Sequoia World Myanmar

Sequoia World Myanmar Professional, Credible & Efficient.

20/08/2026

ကိုရီးယားကျောင်း D-4 လျှောက်ချင်ပေမဲ့ အထက်တန်းအမှတ်နည်းနေလို့ စိုးရိမ်နေတာလား။

စခွိုင်ယာမြန်မာကနေ ကျောင်းတိုက်ရိုက် လျှောက်ထားပေးနေတဲ့ ဒီကျောင်းလေးတွေဆိုရင်တော့ အထက်တန်းအမှတ်ကို မကန့်သတ်ထားဘူးနော်။

ဗီဒီယိုလေးကို အဆုံးထိကြည့်ဖို့တော့ လိုပါမယ်။

"TOPIK အမှတ်မြင့်ချင်ပေမယ့် ဘယ်လိုပြင်ဆင်ရမလဲ မသိသေးဘူးလား?"🤔🤔TOPIK ကို ကြိုးစားနေတဲ့သူတိုင်းအတွက် အမှတ်ကောင်းရဖို့ လမ်း...
20/08/2026

"TOPIK အမှတ်မြင့်ချင်ပေမယ့် ဘယ်လိုပြင်ဆင်ရမလဲ မသိသေးဘူးလား?"🤔🤔

TOPIK ကို ကြိုးစားနေတဲ့သူတိုင်းအတွက် အမှတ်ကောင်းရဖို့ လမ်းညွှန်ချက်တွေကို ကိုရီးယားနိုင်ငံက ကျွမ်းကျင်သူတွေဆီကနေ တိုက်ရိုက်လေ့လာနိုင်မယ့် အခွင့်အရေး ရောက်ရှိလာပါပြီ။

ပထမအကြိမ် MM Plaza မှာ ကျင်းပခဲ့တဲ့ Maiden Voyage Education Seminar ကို မတက်ရောက်လိုက်ရသူများ၊ နယ်ဝေးကြောင့် မလာနိုင်ခဲ့သူများ၊ အချိန်မအားလို့ လက်လွတ်ခဲ့သူများအတွက်...
Sequoia World Myanmar × Maiden Voyage Korea မှ Zoom Online Education Seminar ကို ထပ်မံကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ 👏🏻🎉🎉

✨ ဘာကြောင့် Maiden Voyage ကို ယုံကြည်သင့်တာလဲ?

>Seoul National University (SNU) မှ အသိအမှတ်ပြု ထောက်ခံချက်ရရှိထားသော TOPIK အထူးပြု ပညာရေးအဖွဲ့အစည်း
>တရားဝင် TOPIK မေးခွန်းဟောင်းများ ကို အသုံးပြုခွင့်ရရှိထားသော ရှားပါးအဖွဲ့အစည်း
>Official TOPIK နှင့် EPS-TOPIK စာမေးပွဲ မေးခွန်းရေးဆွဲဖူးသည့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော Team
>TOPIK အမှတ်မြင့်ရရှိစေမည့် လက်တွေ့အသုံးဝင်တဲ့ Preparation Strategy များကို သင်ကြားပေးနေသော Korea Education Specialist

☝🏻ဒီ Seminar မှာ ဘာတွေရရှိမလဲ?

- TOPIK စာမေးပွဲကို ထိရောက်စွာ ပြင်ဆင်နိုင်မယ့် နည်းဗျူဟာများ
- အမှတ်မြင့်ရဖို့ အရေးကြီးတဲ့ Tips & Strategies
- TOPIK နဲ့ ပတ်သက်ပြီး သိလိုသမျှကို Live Q&A Session မှာ တိုက်ရိုက်မေးမြန်းနိုင်မယ့် အခွင့်အရေး

တက်ရောက်ခွင့် အခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားတဲ့အတွက် စာရင်းကို အမြန်ဆုံးပေးသွင်းထားလိုက်တော့့နော်။

Date - 22.8.2026(Sat)
Time – 3:00 PM
Platform – Zoom Meeting

https://docs.google.com/forms/d/e/1FAIpQLScboX4F5ffoCTB0bk7KftXJ2sy6JsxmmKBUQR0wy5AND8MAWA/viewform?usp=publish-editor

ကိုရီးယားကျောင်းဝင်ခွင့်နဲ့ ဗီဇာ သေချာတဲ့ ကျောင်းတွေကို စနစ်တကျ ရွေးချယ်လျှောက်ထားချင်တယ်ဆိုရင်တော့ Sequoia World Myanmar ကို သတိရလိုက်ပါနော်။ 🤍

📌 Sequoia World Myanmar Office: No.2001, Block 103, Inno City Condo, South Okkalapa Township, Yangon.

📞 Phone: 09-442036693, 09-766399343
📧 Email: [email protected]

D-4 ECU ကျောင်းတွေထဲမှာ ကျောင်းလခ အသက်သာဆုံးအပြင် ထောက်ပံ့ကြေးပါ ရနိုင်မယ့် ကျောင်းတစ်ကျောင်းD-4-1 Language Program မှာ ...
19/08/2026

D-4 ECU ကျောင်းတွေထဲမှာ ကျောင်းလခ အသက်သာဆုံးအပြင် ထောက်ပံ့ကြေးပါ ရနိုင်မယ့် ကျောင်းတစ်ကျောင်း

D-4-1 Language Program မှာ ပုံမှန်ဆိုရင် စကော်လာရှစ် မရှိဘူး။ ကျောင်းလခ သက်သာခွင့် မရှိသလို့ ထောက်ပံ့ကြေးလည်း မရှိတတ်ပါဘူး။

ဒါပေမဲ့ ဒီကျောင်းကတော့ ECU ကျောင်းလည်း ဖြစ်တယ်။ VCL လည်း လျှောက်ပေးတဲ့အပြင် ထောက်ပံ့ကြေးတွေလည်း ပေးအပ်ဦးမှာပါ။

ဒီကျောင်းကတော့ ချွန်းနမ်ပြည်နယ် နုန်ဆန်းမြို့မှာ တည်ရှိတဲ့ Konyang University ဂေါညန်းတက္ကသိုလ်ပဲ ဖြစ်ပါတယ်။

Konyang University ဟာ ပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်ပေမဲ့ အစိုးရရဲ့ အရေးကြီးတဲ့ ပရောဂျက်တွေမှာ ဆက်တိုက် ရွေးချယ်ခံထားရတဲ့ တက္ကသိုလ်တစ်ခုပါ။ အခုလက်ရှိ GLOCAL 30 Project မှာ ရွေးချယ်ခံထားရပြီး နိုင်ငံရဲ့ K Defense Industry ကို တာဝန်ယူ ဖော်ဆောင်ပေးနေပါတယ်။

ဒါ့အပြင် ဒယ်ဂျွန်းမြို့ကြီးမှာလည်း ဒုတိယကျောင်းဝင်းဖြစ်တဲ့ ဆေးဘက်ဆိုင်ရာ ကျောင်းဝင်းကြီး တစ်ခု ရှိထားပါတယ်။ ဒီကျောင်းဝင်းထဲမှာ ဒေသတွင်း အားထားရတဲ့ အထွေထွေဆေးရုံကြီး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေလည်း ရှိထားပါတယ်။ ဒါကြောင့် ဆေးဘက်ဆိုင်ရာနဲ့ စက်မှုဆိုင်ရာ ကျောင်းသားတွေအတွက် လက်တွေ့ကျကျ Practical ဆင်းနိုင်တဲ့ တက္ကသိုလ်တစ်ခုပါ။

ဂေါညန်းတက္ကသိုလ်ရဲ့ အဓိက မေဂျာတွေကတော့ စစ်ရေးမေဂျာတွေ၊ Smart Farming, Ethical Hacking, Applied Majors, Medicine, Nursing, Medical Technology & Allied Health တွေပဲ ဖြစ်ပါတယ်။

D-4-1 Korean Language Program (VCL)
ကျောင်းလခ: ဝမ် ၁၁သိန်း (one semester)
အဆောင်ခ: ဝမ် ၇သိန်း (၁၀ပတ်စာ)
ကျောင်းလျှောက်လွှာကြေးနှင့် စာရင်းပေးခ: ဝမ် ၂သိန်း

D-2-3 No TOPIK Master (E-Visa)
မေဂျာ: K Culture and Tourism
ကျောင်းလခ: ဝမ် ၃၃သိန်း
ကိုရီးယားစာသင်တန်း: ဝမ် ၁၀သိန်း
အဆောင်လခ: ဝမ် ၉သိန်း (၄လစာ)

ဂေါညန်းတက္ကသိုလ်ကို တက်ရောက်ချင်တဲ့ ကျောင်းသားတွေအနေနဲ့ စခွိုင်ယာကတဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ စခွိုင်ယာမြန်မာကနေ ဂေါညန်းတက္ကသိုလ်ကို လျှောက်ထားမယ့် ကျောင်းသားတွေကို သေချာစိစစ် ရွေးချယ် အတည်ပြုပေးသွားမှာလည်း ဖြစ်ပါတယ်။

စခွိုင်ယာမြန်မာရုံး။ အမှတ် ၂၀၀၁၊ တိုက်ဘလောက် (၁၀၃)၊ အင်နိုစီးတီးကွန်ဒို၊ တောင်ဥက္ကလာပ၊ ရန်ကုန်။

ဗီဇာသေချာတဲ့ 𝑲𝒐𝒓𝒆𝒂 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒚မှာ D-4-1 တက်ချင်ပါသလား🇰🇷 𝗞𝗼𝗿𝗲𝗮 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 (고려대학교)တက္ကသိုလ်မိတ်ဆက် 🏫1905 ခုနှစ်မှာ စတင်တည်ထ...
18/08/2026

ဗီဇာသေချာတဲ့ 𝑲𝒐𝒓𝒆𝒂 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒚မှာ D-4-1 တက်ချင်ပါသလား

🇰🇷 𝗞𝗼𝗿𝗲𝗮 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 (고려대학교)
တက္ကသိုလ်မိတ်ဆက် 🏫

1905 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ 𝑲𝒐𝒓𝒆𝒂 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒚 (고려대학교-ဂိုလျောတက္ကသိုလ်)ဟာ ကိုရီးယားနိုင်ငံရဲ့ Top 3 SKYတက္ကသိုလ်(𝐒NU, 𝐊U, 𝐘ONSEI)တွေထဲက တစ်ကျောင်း အပါအဝင် ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာ တည်ရှိတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂလိက တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

📜 လိုဂိုတံဆိပ်ပေါ်မှာ ရေးထားတဲ့ လက်တင်ဆောင်ပုဒ် (𝙇𝙞𝙗𝙚𝙧𝙩𝙖𝙨, 𝙅𝙪𝙨𝙩𝙞𝙩𝙞𝙖, 𝙑𝙚𝙧𝙞𝙩𝙖𝙨) "လွတ်လပ်မှု၊ တရားမျှတမှု၊ အမှန်တရား"ကို ဖော်ပြပြီး အလယ်ကောင်က ကျားတံဆိပ် သင်္ကေတကတော့ ရဲစွမ်းသတ္တိ၊ စိတ်ပိုင်းဖြတ်မှုနဲ့ ဂုဏ်သိက္ခာကို ရည်ညွှန်းပါတယ်။

✨ ဘာသာရပ်ပေါင်းစုံကို သင်ကြားပေးနေတဲ့ Comprehensive University တစ်ခုဖြစ်ပြီး စီးပွားရေး၊ ဥပဒေပညာ၊ လူမှုသိပ္ပံ၊ နိုင်ငံတကာလေ့လာရေး၊ အင်ဂျင်နီယာပညာရပ်နဲ့ သုတေသနပိုင်းမှာ ထူးချွန်တဲ့ သင်ကြားရေးတွေ ရှိထားပါတယ်။

👑 ငြိမ်းချမ်းရေးနိုဘယ်ဆု ရဖူးတဲ့ သမ္မတဟောင်း ကင်ဒယ်ဂျောင်၊ သမ္မတဟောင်း အီမြောင်ဘက်နဲ့ သမ္မတဟောင်း ယွန်းဆော့ယောတို့ဟာ Korea University ကျောင်းထွက်ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးနယ်ပယ်နဲ့ k-entertainment ကဏ္ဍတွေမှာလည်း အကျော်အမော်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

🏆 ကျောင်းသားတွေအတွက် နောက်တစ်ခု ထူးခြားတာကတော့ နှစ်တိုင်းကျင်းပလေ့ရှိတဲ့ Ko-Yon Games အကြောင်းပါ။ နှစ်စဉ်နှစ်တိုင်း ဆောင်းဦးရာသီရောက်တဲ့အခါ Korea Uni နဲ့ Yonsei Uni တို့ တက္ကသိုလ်နှစ်ခုအကြား အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်လေ့ ရှိပါတယ်။ ဘေ့စ်ဘော၊ ရေခဲပြင်ဟော်ကီ၊ ရက်ဂ်ဘီ၊ ဘောလုံးနဲ့ ဘတ်စကတ်ဘော စတဲ့ အားကစားနည်း (၅)မျိုးကို နှစ်ရက်တာ ယှဉ်ပြိုင်ဆော့ကစားကြပါတယ်။ တစ်လှည့်စီ အိမ်ရှင်အဖြစ် လက်ခံကျင်းပကျပြီး ယွန်းဆဲက အိမ်ရှင်ဖြစ်တဲ့အခါ Yon-Ko games, KUက အိမ်ရှင်ဖြစ်တဲ့အခါ Ko-Yon games လို့ ခေါ်ကြပါတယ်။ ကျောင်းသားကျောင်းသူတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အပြင် စိတ်လှုပ်ရှားပျော်စရာကောင်းတဲ့ အားကစားပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

📢 𝐊𝐨𝐫𝐞𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐊𝐔𝐊𝐋𝐂)

𝐊𝐔ရဲ့ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐃-𝟒-𝟏ကို လျှောက်ထားလိုတဲ့ ကျောင်းသားတွေအတွက် စခွိုင်ယာမြန်မာကတဆင့် လျှောက်ထားနိုင်ပါပြီ။

လက်ရှိ seal ရှိထားတဲ့ ကျောင်းသားတွေကတော့ အနီးဆုံး ဆောင်းရာသီသင်တန်း (2026 December Intake)ကို လျှောက်ထားနိုင်မှာ ဖြစ်ပြီး၊ seal မရှိထားရင်တော့ Spring 🌼 Intake (2027 March Intake)အတွက် အေဂျင်စီအပ်ထားနိုင်ပါတယ်။

💵 ကျောင်းလခကတော့ semester တစ်ဖြတ်ကို ဝမ်၁၈သိန်း၊ လျှောက်လွှာကြေး ဝမ် ၁၂၀,၀၀၀၊ အဆောင်လခ semester တစ်ဖြတ်ကို ဝမ်၁၄သိန်း ကျသင့်မှာ ဖြစ်ပါတယ်။

⏰ စာရွက်စာတမ်း ပြင်ဆင်တာဟာ အချိန်တစ်ခု ပေးရတာမို့ စောစောအပ်လေ ပြင်ဆင်စရာအချိန်ရလေ၊ ရလဒ်ကောင်းလေပါပဲ။ လူဦးရေ အကန့်အသတ်လေးရှိထားလို့ စိတ်ဝင်စားရင် စခွိုင်ယာမြန်မာ ဖေ့ဘုတ်ပေ့ချ် မက်ဆင်ဂျာ (သို့) ရုံးဖုန်း 09-442036693 ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။

𝗦𝗲𝗾𝘂𝗼𝗶𝗮 𝗚𝗿𝗼𝘂𝗽 𝗠𝘆𝗮𝗻𝗺𝗮𝗿 သည် ကိုရီးယားလူမျိုးကိုယ်တိုင် ဦးစီးတည်ထောင်ထားသော နိုင်ငံခြား ပညာတော်သင် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ပညာရေးနယ်ပယ်တွင် ၁၅နှစ်‌ကျော်ခန့် အတွေ့အကြုံ ရှိထားကာ ဗီယက်နမ်နိုင်ငံတွင်လည်း ကျောင်းသားများစွာကို ကျောင်းလျှောက်ဝန်ဆောင်မှု၊ ဗီဇာဝန်ဆောင်မှု စသည့် ပညာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးကာ အောင်မြင်စွာ လည်ပတ်လျက် ရှိပါသည်။

𝗦𝗲𝗾𝘂𝗼𝗶𝗮 𝗚𝗿𝗼𝘂𝗽 𝗠𝘆𝗮𝗻𝗺𝗮𝗿
𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆
𝟬𝟵-𝟰𝟰𝟮𝟬𝟯𝟲𝟲𝟵𝟯
𝗡𝗼.𝟮𝟬𝟬𝟭, 𝗕𝗸 𝟭𝟬𝟯, 𝗜𝗻𝗻𝗼 𝗖𝗶𝘁𝘆 𝗖𝗼𝗻𝗱𝗼, 𝗖𝗼𝗿𝗻𝗲𝗿 𝗼𝗳 𝗣𝗮𝗿𝗮𝗺𝗶 𝗥𝗱 𝗮𝗻𝗱 𝗪𝗮𝗶𝘇𝗮𝘆𝗮𝗻𝗱𝗮𝗿 𝗥𝗱, 𝗦𝗼𝘂𝘁𝗵 𝗢𝗸𝗸𝗮𝗹𝗮𝗽𝗮 𝗧𝘀𝗽, 𝗬𝗮𝗻𝗴𝗼𝗻.


🇰🇷 ကိုရီးယားမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဘယ်လို ရနိုင်မလဲ???ကိုရီးယားကျောင်းလျှောက်တာက ...
15/08/2026

🇰🇷 ကိုရီးယားမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဘယ်လို ရနိုင်မလဲ???

ကိုရီးယားကျောင်းလျှောက်တာက စာရွက်စာတမ်းပြင်ဆင်ပြီး ကျောင်းလေး လျှောက်လိုက်တာနဲ့ ပြီးသွားတဲ့အရာ မဟုတ်ပါဘူး။

ကျောင်းရွေးချယ်တာ၊ Application Timeline၊ စာရွက်စာတမ်းပြင်ဆင်တာ၊ အင်တာဗျူးလေ့ကျင့်တာ၊ ကျောင်းလခသွင်းတာ၊ ဗီဇာလျှောက်တာ စတာ စတာ တွေကို အဆင့်ဆင့် နားလည်ထားဖို့လည်း လိုပါတယ်။

ဒါကြောင့် ကိုရီးယားကို ပညာသွားသင်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ဒီအချက်လေးတွေကို ခပ်စောစောထဲက လုပ်ထားသင့်ပါတယ် 👇

① Facebook, Telegram, TikTok ကို အကျိုးရှိရှိ အသုံးချပါ 📱

ကိုရီးယားကျောင်းလျှောက်တာနဲ့ ပတ်သက်တဲ့ Facebook Groups, Telegram Channels/Groups တွေကို Join ထားပြီး အချက်အလက်တွေကို ပုံမှန်လေ့လာပါ။

သူများတွေရဲ့ မေးခွန်းတွေ၊ အတွေ့အကြုံတွေ၊ ကျောင်းလျှောက်တဲ့ အခက်အခဲတွေကို ဖတ်ရှုရင်းနဲ့ ကိုယ်မသိသေးတဲ့အချက်တွေကို တဖြည်းဖြည်း နားလည်လာနိုင်ပါတယ်။

TikTok မှာလည်း ကိုရီးယားရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေက သူတို့ရဲ့ ကျောင်းဘဝ၊ နေထိုင်မှု၊ အလုပ်အကိုင်နဲ့ ကျောင်းလျှောက်အတွေ့အကြုံတွေ ကို မျှဝေကြပါတယ်။ ဒါတွေကလည်း လက်တွေ့အတွေ့အကြုံတွေကို သိရှိဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Social Media ပေါ်က အချက်အလက်တိုင်းကို ဒီအတိုင်း လွယ်လင့်တကူ မယုံကြည်သင့်ပါဘူး။

👉 Official Website / Official page တွေကို Follow ထားပါ။
👉 ကိုရီးယားသံရုံးနဲ့ သက်ဆိုင်ရာ Official Channel တွေကိုလည်း စောင့်ကြည့်ပါ။
👉 ကိုယ်လျှောက်မယ့် University ရဲ့ တရားဝင်ကြေညာချက်တွေကို ဦးစားပေးစစ်ဆေးပါ။

---

② ကိုယ့်ရဲ့ Application Timeline ကို ကိုယ်တိုင် သိထားပါ 📅

“ကျောင်းလျှောက်ဖို့ ဘယ်အချိန်မှာ ဘာလုပ်ရမလဲ?” ဆိုတာကို အစောကတည်းက သိထားဖို့ဟာ သိပ်ကို အရေးကြီးပါတယ်။

ဥပမာ—

📌 စာရွက်စာတမ်းတွေ စတင်ပြင်ဆင်မယ့်ရက်
📌 စာရွက်စာတမ်း Ready ဖြစ်မယ့်ရက်
📌 University Application Deadline
📌 Interview Date
📌 ကျောင်းလခ ပေးသွင်းရမယ့်ရက်
📌 Visa လျှောက်မယ့်အချိန်
📌 Korea ထွက်ခွာမယ့်အချိန်
📌 ကိုရီးယားပြည်ဝင်ရက်

စတာတွေကို ကိုယ်ပိုင် ပြက္ခဒိန်လေးတစ်ခု ဝယ်ထားပြီး သေချာ ရေးခြစ် မှတ်ထားပါ။

Deadline မလွတ်အောင် နောက်မကျအောင် ကြိုတင်ပြင်ဆင်ခြင်းက ကျောင်းလျှောက်တဲ့ လုပ်ငန်းစဉ်ကို အများကြီး ပိုချောမွေ့စေပါတယ်။

---

③ တစ်ရက်တည်းနဲ့ အကုန်နားလည်ဖို့ မကြိုးစားပါနဲ့ 📚

ကိုရီးယားကျောင်းလျှောက်တဲ့ Process မှာ အသုံးအနှုန်းတွေ၊ စာရွက်စာတမ်းတွေ၊ Visa နဲ့ ပတ်သက်တဲ့ အချက်အလက်တွေက အစပိုင်းမှာ နားလည်ရခက်ပြီး ရှုပ်ထွေးနိုင်ပါတယ်။

ဒါတွေကို တစ်ရက်၊ တစ်ပတ်အတွင်း အကုန်နားလည်အောင် ဖိအားပေးပြီး လေ့လာစရာမလိုပါဘူး။

နေ့တိုင်း ၅ မိနစ်၊ ၁၀ မိနစ်လောက် ပုံမှန်လေ့လာပါ။

ဒီနေ့ University Admission အကြောင်းဖတ်ပါ။
မနက်ဖြန် Visa အကြောင်းဖတ်ပါ။
နောက်တစ်နေ့မှာ စာရွက်စာတမ်းအကြောင်း လေ့လာပါ။

တဖြည်းဖြည်းနဲ့ ကိုရီးယားကျောင်းလျှောက်တဲ့ Process တစ်ခုလုံးကို ကိုယ်တိုင်နားလည်လာပါလိမ့်မယ်။

---

④ သူများအတွေ့အကြုံကို ကိုယ့်အတွက် 100% အတည်ယူမထားပါနဲ့ ⚠️

“သူက ဒီလိုလုပ်ပြီး အဆင်ပြေတယ်။ ဒါကြောင့် ငါလည်း ဒီလိုလုပ်ရင် ရမှာပဲ” ဆိုပြီး တစ်ထစ်ချ မယူဆသင့်ပါဘူး။

ကျောင်းသားတစ်ယောက်ချင်းစီရဲ့ Academic Background၊ အသက်၊ စာရွက်စာတမ်း၊ ငွေကြေးအခြေအနေ၊ Visa History စတဲ့ အခြေအနေတွေဟာ မတူနိုင်ပါဘူး။

Intake တစ်ခုနဲ့ တစ်ခုကလည်း အခြေအနေတွေက မတူပြန်ပါဘူး။

ဒါကြောင့် သူများအတွေ့အကြုံတွေကို ပုံတူကူးဖို့အတွက် မဟုတ်ဘဲ လေ့လာဖို့အတွက် အသုံးချပါ။

👉 “သူ့လိုပဲ ငါလည်းရရမယ်” လို့ တပ်အပ် မတွက်ထားပါနဲ့။

👉 “သူ့အတွေ့အကြုံထဲက ဘာတွေကို ငါလေ့လာနိုင်မလဲ” ဆိုတာကိုပဲ စဉ်းစားကြည့်ပါနော်။

---

⑤ Agency ကို ယုံကြည်ပါ၊ ဒါပေမယ့် ကိုယ်တိုင်လည်း သိထားပါ 🤝

Agency နဲ့အတူ လျှောက်ထားတယ်ဆိုရင် ပရော်ဖက်ရှင်နယ် အကူအညီတွေ ရရှိနိုင်ပြီး Process တွေကို ပိုမိုလွယ်ကူ၊ ချောမွေ့စွာ လုပ်ဆောင်နိုင်ပါတယ်။

ဒါပေမယ့် ကိုယ့်ရဲ့ Application နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အချက်တွေကို ကိုယ်တိုင်လည်း သိထားတာ အကောင်းဆုံးပါ။

Agency က ပြောတဲ့အချက်တွေ၊ Social Media က တွေ့တဲ့အချက်တွေ၊ သူများအတွေ့အကြုံတွေကို မျက်လုံးမှိတ် ယုံမယ့်အစား တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ပြီး လိုအပ်ရင် Official Source ကနေ Fact Check လုပ်ပါ။

ကဲ.. ကိုရီးယားသွားတော့မယ်ဆို
စောစောပြင်ဆင်ပါ။
Timeline ကို သတိထားပါ။
သူများအတွေ့အကြုံကို ဆင်ခြင်သုံးသပ်ပါ။
ကိုယ့်ရဲ့ Application ကို ကိုယ်တိုင်လည်း နားလည်ထားပါ။

ဒီလိုပြင်ဆင်ထားမှ Korea Study Journey ကို ပိုပြီးယုံကြည်မှုရှိရှိ စတင်နိုင်မှာပါ။ 💙

အသေးစိတ်သိရှိလိုပါက Sequoia World Myanmar ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

D-4-1 ဆိုတာ မြန်မာကျောင်းသားတွေ “D-4” လို့ အခေါ်များကြတဲ့ Korean Language Program အတွက် ထုတ်ပေးတဲ့ ကျောင်းသားဗီဇာအမျိုးအ...
14/08/2026

D-4-1 ဆိုတာ မြန်မာကျောင်းသားတွေ “D-4” လို့ အခေါ်များကြတဲ့ Korean Language Program အတွက် ထုတ်ပေးတဲ့ ကျောင်းသားဗီဇာအမျိုးအစား ဖြစ်ပါတယ်။

📌 ဗီဇာသက်တမ်း – အနည်းဆုံး ၆ လမှ အများဆုံး ၂ နှစ်အထိ
📌 ကိုရီးယားတက္ကသိုလ် Language Institute များတွင် တက်ရောက်ရပါမယ်
📌 TOPIK မလိုအပ်သော်လည်း Korean Basic ရှိထားရပါမယ်

---

📚 ဘာလို့ D-4-1 တက်ကြတာလဲ?

ကိုရီးယားမှာ Degree Program တက်မယ်ဆိုရင်
ဘာသာရပ်အများစုကို ကိုရီးယားလို သင်ကြပါတယ်။
ဒါကြောင့်—
✔️ Degree မတက်ခင် Language Foundation အနေနဲ့ တက်ကြတယ်
✔️ TOPIK Level ပြည့်မီအောင် ပြင်ဆင်ကြတယ်
✔️ တချို့ကတော့ Korean Language ကိုပဲ စိတ်ဝင်စားလို့ သီးသန့်တက်ကြတယ်

---

👨‍🎓 ဘယ်သူတွေ လျှောက်လို့ရလဲ?

✔️ စနစ်သစ် ၁၂တန်း / စနစ်ဟောင်း ၁၀တန်း အောင်မြင်ပြီးသူ
✔️ အသက်ကန့်သတ်ချက် အတိအကျမရှိထားပေမဲ့ ကျောင်းအလိုက် ကွာခြားနိုင်ပါတယ်။
🔹 တချို့အစိုးရကျောင်းတွေ – အသက် ၂၃\~၂၅ အထိသာ လက်ခံ
🔹 ပုဂ္ဂလိကကျောင်းများ – အသက် ၂၅ ကျော်လည်း လက်ခံနိုင်
အသက် ၂၅နှစ်အထက်လည်း D-4 လျှောက်လို့ မရတာတော့ မဟုတ်ပါဘူး။ တချို့ ပုဂ္ဂလိကကျောင်းတွေက လက်ခံပါတယ်။ ပုံမှန်ထက်တော့ ခက်ခဲနိုင်ပါတယ်။

---

📊 အထက်တန်းအမှတ် ကန့်သတ်ထားလား?

🔹 အစိုးရကျောင်းတချို့ – ၃၈၀ / ၃၉၀ အထက်လိုအပ်နိုင်ပါတယ်
🔹 ပုဂ္ဂလိကကျောင်းတွေကတော့ တစ်ကျောင်းတစ်ဂါထာဆိုသလို သူ့ကျောင်း သူ့ကန့်သတ်ချက်နဲ့ပဲ ဖြစ်ပါတယ်။
ချုံပြီးပြောရရင် အထက်တန်းအမှတ် ၃၀၀ ဝန်းကျင်ဆိုရင် ပုဂ္ဂလိကကျောင်းများစွာ လျှောက်နိုင်ပါတယ်။

---

⏳ Education Gap (Edu Gap)

Edu Gap ဆိုတာ နောက်ဆုံးပညာသင်ခဲ့တဲ့နှစ်ကနေ
လက်ရှိအထိ ပညာရေးနဲ့ ဝေးကွာခဲ့တဲ့ ကာလကို ဆိုလိုပါတယ်။
🔹 အစိုးရကျောင်း – ၃ နှစ်ထက် မကျော်ရတာမျိုး ရှိနိုင်
🔹 ပုဂ္ဂလိကကျောင်း – ၅ နှစ်ခန့်အထိ လက်ခံနိုင်
Gap များလာလေလေ Document Explanation ပိုအရေးကြီးလာပါတယ်။

---

🕒 စာသင်ချိန်

📅 တနင်္လာ – သောကြာ (တစ်ပတ် ၅ ရက်)
⏰ တစ်နေ့ ၄ နာရီ
📚 တစ်ပတ် ၂၀ နာရီ
📖 Semester တစ်ခု = ၁၀ ပတ် (စုစုပေါင်း ၂၀၀ နာရီ)
မနက်ခင်းအတန်း / ညနေအတန်း ဆိုပြီး ခွဲထားပါတယ်။

---

💰 ကျောင်းလခ

📌 Semester တစ်ခု – ဝမ် ၁၀ သိန်းမှ ၁၈ သိန်းဝန်းကျင် (ကျောင်းအလိုက် ကွာခြားနိုင်)
📌 တစ်နှစ် Semester လေးခုရှိ (Mar, Jun, Sep, Dec)
👉 တစ်နှစ်စာ ဝမ် သိန်း ၄၀ - ၇၀ ကျော်ခန့် ကြိုသွင်းရပါမယ်
(ကျောင်းအများစု တစ်နှစ်စာကြိုသွင်းစနစ် ဖြစ်ပါတယ်)

---

🏫 ဘယ်ကျောင်းတွေ ရွေးရမလဲ?

D-4အတွက် ကျောင်းရွေးတော့မယ်ဆိုရင်
✔️ မြို့
✔️ ကိုယ့်ဘတ်ဂျက်
✔️ အသက်
✔️ Education Gap
✔️ အထက်တန်းအမှတ်
အားလုံးကို ထည့်သွင်းစဉ်းစားရပါမယ်။

📌 ECU (Excellent Certified University) ကျောင်းများကို ဦးစားပေးရွေးချယ်ပါ။
၂၀၂၆ ခုနှစ်အတွက် D-4-1 လျှောက်လို့ရတဲ့ ECU ကျောင်းစုစုပေါင်း ၃၂ ကျောင်းရှိပါတယ်။
ဗီဇာပိုသေချာချင်ရင် VCL ချပေးတဲ့ ECUကျောင်းတွေကို ဦးစားပေးရွေးချယ်နိုင်ပါတယ်။

---

🎤 ကျောင်းဝင်ခွင့်အင်တာဗျူး ရှိလား?

ကျောင်းတော်တော်များများ အင်တာဗျူးရှိပါတယ်။
✔️ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်
✔️ ဘာလို့ ကိုရီးယားတက်ချင်တာလဲ
✔️ အခြေခံ Korean Conversation စတာတွေပဲ မေးတတ်ပြီး ခက်ခဲတဲ့ မေးခွန်းတွေ မေးလေ့မရှိပါဘူး။

🎓 Korea University ကတော့ စာရွက်စာတမ်းအခြေခံဆုံးဖြတ်တဲ့ စနစ်ကို အသုံးပြုတတ်ပါတယ်။

---

📉 အမှတ် ၃၀၀ အောက်ဆိုရင်ရော?

အမှတ်နည်းပေမဲ့ Korean Basic ရှိထားပြီး D-4 လျှောက်ချင်ရင်—
🎓 Konkuk University က အမှတ်မကြည့်တဲ့ထဲ ပါပါတယ်။
ဒါပေမဲ့—
✔️ ရေးဖြေစာမေးပွဲ ဖြေရမယ်
✔️ အောင်မှ အင်တာဗျူးဆက်ဖြေရမယ်
✔️ ရေးဖြေစာမေးပွဲက နည်းနည်းခက်နိုင်ပါတယ်
📌 TOPIK Level 2 ရှိရင် အင်တာဗျူးကို တိုက်ရိုက်ဖြေဆိုနိုင်ပါတယ်။

---

🔎 အရေးကြီးဆုံးက

D-4-1 လျှောက်တာ လွယ်သလို ထင်ရပေမဲ့ Reject ဖြစ်ရတဲ့ Case များလာပါတယ်။

တော်တော်များများ
🔹 Document Pattern တူနေခြင်း
🔹 Bank Statement Structure အားနည်းခြင်း
🔹 Edu Gap မရှင်းလင်းခြင်း
🔹 Study Plan မခိုင်မာခြင်း စတဲ့ စာရွက်စာတမ်း ပြင်ဆင်မှု အားနည်းတာကြောင့် ဗီဇာ Reject လည်း အဖြစ်များပါတယ်။

📩 ဒါကြောင့် D-4-1 လျှောက်ချင်သူများ Profile Free Assessment လုပ်ချင်ရင် “စခွိုင်ယာမြန်မာ” Page Messenger မှာ လာရောက် မေးမြန်းနိုင်ပါတယ်။

သင့်အိပ်မက်ကို စခွိုင်ယာနဲ့အတူ အကောင်အထည်ဖော်လိုက်ပါ။

\

𝐉𝐞𝐣𝐮 𝐓𝐨𝐮𝐫𝐢𝐬𝐦 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲𝐃-𝟐-𝟏 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐞 𝐃𝐞𝐠𝐫𝐞𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐒𝐨𝐜𝐢𝐚𝐥 𝐖𝐞𝐥𝐟𝐚𝐫𝐞 | 𝐂𝐚𝐫𝐞𝐠𝐢𝐯𝐞𝐫 𝐕𝐢𝐬𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐒𝐞𝐩𝐭 𝟐𝟎𝟐𝟔 𝐈𝐧𝐭𝐚𝐤𝐞တောင်ကိုရီးယ...
13/08/2026

𝐉𝐞𝐣𝐮 𝐓𝐨𝐮𝐫𝐢𝐬𝐦 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
𝐃-𝟐-𝟏 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐞 𝐃𝐞𝐠𝐫𝐞𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦
𝐒𝐨𝐜𝐢𝐚𝐥 𝐖𝐞𝐥𝐟𝐚𝐫𝐞 | 𝐂𝐚𝐫𝐞𝐠𝐢𝐯𝐞𝐫 𝐕𝐢𝐬𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦
𝐒𝐞𝐩𝐭 𝟐𝟎𝟐𝟔 𝐈𝐧𝐭𝐚𝐤𝐞

တောင်ကိုရီးယားနိုင်ငံ Jeju ကျွန်းပေါ်ရှိ အထင်ကရ Jeju Tourism University မှ D-2-1 (VCL) ရရှိခဲ့တဲ့ ကျောင်းသူလေးအတွက် Congratulations Post လေး တင်လိုက်ပါတယ်ဗျ။ 🇰🇷🎓💯

Jeju Tourism University မှာ D-2-1 Associate Degree Program အဖြစ် Social Welfare Major ကို တက်ရောက်သင်ယူပြီး ကိုရီးယားနိုင်ငံမှာ Caregiver အဖြစ် အလုပ်အကိုင်လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို ရရှိခဲ့ပါပြီ။ 👩‍🎓🇰🇷

Caregiver Visa Program ဟာ ပညာရေးပြီးဆုံးပြီးနောက် သက်ဆိုင်ရာ လိုအပ်ချက်များနှင့် အရည်အချင်းများကို ပြည့်မီပါက E-7-2 ဗီဇာလမ်းကြောင်းဖြင့် Caregiver အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်ရရှိနိုင်ရန် ရည်ရွယ်ထားတဲ့ Career-focused Program တစ်ခု ဖြစ်ပါတယ်။ 💼✨

𝙢𝙖𝙠𝙚 𝙙𝙧𝙚𝙖𝙢 𝙘𝙤𝙢𝙚 𝙩𝙧𝙪𝙚! 🏆

မိမိရဲ့ ရည်မှန်းချက်ကို ယုံကြည်မှုအပြည့်နဲ့ ကြိုးစားအားထုတ်ပြီး Jeju Tourism University မှာ ပညာသင်ကြားခွင့်အပြင် အနာဂတ်အလုပ်အကိုင်လမ်းကြောင်းအတွက်ပါ အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့တဲ့ ကျောင်းသူလေးအတွက် Sequoia World Myanmar မိသားစုမှ အထူးပင် ဝမ်းသာဂုဏ်ယူမိပါတယ်။ ❤️

Jeju Tourism University မှာ Social Welfare ဘာသာရပ်ကို အကောင်းဆုံးကြိုးစားသင်ယူပြီး Caregiver Career လမ်းကြောင်းမှာလည်း အောင်မြင်မှုများစွာ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🎓👩‍⚕️✈️🇰🇷
ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များသို့ D-2 (Degree)၊ D-4 (Language) အစရှိတဲ့ ပညာရေးလမ်းကြောင်းများအတွက် ကျောင်းဝင်ခွင့်မှစ၍ ဗီဇာအထိ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုများကို Sequoia World Myanmar (စခွိုင်ယာမြန်မာ) တွင် ယုံကြည်စိတ်ချစွာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 🤝❤️

📍 Sequoia World Myanmar Office:
No.2001, Block 103, Inno City Condo, South Okkalapa Township, Yangon.

𝐊𝐨𝐧𝐲𝐚𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲𝐃-𝟒-𝟏 𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐒𝐞𝐩𝐭 𝟐𝟎𝟐𝟔 𝐈𝐧𝐭𝐚𝐤𝐞တောင်ကိုရီးယားနိုင်ငံရဲ့ အလျင်မြန်ဆုံး တိုးတက်လာနေတဲ့ တက္...
12/08/2026

𝐊𝐨𝐧𝐲𝐚𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
𝐃-𝟒-𝟏 𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦
𝐒𝐞𝐩𝐭 𝟐𝟎𝟐𝟔 𝐈𝐧𝐭𝐚𝐤𝐞

တောင်ကိုရီးယားနိုင်ငံရဲ့ အလျင်မြန်ဆုံး တိုးတက်လာနေတဲ့ တက္ကသိုလ်များထဲမှ တစ်ခုဖြစ်တဲ့ Konyang University မှ D-4-1 (VCL) ရရှိခဲ့တဲ့ ကျောင်းသူလေးအတွက် Congratulation Post လေး တင်လိုက်ပါတယ်ဗျ။ 🇰🇷💯

၁၉၉၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားတွေရဲ့ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများနှင့် လက်တွေ့အသုံးချနိုင်တဲ့ ပညာရေးကို အလေးထားတဲ့ Konyang University မှာ Korean Language Program ကို တက်ရောက်ခွင့် ရရှိခဲ့ပါပြီ။ 🎓✨

𝙢𝙖𝙠𝙚 𝙙𝙧𝙚𝙖𝙢 𝙘𝙤𝙢𝙚 𝙩𝙧𝙪𝙚! 🏆

မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုများနှင့်အတူ ရည်မှန်းချက်ကြီးမားစွာဖြင့် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့ကြတဲ့ ကျောင်းသား/သူများအတွက် Sequoia World Myanmar မိသားစုမှ အထူးပင် ဝမ်းသာဂုဏ်ယူမိပါတယ်။ ❤️

Konyang University မှာ Korean Language ပညာရပ်များကို အကောင်းဆုံးကြိုးစားသင်ယူနိုင်ပြီး ကိုရီးယားနိုင်ငံမှာ ရည်မှန်းထားတဲ့ အနာဂတ်ပညာရေးနဲ့ အလုပ်အကိုင်လမ်းကြောင်းတွေကိုလည်း အောင်မြင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🎓✈️🇰🇷

ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များသို့ D-4 (Language) သို့မဟုတ် D-2 (Degree) သင်တန်းများအတွက် ကျောင်းဝင်ခွင့်မှစ၍ ဗီဇာအထိ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို Sequoia World Myanmar (စခွိုင်ယာမြန်မာ) တွင် ယုံကြည်စိတ်ချစွာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 🤝❤️

📍 Sequoia World Myanmar Office:
No.2001, Block 103, Inno City Condo, South Okkalapa Township, Yangon.

ကိုရီးယားနိုင်ငံမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား/သူ အများစုဟာ Seoul (ဆိုးလ်မြို့) ကို ဘာကြောင့် ပထမဦးစားပေ...
12/08/2026

ကိုရီးယားနိုင်ငံမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား/သူ အများစုဟာ Seoul (ဆိုးလ်မြို့) ကို ဘာကြောင့် ပထမဦးစားပေးအဖြစ် ရွေးချယ်ကြတာလဲ? 🤔🎓

ဆိုးလ်မြို့ဟာ ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်ရုံတင်မကဘဲ ကျောင်းသားတွေအတွက် အောက်ပါ အခွင့်အလမ်းများစွာ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ ဖြစ်လို့ပါပဲ -

🏫 တက္ကသိုလ်ကောင်းတွေ အများကြီးရှိလို့ – SNU, Yonsei, Korea University စတဲ့ ကမ္ဘာ့အဆင့်မီ ထိပ်တန်းတက္ကသိုလ်ကြီးများ တည်ရှိရာ မြို့ဖြစ်ပါတယ်။

🚌 သွားလာရလွယ်ကူလို့ – Subway နှင့် Bus ကွန်ရက်များ အလွန်ကောင်းမွန်တာကြောင့် မြို့တွင်း သွားလာရလွယ်ကူပါတယ်။

💼 အချိန်ပိုင်းအလုပ်ပေါလို့ – မြို့ကြီးဖြစ်တာနဲ့အမျှ ကျောင်းသားများအတွက် အချိန်ပိုင်းအလုပ် (Part-time job) အခွင့်အလမ်း ပိုမိုများပြားပါတယ်။

🎉 အနုပညာပွဲတွေနဲ့ စည်ကားပြီး၊ လည်စရာပတ်စရာ ပေါလို့ – K-Pop, ပွဲလမ်းသဘင်များနှင့် အပန်းဖြေစရာနေရာများ စုံလင်စွာ ရှိပါတယ်။

🤝 အနာဂတ်အတွက် အချိတ်အဆက်၊ အခွင့်အလမ်းတွေပေါလို့ – ဘွဲ့ရပြီးပါက ကုမ္ပဏီကြီးများတွင် အလုပ်အကိုင် အချိတ်အဆက် ရရှိနိုင်ခြေ ပိုမိုမြင့်မားပါတယ်။

ဆိုးလ်မြို့မှာရှိတဲ့ တက္ကသိုလ်များအကြောင်းနှင့် ကျောင်းလျှောက်ထားမှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို Sequoia World Myanmar သို့ လွတ်လပ်စွာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨

📞 Contact & Inquiries:
• Office: No. 2001, Block 103, Inno City Condo, S.Okkalapa Tsp, Yangon.
• Phone / Viber: 09-442036693

𝐊𝐨𝐫𝐞𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐃-𝟒-𝟏 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐒𝐞𝐩𝐭 𝟐𝟎𝟐𝟔 𝐈𝐧𝐭𝐚𝐤𝐞တောင်ကိုရီးယားရဲ့ ထိပ်တန်း Top 3 SKY Universities ထဲက တစ်ခုအပါအဝင...
11/08/2026

𝐊𝐨𝐫𝐞𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
𝐃-𝟒-𝟏 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦
𝐒𝐞𝐩𝐭 𝟐𝟎𝟐𝟔 𝐈𝐧𝐭𝐚𝐤𝐞

တောင်ကိုရီးယားရဲ့ ထိပ်တန်း Top 3 SKY Universities ထဲက တစ်ခုအပါအဝင် အထင်ကရ Korea University ကနေ D-4-1 (VCL)ရရှိခဲ့တဲ့ ကျောင်းသူလေးအတွက် Congratulation Post လေး တင်လိုက်ပါတယ်ဗျ။ 🇰🇷💯

၁၉၀၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ခိုင်မာတဲ့ ပညာရေးထုံးတမ်းစဉ်လာများ၊ ကမ္ဘာ့အဆင့်မီ Korean Language Center (KLC) စနစ်များဖြင့် ပြည့်စုံတဲ့ Korea University တွင် ပညာသင်ကြားခွင့် ရရှိခဲ့ပါပြီ။

𝙢𝙖𝙠𝙚 𝙙𝙧𝙚𝙖𝙢 𝙘𝙤𝙢𝙚 𝙩𝙧𝙪𝙚! 🏆
မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုများနှင့်အတူ ရည်မှန်းချက်ကြီးမားစွာဖြင့် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့ကြသည့် ကျောင်းသား/သူများအတွက် Sequoia World Myanmar မိသားစုမှ အထူးပင် ဝမ်းသာဂုဏ်ယူမိပါတယ်။ သမိုင်းဝင် Anam Campus ပေါ်တွင် ပညာရေးအစစအရာရာ တောက်ပပြီး အနာဂတ်လမ်းကြောင်းတိုင်း အောင်မြင်ချောမွေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🎓✈️

ကိုရီးယားနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်ကြီးများသို့ D-4 (Language) သို့မဟုတ် D-2 (Degree) သင်တန်းများအတွက် ကျောင်းဝင်ခွင့်မှစ၍ ဗီဇာအထိ ၁၀၀% ခိုင်မာစိတ်ချရသော ဝန်ဆောင်မှုများကို Sequoia World Myanmar (စခွိုင်ယာမြန်မာ) တွင် ယုံကြည်စိတ်ချစွာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 🤝❤️

📍 Sequoia World Myanmar Office:
No.2001, Block 103, Inno City Condo, South Okkalapa Township, Yangon.

Address

Yangon
11181

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Sequoia World Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share