MTD International Academy
IGCSE Foundation & Exam Preparation
436A, Dhamayone St.,16Qur., TGKN
CIE (Chem) ဘာသာရပ် Exam preparation ပြုလုပ်နေသူများအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်ပါရစေ...
Sec I မှ သမီးငယ်များ၏ ချစ်စဖွယ်
စကားပြောစွမ်းရည်
Sec 1 ကျောင်းသူ ကလေးငယ်များ ရဲ့ ချစ်စဖွယ် စကားစစ်ထိုးခန်း
CIE Exam preparation အတွက်
အုတ်တစ်ချပ်၊ သဲတစ်ပွင့်မျှ
အထောက်အကူ ပြုပါရစေ... Part 6
ဘယ်ရောက်ရောက်...ဘယ်သွားသွား...ကလေးတွေကတော့ ပျော်နေတာပါ
18/12/2025
Hang-out with ချစ်သောလေးများ
16/11/2025
ကျမနဲ့ ကလေးတွေ ပိတ်ရက်မှာ
ဘယ်သွားကြမလဲ စဥ်းစားတော့
ကျမ အခုတလော plastic နဲ့ ပတ်သက်တဲ့ post
တွေ တင်ဖြစ်တော့...
plastic တွေ စည်းကမ်းမဲ့ လွှင့်ပစ်တဲ့
ဘုရားပရဝဏ် ကို အကျည်းတန်စေတဲ့
ကျောက်တန်းက ဘုရား ကို တပည့်တွေပြန်သွားပြီး plastic ကောက်တဲ့ project လေးလုပ်ချင်တာရယ်..(ဒီတစ်ခါမှာ အယင် တုန်းကလို
ပလတ်စတစ်အိတ်ခွံတွေ အများပြီး မတွေ့ခဲ့ရပဲ
၄ - ၅အိတ်သာတွေ့ရလို့ ကျမပဲ ကောက်လွှင့်ပစ်ခဲ့ပါတယ်..
အခုတလော မိအို ဘအိုတွေကို စွန့်ပစ်နေတာ..တာဝန်မယူကြတဲ့ အေကြာင်းတွေ social media မှာ တွေ့နေရတော့ သက်ကြီးရွယ်အို တွေ ရဲ့ ဘဝတွေ လေ့လာစေချင်လို့ သန်လျှင် သဘာဝတရားရိပ်သာ ကို ပါ သွားရောက်ပြီး
သဘာဝတရားရိပ်သာ မှာ အလျူငွေ ၁၅၀,၀၀၀ကျပ်
ကျောက်တန်း ဘုရားမှာ အလျူငွေ ၅၀၀၀၀ကျပ်လျူဒါန်းခဲ့ပါတယ်။
ကလေးတွေနဲ့ ကျမတို့ ပွင့်ထမင်းဆိုင်မှာ ထမင်းစားခဲ့ကြပါတယ်။
သံလျှင်သဘာဝ တရားရိပ်သာကို ကျမရောက်ပြီး သွားလျူခဲ့တာ တတိယအကြိမ် ရှိပါပြီ။
တကယ့်လူနေဆောင်(အဘွားတွေအဆောင်) နဲ့
စိတ်ဝေဒနါသည်တွေအဆောင် ကတော့ အခုမှ
သွားဘူးတာပါ... ဆရာတော်ရဲ့ စေတနာကို
ကျမခံစားမိတယ်... လူအများကြီး(၃၀၀၀ခန့်) .သော လူတွေ ဝေဒနါရှင်တွေအတွက်
ဘယ်သူမှ တာဝန်မပေး၊ အသိအမှတ်မပြုပဲ
ဘယ်လို မေတ္တာ စေတနာတွေနဲ့များ
နေရာပေး၊ အစားအသောက်ပေး
၊ ဆေးကုသပေးလုပ်နိုင်တာလဲ...
ကျမ စိတ်ကူးယဥ်ခဲ့တာ ၂ချက်
တစ်ချက်က ကျောင်းတစ်ကျောင်းဖွင့်ချင်တယ်..
သင့်တင့်တဲ့ ကျောင်းလခ နဲ့ အကောင်းဆုံး သင်ကြားမှူတွေ ပေးနိုင်တဲ့ ကျောင်း တစ်ကျောင်း..
တစ်ချက်တော့ ပြည့်သွားခဲ့ပြီ..
နောက်တစ်ချက်က
အဖိုး၊ အဖွားတွေကို စောင့်ရှောက်နိုင်တဲ့ နေရာတစ်ခု....
ဒီအချက်တော့ ပြည့်နိုင်ပါ့မလား..?????
ကျမ လုပ်နိုင်ပါ့မလား???
#သံလျှင်သဘာဝတရားရိပ်သာ
05/11/2025
Sec 1(Eng) စာသင်ခန်းစာပြင်ဆင်တော့ သင်ခန်းစာပါအကြောင်းအရာ က "မလိုအပ်ပဲ ဝယ်နေတာတွေက ဖြုန်းတီးတယ်"ဆိုတဲ့သဘောနဲ့
" ပြန်သုံးဖို့၊ လျှော့သုံးဖို့နဲ့ ပြန်ပြီး အသုံးဝင်ပစ္စည်း ပြန်လုပ်ဖို့" တွေ ဆိုတော့လေ....
ကျမလုပ်ခဲ့ဖူးတဲ့ projects တွေ ဝေမျှရင်း စျေးကြီးတာတွေ ဝယ်မဲ့အစား ကိုယ့်ဖာသာ လုပ်ရင် ပိုအဆင်ပြေပါကြောင်း message လေးရယ်
Eco-friendly teaching လေးဖြစ်ကြောင်းနဲ့
အိမ်မှာလည်း အမှိုက် ရှင်းပြီးသား ဖြစ်သွားကြောင်းလေး ပြောပြချင်တာပါ...
ကျန်သော ဆရာ၊ ဆရာမအားလုံးလည်း
သင်ခန်းစာပြင်ဆင်မှူလေးတွေကို သုံးပြီးသား
ပစ္စည်းလေးတွေနဲ့
Recycle၊ reuse၊ reduce ပြန်လုပ်ရင်း
အောင်မြင်သော သင်ကြားရေး နဲ့ လူမှူဘဝရဲ့ စံနမူနာပြု ပုဂ္ဂိုလ်များဖြစ်ကြပါစေ..
When I prepared my lessons (“Don’t Waste It!” and “Reduce, Reuse, Recycle”) for my Secondary 1 students, I shared my own teaching projects — teaching aids I made for my IGCSE students and preschoolers using recycled materials such as cardboard, plastic bottles, glass bottles, old towels, cans, bottle caps, tube caps, bicycle tyres, milk box and used plastic boxes,
I love using hands-on activities to teach my students. Every teacher can create their own teaching aids — it’s creative, fun, and cheap!
I hope you all like them!
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |
| Saturday | 09:00 - 15:00 |
| Sunday | 09:00 - 15:00 |
17/11/2025