31/07/2025
မိမိရဲ့ အင်္ဂလိပ်စာတတ်မြောက်မှုအဆင့် (Level) ဘယ်လောက်ရှိလဲဆိုတာ စစ်ဆေးကြည့်ဖူးပါသလား?
သင်တန်းတစ်ခုကို တက်တော့မယ်ဆိုရင် သင်တန်းကပေးမှာနဲ့ မိမိရဲ့ Level ကိုက်ညီမှုရှိမရှိ ချိန်ဆကြည့်ဖို့လိုပါတယ်။
ဥပမာ အင်္ဂလိပ်စာသင်ကြားရေးလက်မှတ်တစ်ခု TESOL ရဖို့ တက်မယ်ဆိုပါစို့။ သင်တန်းက စာတွေ ဖတ်ဖို့၊ ဆွေးနွေးဖို့ CEFR -B2 (Upper Intermediate)ရှိဖို့လိုအပ်တယ်လို့ အကြုံပြုကြပါတယ်။
ကျွန်တော် Mandalay TESOL Center မှာ TESOLတက်ဖို့ လျှောက်တုန်းက Level Test Result မရှိသေးလို့ အဲဒီကဖြေဆိုခိုင်းတဲ့ B2 - Reading and Listening ကို ဖြေခဲ့ရပါတယ်။
ခုတလော သင်တန်းလေးနှစ်ခုတက်မယ်ဆိုတော့ B2 Level ရှိရမယ်၊ result ပြရမယ် တောင်းပါတယ်။ ဖြေရမဲ့ website လေးလည်း ညွှန်းပေးကြပါတယ်။
Website နာမည်က EF SET https://www.efset.org/ ပါ။ ကျွန်တော်ဖြေကြည့်လိုက်တော့ ကိုယ့်levelနဲ့ အနီးစပ်ဆုံးရတယ်လို့ မြင်ပါတယ်။
မိမိရဲ့ ဖုန်း၊ လက်တော့မှာပဲ ဖြေဆိုပြီး resultကို certificate လည်း download ယူလို့ရတယ်ဆိုတော့ အဆင်ပြေပါတယ်။ CV မှာထည့်မလား၊ LinkedIn မှာ ချိတ်မလား မိမိရဲ့ English Proficiency ကို ဖော်ပြထားလို့ရပါတယ်။
Test သုံးခုရှိပါတယ်။
#1. 15 minutes Practice Test မှာ 7.5 mins Reading နဲ့ 7.5 mins Listening ဖြေရပါတယ်။ မေးခွန်းပုံစံနဲ့ ရင်းနှီးအောင် ဖြေကြည့်ချင်ရင် ဖြေလို့ရတဲ့သဘောပါ။ result ပြပြီး certificate တော့ မပေးပါဘူး။
#2. 50 mins Testမှာ Reading and Listening ကို 25 minsစီ ဖြေရပါတယ်။ result ကို certificate လည်း download လို့ရပါတယ်။
#3. 90 mins Testမှာတော့ Reading၊ Writing၊ Listening၊ Speaking - Four skills ဖြေရပါတယ်။ result ကို certificateလည်း downloadလို့ရပါတယ်။
Level Test
://www.efset.org/
by Alvin
30/07/2025