Their Blood On Our W A T C H

Their Blood On Our W A T C H

Share

ဆူးများထံမှကာကွယ်ပါ

05/05/2026

လူတွေကိုထင်မြင်ချက်နဲ့မသတ်ပါနဲ့

အားလုံးပဲမင်္ဂလာပါ ဆောင်းပါးတွေမရေးပဲပြောက်နေတာတော်တော်လေးကြာနေပါပြီ ဒါကရေးချင်တာတွေရှိပေမဲ့လူတွေကိုစိတ်ကုန်တာကြောင့်မရေးဖြစ်တာလို့ပြောလို့ရပါတယ်။
ဒီနေ့မှာတော့လူတွေကိုပေးချင်တဲ့ message လေးတစ်ခုရှိလာတာကြောင့်ရေးတာဖြစ်ပါတယ် ဒါဆိုရင်စလိုက်ကြရအောင်။
ကျွန်မတို့မြန်မာနိုင်ငံကလူတွေကလူအခြင်းခြင်းကိုအမြင်နဲ့များစွာဆုံးဖြတ်တတ်ကြပါတယ် ကိုယ်တိုင်လဲဒီလိုဆုံးဖြတ်တာကိုခံနေရချိန်လို့လဲပြောလို့ရပါတယ်။ အဓိကအနေနဲ့ကျွန်မက piecingတွေဖောက်ရတာကိုအလွန်အမင်းနှစ်ခြိုက်ပါတယ် ဒါနဲ့ပတ်သတ်ပြီးကိုယ့်ရဲ့မွေးရပ်မြေကိုပြန်ရောက်တဲ့အချိန်မှာများစွာဝေဖန်ခြင်းခံနေရတာဖြစ်ပါတယ် ကျွန်မအတွက်ကတော့ဒါကပြသနာမရှိပေမဲ့ စိတ်ထားနုနယ်တဲ့လူငယ်တွေအနေနဲ့တော့ဒါကအနဲနဲ့အများစိတ်ထိခိုက်စရာတွေဖြစ်လာနိုင်ပါတယ်။လူတိုင်းကိုပေးချင်တဲ့အဓိကအကြောင်းအရာကတော့ လူဟာလူပါ လူသားတိုင်းမှာကိုယ်နှစ်ခြိုက်တဲ့အရာကိုလုပ်ပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ဒီအရာကမိမိရဲ့ပတ်ဝန်းကျင်နဲ့ကမ္ဘာကြီးကိုထိခိုက်စေတာမျိုးမဟုတ်ဖို့သာလိုပါတယ် ကျန်တာကိုဂရုစိုက်စရာမလိုဘူးလို့ကျွန်မအနေနဲ့မြင်ပါတယ် ကျွန်မတို့ဟာတစ်နေ့ကျရင်လောကကြီးမှာရှိတော့မှာမဟုတ်ကြတော့ပါဘူး ဒါကိုလက်ခံထားနိုင်ရပါမယ် ဒါကြောင့် ဒီလောကကြီးမှာတခြားလူတွေကိုဖိနှိပ်နေတာ သိမ်ငယ်နေတာတွေကိုရပ်တန့်ပြီးကိုယ့်အတွက်ကိုယ်ပဲရှင်သန်ကြဖို့လိုပါတယ် ဒါမှသာလူတိုင်းဟာနောင်တမရှိပဲရှင်သန်နိုင်မှာလို့မြင်ပါတယ် လောကကြီးကထွက်သွားရမဲ့အချိန်မှာလဲ လွပ်လပ်စွာထွက်သွားနိုင်မှာလို့မြင်ပါတယ် ကျွန်မတို့ကိုယ်သာကျွန်မတို့ပိုင်ပါတယ် ကျွန်မတို့ရဲ့စိတ် ကျွန်မတို့ရဲ့ပျော်ရွှင်မှူ ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်အရာအားလုံးက ကျွန်မတို့အပေါ်မှာပဲသက်ရောက်ပါတယ် ကျွန်မတို့အနေနဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ ကျရှုံးတာဖြစ်ဖြစ် အောင်မြင်တာဖြစ်ဖြစ်၂ခုလုံးရဲ့အကျိုးအပြစ်ဟာကျွန်မတို့အပေါ်မှာပဲတိုက်ရိုက်သက်ရောက်ပါတယ် ဒါကိုလက်ခံနိုင်ရင်တာဝန်ယူနိုင်ရင်ကျွန်မတို့ဟာလူပီသပါပြီ gay ဖြစ်ဖြစ် le***an ဖြစ်ဖြစ် Straight ပဲဖြစ်ဖြစ်လူတိုင်းဟာကိုယ့်ဘဝနဲ့ကိုယ်ဖြစ်ပြီးအဆုံးသတ်မှာအားလုံးကိုစွန့်လွှတ်ပြီးဒီပတ်ဝန်းကျင်ဒီကမ္ဘာမြေပေါ်ကနေပြောက်ကွယ်သွားရမှာပါပဲ။ ဒါကြောင့် လွပ်လပ်စွာရှင်သန်ကြပါ လွပ်လပ်စွာရှင်သန်ခြင်းဟာအမှားတစ်ခုမဟုတ်ပါဘူး လွပ်လပ်စွာရှင်သန်နေတဲ့လူတစ်ယောက်ကိုပုတ်ခတ်ပြောဆိုတဲ့ပတ်ဝန်းကျင်ကသာမှားနေတာပါ။ ကျွန်မတို့ကိုဝေဖန်လာတဲ့အခါမှာ ကျွန်မတို့အနေနဲ့လက်ခံနိုင်သလောက်ကိုလက်ခံပြီးဝေဖန်သူဖက်ကမှားနေတဲ့အခါမျိုးမှာ အတင်းအကျပ်ရှင်းပြတာမျိုးမဟုတ်ပဲ လူတွေကတစ်ယောက်နဲ့တစ်ယောက်တူမှမတူတာဆိုတဲ့အဖြေမျိုးနဲ့သာရှောင်ထွက်ခဲ့လိုက်ပါ ဒါကအကောင်းဆုံးဖြေရှင်းနည်းလို့ထင်ပါတယ် ဘာကြောင့်လဲဆိုတော့ လူတွေကမတူကြလို့ပါ မတူညီတဲ့လူတွေကိုအတင်းအကျပ်လိုက်ပြီးရှင်းပြပြောပြနေရတာဟာကိုယ့်ရဲ့အချိန်တွေကိုပုတ်စေတဲ့အပြင်ကိုယ့်ရဲ့ အင်အားတွေကိုလဲများစွာစုတ်ယူပါတယ် ဒါကြောင့်ကိုယ်ကိုယ်တိုင်ကလဲလူတွေကိုထင်မြင်ချက်တွေနဲ့မသတ်ပါနဲ့ ထင်မြင်ချက်တွေနဲ့ကိုယ့်ကိုသတ်ဖို့ကြိုးစားတာကိုလဲလက်မခံပါနဲ့ အားလုံးပဲဆူးများထံမှလွတ်မြောက်နိုင်ကြပါစေ

17/06/2025

ဆူးများထံမှကာကွယ်ကြ။

Sexual case ဆိုတာယနေ့ခေတ်မှာလူတိုင်းနဲ့မကင်းတဲ့အရာလို့ပြောရင်မှားမယ်မထင်ပါဘူး (ဒီစကားဟာကင်းတဲ့လူတွေကိုလုပ်ကိုလုပ်မှဖြစ်မယ်လို့ဆိုလိုခြင်းမဟုတ်ပါ) သို့ပေမဲ့ယခုခေတ်မှာကျောင်းတက်နေတဲ့ဆယ်ကျော်သက်တွေအတွက်အိမ်မက်ဆိုးတစ်ခုလိုပါပဲ။
အိမ်မက်ဆိုးဆိုတာကဘာကိုပြောချင်တာလဲ။
အိမ်မက်ဆိုးဆိုတာဟာs*xual ဖြစ်ပြီးအကျိုးဆက်အကြောင်းတရားတွေကိုပြောချင်တာဖြစ်ပါတယ်။
Telegram,TikTok စသည်ဖြင့်ဒီလိုappတွေမှာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအမျိုးသမီးတွေရဲ့ n**e နဲ့ PA တွေကိုအမည်ဖော်ကာတင်နေတာတွေဟာ ၂၀၂၁လောက်ကစပြီးအခုချိန်ထိရေပန်းစားနေဆဲဖြစ်ပါတယ်။ ၄င်းအပြင် AIတွေခေတ်စားလာတာနဲ့အမျှ AIတွေကိုအသုံးပြုပြီး attentionရအောင်ပြုလုပ်နေတာတွေဟာလဲဒုနဲ့ဒေးဖြစ်ပါတယ်။ ဒါ့အပြင်ကျောင်းတွေမှာ လိင်ကိစ္စတွေကျူးလွန်ကြပြီးအရွယ်မတိုင်ခင်ကိုယ်ဝန်ရတာတွေဟာလဲအများအပြားရှိနေပါတယ်။ နောက်ပြီး s*xလုပ်တဲ့အချိန်မှာ video ရိုက်ထားပြီးအခန့်မသင့်လို့ပြတ်တဲ့အချိန်မှာ ခြိမ်းခြောက်တာတွေ social media platform တွေမှာရောင်းစားတာတွေဟာလဲအများအပြားပါ။ ဒါတွေဟာ s*x ကိစ္စတွေကိုထမင်းစားရေသောက် ကိစ္စလောက်တောင်အလေးမထားပဲကျူးလွန်နေကြတာကြောင့်ဖြစ်ပါတယ်။ သို့ပေမဲ့ s*x ကိစ္စနဲ့ပတ်သတ်ပြီး knowledgeဟာ လက်တွေ့မှာသိသင့်သလောက်မသိဘူးလို့ကျွန်မအမြင်အရပြောရင်ဒါဟာမှားမယ်မထင်ပါဘူး။ s*x education ကို international schလောက်မှာသာအကြမ်းမျဉ်းထည့်သင်လေ့ရှိပါတယ်။သို့ပေမဲ့အတွင်းအကျမဟုတ်သလိုတစ်ပိုင်းတစသာဖြစ်ပါတယ်။ ဘာသာရေးတွေနဲ့ ယဉ်ကျေးမှူစတဲ့ခေါင်းစဉ်တွေကြောင့်ကျောင်းတိုင်းမှာတွင်ကျယ်စွာသင်ခွင့်မရနိုင်ပါဘူး။ ဒါ့အပြင်အာဏာသိမ်းပြီးကာလနောက်ပိုင်း ကျောင်းတွေမှာ ရည်းစားထားတာတွေနဲ့ပတ်သတ်ပြီးထားခဲ့စည်းကမ်းတွေဟာအချိန်ကြာလာတာနဲ့အမျှယုတ်ရော့လာတယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။ ဆရာဆရာမတွေဟာမြင်နေရင်တောင်ဘာမှမပြောနိုင်တဲ့အခြေအနေအထိဆရာ ဆရာမတွေရဲ့ ဩဇာဟာကျဆင်းလာတာဖြစ်ပါတယ်။ ဒါ့အပြင် s*xual knowledge မရှိတာကြောင့် အလွယ်တကူကိုယ်ဝန်ရတဲ့ဖြစ်စဥ်တွေဟာ အဆက်မပြတ်ဖြစ်ပွားနေတာကိုမြင်တွေ့ရမှာပါ။ ယခုခေတ်အခြေအနေနဲ့ ဒါတွေဟာရှက်စရာတွေလို့တွေးမြင်နေတာကိုလူကြီးမိဘတွေအနေနဲ့ရပ်သင့်နေပြီလို့ထင်မြင်မိပါတယ်။ သတိလေးတစ်ချက်လွတ်ယုံနဲ့တင်ကလေးတွေရဲ့ဘဝဟာပျက်စီးသွားနိုင်ပါတယ်။ ကျောင်းတွေမှာ s*x equation ကိုထည့်သင်ဖို့ဆိုတာဟာလဲမြန်မာနိုင်ငံမှာ မဖြစ်နိုင်သေးတဲ့ကိစ္စလို့တွေးရင်မမှားပါဘူး။ ကိုယ်ဝန်ရပြီးဖြစ်လာနိုင်တဲ့နောက်ပိုင်းအကျိုးဆက်တွေကို လူကြီးပိုင်းတွေဟာ ကျွန်မတို့လူငယ်တွေထပ်ကောင်းကောင်းကြီးပိုသိပါတယ်။ ဒါ့ကြောင့် R**e လုပ်ခံရတာပဲဖြစ်ဖြစ် အလိုတူအလိုပါဖြစ်ခဲ့တာပဲဖြစ်ဖြစ် ကိုယ့်မိဘကိုယ်အားကိုးရဲအောင် ပြောရဲအောင် ရင်းနှီးမှူယူထားတာဟာအကျိုးမမဲ့စေပါဘူး။ ၄င်းအပြင်အသက်အရွယ်အလိုက် သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကိုလဲသင်ပေးထားသင့်ပါတယ်။ အဓိကအနေနဲ့ကိုယ့်ရဲ့ n**e video စသည်ဖြင့် ၄င်းတို့နဲ့ပတ်သတ်ပြီးခြိမ်းခြောက်ခံရတဲ့အခါဒါမှမဟုတ် ဖြန့်ခံရတဲ့အခါ ငြိမ်ခံနေတာမျိုးမလုပ်ပဲ တရားနည်းလမ်းနဲ့ရဲဝံ့စွာဖြေရှင်းရမည်ဖြစ်ကြောင်းကိုအသိပညာပေးသင့်ပါတယ်။ ဒါမှသာ မိဘမဲ့ကလေးတွေနည်းပါးပြီး အနာဂတ်ကလေးငယ်တွေရဲ့ဘဝဟာ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။‌ယောကျာ်းလေးတွေဟာလဲ မိန်းကလေးတွေအပေါ် လေးစားတန်ဖိုးထားသင့်ပြီး၊နှမချင်းမစာနာမှုမရှိပဲ ဖြန့်ဝေခြင်း၊အရှက်ခွဲခြင်း၊မဟုတ်မမှန်များတင်ခြင်းတွေဟာလဲ အလွန်အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်ပါတယ်။ဒီလိုလုပ်ရပ်မျိုးကျူးလွန်တဲ့သူတွေကို ကျွန်မတို့လူ့အဖွဲ့အစည်းက ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်များပေးသင့်ပါတယ်။

07/06/2025

ယနေ့ခေတ်ကလေးငယ်များသက်ငယ်မုဒိန်းမှူတွေကျူးလွန်ခံရမှန်းမသိကျူးလွန်ခံနေကြရပြီ။

ကျွန်မအသက်၁၇ပါ ကျွန်မဒီစာကိုရေးဖို့ဆုံးဖြတ်ခဲ့တာဟာ social mediaတွေအပေါ်မှာ သက်ငယ်မုဒိန်းမှူတွေကိုပေါ်ပေါ်ထင်ထင်ကျူးလွန်ခံနေရတဲ့ကလေးတွေအတွက်မိဘတွေအတွက်သိနိုင်ဖို့အသိပညာပေးအနေနဲ့ရေးသားရခြင်းဖြစ်ပါတယ်။ ကျွန်မအသက်၆နှစ်၇နှစ်ပတ်ဝန်းကျင်မှာကျွန်မဟာ သက်ငယ်မုဒိန်းမှူကိုအမျိုးသမီးတစ်ဦးထံမှကျူးလွန်ခံခဲ့ရဘူးပါတယ်။ဒါဟာ s*x educationကိုနားမထောင်ခဲ့ရဘူးလို့ နားမလည်ခဲ့လို့ဖြစ်ပါတယ်။ယခု social media တွေမှာ popularဖြစ်ချင်တဲ့စိတ်တစ်ခုထဲနဲ့ကလေးငယ်တွေအပေါ် s*xual abuse ပြုလုပ်ပြီး တင်နေတာကိုနေ့တိုင်းလိုလိုမြင်‌ တွေ့နေရပါတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး ကျွန်မတို့နိုင်ငံမှာ သတ်မှတ်ထားတဲ့တရားဉပဒေမရှိတဲ့အပြင် ဒါတွေဟာ s*xual abuse လုပ်တယ်ဆိုတာတောင်မသိကြပါဘူး။ ဒါဟာ အတော်လေးကို ရင်နာစရာ ကောင်းတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ် s*xual abuse လုပ်တယ်ဆိုတာဟာ မိန်းကလေး ယောကျ်ားလေးရယ်လို့ခွဲခြားပြီးဖြစ်နေတာမဟုတ်ပါဘူး အမျိုးသမီးတိုင်း အမျိုးသားတိုင်းမှာ ရှိနိုင်ပါတယ်။ ဒါဟာလူ့ဘောင်လူ့စည်းကိုနားမလည် အတွေးအခေါ်ဉာဏ်ပညာနည်းတဲ့လူတွေကြောင့်ပါ။ ၄င်းအပြင် ဒါတွေကိုမြင်နေတွေ့နေကြတဲ့လူတွေဟာလဲ ဟာသတစ်ခုလိုသာ မှတ်ချက်ပေးနေကြတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ s*xual abuse ဆိုတာဟာ အတင်းအကျပ်လိင်ဆက်ဆံမှမဟုတ်ပါဘူး အသက်မပြည့်သေးတဲ့ကလေးငယ်တွေကို သက်ကြီးပိုင်း အမျိုးသမီး (သို့) အမျိုးသားများကသွေးယောင်းဖျားဆောင်ခြင်း ဖြစ်ပါတယ် လူကြီးမင်းတို့ TikTok နဲ့တခြားသော appတွေမှာ သွားတောင်စုံအောင်မပေါက်သေးတဲ့ကလေးငယ်တွေ တစ်တန်း နှစ်တန်းကလေးငယ်တွေကို အသက်ပြည့်ပြီးသား (သို့) အသိဉာဏ်ပြည့်ဝပြီးဖြစ်သောလူများက ရည်းစားစာပေး ရည်းစားလုပ်ပြီး ကလေးငယ်များအပေါ် s*xual abuse လုပ်နေတာကို ပေါ်ပေါ်ထင်ထင်တွေ့မြင်နိုင်ပါတယ်။ ဒါတွေဟာဂုဏ်ယူရမဲ့ကိစ္စမဟုတ်သလို အားကျရမဲ့ကိစ္စ မြှောက်ထိုးပင့်ကော်လုပ်ပေးရမဲ့ကိစ္စလည်းမဟုတ်ပါဘူး။ ဒီလိုလူတွေကိုပြင်းပြင်းထန်ထန် အပြစ်ပေး ရှုံချသင့်ပါတယ်။ ဒီအသက်အရွယ်ကလေးတွေဟာ ဘာမှမသိသေးပါဘူး ဆော့ဖို့ စားဖို့နဲ့ အိပ်ဖို့လောက်ပဲသိကြတာဖြစ်ပါတယ်။ ဒီလို abuse လုပ်တဲ့လူတွေကြောင့် သူတို့ရဲ့ငယ်ဘဝမှာ အမဲစက်ကြီးဖြစ်သွားနိုင်သလို ငါငယ်ငယ်က ဘယ်လိုတွေဆော့ခဲ့ပျော်ခဲ့တာဆိုတဲ့အမှတ်တရတွေဟာရှိလာနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မိဘတွေအနေနဲ့ ကလေးငယ်တွေကို ဘာသာရေး ယဉ်ကျေးမှူတွေနဲ့ရောမချပဲ စည်းကမ်းတင်းကျပ်စွာ အသိပညာပေးသင့်နေပြီဖြစ်ပါတယ်။

လူမှန်းသိတတ်စကလေးငယ်များအတွက်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon
IIIIIIIII