Future Dreams Education Center

Future Dreams Education Center

Share

Grow with knowledge, Shape the future

Photos from Future Dreams Education Center's post 24/08/2026

မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊သူများရှင့်

ယခုလာမည့် (30 Aug 2026) Sunday တွင်ပြုလုပ်မည့် "𝐏𝐚𝐬𝐬𝐢𝐨𝐧 𝐭𝐨 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧 𝐢𝐧 𝐀𝐈 𝐄𝐫𝐚 𝐄𝐯𝐞𝐧𝐭" တွင် FDEC ကျောင်းမှ 𝐒𝐢𝐥𝐯𝐞𝐫 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ် ပံ့ပိုးပေးထားပါသည်။

*ကျောင်းဖက်မှလဲ 𝐒𝐢𝐥𝐯𝐞𝐫 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ်ပါဝင်ထားသည့် အပြင် FDEC Booth Area တွင် Lucky Draw များ၊ Spin wheel လှည့်၍ Gift များ‌ပေးအပ်ခြင်း စသော အစီအစဥ် များစွာ ပါဝင်လို့ FDEC ကျောင်းမှ ကျောင်းသား/သူများအား တက်ရောက်စေချင်ပါသည်။*

🚀 Passion to Profession in AI Era Event မှာ ဘာတွေ ရရှိမှာလဲ?

Self-Coaching & Self-Discovery: ဝါသနာနောက် မလိုက်ရဲလို့ ဘဝမှာ မပျော်မရွှင် ဖြစ်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ Professional Master Coach (၃) ဦးက ကိုယ့်ရဲ့ အားသာချက်နဲ့ စိတ်ပါဝင်စားမှုကို မှန်ကန်စွာ ရွေးချယ်နိုင်အောင် တိုက်ရိုက် Group Coaching ပေးမည်။

Panel Discussion: Topic: Prompting Your Future, Blending Passion, AI, and Career Reality

🤖 AI Trainer: AI ခေတ်မှာ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အကြံပြုချက်များ

🧠 Life Coach: နည်းပညာ မြန်ဆန်စွာ ပြောင်းလဲနေချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်မှု၊ Passion နဲ့ မိမိidentity ကို ထိန်းသိမ်းနည်း။

💼 Founder of MyJobs: လက်ရှိ အလုပ်အကိုင် ဈေးကွက်၏ လိုအပ်ချက်နှင့် အလုပ်ရှင်များ လိုချင်သည့် လူငယ်များ၏ အရည်အသွေးများ။

🏢 Head of KBZ: Traditional Industry ၏ Digital Transformation နှင့် Corporate Expectations များ။

High-Value Networking: အမြင်တူ၊ ရည်မှန်းချက်တူ တက်ကြွသော လူငယ်များ၊ Industry Experts များနှင့် အချိတ်အဆက်ကောင်းများ ရရှိမည်။

Full-Day Refreshments: သင်တန်း တစ်ရက်တာလုံးအတွက် Refreshment နှင့် Tea Break အပြည့်အစုံ ပါဝင်မည်။ (Royal D, Premier Coffee, Food)

🎁 Special Post-Event Bonus

Free 1-on-1 Discovery Coaching Call: Event ပြီးနောက် Home and Heart Coaching Center မှ Coach များနှင့် (၁) ကြိမ် အခမဲ့ ဆွေးနွေးခွင့် (Mental Health Awareness နှင့် စိတ်ပေါ့ပါးစွာ ရင်ဖွင့်တိုင်ပင်နိုင်မည့် Saf e Space)။

Exclusive Educational Discounts: Home and Heart မှ Life Skills သင်တန်းများတွင် 20% Discount အပြင် Partner Language School များနှင့် သင်တန်းကျောင်းများမှ Student Discount များ ရရှိမည်။

🎟️ Free Entry | Limited to 200 Seats Only!

🚨 အခုဆို လူဦးရေ ၁၀၀ သာ ကျန်ရှိပါတော့တယ်။
သို့ဖြစ်ပါ၍ မနက်ဖြန် နောက်ဆုံးထား၍ "09 423727099" viber သို့ နာမည်စာရင်းပေး Register ပြုလုပ်ပေးပါရန် အသိပေးကြေညာအပ်ပါတယ်ရှင်။

*𝐄𝐯𝐞𝐧𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧*

📅 𝟑𝟎 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟔 (𝐒𝐮𝐧𝐝𝐚𝐲)
⏰ 𝟗:𝟎𝟎 𝐀𝐌 – 𝟓:𝟎𝟎 𝐏𝐌
📍 𝐊𝐈𝐍𝐆𝐒 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐓𝐡𝐮𝐰𝐚𝐧𝐧𝐚 𝐂𝐚𝐦𝐩𝐮𝐬)

22/08/2026

FDEC ရဲ့ Parents & teachers Meeting အစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

ဒီပွဲလေးကို အချိန်ပေးပြီး ကိုယ်တိုင်တက်ရောက်အားပေးခဲ့ကြတဲ့ မိဘတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။

ကလေးတွေရဲ့ စာသင်ကြားရေး အခြေအနေတွေနဲ့ အနီးကပ် သင်ကြားပေးနေတဲ့ ပုံစံတွေအပြင် အပြင်ကျူရှင် ထပ်ပြစရာမလိုအောင် ဖြည့်ဆည်းပေးနေတဲ့ Guide ချိန်တွေအကြောင်းကို အသေးစိတ် ပြောပြပေးခဲ့ပါတယ်။

မိဘတွေဘက်က မေးမြန်းတာတွေကိုလည်း တိုက်ရိုက် ဖြေကြားပေးနိုင်ခဲ့လို့အလွန်ပဲ အကျိုးရှိတဲ့ အစည်းအဝေးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကလေးတစ်ယောက်ရဲ့ အနာဂတ်ခရီးလမ်းမှာ ကျောင်းနဲ့မိဘ လက်တွဲညီဖို့ဆိုတာ အဓိက အုတ်မြစ်ပါပဲ။ ဒီနေ့ပွဲလေးမှာ မိဘတွေရဲ့ စေတနာနဲ့ အားပေးမှုကို ကိုယ်တိုင်တွေ့မြင်ရတဲ့အတွက် FDEC အနေနဲ့ ရှေ့ဆက်ရမယ့် ပညာရေးခရီးအတွက် ပိုပြီး ယုံကြည်ချက်တွေ ရှိလာပါတယ်။

ကျောင်းရဲ့ သင်ကြားရေးစနစ်တွေ၊ ကလေးတွေရဲ့ အခြေအနေတွေကို သိရှိလိုတယ်ဆိုရင် Campus တွေဘက်ကို အချိန်မရွေး လာရောက်လည်ပတ် ဆွေးနွေးနိုင်ပါတယ်။

📍 Campus 1 လှိုင်မြို့နယ်၊ သုခလမ်း၊ DKMA Condo။
📍 Campus 2 ခြံအမှတ်(၁၆)၊စံရိပ်ငြိမ်(6) လမ်း၊ ကမာရွတ်။

📞 ဆက်သွယ်စုံစမ်းရန် :
09 - 789954599
09 - 784865656

𝐆𝐫𝐨𝐰 𝐰𝐢𝐭h 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐒𝐡𝐚𝐩𝐞 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 🌱

Photos from Future Dreams Education Center's post 19/08/2026

IGCSE results တွေထွက်ပြီဆိုတော့ .....
A - Level ဆက်တက်ရ​တာ့မယ့် သားသမီးတွေအတွက် ကျူရှင်တွေထပ်မထားရဘဲ ကျောင်းမှာတင် ပြီးအောင် သင်ကြားပေးမယ့် ကျောင်းကိုရှာရပြီပေါ့...

နိုင်ငံတကာထိပ်တန်းတက္ကသိုလ်တွေရဲ့ တံခါးကို ဖွင့်ပေးမယ့် FDEC ရဲ့ International Advanced Level (IAL) Programme ကို August Intake အတွက် စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ သားသမီးတွေအတွက် နိုင်ငံခြား မထွက်ရဘဲ ပြည်တွင်းမှာတင် ကမ္ဘာ့အဆင့်မီ နိုင်ငံတကာသင်ရိုးညွှန်းတမ်းအတိုင်း အရည်အသွေးပြည့်ဝစွာနဲ့ ကုန်ကျစရိတ်သက်သာစွာ လေ့လာသင်ယူနိုင်မယ့် အခွင့်အရေးကြီးတစ်ခုပါပဲ။

အပြင်ကျူရှင်တွေ လိုက်တက်ရင်း အချိန်ကုန်၊ လူပင်ပန်းခံရတဲ့ A Level လမ်းကြောင်းကို FDEC နဲ့ဆိုရင် အဆုံးသတ်နိုင်ပါပြီ။ ကျောင်းသားတစ်ဦးချင်းစီအတွက် ကျောင်းချိန်အတွင်းမှာတင် Guide ချိန်တွေနဲ့ Extra Class တွေပါ တစ်ခါတည်း ထည့်သွင်းပေးထားလို့ အပြင်မှာ ထပ်ပြီး ကျူရှင်ပြန်တက်စရာ လုံးဝ မလိုတော့ပါဘူး။
သင်ကြားရေးပိုင်းကို စနစ်တစ်ကျသင်ကြားပေးသလို Extra Activities တွေကိုလည်း အများကြီးပြုလုပ်ပေးတဲ့ကျောင်းဖြစ်ပါတယ်.... နိုင်ငံခြား University တွေကိုလျှောက်တဲ့အခါမှာလည်း အစအဆုံး ကူညီပေးတဲ့ကျောင်းဖြစ်ပါတယ်နော်...

တစ်တန်းကို ကျောင်းသား (၁၀) ယောက်သာ အထူးကန့်သတ်ထားတာကြောင့် ဆရာတွေအနေနဲ့ ကလေးတစ်ယောက်ချင်းစီရဲ့ အားနည်းချက်ကို သေချာသိရှိပြီး ထိထိရောက်ရောက် တွဲခေါ်သင်ကြားပေးနိုင်ပါတယ်။
ဒါ့အပြင် O Level မှာ ၃ ဘာသာနဲ့အထက် A* ရထားတဲ့ ထူးချွန်ကျောင်းသားတွေအတွက် သင်တန်းကြေး 50% Scholarship အထူးအခွင့်အရေးလည်း ရှိနေပါသေးတယ်။

စာမေးပွဲအောင်မြင်ပြီးသွားတဲ့အခါမှာလည်း ကိုယ်တက်ချင်တဲ့ တက္ကသိုလ်နဲ့ Major ရွေးချယ်မှုတွေကအစ ပြည်ပတက္ကသိုလ် လျှောက်ထားမှုတွေအထိ FDEC က အစအဆုံး တာဝန်ယူ ပြီးပြည့်စုံစွာ လမ်းညွှန်ပေးသွားမှာပါရှင်....
ကျောင်းသားဦးရေ အကန့်အသတ်နှင့် လက်ခံတာမို့ မိမိတို့သားသမီးတွေအတွက် August Intake မှာ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ တိုက်တွန်းပါတယ်နော်..

☎️09 - 789954599
☎️09 - 784865656

📍Campus 1 (သုခလမ်း)၊
Campus 2 (စံရိပ်ငြိမ်-6 လမ်း)
တို့ကို လူကိုယ်တိုင် လာရောက်ပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။

𝐆𝐫𝐨𝐰 𝐰𝐢𝐭𝐡 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐒𝐡𝐚𝐩𝐞 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞


14/08/2026

*GED" နဲ့ "IGCSE" ဘာကွာလဲ...? သင့်ကလေးအတွက် ဘယ်အရာက ပိုပြီးကိုက်ညီမလဲ?* 🤔

နိုင်ငံတကာတက္ကသိုလ်တွေကို လှမ်းချင်တဲ့ ကလေးတွေအတွက် ပညာရေးလမ်းကြောင်း ရွေးချယ်ပေးရတော့မယ်ဆိုရင် မိဘတော်တော်များများ အမေးများဆုံးနဲ့ အဝေခွဲရခက်ဆုံးက *GED* နဲ့ *IGCSE* ဘာတွေကွာခြားလဲ ဆိုတာပါပဲ။

ကလေးရဲ့ အချိန်၊ ဝါသနာနဲ့ သွားချင်တဲ့ ပန်းတိုင်ပေါ်မူတည်ပြီး အကောင်းဆုံး ရွေးချယ်ပေးနိုင်ဖို့အတွက် အဓိက ကွာခြားချက်များ ကို ခေါင်းစဉ်အလိုက် ရှင်းလင်းစွာ ခွဲခြားပြပေးလိုက်ပါတယ်ရှင်။

🎓 *GED (General Educational Development) အကြောင်း* ✨

*ပညာရေးစနစ်* : အမေရိကန် (USA) စနစ်ဖြစ်ပြီး အထက်တန်းကျောင်းဆင်းအဆင့်နဲ့ ညီမျှပါတယ်။

*ဘာသာရပ်အရေအတွက်* : Core ဘာသာရပ် (*၄*) ခုသာ အဓိကဖြေဆိုရပါတယ်။

*ကြာမြင့်ချိန်* : အချိန်တိုအတွင်း (ပုံမှန်အားဖြင့် ၃ လမှ ၆ လဝန်းကျင်) နဲ့ အမြန်ဆုံး ပြီးမြောက်နိုင်ပါတယ်။

*အသက်ကန့်သတ်ချက်* : အသက် (၁၆) နှစ်ပြည့်ပြီးသူများသာ ဖြေဆိုခွင့်ရှိပါတယ်။✨

*ဘယ်သူတွေနဲ့ ကိုက်ညီမလဲ* : အသက် (*၁၆*) နှစ်ပြည့်ပြီးလို့ အချိန်အကြာကြီး မစောင့်ချင်ဘဲ အချိန်တိုတိုနဲ့ ကမ္ဘာ့တက္ကသိုလ်တွေကို အမြန်ဆုံး လှမ်းချင်သူတွေ အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

🇬🇧 *IGCSE (International GCSE) အကြောင်း* ✨

*ပညာရေးစနစ်* : ဗြိတိသျှ (UK) စနစ်ဖြစ်ပြီး Grade 11 အဆင့်နဲ့ ညီမျှပါတယ်။

*ဘာသာရပ်အရေအတွက်* : အနည်းဆုံး (၅) ဘာသာမှ (၇) ဘာသာအထိ မိမိဝါသနာပါရာကို စိတ်ကြိုက်ရွေးချယ် ဖြေဆိုနိုင်ပါတယ်။✨

*ကြာမြင့်ချိန်* : အခြေခံကစပြီး စနစ်တကျ သေသေချာချာ လေ့လာရတာမို့ *၁ နှစ်မှ ၂ နှစ်အထိ* အချိန်ပေးရတတ်ပါတယ်။⏳

*အသက်ကန့်သတ်ချက်* : အသက်ကန့်သတ်ချက် တင်းကျပ်စွာမရှိဘဲ အသက် (*၁၄*) နှစ်ဝန်းကျင်ကစပြီး တက်ရောက်နိုင်ပါတယ်။✨

*ဘယ်သူတွေနဲ့ ကိုက်ညီမလဲ* : အသက်ငယ်သေးပြီး ဗြိတိသျှသင်ရိုးအတိုင်း အခြေခံကစလို့ ဘာသာရပ်အစုံကို စနစ်တကျ ခိုင်ခိုင်မာမာ ပျိုးထောင်ပြီးမှ ရှေ့ဆက်ချင်တဲ့ ကလေးတွေအတွက် အကိုက်ညီဆုံး ဖြစ်ါတယ်။💯

စနစ်တစ်ခုချင်းစီမှာ သူ့အားသာချက်နဲ့သူ ရှိတာမို့ လမ်းကြောင်းမရွေးချယ်ခင် ကလေးရဲ့ အနာဂတ်ပန်းတိုင်နဲ့ သေချာညှိနှိုင်းဖို့ လိုအပ်ပါတယ်။💯

သင့်ကလေးအတွက် ဘယ်လမ်းကြောင်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို *FDEC* မှာ စိတ်ချလက်ချ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။ 🤝

☎️ဆက်သွယ်စုံစမ်းရန်:
09 - 789954599
09 - 784865656

🏫 Location:
Campus -1၊ သုခလမ်း၊လှိုင်မြို့နယ်၊
Campus-2 စံရိပ်ငြိမ်-6 လမ်း-ကမာရွတ်မြို့နယ်..ရန်ကုန်မြို့

11/08/2026

🔥 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 (𝟏𝟎) ဦး 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 — ၆ သိန်းအထိ သက်သာမယ်!

𝐏𝐫𝐞-𝐆𝐄𝐃 & 𝐆𝐄𝐃 𝐀𝐮𝐠𝐮𝐬𝐭 𝐈𝐧𝐭𝐚𝐤𝐞 အတွက် FDEC မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။

ဒီတစ်ခါ August Intake မှာ အစောဆုံး စာရင်းပေးသွင်းတဲ့ ကျောင်းသား (𝟏𝟎) ဦးကိုသာ သင်တန်းကြေး ကျပ် ၆ သိန်းအထိ လျှော့ပေးမယ့် 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 အထူးအစီအစဉ် ပြုလုပ်ပေးလိုက်ပါတယ်။ (𝟏𝟎) ဦးပြည့်သွားတာနဲ့ ဒီ offer ပိတ်သွားမှာမို့ မြန်မြန်ဆုံးပဲ ဆက်သွယ်ပေးပါ။

နိုင်ငံတကာအသိအမှတ်ပြု High School Diploma ကို အချိန်တိုအတွင်း ရယူချင်သူများအတွက် FDEC ရဲ့ GED & Pre-GED Class တွေက အကောင်းဆုံး လမ်းကြောင်းပါပဲ။ အင်္ဂလိပ်စာနဲ့ အခြေခံအားနည်းသူများအတွက် 𝐏𝐫𝐞-𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 (𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) ရှိသလို၊ စာမေးပွဲကို အမြန်ဆုံး ဖြေဆိုအောင်မြင်ချင်သူများအတွက် 𝐆𝐄𝐃 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 ဆိုပြီး သီးသန့်စီစဉ်ပေးထားပါတယ်။

FDEC မှာ တစ်တန်းကို ကျောင်းသား (𝟏𝟎) ယောက်သာ ကန့်သတ်ထားတာကြောင့် ဆရာတွေက ကလေးတစ်ယောက်ချင်းစီကို ထိထိရောက်ရောက် သင်ကြားပေးနိုင်ပါတယ်။ အပြင်ကျူရှင်တွေ လိုက်တက်စရာ မလိုအောင် 𝐆𝐮𝐢𝐝𝐞 ချိန်တွေ၊ 𝐄𝐱𝐭𝐫𝐚 𝐂𝐥𝐚𝐬𝐬 တွေပါ ကျောင်းမှာတင် တစ်ခါတည်း စီစဉ်ပေးထားပါတယ်။

GED အောင်မြင်ပြီးရင်လည်း တက္ကသိုလ်နဲ့ Major ရွေးချယ်မှုကအစ ပြည်ပတက္ကသိုလ် လျှောက်ထားမှုတွေအထိ FDEC က အဆုံးထိ တာဝန်ယူ လမ်းညွှန်ပေးသွားမှာပါ။

⚠️ 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 (𝟏𝟎) ဦးသာ ရမှာမို့ အခုပဲ FDEC ကို ဆက်သွယ်လိုက်ပါ။

📞 ဆက်သွယ်စုံစမ်းရန် :
09 - 789954599
09 - 784865656

🏫 Location:
Campus 2 ၊ ခြံအမှတ်(၁၆)၊စံရိပ်ငြိမ်(6) လမ်း၊ ကမာရွတ်

𝐆𝐫𝐨𝐰 𝐰𝐢𝐭𝐡 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐒𝐡𝐚𝐩𝐞 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 🌱

10/08/2026

🎓 *အချိန်ကုန်သက်သာပြီး ကမ္ဘာ့တက္ကသိုလ်တွေကို လှမ်းချင်ပါသလား?*

အထက်တန်း (သို့မဟုတ်) Grade 12 ကို အချိန်အကြာကြီး စောင့်မနေချင်ဘဲ နိုင်ငံတကာတက္ကသိုလ်တွေကို အချိန်တိုအတွင်း တိုက်ရိုက်တက်ရောက်ချင်တဲ့ လူငယ်တွေအတွက် *FDEC* မှ
*Pre-GED + GED August Intake* ကို ဖွင့်လှစ်လိုက်ပါပြီ။

📚 သင်တန်းကာလစုစုပေါင်း (၈) လ

✅ *Pre-GED – ၂ လ
✅ *GED* – ၆ လ

*Pre-GED* အတန်းကို အရင်တက်ရောက်ပြီးမှ *GED* အတန်းကို ဆက်လက်တက်ရောက်ရမှာဖြစ်တာကြောင့် အခြေခံပညာရပ်တွေ ပိုမိုခိုင်မာလာပြီး *GED* စာမေးပွဲကို ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်ဖို့ အထောက်အကူပြုပါတယ်။💯

*GED* ဟာ အသက် (၁၆) နှစ်ပြည့်ပြီးသူများ ရွေးချယ်နိုင်တဲ့ အမေရိကန်အထက်တန်းကျောင်းဆင်း လက်မှတ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များစွာက အသိအမှတ်ပြုထားတဲ့ ပညာရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

*GED* ကို အောင်မြင်ထားသူများအနေနဲ့ သတ်မှတ်ထားတဲ့ ဝင်ခွင့်လိုအပ်ချက်တွေ ပြည့်မီမယ်ဆိုရင် *Foundation Year* တက်စရာမလိုဘဲ နိုင်ငံခြားတက္ကသိုလ်တွေကို တိုက်ရိုက်လျှောက်ထားနိုင်တဲ့ အခွင့်အရေး ရရှိနိုင်တာကြောင့် အချိန်နဲ့ ကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။✨

*FDEC* မှာတော့

✨ အတွေ့အကြုံရင့် ဆရာ၊ ဆရာမများရဲ့ အနီးကပ်လမ်းညွှန်မှု၊
✨စနစ်တကျ သင်ကြားပေးမှုများနဲ့အတူ
✨*Pre-GED* နှင့် *GED* အတန်းများကို August လတွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး Campus အသစ်ဖြစ်တဲ့ Campus 2 ( စံရိပ်ငြိမ်-6လမ်း) မှာ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။💯

ဒါကြောင့် ကိုယ့်ရဲ့အရည်အချင်းကို ကမ္ဘာ့အဆင့်မီအဖြစ် မြှင့်တင်ချင်တယ်ဆိုရင်တော့ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ *Pre-GED + GED (၈ လ Program)* ကို လူဦးရေမပြည့်ခင် အချိန်မီ လာရောက်အပ်နှံလိုက်ပါ။🤝

"*Grow with Knowledge, Shape the Future*." 🌱

☎️ 09 - 789954599
☎️ 09 - 784865656

🏫Campus 1-DKMA Condo (သုခလမ်း)
Campus 2 – စံရိပ်​​ငြိမ်-6လမ်း တွင်
(Pre-GED & GED) August Intake သင်တန်းများ ကိုလူကိုယ်တိုင်လာရောက်ပြီးဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

Photos from Future Dreams Education Center's post 08/08/2026

ကိုယ့်ကလေးရဲ့ ပညာရေးအတွက် 'နာမည်ကြီးကျောင်း' ထက် 'တကယ်ဂရုစိုက်ပေးမယ့်ကျောင်း' ကို ပိုရှာနေမိတယ်ဆိုရင်...

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို ကျောင်းအပ်တဲ့အခါ 'ဒီကျောင်းက နာမည်ကြီးလား' ဆိုတာထက် 'ငါ့ကလေးကို 𝐭𝐤𝐲 ဂရုစိုက်ပေးနိုင်မလား' ဆိုတာကို ပိုစဉ်းစားမိကြမယ်ထင်ပါတယ်။ အထူးသဖြင့် 𝐀 𝐋𝐞𝐯𝐞𝐥 လို ခက်ခဲတဲ့ ပညာရေးခရီးလမ်းမှာ ကလေးကို သေချာနားလည်ပေးပြီး လမ်းညွှန်သင်ကြားပေးမယ့် ဆရာကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေက မရှိမဖြစ် လိုအပ်တာဖြစ်ပါတယ်။

ကျွန်မတို့ 𝐅𝐃𝐄𝐂 ကျောင်းမှာ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀 𝐋𝐞𝐯𝐞𝐥 (𝐈𝐀𝐋) 𝐀𝐮𝐠𝐮𝐬𝐭 𝐈𝐧𝐭𝐚𝐤𝐞 အတန်းသစ်အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ 📚

🎓 အထူးအစီအစဉ်အနေနဲ့ 𝐎 𝐋𝐞𝐯𝐞𝐥 မှာ 𝟑-𝐬𝐮𝐛𝐣𝐞𝐜𝐭𝐬 နဲ့အထက် 𝐀* ရတဲ့ ကျောင်းသားတွေကို ကျောင်းလခရဲ့ 𝟓𝟎% 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ပေးဦးမှာဖြစ်ပါတယ်။

🔥ဒါ့အပြင် 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝟑𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 — အစောဆုံး စာရင်းပေးသွင်းတဲ့ ကျောင်းသားတွေအတွက် သင်တန်းကြေး 𝟑𝟎% လျှော့ပေးမှာဖြစ်ပါတယ်။ (ဦးရေကန့်သတ်ထားပါတယ်)

ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို သေချာသိနိုင်ဖို့နဲ့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့အတွက် အတန်းတစ်တန်းကို ကျောင်းသား (𝟏𝟎) ယောက်ထက် ပိုမိုလက်မခံဘဲ ကျောင်းသားဦးရေ အကန့်အသတ်နဲ့ သင်ကြားပေးနေတာပါ။ ဒါမှသာ လိုအပ်တဲ့ အကူအညီကို အချိန်မီ ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် စာသင်ချိန်ပြင်ပမှာလည်း အပြင်ကျူရှင်တွေ ထပ်ထားစရာမလိုအောင် 𝐆𝐮𝐢𝐝𝐞 ချိန်တွေ၊ 𝐄𝐱𝐭𝐫𝐚 𝐂𝐥𝐚𝐬𝐬 တွေ ထည့်ပေးပြီး ကျောင်းသားတွေ စာကို တကယ်နားလည်တဲ့အထိ ထပ်မံကူညီပေးပါတယ်။

ဒါကြောင့် လက်ရှိတက်ရောက်နေတဲ့ ကျောင်းသားမိဘတော်တော်များများ ပြောလေ့ရှိတာက...

💬 'ကျူရှင်ထပ်မထားရတော့ဘူး'
💬 'ကလေးက အရင်ထက် စာပိုလုပ်လာတယ်'
💬 'ကျောင်းကို စိတ်ချလက်ချ အပ်ထားလို့ရတယ်' ဆိုတာပါပဲ။

𝐀 𝐋𝐞𝐯𝐞𝐥 ပြီးတဲ့အခါမှာလည်း 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 နဲ့ 𝐌𝐚𝐣𝐨𝐫 ရွေးချယ်မှုတွေကနေ နိုင်ငံခြားတက္ကသိုလ် လျှောက်ထားတဲ့အထိ 𝐅𝐃𝐄𝐂 က ဆက်လက် လမ်းညွှန်ပေးပါသေးတယ်။

ဒီလို အစစအရာရာ ပြီးပြည့်စုံတဲ့ ကျောင်းမှာ 𝐀 𝐋𝐞𝐯𝐞𝐥 အတန်းခွဲကို 𝐀𝐮𝐠𝐮𝐬𝐭 𝐈𝐧𝐭𝐚𝐤𝐞 အမှီ လာရောက်အပ်နှံနိုင်ပါပြီ ...

⚠️ လူအရေအတွက် နည်းနည်းသာ လက်ခံသင်ကြားပေးတာမို့ အမြန်ဆုံး လာရောက်အပ်နှံလိုက်တော့နော်။

" 𝐆𝐫𝐨𝐰 𝐰𝐢𝐭𝐡 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐒𝐡𝐚𝐩𝐞 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 " 🌱

☎️09 - 789954599
☎️09 - 784865656

📍 Campus 1 (သုခလမ်း)၊ Campus 2 (စံရိပ်ငြိမ်-6 လမ်း)
တို့ကို လူကိုယ်တိုင် လာရောက်ပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။


06/08/2026

𝐖𝐞'𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 🔍

𝐅𝐮𝐭𝐮𝐫𝐞 𝐃𝐫𝐞𝐚𝐦𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 𝐂𝐚𝐦𝐩𝐮𝐬 တွင် အောက်ဖော်ပြပါ ရာထူးများအတွက်စိတ်ဝင်စားပြီး အရည်အချင်းပြည့်ဝစွာ ကြိုးစားလုပ်ကိုင်လိုသူများကို ခေါ်ယူနေပါပြီ။

(𝟏) 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐇𝐑 𝐌𝐚𝐧𝐚𝐠𝐞𝐫 - (𝐌𝐚𝐥𝐞/𝐅𝐞𝐦𝐚𝐥𝐞 - 𝟐)
(𝟐) 𝐒𝐞𝐧𝐢𝐨𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 - (𝐌𝐚𝐥𝐞/𝐅𝐞𝐦𝐚𝐥𝐞 - 𝟐)
(𝟑) 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐀𝐟𝐟𝐚𝐢𝐫𝐬 𝐬𝐭𝐚𝐟𝐟 - (𝐅𝐞𝐦𝐚𝐥𝐞 - 𝟒)
➖➖➖➖➖➖➖➖➖
📌 (𝟏) 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐇𝐑 𝐌𝐚𝐧𝐚𝐠𝐞𝐫

𝐉𝐨𝐛 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧:

✅ အထက်လူကြီးမှပေးအပ်သောတာဝန်များ ဆောင်ရွက်ခြင်း။
​✅️ Attendance, Leave, Overtime (OT) နှင့် Payroll Process များအား စာရင်းပြုစုခြင်းနှင့် စီမံဆောင်ရွက်ခြင်း။
​✅️ နေ့စဉ်လုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်စေရန် စောင့်ကြည့်ခြင်း။
​✅️ Labour Law နှင့် Company Policy များနှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးထိန်းသိမ်းခြင်း။
​✅️ ရုံးသုံးဆက်သွယ်ရေးများကို ကိုင်တွယ်ဆောင်ရွက်ခြင်း။
​✅️ Meeting များ၊ Event များနှင့် သင်တန်းအစီအစဉ်များအတွက် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ခြင်း။
​✅️ ရုံးသုံးပစ္စည်းများ စာရင်းထိန်းသိမ်းခြင်းနှင့် လိုအပ်သလို ဝယ်ယူရေးအတွက် တင်ပြခြင်း။
✅ဝန်ထမ်းရေးရာ ကိစ္စများဖြစ်သော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီမှုစာချုပ် ချုပ်ဆိုခြင်း။

◾️ HR field တွင် အနည်းဆုံး 2 နှစ် အတွေ့အကြုံရှိရမည်။ (Assistant HR Manager Level နှစ်အပါအဝင်)
◾️ HR Diploma or Certificate ရှိသူဖြစ်ရမည်။
➖➖➖➖➖➖➖➖➖
📌 (𝟐) 𝐒𝐞𝐧𝐢𝐨𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐉𝐨𝐛 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧:

​✅️ ကျောင်းသို့လာရောက်သော မိဘများနှင့် ဧည့်သည်များကို လိုအပ်သည်များ ကူညီလမ်းညွှန်ပေးခြင်း။
​✅️ ကျောင်းသား/သူများအား သင်တန်း course များအားphone/face-to-face ဆွေးနွေး ရှင်းပြပေးခြင်း။
​✅️ ကျောင်းအပ်လက်ခံ စာရင်းသွင်းခြင်း။
​✅️ ကျောင်းသား/သူများအား ကျောင်းသားရေးရာ ကိစ္စရပ်များ ဝန်ဆောင်မှုပေးခြင်း။
​✅️ ကျောင်းနှင့်ပက်သက်သော Marketing Video များရိုက်ကူးပေးခြင်း။

◾️ သက်ဆိုင်ရာ အတွေ့အကြုံ အနည်းဆုံး (1) နှစ် ရှိရမည်။
➖➖➖➖➖➖➖➖➖
📌 (𝟑) 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐀𝐟𝐟𝐚𝐢𝐫𝐬 𝐒𝐭𝐚𝐟𝐟

𝐉𝐨𝐛 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧:

​✅️ ကျောင်းသားရေးရာနှင့်ပက်သက်သော လုပ်ငန်းများကို စီစစ်ဆောင်ရွက်ခြင်း။
​✅️ ကျောင်းသားများမှ မေးမြန်းလာသောကိစ္စရပ်များ (ဖုန်းနှင့် မက်ဆေ့ချ်မေးမြန်းမှုများ)ကို အချိန်မီ ဖြေကြားခြင်း။
​✅️ကျောင်းသားများထံ လိုအပ်သော ဆက်သွယ်မှု့များ ပြုလုပ်ခြင်း။
​✅️ ကျောင်းသားမှတ်တမ်းများနှင့် ရုံးတွင်းစာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။
​✅️Zoom Class အတန်းချိန်များ ကိုင်တွယ်ပေးခြင်း။

◾️ အတွေ့အကြုံရှိသူများကို ဦးစားပေးမည်ဖြစ်သော်လည်း အတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။
➖➖➖➖➖➖➖➖➖
💸အလုပ်ချိန်၊ လစာနှင့်အကျိုးခံစားခွင့် အား Interview တွင် ညှိုနှိုင်းနိုင်သည်။
➖➖➖➖➖➖➖➖➖
🏢 အလုပ်ဆင်းရမည့်နေရာ

𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
➖➖➖➖➖➖➖➖➖
📩 လျှောက်ထားရန်
​စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ 𝐂𝐕 𝐅𝐨𝐫𝐦 ကို အောက်ပါ 𝐄𝐦𝐚𝐢𝐥 နှင့် 𝐕𝐢𝐛𝐞𝐫 သို့
(𝟏𝟕 𝐀𝐮𝐠 𝟐𝟎𝟐𝟔) နောက်ဆုံးထား၍ပေးပို့လျှောက်ထားနိုင်ပါသည်။

𝐄𝐦𝐚𝐢𝐥 - 𝐟𝐮𝐭𝐮𝐫𝐞𝐝𝐫𝐞𝐚𝐦𝐬𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐦𝐦@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
𝐕𝐢𝐛𝐞𝐫 - 𝟎𝟗 𝟒𝟐𝟑 𝟕𝟐𝟕 𝟎𝟗𝟗

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Thukha Street
Yangon
11051-11052

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00