𝙻𝚊𝚜𝚜 𝚞𝚗𝚜

𝙻𝚊𝚜𝚜 𝚞𝚗𝚜

Share

𝑱𝒆𝒅𝒆 𝒉𝒂𝒕 𝒊𝒉𝒓𝒆 𝒆𝒊𝒈𝒆𝒏𝒆 𝑬𝒊𝒈𝒆𝒏𝒔𝒄𝒉𝒂𝒇𝒕

06/04/2026

A1ဆရာလေး၏ By one အတန်းလေး သင်ကြားပို့ချချက်🥰🥰🥰 part 1

03/04/2026

𝐊𝐞𝐢𝐧𝐞 𝐀𝐛𝐬𝐢𝐜𝐡𝐭‼⁉

အဲ့ အသုံးလေးကို ကြားနေကြ ဖြစ်မယ်ထင်ပါတယ် ။ အဓိပ္ပါယ်လေးကရော ဘယ်လိုလဲ သိကြလားး❓❓❓

၁။ ကိုယ်ရည်ရွယ် ပြီးလုပ်မိတာ မဟုတ်ကြောင်းရှင်းပြတဲ့ အခါမှာ သုံးပါတယ်။

ဥပမာ

ကိုယ်က အမှားတစ်ခုကို မရည်ရွယ်ဘဲ လုပ်မိသွားတယ်။
အဲ့လိုအချိန်မျိုးဆိုရင် ကျွန်တော်တို့ပြောရမှာက

𝙸𝚌𝚑 𝚑𝚊𝚋𝚎 𝚍𝚊 𝙺𝚎𝚒𝚗𝚎 𝙰𝚋𝚜𝚒𝚌𝚑𝚝( 𝙵𝚘𝚛𝚖𝚊𝚕)
(ကျွန်​တော် မရည်ရွယ်ပါဘူး🥺🥺🥺)

𝙽𝚒𝚌𝚑𝚝 𝚖𝚒𝚝 𝙰𝚗𝚜𝚒𝚌𝚑𝚝 .(𝙸𝚗𝚏𝚘𝚛𝚖𝚊𝚕 )
(မရည်ရွယ်ဘူး)

𝙳𝚊𝚜 𝚠𝚊𝚛 𝚔𝚎𝚒𝚗𝚎 𝙰𝚋𝚜𝚒𝚌𝚑𝚝.(𝙸𝚗𝚏𝚘𝚛𝚖𝚊𝚕)
(ငါ မရည်ရွယ်ဘူး)

၂။ အလုပ်တစ်ခုကိုလုပ်ဖို့ ရည်ရွယ်ချက်မရှိတဲ့အခါ အစီစဥ်မရှိတဲ့ အခါမှာလည်းသုံပါတယ်။

ဥပမာ

မင်းအလုပ်ပြောင်းတော့မှာလား

မင်းpartyမလာဘူးလား....အဲ့လိုမျိုး

𝙸𝚌𝚑 𝚑𝚊𝚋𝚎 𝚍𝚊 𝙺𝚎𝚒𝚗𝚎 𝙰𝚋𝚜𝚒𝚌𝚑𝚝.
(ငါ့မှာ အဲ့လိုလုပ် ဖို့ ရည်ရွယ်ချက်မရှိသေးဘူး အစီစဥ်မရှိသေးဘူး)

Viel Glück beim Deutschlernern🇩🇪🇩🇪🇩🇪!

03/04/2026

❌❌❌အသိပေးကြေညာခြင်း🗣🗣🗣🗣

Free class ဖြစ်တာကြောင့် လွယ်လွယ်မကြည့်စေချင်ပါဘူးနော်။♨♨♨

ခု လို free class ​​လေး​​တွေကို ဖွင့်​ပေး​နေတယ်ဆိုတာက
တကယ်လေ့လာချင်တဲ့သူတွေ အတွက် ​ငွေကြေးအဆင်မပြေသူတွေအတွက်သာ ဦးစားပေး ဖြစ်ပါတယ်။

ဒါကြောင့်
📌 အချိန်ပေးနိုင်မှ တက်ပါ
📌 စိတ်ဝင်စားပြီး ပါဝင်နိုင်မှ တက်ပါ
📌 တန်ဖိုးထားပြီး လေးစားနိုင်မှ တက်ပါ
အချိန်မရင်းနှီးနိုင်ရင် ဒါမှမဟုတ် စကားပြောရမှာ ရှက်နေပြီး မပါဝင်နိုင်သေးရင်လုံးဝ မတက်ဖို့ မေတ္တာရပ်ခံပါတယ်။

Free ဖြစ်တယ်ဆိုပေမယ့်
ဒီထဲမှာ အချိန်နဲ့ အားထုတ်မှုတွေ ပါဝင်ထားတာကြောင့်လေးစားမှုနဲ့ တက်ပေးစေချင်ပါတယ်။ဘယ်အရာမှ အလကားရလာတာမဟုတ်ပါဘူး။ အနည်းဆုံး မိမိရဲ့ အချိန်တွေ စိုက်ထုတ်အားတွေ ကိုရင်းနှီးရပါတယ်။မိမိရဲ့ စိုက်ထုတ်အား ကိုတောင် မရင်းနှီး နိုင်ရင် လုံးဝမလာပါနဲ့ ❌❌❌
တစ်ယောက်တည်းကြောင့်
တခြား လေ့လာချင်တဲ့သူတွေ အချိန်ဆုံးရှုံးရတာမျိုးမဖြစ်စေချင်ပါဘူး။✅✅✅

ဒါကြောင့်
တကယ် စိတ်ဝင်စားပြီး အချိန်ပေးနိုင်တဲ့သူတွေကိုပဲနွေးထွေးစွာ ကြိုဆိုပါတယ်။

နားလည်ပေးကြမယ်လို့ ယုံကြည်ပါတယ်။ 🤍

01/04/2026

🇩🇪 doch ဆိုတာဘာလဲ? 🤔

doch က German မှာ အရမ်းအရေးကြီးတဲ့ စကားလုံးတစ်လုံးပါ‼️

Context ပေါ်မူတည်ပြီး အဓိပ္ပါယ် ပြောင်းနိုင်ပါတယ်။

1. ❗ Negative question ကို “ဟုတ်တယ်” လို့ပြန်​​​​ဖြေချင်တဲ့အခါ

တစ်ယောက်က မရှိဘူး / မလုပ်ဘူး / မကြိုက်ဘူး လို့ မေးတဲ့အခါ

အမှန်တော့ ရှိတယ် / လုပ်တယ် / ကြိုက်တယ် ဆိုရင် doch သုံးပါတယ်။
ဥပမာ
Hast du kein Ei? 🥚 (မင်းမှာ ဥမရှိဘူးလား)
Doch! 😄 (ရှိတယ်!)
English မှာ “Yes, I do!” နဲ့တူပါတယ်။

2. 🔥 ဆန့်ကျင်ပြောချင်တဲ့အခါ (Widerspruch)
တစ်ယောက်က မမှန်တဲ့အရာ ပြောတဲ့အခါမှာလည်း

“မဟုတ်ဘူး!” ဆိုပြီး ပြန်ပြောချင်ရင် doch ကိုသုံးပါတယ်နော်။

ဥပမာ
Das ist nicht schön. 😒
Doch! 😤 Das ist schön!
“No, it IS beautiful!” ဆိုတဲ့ feeling ပါ။🥺🥺🥺

3. 💬 Emotional / Soft emphasis (လေးနက်စေချင်တဲ့အခါ)

Sentence ကို နည်းနည်း soft ဖြစ်စေဖို့၊ feeling ထည့်ဖို့
doch ကို ထည့်သုံးတတ်ပါ​သေးတယ်။
ဥပမာ
Das ist doch kein Ei! 😅
ဒါက ​ကြက်ဥမဟုတ်ဘူးလေ!

Komm doch mit! 😊
လိုက်ခဲ့ပါလား~
doch ထည့်လိုက်ရင် စကားက ပို natural ဖြစ်သွားတယ် ✨

4. 😏 Surprise / Reminder (သတိပေးသလို)
Du weißt das doch! 😏
မင်းသိပြီးသားလေ!
ကဲအဲ့တာဆိုရင် လွယ်လွယ်လေးနဲ့ ရှုပ်နေတာတွေ ရှင်းသွားပြီ လ်ု့ထင်ပါတယ်နော်😊😊😊

30/03/2026

Tut mir leid နဲ့ Entschuldinug အတူတူဘဲလား‼⁉

အမှန်ပြောရရင်ဗျာ တူလည်းတူပါတယ် မတူ ပါဘူး။🤫🤫🤫

Ok တူတယ်ဆိုတော့ ဘယ်နေရာတွေ မှာတူတာလဲ❔❔❔

၂ခုလုံးရဲ့ အဓိပ္ပါယ်တွေကတော့ sorry ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒါပေမယ့် မတူဘူးဆိုတာကတော့ သုံးပုံသုံးနည်း မတူပါဘူးနော်😳😳😳

Tut mir leid

သူက တော့ စိတ်အတွင်းကနေ တကယ် တောင်းပန်တာပါ။ emotionally serious ပေါ့နော်💯💯💯

Es tut mir leid.
ငါတကယ် စိတ်မကောင်းပါဘူး တောင်းပန်ပါတယ်🥺🥺🥺။(စိတ်ထဲကနေတကယ်တောင်းပန်တာ)

Tut mir leid, ich habe das vergessen.
ငါအဲ့တာကို မေ့သွားတာ တကယ်တောင်းပန်ပါတယ်နော်။🥺🥺🥺

Entschuldinug

သူရဲ့ အဓိပ္ပါယ်ကလည်း တောင်းပန်ပါတယ်။ခွင့်လွှတ်ပါဆိုတဲ့ အဓိပ္ပါယ်ပါ။စိတ်ထဲကနေ တောင်းပန်တာမျိုးမဟုတ်ဘဲ daily usage လိုမျိုး တောင်းပန်တာပါနော်။ politely ပေါ့😊😊😊

ဥပမာ
လမ်းမေးချင်တဲ့အခါမျိုး ၊ လမ်းသွားရင်းတိုက်မိသွားတာမျိုး တစ်ခုခု မကြားလိုက်လို့ပြန်မေးချင်တဲ့အခါမျိုးတွေမှာ daily usage အနေနဲ့ သုံးပါတယ်🥰🥰🥰

Entschuldinug!
Excuse me/ Sorry.

Entschuldinug ,wo ist der Bahnhof?
(ခွှင့်လွှတ်ပါနော် ဘူတာဘယ်နားမှာ ရှိလဲမသိဘူးဗျာ့😬😬😬)

ကဲ အာ့ဆိုရင် တော့ အသုံးလေးတွေကိုတော့ ရှင်းသွားပြီထင်ပါရဲ့ဗျာ🥰🥰🥰

30/03/2026

‎Dann ကို ဘယ်လိုသုံးမလဲ❓❓❓
‎
‎1. dann “ ပြီးတော့ / နောက်ပြီး ”
‎တစ်ခုခုဖြစ်ပြီးနောက် ဆက်ဖြစ်တာကို ပြောချင်တဲ့အခါ သုံးတယ်‼‼‼
‎
‎ဥပမာ
‎Ich esse, dann gehe ich zur Schule.
‎ ငါ အစာ စားပြီးတော့ ကျောင်းသွားတယ်✅✅✅
‎
‎2.dann “ဒါကြောင့် / ထိုအခါ”
‎
‎အကြောင်းတစ်ခုကြောင့် ဖြစ်လာတဲ့ result ကို ပြောချင်တဲ့ အခါလည်း သုံးပါတယ်။
‎
‎ ဥပမာ
‎Es regnet, dann bleibe ich zu Hause.
‎ မိုးရွာတယ်၊ ဒါကြောင့် ငါ အိမ်မှာပဲနေတယ်။🔆🔆🔆

Viel Glück beim Deutschlernen!🇩🇪🇩🇪🇩🇪

27/03/2026

Beantworten လား antworten လား‼‼⁉

26/03/2026

‎🗣️ sprechen လား ansprechen လား⁉️
‎
‎German စာလေ့လာနေတဲ့သူတွေ တော်တော်များများ လွဲသုံးနေကြတဲ့ vocab လေးတွေထဲက တစ်ခုပါ 👀
‎
‎❓ sprechen ကဘာလဲ? ansprechen ကရော?
‎
‎OK… အခုတော့ သေချာလေး ရှင်းလင်းသွားအောင် လေ့လာကြည့်ရအောင်‼️ 💡
‎
‎🗣️ sprechen
‎အထွေထွေ စကားပြောတာ၊already conversation ရှိပြီးသား situation တွေမှာ သုံးတာပါ 👥
‎
‎ ဥပမာ
‎Ich spreche Deutsch.
‎ ငါ ဂျာမန်ဘာသာ ပြောတတ်တယ် 🇩🇪
‎Wir sprechen miteinander.
‎ကျွန်တော်တို့ အချင်းချင်း စကားပြောကြတယ် 💬
‎💡 (conversation already started)
‎
‎🙋‍♂️ ansprechen
‎
‎လူတစ်ယောက်ကို စကားစပြောဖို့ သွား approach လုပ်တာ/first contact / start talking
‎
‎ဥပမာ
‎Ich spreche ihn an.
‎ ငါ သူ့ကို စကားစပြောတယ် 👋
‎
‎Sie hat mich angesprochen.
‎ သူမက ငါ့ကို စကားစပြောခဲ့တယ် 😊
‎💡 (start conversation with someone)

Viel Glück beim Deutschlernen! 🇩🇪🇩🇪🇩🇪
‎

26/03/2026

‎📣 rufen လား anrufen လား⁉️
‎
‎ဒါကတော့ သင်တန်းသားတွေ အများဆုံး မှားတတ်တဲ့ အသုံးလေးပေါ့နော် 🤭
‎၂ခုလုံးကို “ဖုန်းခေါ်တယ်” လို့ထင်တတ်ကြပေမယ့် ❌
‎အမှန်တော့ မတူပါဘူးနော် 😯✨
‎
‎❓ အဲ့ဒါဆို rufen ကဘာလဲ? anrufen ကရော?
‎
‎📣 rufen
‎အသံနဲ့ လူတစ်ယောက်ကို အော်ခေါ်တာ / လှမ်းခေါ်တာ
‎အနီးမှာရှိတဲ့သူလည်း ဖြစ်နိုင်တယ်၊ အဝေးမှာရှိတဲ့သူလည်း ဖြစ်နိုင်ပါတယ် 👀
‎
‎ဥပမာ
‎Ich rufe dich.
‎ငါ မင်းကို ခေါ်တယ် (အသံနဲ့) 📣
‎
‎Er ruft seinen Freund.
‎သူက သူ့သူငယ်ချင်းကို အော်ခေါ်တယ် 📢
‎
‎📞 anrufen
‎
‎ဖုန်းခေါ်တာ / ဖုန်းဆက်တာ ကိုဆိုလိုပါတယ် 📱✨
‎
‎ဥပမာ
‎Ich rufe dich an.
‎ငါ မင်းကို ဖုန်းခေါ်မယ် 📞
‎
‎Kann ich dich später anrufen?
‎နောက်မှ မင်းကို ဖုန်းခေါ်လို့ရမလား? ⏰
‎
‎ကဲကဲ အမှန်လေးတွေသိသွားကြပြီဆိုတော့ ပြင်လိုက်ကြဦးနော်😘😘😘

25/03/2026

🧹 aufräumen လား putzen လား⁉️
တိမ်မယောင်နဲ့ နက် 😅
လွယ်မယောင်နဲ့ ခက်တဲ့ စကားလုံးလေးတွေပါနော် 🤭

German စာလေ့လာနေတဲ့သူတွေ တော်တော်များများ လွဲသုံးနေကြတဲ့ vocab လေးတွေထဲက တစ်ခုပါ 👀

❓ aufräumen ကဘာလဲ? putzen ကရော?

OK… အခုတော့ သေချာလေး ရှင်းလင်းသွားအောင် လေ့လာကြည့်ရအောင်‼️ 💡

🧹 aufräumen

ရှုပ်နေတဲ့အရာတွေကို စီစီရီရီ ပြန်ထားတာ
neat & tidy ဖြစ်အောင် လုပ်တာပါ ✨

📌 ဥပမာ
Ich räume mein Zimmer auf.
ငါ့အခန်းကို သန့်ရှင်းရေးလုပ်တယ်
💡 (ရှုပ်နေတဲ့ ပစ္စည်းတွေကို နေရာတကျ ပြန်စီတာ)

🧼 putzen

ညစ်ပတ်နေတဲ့အရာတွေကို သန့်ရှင်းရေးလုပ်တာ
👉ဆေးကြော၊ ဖယ်ရှားတာပါ 🫧

📌 ဥပမာ
Ich putze mein Zimmer.
ငါ့အခန်းကို သန့်ရှင်းရေးလုပ်တယ်
(ဖုန်၊ အညစ်တွေကို သန့်ရှင်းအောင် လုပ်တာ)

မရှင်းမရှင်းဖြစ်နေတာလေးတွေတော့ နားလည်သွားပြီထင်ပါရဲ့🤭🤭🤭

25/03/2026

German Basic to A1.1 Special Class🇩🇪🇩🇪

‎📢 ဂျာမန်ဘာသာစကားကို အခြေခံမှ A1.1 အထိ စနစ်တကျ သင်ယူချင်သူများအတွက် အထူးသင်တန်း

‎🎓 Course Level
Basic ➝ A1.1 (Beginner Level Only)

‎🗓️ Class Schedule

‎Friday / Saturday / Sunday
‎⏰ 8:30 PM – 10:00 PM

‎⏳ Duration
‎1 Month + 2 Weeks (Total – 6 Weeks)

🚸Start date
April 3

‎👨‍🎓 Class Size (Limited)

‎👉 သင်တန်းသား ၅ ယောက်သာ လက်ခံပါမည်
‎➡️ Student တစ်ယောက်ချင်းစီကို အာရုံစိုက်သင်ကြားနိုင်ရန် Small Class System အသုံးပြုထားပါသည်။

‎💰 Course Fee
‎120,000 MMK (Full Course)
‎✔️ Installment ညှိနှိုင်းနိုင်
‎✔️ No Hidden Fees

‎📚 သင်ကြားပေးမည့်အကြောင်းအရာများ (Basic ➝ A1.1)

‎🔹 German Alphabet & Correct Pronunciation
‎🔹 Basic Sentence Structure (Simple Sentences)
‎🔹 A1.1 Grammar (Articles, Verb Conjugation – Present Tense)
‎🔹 Basic Daily Conversation (Self-introduction, Daily Use)
‎🔹 Listening Practice (Easy Level)
‎🔹 Basic Reading & Writing
‎🔹 A1.1 Level Preparation

‎🧑‍🏫 Teaching Method

‎✔️ Beginner Friendly (Zero Level OK)
‎✔️ Speaking Practice Every Class
‎✔️ Simple & Clear Explanation
‎✔️ Homework + Feedback System
‎✔️ Weekly Progress Check

‎🎯 ဒီသင်တန်းတက်ပြီးရင်… (A1.1 Level)
‎✅ ကိုယ်ကိုယ်မိတ်ဆက်နိုင်မယ်
‎✅ အခြေခံ German Conversation ပြောနိုင်မယ်
‎✅ A1.1 Level ကို ခိုင်မာစွာ နားလည်နိုင်မယ်
‎✅ A1 ဆက်တက်ဖို့ Foundation ရရှိမယ်
‎💡 ဘယ်သူတွေတက်သင့်လဲ?
‎✔️ German ကို Zero ကနေ စတင်လိုသူများ
‎✔️ Basic Level ကို ခိုင်မာအောင် လေ့လာချင်သူများ
‎✔️ A1 ဆက်တက်ဖို့ ပြင်ဆင်နေသူများ
‎📩 Registration Open Now

‎⚠️ Seat ကန့်သတ်ထားသောကြောင့် First Come First Serve ဖြစ်ပါသည်

‎👉 စိတ်ဝင်စားပါက အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ

25/03/2026

Edit လူပြည့်သွားပီနော် 😉😉😉

🇩🇪 ဂျာမန်စာကို အခြေခံကနေ အခမဲ့ လေ့လာချင်သူများအတွက် အထူးသတင်းကောင်း‼‼

Hallo 👋
Lass uns German Language Training Center မှ ဂျာမန်ဘာသာစကားကို စိတ်ဝင်စားသူများအတွက်
Batch 3 (Free Class) ကို ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။

တက်ချင်သူများများပြားနေသောကြောင့်
နောက်ထပ် Section အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ထားပါသည်။

📚 သင်တန်းအသေးစိတ်

Level: Basic မှ A1.1 အထိ

စတင်မည့်ရက်: April (1) ရက်
သင်တန်းကြာချိန်: ၁လခွဲခန့်
သင်တန်းကြေး: 💸 Free (အခမဲ့)

⏰ Class Schedule
🕡 Tuesday _6:30 PM – 8:00 PM
🕡 Thursday – 6:30 PM – 8:30 PM
🕣 Saturday & Sunday – 8:30 AM– 10:30 AM

⏳ တစ်နေ့ ၂ နာရီ သင်ကြားပေးပါသည်။
👥 လူဦးရေ
တစ်တန်းလျှင် ၁၂ ဦးသာ လက်ခံမည်
(ဦးသူစနစ်ဖြင့်)

💻 သင်ကြားမည့်ပုံစံ

Zoom ဖြင့် Live သင်ကြားမည်
Telegram Group ထဲတွင် Recorded Video များ ပြန်လည်ကြည့်ရှုနိုင်မည်

📌 Registration

သင်တန်းကို အခမဲ့တက်ရောက်နိုင်ပါသည်။
သို့သော် သင်တန်းအပေါ် တန်ဖိုးထားမှုရှိစေရန်
👉 Registration Fee – 15,000 MMK သာ ကောက်ခံပါသည်။

🚨 နေရာအကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံး လျှောက်ထားလိုက်ပါနော်!
ဂျာမန်ဘာသာစကားကို အတူတူ လေ့လာဖို့
“Lass uns” ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 💛🇩🇪

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

20
Yangon
01050