27/03/2026
Upcoming Course for April 2026
Barista အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကြောင်း တခုအနေဖြင့် ရပ်တည်ချင်သူများအတွက်…
သင်ကြားမည့်အကြောင်းအရာများ
အခန်း (၁)
ကော်ဖီ သမိုင်းကြောင်းနှင့် သက်ဆိုင်သော ကော်ဖီဗဟုသုတများ။
အခန်း(၂)
ကော်ဖီစေ့အစိမ်းထုတ်လုပ်သော နည်းစနစ်များ
(Green Coffee Processing)
* အလုံးလိုက်အခြောက်ခံထုတ်လုပ်ခြင်း
(Dried Natural Process)
* ရေဆေးထုတ်လုပ်ခြင်း
(Washed Process)
* အခွံချွတ်နေလှန်းခြင်း
(Honey Process)
* အထက်ပါထုတ်လုပ်နည်းများကို မြည်းစမ်းခြင်း(Cupping) ပြုလုပ်ခြင်း
အခန်း(၃)
အခြေခံကော်ဖီလှော်ခြင်း
* ကော်ဖီလှော်စက် အလုပ်လုပ်ပုံများကို စာတွေ့လက်တွေ့ လေ့လာခြင်း
* Light Roast, Medium Roast, Dark Roast
* အထက်ပါလှော်ထားသောကော်ဖီ၃မျိုးကို မြည်းစမ်းခြင်း(Cupping) ပြုလုပ်ခြင်း
* လှော်ထားသော ကော်ဖီစေ့များ၏အားသာချက် အားနည်းချက်များကို နားလည်သဘောပေါက်ခြင်း။
အခန်း(၄)
ကော်ဖီစေ့ အစိမ်းအပြစ်အနာအဆာရှာဖွေခြင်း
တွေ့ရတတ်သော အပြစ်အနာအဆာများကို စာတွေ့လက်တွေ့ လေ့လာခြင်း
အခန်း (၅)
ရနံ့အာရုံခံခြင်း
* ကော်ဖီတွင် ရရှိတတ်သောရနံ့များကို ခွဲခြားနားလည်နိုင်ရန် ရနံ့ခံပစ္စည်းများဖြင့် လေ့လာခြင်း
* SCA flavour wheel အကြောင်းလေ့လာခြင်း
အခန်း(၆)
Hand Brew များကို လေ့လာခြင်း
* ကော်ဖီ ပျော်ဝင်ခြင်း အခြေခံများ
* ကော်ဖီဖျော်သင့်သည့်ရေအပူချိန်ကို နားလည်ခြင်း။
* ကော်ဖီဖျော်ရာတွင်အသုံးပြုသည့်အချိန်နှင့် ကော်ဖီအချိုးများကိုလေ့လာခြင်း။
* ကော်ဖီအမှုန့်အရွယ်အစားကြောင့် ကော်ဖီအရသာအပေါ်ပြောင်းလဲမှုဖြစ်စဥ်များ
* အောက်ပါ မတူညီသော ကော်ဖီ Dripper များကိုအသုံးပြုနိုင်ရန် လေ့လာခြင်း။
1. Hario V60
2. Kalita wave
3. Origami
4. French press
5. Moka pot
6. Vietnum pin
7. Aeropress
8. Turkish
တို့ကို စာတွေ့လက်တွေ့ လေ့လာခြင်း။
အခန်း(၇)
Barista တစ်ဦး၏လုပ်ငန်းကျွမ်းကျင်မှုများကို စာတွေ့ လက်တွေ့ လေ့ကျင့်ခြင်းများ
* Espresso ကောင်းတခွက်ရရှိရန် နားလည်သဘောပေါက်ရန်အချက်များ
* နွားနို့ အမျိုးအစားများ
* နွားနို့ကိုအပူပေးရမည့် အပူချိန်ကို နားလည်ခြင်း
* အခြေခံ Latte art ကို လေ့ကျင့်ခြင်း
* ကော်ဖီအပူမျိုးစုံဖျော်စပ်နည်း
* ကော်ဖီအအေးမျိုးစုံဖျော်စပ်နည်း
* အသီးဖျော်ရည်ဖျော်စပ်နည်း
* ဆိုဒါဖျော်ရည်ဖျော်စပ်နည်း
* ဖရက်ပ်ပီဖျော်စပ်နည်း
* စမူတီဖျော်စပ်နည်း
* မစ်ရှိတ်ဖျော်စပ်နည်း
* Espresso ကို မိမိကိုယ်တိုင် ချိန်ညှိပြီး လိုချင်သောအရသာ ဖန်တီးခြင်း
* ကော်ဖီမှုန့်အရွယ်အစားချိန်ဆခြင်းနှင့်ပြောင်းလဲမှုဖြစ်စဉ်များ
အခန်း(၈)
ကော်ဖီကောင်တာ တစ်ခုဖန်တီးရန်လိုအပ်ချက်များ
* ကောင်တာအကျယ်အဝန်း၊ စားပွဲအနိမ့်အမြင့်များ
* ကော်ဖီစက်အတွက်အခြေခံလိုအပ်သော မီးလိုင်း၊ရေလိုင်းလိုအပ်ချက်များ
အခန်း(၉)
ဧည်သည်နှင့် ဆက်ဆံလျှင်လိုအပ်ချက်များ
* Barista တယောက်မှဧည့်သည်နှင့်ဆက်ဆံပြောဆိုပုံများ
* ကြုံတွေ့ရတတ်သော ပြသနာများ (Complain )ကို ဖြေရှင်းခြင်း
အခန်း(၁၀)
ကော်ဖီမီနူးများကို ကုန်ကျစရိတ်တွက်ချက်ခြင်း
အခန်း(၁၁)
သန့်ရှင်းရေးအကြောင်းများ
တကိုယ်ရည် သန့်ရှင်းရေး
အစားအသောက် သန့်ရှင်းရေး
(English below)
To become a professional Barista in coffee.
Here is what you can learn from this class.
Module 1
Coffee history & general knowledge
Module 2
Coffee processing Generalist
* Natural Dried Process
* Washed Process
* Honey Process
* (Black Honey, Brown Honey, Yellow Honey)
* 3 processes cupping
Module 3
Coffee Roasting
* About of Coffee Roaster and step by step roasting of coffee
* Light Roast, Medium Roast, Dark Roast
* Roast level cupping
* Understanding of roasting defect or not
Module 4
Green Coffee Defect
(Understanding Green bean defect on cup quality)
Module 5
Sensory Skills
* Practice with le nuz du cafe
* Understanding SCA flavour wheel
Module 6
Brewing skills
* Coffee extraction
* Water temperature control
* Brewing time and water ratio
* Grind size effect on coffee
* Following dripper usage:
1. Hario V60
2. Kalita wave
3. Origami
4. French press
5. Moka pot
6. Vietnum pin
7. Aeropress
8. Turkish
Module 7
Barista Skills
* Perfect espresso
* Type of milk for coffee
* Making milk foam temperature
* Basic latte art
* Hot Coffee (Americano, Latte, Cappuccino, Moka, Macchiato)
* Iced Coffee (Espresso, Americano, Latte, Cappuccino, Moka, Macchiato, Passion Espresso)
* Others(Fruit Juice, Soda, frappe, Smoothies, Milkshake
* Advance espresso
* Coffee grinder adjustment
Module 8
* Counter management
* Espresso machine set up
Module 9
Customer Service for Barista
Complain handling
Module 10
Cost control for menu
Module 11
Hygiene
Personal hygiene
Food Hygiene
Trainer: U Maung Maung Min Zin
🔸️Q Arabica Grader (CQI)
🔹️Q Processing Professional (CQI)
🔹️Cupping Competition Judge
(Myanmar Coffee Association)
🔸️Founder (Rio Grande Coffee Roaster)
မှတ်ချက်
* သင်တန်းပြီးဆုံးလျှင်စာတွေ့လက်တွေ့ စာမေးပွဲဖြေဆိုပြီးမှသာ သင်တန်းအောင်လက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်။
* သင်တန်းဆင်းပြီး လက်တွေ့လာရောက်လေ့ကျင့်ခွင့်ရှိသည်။ (ဆိုင်ဖြင့်ဆက်သွယ်ပြီးလေ့ကျင့်ချိန်ရယူရန်)
* လက်တွေ့လေ့ကျင့်ချိန်များတွင် ကော်ဖီစေ့ အထောက်အပံပေးမည်ဖြစ်သည်။ နွားနို့အသုံးပြုလိုလျှင်ကျောင်းသားမှဝယ်လာရမည်ဖြစ်သည်။
* သင်တန်းသားဦးရေကန့်သတ်ထားတာကြောင့်သင်တန်းကြေးကြိုသွင်းထားသူကို ဦးစားပေးသွားမှာဖြစ်တာမို့ လက်ငင်းငွေသား(သို့မဟုတ်) banking စနစ်ဖြင့်လည်း ကြိုတင်ငွေလက်ခံပါတယ်ရှင့်။
For schedule of March 2026 Class
📆 5th- 9th April 2026 (
⏰ 10:00 to 05:00 pm
⏳ 5days
Enroll :
🏠Flavour Specialty Coffee
အမှတ်၁၁၇၊ ၃၈လမ်း၊ မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား၊ ကျောက်တံတားမြို့နယ်။
(မဟာဗန္ဓုလလမ်းရဲ့ ပန်းဆိုးတန်းမှတ်တိုင်အနီး)
No.117, 38 St(Lower block), Kyauktada Tsp, Between Maharbandula and Konthae Road, Yangon.
Ph: 09250848637, 09-43093313
Email: [email protected]