Aung Hein Private School

Aung Hein Private School Guiding Every Step with Heart and Excellence 💫

03/03/2026

🏫Aung Hein Private School is proud to announce that our Grade 5 students have successfully completed their final examinations.👩‍🏫🧑‍🏫

Throughout the academic year, our students have demonstrated remarkable dedication, responsibility, and hard work. Finishing these exams is a significant milestone in their educational journey, and we commend them for their perseverance.

We also wish to extend our sincere gratitude to our teachers and parents for their unwavering support and guidance. Congratulations to all Grade 5 students on a successful year! We are incredibly proud of you and wish you continued success as you move forward to the next grade.

Well done, Grade 5! 👏✨





"အောင်ဟိဏ်း"ကိုယ်ပိုင်ကျောင်း(၂၀၂၅-၂၀၂၆)ပညာသင်နှစ်"ပညာရေးစုံညီပွဲတော်"အမှတ်တရ ပုံရိပ်များ✨(part-3) #ပညာရည်ချွန်ဆုပေးပွဲ ...
03/03/2026

"အောင်ဟိဏ်း"ကိုယ်ပိုင်ကျောင်း
(၂၀၂၅-၂၀၂၆)ပညာသင်နှစ်
"ပညာရေးစုံညီပွဲတော်"
အမှတ်တရ ပုံရိပ်များ✨

(part-3)

#ပညာရည်ချွန်ဆုပေးပွဲ
#ပညာရေးစုံညီပွဲတော်
#အောင်ဟိဏ်းကိုယ်ပိုင်ကျောင်း
#အောင်ဟိဏ်း

"အောင်ဟိဏ်း"ကိုယ်ပိုင်ကျောင်း(၂၀၂၅-၂၀၂၆) ပညာသင်နှစ်"ပညာရေးစုံညီပွဲတော်"အမှတ်တရပုံရိပ်များ✨(part-2) #ပညာရည်ချွန်ဆုပေးပွဲ ...
03/03/2026

"အောင်ဟိဏ်း"ကိုယ်ပိုင်ကျောင်း
(၂၀၂၅-၂၀၂၆) ပညာသင်နှစ်
"ပညာရေးစုံညီပွဲတော်"
အမှတ်တရပုံရိပ်များ✨

(part-2)

#ပညာရည်ချွန်ဆုပေးပွဲ
#ပညာရေးစုံညီပွဲတော်
#အောင်ဟိဏ်းကိုယ်ပိုင်ကျောင်း
#အောင်ဟိဏ်း

"အောင်ဟိဏ်း"ကိုယ်ပိုင်ကျောင်း နွေရာသီတိုက်ကွမ်ဒိုသင်တန်းအသက် ၅ နှစ်မှ ၁၃ နှစ်အတွင်းမည်သူမဆို                            ...
26/02/2026

"အောင်ဟိဏ်း"ကိုယ်ပိုင်ကျောင်း
နွေရာသီတိုက်ကွမ်ဒိုသင်တန်း
အသက် ၅ နှစ်မှ ၁၃ နှစ်အတွင်းမည်သူမဆို

"အခမဲ့"

တက်ရောက်နိုင်ပါသည်။

နေရာ-အမှတ်(၈၇၉)၊(ဏ/၁၄)ရပ်ကွက်
အောင်ချမ်းသာမှတ်တိုင်အနီး ၊ ရွှေပြည်သာ။
၀၉၂၅၆၆၆၂၃၉၃၊၀၉၂၆၆၅၆၄၂၃၅

#အောင်ဟိဏ်းကိုယ်ပိုင်ကျောင်း
#အောင်ဟိဏ်း
#နွေရာသီတိုက်ကွမ်ဒိုသင်တန်း

"အောင်ဟိဏ်း"ကိုယ်ပိုင်ကျောင်း(၂၀၂၅-၂၀၂၆ )ပညာသင်နှစ်"ပညာရေးစုံညီပွဲတော်"ဆုရရှိသူများ​၏အမှတ်တရပုံရိပ်များ🏆(part-1) #ပညာရည်...
26/02/2026

"အောင်ဟိဏ်း"ကိုယ်ပိုင်ကျောင်း
(၂၀၂၅-၂၀၂၆ )ပညာသင်နှစ်
"ပညာရေးစုံညီပွဲတော်"
ဆုရရှိသူများ​၏အမှတ်တရပုံရိပ်များ🏆

(part-1)

#ပညာရည်ချွန်ဆုပေးပွဲ
#ပညာရေးစုံညီပွဲတော်
#အောင်ဟိဏ်း
#အောင်ဟိဏ်းကိုယ်ပိုင်ကျောင်း

“၇၈ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ” အမှတ်တရ ပုံရိပ်များ  #လွတ်လပ်ရေးနေ့အထိမ်းအမှတ် #အားကစားပြိုင်ပ...
14/01/2026

“၇၈ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ” အမှတ်တရ ပုံရိပ်များ

#လွတ်လပ်ရေးနေ့အထိမ်းအမှတ်
#အားကစားပြိုင်ပွဲ
#အောင်ဟိဏ်း
#အောင်ဟိဏ်းကိုယ်ပိုင်ကျောင်း

06/01/2026

“၇၈နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ”

✅ပြိုင်ပွဲစည်းကမ်းချက်များချမှတ်ခြင်းနှင့် လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာနိုင်စေရန် စီမံဆောင်ရွက်ခဲ့ပါသည်။ထိုမှတဆင့် စည်းကမ်းရှိပြီး စနစ်တကျ စီမံခန့်ခွဲနိုင်သော၊ ဘက်စုံတော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန် ရည်ရွယ်ပါသည်။

✅အားကစားပြိုင်ပွဲများ ပြုလုပ်ရာတွင် စည်းကမ်းချက်များကို တိတိကျကျ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲမစတင်မီ အသက်အရွယ်နှင့် အတန်းအလိုက် စနစ်တကျ ပြင်ဆင်စီမံထားကာ အုပ်စုခွဲ၍ ပြိုင်ပွဲဝင်စေခဲ့ပါသည််။

✅ကလေးများ၏ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အထူးဦးစားပေး ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်နေစဉ် အားကစားစိတ်ဓာတ် အပြည့်အဝရှိစေရန် အသိပညာပေး ဟောပြောခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။

✅အောင်ဟိဏ်း ကျောင်းတော်ကြီးရှိ ကြီးကြပ်အုပ်ချုပ်သူများနှင့် ဆရာ၊ ဆရာမများမှ အေးချမ်းသာယာပြီး ပျော်ရွှင်စရာကောင်းသော ကစားကွင်းပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခဲ့ပါသည်။

#လွတ်လပ်ရေးနေ့အထိမ်းအမှတ်
#အားကစားပြိုင်ပွဲ
#အောင်ဟိဏ်း
#အောင်ဟိဏ်းကိုယ်ပိုင်ကျောင်း

🤝၂၀၂၅–၂၀၂၆ ပညာသင်နှစ်အောင်ဟိဏ်းကိုယ်ပိုင်မူလတန်းကျောင်းမိဘ၊ဆရာတွေ့ဆုံဆွေးနွေးပွဲ 💕အောင်ဟိဏ်းကိုယ်ပိုင်မူလတန်းကျောင်းမှ ၂...
02/12/2025

🤝၂၀၂၅–၂၀၂၆ ပညာသင်နှစ်
အောင်ဟိဏ်းကိုယ်ပိုင်မူလတန်းကျောင်း
မိဘ၊ဆရာတွေ့ဆုံဆွေးနွေးပွဲ 💕

အောင်ဟိဏ်းကိုယ်ပိုင်မူလတန်းကျောင်းမှ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်၏ “မိဘ၊ဆရာတွေ့ဆုံဆွေးနွေးပွဲ” ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သော အမှတ်တရပုံရိပ်များ။ 🎉

တွေ့ဆုံဆွေးနွေးပွဲလေးမှာတော့ ကျောင်းအုပ်ချုပ်ကြီးကြပ်သူများနှင့် ကျောင်းအုပ်ဆရာမကြီးက

▶️ကျောင်း၏ဖွဲ့စည်းအုပ်ချုပ်ပုံအဆင့်ဆင့်
▶️KGမှ G5 အထိ အတန်းလိုက်သင်ကြားသည့်ပုံစံများ
▶️ကလေးများ၏ တိုးတက်မှုဖြစ်စဉ်များ
ကို အတန်းပိုင်ဆရာမ၊ဘာသာရပ်ဆရာမများနှင့် ပူးပေါင်းစစ်ဆေးသည့်ပုံစံများ
▶️မိမိကလေးငယ်နှင့်ပတ်သက်၍ မိဘများထံမှ Feedback ပေးပို့ခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခြင်းများ

▶️မိမိကလေး၏ ပြဿနာအချို့ကို မိဘနှင့်ကျောင်း အတူတကွပူးပေါင်းဖြေရှင်းရန်လိုအပ်ကြောင်းစသည်ဖြင့် မိဘများအား အသေးစိတ်ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြပါတယ်။

ကျောင်းမှ ပြုလုပ်သော Activities များကိုလည်း ကျောင်းသားမိဘတစ်ယောက်စီတိုင်းမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးခဲ့ကြသည့်အတွက်လည်း “အောင်ဟိဏ်းကျောင်းတော်ကြီး”မှ အထူးပင်ကျေးဇူးတင်ရှိပါတယ် ။






✨အောင်ဟိဏ်းကိုယ်ပိုင်မူလတန်းကျောင်း၊(၂၀၂၅-၂၀၂၆)ပညာသင်နှစ်၊ဒုတိယအကြိမ်မြောက်ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား✨ရန်ကုန်...
06/11/2025

✨အောင်ဟိဏ်းကိုယ်ပိုင်မူလတန်းကျောင်း၊(၂၀၂၅-၂၀၂၆)ပညာသင်နှစ်၊ဒုတိယအကြိမ်မြောက်ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား✨

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊
လေးထောင့်ကန်ရပ်ကွက်၊ ပရိယတ္တိသာသနာ့
ဂုဏ်ရည်ကျောင်းတိုက်ဆရာတော်ဒေါက်တာ
ဘဒ္ဒန္တဉာဏောဘာသနှင့် တိုက်အုပ်စာချကထိကဆရာတော်တို့အား ကျောင်းအုပ်ဆရာမကြီးနှင့်
ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများမှဆက်ကပ်ပူဇော်လှူဒါန်းကြသည့်
ဝမ်းမြောက်ဖွယ်ရာသာသနာပြု ကထိန်သင်္ကန်း
ကပ်လှူပူဇော်ပွဲ အခမ်းအနား အမှတ်တရ ပုံရိပ်များ။

#ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ
#ဒုတိယအကြိမ်မြောက်
#အောင်ဟိဏ်း
#အောင်ဟိဏ်းကိုယ်ပိုင်ကျောင်း

သီတင်းကျွတ်ကျောင်းပိတ်ပြီးကျောင်းပြန်တက်တဲ့ သားသားမီးမီးတို့အတွက် သွားသန့်ရှင်းရေး စာမျက်နှာလေး ✨📝သီတင်းကျွတ်ကျောင်းပိတ်...
16/10/2025

သီတင်းကျွတ်ကျောင်းပိတ်ပြီးကျောင်းပြန်တက်တဲ့ သားသားမီးမီးတို့အတွက် သွားသန့်ရှင်းရေး စာမျက်နှာလေး ✨📝

သီတင်းကျွတ်ကျောင်းပိတ်ရက် (၈) ရက်မှာ
သားသားမီးမီးတို့ သကြားလုံး၊ အချိုမုန့်လေးတွေစားရင်း အချိုရည်လေးတွေ သောက်ရင်းပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတာပေါ့နော်။

ကျောင်းပြန်ဖွင့်ချိန်မှာတော့
“ဆရာမ၊ သွားကိုက်တယ်…”
“ဆရာမ သွားနာတယ်…” ဆိုပြီးငိုမဲ့မဲ့လေးတွေ ပြောကြတော့ ဆရာမတွေမှာ သားသား၊ မီးမီးတို့ကိုနာအောင်လုပ်တဲ့ သွားပိုးကောင်တွေကို စိတ်တိုကြရတာပေါ့ကွယ်။

သားသားမီးမီးတို့ သွားကိုက်တာ ဘာကြောင့်လဲ?
သွားကိုက်တယ်ဆိုတာ “သွားပိုးကောင်လေးတွေ” က ကိုယ့်သွားထဲမှာ မတော်တဆ အိမ်ဆောက်ပြီး နေနေလို့ပါ။ 🦠
အချိုမုန့်တွေ၊ သကြားလုံးတွေ၊ အချိုရည်တွေထဲမှာရှိတဲ့ သကြား ဆိုတဲ့အရာက
သူတို့အတွက် အရမ်းကြိုက်တဲ့အစာပါ။ 🍬
ဒါကြောင့် သားသားမီးမီးတို့ သွားထဲမှာ သွားပိုးကောင်လေးတွေ အိမ်လာဆောက်နေကြတာပါ။

ဒါဆို သွားပိုးကောင်လေးတွေကို ဘယ်လိုမောင်းထုတ်ကြမလဲ?
(၁) မနက်တစ်ခါ၊ ညတစ်ခါ သွားတိုက်ပါ။
(၂) ချိုတဲ့အရာတွေကို အလွန်အကျွံ မစားပါနဲ့။
(၃) သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပါ။
(၄) သွားတိုက်ပြီးတိုင်း ရေနဲ့ပလုတ်ကျင်းပါ။
(၅) ချိုတဲ့မုန့်၊အချိုရည်တွေအစား အသီးအနှံလေးတွေ စားပေးပါ။
(၆) ညဘက်သွားတိုက်ပြီးရင် အစာထပ်မစားဖို့လိုအပ်ပါတယ်။
(၇) သွားတိုက်တံကို ၃လတစ်ကြိမ် လဲပေးဖို့လည်းလိုအပ်ပါတယ်။
(၈) သွားတိုက်တဲ့အခါ မှန်ကန်တဲ့သွားတိုက်နည်းနဲ့သွားတိုက်ဖို့လည်းလိုအပ်ပါသေးတယ် ။

✅ဘယ်လိုပုံစံသွားတိုက်ရမယ်ဆိုတာကိုလည်း ကျန်းမာရေးဆရာမကြီးက သားသားမီးမီးတို့ကို လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။

သားသားမီးမီးတို့ ကျန်းမာလှပခိုင်မာတဲ့သွားလေးတွေနဲ့ အပြုံးချိုချိုလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။



Address

No. 879, Aung Chan Thar Street, Nagyi (14)Ward, Shwe Pyi Thar
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Website

Alerts

Be the first to know and let us send you an email when Aung Hein Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category