Tr. Alvin

Tr. Alvin

Share

Contents related to reading, teaching, thoughts and experiences

Photos from Tr. Alvin's post 31/07/2025

မိမိရဲ့ အင်္ဂလိပ်စာတတ်မြောက်မှုအဆင့် (Level) ဘယ်လောက်ရှိလဲဆိုတာ စစ်ဆေးကြည့်ဖူးပါသလား?

သင်တန်းတစ်ခုကို တက်တော့မယ်ဆိုရင် သင်တန်းကပေးမှာနဲ့ မိမိရဲ့ Level ကိုက်ညီမှုရှိမရှိ ချိန်ဆကြည့်ဖို့လိုပါတယ်။

ဥပမာ အင်္ဂလိပ်စာသင်ကြားရေးလက်မှတ်တစ်ခု TESOL ရဖို့ တက်မယ်ဆိုပါစို့။ သင်တန်းက စာတွေ ဖတ်ဖို့၊ ဆွေးနွေးဖို့ CEFR -B2 (Upper Intermediate)ရှိဖို့လိုအပ်တယ်လို့ အကြုံပြုကြပါတယ်။

ကျွန်တော် Mandalay TESOL Center မှာ TESOLတက်ဖို့‌ လျှောက်တုန်းက Level Test Result မရှိသေးလို့ အဲဒီကဖြေဆိုခိုင်းတဲ့ B2 - Reading and Listening ကို ဖြေခဲ့ရပါတယ်။

ခုတလော သင်တန်းလေးနှစ်ခုတက်မယ်ဆိုတော့ B2 Level ရှိရမယ်၊ result ပြရမယ် တောင်းပါတယ်။ ဖြေရမဲ့ website လေးလည်း ညွှန်းပေးကြပါတယ်။

Website နာမည်က EF SET https://www.efset.org/ ပါ။ ကျွန်တော်ဖြေကြည့်လိုက်တော့ ကိုယ့်levelနဲ့ အနီးစပ်ဆုံးရတယ်လို့ မြင်ပါတယ်။

မိမိရဲ့ ဖုန်း၊ လက်တော့မှာပဲ ဖြေဆိုပြီး resultကို certificate လည်း download ယူလို့ရတယ်ဆိုတော့ အဆင်ပြေပါတယ်။ CV မှာထည့်မလား၊ LinkedIn မှာ ချိတ်မလား မိမိရဲ့ English Proficiency ကို ဖော်ပြထားလို့ရပါတယ်။

Test သုံးခုရှိပါတယ်။

#1. 15 minutes Practice Test မှာ 7.5 mins Reading နဲ့ 7.5 mins Listening ဖြေရပါတယ်။ မေးခွန်းပုံစံနဲ့ ရင်းနှီးအောင် ဖြေကြည့်ချင်ရင် ဖြေလို့ရတဲ့သဘောပါ။ result ပြပြီး certificate တော့ မပေးပါဘူး။

#2. 50 mins Testမှာ Reading and Listening ကို 25 minsစီ ဖြေရပါတယ်။ result ကို certificate လည်း download လို့ရပါတယ်။

#3. 90 mins Testမှာတော့ Reading၊ Writing၊ Listening၊ Speaking - Four skills ဖြေရပါတယ်။ result ကို certificateလည်း downloadလို့ရပါတယ်။

Level Test
://www.efset.org/
by Alvin

Photos from Tr. Alvin's post 30/07/2025

သဘာဝအခြင်းအရာတွေကို သတိပြုမိကြပါရဲ့လား?

သစ်ပင်များများ၊ လူနည်းနည်း
တောင်တန်းများက တမျှော်တခေါ်
တကယ့်သဘာဝပန်းချီကား။

တိတ်ဆိတ်အေးချမ်းမှုတွေ တည်နေသေးတဲ့နေရာလေးတွေ
သာယာဖွယ်ရှုခင်းများကို ပုံဖမ်းရိုက်လိုက်မိတယ်
ပကတိမျက်လုံးဖြင့် ကြည့်ရှုခံစားရသလောက် ပြည့်မီနိုင်မလား?

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon
52509