15/10/2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒီဇင်ဘာလ ကျောင်းပိတ်ရက်နှင့် အခန်းဆုံးစာမေးပွဲအကြောင်း အသိပေးအပ်ခြင်း
အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းအဆင့်အလိုက် ဒီဇင်ဘာလ (အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း) စာမေးပွဲကို (၁၁-၁၂-၂၀၂၅) ရက်နေ့မှ (၁၈-၁၂-၂၀၂၅) ရက်နေ့အထိ (၇) ရက်ကြာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင်ပိတ်ရက်ဖြစ်ပါသည်။
အဆိုပါ စာမေးပွဲတွင် တစ်ရက်လျှင် ၂ ဘာသာရပ် စစ်ဆေးမည်ဖြစ်ပြီး၊Grade 5၊ Grade 9၊ Grade 12 အတန်းများကို တစ်ရက်လျှင် တစ်ဘာသာနူန်း ဖြေဆိုရမည် ဖြစ်ပါတယ်။ မေးခွန်းတစ်စောင်၏ အမှတ်အနေနဲ့ ၂၅ မှတ် နှင့် စာသင်ချိန်တစ်ချိန် ဖြင့်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထို့အပြင် စစ်ဆေးမည့် သင်ခန်းစာများမှာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သင်ကြားပြီးသော အခန်းများသာ ဖြစ်ပါသည်။
#ဒီဇင်ဘာလကျောင်းပိတ်ရက်
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒီဇင်ဘာလ (၂၀.၁၂.၂၀၂၅) ရက်နေ့မှ (၂၅.၁၂.၂၀၂၅) ရက်နေ့အထိကို အခြေခံပညာကျောင်းများအတွက် ဒီဇင်ဘာလ ပိတ်ရက်ကာလ အဖြစ် သတ်မှတ်ထားပါသည်။
ထိုကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၊ အသိပညာတိုးတက်ရေးနှင့် မိသားစုအတွင်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။
အခြေခံပညာဦးစီးဌာနအနေနဲ့လည်း ပိတ်ရက်ပြီးနောက် သင်ကြားရေးလုပ်ငန်းများ ပြန်လည်စတင်ရာတွင် စနစ်တကျ ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သော ပြင်ဆင်မှုများ ဆောင်ရွက်နေပါသည်။
ထို့အပြင် ကျောင်းသား၊ မိဘများနှင့် ဆရာ/ဆရာမများအနေနဲ့ ထိုကာလအတွင်း သက်ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာ၍ ပူးပေါင်းဆောင်ရွက်ပေးပါရန် ပညာရေးဝန်ကြီးဌာနမှ အထူးတောင်းဆိုအပ်ပါသည်။
11/10/2025
တန်ဆောင်တိုင်ပိတ်ရက်-၄ရက်
၂၀၂၅ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှ နိုဝင်ဘာ၄ရက်နေ့သည် ကျောင်း/ရုံးများ၏ တန်ဆောင်တိုင် ပိတ်ရက်များဖြစ်ပါသည်။
#တန်ဆောင်တိုင်ပိတ်ရက်
09/10/2025
စာမေးပွဲပြီးရင် ဒါတွေလိုလာပြီ။
ရမှတ်အခြေပြုစစ်ရတဲ့ မူထက်ဆင့်
(G4,G5)က လေးကြိမ်စာမှာ A B C Dဖြည့်
80 - 100 (A )
60- 79 ( B )
40- 59 ( C )
0 - 39 ( D )
ကျန်တဲ့ဖွံ့ဖြိုးရေးဘာသာတွေကတော့ ပုံမှန်တတ်မြောက်မှုစစ်ဆေးတာဆိုတော့ A S E ဖြည့်
မူအောက်ဆင့်အတန်းတွေကတော့ အကုန်A S E ဖြည့်
75-100 A
40-74 S
0 - 39 E
Credit
18/09/2025
ဆယ့်နှစ်လရာသီပန်းဖွဲ့
==================
ပန်းကံ့ကော်၊
ရွှေစကား။
ငွေသားနု စံပယ်မှန်။
မြတ်လေး ခတ္တာနှင့်၊
ရွှေရင်းမာ ကြာ ခဝဲ၊
ဖွဲစ နှင်းလျှံ။
သဇင်ကျန်၊
ခွာတံ ပေါက် လဲ။
ပွင့်ဝတ်မုံ ရွှေဖီမင်း၊
သင်းထုံနံ့ ကဲ။
ကင်းဝန်မင်းကြီး
***************************
၁။ တန်ခူးလ - ကံ့ကော်ပန်း၊
၂။ ကဆုန်လ - စကားပန်း၊
၃။ နယုန်လ - စံပယ်ပန်း၊
၄။ ဝါဆိုလ - မြတ်လေးပန်း၊
၅။ ဝါခေါင်လ - ခတ္တာပန်း၊
၆။ တော်သလင်းလ - ရင်းမာပန်း၊
၇။ သီတင်းကျွတ်လ - ကြာပန်း၊
၈။ တန်ဆောင်မုန်းလ - ခဝဲပန်း၊
၉။ နတ်တော်လ - သဇင်ပန်း၊
၁၀။ ပြာသိုလ - ခွာညိုပန်း၊
၁၁။ တပို့တွဲလ - ပေါက်ပန်း၊
၁၂။ တပေါင်းလ - သရဖီပန်း။
********************
Crd
#ခိုင်ရွှေညှာpage
13/09/2025
ကလေးတွေကို ဆရာ/မများရဲ့ရှေ့မှာ
လက်ပိုက်၊ ခါးကိုင်း၊ ဦးညွတ်ပြီး လျှောက်ခိုင်းတာဟာ
ကလေးရဲ့ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ခြင်းတမျိုးလို့
ကျနော်ကတော့ ခံစားမိတယ်။
ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို
ထိခိုက်စေနိုင်တယ်လို့ ယူဆမိတယ်။
ကလေးတွေရဲ့ ရိုသေမှုကို
အနိုင်ကျင့်ပြီး တောင်းယူတာလို့ ထင်မြင်မိတယ်။
ကိုယ့်ကိုကိုယ် ဇွတ်တန်ဖိုး မြှင့်လိုတဲ့
ဆရာတချို့ရဲ့ ဘဝင်ရူးစိတ်လို့ ကောက်ချက်ချမိတယ်။
ကလေးတွေကိုချည်း တဖက်သတ်ကြီး မလေးစားခိုင်းဘဲ
ဆရာတွေကလည်း ကလေးတွေကို လေးစားတတ်ပါစေ။
Crd
05/09/2025
တကယ် ကို ကျေးဇူးပါ နော် 🥰🥰
27/08/2025
မိဘရဲ့ အတ္တ နဲ့ ကလေးကိုပုံမသွင်းပါနဲ့
ကလေးရဲ့ ဖြစ်တည်မှုကို လေးစားလက်ခံပေးပါ။
ကလေးက ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်ပါတယ်။
ကိုယ့်ဘဝလို ကိုယ်စားမပြုပါဘူး။
မိဘက ကောင်းစေချင်လို့ ဆိုပြီး
ကိုယ့်အတ္တတွေကို
ကလေးရဲ့ဘဝထဲ
အတင်းထိုးထည့်တာမျိုးမလုပ်ပါနဲ့
ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကို မကြည့်ပါပဲ
ကလေးဖြစ်သင့်တာတွေကိုလည်း မြင်အောင်
ကြည့်တတ်တဲ့ မိဘဖြစ်စေဖို့
ခွန်အားပေးချင်ပါတယ်။
မေတ္တာ များစွာဖြင့် Mommy of 3
#ကလေးနဲ့အတူကြီးပျင်းသွားရတဲ့မိခင်
#မေမေထိုက်
Crd
24/08/2025
ကျောင်းမှာသင်လိုက်တဲ့ တစ်နေ့စာကို
အိမ်ပြန်ရောက်ရင်မလုပ်ဘူးဆိုရင်တော့ ကျောင်းမှာဘယ်လောက်နားလည်ခဲ့ နားလည်ခဲ့ မေ့မှာအသေချာပါ။
ကျောင်းကပြန်အလာ၊ လွယ်အိတ်ကိိုဗုန်းခနဲချဖုန်းကိုကောက်ကိုင်၊ Chatting ထိုင်ပြီး နောက်နေ့မနက်မှာ ဟန်မပျက်တဲ့လွယ်အိတ်ဆွဲကျောင်းပြန်လာတဲ့ကျောင်းသားဟာဘယ်တော့မှစာမရဘူး။
ဆရာက ဘယ်လောက်စေတနာပါပါ
ဆရာက ဘယ်လောက်အသင်တော်တော်
ဆရာက ဘယ်လောက်ရစေချင်ချင်
ဆရာက ဘယ်လောက်သောကများများ
ကျောင်းသားကမလုပ်ရင် အလကားပါပဲ။
ဒီနေ့ကျောင်းမှာသင်လိုက်တယ်
အိမ်ပြန်ရောက်ရင်စာပြန်ကြည့်ရမယ်။
Notes တွေဖတ်ရမယ်
Text ကို ဖတ်ရမယ်
ကြေညက်ရမယ် နှံ့စပ်ရမယ်
ဟိုချန်သည်ချန်လုပ်လို့မရဘူး။
Review လည်းကြည့်ရမယ်
Exercise လည်းကြည့်ရမယ်
Journal လည်းကိုင်ရမယ်
Additional Exercise လည်းလုပ်ရမယ်
Objective တွေလည်းဖြေရမယ်
ကျောင်းမှာစစ်တဲ့ Tutorial test တိုင်းဖြေရမယ်
End Test စစ်တိုင်းဖြေကြရမယ်
မဖြေကြည့်ရင် ကိုယ်ဘယ်လောက်ရလဲမသိဘူး
ဖြေကြည့်မှ ကိုယ်ရ မရသိမယ်။
Test ဖြေဖို့ စာမှန်မှန်လုပ်ရမယ်
ဖုန်းကိုဝေးဝေးထားရမယ်
အပျင်းမဖက်ဖို့အရေးကြီးတယ်
ကိုယ်လိုချင်မှသာရတာပါ။
ဆရာကဘယ်လောက်သင်သင်
ကျောင်းသားကတကယ်တမ်းလိုက်မလုပ်ရင်
ဘာအကျိုးမှမထူးပါဘူး။
#ဆရာဦးနေမင်းခန့်အားလေးစားလျက်