25/08/2026
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်
ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက်
ပညာနန်းတော်မိသားစုမှ မတည်ငွေ (၃၀)သိန်းကျပ်နှင့်အတူ
ပညာနန်းတော် (သုဝဏ္ဏ) နှင့် ပညာနန်းတော် (ဖိုးစိန်လမ်း၊ တာမွေ)မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဝန်ထမ်းများ ၊ ဆွေမျိုးမိတ်ဆွေများ၏ စေတနာသဒ္ဓါတရားထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းကြပါသော ကျပ်ငွေ (၂၀၁) သိန်းကျပ်
⭐️ စုစုပေါင်းအလှူငွေ (၂၃၁)သိန်းကျပ်ကို ⭐️
မိုး ပရိဟိတ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။
ပါဝင်လှူဒါန်းသူ တစ်ယောက်စီတိုင်း၏ မွန်မြတ်သော စေတနာကုသိုလ်အပေါင်းကြောင့် ရေဘေးသင့်ပြည်သူများ ရေဘေးဒုက္ခအပေါင်းမှ အမြန်ဆုံး လွတ်မြောက်ကင်းဝေးကြပါစေကြောင်းနှင့်
လှူဒါန်းသူ မိသားစုအပေါင်းလည်း ဘေးဘယာကင်းကွာ၍ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏