Bright Future Additional Needs Learning Center

Bright Future Additional Needs Learning Center Never Ever Giveup

အထူးလိုအပ်ချက်ရှိသောကလေးငယ်များအတွက်နေ့စဥ်တစ်ကိုယ်ရည်လုပ်ဆောင်ရမည်များကို အိမ်မှာပင်မိဘအုပ်ထိန်းသူများမှလေ့ကျင့်ပေးနိုင်...
23/08/2026

အထူးလိုအပ်ချက်ရှိသောကလေးငယ်များအတွက်နေ့စဥ်တစ်ကိုယ်ရည်လုပ်ဆောင်ရမည်များကို အိမ်မှာပင်မိဘအုပ်ထိန်းသူများမှလေ့ကျင့်ပေးနိုင်စေရန်အတွက် Bright Future Learning Centerကျောင်း၏ကျောင်းအုပ်ဆရာမကြီးဒေါ်ရီမာတင်မှသင်ကြားပို့ချပေးမည့်အစီအစဥ်ကိုမိဘများဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်....

မိမိကိုယ်ကို အားကိုးနိုင်တဲ့ ကလေးငယ်ရဲ့ တိုးတက်မှုတိုင်းဟာ မိဘတွေရဲ့ အကြီးမားဆုံး ဝမ်းမြောက်ခြင်းပါပဲ" 🌟

အထူးလိုအပ်ချက်ရှိသော သားသားမီးမီးတို့ကို သွားတိုက်၊ ရေချိုး၊ အဝတ်အစားဝတ်တာကနေ အိမ်သာတက်တာအထိ နေ့စဉ် တစ်ကိုယ်ရေလုပ်ဆောင်မှုတွေကို မိမိဘာသာ စနစ်တကျ ပြုလုပ်နိုင်အောင် လေ့ကျင့်ပေးချင်ပါသလား။ 👶✨

Moe Sun Pan (Home for Children with Special Needs) မှ ကြီးမှူးဆောင်ရွက်မယ့် မိဘ/အုပ်ထိန်းသူများအတွက် သီးသန့်ရည်ရွယ်ပြီး ထိရောက်တဲ့ လေ့ကျင့်သင်ကြားရေး နည်းလမ်းတွေကို လက်တွေ့ကျကျ မျှဝေပေးမယ့် online သင်တန်းလေး လာပါပြီ။

💡 သင်တန်းမှာ ဘာတွေပါဝင်မလဲ။

✅ နေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် စားသောက်/ဝတ်ဆင်မှု လေ့ကျင့်ပေးနည်းများ အဆင့်လိုက် လွယ်ကူစွာ သင်ကြားပေးနည်း (Task Analysis)
✅ ရုပ်ပုံအထောက်အကူပြု ကိရိယာများ အသုံးပြုနည်း (Visual Schedules)
✅ ကလေးငယ် ပူးပေါင်းပါဝင်လာစေမည့် ချီးမွမ်း/ဆုပေးနည်းစနစ်များ

📅 သင်တန်းရက်: ( 29 & 30 August, 2026) (Saturday & Sunday)

⏰ အချိန်: 7:00. to 9:00 PM MMT

💻 သင်တန်းပုံစံ: Zoom Online Class

💰 သင်တန်းကြေး: Pay What You Can
ဒီTrainingတွက် Registration fees ကို သတ်မှတ်ထားတာမျိုးမရှိပဲ "မိမိတတ်နိုင်တဲ့ ပမာဏနဲ့ ကိုယ်တိုင်ပါဝင်အားဖြည့်ခြင်း" ဆိုတဲ့ တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးကို ဖော်ဆောင်ချင်တာကြောင့် "Pay What You Can" နဲ့ပဲ မိမိတတ်နိုင်သလောက်ပါဝင်တက်ရောက်လို့ရပါတယ်။

📲 စာရင်းပေးသွင်းရန်: https://forms.gle/DCJ5UVh34Lr5nwR79

ထက်ပြီးစုံစမ်းလိုသည်များရှိပါက

✅Page Messenger သို့မဟုတ်
✅ဖုန်း: 09765175323

သို့ဆက်သွယ် နိုင်ပါတယ်။

နေရာဦးရေ ကန့်သတ်ထားပါသည်။




21/08/2026

🎶 Today’s Music Time!🎶

သီချင်းသံလေးများ၊လှုပ်ရှားမှုလေးများဖြင့် ပျော်ရွှင်စရာ အချိန်လေးကို ဖြတ်သန်းခဲ့ကြပါတယ်။ 💕🌈


20/08/2026

တိပ်ဖြင့်ကပ်ထားသောStickများကို လက်ချောင်းလေးများဖြင့်ခွာယူကာ
ခုံအောက်ထဲတွင်လေးဘက်ထောက်သွား၍ သတ်မှတ်ထားသောဘူးထဲသို့ထည့်ပေးရ
သည့်Activityလေးဖြစ်ပါတယ်။

⭐Fine Motor
⭐Gross Motor
⭐Attention&Following instruction
⭐Body Awareness
⭐Motor Planning စွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါတယ်။


ပျော်ရွှင်စွာ ကစားရင်း သင်ယူကြမယ် 🎨🌈
14/08/2026

ပျော်ရွှင်စွာ ကစားရင်း သင်ယူကြမယ် 🎨🌈



13/08/2026

Bright Future ကျောင်းမှသားငယ် သမီးငယ်များတို့၏မိဘများနှင့်အုပ်ထိန်းသူများသိစေရန်အထူးသတိပေးမေတ္တာရပ်ခံအပ်ပါသည်......
ယခုရန်ကုန်မြို့ရှိမြို့နယ်အတော်များများတွင် ကလေးငယ်များဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်းများဖြစ်ပေါ်နေကြပြီး အသက်ဆုံးရှူံးသည်အထိပြင်းထန်နေကြောင်းကြားသိရပါသောကြောင့် မိမိတို့၏ကလေးငယ်များကိုယ်နွေးခြင်း၊ ဖျားနာခြင်း၊ ဝမ်းသွားခြင်းများဖြစ်နေပါက ကျောင်းသို့ လုံးဝ (လုံးဝ) မလာရောက်ကြပဲအိမ်တွင်သာအနားယူ ၍သက်ဆိုင်ရာဆရာဝန်များ၏ညွှန်​ကြားကုသမှုကိုခံယူကြပါရန်အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။
Bright Future
Management Team

11/08/2026

🎣 Color Fishing & Color Matching Activity

🎣 Color Fishing & Color Matching Activityရောင်စုံငါးလေးများကိုတုတ်ချောင်းဖြင့်ဆွဲယူကာ အရောင်တူရာခွက်အတွင်းသို့ခွဲခြားထည့...
10/08/2026

🎣 Color Fishing & Color Matching Activity
ရောင်စုံငါးလေးများကိုတုတ်ချောင်းဖြင့်ဆွဲယူကာ အရောင်တူရာခွက်အတွင်းသို့ခွဲခြားထည့်ပေးရသောActivityလေးဖြစ်ပါတယ်
-Colour Recognition အရောင်များခွဲခြားသိမြင်နိုင်လာခြင်း၊
- Colour Matching & sorting တူညီသောအရောင်များကိုရွေးချယ်ရ်ျ အုပ်စုခွဲထုတ်နိုင်လာခြင်း၊
- Fine Motor လက်ချောင်းကြွက်သားများသန်မာလာခြင်း၊
- Cognitive skill စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးတက်လာခြင်း၊
- Hand-Eye Coordination ကောင်းမွန်လာခြင်းနှင့်အာရုံစူးစိုက်လုပ်ဆောင်နိုင်စွမ်းကိုပါတိုးတက်လာစေနိုင်မှာပဲဖြစ်ပါတယ်။

Little Hands, Big Skills 👐🏀ဘယ်ညာလက်နှစ်ဖက်ကို အသုံးပြု၍ ဘောလုံးကို ခွက်တစ်ခွက်မှ တစ်ခွက်သို့ လှည့်ကာ ရွှေ့ပြောင်းရသော Ac...
06/08/2026

Little Hands, Big Skills 👐🏀

ဘယ်ညာလက်နှစ်ဖက်ကို အသုံးပြု၍ ဘောလုံးကို ခွက်တစ်ခွက်မှ တစ်ခွက်သို့ လှည့်ကာ ရွှေ့ပြောင်းရသော Activity ဖြစ်ပါတယ်

ဤActivity မှတစ်ဆင့် သားသားမီးမီးတို့အတွက် လိုအပ်သော Bilateral Coordination, Motor Planning Skills နှင့် လက်ချောင်းကြွက်သားသန်မာမှုကို တိုးတက်စေမှာဖြစ်ပါတယ်🧡

Finger Tracing using Sand Activity✨သဲတုပေါ်တွင်လက်ချောင်းလေးများဖြင့် လမ်းကြောင်းရေးဆွဲခြင်းကို သားသားမီးမီးတို့မှလုပ်ဆေ...
05/08/2026

Finger Tracing using Sand Activity✨
သဲတုပေါ်တွင်လက်ချောင်းလေးများဖြင့် လမ်းကြောင်းရေးဆွဲခြင်းကို သားသားမီးမီးတို့မှလုပ်ဆောင်ရသောကြောင့် လက်ချောင်းလေးများကိုသန်မာလာစေခြင်း၊မျက်စိနှင့်လက်တစ်ထပ်တည်းပူးပေါင်းဆောင်ရွက်နိုင်လာခြင်း၊အာရုံစူးစိုက်နိုင်စွမ်းတို့ကိုတိုးတက်လာစေပြီးသဲ၏ထိတွေ့ခံစားမူ(Tactile Sensory input)ကိုရရှိစေသဖြင့် Sensory processingကိုလည်းအထောက်အကူပြုကာစာရေးရန်လိုအပ်သော Pre-writing skill အတွက်အခြေခံကိုလဲတိုးတက်ကောင်းမွန်လာစေနိုင်မှာဖြစ်ပါတယ်။

—✂️ Nail Trimming Activity လက်ပုံစံပြုလုပ်ထားသောboardပေါ်ရှိ straw လေးများကိုလက်သည်းအဖြစ်သတ်မှတ်ကာ ကတ်ကြေးဖြင့် တစ်ချောင...
01/08/2026


✂️ Nail Trimming Activity
လက်ပုံစံပြုလုပ်ထားသောboardပေါ်ရှိ straw လေးများကိုလက်သည်းအဖြစ်သတ်မှတ်ကာ ကတ်ကြေးဖြင့် တစ်ချောင်းချင်းအာရုံစိုက်ရ်ျညှပ်ပေးရသောActivity လေးဖြစ်ပါတယ်။
သားသားမီးမီးတို့မှလုပ်ဆောင်ရခြင်းကြောင့် Fine Motor Skill,မျက်စိနှင့်လက်တစ်ထပ်တည်းကျလာ‌စေခြင်း၊ကတ်ကြေးအား လုံခြုံစိတ်ချစွာကိုင်တွယ်နိုင်လာခြင်းနှင့်အာရုံစူးစိုက်နိုင်စွမ်းများကိုလည်းတိုးတက်လာစေနိုင်မှာပဲဖြစ်ပါတယ်။

Address

No. 45, Zayar Thiri Street, Myothit Qtr, Dawpon Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when Bright Future Additional Needs Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share