Thin Yuu Yar - သင်ယူရာ

Thin Yuu Yar - သင်ယူရာ

Share

သင်လိုအပ်သမျှကို သင်ယူနိုင်မည့်နေရာ။
"Online Learning Hub For Tomorrow"

07/01/2022

အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ အတွက် နိုင်ငံခြားမှာ ပညာသင်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်သလဲ?

အသက်မွေးဝမ်းကျောင်းအတွက် ပညာတွေဆက်လက်သင်ယူချင်တယ်၊ အနာဂတ်မှာ ဖြစ်လာမဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ကြိုတင်ပြင်ဆင်လေ့လာချင်သူများအတွက် ယခုအွန်လိုင်းကနေ မျှဝေအကြံပြုသွားမဲ့အစီအစဥ်လေးမှာ ပါဝင်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

မျှဝေအကြံပြုသွားမည့် Speaker ကတော့ မ Laura Cho ဖြစ်ပါတယ်။ မ Laura Cho ဟာ စိတ်အားထက်သန်ပြီး လုပ်ငန်းသဘောအမြင်ကျယ်ပြန့်တဲ့ HR Professional တစ်ယောက်ဖြစ်ပါတယ်။ မတူညီတဲ့ industry၊နေရာဒေသနဲ့ culture တို့နဲ့ထိတွေ့ပြီး ကုမ္ပဏီတွေအတွက် Sustainable Organization Capability ရအောင်လုပ်ဆောင်ပေးလာတာဆိုရင် ၁၂ နှစ်ကျော်လောက် နိုင်ငံတကာအတွေ့အကြုံတွေရှိသူတစ်ယောက်ဖြစ်ပါတယ်။

မ Laura Choဟာ နိုင်ငံတကာအခြေစိုက်ကုမ္ပဏီကြီးတွေမှာ လုပ်ခဲ့ပြီး Hong Kong အခြေစိုက်ကနေ Southeast Asia ၁၂ နိုင်ငံကလုပ်ငန်းတွေအတွက် လုပ်ခဲ့တဲ့ အတွေ့အကြုံတွေလည်းရှိခဲ့ပါတယ်။ လက်ရှိမှာတော့ Head of HR အနေနဲ့ MNC ကုမ္ပဏီတစ်ခု မှာလုပ်ဆောင်နေပြီး International Certified Coach အနေနဲ့ လည်း HR၊ Career တို့ နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်မျိုးစုံကို Hong Kong, Singapore, Cambodia နဲ့ Myanmar နိုင်ငံတို့က တက္ကသိုလ်၊ ကောလိပ်၊ Public Seminar၊ Radio၊ ဂျာနယ်တွေနဲ့Online platform တွေမှာ ဟောပြော ပို့ချပေးလျက်ရှိတဲ့ Public Speaker တစ်ယောက်လည်းဖြစ်ပါတယ်

ယခုအစီအစဥ်ကို ဇန်နဝါရီ ၉ ရက် (တနင်္ဂနွေနေ့) နေ့လည် ၁ နာရီကနေ ၃ နာရီအထိပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် ယခု page ရဲ့ message ကနေ "Study For Career" လို့ ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

ယခုအစီအစဥ်ကို တက်ရောက်ဖို့ ဖုန်း (သို့) ကွန်ပြူတာ နှင့် အင်တာနက် ရှိရပါမယ်။ zoom ကိုအသုံးပြုသွားမည်ဖြစ်တာကြောင့် တက်ရောက်လိုသူများ အနေနဲ. zoom link https://us02web.zoom.us/j/82654654400?pwd=SHRiNkV5TmNWSHJUYzdGalBxT0JBUT09

Meeting ID: 826 5465 4400
Passcode: 177330

ကတစ်ဆင်. တက်ရောက် နိုင်ပါတယ်။

မေးမြန်းလိုသည်များရှိပါက page (သို့) [email protected] ကို စာပို့ထားနိုင်ပါတယ်။
===========================
Thin Yuu Yar ရဲ့ page ကို Like & Follow လုပ်ပေးထားပါ။ လေ့လာရေးအကြောင်းအရာများနှင့် အွန်လိုင်းသင်တန်း ကြေညာချက်များကို အမြဲမပြတ်စေဖို့ Telegram Channel − https://t.me/ThinYuuYar ကို ဝင်ရောက်လိုက်ပါ။
Education

20/11/2021

“ Talk about Digital Media Opportunities “

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းတွေထဲမှာ နည်းပညာရဲ့ ရှေ့ရောက်မှုတွေ အပြင် နည်းပညာ အခြေပြု မီဒီယာ လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာကြပါပြီ၊၊

ထို မီဒီယာလုပ်ငန်းတွေရဲ့ အရေးပါမှုတွေ၊ ဆောင်ရွက်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်းကို သိထားသမျှ အားလုံးနဲ့အတူ မျှဝေရင်း စကားပြောဖို့ ရည်ရွယ်ပါတယ်။

ယခုခေါင်းစဥ်ကို ဆွေးနွေးသွားမဲ့ Speaker ကတော့ ကိုထိုက်ကိုကိုအောင်ဖြစ်ပါတယ်။ ကိုထိုက်ကိုကိုအောင်ဟာ နိုင်ငံတကာ Media Agency များတွင် Digital Artsit အဖြစ် လုပ်ဆောင်ခဲ့ပြီး Digital Media နယ်ပယ်တွင် အတွေ့အကြုံ ၇ နှစ်ခန့်ရှိတဲ့ ပညာရှင်တစ်ယောက်ပါ။

ထို့အပြင် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်အခြေစိုက် Indee Digital Media Production Ltd ကို လူငယ်များနှင့် အတူ တည်ထောင်ခဲ့ပြီး Production Director အဖြစ်တာ၀န်ယူကာပြည်တွင်းပြည်ပရှိ Corporate များ ၊ Startup များ ၊ Company များနှင့် Non Governemnt Organisation များအတွက် လိုအပ်သည့် Digital Media နှင့်ပတ်သတ်သည်များကို ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါတယ်။

နိုဝင်ဘာ ၂၇ ရက် (စနေနေ့) ၊ နေ့လည် ၁ − ၃ နာရီမှာ ဆွေးနွေးပြောကြားမှာဖြစ်ပြီး အွန်လိုင်းမှ အခမဲ့တက်ရောက်ဖို့အတွက် ဒီနေရာကနေ စာရင်းပေးသွင်းပေးပါ − https://forms.gle/WcY8tGba2HppasWv9

ယခုအစီအစဥ်ကို တက်ရောက်ဖို့ ဖုန်း (သို့) ကွန်ပြူတာ နှင့် အင်တာနက် ရှိရပါမယ်။ Google Meet ကိုအသုံးပြုသွားမည်ဖြစ်တာကြောင့် မိုဘိုင်းဖုန်းအသုံးပြုတက်ရောက်သူအနေဖြင့် Google Meet ဆော့ဖ်ဝဲကိုဒေါင်းလော့ဒ်လုပ်ဖို့လိုအပ်ပါမယ်။ (Android - https://bit.ly/2RRIDq9 , iOS - https://apple.co/34oPn1m)

မေးမြန်းလိုသည်များရှိပါက page (သို့) [email protected] ကို စာပို့ထားနိုင်ပါတယ်။

16/10/2021

"Six Careers Options for Youth"

အခုချိန်မှာ Career အတွက် ဘာတွေရွေးချယ်ရမလဲ တွေးပူနေတဲ့လူငယ်တွေအတွက် JCI Yangon၊ MYI နှင့် Thinyuuyar တို့ပူးပေါင်းပြီး အွန်လိုင်းမျှဝေမှုလေးစီစဥ်ထားပါတယ်။

မျှဝေသွားမည့်ခေါင်းစဥ် − "Six Careers Options for Youth"
အချိန် − နေ့လည် ၁ နာရီ၊ အောက်တိုဘာ ၁၉၊ ၂၀၂၁။
တက်ရောက်ရမည့်နေရာ − Google Meet။

ယခုတခါမျှဝေမှုလေးမှာ Speaker အနေဖြင့် ကိုဝေယံသွင်မှ မျှဝေသွားဖြစ်ပါတယ်။ ကိုဝေယံသွင်ဟာ IT နဲ့ Digital Marketing နယ်ပယ်တို့မှာ (၁၂) နှစ်ကျော်နီးပါး အလုပ်လုပ်ခဲ့သူဖြစ်ပြီးတော့ လက်ရှိ Digital Marketing, Digital Transformation Consultant အဖြစ် Hight-End Brands တွေ နဲ့ SME တွေအတွက် Marketing ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို လုပ်ကိုင်နေသူတစ်ဦးပါ။

သူဟာ Internet Caf, Supermarket, Hotel Industry, Digital Agency အပြင် Digital Media လုပ်ငန်းတို့မှာ အတွေ့အကြုံရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ Newness- Digital Agency မှာ Head Of Marketing ရာထူးနဲ့ တာဝန်ထမ်းဆောင်လျက်ရှိသလို InternPlus – Internship Platform မှာလဲ Executive Director အဖြစ်လုပ်ဆောင်နေသူတစ်ဦးလဲ ဖြစ်ပါတယ်။

တက်ရောက်ဖို့အတွက် စာရင်းပေးရန် − https://forms.gle/ia2tKm9LECRsTt9S7

တက်ရောက်လူစာရင်းသိရန်အတွက်ဖြစ်တာကြောင့် အွန်လိုင်းဖောင်လေးကိုဖြည့်ပေးပါ။ တက်ရောက်မည့်လင့်ကို တနင်္လာနေ့မှာ အီးမေးကနေ ပေးပို့သွားမှာဖြစ်ပါတယ်။ အကယ်လို့ အီးမေးလ်မရခဲ့ပါက Messenger ကနေတဆင့် တောင်းခံနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

19/09/2021

[ဒုတိယအကြိမ်မြောက်မျှဝေခြင်း]
ဒီနေ့မျှဝေသွားတဲ့ "INGO လုပ်ငန်းခွင် ဝင်လိုသူ လူငယ်များ သိသင့်သည့် အကြောင်းအရာများ" ကို တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခက်အခဲများဖြစ်သွားတဲ့အတွက်လည်း တောင်းပန်အပ်ပါရှင့်...

ထို့အတွက်ကြောင့် ဒုတိယအကြိမ်မြောက် အဆိုပါအစီအစဉ်ကို လာမဲ့ ၂၅ ရက်နေ့ (စနေ) မှာ မျှဝေသွားမှာဖြစ်ပါတယ်။ ယခုအစီအစဉ်သည် MYI နဲ့ Thin Yuu Yar တို့ပူပေါင်းပြီး INGO လုပ်ငန်းခွင် ဝင်လိုသူ လူငယ်များ သိသင့်သည့် အကြောင်းအရာများကို အခမဲ့မျှဝေသွားမဲ့အစီအစဉ်လေးဖြစ်ပါတယ်။

INGO လုပ်ငန်းခွင်တွေက ဘယ်လိုမျိုးတွေရှိလဲ?
လုပ်ငန်းခွင်မှာကော ဘယ်လိုမျိုးလုပ်ကိုင်ရလဲ?
လုပ်ငန်းခွင်ဝင်မယ်ဆို ဘာတွေလုပ်ဆောင်ထားသင့်လဲ?
အခုမှစပြီးလုပ်ကိုင်လိုသူတွေအနေနဲ့ ဘာတွေသိထားသင့်လဲ?


....စတဲ့ မေးခွန်းပေါင်းများစွာနဲ့အတူ
အနာဂတ်မှာ INGO လုပ်ငန်းခွင်များမှာ အသက်မွေးကျောင်းအနေနဲ့ ဝင်ရောက်လုပ်ချင်တယ် ဘာတွေလုပ်လို့လုပ်ရမလဲ မသိတဲ့သူများအတွက် Career Mentoring အစီအစဉ်တစ်ခုကို MYI နှင့် Thin Yuu Yar တို့က အတူပူးပေါင်းပြီး သိသင့်သမျှတွေကို မျှဝေသွားမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးသွားမည့် Speaker ကတော့ Ma Suyi Hnin ဖြစ်ပြီး International Rescue Committee မှာ Senior Grants Officer လုပ်ကိုင်လျက်ရှိပြီး MYI မှာ Project officer တာဝန်ယူလျက်ရှိပါတယ်။ သူမဟာ Bachelor in Business Management ဖြင့် အမျိုးသားစီမံခန့်ခွဲမှုကောလိပ် National Management Degree College မှာ ဘွဲ့ရရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။

ခေါင်းစဉ် : INGO insights
(INGO လုပ်ငန်းခွင် ဝင်လိုသူများ သိသင့်သည့် အကြောင်းအရာများ)
အချိန် : စက်တင်ဘာ ၂၅ ရက်၊ နေ့လည် ၁ နာရီ။ (စနေနေ့)

တက်ရောက်ဖို့စာရင်ပေးရန် − https://forms.gle/bdmDsUV1k7fL29yw5

တက်ရောက်လူစာရင်းသိရန်အတွက်ဖြစ်တာကြောင့် အွန်လိုင်းဖောင်လေးကိုဖြည့်ပေးပါ။ တက်ရောက်မည့်လင့်ကို သောကြာနေ့မတိုင်ခင် အီးမေးကနေ ပေးပို့သွားမှာဖြစ်ပါတယ်။ အကယ်လို့ အီးမေးလ်မရခဲ့ပါက Messenger ကနေတဆင့် တောင်းခံနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

16/09/2021

အားလုံးပဲ ဘေးကင်းလုံခြုံရဲ့လား... 😃

MYI နဲ့ Thin Yuu Yar တို့ပူပေါင်းပြီး INGO လုပ်ငန်းခွင် ဝင်လိုသူ လူငယ်များ သိသင့်သည့် အကြောင်းအရာများကို အခမဲ့မျှဝေသွားမဲ့အစီအစဥ်လေးကို ပြောချင်တယ်။ 🤞

INGO လုပ်ငန်းခွင်တွေက ဘယ်လိုမျိုးတွေရှိလဲ?
လုပ်ငန်းခွင်မှာကော ဘယ်လိုမျိုးလုပ်ကိုင်ရလဲ?
လုပ်ငန်းခွင်ဝင်မယ်ဆို ဘာတွေလုပ်ဆောင်ထားသင့်လဲ?
အခုမှစပြီးလုပ်ကိုင်လိုသူတွေအနေနဲ့ ဘာတွေသိထားသင့်လဲ?


....စတဲ့ မေးခွန်းပေါင်းများစွာနဲ့အတူ 🤔
အနာဂတ်မှာ INGO လုပ်ငန်းခွင်များမှာ အသက်မွေးကျောင်းအနေနဲ့ ဝင်ရောက်လုပ်ချင်တယ် ဘာတွေလုပ်လို့လုပ်ရမလဲ မသိတဲ့သူများအတွက် Career Mentoring အစီအစဥ်တစ်ခုကို MYI နှင့် Thin Yuu Yar တို့က အတူပူးပေါင်းပြီး သိသင့်သမျှတွေကို မျှဝေသွားမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးသွားမည့် Speaker ကတော့ Ma Suyi Hnin ဖြစ်ပြီး International Rescue Committee မှာ Senior Grants Officer လုပ်ကိုင်လျက်ရှိပြီး MYI မှာ Project officer တာဝန်ယူလျက်ရှိပါတယ်။ သူမဟာ Bachelor in Business Management ဖြင့် အမျိုးသားစီမံခန့်ခွဲမှုကောလိပ် National Management Degree College မှာ ဘွဲ့ရရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ 😊

ခေါင်းစဥ် : INGO insights
(INGO လုပ်ငန်းခွင် ဝင်လိုသူများ သိသင့်သည့် အကြောင်းအရာများ)

အချိန် : စက်တင်ဘာ ၁၉ ရက်၊ နေ့လည် ၁ နာရီ။ (တနင်္ဂနွေနေ့)

တက်ရောက်ရန် Zoom Meeting − https://us04web.zoom.us/j/77539002443?pwd=ZUQwL1E2dFlpazd1WHR5TTR5d1J0QT09

Meeting ID နဲ့ Passcode လေးကို Comment လေးမှာရေးပေးထားပါတယ်နော်။ ကိုယ့်အသိမိတ်ဆွေတွေထဲ INGO တွေမှာ လုပ်ကိုင်ဖို့ရည်မှန်းထားသူတွေအတွက် မျှဝေပေးကြပါဦး.... 🥺

Photos from Tomorrow Institute's post 30/06/2021

ဒီနေ့ညနေ ၆ နာရီမှာ "Break Your Ice" ဆိုတဲ့ Session လေးရှိတယ်နော်...

အင်္ဂလိပ်စကားပြောလေ့ကျင့်နေသူများ၊ Public Speaking အတွက် လေ့လာနေသူများနှင့် အင်္ဂလိပ်စကားပြောရာတွင် ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်လိုသူများအတွက် Mr. En Sormanak မှသူ၏ လေ့ကျင့်ပုံများ၊ အတွေ့အကြုံများကို အချိန်တစ်နာရီခွဲကြာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဒီနေရာ − https://forms.gle/kpxXZbfcqtwxZ7MU6 တွင် စာရင်းပေးပြီးတက်ရောက်နိုင်ပါတယ်။ အွန်လိုင်းဖောင်ဖြည့်ပြီးပါက Screenshot လုပ်ပြီး "Thin Yuu Yar" Page ကိုမတ်ဆေ့ပေးပို့ပေးပါ။

Photos from Tomorrow Institute's post 29/06/2021

ငွေကြေးပညာရပ်ဗဟုသုတတွေကို တစ်ရက်တည်းလေ့လာသင်ယူနိုင်မည့်
📖 Thin Yuu Yar: "Financial Learning Day"

တော်လှန်ရေးနှင့် COVID ကာလကြီးထဲမှာ ငွေကြေးစီမံဖို့ အလွန်ခက်ခဲတဲ့အရာပါ။
‼️လက်ထဲမှာ ငွေတွေရှိနေရင်ဘာတွေလုပ်ထားသင့်သလဲ... ???
‼️အကန့်အသတ်ပဲရှိတဲ့ငွေကိုကော ဘယ်လိုစီမံမလဲ... ???
‼️လက်ထဲမှာ ငွေမရှိခဲ့ရင်ကော ဘာတွေလုပ်သင့်သလဲ... ???
‼️အနာဂတ်အတွက် ဘာတွေစီစဥ်သင့်သလဲ... ???

စတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သင်ယူရာမှ အတွေ့အကြုံစုံ၊ ကျွမ်းကျင်ပြီးခေတ်ရှေ့ပြေးတဲ့ ပညာရှင်တွေကိုဖိတ်ခေါ်ထားပါတယ်။ လာမဲ့ ဇူလိုင်လ (၄) ရက် (Sunday) တွင် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များမှမျှဝေသွားမှာဖြစ်ပါတယ်။

📌 "Insurance for Everyone" (လူတိုင်းအတွက် အာမခံထားခြင်း)
[ဇူလိုင်လ ၄ ရက် ၊ မနက် ၁၀ နာရီ − ၁၁:၃၀ နာရီ]

အာမခံထားခြင်းဆိုတာဘာလဲ။ ဘာကြောင့် အာမခံထားတာလဲ။ အခုလို ခက်ခဲသည့်ကာလမှာ အာမခံက ဘယ်လိုနိုင်ပေးနိုင်လဲ။ ကောင်းကျိုးနဲ့ဆိုးကျိုး... စသည့်အကြောင်းအရာတွေကို ဆွေးနွေးပေးမှာဖြစ်ပါတယ်။

📌 "Digital Currency" (ဒစ်ဂျစ်တယ်ငွေကြေး)
[ဇူလိုင်လ ၄ ရက် ၊ နေ့လည် ၁၂:၃၀ နာရီ − ၂:၀၀ နာရီ]

ကမ္ဘာကြီးမှာပြောင်းလဲလာတဲ့ Crypto Currency, Blockchain Technology & Digital Wallet စသည့် ဒစ်ဂျစ်တယ်ငွေကြေးများအကြောင်းကို ဒီအချိန်လေးမှာ မျှဝေသွားပါမှာဖြစ်ပါတယ်။

📌 "Financial Planning" (ငွေကြေးစီမံခြင်း)
[ဇူလိုင်လ ၄ ရက် ၊ နေ့ခင်း ၃:၀၀ နာရီ − ၅:၀၀ နာရီ]

လက်ထဲမှာ အကန့်အသတ်ပဲရှိတဲ့ငွေကို ဘယ်လိုစီမံမလဲ၊ ငွေလိုသူတွေအတွက် ဘာတွေစီစဥ်ထားသင့်သလဲ၊ ငွေကြေးမလုံခြုံမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ... စတဲ့အကြောင်းအရာတွေကို ဒီအချိန်မှာ ဆွေးနွေးအကြံပြုပေးသွားမှာဖြစ်ပါတယ်။

*မည်သူမဆိုအခမဲ့တက်နိုင်ပြီး သင်တန်းဆင်းလက်မှတ်တော့ပေးမည်မဟုတ်ပါ။*

✅ သင်တန်းတက်ရောက်ဖို့အချိန်ပေးနိုင်ရပါမယ်။
✅ ဖုန်း (သို့) ကွန်ပြူတာ နှင့် အင်တာနက် ရှိရပါမယ်။
✅ Google Meet ကိုအသုံးပြုသင်ကြားသွားမည်ဖြစ်တာကြောင့် မိုဘိုင်းဖုန်းအသုံးပြုတက်ရောက်သူအနေဖြင့် Google Meet ဆော့ဖ်ဝဲကိုဒေါင်းလော့ဒ်လုပ်ဖို့လိုအပ်ပါမယ်။

👉🏻 စိတ်ဝင်စားတက်ရောက်လိုသူများအနေဖြင့် ဒီနေရာ − https://forms.gle/sf1jYZjNg86qtP998 တွင် စာရင်းပေးပြီးတက်ရောက်နိုင်ပါတယ်။ အွန်လိုင်းဖောင်ဖြည့်ပြီးပါက Screenshot လုပ်ပြီး "Thin Yuu Yar" Page ကိုမတ်ဆေ့ပေးပို့ပေးပါ။

🗳 ပြီးနောက် စစ်ဘေးသင့်ပြည်သူများ နှင့် အကူအညီလိုအပ်သူများကို ကူညီနိုင်ရန် Thin Yuu Yar Fundraising ထဲကို ၁၀၀၀ ကျပ် (တစ်ထောင်ကျပ်) မှ စ၍ ပါဝင် လှူဒါန်း နိုင်ပါသည်။
======================================
Thin Yuu Yar ရဲ့ page ကို Like & Follow လုပ်ပေးထားပါ။ ကြေညာချက်များကို အမြဲမပြတ်စေဖို့ Telegram Channel − https://t.me/ThinYuuYar ကို ဝင်ရောက်လိုက်ပါ။

25/06/2021

[Thin Yuu Yar - English Speaking Session]
သင်ယူရာမှ အင်္ဂလိပ်စကားပြောလေ့ကျင့်နေသူများ၊ Public Speaking အတွက် လေ့လာနေသူများနှင့် အင်္ဂလိပ်စကားပြောရာတွင် ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်လိုသူများအတွက် ကမ္ဘောဒီယား CAM-Meet Corner Toastmasters Club မှ President ဖြစ်သူကိုဖိတ်ခေါ်ထားပါတယ်။

"Break Your Ice" ဆိုတဲ့ Session လေးမှာ အင်္ဂလိပ်စကားပြောရာမှာ ကြောက်နေသူများအတွက် Mr. En Sormanak မှသူ၏ လေ့ကျင့်ပုံများ၊ အတွေ့အကြုံများနှင့် လက်ရှိ Toastmaster တစ်ဦးအနေဖြင့် လုပ်ဆောင်နေပုံများကို လာမဲ့ဇွန်လ ၃၀ ရက်နေ့တွင် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီမှ ၇ နာရီခွဲအထိ အချိန် တစ်နာရီခွဲကြာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

Mr. En Sormanak မှာ ကမ္ဘောဒီယား CAM-Meet Corner Toastmasters Club ၏ President တစ်ဦးဖြစ်ပြီး Khmer Literature နှင့် Economics မေဂျာများဖြင့် ဘွဲ့ရှိသူတစ်ဦးပါ။ လက်ရှိ Cambodian Living Arts ဆိုတဲ့ ကမ္ဘောဒီယားအနုပညာလက်ရာတွေကို ထိန်းသိမ်းတိုးတက်အောင်လုပ်နေတဲ့ Arts Development Program Coordinator တစ်ဦးလည်းဖြစ်ပါတယ်။

မည်သူမဆို လျှောက်ထားနိုင်ပြီး သင်တန်းတက်ရောက်ဖို့အချိန်ပေးနိုင်ရပါမယ်။ ဖုန်း (သို့) ကွန်ပြူတာ နှင့် အင်တာနက် ရှိရပါမယ်။ Google Meet ကိုအသုံးပြုသင်ကြားသွားမည်ဖြစ်တာကြောင့် မိုဘိုင်းဖုန်းအသုံးပြုတက်ရောက်သူအနေဖြင့် Google Meet ဆော့ဖ်ဝဲကိုဒေါင်းလော့ဒ်လုပ်ဖို့လိုအပ်ပါမယ်။

စိတ်ဝင်စားတက်ရောက်လိုသူများအနေဖြင့် ဒီနေရာ − https://forms.gle/kpxXZbfcqtwxZ7MU6 တွင် စာရင်းပေးပြီးတက်ရောက်နိုင်ပါတယ်။ အွန်လိုင်းဖောင်ဖြည့်ပြီးပါက Screenshot လုပ်ပြီး "Thin Yuu Yar" Page ကိုမတ်ဆေ့ပေးပို့ပေးပါ။ ပြီးနောက် စစ်ဘေးသင့်ပြည်သူများ နှင့် အကူအညီလိုအပ်သူများကို ကူညီနိုင်ရန် ၅၀၀ ကျပ် (ငါးရာကျပ်) မှ စ၍ ပါဝင် လှူဒါန်း နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက ChatBox (သို့) [email protected] ကို စာပို့ထားနိုင်ပါတယ်။
===========================
Thin Yuu Yar ရဲ့ page ကို Like & Follow လုပ်ပေးထားပါ။ ကြေညာချက်များကို အမြဲမပြတ်စေဖို့ Telegram Channel − https://t.me/ThinYuuYar ကို ဝင်ရောက်လိုက်ပါ။

24/06/2021

📣 အခြေခံရှေးဦးသူနာပြုသင်တန်း | First Aid Training (Basic)
အားလုံးသိထားသင့်သည့် အခြေခံရှေးဦးသူနာပြုသင်တန်း ဖြစ်ပါတယ်။ သိထားရမည့်ကျန်းမာရေး ဗဟုသုတများ၊ ပြင်ဆင်ရမည့်အရာများ၊ အရေးပေါ်အခြေအနေတွင် လုပ်ဆောင်သင့်သည့်အရာများနှင့် အကြံပြုချက်များပါဝင်ပါတယ်။

ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိပြီး ဆေးနယ်ပယ်တွင် အတွေ့အကြုံရှိသည့် ဆရာဝန်တစ်ဦးမှ လာမည့် ဇွန်လ ၂၇ ရက်နေ့ (Sunday) တွင် ညနေ ၆ နာရီမှ ၈ နာရီအထိ အချိန် ၂ နာရီကြာ သင်ကြားသွားမှာဖြစ်ပါတယ်။

*အခမဲ့တက်နိုင်ပြီး သင်တန်းဆင်းလက်မှတ်ပေးမည်မဟုတ်ပါ။*

မည်သူမဆို လျှောက်ထားနိုင်ပြီး သင်တန်းတက်ရောက်ဖို့အချိန်ပေးနိုင်ရပါမယ်။ ဖုန်း (သို့) ကွန်ပြူတာ နှင့် အင်တာနက် ရှိရပါမယ်။ Google Meet ကိုအသုံးပြုသင်ကြားသွားမည်ဖြစ်တာကြောင့် မိုဘိုင်းဖုန်းအသုံးပြုတက်ရောက်သူအနေဖြင့် Google Meet ဆော့ဖ်ဝဲကိုဒေါင်းလော့ဒ်လုပ်ဖို့လိုအပ်ပါမယ်။

စိတ်ဝင်စားတက်ရောက်လိုသူများအနေဖြင့် ဒီနေရာ − https://forms.gle/9roPaVt7TrBqTqM76 တွင် စာရင်းပေးပြီးတက်ရောက်နိုင်ပါတယ်။ အွန်လိုင်းဖောင်ဖြည့်ပြီးပါက Screenshot လုပ်ပြီး "Thin Yuu Yar" Page ကိုမတ်ဆေ့ပေးပို့ပေးပါ။ ပြီးနောက် စစ်ဘေးသင့်ပြည်သူများ နှင့် အကူအညီလိုအပ်သူများကို ကူညီနိုင်ရန် ၁၀၀၀ ကျပ် (တစ်ထောင်ကျပ်) မှ စ၍ ပါဝင် လှူဒါန်း နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက ChatBox (သို့) [email protected] ကို စာပို့ထားနိုင်ပါတယ်။
See you in the class!
===========================
Thin Yuu Yar ရဲ့ page ကို Like & Follow လုပ်ပေးထားပါ။ ကြေညာချက်များကို အမြဲမပြတ်စေဖို့ Telegram Channel − https://t.me/ThinYuuYar ကို ဝင်ရောက်လိုက်ပါ။

21/06/2021

Thin Yuu Yar - သင်ယူရာ ကို စတင်ပြီးမျှဝေပေးနေတာ ၁ လတင်းတင်းသို့ ရောက်တော့ပါမယ်။ ယခုဆို Facebook၊ Telegram နှင့် Email တို့ကနေ လူပေါင်း ၁ သန်းကျော်အထိရောက်အောင် သတင်းများပို့နိုင်ပြီး လူပေါင်း ၁၀၀၀ ကျော်သည် သင်ယူရာမှ မျှဝေသည်များကို ပါဝင်တက်ရောက်ခဲ့ပါတယ်။

သင်ယူရာသည် ဖက်ဒရယ် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် တစ်ဖက်တစ်လှမ်းမှ လိုအပ်သောပညာရပ်များနှင့် လိုအပ်သည့်နေရာများသို့ Thin Yuu Yar - Fund မှတဆင့် ထောက်ပံ့အကူအညီပေးနိုင်ရန် ရည်ရွယ်ပါသည်။ သင်ယူရာ နှင့် စေတနာ့ ဝန်ထမ်း ဟောပြောသူတို့သည် မည်သည့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းထံမှ အခကြေးငွေ၊ အထောက်အပံ့ မယူထားပါ။

သင်ယူရာ မှ လိုအပ်သောနေရာများသို့ လှူဒါန်းသွားမည့် ရံပုံငွေအတွက် "Thin Yuu Yar - သင်ယူရာ" page (သို့) Email - [email protected] ကနေ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

15/06/2021

သင်ယူရာကနေ English ဘာသာစကားဖြင့် နိုင်ငံခြားမှဆရာများ လာပိုချပေးရင် တက်ချင်ကြမလား???

ဒါပေမဲ့ အတန်းထဲမှာ ဘာသာပြန်ပေးမှာတော့ မဟုတ်ပါဘူး။ လူများရင် အတန်းကိုစီစဥ်ပေးမလို့ပါ...

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon