Yu Engineering

Yu Engineering

Share

Engineering Consulting & Education Platform

Photos from Yu Engineering's post 19/08/2026

All Software Course & Step by Step Learning 👩🏻‍💻👨🏻‍💻

Photos from Yu Engineering's post 17/08/2026

9လပိုင်း အတန်းသစ် All Software & Online Class Batch- 51 (Basic to Adv Level)👨🏻‍💻👩🏻‍💻

Telegram/Video Training Type နဲ့လေ့လာရမဲ့ အတန်းဖြစ်ပါတယ် 💻

Interior Details/ Interior Furniture /Modelling /Rendering/ Plugin ပိုင်းတွေ ကိုပါ Projectတွေနဲ့ Details လေ့လာရမဲ့ အတန်း ဖြစ်ပြီး
additional AI Interior Course ပါ ပါ ၀င်မဲ့ အတန်းဖြစ်ပါတယ်

All Software Online Course - Batch 50💻

( Sketchup + Lumion + Vray + Photoshop+AI )👩🏻‍💻👨🏻‍💻

(Basic To Adv Level )Design +Modelling +Viz

-Update Tutorial lesson ပေါင်း 250 ကျော်ပါ၀င်ပြီးအပတ်စဉ် စနေတိုင်း -Telegram Group ကနေ Video Learning types ပုံစံနဲ့ လေ့လာရမှာ ပဲဖြစ်ပါတယ်
---------------------------------------------
3D Design ပိုင်းအတွက်လိုအပ်တဲ့ Software တွေ ပါ၀င်မှာဖြစ်ပြီး ပုံမှန် လိုက်လုပ်ပါက ကိုယ်တိုင် Interior Design &Exterior Design Projectများ ကို ရေးဆွဲနိုင်မှာဖြစ်ပါတယ်

Sketchup💻

-Basic/Modelling /Furniture

-Furniture Details/Interior Details

-Exterior/Interior/Plugin/Layout

-MyanmarHmu/HighRise /Residential/. Commercial for Exterior

-Bed/Kitchen/living/Shrine/Apartment for interior

-Interior Design/Exterior Design etc

Lumion💻

-Exterior/Interior/360/Animation Rendering etc..

PhotoShop💻

For post production

Vray💻

-Exterior/Interior /Day/Night Render

........Design......Classic/HighRise/Residential/Commercial/Apartment/

interior/Kitchen/Bed/Shrine /Living Room etc...

-Exterior Modelling Project -9+

-Interior Design Types-5+

-Exterior Rendering -9 +

-Interior Rendering -10

AI Rendering/Layout

............................

-Software ပိုင်း အနေနဲ့ basic to advance levelထိ သင်ယူရမှာ ဖြစ်ပြီး လိုအပ်တဲ့ Software &Model &Data Fileများကို uploadလုပ် ပေးသွားမှာပဲဖြစ်ပါတယ်
...................................................................

-သင်တန်းကာလ 2လခွဲ အတွင်း Software အကုန်ကျွမ်းကျင်နိုင်ဖို တက်ရောက်သူများဘက်မှ Exercise +Project +Assignment တွေ ပုံမှန် လိုက်လုပ်ပါက adv levelထိ Software ပိုင်းကျွမ်းကျင်နိုင်ပါလိမ့်မယ်

............................................................................

တက်ရောက်သင့်သူများ

-3D Design Creation လုပ်လိုသူများ

-Interior & Exterior Design စိတ်၀င်စားသူများ

-Freelance Designer

-Furniture ပိုင်း Creation လုပ်လိုသူများ

-Modelling/Design/Animation/Rendering အပိုင်း လေ့လာလိုသူများ

-3D Design & Remote Jobစိတ်၀င်စားသူများ

-ပြည်ပတွင် Modeller/Drafter/Interior Designer ပိုင်းနဲ့ အလုပ်လုပ်လိုသူများ

..............................

‌All Software အနေနဲ့ basicကနေ advance level ထိ လေ့လာရမှာဖြစ်ပြီး တဆင့်ခြင်း သွားမှာ ဖြစ်တဲ့အတွက် အခြေ ခံ မရှိထားသူများ အနေနဲ့လဲ စိတ်ပူစရာမလိုပဲ step by step လေ့လာသွားနိုင်မှာပဲဖြစ်ပါတယ်

လေ့လာရမည့်ပုံစံ.....

-အပတ်စဉ် စနေ ညတိုင်း Exercise & Project တွေနဲ့ တပတ်ချင်း Google Drive မှာ တင်ပေးပြီး Telegram ‌ ကနေ တဆင့် လေ့လာရမှာဖြစ်ပါတယ်စနေတရက်ကိုပဲ Upload တင်ပေးမှာဖြစ်ပြီးအချိန်မသတ်မှတ်ထားဘဲ ကိုယ်အဆင်ပြေတဲ့အချိန် ၀င်လေ့လာသွားရမည့်ပုံစံဖြစ်ပါတယ်....

-စာမေး ဖြေ လုပ်လို့ ရအောင် Groupဖွဲ့ထားပြီးနားမလည်တာ များကို ပြန်မေးနိုင်သလို TeamViewer/Anydesk ကနေလဲ Errorများ /Software ၀င်တင်ပေးတာမျိုးနဲ့ installing အခက်အခဲ များကို ၀င်ကြည့်ပေးမှာမျိုးရှိပါတယ်....

-Tutorial များကိုလဲ အချိန်မရွေး ပြန်လေ့လာနိုင်အောင် Download ဆွဲခွင့်ပေးထားမှာဖြစ်ပါတယ်

-Final Pj & Assignment တွေပြီးဆုံးပါက Certificate ထုတ်ယူလို့ရမှာပဲဖြစ်ပါတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~
Job Opportunity.....

သင်တန်းပြီးဆုံးပါက Talent ရှိသူများအတွက် ထိုင်းရှိ International Company များတွင်
Drafter/ Interior Modeller position များအတွက် သင်တန်းမှ ပြန်ပြီး Refer လုပ်၍ ချိတ်ဆက်ပေးခြင်း

CV /Portfolio များပြင်ဆင်ရာတွင် Guide lineလုပ်ပေးခြင်း
~~~~~~~~~~~~~~~~~~~~~~

Date - 19/9/2026
Duration - 2.5months & Sat only
Fees - 160000 MMK ( ALL Software Course )

....................................................

သင်တန်းအပ်ရန် page Cb (or ) Telegram / viber/Whatsapp (09446841521) သို.

🧑‍💻👩‍💻

Name-

Gmail-

(All software Batch -51) ရေးသား၍ register လုပ်နိုင်ပါတယ်)

.............................

15/08/2026

Different Between
Floor Plan vs Furniture Plan vs RCP 👩🏻‍💻👨🏻‍💻

Many interior design students confuse these three drawings, but each one has a different purpose

A floor plan shows the layout of the space.

A furniture plan shows how the space functions.

An RCP shows what happens on the ceiling.

15/08/2026

AutoCAD 2D & Sketchup 3D& Layout ပိုင်း ကျွမ်းကျင်သူမျာ Tryကြည့်လိုရပါတယ်
👨🏻‍💻👩🏻‍💻

- Female, 24 years old and above.
-Have at least one year of work experience.
-Proficient in using Autocad 2D, SketchUp 3D, Layout, and Microsoft Office.

Photos from Yu Engineering's post 12/08/2026

All Software Course 👨🏻‍💻👩🏻‍💻
Assignment & step by step learning
Khin Sandar Tun
Kaung Myat Win
Htet Arkar Kyaw

10/08/2026

Laptop For Engineering Software 👨🏻‍💻👩🏻‍💻

Engineer နဲ့ Laptop ပြသနာ & Design ဆွဲဖို့ အတွက် Laptop ရွေးချယ်တဲ့အခါ ဘာတွေသိထားဖို့လိုမလဲ???????🧑‍💻👩‍💻

Engineering Software တွေသုံးဖို့ Laptop ဝယ်ရင် စဉ်းစားရတဲ့အချက်တွေကိုအနည်းငယ်ရှင်းပြပါမယ်။
Laptop တစ်လုံးမှာအရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်တဲ့
1) CPU
2) RAM
3) Harddrive
4) Graphic card
5) Battery

1) CPU
အများစုကတော့ i3 i5 i7 ဆိုပြီးသိပြီးသားပါ။
ဒါပေမယ့် i7 ဆိုပြီးဝယ်ချလိုက်လို့မရသေးပါဘူး။
သူ့ရဲ့ generation ကိုကြည့်ရပါဦးမယ်။
တတ်နိုင်သမျှကိုယ့် budget ထဲဝင်တဲ့ အမြင့်ဆုံး generation ကိုဝယ်စေချင်ပါတယ်။
ဉပမာ
အကြမ်းဖျင်းအားဖြင့် i5 8th gen က i7 6th gen ထက်သာနေနိုင်ပါတယ်။
i5 8th gen နဲ့ i7 8th gen ယှဉ်ရွေးရင် ဈေးသက်သာတဲ့ i5 8th ကိုရွေးပြီး RAM တို့ SSD တို့ထပ်စိုက်လိုက်တာပိုကောင်းပါတယ်။
ဒါ့ကြောင့် i7 ဆိုတိုင်းမပြီးပါဘူး generation ကလည်းအရေးကြီးပါတယ်။

2) RAM
RAM ဆိုတာက ကျွန်တော်တို့အလုပ်လုပ်သမျှကို save မလုပ်ရမချင်း သိမ်းပေးထားတဲ့ နေရာပါ။
RAM နည်းနေရင် ကိုယ်သုံးတာများလာတာနဲ့အမျှ လေးလာမှာပါ။
Chrome မှာ tabs တွေအများကြီးဖွင့်မယ်
AutoCAD ဆွဲနေမယ်။
Excel တွေ PDF တွေဖွင့်ထားမယ်။
အဲ့လိုဆို စက်ကလေးလာမှာပါ။
အဲ့ဒါကြောင့် RAM နည်းနေတဲ့သူတွေက save ကို ခဏခဏလုပ်ရင် လေးတာသက်သာသွားမှာပါ။

3) Harddrive
အရင်ကတော့ HDD တွေသုံးကြတယ်။ 500GB 1TB စသဖြင့်။ သူက Memory Card အကြီးစားပါ။ ကျွန်တော်တို့ထည့်သမျှအရာတွေ HDD ထဲမှာသိမ်းထားတာပါ။
Window ‌OS အတွက်drive ကို partition ခွဲပြီး ကျန်တာ ကျွန်တော်တို့သိမ်းချင်တာသိမ်းကြတယ်။

Harddrive ကကြီးနေပေမယ့် RAM ကနည်းတော့အလုပ်သိပ်မတွင်သလို RAM ကများပြီး Harddrive ကနည်းပြန်ရင်လည်းထို့နည်းတူပါပဲ။

ခုနောက်ပိုင်းက SSD တွေခေတ်စားလာပါတယ်။ အားသာချက်က HDD ထက်အဆတော်တော်များများကို မြန်တာပါ။
File တွေ copy ကူးတာ software run တာမျိုးတွေမှာအရမ်းမြန်ပါတယ်။

ဆိုတော့ SSD တွေစိုက်ဖို့လာအကြံတောင်းကြပါတယ်။
SSD တော့တိုးလိုက်ပြီး RAM နည်းနေရင် SSD ရဲ့ performance အပြည့်ကိုရမှာမဟုတ်ပါဘူး။
အပေါ်က ဉပမာလိုပဲ ရေခဲသေတ္တာကြီးနေတာပါ စဉ့်တီတုံးကသေးနေလို့အလုပ်မဖြစ်တာပါ။
နောက်တစ်ခုသိရမှာက SSD စိုက်လိုက်တိုင်း အကုန်မြန်ကုန်တာမျိုးမဟုတ်ပါဘူး။
Software တွေကို SSD ပေါ်တင်ပြီး run မှသာ ခံစားရမှာပါ။
Window OS လည်း အဲ့လိုပါပဲ SSD ပေါ်မှာ window တင်ထားမှသာ window တက်တာမြန်မှာပါ။
အဲ့တော့ SSD တော့စိုက်တယ် 128GB ပဲဆိုရင်
သူ့မှာကာသလောက်ပဲ software တင်လို့ရမှာမို့ တခြား software တွေကိုကျတော့ HDD ပေါ်မှာပဲထပ်တင်ကြတော့မှာပါ။
အဲ့ဒါဆို SSD ပေါ်က software ကသာမြန်မှာပါ။
Engineering software တွေကနေရာတော်တော်ယူပါတယ်။ အဲ့ဒါကြောင့် SSD စိုက်ရင်လည်း 256GB လောက်ကိုအနည်းဆုံးထားစိုက်စေချင်ပါတယ်။
Software တွေတင်တာများပြီး SSD ဘက်မှာပြည့်သွားလို့ AutoCAD တို့ Revit တို့ကို HDD ဘက်မှာတင်သုံးတာမျိုးတော့မလုပ်ကြနဲ့နော်။
အဲ့လိုလုပ်ရင်တော့ SSD ရဲ့ performance ကိုခံစားရမှာမဟုတ်ပါဘူး။
အဲ့ဒါကြောင့် SSD ရော ‌RAM ရော storage များနိုင်သလောက်များဖို့လိုပါတယ်။

4) Graphic Card
သူကတော့ ရုပ်ထွက်ပိုင်းကိုတာဝန်ယူတာပါ။ Render မချခင် preview stage မှာတည်းက တိကျတဲ့ reflection တွေနဲ့သေချာမြင်ရအောင်ကသူကတာဝန်ယူပေးပါတယ်။
ခုနောက်ပိုင်း software တွေက အရမ်းကောင်းလာတာနဲ့အမျှ requirement တွေလည်း မြင့်လာပါတယ်။ တစ်ချို့ software တွေထဲမှာဆို graphic card က RTX series မှာမဟုတ်ရင် ဘယ် function ကအလုပ်မလုပ်ဘူးဆိုတာမျိုးတွေရှိလာပါတယ်။
နောက်တစ်ခါ visual style မှာ shaded တို့ realistic တို့ပြောင်းတဲ့အခါ graphic card မကောင်းရင် လေးသွားမှာပါ။
ပြီးတော့ ခုပြောနေတဲ့ graphic card ဆိုတာ intergrated လို့ခေါ်တဲ့ built in card ကိုပြောတာမဟုတ်ပါဘူး။
ဒါအရေးကြီးပါတယ်။ တစ်ချို့က ဒီ laptop မှာ graphic card ပါလားဆို ပါတယ်လုပ်တာ။ တကယ်က integrated ပဲရှိတာ။
အဲ့ဒါက ပုံမှန် software တွေလောက်သာ support ပေးနိုင်တာပါ။

Engineering software တွေသုံးမယ်ဆို သူနဲ့ လုံးဝမလုံလောက်တာပါ။
Graphic card ကိုလည်း 8GB လောက်အနည်းဆုံးမှသုံးရတာအဆင်ပြေမှာပါ။
Gaming laptop တွေမှာက Graphic card ကောင်းတာတွေသုံးပေးထားတာမို့ gaming laptop တွေအသုံးများကြတာပါ။
Gaming laptop တွေကိုသုံးမယ်ဆိုရင်တော့ များသောအားဖြင့် battery မခံတာများပါတယ်။
သုံးထားတဲ့ hardware တွေကို support ရလွန်းလို့ပါ။
Battery ခံတဲ့ gaming laptop တွေလည်းရှိပါတယ် ဒါပေမယ့် ဈေးလည်းကြီးသွားနိုင်ပါတယ်။

5) Battery
သူကတော့ ကျွန်တော်တို့အများကြီးရွေးချယ်လို့မရပါဘူး။ အပေါ်မှာပြောခဲ့သလိုပဲ hardware အကောင်းတွေသုံးထားရင် အကုန်မြန်မှာပါပဲ။
Battery ခံတာရှာဝယ်နိုင်ရင်လည်း တစ်မျိုးပေါ့။

အကျဉ်းချုပ်ရရင်တော့
CPU မှာ generatin ကိုလည်းသတိထားပါ။
RAM နဲ့ SSD ကိုလည်း မျှမျှတတရှိအောင်စဉ်းစားပြီးဝယ်ပါ။
Graphic card ကိုလည်း storage များတာလေးဝယ်ဖို့စဉ်းစားပါ။
Battery ကတော့ စိတ်ကိုကြိုပြင်ဆင်ထားနိုင်ဖို့ပါ။

အပေါ်ကအချက်တွေနဲ့စဉ်းစားပြီး အကောင်းဆုံးတွေဝယ်လိုက်ပြီ။
ကောင်းပါတယ်။
ဒါပေမယ့် ခုလတ်တလောက excel လောက်ပဲသုံးမှာ AutoCAD 2D လောက်ပဲဆွဲမှာမျိုးဆိုရင်တော့ အားမပေးချင်ပါဘူး။
ကိုယ်ကနောက်သုံးနှစ်လေးနှစ်လောက်မှ rendering တွေလုပ်မယ် animation တွေလုပ်မှာကိုခုတည်းကဝယ်ထားမိရင် laptop performance ကျချိန်မှသုံးရမယ်ဆိုရင် မတန်တော့ပါဘူး။
အဲ့ဒါကြောင့်ခုကနေ နောက် သုံးနှစ်လောက်ကိုကြိုစဉ်းစားပြီး အဲ့အတောအတွင်းကိုသုံးမှာတွေနဲ့အဆင်ပြေမယ့်ဟာကိုရွေးဝယ်ရင်ရပါပြီ။
Just my opinion.

~~~~~

Design ဆွဲဖို့ အတွက် Laptop ရွေးချယ်တဲ့အခါ ဘာတွေ အဓိကလိုအပ်လဲ

Interior Modelling/Design စတာတွေ အတွက် Sketchup +3Ds max +Lumion ကဲ့သို့ Software တွေ နောက် လိုက်ဖို့ လ်ိုအတဲ့computerလိုအပ်ချက်

-Software တွေလေ့လာဖို့လိုအပ်ချက် အနေနဲ့ Computer ၀ယ်တဲ့အခါမှာဆုံး ဖြတ်ချက် မမှားဖို့ လဲ အပ်ပါတယ်

1)
ကိုယ်သုံးမဲ့ software ပေါ် တော့ မူတည်ပါတယ်
ဥပမာ # # #
sketchup&Vray / 3ds max /lumion basic အတွက် လောက်ဆို
i7 gen Ram 16Gb SSD အမျိုးအစားထဲကရွေးဝယ်
lumion သုံးမယ်ဆိုရင်တော့ Gpuကောင်းတာကို ရွေးသင့်ပါတယ်

2)
gamingထဲက cpu,gpu မြင့်တာမျိုးဆိုအဆင်ပြေပါတယ် minimum အနေနဲ့
graphic card 4gb,cpu i5 or i7

3)Lumion သုံးမယ်ဆို
graphic က ပို ပြီးလိုအပ်ပါတယ်
budget တတ်နိုင်ရင် တော့ gaming laptop၀ယ်ဖို့အကြံပေးချင်ပါတယ်

Vray- Graphicအမြင့်မလို
Lumion, Enscape, D5, Twinmotion -Graphic အမြင့်လို

ဈေတက်နိုင်တဲ့ထဲက ဆို RTX 3050, 3060 ထဲက အနှိမ့်ဆုံး ထား၀ယ်နိုင်ပါတယ်

Budget ထဲကဆိုရင်လဲ GTX 1060 6Gb, 1070, 1080

04/08/2026

Edit- (Apply လုပ်တဲ့သူ ပြည့်သွားပြီဖြစ်တဲ့အတွက် CV form လက်ခံတာရပ်လိုက်ပါပြီ )👩🏻‍💻👨🏻‍💻

Urgently ထိုင်းမှာ WFH / Freelance interior Design ပိုင်းအတွက် 1ဦး လိုနေပါတယ်👩🏻‍💻👨🏻‍💻

S**** -35***Baht (Nego)
AutoCAD 2D Detail & Sketchup ကျွမ်းကျင်ရပါမယ်

တခြား Software သုံးဖို့မလိုအပ်ပါ

Expရှိထားဖူးမှ အဆင်ပြေပါမယ်
Aug 10 ရက်နေ့မတိုင်ခင် အလုပ်စ၀င်ပေးနိုင်ရင် ရပါတယ်

စိတ်ဝင်စားတဲ့သူ ရှိရင် Whatsapp မှာ လာပြောနိုင်ပါတယ်

30/07/2026

27/07/2026

2D & Sketchup 3D & Photoshopပိုင်း ကျွမ်းကျင်တဲ့သူတွေ try ကြည့်နိုင်ပါတယ်

Interior designer in Thailand 👨🏻‍💻👩🏻‍💻

Details

-Good at creating 3D models in Sketchup.

-Good at drawing in 2D using AutoCAD.

-Can render 3D perspective well, can finish the job with Photoshop.

-Communicate and clear site requirements at the project site.

Photos from Yu Engineering's post 25/07/2026

AI & Prompt For interior 👩🏻‍💻👨🏻‍💻

PROMPT / FREE :

Based on the uploaded cabinet rendering, generate a vertical 3:4 professional custom furniture detailed display board:

The upper part corrects the original drawing to a strictly frontal, perspective-distortion-free elevation rendering. Only the perspective is adjusted; no redesign is performed. The overall proportions, modular partitions, cabinet doors, drawers, open shelves, shelves, shapes, materials, lighting strips, and hardware of the original cabinet are fully preserved. In particular, the position, number, size, and arrangement of drawers must not be changed.

The lower part generates a front elevation
dimension drawing, section drawing, exploded axonometric drawing, modular disassembly drawing, construction details, hardware analysis, and material color swatches that correspond completely to the upper part. All drawings must belong to the same cabinet set, with one-to-one structural correspondence. No modules may be added, deleted, moved, or merged. When dimensions are unclear, only reasonable scale annotations are made. The overall design uses a white background, an international architectural firm construction drawing style, fine line drawings, low-saturation material color blocks, clear grids, and ample white space.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon