ပါရီချစ်သူ

ပါရီချစ်သူ Improve your language skills and cultural knowledge every week in a friendly atmosphere!

02/10/2024

Avoir besoin de thune?
ဒီမှာ သုံးသွားတဲ့ thune က argent နဲ့ တူတယ် ဒါပေမဲ့ ငွေသားအရွက်တွေအများကြီးကို ပိုပြီးဆိုလိုချင်တာ
စာတန်းထိုးက Ça vous regarde pas.
မင်းသမီး ပြောသွားတာက C'est pas vos histoires.
အဓိပ္ပါယ်အတူတူပါပဲ It's not your business.
ရှင်နဲ့မဆိုင်ပါဘူး.

02/10/2024

Choper က arrêter /attraper
Chopez-la ! သူမကို ဖမ်းဆွဲထား / ဖမ်းထား
Il a chopé le rhume = He caught a cold
သူအအေးမိသွားခဲ့တယ်

ဥရောပ ရဲ့ ဘာသာစကားတွေ လေ့လာနိုင်ပြီး ပညာသင်ဆုဆိုင်ရာ သတင်းအချက်အလက် တွေလဲ ရမဲ့ အပြင် လက်ရှိ ဥရောပမှာ ပညာသင်ယူနေတဲ့ မြန်မ...
27/09/2024

ဥရောပ ရဲ့ ဘာသာစကားတွေ လေ့လာနိုင်ပြီး ပညာသင်ဆုဆိုင်ရာ သတင်းအချက်အလက် တွေလဲ ရမဲ့ အပြင် လက်ရှိ ဥရောပမှာ ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားတွေရဲ့ အတွေ့အကြုံ မျှဝေ ပေးတဲ့ အစီအစဥ်တွေလဲ နားထောင်နိုင်တာမို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါနော်
အစီအစဉ်အချိန်ဇယားတွေလဲ အသေးစိတ် ကြေငြာပေးထားတာမို့ အရမ်းအဆင်ပြေပါတယ်

တက်ရောက်ရမဲ့နေရာကတော့
ရန်ကုန် ပြည်လမ်း
မဟာမြိုင် မှတ်တိုင် နဲ့ ဟံသာဝတီ (အဝိုင်း)မှတ်တိုင်ကြားရှိ ပြင်သစ်ယဥ်ကျေးမှုဌာန Institut Français de Birmanie မှာ ဝင်ကြေးအခမဲ့နဲ့ကျင်းပပေးမှာပါ
https://www.facebook.com/share/p/LgR4nVsnq4hgieLk/?mibextid=oFDknk

27/07/2024

Ce sport de combat s'appelle l'escrime.
အသေးစိတ်အနေနဲ့ fleuret, épée,sabre စသဖြင့်သုံးတဲ့လက်နက်လေးတွေကွာပါသေးတယ် ခုကတော့
épée သုံးပြီး ယှဥ်ပြိုင်နေကြတာပါ
comment မှာပုံလေးပြပေးထားပါတယ်

25/07/2024

Faire la gu**le တဲ့ သူနောက်ဆုံးမှာ ပြောသွားတာက
အဓိပ္ပါယ်က မကျေမနပ်ဖြစ်တာ être mécontent, စိတ်ကောက်တာ bouder စသည်တို့နဲ့ အတူတူပါပဲ
ဒီစာကြောင်းမှာတော့ မကျေမနပ်ဖြစ်နေကြတယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောသွားတာပါ
( Qu'est-ce qu'ils ont tous à me faire la gu**le, m***e)

14/07/2024

13 july နဲ့ 14 julyည ဆိုပြင်သစ်မှာ အမျိုးသားနေ့ အတွက်11pm မှာမီးရှူးမီးပန်းတွေ လွှတ် ပြီး နာမည်ကြီး သီချင်း တပိုင်းတစ ​ေတွနဲ့ ပါ ဖွင့်ပြီး display လုပ်ပါတယ်
(မ နေ့ညကတော့ မိနစ် 20 ကြာပါတယ်)
အဲ့ပွဲလေးမနေ့ညကCourbevoie မြို့နယ်ရဲ့ Seine မြစ်ဘေး က သွားကြည့်ခဲ့တာလေး အမှတ်တရပါ
13 ည နဲ့ 14 ည ပွဲလုပ်တဲ့နေရာမတူဘူးလို့လဲ သိရပါတယ်
14 ည ကParis မှာလုပ်ပါမယ်

11/06/2024

Tu fais pas d'histoires!
နင် ပြဿနာ မရှာနဲ့ / နင် ဇာချဲ့ မနေနဲ့
ဆိုတဲ့ အဓိပ္ပါယ်ပါ
E ကျွမ်းတဲ့သူဆို Don't make a fuss / Don't make trouble နဲ့အတူတူပါပဲ

11/06/2024

ပြင်သစ်ရောက်လို့ ရုံးတွေ (တချို့ ဆိုင်တွေ) သွားရရင်
အမြဲကြားရမဲ့ Verbe လေး
patienter
=
attendre
သူတို့က attendre သုံးပြီးမပြောကြလို့ ရုတ်တရက်ဆို
ဘာပါလိမ့် ဆိုပြီး ဖြစ်နေမှာစိုးလို့
Patientez SVP!
Je vous laisse patienter !
ဒါမျိုးလေးတွေ ကြားရပါလိမ့်မယ်

ဒီနေ့ အသီးဆိုင်မှာတွေ့ခဲ့တာလေး နေ့စဥ်သုံးလေးတွေပါလို့ တင်ပေးထားပါတယ် Le caddie = chariot de courses စျေးဝယ်လှည်း caddy ဆ...
04/06/2024

ဒီနေ့ အသီးဆိုင်မှာတွေ့ခဲ့တာလေး နေ့စဥ်သုံးလေးတွေပါလို့ တင်ပေးထားပါတယ်
Le caddie = chariot de courses စျေးဝယ်လှည်း caddy ဆိုတဲ့ English စာလုံးကနေ ယူသုံးတယ်လို့သိရပါတယ်
Le cabas =ေစျး ဝယ်အိတ်/ ပုခုံးလွယ်အိတ်
Les Halles ( လေအား(လ်))လို့အသံထွက်ပါတယ် =
large, central, wholesale food market area
***Les နဲ့ Halles ကြားမှာ အသံဆက် Liaison မရှိတာက H aspiré မိုလို့ပါ***

အသီးသွားဝယ်ဦးမယ်ဆို ပြင်သစ်တွေ ပြောလေ့ရှိတာက အသီးသည်ဆီ သွားလိုက်ဦးမယ် Je vais chez le fruitier.

ပုံထဲက စာလေးရဲ့အဓိပ္ပါယ်ကတော့
အခိုးခံရတာတွေများလွန်းလာလို့ (အသီးသည်ကလိုအပ်လို့စစ်ဆေးချင်ရင်) အသီးသည်ဆီ စျေးဝယ်လှည်း/အိတ်ကို ဖွင့်ပြပေးပါ
နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်
မာဟ်ဆို စျေး

Address

Kamayut Tsp.
Yangon

Website

Alerts

Be the first to know and let us send you an email when ပါရီချစ်သူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share