30/05/2025
🎯Mission Admission: Passion Projects 101🎯
Mission Admission: Volunteering with Passion & Purpose -
University apply လုပ်တဲ့အခါမှာ Admission officer တွေကို special impression ပေးချင်ရင် effective & efficient ဖြစ်တဲ့ ကိုယ့်ရဲ့ Passion project တွေကိုချပြတာပါပဲ။
⭐️Passion Project ဆိုတာ ဘာလဲ?
Passion Project ဆိုတာကတော့ ကိုယ့်ရဲ့စိတ်ဝင်စားမှု၊ အိပ်မက်တွေကို အခြေခံပြီး ကိုယ်တိုင်စတင်လုပ်ဆောင်ရတဲ့ community ကို benefit ဖြစ်စေတဲ့ project တစ်ခုပါ။ Passion project ဆိုတာ zero money, zero travel, and just one spark of an idea နဲ့စတင်လုပ်ဆောင်လို့ ရတာပဲဖြစ်ပါတယ်။ အရေးကြီးတာကတော့ ကိုယ်အားသန်ပြီး တကယ် impact ရှိအောင်လုပ်နိုင်ဖို့ပါပဲ။ ဒါက Volunteering ကနေပြီး တစ်ဆင့်တိုးပေါ်ပေါက်လာတယ်လို့လည်းပြောလို့ရပါတယ်။
ဥပမာ -
• သင်က mental health ပိုင်းမှာအားသာတယ် စိတ်ဝင်စားတယ် major ကလည်း psychology ပိုင်းယူမယ်ဆိုရင် mental health consultation လုပ်တာမျိုး၊ mental health နဲ့ဆိုင်တဲ့ blog တစ်ခုလုပ်တာမျိုး
• Film making ပိုင်းစိတ်ဝင်စားတယ်ဆိုရင် အဲ့တာနဲ့ဆိုင်တဲ့ internship တွေမှာဝင်လုပ်ပြီး film တစ်ခုခု create တာမျိုး
• Business ပိုင်းဆိုရင်လည်း business အသေးလေးတစ်ခုလုပ်ပြီး အဲ့တာကနေ society ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကိုပါ စဥ်းစားပြီးလုပ်တာမျိုး စတာတွေပဲဖြစ်ပါတယ်။
📚ဘာကြောင့် Passion Project လုပ်သင့်တာလဲ?
• ကျောင်းသားက သူ့ရဲ့စိတ်ဝင်စားမှုကို အလေးအနက်ထားတယ် အဲ့ဒီအပိုင်းမှာလည်းအတွေ့အကြုံရှိတာကို passion project နဲ့ဖော်ပြနိုင်တယ်။
• လိုအပ်မှလုပ်တာမဟုတ်ဘဲ ကိုယ်တိုင်စွန့်ဦးတီထွင်ဖန်တီးနိုင်မှုကို ပြနိုင်တယ်။
• ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ နောင်တစ်ချိန်မှာ ဘယ်လို impact ပေးနိုင်ကြောင်း၊ အောင်မြင်နိုင်ကြောင်း potential ကိုပြနိုင်တယ်။
✅ Passion Project ကို appeal ရှိအောင် ဘယ်လိုလုပ်မလဲ?
1. Start with your “WHY?”
▶ ကိုယ်တိုင်က ဘာ sector နဲ့ပတ်သက်ပြီး စဉ်းစားတာတွေများလဲ?
▶ ဘယ်လိုမျိုးအကြောင်းအရာ၊ ဘယ်လိုမျိုး issues တွေက ကိုယ့်ရဲ့ initiative mind ကိုလှုံဆော်ပေးလဲ?
▶ ကိုယ့်မှာရှိထားတဲ့ knowledge နဲ့ skills အရ ဘယ်လို project တွေလုပ်ရတာပိုအားသာမလဲ?
ဥပမာ “educational inequality ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကို ပြောင်းလဲချင်တယ်၊ ဒါကြောင့်မို့လို့ educationally underpreviledged ဖြစ်နေတဲ့ neighborhood တစ်ခုမှာ ကလေးတွေကို FOC tutor လုပ်ပေးတယ်၊ စာကြည့်တိုက်အသေးလေးထောင်ပေးတယ်”
2. Set a clear goal
ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အရာအားလုံးကို ပြုပြင်ဖို့မလုပ်ပါနဲ့။ အဲ့တာက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကိုလည်း လျှော့ချနိုင်သလို ရည်ရွယ်ချက်ကလည်းမသေချာသေးဘူးဆိုတာကို ပြသလိုမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် SMART goal တစ်ခုတည်းကို ရှင်းရှင်းလင်းလင်းထားတာက impact ပိုပြီးထိထိရောက်ရောက်ဖြစ်ပါတယ်။
▶ S - Specific
▶ M- Measurable
▶ A - Achievable
▶ R - Relevant
▶ T - Time-bound
ဥပမာ “အများအတွက်ကူညီမယ်" ဆိုတာထက် “Educational resouces ပိုင်းအားနည်းနေတဲ့ ဒေသက ကလေးတွေအတွက် library လေးတစ်ခု ၁ လအတွင်းမှာထူထောင်မယ်” ဆိုတာမျိုးပေါ့။
3. Aim it for Long Term or Sustainability
တစ်ခုလုပ်ပြီးတာနဲ့ မပြီးသွားစေပါနဲ့။ Project ကို ဆက်လက်လုပ်နိုင်ဖို့နည်းလမ်းကိုတွေးထားပါ။
▶ Long-term အတွက်ရည်ရွယ်တာက ကိုယ့်ရဲ့ profile ကို အလုပ်ခွင်မဝင်ခင်ကတည်းက ကောင်းကောင်းတည်ဆောက်ပေးနိုင်ပါတယ်။
▶ Immedaite Impact နည်းတဲ့ project မျိုးအတွက်ဆို long-term/sustainable model တစ်ခုဆွဲထားတာက ပိုပြီးတော့ efficient ဖြစ်စေပါတယ်။
ဥပမာ podcast တွေကို တစ်ခါနှစ်ခါနဲ့မပြီးဘဲ consistent ဖြစ်ဖြစ် အပတ်စဥ် လစဉ်တင်ပေးတာ။
4. Document & Reflect
ဓာတ်ပုံ၊ ဗီဒီယို စတဲ့ မှတ်တမ်းတွေလုပ်ထားပြီး project လုပ်တဲ့အခါမှာ
▶ ဘယ်လို အခက်အခဲတွေ ကြုံခဲ့တယ်
▶ ဘယ်လို သင်ခန်းစာတွေရခဲ့တယ်
▶ ဒီ project ကြောင့်ကိုယ်က ဘယ်လိုပြောင်းလဲသွားတယ် စတာတွေ စဥ်းစားပြီး document လုပ်ထားတာတွေကို ပြန်လည်ပြောပြနိုင်တာကလည်း application ကိုတစ်ဆင့်မြှင့်တင်ပေးနိုင်ပါတယ်။
5. Share it
Don’t hide your work! Social media, Blog, ကျောင်း website စတာတွေမှာ တင်ပါ။ Competition တွေမှာလည်း recognized ဖြစ်လာအောင် တင်သွင်းပြီးဝင်ပြိုင်ပါ။ Exchange program တွေ Youth Camp တွေမှာ ပါဝင်ခဲ့ရင်လည်း အဲ့ဒီ experience တွေကို sharing ပြန်လုပ်တာက အစောကတည်းက personal branding လုပ်ထားနိုင်တာနဲ့ အတူတူပါပဲ။
💬 ကဲ… ဒီလောက်ဆိုရင် passion project ကကျောင်းလျှောက်တဲ့ process မှာတင်မက work life မှာပါ ဘယ်လိုအထောက်အကူပြုနိုင်လဲဆိုတာနားလည်လောက်မယ်ထင်ပါတယ်။ အကယ်၍ မေးစရာ သိချင်တာရှိရင်လဲ page cb or comment မှာအားမနာတမ်း မေးမြန်းနိုင်ပါတယ်။