မြန်မာအဘိဓာန်ကောက်နှုတ်ချက်

  • Home
  • Myanmar
  • Yangon
  • မြန်မာအဘိဓာန်ကောက်နှုတ်ချက်

မြန်မာအဘိဓာန်ကောက်နှုတ်ချက် Excerpt from Dictionary

တစ်ဖွဲ့လိုသုံးရင် မရလို့လားတစ်ပါးတည်း ဆိုတာက တစ်ပါတည်း ကိုဆိုတာလား
06/08/2026

တစ်ဖွဲ့လိုသုံးရင် မရလို့လား

တစ်ပါးတည်း ဆိုတာက တစ်ပါတည်း ကိုဆိုတာလား

01/08/2026

(က) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုဆိုသည်။

( ခ ) ဗဟိုကော်မတီဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဤဥပဒေအရ ဖွဲ့စည်းသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဆိုသည်။

( ဂ ) ဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ပြည်ထဲရေးဝန်ကြီးဌာနကိုဆိုသည်။

(ဃ) ဒေသဆိုင်ရာကော်မတီဆိုသည်မှာ ဗဟိုကော်မတီက ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မတီကို ဆိုသည်။

( င ) ဗဟိုဌာနဆိုသည်မှာ ဗဟိုကော်မတီက ဖွဲ့စည်းသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဗဟိုဌာန (Anti - Scam Centre) ကိုဆိုသည်။

( စ ) ဗဟိုဘဏ် ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုဆိုသည်။

(ဆ) အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် အင်တာနက်နှင့် နည်းပညာအသုံးပြု၍ လိမ်လည်လှည့်ဖြားလိုသောအကြံဖြင့် သူတစ်ဦးဦး၏ ငွေကြေးကိုဖြစ်စေ၊ အဖိုးတန်ပစ္စည်းကိုဖြစ်စေ လှည့်ဖြားရယူခြင်းကို ဆိုသည်။

( ဇ ) အချက်အလက် (Data) ဆိုသည်မှာ ကွန်ရက် သို့မဟုတ် ကွန်ပျူတာစနစ်တစ်ခုအတွင်းတွင် ပုံစံအမျိုးမျိုးဖြင့် သိမ်းဆည်းထားနိုင်သည့် အချက်အလက်ကိုဆိုသည်။

( ဈ ) ဘဏ်ငွေစာရင်း (Bank Account)ဆိုသည်မှာ သတင်းပို့အဖွဲ့အစည်းတစ်ရပ်ရပ်၏ ထုတ်ကုန် နှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆက်သွယ်ဆောင်ရွက်သူနှင့် သတင်းပို့အဖွဲ့ အစည်း အကြား ထူထောင်ထားရှိသည့် စီးပွားဆက်ဆံဆောင်ရွက်မှုကိုဆိုသည်။ ယင်းစကားရပ်တွင် တတိယပုဂ္ဂိုလ် သို့မဟုတ် တတိယကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက ၎င်းတို့ကိုယ်တိုင် သို့မဟုတ် ၎င်းတို့ကိုယ်စား စီးပွားဆက်ဆံဆောင်ရွက်မှုများအတွက် တိုက်ရိုက်ဆက်သွယ်၍ ပေးချေမှုကိုအသုံးပြုသည့် တစ်ဆင့်လက်ခံ ဘဏ်ငွေစာရင်းလည်းပါဝင်သည်။

(ည) ကြားခံဘဏ်ငွေစာရင်း (Mule Account) ဆိုသည်မှာ ရာဇဝတ်မှုကျူးလွန်ရာမှရရှိသော ငွေကြေးများကိုလွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်းသို့မဟုတ်ငွေကြေးခဝါချခြင်းပြုလုပ်နိုင်ရန်အတွက် မိမိ၏ဘဏ်ငွေစာရင်း အီလက်ထရောနစ်ဝေါလက် (E-wallet) သို့မဟုတ် ဆင်းကတ် (SIM CARD) ကို အခြားသူတစ်ဦးအား အသုံးပြုခွင့်ပေးထားခြင်း သို့မဟုတ် အငှားချထားခြင်း ကို ဆိုသည်။

( ဋ ) မိုဘိုင်းငွေကြေးစာရင်း (Mobile Financial Services Account) ဆိုသည်မှာ မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှုပေးသူက မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် အလို့ငှာ ဆက်သွယ်ဆောင်ရွက်သူ၏ ငွေကြေးတန်ဖိုးတစ်ရပ်ကို ထိုသူ၏ မိုဘိုင်းဖုန်းတွင် သိုမှီးပေးထားခြင်းကိုဆိုသည်။

( ဌ ) ဆက်သွယ်ရေးကွန်ရက်(Communication Network) ဆိုသည်မှာ စာသား၊ အသံ၊ ရုပ်ပုံ၊ ရုပ်သံဗီဒီယို သို့မဟုတ် အချက်အလက် (Data) တစ်ရပ်ရပ်ကို အီလက်ထရောနစ် နည်းလမ်းဖြင့် ပေးပို့ခြင်း၊ လက်ခံခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖလှယ်ခြင်းတို့ပြုလုပ်နိုင်ရန်အတွက် ကြိုးမဲ့စနစ်၊ ကြိုးသုံးစနစ်၊ အလင်းဖိုင်ဘာစနစ်၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ် သို့မဟုတ် အခြားလျှပ်စစ်သံလိုက်စနစ်တစ်ခုခုဖြင့် ချိတ်ဆက်ထားသောထိန်းချုပ်မှုစနစ်နှင့် အခြေခံအဆောက်အအုံကိုဆိုလိုသည်။ ယင်းစကားရပ်တွင် အများပြည်သူသုံး ဆက်သွယ်ရေး ကွန်ရက်၊ သီးသန့်ကွန်ရက်နှင့် အင်တာနက်ကွန်ရက်တို့လည်း အကျုံးဝင်သည်။

( ဍ ) လူမှုကွန်ရက် (Social Network) ဆိုသည်မှာ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အခြေပြု၍ အသုံးပြုသူက မိမိ၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် ဒီဂျစ်တယ် အကြောင်းအရာ (Digital Content)များကို ဖန်တီးခြင်း၊ လွှင့်တင်ခြင်း၊ ဖလှယ်ခြင်းနှင့် အခြားအသုံးပြုသူ များနှင့် အပြန်အလှန်ဆက်သွယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည့် အွန်လိုင်းအခြေပြု ဝန်ဆောင်မှု၊ ဝက်ဘ်ဆိုဒ်(website) သို့မဟုတ် ဆော့ဖ်ဝဲအပလီကေးရှင်း (Software Application) ကို ဆိုသည်။

( ဎ ) ဆက်သွယ်ရေးအော်ပရေတာ ဆိုသည်မှာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း အပါအဝင် နိုင်ငံတစ်ဝှမ်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးထားသော အော်ပရေတာများကို ဆိုသည်။

(ဏ) အင်တာနက်ဝန်ဆောင်မှုပေးသူ (Internet Service Provider - ISP) ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃ (ဒ) အရ လုပ်ငန်းလိုင်စင်ရယူ၍ အင်တာနက်ဝန်ဆောင်မှုပေးသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(က) ကြက်ခြေနီအမှတ်အသား ဆိုသည်မှာ အဖြူရောင်အောက်ခံပေါ်ရှိ အလယ် နေရာတွင် အလျားနှင့် အနံအတိုင်းအတာ တူညီသော အောက်ပါ ကြက်ခြေန...
23/07/2026

(က) ကြက်ခြေနီအမှတ်အသား ဆိုသည်မှာ အဖြူရောင်အောက်ခံပေါ်ရှိ အလယ် နေရာတွင် အလျားနှင့် အနံအတိုင်းအတာ တူညီသော အောက်ပါ ကြက်ခြေနီ အမှတ်အသားကို ဆိုသည်။

(ခ) လခြမ်းနီအမှတ်အသား ဆိုသည်မှာ . အဖြူရောင်အောက်ခံပေါ်ရှိ . အလယ် နေရာတွင် လခြမ်းနီ အမှတ်အသားပါရှိသော အောက်ပါ အမှတ်အသားကို ဆိုသည်။

(ဂ) ခရစ္စတယ်နီအမှတ်အသား ဆိုသည်မှာ အဖြူရောင်အောက်ခံပေါ်ရှိ အလယ် နေရာတွင် အနီရောင်ဘောင်ကွပ်ထားသော စတုရန်းပုံအမှတ်အသားသည် ယင်း၏ ထောင့်စွန်းပေါ်၌ ထောင်လျက်ရှိသည့် အောက်ပါအမှတ်အသားကို ဆိုသည်။

(ဃ) ကြက်ခြေဖြူအမှတ်အသား ဆိုသည်မှာ အနီရောင်အောက်ခံပေါ်ရှိ အလယ် နေရာတွင် အလျားနှင့် အနံ အတိုင်းအတာ တူညီသော အောက်ပါ အမှတ်အသားကို ဆိုသည်။

မိုးလေဝသနှင့် ဇလ​ဗေဒ"မိုးလေဝသ" ဟူသည့် မြန်မာဝေါဟာရကို မည်သူက မည်သည့်အချိန်၌ တိတိကျကျ စတင်တီထွင်ခဲ့သည် ဆိုသည့် အမည်နာမနှင...
14/07/2026

မိုးလေဝသနှင့် ဇလ​ဗေဒ

"မိုးလေဝသ" ဟူသည့် မြန်မာဝေါဟာရကို မည်သူက မည်သည့်အချိန်၌ တိတိကျကျ စတင်တီထွင်ခဲ့သည် ဆိုသည့် အမည်နာမနှင့် ခုနှစ်မှတ်တမ်းကိုမူ သမိုင်းအထောက်အထားများအရ ရှာဖွေရခက်ခဲပါသည်။ သို့သော် ဤစကားလုံးသည် ခေတ်သစ်မှ ရုတ်တရက် တီထွင်လိုက်သည့် စကားလုံးမဟုတ်ဘဲ မြန်မာ့ရိုးရာ ကျောက်စာ၊ လောကီပညာနှင့် စာပေအသုံးအနှုန်းများမှတစ်ဆင့် ခေတ်အဆက်ဆက် ရွေးချယ်အသုံးပြုရင်း အတည်ဖြစ်လာခဲ့သည့် ဝေါဟာရ ဖြစ်ပါသည်။

မြန်မာ့သမိုင်းနှင့် စာပေအထောက်အထားများအရ "မိုးလေဝသ" ဖြစ်တည်လာပုံကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် -

၁။ ဝေါဟာရ၏ အခြေခံ (ပါဠိသက် မြန်မာစကား)
"မိုးလေဝသ" ဟူသည့် စကားလုံးတွင် "မိုး" နှင့် "လေ" မှာ သဘာဝဖြစ်စဉ်ကို ပြသည့် မြန်မာစကားစစ်စစ်ဖြစ်ပြီး "ဝသ" မှာ ပါဠိဘာသာစကား ဖြစ်ပါသည်။
• ပါဠိလို "ဝဿ" (Vassa) သို့မဟုတ် "ဝသ" ၏ အဓိပ္ပာယ်မှာ "မိုးရွာခြင်း" (သို့မဟုတ်) "ဝါတွင်းကာလ/မိုးရာသီ" ဟု အဓိပ္ပာယ်ရပါသည်။
• ရှေးမြန်မာလူကြီးများသည် ပါဠိနှင့် မြန်မာစကားကို တွဲစပ်ပြီး (မိုး + လေ + ဝဿ) ဟု သုံးနှုန်းရာမှ "မိုးလေဝသ" ဟူ၍ အသံထွက်လွယ်ကူသော စကားလုံး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

၂။ သမိုင်းဦးနှင့် ကုန်းဘောင်ခေတ်ဦး အထောက်အထားများ
မြန်မာနိုင်ငံတွင် ရာသီဥတုကို ရှေးယခင်ကတည်းက စောင့်ကြည့်ခဲ့ကြပြီး ပုဂံခေတ် ကျောက်စာများမှစ၍ ကုန်းဘောင်ခေတ်အထိ "မိုးလေဝသ" ဟူသည့် စကားလုံးထက် အောက်ပါစကားလုံးများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း တွေ့ရသည် -
• မိုးလေဝါသ - ကုန်းဘောင်ခေတ် အမိန့်တော်ပြန်တမ်းများနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ မှတ်တမ်းများတွင် "မိုးလေဝါသ ညီညွတ်မျှတစေရန်" ဟူ၍ သုံးနှုန်းခဲ့ကြသည်။
• ဥတုဘောဇန - ရာသီဥတု ပြောင်းလဲမှုကို ဖော်ပြရာတွင် သုံးသည်။
• မိုးရွာခြင်း၊ လေတိုက်ခြင်း ကိစ္စရပ်များ - ရှေးဗေဒင်နှင့် လောကီကျမ်းများ (ဥပမာ - နက္ခတ်ကျမ်း၊ မာဃဒေဝလင်္ကာသစ်) တို့တွင် "မိုးလေဝသ" ဟူသော စကားလုံးထက် နဂါးလှည့်ပုံ၊ ဖားအော်ပုံ၊ မိုးကြိုးဆွဲပုံ စသည့် သဘာဝနိမိတ်များကိုသာ တိုက်ရိုက် သုံးနှုန်းလေ့ရှိသည်။

၃။ ခေတ်သစ် "မိုးလေဝသ" ဝေါဟာရ အတည်ဖြစ်လာချိန်
အင်္ဂလိပ်ဘာသာဖြင့် "Meteorology" ဟူသည့် သိပ္ပံပညာရပ်ကို မြန်မာဘာသာသို့ ပြန်ဆိုရန် ကြိုးပမ်းကြသည့် ဗြိတိသျှခေတ် (၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုဦး) တွင် ဤစကားလုံးကို ရုံးသုံး၊ ကျောင်းသုံးအဖြစ် စတင်အတည်ပြုခဲ့ကြဟန် တူပါသည်။

• မြန်မာစာအဖွဲ့၏ သတ်မှတ်ချက် - မြန်မာစာအဖွဲ့ (Myanmar Language Commission) ၏ ဖွင့်ဆိုချက်အရ "မိုးလေဝသ" ဆိုသည်မှာ “မိုးရွာခြင်း၊ လေတိုက်ခြင်းစသော ရာသီဥတုအခြေအနေ” ဟု အတည်ပြု ပြဋ္ဌာန်းထားပါသည်။

• ဌာနဆိုင်ရာ အသုံးအနှုန်း - မြန်မာနိုင်ငံတွင် ခေတ်သစ်မိုးလေဝသတိုင်းတာခြင်း လုပ်ငန်းများကို ၁၉ ရာစုနှောင်းပိုင်း (အင်္ဂလိပ်ခေတ်) ကတည်းက စစ်တွေနှင့် ရန်ကုန်တို့တွင် စတင်ခဲ့သော်လည်း၊ ၁၉၄၇ ခုနှစ် လွတ်လပ်ရေး မတိုင်မီကာလတွင်မှ "မိုးလေဝသဌာန" (Department of Meteorology) ဟူ၍ တရားဝင် ဝေါဟာရအဖြစ် သတ်မှတ်သုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။

========= ဆက်လက်တင်ပေးသွားမည့် စာစု =========

"Weather forecasts change frequently because of the dynamic nature of Earth's atmosphere."
(ကမ္ဘာ့လေထုရဲ့ တက်ကြွလှုပ်ရှားပြောင်းလဲနေတဲ့ သဘာဝကြောင့် မိုးလေဝသခန့်မှန်းချက်တွေဟာ ခဏခဏ ပြောင်းလဲနေတာ ဖြစ်ပါတယ်။)

“ဇလဗေဒ” ဟူသည့် ဝေါဟာရအဓိပ္ပာယ်
“ဇလဗေဒ” ဆိုသည်မှာ အင်္ဂလိပ်ဘာသာဖြင့် Hydrology ဟု ခေါ်ဆိုပြီး ပါဠိသက် မြန်မာစကားလုံး နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။

"ဇလ" ရေ (Water) ဟု အဓိပ္ပာယ်ရပါသည်။
"ဗေဒ" အတတ်ပညာ သို့မဟုတ် သိပ္ပံပညာရပ် (Science/Knowledge) ဟု အဓိပ္ပာယ်ရပါသည်။

ထို့ကြောင့် ဇလဗေဒ (Hydrology) ဆိုသည်မှာ “ကမ္ဘာမြေပြင်ပေါ်၊ မြေအောက်နှင့် လေထုထဲတွင်ရှိသော ရေ၏ ဖြစ်တည်မှု၊ လှည့်ပတ်စီးဆင်းမှု၊ ပြန့်နှံ့မှုနှင့် ၎င်းတို့၏ ဂုဏ်သတ္တိများကို သိပ္ပံနည်းကျ လေ့လာသည့် ပညာရပ်” ဖြစ်ပါသည်။

Credit Win Naing

ခုတင်
14/07/2026

ခုတင်

ဆန်အဆင့်အတန်းခွဲခြားရာတွင် အသုံးပြုသည့်အသုံးအနှုန်းများဆန်၁။ ဆန်ဆိုသည်မှာ ရုက္ခဗေဒအမည် Oryza sativa L... ဟုခေါ်သည့်စပါးမ...
23/05/2026

ဆန်အဆင့်အတန်းခွဲခြားရာတွင် အသုံးပြုသည့်အသုံးအနှုန်းများ

ဆန်

၁။ ဆန်ဆိုသည်မှာ ရုက္ခဗေဒအမည် Oryza sativa L... ဟုခေါ်သည့်စပါးမျိုးမှ ရရှိသော ဆန်နှင့် ဆန်ကွဲများကို ဆိုလိုသည်။

စပါးစေ့

၂။ စပါးစေ့ဆိုသည်မှာ ရိတ်သိမ်းခြွေလှေ့ပြီး ရရှိသောအခွံပါစပါးစေ့ကို ဆိုလိုသည်။

ဆန်လုံးညို (လုံးတီးဆန်)

၃။ ဆန်လုံးညို (လုံးတီးဆန်) ဆိုသည်မှာ စပါးခွံကို ဖယ်ရှားပြီး ရရှိလာသော ဆန်သားကို ဆိုလိုသည်။ အခွံချွတ်ခြင်းနည်းစဉ်များကြောင့်ဖြစ်စေ၊ ကိုင်တွယ်မှုကြောင့်ဖြစ်စေ ဖွဲနုလွှာ ပွန်းပဲ့မှု အနည်းအကျဉ်း ရှိနိုင်သည်။

ကြိတ်ဖွပ်ထားသောဆန်

၄။ ကြိတ်ဖွပ်ထားသောဆန် ဆိုသည်မှာ ကြိတ်ဖွပ်ခြင်းကြောင့် ဖွဲနုလွှာအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းနှင့် မျိုးဗီဇလွှာ (germ) ဖယ်ပြီးသော ဆန်ကို ဆိုလိုသည်။

ဆန်လုံးပြည့်

၅။ ဆန်လုံးပြည့် ဆိုသည်မှာ ကျိုးပဲ့မှုမရှိသော လုံးပြည့်ဆန်စေ့နှင့် ကျိုးပဲ့မှုမရှိသောဆန်စေ့ များ၏ ပျမ်းမျှအလျား ဆယ်ပုံကိုးပုံနှင့်အထက်ရှိသောဆန်ကို ဆိုလိုသည်။

ဆန်သား

၆။ ဆန်သားဆိုသည်မှာ ဆန်လုံးပြည့်၏ ပျမ်းမျှအလျားအောက်ရောက်ပြီး ဆန်ကွဲ အလျားထက် ကျော်လွန်သောဆန်ကို ဆိုလိုသည်။

ဆန်ကွဲကြီး

ဆန်ကွဲကြီးဆိုသည်မှာ ဆန်သားအလျား၏အောက် ဆန်ကွဲလတ်အလျား၏အထက် ကျော်လွန်သော ဆန်၏ အစိတ်အပိုင်းကို ဆိုလိုသည်။ ဆန်ကွဲအမှတ်(၁) ထက်ကြီးသော ဆန်ကွဲ ဖြစ်သည်။

ဆန်ကွဲလတ်

၈။ ဆန်ကွဲလတ်ဆိုသည်မှာ ဆန်ကွဲကြီးအလျား၏ အောက် ဆန်ကွဲသေးအလျား၏ ထက် ကျော်လွန်သော ဆန်၏အစိတ်အပိုင်းကို ဆိုလိုသည်။ ဆန်ကွဲလတ်တွင် ဆန်လုံးပြည့် ပျမ်းမျှအလျား၏ တစ်ဝက်နှင့်အောက် သို့မဟုတ် လေးပုံတစ်ပုံ ထက်ကြီးသော ဆန်ကွဲလည်း ပါဝင် သည်။ ဆန်ကွဲအမှတ် (၁) နှင့် ဆန်ကွဲအမှတ် (၂) တို့ အချိုးကျ ပါဝင်သည်။

ဆန်ကွဲသေး

၉။ ဆန်ကွဲသေး ဆိုသည်မှာ ဆန်၏ အစိတ်အပိုင်းဖြစ်ပြီး ဆန်ကွဲလက်အလျား၏ အောက် အချင်း ၁.၄ မီလီမီတာ (ဆန်ခါ နံပါတ် ၆) ရှိ အပေါက်ဝိုင်းပါ သံဆန်ခါပေါ်တွင် တင်ကျန်ရစ်သည့် ဆန်ကွဲကို ဆိုလိုသည်။ ဆန်ကွဲအမှတ်(၂)၊ ဆန်ကွဲအမှတ်(၃) နှင့် ဆန်ကွဲအမှတ်(၄) တို့ အချိုးကျ ပါဝင်သည်။

အစိုဓာတ်

၁၀။ အစိုဓာတ်ဆိုသည်မှာ ဆန်အတွင်း၌ပါဝင်သော ရေဓာတ်ပမာဏကို ဆိုလိုပြီး၊ စံဖြင့်တိုက် ကြည့်စစ်ဆေးထားသည့် အစိုဓာတ်တိုင်းကိရိယာဖြင့် တိုင်းတာပြီးရာခိုင်နှုန်းဖြင့် ဖော်ပြခြင်းကို ဆိုလိုသည်။ စံဖြင့်တိုက်ကြည့်စစ်ဆေးထားသည့် အစိုဓာတ်တိုင်း ကိရိယာဆိုသည်မှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သို့မဟုတ် အခြားသတ်မှတ်ထားသည့်ဓာတ်ခွဲခန်းများက စံဖြင့်တိုက်ကြည့် စစ်ဆေးထားသည့် ကိရိယာကို ဆိုလိုသည်။

ဆန်နီကြောင်းဆွဲဆန် (အနီစင်းကြောင်းပါသောဆန်)

၁၁။ ဆန်နီကြောင်းဆွဲဆန် ဆိုသည်မှာ ဆန် သို့မဟုတ် ဆန်ကွဲအလွှာ၏တစ်ဝက် သို့မဟုတ် ယင်းထက်ကျော်လွန်သော အလျားရှိ ဆန်နီကြောင်းများ ပါရှိနေသော်လည်း ယင်းဆန်နီကြောင်း များ ဖုံးလွှမ်းနေသော မျက်နှာပြင် ဧရိယာသည် ဆန် သို့မဟုတ် ဆန်ကွဲ စုစုပေါင်း မျက်နှာပြင် ဧရိယာ၏ လေးပုံတစ်ပုံ အောက်ရှိသည့် ဆန်ကို ဆိုလိုသည်။

ဆန်နီ

၁၂။ ဆန်နီဆိုသည်မှာ ဆန် သို့မဟုတ် ဆန်ကွဲ မျက်နှာပြင်ဧရိယာ၏ လေးပုံတစ်ပုံကျော်ခန့် အနီရောင်ရှိသော အလွှာတစ်ခု ဖုံးလွှမ်းနေခြင်းကို ဆိုလိုသည်။

မြေဖြူရောင်ဆန်

၁၃။ မြေဖြူရောင်ဆန်ဆိုသည်မှာ ဆန် သို့မဟုတ် ဆန်ကွဲများတွင် မျက်နှာပြင်ဧရိယာ၏ အနည်းဆုံး လေးပုံသုံးပုံခန့်ကို အဖြူနှစ်သဏ္ဌာန် ဖုံးလွှမ်းနေခြင်းကို ဆိုလိုသည်။ မြေဖြူရောင် ဆန်စေ့တွင် အလျား သုံးပုံနှစ်ပုံနှင့် အနံ သုံးပုံတစ်ပုံ ထက်ပိုပြီး ဗိုက်သားအဖြူရောင်ရှိသည့် ဆန်များလည်း ပါဝင်သည်။ သဘာဝမျိုးရိုးဗီဇအရ အလင်းမပေါက်ဘဲ မြေဖြူရောင်ဆန်ကဲ့သို့ ဖြစ်နေသော ပေါ်ဆန်းဆန်နှင့် ကောက်ညှင်းဆန်ကဲ့သို့ ဆန်မျိုးများ မပါဝင်ပါ။

အပူဓာတ်လွန်ကဲမှုကြောင့် အရောင်ပြောင်းသွားသည့်ဆန်

၁၄။ အပူဓာတ်လွန်ကဲမှုကြောင့် အရောင်ပြောင်းသွားသည့် ဆန်ဆိုသည်မှာ အပူဓာတ်ကြောင့် မူလအရောင်ပြောင်းသွားသော ဆန်လုံးပြည့် သို့မဟုတ် ဆန်ကွဲကို ဆိုလိုသည်။ ဆန်ဝါပေါက် ငနသော ဆန်လုံးပြည့်နှင့် ဆန်ကွဲ သို့မဟုတ် ရောနှောနေသော ပေါင်းဆန်များလည်း ပါဝင်သည်။

ဆန်ပျက်

၁၅။ ဆန်ပျက်ဆိုသည်မှာ အစိုဓာတ်၊ ပိုးမွှားရောဂါနှင့် အခြားအကြောင်းတရားများငကြောင့် သိသာထင်ရှားစွာ ပျက်စီးနေသော ဆန်နှင့် ဆန်ကွဲကို ဆိုလိုသည်။ သို့သော် အပူဓာတ်လွန်ကဲမှုကြောင့် အရောင်ပြောင်းသွားသည့် ဆန်နှင့် ဆန်ကွဲတို့ မပါဝင်ပါ။

ဆန်ဝါ

၁၆။ ဆန်ဝါဆိုသည်မှာ သဘာပပတ်ပန်းကျင်အခြေအနေတွင် အစိုဓာတ်နှင့် အပူချိန်အကျိုး ဆက်ကြောင့် ဆန်နှင့် ပေါင်းဆန်တွင် ဆန်၏တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ ဆန်လုံးပြည့် တစ်ခုလုံးသော်လည်းကောင်း မူလအရောင်မှ အဝါရောင် သို့မဟုတ် အဝါရောင်သန်းနေသည့် ဆန်ကို ဆိုလိုသည်။

အရောင်မညီဆန်

၁၇။ အရောင်မညီဆန်ဆိုသည်မှာ ပေါင်းဆန်တွင် အဝါဖျော့ရောင်၊ အဝါရောင်နှင့် လိမ္မော် ရောင်များ ရောနှောနေသော ဆန်ကို ဆိုလိုသည်။

အမည်းရောင်ဆန်(Black Kernel)

၁၈။ အမည်းရောင်ဆန်ဆိုသည်မှာ ပေါင်းဆန်တွင် အမည်းရောင်ရှိသော ဆန်သာမက အညိုရင့်ရောင်ရှိသော ဆန်များလည်း ပါဝင်ခြင်းကို ဆိုလိုသည်။

တစ်စိတ်တစ်ပိုင်းအမည်းရောင်ရှိသောဆန်

၁၉။ တစ်စိတ်တစ်ပိုင်းအမည်းရောင်ရှိသောဆန်ဆိုသည်မှာ ပေါင်းဆန်တွင် ဆန်စေ့အမည်းရောင် မဟုတ်ဘဲ ဆန်စေ့၏ လေးပုံတစ်ပုံနှင့်အထက် အမည်းရောင်ရှိသော ဆန်ကို ဆိုလိုသည်။

ရောင်ပျက်ဆန်

၂၀။ ရောင်ပျက်ဆန်ဆိုသည်မှာ ပေါင်းဆန်တွင် ဆန်စေ့မျက်နှာပြင်၏ လေးပုံတစ်ပုံအောက်အား အမည်းရောင် သို့မဟုတ် အညိုရင့်ရောင် စွန်းထင်းနေသောဆန်ကို ဆိုလိုသည်။

မကျက်တကျက်ပေါင်းဆန်

၂၁။ မကျက်တကျက်ပေါင်းဆန်ဆိုသည်မှာ ပေါင်းဆန်နှင့် ပေါင်းဆန် ဆန်ကွဲတွင် ကစီဓာတ်ကို အပြည့်အဝဖြိုခွဲနိုင်ခြင်း မရှိသောကြောင့် ဖြစ်ပေါ်လာသော အဖြူရောင် သို့မဟုတ် မြေဖြူ ရောင် ထင်ထင်ရှားရှားဖြစ်နေသော ဆန်ကို ဆိုလိုသည်။

လုံးပိန်လုံးညှက်ဆန်

၂၂။ လုံးပိန်လုံးညှက်ဆန် ဆိုသည်မှာ ကောင်းစွာ ဖွံ့ဖြိုးမှုမရှိသော ဆန်ကို ဆိုလိုသည်။

ဆန်နှင့်မသက်ဆိုင်သောပစ္စည်းများ

၂၃။ ဆန်နှင့်မသက်ဆိုင်သောပစ္စည်းများဆိုသည်မှာ ဆန်မှလွဲ၍ ဖုန်၊ သဲ၊ ခဲ၊ အမှိုက်၊ စပါးခွံ၊ ဆန်ပိုးအမျှင်များ၊ ကောက်ရိုးမျှင်များ၊ ပိုးကောင်အသေများ၊ ဆန်မဟုတ်သည့် အခြားသော အစေ့အဆံများနှင့် အပင်အစိတ်အပိုင်းများ စသည်တို့ကို ဆိုလိုသည်။

မျိုးကွဲဆန်

၂၄။ မျိုးကွဲဆန် ဆိုသည်မှာ ဆန်အမျိုးအစားတစ်မျိုးတွင် ရောနှောနေသည့် အမျိုးအစား မတူသော ဆန်ကို ဆိုလိုသည်။

ဖွဲနု

၂၅။ ဖွဲနု ဆိုသည်မှာ ဆန်အား ကြိတ်ဖွပ်ရာမှထွက်လာသော အညိုရောင်အခွံမာ(ဖွဲအလွှာ)နှင့် အချို့သော ကစီဓာတ်အလွှာကို ဆိုလိုသည်။

21/05/2026

အမရပူရမြို့ (တောင်မြို့) မဟာဂန္ဓာရုံကျောင်းတိုက်၊ ဘာသာဋီကာဆရာတော် အရှင်ဇနကာဘိဝံသ (၁၉ဝဝ - ၁၉၇၇) ရေးသား စီရင်တော်မူသော ကျမ်းစာအမျိုးမျိုးသည် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မူပိုင်ဖြစ်သည်။

မူမှန်ပြက္ခဒိန်​ရောင်းချမည်
17/05/2026

မူမှန်ပြက္ခဒိန်​ရောင်းချမည်

ပြည်​ထောင်စုလွှတ်​တော်နိုင်ငံ​တော်သမ္မတရုံး​​တော်တရားလွှတ်​တော်ချုပ်ဥပ​ဒေပြု​ရေး၊ အုပ်ချုပ်​ရေး၊ တရားစီရင်​ရေးမဏ္ဍိုင် သ...
06/05/2026

ပြည်​ထောင်စုလွှတ်​တော်

နိုင်ငံ​တော်သမ္မတရုံး​​တော်

တရားလွှတ်​တော်ချုပ်

ဥပ​ဒေပြု​ရေး၊ အုပ်ချုပ်​ရေး၊ တရားစီရင်​ရေးမဏ္ဍိုင် သုံးရပ် အ​​ခြေစိုက်ရာရုံး​ အမည်များ

မော်ကွန်းစာပေမော်ကွန်းစာအလင်္ကာဆိုသည်မှာ နောင်လာနောက်သားများ အစဉ် အဆက်မှတ်သားနိုင်စေရန် ထိုခေတ်ထိုကာလအတွင်း မျက်မြင် ကြာ...
30/04/2026

မော်ကွန်းစာပေ

မော်ကွန်းစာအလင်္ကာဆိုသည်မှာ နောင်လာနောက်သားများ အစဉ် အဆက်မှတ်သားနိုင်စေရန် ထိုခေတ်ထိုကာလအတွင်း မျက်မြင် ကြားသိရ တွေ့ဆုံခဲ့ရသော ကိစ္စရပ်များကို မှတ်တမ်းတင် ရေးသား ထားသော စာပေအမျိုးအစားဖြစ်ပေသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မြန်မာအဘိဓာန်ကောက်နှုတ်ချက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share