Professional Youth's Legacy

Professional Youth's Legacy Youth opportunity/Education/Youth's legacy

Hello Hello!🔉 Important announce 📍📍ကျွန်တော်တို့ရဲ့ Youth's Legacy organization ကို တစ်နှစ်ဒါမှမဟုတ်နှစ်နှစ် ယာယီ ရပ်နား...
12/10/2025

Hello Hello!
🔉 Important announce 📍📍
ကျွန်တော်တို့ရဲ့ Youth's Legacy organization ကို တစ်နှစ်ဒါမှမဟုတ်နှစ်နှစ် ယာယီ ရပ်နားထားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်ခင်ဗျ

Youth's Legacy ဟာဆိုရင်

📍လူငယ် များအခွင့်အလမ်းကောင်းမှာရရှိရေး

📍နိုင်ငံတကာသုံး ဘာသာစကားများကို အခမဲ့သင်ကြားပေးခြင်း

📍အပြည်အပြည်ဆိုင်ရာ ကိစ်စရပ်များ (စီးပွားရေး၊ပညာရေး၊နိုင်ငံတကာဆက်ဆံရေး...)စသောကိစ်စရပ်များ

ကိုလုပ်ဆောင်နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ခင်ဗျ

📍 Organization owner Ko Zay Thurain Htut ဟာဆိုရင်လည်း လူငယ်အကျိုးပြုလုပ်ငန်းများစွားမှာပါဝင်ပြီးလုပ်ဆောင်နေသူတစ်ယောက်ဖြစ်သလို UN(United nation)ရဲ့ Volunteering member ဝင်တစ်ယောက်ဖြစ်ပါတယ်ခင်ဗျ။

📍အခုလို ယာယီရပ်နားထားရတဲ့အကြောင်းအရင်းဟာဆိုရင်လည်း
Orgnization ရဲ့လိုအပ်နေတဲ့ စည်းမျဉ်းတွေ.positionတွေ.Data တွေကိုပြန်လည်ပြင်ဆင်ရန်ဖြစ်ပါတယ်ခင်ဗျ။

များမကြာမှီအချိန်အတွင်းမှာကျ‌ွန်တော်တို့ရဲ့ Legacy ကောင်းတွေနဲ့အတူ Youth's Legacy တဖန်ပြန်လည်ရောက်ရှိလာမှာမို့ အားလုံးကိုနုတ်ဆတ်ခဲ့ပါသေးတယ်ခင်ဗျ။

Brain Rot‼️🧠Brain rot ဆိုတာ internet slangတစ်ခုပါမြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ ဦးနှောက်ပုပ်ခြင်းဖြစ်ပြီးSoci...
08/10/2025

Brain Rot‼️

🧠Brain rot ဆိုတာ internet slangတစ်ခုပါ
မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ ဦးနှောက်ပုပ်ခြင်းဖြစ်ပြီး
Social media မှာတင်ထားတဲ့ low quality content(TikTok,reels, shorts) တွေကို အလွန်အကျွံကြည့်ရှုရင်းကနေ ဦးနှောက်ရဲ့လုပ်ဆောင်ရည်တွေကျဆင်းလာမှု ကိုဆိုလိုပါတယ်
အချို့social media သုံးစွဲသူတွေက ဒီစာလုံးကို ပေါ့ပေါ့ပါးပါး သုံးနှုန်းတတ်ကြပေမယ့် brain rotဖြစ်စေတဲ့lifestyleဟာ စိတ်ကျန်းမာရေးနဲ့ ဦးနှောက်အလုပ်လုပ်ပုံကို ဆိုးဆိုးရွားရွားထိခိုက်နိုင်ပါတယ်😵‍💫

🕰️ဒီအကြောင်းကိုမပြောခင် brain rot ရဲ့ သမိုင်းကြောင်းကို အရင်လေ့လာကြည့်လိုက်ရအောင်

ဒီစာလုံးကို 1854ခုနှစ်မှာ Henry David Thoreau က " Walden " ဆိုတဲ့စာအုပ်📖မှာ စတင်သုံးနှုန်းဖော်ပြခဲ့တာပါ
စက်မှုတော်လှန်ရေးခေတ်ရဲ့ သတင်းအချက်အလက်တွေ အများကြီးထဲနစ်မြုပ်နေတဲ့လူ့အဖွဲ့အစည်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးကျဆင်းလာမှုအကြောင်း ဝေဖန်ရေးသားထားတယ်လို့ သိရပါတယ်

2007ခုနှစ်မှာတော့ Twitterက dating game show, video game🎮တွေမှာ ပြန်တွေ့လာရပြီး နောက်ပိုင်းမှာ ခေတ်နဲ့အတူ tiktok video တွေ meme‌ တွေနဲ့လူသိများလာပါတယ်

2024ခုနှစ်မှာတော့ brain rot ကိုအသုံးပြုမှုသိသိသာသာတိုးလာတဲ့အတွက် Oxford University Pressကနေ "Oxford's word of the year" အဖြစ်ရွေးချယ်ခဲ့ပါတယ်🏆

လက်ရှိမှာတော့ ဒီslangဟာ လူငယ်တွေကြား အထူးသဖြင့်(Gen Zနဲ့ Gen Alpha)တွေကြားမှာ အသုံးများနေတဲ့စာလုံးပါ
မြင်သာအောင်ပြောပြရရင်တော့ brainrot words တွေဆိုပြီးပြောကြတဲ့

👉🏻အိမ်သာထဲကထွက်‌နေတဲ့ခေါင်းတွေ ကင်မရာခေါင်း၊ စပီကာခေါင်းတွေတိုက်ခိုက်နေကြတဲ့ Skibidi Toilet ,TUNG TUNG TUNG SAHUR, LIRILI LARILA, BALLERINA CAPUCHINA,..........

TikTok, YouTube shortတွေမှာ ဒီစကားလုံးတွေကို အများအပြားကြားရသလို ကလေးတွေပါးစပ်မှာလည်း သီချင်းဆိုသလိုကြားနေရတတ်ပါတယ်
အချို့ကလည်း သူငယ်ချင်းအပေါင်းအသင်းကြားမှာ ခေတ်မှီတဲ့ပုံစံနဲ့ပြောဆိုကြပါတယ်

ဒီလိုအရာတွေကို ဘာကြောင့်စိတ်ဝင်စားကြလဲ??

ယုတ္တိမရှိမှုရဲ့ဆွဲဆောင်မှုကြောင့်ပါ💯
ဟုတ်ပါတယ် ဒီယုတ္တိမရှိတဲ့အရာတွေက အထူးအဆန်းဖြစ်နေလို့ ခန့်မှန်းမရတဲ့အတွက်ဘာထပ်မြင်ရမလဲ စိတ်ဝင်စားကြတာပါ

ဒါဆို ဒီလိုအရာတွေက
ဦးနှောက်နဲ့ကျန်းမာရေးကို ဘာ‌ကြောင့်ထိခိုက်စေတာလဲ ?
ကိုယ်ရော brain rotဖြစ်‌နေရင် ဘယ်လိုလုပ်နိုင်မလဲ?? 🤔
ဆိုတဲ့ အကြောင်းအရာတွေနဲ့အတူ
နောက်လာမယ့်contentမှာပြန်တွေ့ကြပါမယ်ရှင့်✨

Hello!!English စာကိုအခြေခံကောင်းကောင်းနဲ့ပိုင်နိုင်ချင်လား။အတတ်ပညာတစ်ရပ်အနေနဲ့ပဲဖြစ်ဖြစ်တတ်မြောက်ထားချင်လား။ဒါဆိုရင်တော့...
07/10/2025

Hello!!
English စာကိုအခြေခံကောင်းကောင်းနဲ့ပိုင်နိုင်ချင်လား။အတတ်ပညာတစ်ရပ်အနေနဲ့ပဲဖြစ်ဖြစ်တတ်မြောက်ထားချင်လား။

ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့Youth Legency Organization ကြီးကနေ
Elementary A2 level အတန်းလေးကိုဖွင့်လှစ်ပေးလိုက်ပါပြီ။

ဒီလအတွင်းမှာ တက်ရောက်ဖို့လျှောက်ထားမယ်ဆိုရင် တစ်ရာ ရာခိုင်နှုန်း free အနေနဲ့တက်ရောက်ရမှာမို့လုံးဝလက်လွှတ်မခံသင့်ပါဘူးနော်။

အသက်အရွယ်အားဖြင့်လဲ 13နှစ်မှ20အတွင်းဖြစ်တာမို့ အားလုံးအတွက်လဲအဆင်ပြေပါတယ်နော်။

သင်ကြားပေးမယ့်ရက်များကတော့ စနေ၊တနဂ်နွေတို့လိုမျိုးအားလပ်ရက်တွေဖြစ်တဲ့အတွက် ကျောင်းသား၊ဝန်ထမ်းတွေအတွက်ပါ တကယ့်ကိုအဆင်ပြေပါတယ်နော်။

သင်ကြားပေမယ့် platform ကတော့ zoomဖြစ်တာမို့ နားမလည်တာမျိုးဆိုချက်ချင်းမေးလို့ရပါတယ်။

ဒါကြောင့်စိတ်ဝင်စားတယ်ဆိုရင်အောက်က အချက်အလက်တွေသေချာဖတ်ပြီး လာရောက်အပ်နှံလိုက်တော့နော်။

Class name -Elementary A2

Date and time -Sat & Sun
(8:30 - 9:30 PM)

Start date-11.10.2025

Platform -Zoom

Age limit - 13 to 20

အတန်းအပ်ရန်-

01/10/2025

Hello Hello!!

"သင့်ရဲ့တွေ့ကြုံလာခဲ့သမျှအခြေအနေတွေမှာ reject များလို့ပူပန်နေတုန်းလား❓"
_--____-_-_
ဒါဆိုရင်တော့
"From Rejection to Recognition:The Journey to Inter program"
လို့အမည်ရတဲ့ podcast လေးကသင့်အတွက်အကျိုးရှိမှာသေခြာပါတယ်
ဒီpodcast မှာဆိုရင်ဖြင့်
Podcasters အနေနဲ့ PYL ဘက်မှ Ko Herry နဲ့ NEC ဘက်မှ အမ Eaint တို့ပါဝင်မှာဖြစ်ပြီး
Guest speaker အနေနဲ့တော့
Next Gen Impact ရဲ့ founder
World Health Institute Myanmarရဲ့ Nation Drictor တစ်ဦးဖြစ်တဲ့
Ma Shin Thant Shwe Eaint ကပါဝင်ပေးသွားမှာဖြစ်ပါတယ်ခဗျ



🔉Hello Hello!!English စာကို Broken levelA2,A2+ level ကိုငွေကြေးတစ်ပြားတစ်ချပ်မှပေးသွင်းစရာမလိုပဲနဲ့ဒီလအတွင်း register လု...
27/09/2025

🔉Hello Hello!!
English စာကို Broken level
A2,A2+ level ကိုငွေကြေးတစ်ပြားတစ်ချပ်မှပေးသွင်းစရာမလိုပဲနဲ့
ဒီလအတွင်း register လုပ်မယ်ဆိုရင် 🏷️100% free တတ်ရောက်ခွင့်ရမှာဖြစ်ပါတယ်ခင်ဗျ
🔖အသက်အရွယ်အားဖြင့်လည်း
13-20yearsအထိလက်ခံထားပါတယ်ခင်ဗျ
ဒါဆိုရင်တော့အခုပဲစာရင်းသွင်းအပ်နှံလိုက်တော့နော်
သင်ကြားမဲ့ရက်တွေကလည်း
စနေနဲ့တနင်းဂနွေဖြစ်လို့ကျောင်းချိန်ထိမှာစိတ်ပူစရာမလိုပါဘူး

ဒါ့ပြင်Zoom platform မှာ face to face ,သင်ကြားရမှာဖြစ်ပါတယ်

Course စမဲ့ရက်ကလည်း
သီတင်းကျွတ်ကျောင်းပိတ်ရက်
5/10/2025မှာစတင်မှာဖြစ်ပါတယ်ခဗျ
👉To register
Telegram


And Facebook chat box မှတဆင့်လည်းအပ်နှံနိုင်ပါတယ်


Nephophile, Pluviophile, Anthophile…ဆိုတဲ့ စကားလုံးလေးတွေကို ကြားဖူးကြလားမသိဘူး။🍃🌿ဒါတွေကတော့ သဘာဝကိုချစ်သူ type တွေကို ခ...
26/09/2025

Nephophile, Pluviophile, Anthophile…
ဆိုတဲ့ စကားလုံးလေးတွေကို ကြားဖူးကြလားမသိဘူး။🍃🌿
ဒါတွေကတော့ သဘာဝကိုချစ်သူ type တွေကို ခေါ်တဲ့နာမည်လေးတွေပါ။✨

☁️ တိမ်တွေကိုကြိုက်တတ်သူဆိုရင် Nephophile
🌸 ပန်းချစ်သူဆိုရင် Anthophile
🌧️ မိုးကိုသဘောကျသူဆိုရင် Pluviophile
🌳သစ်ပင်ချစ်သူလေးတွေကတော့ Dendrophileလေးတွေပါ

လူတိုင်းနီးပါးတော့ သဘာဝရဲ့ အစိတ်အပိုင်းတွေထဲက အနည်းဆုံးတစ်ခုလောက်ကိုတော့ မြတ်နိုးမိကြမှာပါ💚
မိုးကိုသဘောကျသူကလည်း မိုးရွာဖို့‌ မျှော်သလို အပင်ချစ်သူတွေကလည်း ကျိုးတိုးကျဲတဲတောင်ဂတုံးတွေအစား စိမ်းစိမ်းစိုစိုတောင်တန်းတွေဆီအလည်သွားချင်ကြတယ်မဟုတ်လား။

အားလုံးသိပြီးတဲ့အတိုင်း သဘာဝတရားကြီးထဲမှာ ဒီအရာအားလုံးက တစ်ခုနဲ့တစ်ခုဆက်စပ်ပြီးအလုပ်လုပ်နေကြတာပါ
လူသားတွေအပါအဝင်ပေါ့နော်

ဒါကြောင့် လူသားတွေကလည်း nature ကိုနည်းလမ်းအမျိုးမျိုးနဲ့ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်

ဒါဆိုရင်တော့ လူပြောနည်းနေသေးပေမယ့် ထိရောက်နိုင်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြချင်ပါတယ်✨✨

"👗 Eco-friendly clothing "

👉🏻eco-friendly clothing ဆိုတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မယ့် အဝတ်အစားထုတ်လုပ်မှု၊ရောင်းချမှု ၊ဝတ်ဆင်မှု၊ စွန့်ပစ်မှုမျိုးပါ

-🧵ပစ္စည်းကုန်ကြမ်းအသုံးပြုတဲ့နေရာမှာလည်း သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ အော်ဂဲနစ်ကုန်ကြမ်းတွေနဲ့ ရေနဲ့မြေဆီလွှာညစ်ညမ်းမှုကိုထိန်းသိမ်းပေးပါတယ်
- သဘာဝဆိုးဆေးကိုသာသုံးပြီး စွန့်ပစ်တဲ့အခါမှာတောင် မြေဆီလွှာထဲမှာ သဘာဝအတိုင်းဆွေးမြေ့သွားနိုင်ပါတယ်
-ပလတ်စတစ်ဘူးတွေ၊ စွန့်ပစ်အထည်တွေကို recycle ပြန်လုပ်ပြီးလည်း ချည်မျှင်တွေပြန်ထုတ်ပါတယ်
-စက်ရုံကနေထုတ်လုပ်ရာမှာ ပတ်ဝန်းကျင်ကိုထိလိုက်မှုအနည်းဆုံးနည်းလမ်းတွေကိုသာ သုံးကြပါတယ်
ဒါကတော့ ထုတ်လုပ်မှုအပိုင်းပါ

ဒီလိုနည်းလမ်းတွေနဲ့ထုတ်လုပ်ပြီး sustainable fashion ကိုရည်ရွယ်တဲ့ အဝတ်အစားbrandတွေ ရှိပါတယ်
ဒါပေမယ့် ထုတ်လုပ်ဖို့ကုန်ကျစရိတ်များတာကြောင့် ဈေးကလည်းပိုကြီးတတ်ပါတယ်

ဒါဆို လူတန်းစားမရွေးလုပ်နိုင်မယ့် အခြားနည်းလမ်းလေးတစ်ခုကိုထပ်ပြောပြပေးပါမယ်

✅Vintage, Thrift အထည်တွေဝယ်ဝတ်ပါ
✅အဝတ်အဟောင်းတွေကို ပြန်လည်အသုံးပြုပါ
✅လိုအပ်တဲ့သူ ရှားပါးတဲ့သူတွေကို ပြန်လည်လှူဒါန်းပါ
✅အထည်အတိုအစလေးတွေ အဟောင်းလေးတွေကို ကိုယ့်ရဲ့creationနဲ့‌ ပေါင်းစပ်ပြီး ဆန်းသစ်တီထွင်လို့ရပါတယ်
online မှာလည်း အများကြီးရှိတာမို့ ရှာကြည့်လို့ရပါတယ်

ဒီလိုအဝတ်တွေကိုပြန်လည်အသုံးပြုတာဟာ အသစ်အသစ်တွေထုတ်လုပ်ဖို့အတွက် အသုံးပြုရတဲ့စွမ်းအင်အရင်းအမြစ်တွေကိုအများကြီးသက်သာစေပါတယ်
နောက်ပြီးညစ်ညမ်းမှုတွေကိုလည်းလျှော့ချပေးတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်နော်

ကဲ ဒါဆိုရင်တော့ ဒီနည်းလမ်းလေးက ကိုယ့်အတွက်ဆိုလည်း 💸budget saveဖြစ်မယ် အများအတွက်ရော ကိုယ်ကာကွယ်ချင်တဲ့ သဘာဝအလှတွေအတွက်ရော အကျိုးရှိမယ့်နည်းလမ်းလေးဖြစ်တာကြောင့် win-win situation ပါပဲနော်😎

ပစ္စည်းအဟောင်းလေးတွေ ဝယ်စုတတ်တဲ့ဝါသနာလေးလည်းတိုးလာနိုင်တာကြောင့် tryကြည့်ကြဖို့ တိုက်တွန်းပါတယ်ရှင့်👀

Our differences, our strength🤟မတူညီမှုတွေကို လက်ခံပေါင်းစည်းနိုင်ခြင်းဆိုတာ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတစ်ခုပါ✨23 September...
17/09/2025

Our differences, our strength🤟

မတူညီမှုတွေကို လက်ခံပေါင်းစည်းနိုင်ခြင်းဆိုတာ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတစ်ခုပါ✨

23 September -International Sign Languages Day (ISLD) 🌎👐

"အပြည်ပြည်ဆိုင်ရာ လက်‌သင်္ကေတပြဘာသာစကားနေ့"

ဒီနေ့ဟာ ဘာသာစကား(sign language) တွေရဲ့အရေးပါမှု ၊ နားမကြားသူအသိုင်းအဝိုင်းရဲ့ 👂❌ အရေးပါမှုကိုသိမြင်လာစေဖို့ရည်ရွယ်တဲ့ အထိမ်းအမှတ်နေ့တစ်ခုဖြစ်ပါတယ်။

📖 သမိုင်းအကျဉ်း
ကမ္ဘာ့နားမကြားသူများအဖွဲ့ချုပ် (WFD) စတင်တည်ထောင်ခဲ့တဲ့ နေ့ဖြစ်တဲ့ ၁၉၅၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။
WFD ဟာ နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှ အဖွဲ့ဝင်တွေနဲ့
နားမကြားသူတွေရဲ့ အခွင့်အရေးအတွက် နှစ်ပေါင်း ၇၀ ကျော် ကြိုးပမ်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံsign language တွေမတူညီကြပါဘူး

👉ASL (American Sign Language)🇺🇸
👉BSL (British Sign Language) 🇬🇧
👉JSL (Japanese Sign Language)🇯🇵 စသဖြင့်...
🌐ကမ္ဘာပေါ်မှာ sign language မျိုးကွဲပေါင်း ၃၀၀ကျော်ရှိပါတယ်

🇲🇲မြန်မာနိုင်ငံမှာလည်း Myanmar Sign Language -MSLဆိုပြီး ရှိပါတယ်
ဒီလိုကွဲပြားနေရတာကတော့ နိုင်ငံအလိုက် ယဉ်ကျေးမှုနဲ့ ထုံးတမ်းအစဉ်အလာတွေဟာ သင်္ကေတပုံစံတွေဖြစ်ပေါ်မှုအပေါ် လွှမ်းမိုးမှုရှိလို့ပဲ ဖြစ်ပါတယ်

🤔ဒါဆို sign languageတွေ မတူတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံဆက်သွယ်နိုင်ရဲ့လား❓

✅ ဟုတ်ပါတယ်! ထိထိရောက်ရောက်ဆက်သွယ်နိုင်ပါတယ်🙌
ဘာသာစကားကွဲပြားမှုဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်‌ပေမယ့် အောက်ပါနည်းလမ်းတွေကို အသုံးပြုကြပါတယ်👇👇

✨အခြေခံအဆင့် International Sign (IS) ကို နားလည်ခြင်း
✨အမြင်အာရုံဆိုင်ရာ ဉာဏ်ရည်မြင့်မားခြင်း
✨သည်းခံမှုနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း
ဥပမာ-🇲🇲🇺🇸မြန်မာနားမကြားသူတစ်ဦးနဲ့အမေရိကန်နားမကြားသူတစ်ဦးဆက်သွယ်မယ်ဆိုရင်

1️⃣အရင်ဆုံး အခြေခံသင်္ကေတတွေ(စားတာ၊သောက်တာ၊နေရာပြတာ) နဲ့စဆက်သွယ်မယ်
2️⃣နားမလည်တဲ့အခါ မျက်နှာမှာမေးခွန်းထုတ်ဟန်ပြမယ်
3️⃣ဖုန်းထုတ်ပြီး ရုပ်ပုံတွေပြမယ်
4️⃣ကိုယ်ပိုင်သင်္ကေတတွေကိုမျှဝေမယ်
ဒီလိုနဲ့ တဖြည်းဖြည်းကိုယ်ပိုင်ဆက်သွယ်နည်းကို ဖန်တီးသွားကြပါတယ်

💯✨အံ့ဩဖို့ကောင်းတာတစ်ခုက
ဘာသာစကား ကွဲပြားတဲ့ သာမန်လူနှစ်ယောက်ထက် နားမကြားသူနှစ်ယောက်က ပိုပြီး ထိထိရောက်ရောက် ဆက်သွယ်နိုင်ကြပါတယ်တဲ့

အ‌ကြောင်းက‌တော့ သူတို့ဟာ စကားလုံးတွေထက် သဘာဝအလျောက် ဖန်တီးဆက်သွယ်နိုင်စွမ်း၊ ခန္ဓာကိုယ်ဘာသာစကားကို နားလည်နိုင်စွမ်းနဲ့ သည်းခံနားလည်မှုပေးနိုင်စွမ်းတွေ အရမ်းမြင့်မားအောင်လေ့ကျင့်ထားကြလို့ပဲ ဖြစ်ပါတယ်💖

ဘယ်လိုပါဝင်ကူညီနိုင်မလဲ❓

🤝အခြေခံသင်္ကေတစကားလုံးတွေကို သင်ယူကြည့်ပါ
🤝နားမကြားသူအသိုင်းအဝိုင်းကို ထောက်ခံပါ
🤝လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့နယ်ပယ်တွေမှာ အခွင့်အလမ်းတွေဖန်တီးပေးပါ
🤝ခွဲခြားခြင်းမရှိဘဲ စိတ်ပိုင်းဆိုင်ရာအားပေးပါ

နားမကြားသူများဟာ အခြားလူတွေနဲ့ ဆက်သွယ်ရေးနည်းလမ်း ကွဲပြား‌ပေမယ့်လည်း စိတ်ခံစားမှုတွေ၊ ရည်မှန်းချက်အိပ်မက်တွေ၊ ဖန်တီးနိုင်စွမ်းတွေမှာတော့ ထပ်တူညီသူတွေပဲဖြစ်ပါတယ်🤍

15/09/2025

Hello Hello!!
Next Gen's Education Committee နဲ့ Youth's legacyတို့ပူးပေါင်းပြီး podcast လေးတစ်ခုလုပ်ထားပါတယ်ဗျ
Title လေးကတော့"Dream Chasers Turning Passions into Project"ပဲဖြစ်ပါတယ်ခင်ဗျာ

အကိုHerry နဲ့ အမ Eaintတို့က podcaster အဖြစ်ပါဝင်ပေးထားပြီး
Guest speaker အနေနဲ့
Next Gen Impact ရဲ့founder လည်းဖြစ်ပြီး လူငယ်အကျုိးပြုလုပ်ငန်းတွေမှာပါဝင်လုပ်ဆောင်နေတဲ့ အမရှင်းသန့်ရွှေအိမ်ပဲဖြစ်ပါတယ်ခင်ဗျာ
ဒီ podcast လေးမှာလူငယ်တွေအတွက်ဘယ်လိုအကျိုးပြုစေနိုင်မဲ့နည်းလမ်းကောင်းတွေပါဝင်မလည်းဆိုတာ ကြည့်ရှုကြပါအုံးခဗျ👉


15/09/2025

Next Gen's Education Committee and Youth's legacy Collab Podcast 1 (Dream Chasers Turning Passions into Projects)

ြမန်မာကျောင်းစာGrade 12 studentsများအတွက်G 12 Chemistry chapter4" Short Note"လေးတွေစုရေးပေးထားတာဖြစ်ပါတယ်ခဗျအကြိုးရှိသလိ...
13/09/2025

ြမန်မာကျောင်းစာGrade 12 studentsများအတွက်
G 12 Chemistry chapter4
" Short Note"
လေးတွေစုရေးပေးထားတာဖြစ်ပါတယ်ခဗျ
အကြိုးရှိသလိုအသုံးချနိုင်ကြပါစေဗျ
Note ထုတ်ပေးထားသောတီချယ်ကတော့
Tr.Ei Ei Zinပဲဖြစ်ပါတယ်ခဗျ
---------
For Myanmar school Grade 12 students,
G 12 Chemistry chapter 4
"Short Note"
I have compiled it for you
I hope you can use it as much as you like
The teacher who made the note is
Tr.Ei Ei Zin

Cambridge Exam ဖြေဖို့စဉ်းစားနေတဲ့သူတွေရှိလား!???ဒါဆိုရင်တော့ဒီ websiteထဲမှာဆိုရင် -KET, PET, FCE, CAE, CPE စာမေးပွဲတွေအ...
13/09/2025

Cambridge Exam ဖြေဖို့စဉ်းစားနေတဲ့သူတွေရှိလား!???
ဒါဆိုရင်တော့ဒီ websiteထဲမှာဆိုရင် -KET, PET, FCE, CAE, CPE စာမေးပွဲတွေအတွက် practice လုပ်လို့ရတဲ့ testမျိုးစုံရှိပါတယ်

- မေးခွန်းတွေကလဲ ပုံစံမျိုးစုံပါဝင်ပါတယ်။

cambridge စာမေးပွဲ ဖြေဖို့အစီစဥ်ရှိတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
မဖြေတဲ့သူတွေအနေနဲ့လဲ Englishစာကို practice လုပ်ဖို့ပဲ သုံးလို့ရပါတယ်။ပြီးတော့ testတွေဖြေပြီးရင် ရတဲ့ scoreအပေါ်မူတည်ပြီး levelတွေလဲ သိနိုင်ပြီး exam ဖြေမဲ့သူတွေ အနေနဲ့လဲ ဘယ် examကို ဝင်ဖြေသင့်လဲဆိုတာကို သိနိုင်ပါတယ်။

website -

Practice Tests for learners preparing for Cambridge First Certificate in English (FCE), Certificate in Advanced English (CAE) and Certificate of Proficiency in English (CPE).

Address

Yangon

Alerts

Be the first to know and let us send you an email when Professional Youth's Legacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category