရှိတော့သလို ခံစားရခြင်း၊ ရည်မှန်းချက် မရှင်းလင်းဘဲ လမ်းပျောက်နေသလို ဖြစ်ခြင်းတွေကိ...
28/12/2025

🔹ခုခေတ်မှာ အများစုက ကြိုးစားချင်စိတ် မရှိတော့သလို ခံစားရခြင်း၊ ရည်မှန်းချက် မရှင်းလင်းဘဲ လမ်းပျောက်နေသလို ဖြစ်ခြင်းတွေကို မကြာခဏ ကြုံတွေ့နေရပါတယ်...

ဒီလိုအခြေအနေတွေဟာ ကြိုးစားအားထုတ်မှုမလုပ်ချင်တာ၊ အားနည်းချက်တွေရှိနေတာကြောင့် မဟုတ်ပါဘူး..အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေ၊ ပတ်ဝန်းကျင်ဖိအား‌တွေနဲ့ ကိုယ်တိုင်ရဲ့ inner mindset ကြောင့် ဖြစ်တတ်ကြပါတယ်..

🔍 ဘာကြောင့် Motivation ပျောက်သွားတတ်လဲ?
👉ဦးတည်ချက် မရှင်းလင်းတဲ့အခါ
ကိုယ်ဘာကို စိတ်ဝင်စားလဲ မသေချာတော့ဘူး၊
Career / ဘဝလမ်းကြောင်းကို ဘယ်လိုရွေးရမလဲ မသိတော့ဘူး၊
“Goal မရှိဘူး” လို့ ကိုယ့်ကိုယ်ကို ခံစားလာရတယ်၊

ဒီလို Direction မရှိတဲ့အခါ ဦးနှောက်လုပ်ရပ်တစ်ခုကို စလုပ်ဖို့ လုံလောက်တဲ့ motivation signal ကို မပို့နိုင်တော့ပါဘူး...😔

👉နောက်တစ်ချက်ကတော့ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်တော့တဲ့အခါ
“ငါ အရည်အချင်း မပြည့်ဝဘူး”
“သူတို့လို မဖြစ်နိုင်ဘူး” ဆိုတဲ့ အတွေးတွေ ထပ်ခါထပ်ခါ ပေါ်လာတတ်ပါတယ်..
အရင်တုန်းက မအောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေ၊
ဝေဖန်မှုများလွန်းခြင်း၊
အားပေးခံရမှု နည်းခဲ့ခြင်းတွေက Motivation ကို တဖြည်းဖြည်း လျော့နည်းစေတတ်ပါတယ်

👉ချက်ချင်း ရလဒ်ကို လိုချင်တဲ့အခါလည်း Motivation ပြဿနာဖြစ်တတ်ပါတယ်
အောင်မြင်မှုကို အချိန်တိုအတွင်း လိုချင်တဲ့အခါအချိန်ယူရတဲ့ process တွေကို သည်းမခံနိုင်တော့ဘဲ Result မမြင်ရင် လက်လျှော့ချင်လာတတ်ပါတယ်..
ဒါကြောင့် အချိန်လိုအပ်တဲ့ Career planning၊ ပြည်ပ ပညာသင်ယူခြင်းတွေမှာ အခက်အခဲတွေဖြစ်လာတတ်ပါတယ်..

✅Motivation ပျောက်နေတာဟာ မအောင်မြင်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။

✅ကိုယ့်ကိုယ်ကို နားလည်ဖို့၊ ကိုယ့်အတွက် ကိုက်ညီတဲ့ လမ်းကြောင်းကို ပြန်ရှာဖို့ အကူအညီလိုအပ်နေတဲ့ အချိန်တစ်ခုသာ ဖြစ်ပါတယ်..
𝐃𝐫. 𝐌𝐲𝐚𝐭 𝐒𝐮 𝐇𝐥𝐚𝐢𝐧𝐠
(Educational Psychologist)

ကိုယ်တိုင်က
✔️ Motivation ပျောက်နေတယ်
✔️ ရည်မှန်းချက်ကို တိတိကျကျ မချနိုင်ဘဲ တွေဝေနေရတယ်
✔️ ကိုယ့်အတွက် ကိုက်ညီတဲ့ Direction ကို ရှာချင်လို့ တီချယ်နဲ့ ဆွေးနွေးချင်တယ်ဆိုရင် Dr. Myat Consultation မှာ ဆွေးနွေးလမ်းညွှန်မှုကို ရယူနိုင်ပါတယ်။

‎မိဘတွေ ဆရာတွေရဲ့ မြင့်မားလွန်းတဲ့ မျှော်မှန်းချက်တွေ၊ ကိုယ်တိုင်ရဲ့ ရည်မှန်းချက်ကြီးမားမှုတွေကြောင့် စာလုပ်ရတာ မ‌ပျော်ရ...
20/12/2025

‎မိဘတွေ ဆရာတွေရဲ့ မြင့်မားလွန်းတဲ့ မျှော်မှန်းချက်တွေ၊ ကိုယ်တိုင်ရဲ့ ရည်မှန်းချက်ကြီးမားမှုတွေကြောင့် စာလုပ်ရတာ မ‌ပျော်ရွှင်တော့ဘဲ Study burn-out ဖြစ်လာနိုင်ပါတယ်💢💢💢
‎
‎Study Burn-out လက္ခဏာာတွေကတော့
‎
‎✳️စိတ်အားထက်သန်မှုမရှိခြင်း(အတန်း တက်ချင်စိတ်မရှိတာ..assignment လုပ်ချင်စိတ် လုံးဝမရှိတာ..ကျောင်းရဲ့ activities တွေထဲ ဘယ်မှာမှ မပါချင်တာ)
‎
‎✳️ပုံမှန် ပါဝင်နေကျ activities တွေကို စိတ်မဝင်စားခြင်း
‎
‎✳️စိတ်ရှုပ်ထွေးပြီး စိတ်ဆိုးမာန်ဆိုးတွေ ဆက်တိုက်ဖြစ်ပေါ်ခြင်း
‎
‎✳️အာရုံစူးစိုက်ဖို့ ခက်ခဲပြီး အချိန်မီ မလုပ်နိုင်ခြင်း
‎
‎✳️အိပ်ရေးဝဝ အိပ်ပေမယ့် မောပန်းနွမ်းနယ်နေခြင်း
‎
‎✳️အလေ့အကျင့်ဆိုးတွေ လုပ်မိခြင်း (ဘာမှ မစားတော့တာ ဒါမှမဟုတ် အလွန်စားတာအိပ်ရာဝင် အရမ်းနောက်ကျတာမျိုး၊စိုးရိမ်စိတ်လွန်ကဲလာပြီး ကျောင်းအပေါ် အမြင်မကြည်ဖြစ်သထက်ဖြစ်လာခြင်း)
‎
‎✳️လေလွင့်ပြီး မျှော်လင့်ချက်ကင်းမဲ့သလို ခံစားရခြင်း
‎
‎ဒီလို ခံစားရတာတွေများလာရင် သတိထားပြီး ပြုပြင်ဖို့ လိုလာပြီ၊ အပြုအမူဆိုတာ လေ့ကျင့်ယူလို့ရတယ်လေနော်..
‎
‎☑️ဒီလိုမဖြစ်ရအောင် စာလည်းလုပ်... ကိုယ့်ကို စိတ်ပျော်ရွှင်စေနိုင်တဲ့ အရာတွေကိုလည်း လုပ်ပါ.
‎
‎☑️တစ်ယောက်တည်း ကြိတ်ပြီး စာချည်းမလုပ်နေဘဲ ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာမျိုး.. မုန့်သွားစားတာမျိုး လုပ်ပေးပါ.
‎.
‎☑️အိပ်ရေးဝဝ အိပ်ဖို့နဲ့ အိပ်ချိန်မှန်အောင် အိပ်တဲ့ အကျင့်လုပ်ပါ..
‎
‎☑️တကယ်လို့ ကိုယ်က စိုးရိမ်ပူပန်စရာတွေသိပ်များနေတယ်လို့ ခံစားရရင် သူငယ်ချင်း၊ မိသားစု ဒါမှမဟုတ် ကိုယ် ယုံကြည်ရတဲ့သူ..ဆရာ/ဆရာမတွေနဲ့ တိုင်ပင်ပါ..လိုအပ်တဲ့ အကြံဉာဏ် ယူပါ..
‎
‎☑️အချိန်ကို စီမံခန့်ခွဲတတ်ဖို့ သင်ယူပါ..ခုဆိုရင် time management app တွေလည်းရှိနေပြီမို့ ကိုယ့်ရဲ့ ပထမ ဦးစားပေး အလုပ်တွေ..ရည်မှန်းချက်တွေအတွက် စီစဉ်ဖို့ အဲဒီ app တွေကို သုံးပါ..
‎
‎☑️အနားယူပြီး ပြန်အားဖြည့်ပါ.
‎
‎✅✅✅ Study Burn-out ဖြစ်တာများရင် စိတ်ဓာတ်ကျတဲ့ဘက်ကို ဦးတည်လာနိုင်တာမို့ ကိုယ့်အခြေအနေကို အမြန်ဆုံး ပြင်ဆင်ဖို့ အရေးကြီးပါတယ်..
‎
‎🌟Study Burn-out ဖြစ်ခြင်းမှ ကင်းဝေးပြီး သင်ယူသမျှအတွက် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနိုင်ကြပါစေရှင်..🌟
‎

‎𝐃𝐫. 𝐌𝐲𝐚𝐭 𝐒𝐮 𝐇𝐥𝐚𝐢𝐧𝐠
‎(Educational Psychologist)

📍Study Burnout ဖြစ်နေတဲ့သူတွေအနေနဲ့ တီချယ်နဲ့ ဆွေးနွေးချင်တယ်ဆိုရင် Dr. Myat Consultation မှာ စာရင်းပေးနိုင်ပါတယ်ရှင်📍


**Copy ယူခွင့်မပြုပါရှင်၊ လွတ်လပ်စွာ share နိုင်ပါတယ်ရှင်***

🔹စာလုပ်ဖို့ စာဖတ်စားပွဲပေါ်ထိုင်လိုက်ပေမယ့် စိတ်လေနေတာမျိုး၊ ပင်ပန်းနေတာမျိုး ဒါမှမဟုတ် အလိုလို စိတ်ရှုပ်နေတာမျိုး ဖြစ်န...
15/12/2025

🔹စာလုပ်ဖို့ စာဖတ်စားပွဲပေါ်ထိုင်လိုက်ပေမယ့် စိတ်လေနေတာမျိုး၊ ပင်ပန်းနေတာမျိုး ဒါမှမဟုတ် အလိုလို စိတ်ရှုပ်နေတာမျိုး ဖြစ်နေတယ်..တကယ်တမ်း ကိုယ်က ပျင်းနေတာမဟုတ်ဘူး၊ စာလုပ်ချင်လို့ ထိုင်လိုက်ပေမယ့် အာရုံစိုက်မရတာမျိုးပေါ့..

🔹ကိုယ်က ပျင်းလို့မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိနေတာ ၊ ဦးနှောက်လုပ်ဆောင်မှုအပိုင်းမှာ ချို့ယွင်းနေတာမျိုး ဖြစ်ပါတယ်..

🔹ဒီလို ဘာကြောင့် ဖြစ်ရတာလဲဆိုရင်
📍စိတ်ပင်ပန်းလွန်းခြင်း
ဆက်တိုက် stress ရှိနေတာ၊ အတွေးလွန်နေတာ၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ဖြစ်နေတာ၊ ဖုန်း/ကွန်ပျူတာ screen ကို ကြာကြာ ကြည့်တာ စတဲ့အချက်တွေကြောင့် ဦးနှောက်က အစတည်းက ပင်ပန်းနေလောက်ပါတယ်..ဦးနှောက်က အလုပ်လုပ်တာများသွားတဲ့အခါ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် အာရုံစိုက်နိုင်စွမ်းကို လျှော့ချလိုက်တာ ဖြစ်ပါတယ်..ဒါကြောင့် စာဖတ်ချင်ပေမယ့် ဦးနှောက်က ခုတော့ မလုပ်နိုင်သေးတာ ဖြစ်ပါတယ်..
📍မမြင်နိုင်တဲ့ စိတ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း
စာလုပ်ရဲ့သားနဲ့ အောင်မြင်မှုမရမှာ ကြောက်တယ်၊ မိဘဆရာတွေ မျှော်မှန်းသလောက် မလုပ်ပြနိုင်မှာကို စိတ်ပူပန်တယ်၊ “ကြိုးစားပေမယ့် မအောင်မြင်ရင်ဘယ်လိုလုပ်မလဲ” ဆိုတဲ့ ကြောက်စိတ်တွေရှိနေတယ်..ဒီအချက်တွေကြောင့် လုပ်ရမယ့်အလုပ်ကို မလုပ်ဘဲ တွန့်ဆုတ်နေတာမျိုး ဖြစ်တတ်ပါတယ်
📍စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်း
စာသင်ယူဖို့အတွက် စိတ်လုံခြုံမှုလိုအပ်ပါတယ်..ပတ်ဝန်းကျင်မှာ အမြဲတမ်း ဝေဖန်ပြစ်တင်ခံနေရရင်၊ အကူအညီမရဘဲ ဖိအားပေးခံရရင်၊ အခြားသူတွေနဲ့ နှိုင်းယှဉ်ခံရရင် စိတ်လုံခြုံမှုမရှိတော့ဘဲ ဦးနှောက်က သင်ယူမှုအခြေအနေကို မရောက်နိုင်တော့ပါဘူး..သူ့အနေနဲ့ ရုန်းကန်ရှင်သန်နေရတဲ့အနေအထား ဖြစ်သွားတာကြောင့်ပါ..
📍ရည်ရွယ်ချက် မရှင်းလင်းတာမို့ စိတ်ခွန်အား မရှိခြင်း
ငါ ဘာကြောင့် ဒီစာကိုလုပ်နေရတာလဲ....ငါ့ရဲ့အနာဂတ်အတွက် အကျိုးရှိရဲ့လား ..ဆိုတဲ့ အချက်တွေကို ကွဲကွဲပြားပြားမသိရင်လည်း စာလုပ်ရတာ မပျော်တော့ဘဲ အဓိပ္ပာယ်မရှိသလို ခံစားလာရပါတယ်..
📍စာဖတ်ခြင်းနှင့် အနားယူမှု မညီမျှခြင်း
အိပ်ရေးဝဝ မအိပ်ရတာ၊ အနားယူချိန်မရှိတာနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာကလည်း လူကိုထိုင်းမှိုင်းစေပါတယ်..ဒီလိုအချိန်မှာ စာဆက်လုပ်မယ်ဆိုလည်း ဦးနှောက်က တုံ့ပြန်မှု အားမကောင်းနိုင်ပါဘူး..ဒါကြောင့် စာလုပ်လို့မရတာပါ..

🔹ဒီလို စာကို အာရုံမစိုက်နိုင်တဲ့အခါ ဘယ်လိုလုပ်သင့်လဲ ဆိုတော့
👉ကိုယ်လုပ်နိုင်တဲ့ ပမာဏနည်းနည်းလောက်ကနေ စလုပ်ပါ..တအား လောဘကြီးပြီး အာရုံမစိုက်နိုင်တာကို ဇွတ်မလုပ်ပါနဲ့
👉Stress တွေကို အရင်ရှင်းထုတ်ပါ
👉အပြစ်တင်ဝေဖန်မှုတွေကို လျစ်လျူရှုနိုင်အောင် ကြိုးစားပါ
👉အခြားသူတွေ ဘယ်လိုစာလုပ်တယ်ဆိုတာထက် ကိုယ့် သင်ယူမှုပုံစံကို သိအောင်လုပ်ပါ

📍ဒီအချက်တွေကိုလည်း လုပ်ကြည့်ပေမယ့် ဆက်တိုက် အာရုံစိုက်မရဘူးဖြစ်နေတယ်ဆိုရင်တော့ Professiional နဲ့ဆွေးနွေးပြီး အဖြေရှာသင့်ပါတယ်..

𝐃𝐫. 𝐌𝐲𝐚𝐭 𝐒𝐮 𝐇𝐥𝐚𝐢𝐧𝐠
B.Ed, M.Ed( Guidance & Counseling)
PhD(Educational Psychology)



👉စိတ်ပိုင်းဆိုင်ရာကြောင့် သင်ယူမှုမှာ အနှောင့်အယှက် အတားအဆီးတွေကြုံနေရတယ်၊ အာရုံစူးစိုက်လို့မရလို့ စိတ်ရှုပ်နေရလို့ တီချယ်နဲ့ ဆွေးနွေးအဖြေရှာချင်ရင်တော့ Dr. Myat Consultation မှာ စာရင်းပေးနိုင်ပါတယ်ရှင်..

🏫Sungshin's Women University 📘Data Science major နဲ့ Global Korea Scholarship (GKS) First round Interview အောင်သွားတဲ့ သ...
23/11/2025

🏫Sungshin's Women University
📘Data Science major နဲ့ Global Korea Scholarship (GKS) First round Interview အောင်သွားတဲ့ သမီးလေးရေ Congratulations 🎉ပါ။
စနစ်တကျ ကြိုးစားတဲ့သမီးလေး ဆက်လက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

🌟Scholarship နဲ့ Study Abroad အတွက် အရေးပါတဲ့ Personal Statement နဲ့ Study Plan အတွက် consultation ယူမယ်ဆိုရင် Dr. Myat Consultation မှာ ကြိုတင်စာရင်းပေးနိုင်ပါတယ်ရှင်..

🔷ကျောင်းအသစ်ပြောင်းရတဲ့သူတစ်ယောက်အတွက် ပတ်ဝန်းကျင်အသစ်မှာ ချက်ချင်းအသားကျဖို့ ထင်သလောက် မလွယ်ပါဘူးအပြောင်းအလဲတစ်ခုခုလုပ်...
19/11/2025

🔷ကျောင်းအသစ်ပြောင်းရတဲ့သူတစ်ယောက်အတွက် ပတ်ဝန်းကျင်အသစ်မှာ ချက်ချင်းအသားကျဖို့ ထင်သလောက် မလွယ်ပါဘူးအပြောင်းအလဲတစ်ခုခုလုပ်တိုင်း ညှိယူကြရတာ များပါတယ်..ကျွန်မတို့ရောက်သွားတဲ့ပတ်ဝန်းကျင်အသစ်က အရင်ပတ်ဝန်းကျင်နဲ့ သိပ်မကွာခြားရင်တော့ အလွယ်တကူ ညှိယူပြီး အသားကျသွားတတ်ကြတယ်...ဒါပေမယ့် အဲဒီအပြောင်းအလဲကို စရတဲ့အချိန်က ခက်ခဲကြစမြဲပါပဲ..

🔷ဒီတော့ ကျောင်းသားတစ်ယောက်က ကျောင်းအသစ်တစ်ကျောင်းကို ပြောင်းရတဲ့အချိန်မှာ အရာရာတိုင်းက သူ့အတွက် အစိမ်းသက်သက်ဖြစ်နေတတ်တယ်..ကိုယ့်ကို လက်ခံကြမလား..အတန်းထဲကလူတွေက ဘယ်လိုမြင်ကြမလဲ ဆိုတဲ့အတွေးနဲ့ ကျောင်းသွားရမှာ ဝန်လေးနေတတ်ကြပါတယ်..
🔷လူတွေက ကိုယ့်ကိုပဲ ဝိုင်းကြည့်နေသလိုခံစားကြရတယ်.. အုပ်စုလိုက် စာလုပ်နေကြရင် အဲဒီအုပ်စုဆီသွားပြီး စကားသွားပြောလိုက်ရမလားဆိုတဲ့ စိတ်ကလည်း ချီတုံချတုံ ဖြစ်နေတတ်တာမို့ အားငယ်သလိုခံစားရပြန်ပါတယ်..
တခါတလေ အရင်ကျောင်းက သူငယ်ချင်းတွေကို သတိရမိလာပြီး အထီးကျန်တဲ့အချိန်တွေလည်း ရှိလာပြန်တယ်..

“ကျောင်းမပြောင်းဘဲ အရင်ကျောင်းမှာပဲတက်နေရရင် သိပ်ကောင်းမှာပဲ” လို့ ခံစားမိလာတယ်..

ဒီလိုအချိန်မှာ
✅စိတ်ထိန်းချုပ်တတ်ဖို့ အရေးကြီးပါတယ်..
✅အပြောင်းအလဲအတွက် စိုးရိမ်စိတ်တွေကို လျှော့ချတတ်ဖို့ အရေးကြီးပါတယ်
✅ကျောင်းအသစ်မှာ ဘယ်လို ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မလဲ၊ သူငယ်ချင်းတွေ ဘယ်လို ဖွဲ့မလဲ၊ အတွေ့အကြုံသစ်ကို ဘယ်လို စမလဲ ဆိုတာကို နားလည်သဘောပေါက်ဖို့ လိုအပ်လာပါတယ်
✅နားလည်ပေမယ့် အပြောင်းအလဲကို ရုတ်တရက် လက်မခံနိုင်သေးတဲ့အချိန် ကိုယ့်စိတ်ကို ထိန်းညှိတတ်ရပါမယ်
တစ်ယောက်တည်း handle မလုပ်နိုင်ခဲ့ရင် ကိုယ့်ရည်မှန်းချက်တွေအတွက်ကိုတောင် မစဉ်းစားချင်လောက်အောင် အတွေ့အကြုံသစ်တွေကြား ဖိအားများနေပါလိမ့်မယ်..
ဒါကြောင့် ပတ်ဝန်းကျင်အသစ်မှာ အချိန်တိုအတွင်း အသားကျသွားနိုင်ဖို့ လိုအပ်တဲ့ social skills တွေကို လေ့ကျင့်ယူရပါမယ်..

ကျောင်းအသစ်မှာ သင်ကြားနည်းပုံစံအသစ်တွေကို လိုက်လုပ်နိုင်ဖို့ မှန်ကန်တဲ့ study plan နဲ့ strategies တွေကို သုံးနိုင်ရပါမယ်..

စိုးရိမ်စိတ်တွေ၊ စိတ်လှုပ်ရှားမှုတွေကို ဖြေလျှော့ဖို့လည်း လိုအပ်ပါတယ်..ဒီလိုနည်းလမ်းတွေကို ကြိုးစားပြီး လုပ်နေပေမယ့် ကျောင်းအသစ်မှာ နေရတာမပျော်ဘူးဆိုရင် “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ" ဆိုတဲ့ အကြောင်းရင်းကို သိနိုင်အောင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်..ဒါမှ ပြဿနာအရင်းအမြစ်ကိုနားလည်ပြီး အဖြေရှာလိုက်ရင် ကိုယ့်ရည်မှန်းချက်အတွက် မှန်ကန်တဲ့ Goal ကို လည်းချနိုင်မယ့်အပြင် ကျောင်းနေရာ အသစ်မှာ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မှာ ဖြစ်ပါတယ်..✅✅✅
Dr. Myat Su Hlaing
(Education Counselor)

ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကျွန်မတို့ထက်ပိုတော်နေပေမယ့် သူတို့နေရာကို အစားထိုးဝင်သွားမှာ စိုးရိမ်တဲ့သူတွေရှိတတ်ကြပါတယ်......
17/11/2025

ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကျွန်မတို့ထက်ပိုတော်နေပေမယ့် သူတို့နေရာကို အစားထိုးဝင်သွားမှာ စိုးရိမ်တဲ့သူတွေရှိတတ်ကြပါတယ်...ဒီလိုလူတွေနဲ့ အလုပ်အတူတူလုပ်ရတဲ့အခါ
သူတို့က ကျွန်မတို့ကို ကူညီပေးသယောင်နဲ့အထင်သေးစကားတွေဆိုတတ်ပြန်ပါသေးတယ်..အပေါ်စီးက ပြောဆိုတတ်တဲ့သူတွေက သူတို့ပဲ ဒီအကြောင်းအရာကို နားလည်တယ်..ကျန်တဲ့သူတွေက သူတို့လောက် မလုပ်နိုင်ဘူးဆိုတဲ့ သဘောထားမျိုးနဲ့ သူတို့နေရာကို ဖယ်ပေးရမှာ ကြောက်နေတတ်ကြတာပါ..

ဒီလိုလူတွေနဲ့ ကြုံရရင် ကျွန်မတို့က ကိုယ့်စွမ်းရည်ကို သံသယဝင်လာနိုင်တယ်၊ သူတို့နဲ့ ယှဉ်ပြောဖို့၊ ကိုယ့်အမြင်ကို ထပ်ပြောဖို့တောင် ဝန်လေးလာတတ်ပါတယ်..

အပေါ်စီးဆန်တတ်တဲ့သူတွေဟာ များသောအား ဖြင့် သူတို့စိတ်ထဲမှာ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တတ်ကြတယ်.. တချို့ကတော့ လူအများက သူ့ကို တော်တယ်လို့ သတ်မှတ်ထားတဲ့အခါ အဲဒီစံချိန်ကို မထိခိုက်စေချင်လို့ လုပ်တတ်ကြတယ်..ဒီအချက်တွေကို သိမယ်ဆိုရင်တော့ သူတို့က ကျွန်မတို့ကို ဘယ်လောက်ပဲ အထင်သေးပြီး ပြောဆို ဆက်ဆံပေမယ့် စိတ်အားမငယ်တော့ဘဲ ကိုယ့်တန်ဖိုးကိုပဲ မြှင့်ချင်စိတ်ပေါ်လာပါလိမ့်မယ်

ဒီလိုအပြုအမူတွေကို ရင်ဆိုင်ရတဲ့အခါ
🔷ပထမဆုံး ကိုယ့်တန်ဖိုးဟာ တခြားသူတွေရဲ့ ပြောစကားအပေါ် မူတည်မနေဘူးဆိုတာ အမြဲသတိထားပါ။ ကျွန်မတို့မှာ ကိုယ့်ထင်မြင်ယူဆချက်ကို တင်ပြပိုင်ခွင့်၊ မသိသေးတာတွေကို မေးမြန်းပိုင်ခွင့်၊ တိုးတက်ဖို့ ကြိုးစားပိုင်ခွင့်အားလုံးရှိပါတယ်..
🔷ဒုတိယအနေနဲ့ ကိုယ်ပြောလိုတဲ့ စကားကို အေးအေးဆေးဆေးနဲ့ ပွင့်ပွင့်လင်းလင်းပြောပါ။

🔷နောက်တစ်ချက်အနေနဲ့ အဲဒီလူတွေနဲ့ တတ်နိုင်သလောက် ဝေးဝေးနေပါ...
အပြန်အလှန် အကျိုးဖြစ်စေတဲ့သူတွေ၊ အားနည်းတဲ့အချိန် ဖေးမပေးတဲ့သူတွေနဲ့ ပိုအချိန်ပေးပေါင်းပါ..

အဲဒီလို အထင်သေးပြီး အပေါ်စီးပြောတတ်တဲ့သူတွေနဲ့ အပြန်အလှန် ဆက်ဆံရတဲ့အခါမှာ ကျွန်မတို့ရဲ့ စိတ်ခံစားချက်က တိတ်တိတ်လေး ထိခိုက်ရတတ်ပါတယ်။ တစ်ခါတလေ “သူတို့ထက် နောက်ကျနေတယ်ကွာ” လို့ လွယ်လွယ်ကူကူ ထင်လာနိုင်တယ်... ဒါပေမယ့် အမှန်ကတော့ အဲဒီလိုအပြုအမူတွေက သူတို့ရဲ့ ပြိုင်ဆိုင်လွန်းတဲ့စိတ်ကြောင့်ပါ..

ကျွန်မတို့ကို အထင်သေးသူတွေကို မလိုအပ်ဘဲ ဝေးဝေးကနေ သတ်မှတ်ထားနိုင်တဲ့ distance တစ်ခုထားပါ...ကိုယ့်တန်ဖိုးကို သတ်မှတ်နိုင်တာက ကိုယ်တိုင်ပဲ ဖြစ်ပါတယ်..သူတို့ attitude မပြောင်းလဲနိုင်ပေမယ့် ကိုယ့်တိုးတက်မှုကိုတော့ ပြောင်းလဲနိုင်တာကိုတော့ မမေ့ပါနဲ့နော်..

Dr. Myat Su Hlaing
(Educational Psychologist & Consultant)

လူအကြိုက်လိုက်ပြီးနေတတ်သူတွေက  သူနဲ့အနီးအနားရှိသူတွေကိုဝမ်းမြောက်စေဖို့၊ သူများလိုအပ်ချက် တွေကို အမြဲတမ်း ဦးစားပေးဖို့ က...
14/11/2025

လူအကြိုက်လိုက်ပြီးနေတတ်သူတွေက သူနဲ့အနီးအနားရှိသူတွေကိုဝမ်းမြောက်စေဖို့၊ သူများလိုအပ်ချက် တွေကို အမြဲတမ်း ဦးစားပေးဖို့ ကြိုးစားနေတတ်သူတွေပါ.. အပြင်ကကြည့်တဲ့အခါ စိတ်ကောင်းရှိတဲ့ ၊ ကူညီတတ်တဲ့ သူတစ်ယောက်လို့မြင်နိုင်ပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ ကိုယ့်ရဲ့ လိုအပ်ချက်ကို ကိုယ်တိုင် မဖြည့်ဆည်းနိုင်ဘဲ ကိုယ့်ကိုကိုယ် မပိုင်တဲ့သူတွေ ဖြစ်လာပါတယ်..

တစ်ယောက်ယောက်က ကိုယ့်ကို လက်ခံတယ်၊ ချစ်တယ်၊ သဘောကျတယ်ဆိုတဲ့အပေါ်မှာ ဆက်ဆံရေးတည်ဆောက်တတ်ကြတာပါ..ဒါကြောင့် သူများကို အမြဲပထမထားပြီး ကိုယ့်လိုအပ်ချက် ကိုတော့ ဘေးဖယ်ထားမိကြပါတယ်..

ကိုယ့်လိုအပ်ချက်တွေ၊ နှစ်သက်မှုတွေ၊ ကိုယ့်စိတ်ခံစားချက်တွေကို အမြဲတမ်းဦးစားမပေးဘဲ သူများနဲ့ အဆင်ပြေစေဖို့သာ ကြိုးစားနေမိရင် တဖြည်းဖြည်းနဲ့ ကိုယ်ဆိုတာ ပျောက်သွားနိုင်ပါတယ်..

ဒီလို သူများအကြိုက်ဆောင်တတ်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
🔷ကိုယ့်ခံစားချက်ဘာပဲဖြစ်ဖြစ် "ဟုတ်ပါတယ်" လို့သာ ပြောနေခြင်း
လူတွေ ဘယ်လိုထင်လိမ့်မလဲ ဆိုတာကို စိုးရိမ်နေခြင်း
🔷တစ်ယောက်ယောက်ကို မလွန်ဆန်နိုင်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်မိခြင်း

🔷ကိုယ့်ကို မမုန်းစေချင်တဲ့အတွက် သူများက ကိုယ့်ကို ဂရုမစိုက်သလိုလုပ်နေရင် စိတ်ထဲ ဝမ်းနည်းနေခြင်း
🔷တစုံတယောက်တောင်းဆိုတာကို မလုပ်ဘူးလို့ ငြင်းလိုက်ရင် အဆင်ပြေမှာ မဟုတ်ဘူးလို့ ထင်နေခြင်း
🔷ခဏခဏ တောင်းပန်နေခြင်း
🔷ကိုယ့်အချိန်ကို ကိုယ့်အတွက် မသုံးနိုင်ဘဲ အမြဲတမ်း သူများအတွက်ပဲ သုံးနေခြင်း
သူများအကြိုက်လိုက်ရပြီး အမြဲတမ်း လုပ်ပေးနေမိရင်တောင် တစ်ချိန်တစ်ခါမှာ ကိုယ့်ကိုယ်ကို ဘာလိုချင်လဲ၊ ဘာလိုအပ်လဲဆိုတာပဲ ပျောက်သွားတတ်ပါတယ်..ဒါကြောင့် အမှန်တကယ် ဆက်ဆံရေးတွေလည်း မတည်မငြိမ်ဖြစ်ပြီး ပင်ပန်းရပါတယ်..

ဒါကြောင့် ကိုယ်မလုပ်နိုင်တဲ့အတိုင်းအတာဆိုရင် “မရဘူး” လို့ ပြောတတ်ဖို့၊ ကိုယ့်အချိန်ကို ကိုယ့်အတွက်ပဲ သုံးတတ်ဖို့လည်း လိုပါတယ်.. သူများအပေါ် သဘောထားကောင်းဖို့ အရေးကြီးပေမယ့် ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတတ်ဖို့က ပိုအရေးကြီးပါတယ်နော်..

Dr. Myat Su Hlaing
(Educational Psychologist & Consultant)

Address

Zarwaiyar Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dr. Myat Su Hlaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share