Hifz Quran and Tajweed Myanmar

Hifz Quran and Tajweed Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hifz Quran and Tajweed Myanmar, Tutor/Teacher, Yangon.

خَيْرُكُمْ مَّنْ تَعَلَّمَ الْقُرْ اٰنَ وَعَلَّمَه
အသင်တို့အနက် အမွန်မြတ်ဆုံးသောသူမှာ ကျမ်းမြတ်ကုရ်အာန်ကို သင်ယူဆည်းပူးပြီး တဖန်အခြားသူများကို သင်ကြားပို့ချသောသူပင်ဖြစ်သည်။

14/07/2025

#ကုရ်အာန်သဂျ်ဝီးဒ်အတန်း
#ကုရ်အာန်ဟာဖိဇ်အာဂုံဆောင်အတန်း
#မက်သဗ်
#အုရ်ဒူ

14/07/2025

အွန်လိုင်းကုရ်အာန်သဂျ်ဝီးဒ်သင်တန်း

09/06/2025

09/06/2025

အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါစေ(အာမီးန်)

ဟရာမ်အစားအစာ၏ ဆိုးကျိုးများ🥘❗️

မိမိရှေ့မှောက်တွင် ရောက်ရှိလာသော အစားအသောက် သည် ဟလာလ် ဟုတ်/ မဟုတ် ဆန်းစစ်ကြည့်ရပေမည်။

စွဟာဗီတစ်ပါးက “ကျွန်တော်ပြုသမျှ ဒိုအာဆုမွန် ကဗူလ်ပြုလက်ခံစေချင်ပါသည်”ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွ)က “အသင် ဟလာလ် သန့်ပြန့်သော အစာကိုစားပါ၊ အသင် မွစ်သဂျာဗွဒ် ဒိုအာဖြစ်သွားမည်။ ငါတမန်တော်၏ အသက်ကို စိုးပိုင်တော်မူသောအရှင်မြတ်၏ ကစမ်၊ အကြင်သူ၏ ဝမ်းဗိုက်တွင် ဟရာမ်မသန့်သော အစာတစ်လုပ်ဝင်သွားလျှင် ရက် (၄၀) ၏ အအ်မာလ်များ ကဗူလ်ဖြစ်မည်မဟုတ်ပါ။ အကြင်သူ၏ အသားအရည်သည် ဟရာမ်ပစ္စည်းဖြင့် ဖွံ့ဖြိုးလာလျှင် ယင်းအတွက် ဂျဟန္နမ်မီးသာ ထိုက်တန်ပေသည်။ အကြင်သူ ဟလာလ်စားသုံးသည်။ စွန္နသ်နှင့်အညီ နေထိုင်သည်။ထိုသူ၏ ဒုက္ခများမှ လူအများလုံခြုံမှုရှိသည်။ သို့ဆိုလျှင် ထိုသူ ဂျန္နသ်သို့ သွားရမည်” ဟု အမိန့်ရှိတော်မူသည်။ (သိရ်မိဇီကျမ်း)

ဟဇရသ် ထာနဝီသခင်က အမိန့်ရှိတော်မူသည်။
ဟရာမ်စားသုံးခြင်းဖြင့် အောက်ပါဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။

(1) စိတ်နှလုံးသားမှ နူရ်အလင်းရောင် ပျောက်ကွယ်သွားခြင်း၊
(2) ကောင်းမှုပြုရန် ပျင်းရိသွားခြင်း၊
(3) မကောင်းမှုဘက် အာရုံများလာခြင်း၊
(4)ရေသာခို အချောင်လိုက်ချင်သည့် စိတ်ပေါ်လာခြင်း၊
(5) ဒီးန်သာသနာနှင့် တစစ ဝေးကွာလာခြင်း။

ဒါ့ကြောင့်မို့ ပါးစပ်အရသာခံပြီး မိနစ်ပိုင်းအတွက် စားသုံးလိုက်သော အစားအစာသည် ဟရာမ်ဖြစ်နေပါက ထိုကဲ့သို့ ဆိုးကျိုးများ ခံစားကြရပေမည်။
မိမိနှင့် စာဖတ်သူအပေါင်းကို ဟရာမ်အစားအသောက်များမှ အလ္လာဟ်အရှင်မြတ်သခင် ရှောင်ကြဉ်နိုင်စွမ်းချီးမြှင့်တော်မူပါစေ...(အာမီးန်)

📚Reference….သိရ်မိဇီကျမ်း

✏️Contributed By Khin Thuzar Oo

21/05/2025

လူတွေက ပြောကြတယ်၊
ဖြစ်နေတာတွေ အားလုံးက
နဖူးစာမှာရေးထားတဲ့အတိုင်း
ဖြစ်နေတာတဲ့။

အလ္လာဟ်အရှင်မြတ်သခင်က အမိန့်ရှိတော်မူတယ်။

အသင်တို့ ငါအရှင်မြတ်ကို တသဟစ်ခေါ်ကြည့်လိုက်ပါ၊
နဖူးစာကို ပြောင်းလဲပေးနိုင်တော်မူသော အရှင်က
ငါအလ္လာဟ်အရှင်ဖြစ်တော်မူတယ်။

20/05/2025

ယာအလ္လာဟ် ကျနော်မျိုးမကို ဤဒွန္နယာလောကီအကြောင်း စဥ်းစားဖို့ အချိန်မရလောက်သည်အထိ
အလ္လာဟ်အရှင်မြတ်၏ စဂျ်ဒဟ်ဦးချခြင်းထဲမှာ
အရသာတွေ့စေလိုက်ပါ🤲

18/05/2025

📌 အချိန်စီမံခန့်ခွဲခြင်းနှင့် အစ္စလာမ်

အချိန်ဆိုတာ အရှင်မြတ်က ယောကျ်ား၊ မိန်းမ၊ ကလေး၊လူကြီး၊ ဆင်းရဲသား၊ သူဌေး၊ ဘုရင်၊ သာမန်လူ အားလုံးကို အညီအမျှ ချီးမြှင့်ထားတဲ့ ဆုလာဘ်တော်တစ်ခုပဲ ဖြစ်တယ်။ တစ်ရက်ကို ၂၄နာရီရတယ်။ ၂၄နာရီဆိုတာ ၁၄၄၀ မိနစ်၊ စက္ကန့်နဲ့ဆို ၈၆၄၀၀စက္ကန့်ရတယ်။

တစ်ယောက်ယောက်ကများ တစ်စက္ကန့်လေးလျှော့ပြီးမှ ရတယ်ရယ်လို့ မရှိဘူး။ ဒီတော့ အလကားရထားတဲ့ အချိန်ကို စီမံခန့်ခွဲသူကပဲ လောကီနဲ့တမလွန်မှာပါ အောင်မြင်မှုတွေရပါလိမ့်မယ်။

အချိန်စီမံခန့်ခွဲခြင်းနဲ့ပတ်သတ်ပြီး စာအုပ်တွေ၊ ဝဘ်ဆိုက်တွေ၊ ယူကျူ့videoတွေ၊ အလွတ်တန်းဟောပြောသူတွေ စတဲ့သူတွေအပါအဝင် အချိန်စီမံခန့်ခွဲခြင်းပညာရပ်ဟာ ဒေါ်လာများစွာ ရှာဖွေနိုင်တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်နေပါတယ်။ အကြောင်းအရင်းကတော့ ကမ္ဘာတခွင်မှာ ဉာဏ်ရည်ဉာဏ်သွေးရှိသူတွေက မိမိတို့လုပ်ငန်းတွေ စနစ်ကျဖို့အတွက် အချိန်စီမံခန့်ခွဲခြင်းပညာရပ်ကို သင်ယူကြပြီး မိမိကိုယ်မိမိ ပိုမိုဖြစ်ထွန်းလာအောင်၊ မိမိရဲ့အချိန်တွေကနေ အကျိုးအမြတ်တွေ ရသထက်ပိုရလာအောင် လုပ်ဆောင်နေကြတာတွေကြောင့်ပဲဖြစ်တယ်။

ယနေ့ခေတ် ကမ္ဘာတဝှမ်းမှာ လူပေါင်းများစွာတို့ဟာ အချိန်စီမံခန့်ခွဲခြင်း ပညာရပ်ကို သင်ယူဖို့အတွက် ငွေ ကြေးအမြောက်အမြား သုံးစွဲနေကြပါတယ်။

ကျွန်တော်တို့အနေနဲ့ မိမိတို့ရရှိထားတဲ့ ပျှမ်းမျှနှစ် ၇၀ စာအတွက် အရှင်မြတ်က အချိန်စီမံခန့်ခွဲခြင်းကို သင်ယူကြဖို့ စေ့ဆော်မှုပြုထားတယ်ဆိုတာ စဥ်းစားမိကြဖူးလား?

အရှင်မြတ်က ကျွန်တော်တို့ကို အချိန်စီမံခန့်ခွဲရေးလေ့ကျင့်မှုကို အခမဲ့ ပေးထားပါတယ်။ ဒါတင်မကသေး ဒီလေ့ကျင့်ခန်းလုပ်ကြသူတွေကို လောကီနဲ့တမလွန်မှာ မရေမတွက်နိုင်တဲ့ အကျိုးကုသိုလ်တွေရရှိမယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရေးမပေးကြ၊ တန်ဖိုးမထားကြပါဘူး။

အနည်းငယ်မျှ အတွေးနယ်ချဲ့ကြည့်ပါ။ အရှင်ဟာ တစ်ရက်ငါးကြိမ်ဆွလားဟ်ကို သတ်မှတ်ချိန်တွေမှာ ကျေပွန်ကြဖို့ (ဖရဿွ်) အရေးကြီးတာဝန်အဖြစ် သတ်မှတ်ထားတယ်။

‎الصَّلَاة كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَّوْقُوتًا (103) سورة النساء

"မုချ ဆွလားဟ်ဟာ မုအ်မင်န်တွေအတွက် အချိန်အပိုင်း အခြားနဲ့ သတ်မှတ်ထားတဲ့ ဖရဿွ်တာဝန်ဖြစ်တယ်"

နွေဖြစ်စေ၊ ဆောင်းဖြစ်စေ နေပူပူ၊ မိုးရွာရွာ ညတာရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ သတ်မှတ်ထားတဲ့အချိန်မှာပဲ အဇာန်ပေးရတယ်။ သတ်မှတ်ထားတဲ့အချိန်မှာပဲ အိကာမဟ် ပေးရတယ်။ အချိန်ကျလာရင် တစ်မိနစ်တောင်မစောင့်တော့ဘဲ ဂျမာအဟ် ရပ်ကြတယ်။ ဒါထက်ပိုပြီး အချိန်နဲ့အညီအလုပ်လုပ်ခြင်းပညာရပ်ကို ဘယ်ကနေ သွားသင်ရဦးမလဲ? ဒါထက်ပိုကောင်းတဲ့ အချိန်စီမံခန့်ခွဲခြင်းပညာရပ်ကို ဘယ်သူများ လာသင်ပေးနိုင်လို့လဲ?

ဆွိယာမ်စောင့်ထိန်းခြင်းကလည်း ဒီအတိုင်းပါပဲ။ နေ့တာက ၆ နာရီပဲဖြစ်စေ ၁၆ နာရီပဲဖြစ်စေ မိုးလင်းတာနဲ့ စားသောက်တာတွေ ရပ်လိုက်ရပြီး နေဝင်တာနဲ့ အချိန်မဆိုင်းဘဲ ဝါဖြေရပါတယ်။ ဒါထက်ပိုကောင်းတဲ့ အချိန်စီမံခန့်ခွဲခြင်းပညာရပ်ကို ဘယ်သူများလာသင်ပေးနိုင်လို့လဲ?

အီးဒ်နှစ်ရက်ကို ကြည့်ရင်လည်း တစ်ရက်ကလေးမျှ နောက်ဆုတ်လို့မရသလို ရှေ့တိုးလို့လည်း မရပါဘူး။ သတ်မှတ်ထားတဲ့ နေ့ရက်မှာပဲ ကျင်းပရပါတယ်။

ဟဂျ်ငါးရက်တာကိုကြည့်ပါ။ မိနာသွားရမယ့်ရက်မှာ သွားကိုသွားရတယ်။ အရဖဟ်ကိုသွားရမယ့်အချိန်မှာ နောက်ကျလို့မရဘူး။ လူထောင်ပေါင်းများစွာကို တစ်ချိန်တည်း တိကျစွာ စီမံထားပေးတဲ့ အနှိုင်းမဲ့စနစ်ကြီးကို အစ္စလာမ်ကလွဲရင် ဘယ်မှာရနိုင်မှာမို့လို့လဲ?

ဒါတွေကနေ အချိန်စီမံခန့်ခွဲခြင်းဟာ အစ္စလာမ်မှာ အရေးကြီးကဏ္ဍတစ်ခုဖြစ်နေကြောင်း သိရပါတယ်။ အာခိရဟ် တမလွန်မှာ စစ်ဆေးမေးမြန်းခံရမယ့် မေးခွန်းငါးခုမှာ ပထမမေးခွန်းနှစ်ခုဟာ အချိန်စီမံခန့်ခွဲခြင်းနဲ့ ပတ်သတ်နေပါတယ်။

တမန်တော်မြတ်ကအမိန့်ရှိပါတယ်။ ကိယာမဟ် တရားခွင်နေ့မှာ မေးခွန်းငါးခုကိုအမေးမခံရဘဲ ရှေ့တစ်လှမ်းတိုးလို့လည်းရမှာမဟုတ်သလို နောက်တစ်လှမ်းလည်းဆုတ်လို့ရမှာမဟုတ်ပါဘူး။

ဒါတွေကတော့

၁။ မိမိသက်တမ်းကို ဘယ်အရာတွေမှာ အသုံးချခဲ့လဲ?
၂။ မိမိလူငယ်ဘဝကိုဘယ်မှာသုံးခဲ့လဲ?
၃။ ဥစ္စာပစ္စည်းကို ဘယ်ကနေဘယ်လိုရှာဖွေခဲ့လဲ?
၄။ ပြီးတော့ဘယ်မှာသုံးခဲ့လဲ?
၅။ မိမိသိခဲ့တဲ့အရာတွေ အပေါ် ဘယ်လောက်ထိ လက် တွေ့ကျင့်သုံးခဲ့သလဲ? တွေပဲဖြစ်ပါတယ်။

‎(، سنن ترمذي:2416)

ဆိုလိုတာက ဘဝရဲ့စက္ကန့်တိုင်းကအမေးခံရလိမ့်မယ်။

တကယ်လို့များ ကျွန်တော်တို့ အချိန်ကို တန်ဖိုးမထား၊ စနစ်ကျအောင်မလုပ်ခဲ့ဘူးဆိုရင် တစ်စက္ကန့်တိုင်းအတွက် အဖြေပေးဖို့ အရှင်မြတ်ရှေ့မှာ ဘယ်လောက်တောင် ရပ်နေလိုက်ရမလဲ?

ကျွန်တော်တို့က ဆွလားဟ်၊ ဆွိယာမ်၊ ဟဂျ် စတာတွေအတွက်တော့ အချိန်တိကျကြတယ်။ ဒါပေမဲ့ လောကီအရေးကဏ္ဍတွေမှာတော့ အချိန်ကိုဂရုမပြုကြပါဘူး။ အကြောင်းအရင်းကတော့ လောကီအရေးကိစ္စတွေနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ အမြင်မှားနေကြလို့ပါပဲ။ ကျွန်တော်တို့ ထင်နေကြတာက လောကီအရေးတွေက အိဘာဒဟ် ခဝပ်မှုရယ်လို့မဟုတ်။ ဆွလားဟ်၊ ဆွိယာမ်နဲ့ ဟဂျ်တို့လောက်ပဲ အိဘာဒဟ်။ ဒါတွေပဲ စာရင်းရှင်းရမှာ။ ဒီလိုတွေထင်နေကြတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့စက္ကန့်တိုင်းဟာ အိဘာဒဟ် ခဝပ်မှုအတွက်ပဲ။ တချို့တလေအတွက်ပဲ မေးခံရမှာမဟုတ်ဘူး။ စက္ကန့်တိုင်းအတွက် အဖြေပေးရလိမ့်မယ်။ အစ္စလာမ်ဟာ ပြည့်ဝတဲ့ဘဝလမ်းညွှန်တစ်ခု။ ပြည့်ဝတဲ့ဘဝစနစ်တစ်ခုဖြစ်တယ်။ ၂၄နာရီလုံးဟာ အစ္စလာမ့်လမ်းစဥ်ရဲ့အစိတ်အပိုင်းဖြစ်တယ်။ စက္ကန့်တိုင်းဟာ အိဘာဒဟ် ခဝပ်မှုရဲ့အစိတ်အပိုင်းတွေဖြစ်တယ်။

လောကတစ်ခွင်မှာ အချိန်ကိုတလေးတစားနဲ့ စီမံခန့်ခွဲတတ်ကြတဲ့ အမျိုးသားတွေဟာ တိုးတက်ကြတယ်။ မွတ်စ်လင်မ်တွေဟာ အချိန်ကိုတန်ဖိုးမထားရင်းကနေ ဆုတ်ယုတ်ကျဆင်းလာရတယ်။ မွတ်စ်လင်မ်တွေဟာ ပျှမ်းမျှ နှစ်ခုနှစ်ဆယ်သက်တမ်းမှာ အချိန်စီမံခန့်ခွဲခြင်းကိုနေ့စဥ်လေ့ကျင့်ပေးခံနေရပေမဲ့လည်း တန်ဖိုးမထားကြတာ ဝမ်းနည်းစရာပါ။

ကျွန်တော်တို့ဟာ မွတ်စ်လင်မ်တွေပါ။ အလ္လာဟ်အရှင့်ရှေ့တော်မှာ တစ်စက္ကန့်တိုင်းအတွက်အဖြေပေးရမယ်ဆိုတာ ယုံကြည့်ကြသူတွေပါ။ ဒါကြောင့်ပဲ တခြားအမျိုးသားတွေထက်ပိုပြီး အချိန်ကိုတန်ဖိုးထားသင့်သူတွေပါ။ အပြုသဘောဆောင်တာတွေး၊ အပြုသဘောဆောင်တာတွေလုပ်ပြီး အကျိုးမဲ့တာတွေကနေ ရှောင်ကြဉ်တာက မွတ်စ်လင်မ့်ဂုဏ်ရည်ပါ။

တမန်တော်ကအမိန့်ရှိပါတယ်။ အကျိုးမဲ့တာတွေကိုစွန့်လွှတ်ခြင်းက လူတစ်ဦးအတွက် အစ္စလာမ့်အလှတရားပါပဲ။
‎۔ (سنن ترمذي: 2317)

ဒီတော့ ကျွန်တော်တို့ဟာ အကျိုးမဲ့တာတွေကို စွန့်လွှတ်မှပဲ အချိန်တွေဟာ အပြုသဘောဆောင်နေပါလိမ့်မယ်။

‎تحریر: محمد_اجمل_خان

✍️ဘာသာပြန် - နောင်လွင်

18/05/2025

ကျမ်းတော်မြတ်ကုရ်အာန်ကို သဂျ်ဝီးဒ်နှင့်တကွ အလွတ်ကျက်မှတ်ချင်သော ကလေးများနှင့် အမျိုးသမီးများ ကျောင်းတက်နေပေမဲ့လည်း စာကျက်ဖို့အခက်အခဲကြုံနေသူတွေ နောက်စာ စဗက်ပါရာနှင့် စဗက်တို့ကို ပိုင်နိုင်စွာရချင်သူများ အိမ်မှာလာရောက်သင်ယူနိုင်သလို အွန်လိုင်းကနေလည်း သင်ယူနိုင်ပါပြီနော်🥰
#အမျိုးသမီးသီးသန့် #ကုရ်အာန် #ဟိဖ်ဇ် #သဂျ်ဝီးဒ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon