22/01/2026
Ram တွေမှာပါတဲ့ CL Rating ဆိုတာဘာလဲ?
CL ရဲ့ အရှည်က CAS Latency ဖြစ်ပြီးတော့ CPU နဲ့ RAM ကြားမှာ communicate လုပ်တဲ့ Clock Cycle က Delay ရဲ့ကြာချိန်ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် CL rating နည်းလေ ကောင်းလေ ဖြစ်ပေမယ့် အခုနောက်ပိုင်း DDR5 ram တွေနဲ့ DDR5 ram တွေကြားက CL rating က နှစ်ဆနီးပါးကွာ တတ်ပါတယ်။
ဒါကတော့ Ram ရဲ့ Clock Speed နဲ့ CL rating ကြားမှာ Balance ဖြစ်ဖို့လိုလို့ပါ။
ဉပမာပြောရရင် Data များများနဲ့မြန်မြန်ပို့လေ Process လုပ်ရတဲ့ Data များလေဖြစ်တဲ့အတွက် overload မဖြစ်ရအောင်လို့ Data တစ်ခုနဲ့ တစ်ခုကြားမှာ Delay ခံပေးရသလိုမျိုးနဲ့ ဆင်တူပါတယ်။
တစ်ခုရှိတာက CL rating က actual delay ပုံစံမဟုတ်ပဲ cycle count အပေါ် မူတည်နေတာဖြစ်တဲ့အတွက် DDR4 3200 MHz ရဲ့ CL16 က DDR4 3600 MHz ရဲ့ CL18 နဲ့ Actual Delay က မတိမ်းမယိမ်းလို့ ပြောလို့ရတဲ့အပြင် တကယ့် performance မှာလည်း clock speed ပိုများတဲ့ DDR4 3600 MHz ကသာတာတွေရှိပါတယ်။
Ram ရွေးမယ်ဆိုရင်တော့
DDR4 3200 MHz CL16
DDR4 3600 MHz CL18
DDR5 6000 MHz CL30 - 36
တွေပဲ ရွေးဝယ်သင့်ပါတယ်။