Mg Angle

Mg Angle

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mg Angle, Yangon.

Photos from Information Technology World's post 08/04/2017
06/02/2017

Samsung Phone ကိုင်တဲ့သူတွေအတွက်

* #06 #
IMEI နံပါတ်ကိုဖော်ပြပေးသည်။

* #* #4636 #* #*
ဖုန်းမှာ အသုံးပြုထားသော အချက်လက်တွေကို စစ်လို့ရသည်။
Device, Battery, Usage, WiFi အစရှိသော ...

* #* #34971539 #* #*
သင့် Camera အကြောင်းကိုအသေးစိတ်ဖော်ပြပေးလိမ့်မည်။

* #* #273283*255*663282* #* #*
မင်းရဲ့ Media ဖိုင်တွေကို အမြနှ်ဆုံး Backup လုပ်ပေးသည်။

* #* #0* #* #*
LCD Display ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #* #0289 #* #*
အသံ ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #* #197328640 #* #*
Enabling test mode for service activity.

* #* #0283 #* #*
Packet Loopback Test.

* #* #0842 #* #*
Vibration & Backlight ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #* #1234 #* #*
ကိုယ်သုံးထားသော firmware ဧ။် အချက်လက်ကို ဖော်ပြပေးသည်။

* #* #1575 #* #*
GPS ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #* #2663 #* #*
Touch-Screen ရဲ့ version ကြည့်ရန်

* #* #2664 #* #*
Touch-Screen ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #* #0588 #* #*
ထိတွေ့မှု sensor ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #* #3264 #* #*
RAM ရဲ့ version ကြည့်ရန်

* #* #232331 #* #*
Bluetooth ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #* #232337 #* #* (or) * #232337 #
bluetooth ရဲ့ လိပ်စာကိုပြပေးသည်။

* #* #232338 #* #*
WiFi ရဲ့ MAC လိပ်စာကိုပြပေးသည်။

* #* #232339 #* #*
Wireless LAN ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #* #1111 #* #*
ဖုန်း၏ FTA software version ကိုဖော်ပြပေးသည်။
Galaxy S III - * #* #1111 #

* #* #2222 #* #*
ဖုန်း၏ FTA hardware version ကိုဖော်ပြပေးသည်။
Galaxy S III - * #* #2222 #

* #* #44336 #* #*
Build Time နှင့် Change List နံပါတ်တွေကို ပြပေးသည်။

*2767*4387264636 #
Product Code ကိုဖော်ပြပေးသည်။

* #12580*369 #
ဖုန်း Software နှင့် Hardware အချက်အလက်ကို ပြပေးသည်။

* #0228 #
Battery အခြေအနေ ကိုဖော်ပြပေးသည်။

* #32489 #
Ciphering INFO.

* #0782 #
အချိန်အမှန် ကို စမ်းသပ်စစ်ဆေးရန်

* #2263 #
RF BAND Selection.

* #9090 #
ချွတ်ယွင်းချက်ကို စမ်းသပ်စစ်ဆေးရန်

* #7284 #
USB I2C Mode ထိန်းချုပ်မှု

* #872564 #
USB LOGGING ထိန်းချုပ်မှု

* #745 #
RIL DUMP Menu.

* #746 #
DEBUG DUMP Menu.

* #9900 #
SYSTEM DUMP Mode.

* #03 #
NAND FLASH Serial Number.

* #0589 #
အလင်း sensor ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

* #273283*255*3282* #
DATA CREAT Menu.

* #3282*727336* #
ဖုန်းအသုံးပြုထားသော အခြေအနေ ကိုကြည့်ရန်

* #3214789 #
GCF Mode Status.

* #8736364 #
OTA Update Menu.

* #301279 #
HSDPA HSUPA Control Menu.

* #7353 #
အမြန် စမ်းသပ်စစ်ဆေးရန် Menu.

* #7465625 #
ဖုန်းရဲ့ lock အခြေအနေကို ကြည့်ရန်

အန္တရာယ် ရှိသော code များ !
* #* #7780 #* #* (Factory Resets)
Google account settings , (System နှင့် download လုပ်ထားသော app) တို့ ရဲ့ data နှင့် setting ကို ဖျက်ပစ်သည်။
လက်ရှိအသုံးပြုနေသော system နှင့် app တို့ဧ။် packages , sdcard ထဲမှ (သီချင်း ၊ ပုံ ၊ ...) အစရှိသော file များကို မဖျက်ပါ။

*2767*3855 # (Factory Format)
ရှိသမျှ files, settings, Internal Menory Storage ကိုဖျက်ပစ်သည်။

Photos 04/01/2017

Samsung Galaxy A(2017) မှာ ပါဝင်တဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စနစ် (၇)ခု
Samsung Galaxy A(2017) မှာ ပါဝင်တဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စနစ် (၇)ခု
Mobile
Samsung
Technology

Samsung ဟာ တနင်္လာနေ့တုန်းက Galaxy A (2017) ဖုန်းသစ်သုံးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Galaxy A(2017) ဖုန်းသုံးမျိုးက Galaxy A3(2017) ၊ Galaxy A5(2017) နှင့် Galaxy A7(2017) တို့ ဖြစ်ပါတယ်။ Galaxy A(2017) ဖုန်းတွေက Galaxy Note 7 ပြီးနောက် Samsung ပထမဆုံးထုတ်လုပ်လာတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ Galaxy Note 7 ကျဆုံးမှုကြောင့် Samsung ဟာ Galaxy A(2017) ဖုန်းတွေကို တော်တော် အာရုံစိုက်ပြီး လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အခု ကြေညာလာတဲ့ Galaxy A(2017) ဖုန်းသစ်တွေက ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ Galaxy A(2016) ဖုန်းတွေနှင့် ဘာများ ကွာခြားသွားပါသလဲ? ဈေးနှုန်း အလယ်အလတ်တန်းစမတ်ဖုန်းဈေးကွက်မှာ ဒီဖုန်းတွေ အောင်မြင်မှုရယူနိုင်အောင် ဘာ ထူးခြားချက်တွေ ပါဝင်နေသလဲ?

အခု ထွက်ပေါ်လာတဲ့ Samsung Galaxy A(2017) ဖုန်းတွေမှာ အလယ်အလတ်တန်းစမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နိုင်မယ့် ထူးခြားတဲ့ စိတ်လှုပ်ရှားစရာ အချက်တွေ အများကြီး ပါဝင်နေပါတယ်။ ပါဝင်လာတဲ့ စိတ်လှုပ် ရားစရာအချက်တွေကလည်း လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ ပရိသတ်တွေ တောင်းဆိုနေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် Samsung ဟာ ပရိသတ်တွေ အသံကို ဂရုတစိုက် နားထောင်ပြီး အကောင်းဆုံး လုပ်ဆောင်ထားတယ်လို့ ဆိုရပါမယ်။ Samsung Galaxy A(2017) မှာ ဘာတွေများ ထူးခြားနေသလဲ?

၁။ SIM ကတ်နှစ်ကတ်သုံးနိုင်သလို microSD လည်း ပါဝင်

လက်ရှိစမတ်ဖုန်းဈေးကွက်မှာ ဖုန်းတော်တော်များများမှာ SIM ကတ်နှစ်ကတ် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် SIM ကတ်နှစ်ကတ် အသုံးပြုမယ်ဆိုရင် microSD အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဖုန်းအသုံးပြုသူ တွေအနေနဲ့ SIM ကတ်နှစ်ကတ်သုံးမလား၊ Memory ပိုသုံးမလားဆိုပြီး ခက်ခဲစွာ ရွေးချယ်ရပါတယ်။ အခု ဒီပြဿနာကို Samsung က ဖြေရှင်းလိုက်ပါပြီ။ Samsung ရဲ့ Galaxy A5(2017) နှင့် Galaxy A7(2017) တို့မှာ SIM ကတ်နှစ်ကတ်သုံးအောင် လုပ်ထားတဲ့အပြင် microSD လည်း ထည့်သွင်းထားပါသေးတယ်။

၂။ ရေစိမ်ခံစနစ်

ရေစိမ်ခံစနစ်က ဖုန်းအသုံးပြုသူတိုင်း မျှော်လင့်တောင့်တတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်က အဆင့်မြင့် တန်ဖိုးကြီးဖုန်းတွေမှာပဲ ပါဝင်ပါတယ်။ ဒါပေမယ့် အခု အလယ်အလတ်တန်းစမတ်ဖုန်းကိုသာ အသုံးပြုသူတွေအနေနဲ့လည်း ရေစိမ်ခံဖုန်းကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Samsung Galaxy A(2016) ဖုန်းတွေက lP68 ထောက်ခံချက်ရရှိထားတာကြောင့် ရေအောက် တစ်မီတာမှာ မိနစ် ၃၀ အထိ ရေစိမ်ခံနိုင်စွမ်း ရှိပါတယ်။ ဒီစနစ်ကတော့ အင်မတန် ရင်ခုန်ရတဲ့အချက်တစ်ခု ဖြစ်ပါတယ်။

၃။ ဘေးစပီကာ

လက်ရှိဈေးကွက်မှာ ရှိတဲ့ စမတ်ဖုန်းတွေမှာ စပီကာကို ဖုန်းအောက်ခြေ၊ ကျောဘက်၊ ရှေ့ဘက်တို့မှာ ထည့်သွင်းကြပါတယ်။ ဒါပေမယ့် Galaxy A(2017) ဖုန်းသစ်ကတော့ အခြားဖုန်းတွေလိုမဟုတ်ဘဲ တမူ ထူးခြားနေပါတယ်။ ဖုန်းညာဘက်ခြမ်းမှာ စပီကာကို ထည့်သွင်းထားပါတယ်။ ပါဝါကီးနှင့် အသံအတိုးအချဲ့ခလုပ်အပေါ်မှာ စပီကာကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Samsung ဟာ စပီကာကို ဖုန်းညာခြမ်းမှာ ဘာကြောင့် ထည့်ဖို့ ဆုံးဖြတ်လိုက်သလဲဆိုတာ မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလို ညာခြမ်း မှာ ထည့်သွင်းလိုက်မှုကြောင့် ဂိမ်းကစားတဲ့အချိန်မှာ စပီကာကို လက်နှင့် မအုပ်မိတော့တာကြောင့် ကောင်းတဲ့ စိတ်ကူးတစ်ခုလို့ ဆိုရပါမယ်။

၎။ ရွှေ့လျားနိုင်တဲ့ ကင်မရာခလုတ်

ဆော့ဝဲလ်အနေနဲ့ ကျွန်တော့်တို့ဟာ Samsung Galaxy A(2017) ဖုန်းမှာ ကင်မရာသို့ သွားနိုင်မယ့် ခလုတ်သစ်ထည့်သွင်းပေးထားတာကို ပထမဆုံးအကြိမ် မြင်တွေ့ရပါတယ်။ ကင်မရာ App မှာ Floating Camera Shutter Key ပါဝင်ပါတယ်။ ဒီစနစ်ကြောင့် သင့်အနေနဲ့ ကင်မရာ App ကို လိုရာသို့ ရွှေ့လျားနိုင်ပါမယ်။ ဒီစနစ် ကြောင့် တစ်ခါတစ်ခါ ကိုယ့်ရဲ့ဖုန်းကိုင်တဲ့ Position ကြောင့် ကင်မရာ Shutter Botton ကို လက်မမှီတာမျိုး ဖြစ်တတ်တဲ့ အခက်အခဲ ကြုံရတော့မှာ မဟုတ်ပါဘူး။

၅။ လက်ဗွေရာစနစ်

ပြီးခဲ့တဲ့ နှစ်မှ စတင်ပြီး စမတ်ဖုန်းမှာ လက်ဗွေရာစနစ်က မပါမဖြစ် အရာဖြစ်လာပါတယ်။ ဒီနှစ်မှာ Samsung ဟာ Galaxy A(2017) ဖုန်းတွေမှာ ထည့်သွင်းလာပြီ ဖြစ်ပါတယ်။ လုံခြုံရေးစနစ်အတွက် လက်ဗွေရာစနစ် ထည့်သွင်းပေးထားတာ အင်မတန်ကြီးကျယ်ပါတယ်။ လက်ဗွေရာစနစ်က အလွန်လျှင်မြန်ပြီး တိကျလှပါတယ်။ Galaxy A(2017) ဖုန်းတွေမှာ လက်ဗွေရာစနစ်ကို Home Botton မှာ ထည့်သွင်းထားပါတယ်။

၆။ USB Type-C

ဒီအချက်ကလည်း အားရစရာကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ Samsung ဟာ အလယ်အလတ်တန်းဖုန်းတွေမှာလည်း USB Type-C ပေါက် ထည့်သွင်းလာခဲ့ပြီ ဖြစ်ပါတယ်။ USB Type-C ကြောင့် အားသွင်းတဲ့အခါ အပေါ်အောက် မှားထိုးမိမှာ ပူစရာမလိုတဲ့အပြင် ပါဝါလွဲပြောင်းပေးမှုကလည်း မြန်ဆန်ပါတယ်။

၇ ။ အလျှင်အမြန် အားသွင်းစနစ်

Galaxy A5(2017) နှင့် Galaxy A7(2017) တို့မှာ ပါဝင်တဲ့ နောက်ထပ် စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတစ်ခုကတော့ အလျှင်အမြန် အားသွင်းစနစ် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးမှာ ပါဝင်တဲ့ ဘက်ထရီပမာဏများပါတယ်။ Galaxy A5(2017)မှာ 3000 mAh ပါင်ပြီး Galaxy A7(2017) မှာ 3600 mAh ပါဝင်ပါတယ်။ ဒါကြောင့် အလျှင်အမြန်အားသွင်းစနစ်က အလွန်အလုပ်ဖြစ်ပါမယ်။ Galaxy A3(2017)မှာတော့ အလျှင်အမြန် အားသွင်းစနစ် မပါဝင်ပါဘူး။ ဘက်ထရီကလည်း နည်းပါတယ်။ 2350 mAh ပါဝင်ပါတယ်။ ဒါပေမယ့် အလျှင်အမြန် အားသွင်းစနစ် မပါဝင်တာတောင် အားသွင်းမှု မြန်ကြောင်း တွေ့ရပါတယ်။
Get daily Information Newsletters

Photos 19/12/2016

Samsung Galaxy 2017 A7

NETWORK
Technology GSM / HSPA / LTE
LAUNCH
Announced Not announced yet
Status Rumored
BODY
Dimensions -
Weight -
Build Corning Gorilla Glass 4 back panel
SIM Single SIM (Nano-SIM) or Dual SIM (Nano-SIM, dual stand-by)
DISPLAY
Type Super AMOLED capacitive touchscreen, 16M colors
Size 5.5 inches
Resolution 1080 x 1920 pixels (~401 ppi pixel density)
Multitouch Yes
Protection Corning Gorilla Glass 4
PLATFORM
OS Android OS, v6.0.1 (Marshmallow)
Chipset Exynos 7870 Octa
CPU Octa-core 1.8 GHz Cortex-A53
GPU Mali-T830MP2
MEMORY
Card slot microSD, up to 256 GB
Internal 32/64 GB, 3 GB RAM
CAMERA
Primary 16 MP, f/1.8, phase detection autofocus, OIS, LED flash
Features Geo-tagging, touch focus, face detection, panorama, HDR
Video 1080p@30fps
Secondary 16 MP, f/1.8, 1080p
SOUND
Alert types Vibration; MP3, WAV ringtones
Loudspeaker Yes
3.5mm jack Yes
- Active noise cancellation with dedicated mic
COMMS
WLAN Wi-Fi 802.11 a/b/g/n, dual-band, WiFi Direct, hotspot
Bluetooth v4.1, A2DP, EDR, LE
GPS Yes, with A-GPS, GLONASS/ BDS (market dependant)
NFC Yes
Radio FM radio
USB microUSB v2.0
FEATURES
Sensors Fingerprint (front-mounted), accelerometer, proximity, compass
Messaging SMS(threaded view), MMS, Email, Push Mail, IM
Browser HTML5
Java No
- Fast battery charging
- ANT+ support
- MP4/WMV/H.264 player
- MP3/WAV/WMA/eAAC+/FLAC player
- Photo/video editor
- Document viewer
BATTERY
Non-removable Li-Ion battery
MISC
Colors Black, White, Gold, Pink

Photos 13/12/2016

ဖုန်းသုံးသူများရှယ်ထားလိုက်ပါ

မိမိဖုန်းကို မှတ်ပုံတင်မယ် သိပ်လွယ်ပါတယ်

MPT နဲ့ Telenor တော့ မှတ်ပုံတင်လိုက်ပါပြီ
မသိသေးများအတွက်မျှဝေပါတယ် လွယ်ပါတယ်
Online ကနေ လုပ်လို့ရတယ် မတင်ထားရင်ပိတ်သွားမှာဆိုးလို့ပါ

MPT အတွက်
👉 https://care.mpt.com.mm

Ooredoo အတွက်
👉 http://zone.ooredoo.com.mm/mm/self_registration.aspx

Telenor အတွက်
👉https://ecaf.telenor.com.mm

Ooredoo က register လုပ်ခြင်းအတွက် internet 500MB လက်ဆောင်ပြန်ပေးပါတယ်..

မိမိ မှတ်ပုံတင် ရှေ့နောက် တပုံ စီ ဖုန်းနဲ့ ရိုက်ထားပါ
မိမိ မျက်နှာပုံလဲ လိုပါတယ် သိပ်တော့ အရေးမကြီးပါ

အချိန်ရတုန်းလေး လုပ်ထားလိုက်ပေါ့ သိပ်မခက်ပါဘူး
အခုချိန်မလုပ်ဖြစ်သေးရင် Share ထားလိုက်ပေါ့

မှတ်ချက် ...ဆင်းကတ်များမှတ်ပုံတင်ရင် telဆင်းကတ်ဆိုလျှင် သူကတ်ကအင်တာနက်ဖွင့်မှတင်လို့ရပါတယ်...
Mptဆိုလျှင်လည်းသူအင်တာနက်နှင့်သူတင်မှအဆင်ပြေပါတယ်ခင်ဗျ..

အသုံးဝင်မယ်ထင်ပါတယ်

13/12/2016

မင်္ဂလာပါ
🔜 A Strong Facebook Account 🔚

🔱 ခိုင်မာသောဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု 🔱

ယနေ့ခေတ် ဖေ့စ်ဘွတ် သုံးစွဲတဲ့လူဦးရေတွေ အင်မတန် များပြားလာတာနှင့်အညီ ဖေ့ဘွတ်အကောင့်တွေ လော့ကျတာလည်း များလာတယ်။ ဖေ့ဘွတ်အကောင့်ကို အကျိုးရှိစွာ အသုံးပြုသူတွေ အနေဖြင့် မိမိတို့ အကောင့် လော့ကျသွားပါက အင်မတန် စိတ်ညစ်ရပါတယ်။
ခုကျွန်တော် posts တင်ပေးလိုက်တာကတော့ ခိုင်မာသောဖေ့ဘွတ်အကောင့်တည်ဆောက်ပုံနှင့် Facebook account ကိုလော့မကျဘဲ ရှည်အသုံးပြုနိုင်ရန်အတွက် ရှောင်ရန်ဆောင်ရန်နည်းလမ်းများပင်ဖြစ်ပါသည်။ ဤ နည်းစနစ်များမှာက ကျွန်တော့အတွေ့အကြုံ ၊ Onlin General Knowledge နှင့် Facebook Community Standards ကိုအခြေခံပြီးရေးသားထားခြင်းဖြစ်ပါသည်။ ကိုးကားထားတဲ့ မူရင်းစာများကို လည်း တင်ပြပေးထားပါတယ်။ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်အလက်များစွာ ပါဝင်တဲ့ လေ့လာမှတ်သားထားသင့်ပါသည်။

1. Use to real account ♻♻♻ အကောင့်အစစ်သုံးပါ

အကောင့်အစစ်ဆိုတာက
(1) Real name ♻(အမည်အစစ်)
(2) Real birthday ♻ (မွေးသက္ကရာဇ်အစစ်)
(3) Real photo ♻(ပုံအစစ်)
(4) Real details ♻ (အသေးစိတ် အချက်အလက်)
(5) Real idenity ♻ (မှတ်ပုံတင်အစစ်) အသုံးပြုသော Offical account ဖြစ်သည်။ ယခုလို real account များမှာ သာမာန်အကောင့်တွေထက် ပို၍ခိုင်မာမှုရှိပါသည်။

🔜 Upload a profile picture, and make sure to use your authentic name and date of birth.🔚
(Angela Community Operations Facebook)

ကျွန်တော်တို့ရဲ့ အကိုတွေ ဦးလေတွေဆိုရင် facebook account ကို ဘာ ID မှမရှိဘဲနှင့် နှစ်နှစ်၊ သုံးနှစ် လော့မကျဘဲအသုံးပြုနေတာတွေ ရှိပါသည်။ ဒါဟာ real account အသုံးပြုခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ သို့သော်လည်း တစ်ခုတော့ ရှိတယ်။ real account ဆိုရာ၌ မိမိ နာမည် မွေးသက္ကရာဇ် နှင့် မှတ်ပုံတင်ကို အကောင့်တစ်ခုထည်းအတွက်သုံးပါ။ names & birthdays တူ အကောင့်များစွာအသုံးပြုခြင်းက temporary, Indenity lock ကျတတ်သည်။

🔜 We've asked you to verify your identify because it looks like you may have multiple accounts or may not be using your authentic identity.🔚
Facebook Team

2. Don't make more " comments,likes,groups, pages & friend requested " 📵📵📵

Like, comments တွေအများကြီးပေးတာ ရေးတာမလုပ်ပါနှင့်။ groups တွေ page တွေ အများကြီးဖွဲ့တာ မလုပ်ပါနဲ့ ။ လော့ကျတတ်သည်(Online general knowledge)။
ဖွင့်ပြီးသား pages & groups များကိုလည်း အလကားမထားဘဲ posts & states တင်ခြင်းဖြင့် အလုပ်လုပ်ပေးပါ။အလုပ်မလုပ်သော page & groupsများမှာ ခိုင်မာမှုအားနည်းသည်။ friends များစွာအပ်ခြင်း လက်ခံခြင်းတွေ မလုပ်ပါနှင့်။ ကိုယ်နှင့် ဒိုးတူဘောင်ဖက် ဝါသနာတူသော သူငယ်ချင်းများကို ပို၍ လက်ခံသင့်သည်။ ဤ အချက်များမှာလည်း မှတ်သားသင့်ပေသည်။
🔜 Only send messages and friend requests to people you know personally.🔚
Angela Community Operations
Facebook

3. Only use one IP in two months 🔯🔯🔯
(နှစ်လတွင်း ip တစ်ခုထည်းမှာသုံး)

New account ကိုဖွင့်ပြီးပြီးခြင်း IP number တစ်ခုထည်းမှာ အသုံးပြုပါ။ ဆိုလိုတာက Fb account သစ်ကို ဖုန်းတစ်လုံးထဲ (သို့) computer တစ်လုံးထည်းမှာ အနည်းဆုံးနှစ်လလောက်အသုံးပြုပါ။ fb account သစ်ကို ဟိုလူဖုန်းယူသုံး ဒီလူ့ဖုန်းယူသုံး နှစ်လတွင်းမလုပ်သင့်ပါ။
နှစ်လအတွင်း IP တစ်ခုထည်းမှာစွဲစွဲမြဲမြဲ အသုံးပြုခြင်းကြောင့် အကောင့်က ပို၍ ခိုင်မာမှုရှိတယ်။ (Onlin general knowledge)

4. Don't use Destop site in two months 📵📵📵 နှစ်လအတွင်း ကွန်ပြူတာပုံစံ မသုံးပါနဲ့

Fb ကို Destop review ကွန်ပြူတာပုံစံနဲ့ အသုံးပြုခြင်းက Browsers ဝင်၍အသုံးပြုရတဲ့အတွက် load အင်မတန်ဆွဲပါတယ်။ ထိုကြောင့်
နှစ်လအတွင်း username change (ယူစာအမည် ချိန်းခြင်း) , follow on (ဖော်လိုဖွင့်ခြင်း), comment ranking on (ကွန်းမန့် အရှင်) & tag 100 of friend (သူငယ်ခြင်း တစ်ရာတွဲခြင်း) မလုပ်ပါနှင့်။ account ကနုသေးတဲ့အတွက် load ဆွဲဒဏ်ကို မခံနိုင်ဘဲ Fb account လော့ကျနိုင်သည်။

5. Don't make any violation 📵📵📵 အမှားများမလုပ်ပါနဲ့

Groups , Comments & Messager တွေမှာ ရန်ဖြစ်တာတွေ ဆဲဆိုတာတွေမလုပ်ပါနဲ့ သီးခံပါ။ ပြန်လည်ဆဲဆိုမှု တွေလုပ်ခဲ့ရင် သူ့အပြစ်က ကိုယ့်အပြစ်ဖြစ်နိုင်၍ မိမိတို့ account Virus ကိုက်နိုင်သည်။ တရားလွန်လာတဲ့ထိ ရန်စလာပါက ဆရာတွေနှင့် တိုင်ပင်ဆွေးနွေး၍ ဖြေရှင်းပါ။
အကျိုးမရှိသော posts မျိုးတွေ ခဏခဏမတင်ပါနဲ့ ။ ကောင်းမွန်တဲ့ သုတရသ နည်းပညာ posts မျိုးတွေတင်ပါ။ အများအတွက်ကောမိမိအတွက်ကော အကျိုးရှိစေမဲ့ပို့တွေက အကောင့် ခိုင်မာမှုအတွက် အထောက်အပံ့ဖြစ်စေသည်။

အာ့လိုမှမဟုတ်ပဲ လုပ်ချင်တာတွေလုပ် တင်ချင်တဲ့ပို့ တွေတင် မန့်ချင်တာမန့် ဆဲဆိုနေမယ်ဆိုရင် community standard ကိုဖောက်ဖျက်ပြီဖြစ်တဲ့အတွက် disabled ထိနိုင်သည်။
🔜 Your account has been disabled because you violated Facebook's Terms. We disable users who send unsolicited messages and create objects for the sole purpose of promoting or advertising a product, service, or opportunity.🔚

ကွန်မြူနတီ စည်းကမ်း များကို အင်္ဂလိပ်​လို ထပ်၍ လေ့လာချင်ပါက link

Follow the Facebook Community Standards:📒📒📒📰📰📰 https://www.facebook.com/communitystandards (Katie Community Operations Facebook)

6. Security 🔬🔬🔬⚠⚠⚠ လုံခြုံရေးစနစ်

Fb account လုံခြုံရေး ဆိုင်ရာများဖြစ်တဲ့ (a)Notification on လုံချုံ​ရေး အချက်ပြစနစ် ဖွင့်ထားပါ။
(b) Login approval အသိအမှတ်ပြု လျို့ဝှက်နံပါတ် ထားပါ။
(c) Trusted Contactes သူငယ်ချင်းအမှန်ရွေးချယ်မှု ထားပါ။
(d) Add one phone & extra mail ဖုန်းနံပါတ်တစ်ခုနှင့် mail အပိုတစ်ခုထပ်ထည့်ပါ။
(c) primary email ကို မိမိတို့ ဖုန်းထည်းမှာ ရှိရမည်။ primary email password ကိုလည်းသိထားပါ။ အကယ်၍ လော့ကျခဲ့ပါက အလွယ်တစ်ကူ ပြန်ယူနိုင်မည်။ primary email ဆိုတာက အကောင့်၏ အသက် အကောင့်ကို မောင်းနှင်နေသော mail ပင်ဖြစ်သည်။

7. Indenity (ID) 💯💯💯 မှတ်ပုံတင်ခြင်း

မိမိတို့အကောင့်ကို မှတ်ပုံတင်ထားပါ။ အစိုးရ မှတ်ပုံတင် မရှိရင် Credit Card ကျောင်းသားကဒ်၊ ယာဉ်မောင်းလိုင်စင်၊ passports တစ်ခုခုတော့ရှိရမည်။ မှတ်ပုံတင်ထဲက နာမည်နှင့် Fb Name နှင့်တူဖို့တော့ လိုပါသည်။

🔜 If you don't have a government-issued photo ID, you can also send us 2 different forms of ID (ex: school ID, credit card) that both show the same name. One of the IDs must also include a photo or date of birth that matches the information on your Facebook profile.🔚

Facebook Team

ID တင်နည်း (၄) မျိုးရှိသည်။

(a) Confirm your Indenity wint an ID ♻ လျောက်လွှာ တင်ခြင်း
(b) Submitte your Indenity ♻ အတည်ပြုခြင်း
(c) Personal data request ♻ အချက်အလက် ဖြည့်သွင်းခြင်း
(d) Name ID ♻ နာမည်အတည်ပြုခြင်း စသည်တို့ဖြစ်သည်။
ID တင်ထားသောအကောင့်မှာ သာမာန်အကောင့်များထက် ပို၍ခိုင်မာမှုရှိပါသည်။ ID အောင်ပြီဆိုပြီး ရန်လိုက်ဖြစ်နေလို့ မရပါ ID ရှိပြီးသား account လည်း community standard နဲ့မညီလျင် လော့ကျနိုင်သည်။
🔜 Thanks for verifying your identity. We've reactivated your account, and you should be able to log in now. You can take a few steps to make sure you don't lose access to your account again.🔚

Community Operations Facebook

အထက်ပါအချက်အလက်များကို လိုက်နာ၍ Community Standard နှင့်အညီ Fb account ကို အသုံးပြုပါက လော့မကျဘဲ ရေရှည်အသုံးပြုနိုင်၍ ခိုင်မာသော Fb Account တစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ ကျွန်တော်လည်း community စည်းကမ်း တွေကို နားမလည်ခဲ့တဲ့အတွက် အကောင့်တော်တော်များများ လော့ကျခဲ့ဖူးပါတယ်။
ကျောင်းမှာ ကျောင်းစည်းကမ်း အိမ်မှာ အိမ်စည်းကမ်း ဆိုတာရှိပါတယ်။ Community စည်းကမ်း များကိုမလိုက်နာပါက မည်သူမဆို လော့ကျနိုင်မည်ဖြစ်ပါကြောင်း ​ကျွန်​​တော်​​လေ့လာမိသမျှ 
ရေးသား တင်​​ပေးလိုက်​ပါသည်​။

🔜 မှုရင်းပို့စ်​ကို ပြုပြင်​​ရေးသားသည်​။🔚
တစ်​ခြားလူ​တွေ့ပါသိ​အောင်​ share ​ပေး​နော်​....
လေးစားစွာဖြင့်

Photos from Mg Angle's post 13/12/2016

မင်္ဂလာပါ
=====

Samsung Android ဖုန်းတွေမှာ ဘာဆော့ဝဲလ်မှ မသုံးပဲ ကာလာရောင် ပြောင်းလို့ရပီနော် ..
သိသူများကျော်ခွသွားပေးပါဗျာ ။

===အဆင်​​ပြေကြပါ​စေ
..Copy

Photos 12/12/2016

USB OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ .
======================================

တစ်ခါတစ်ရံမှာ လူတွေအတွက်အသုံးအဝင်ဆုံး အရာတွေကို စိတ်ဝင်စားစရာမကောင်းတဲ့ ခပ်တုံးတုံး နာမည်တွေ ပေးလေ့ရှိကြပါတယ်။ စိတ်ဝင်စားစရာမကောင်းတဲ့နာမည်တွေကပဲ လူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာပြောရရင် OTG ပေါ့။ OTG ဆိုတဲ့နာမည်ကို မြင်ရုံ ကြားရုံနဲ့ “ဒါဘာလဲ” ဆိုပြီး စူးစမ်းလေ့လာချင်စိတ်တွေမဖြစ်ဘဲ မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွှဲသွား နိုင်ပါတယ်။ အခုလက်ရှိ စမတ်ဖုန်းတွေမှာ ရေပန်းစားလာတဲ့ OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ? ဆိုတာ လေ့လာကြည့်ရရင် . . .

OTG
-------

OTG ဆိုတာ On-The-Go ရဲ့ အတိုကောက်ဖြစ်ပြီး OTG (ဒါမှမဟုတ်) USB OTG ဆိုပြီး ခေါ်ကြပါတယ်။ OTG နည်းပညာကို (၂၀၀၁) နှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး USB Device တွေကို အခြား USB/Mobile Device တွေ ( ဖုန်း၊ ကင်မရာ၊ Mouse၊ Keyboard၊ Memory Stick၊ External Hardisk စတာတွေ ) နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို့ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အရင်က mobile device တွေအချင်းချင်း USB နဲ့ ချိတ်ဆက်လို့မရပါဘူး။ ဥပမာ ဖုန်းကို Mouse ၊ ဒါမှမဟုတ် Keyboard နဲ့ USB ကတစ်ဆင့် ချိတ်လို့မရပါဘူး ။Mac (ဒါမှမဟုတ်) PC တွေနဲ့ပဲ USB နဲ့ချိတ်ဆက်နိုင်တဲ့အတွက် Data တွေကို ကူးယူဖို့ Mac/PC တွေကို ကြားခံအနေနဲ့ တစ်ဆင့်အသုံးပြုကြရပါတယ်။ အဲလိုမသုံးချင်ရင်လည်း Mobile Device ထဲက Memory Card တွေကိုထုတ်ပြီး အခြား Device ထဲကို ထည့်ကာ ကူးယူမှအဆင်ပြေပါတယ်။ Bluetooth တို့ WiFi တို့လို့ Wireless စနစ်တွေပေါ်လာတဲ့အခါ Data တွေကူးယူရတာ ပိုမိုလွယ်ကူအဆင်ပြေသွားပေမယ့် များပြားလှတဲ့ Data တွေကို ကူးယူတဲ့အခါ USB နဲ့ကူးရတာလောက် အဆင်မပြေတဲ့အပြင် အမျိုးအမျိုးသော Error တွေကို ကြုံတွေ့ကြရပါတယ်။ အဲ့ဒီအတွက် USB OTG ပေါ်လာတဲ့အခါ Mobile Device အချင်းချင်း ချိတ်ဆက်ဖို့ နဲ့ Data တွေကူးယူဖို့အတွက် အသုံးအဝင်ဆုံး နည်းပညာတစ်ခုဖြစ်လို့လာပါတယ်။

USB OTG Adapter
----------------------------
androidpit-usb-otg-hero1-w782
1cfc1cbd-6e27-12be-cb6b-a8acb9bee4d0
USB OTG Adapter ဆိုကတော့ ပုံမှာပြထားတဲ့ device တွေကို ခေါ်တာဖြစ်ပါတယ်။ ဖုန်းကို အခြား USB Device နဲ့ ချိတ်ဆက်ပြီး Data တွေကို Quick Access ရရှိဖို့ ၊ ကူးယူဖို့အတွက် အသုံးဝင်ပါတယ်။

samsungnoteotg-_usb-otg-pen-drive-cable-samsung-galaxy-note-i9220
androidpit-usb-on-the-go-8580-w782
ပုံမှာပြထားတဲ့အတိုင်း ဖုန်းရဲ့အားသွင်းတဲ့ အပေါက်မှာ OTG Adapter ကိုတပ် ၊ တစ်ဖက်က USB အပေါက်မှာ အခြား USB device တစ်ခုခု (ဥပမာ Memory Stick ၊ Hardisk) ကိုတပ်ပြီး USB device ထဲက Data တွေကို ဖုန်းပေါ်မှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖုန်းကို Mouse, Keyboard, MiDi Keyboard, Game Controller အစရှိတဲ့ အခြားသော USB Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

otg-adapter-usb-to-micro-usb-converter-usb-flash-drive-cable-interface-connector-for-android-smartphone

ဒါ့အပြင် ဖုန်းတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ပြီး “Phone to Phone Charging” လို့ခေါ်တဲ့ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို Battery အား လွှဲပြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ပိုမိုအဆင်ပြေတဲ့ နောက် device တစ်ခုကတော့ USB OTG Stick ပါ။

USB OTG Stick
-----------------------
USB OTG Stick ကတော့ OTG Adapter နဲ့ USB Stick ကို ပေါင်းထားတဲ့ device တစ်ခုဖြစ်ပါတယ်။တစ်ဖက် မှာ ဖုန်းနဲ့ ချိတ်ဖို့ ခေါင်းနဲ့ အခြားတစ်ဖက်မှာတော့ PC နဲ့ ချိတ်ဖို့ USB ခေါင်းပါဝင်ပါတယ်။

OTG Adapter ကြားခံ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ သာမန် Memory Stick တွေလ4GB, 8GB, 16GB စသဖြင့် Storage ပမာဏ တွေပါဝင်တဲ့အတွက် ဖုန်းရဲ့ External Storage တစ်ခုလိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

OTG Adapter နဲ့ OTG Stick တွေကို ဖုန်းနဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် လက်ရှိသုံးနေတဲ့ဖုန်းက USB OTG ကို Support လုပ်ဖို့လိုပါတယ်။

Android Device တွေမှာ OTG Support လုပ်မလုပ် ဘယ်လိုသိနိုင်မလဲ . . . ?

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေဆိုရင်တော့ သေချာပေါက် OTG Support လုပ်ပါတယ်။ အချို့ဖုန်းတွေမှာတော့ Setting ထဲမှာ OTG setting ဆိုပြီး သပ်သပ်ပါဝင်ပါတယ်။ တိတိကျကျ သိရင်တော့ မိတ်ဆွေ ဟောင်းကြီးဖြစ်တဲ့ Google ပေါ်မှာ ရိုက်ရှာကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ USB support လုပ်တဲ့ စမတ်ဖုန်းတွေမှာလည်း သတိထားစရာအချက်တစ်ခုရှိပါတယ်။ အချို့ဖုန်းတွေက Data Storage အများကြီးကို လက်မခံနိုင်ပါဘူး။ ဥပမာ 64GB အထိပဲ လက်ခံတာမျိုး ၊ 128GB အထိပဲ လက်ခံတာ မျိုးပေါ့။ Memory Stick လောက်ပဲချိတ်ဆက်အသုံးပြုတာ ကိစ္စမရှိပေမယ့်။ 500GB (ဒါမှမဟုတ်) 1TB Harddisk တွေနဲ့ ချိတ်ဆက်အသုံးပြုမိရင်တော့ မနိုင်တဲ့ဖုန်းတွေဆိုရင် ဟမ်းသွားနိုင်တဲ့အပြင် Power ပါသေ သွားနိုင်ပါတယ်။ ဒါကြောင့် အများဆုံး 64GB (ဒါမှမဟုတ်) 128GB Stick

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon