14/08/2025
***0620 CIE Chemistry Past Paper ကို လေ့ကျင့်ဖို့ အတွေ့ လက်တွေ့ကျတဲ့ အကြံပြုချက်များ*
တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းကတော့ Past Paper ကို စနစ်တကျ လေ့ကျင့်တာပါပဲ။
ဒါပေမယ့် ဒီလိုပြောလိုက်တော့လည်း 'Past Paper လုပ်တာပေါ့ဆရာမရဲ့' လို့ ပြန်ဖြေကြတာများတယ်။ ဒါပေမယ့် သိထားရမှာက Past Paper ကို 'လုပ်တယ်' ဆိုတာထက် 'စနစ်တကျ လေ့ကျင့်တယ်' ဆိုတဲ့အချက်က အရေးကြီးပါတယ်။
ဆရာမကတော့ ပုံမှန်အားဖြင့် ကလေးတွေကို ဒီလိုလေ့ကျင့်စေပါတယ်။
📌(Exam date ၂လအလိုမှကလေးများTopical past paperနဲ့စတင်လေ့ကျင့်ရန်မဖြစ်နိူင်ပါ)📌subject တခုထဲမဟုပ်သောေကြာင့်လေ့ကျင့်ရန်အချိန်မမှီနိူင်ပါ။
👉Topical Past Paper နဲ့ အရင်စပါ
ပထမဆုံးအနေနဲ့ တစ်ခန်းချင်းစီအတွက် Topical Past Paper တွေကို အရင်ဆုံး လေ့ကျင့်ရပါတယ်။ ဥပမာ - 'Acids, Bases & Salts' ကို သင်ပြီးရင် အဲဒီအခန်းအတွက် past paper မေးခွန်းတွေကို စုပြီး အရင်လုပ်ခိုင်းပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ် သင်ထားတဲ့ အခန်းအပေါ် ဘယ်လောက် နားလည်သွားပြီလဲ၊ ဘယ်အကြောင်းအရာတွေကို ပိုပြီး ပြန်လေ့လာသင့်လဲဆိုတာကို သိရှိနိုင်ပါတယ်။
✅Yearly Past Paper ကို အချိန်ပေးပြီး ဖြေပါ
🔔Topical past paper တွေ ပြီးသွားပြီဆိုမှ Yearly past paper တွေကို ပြောင်းပြီး လေ့ကျင့်ပါ။
ဒီနေရာမှာ အရေးအကြီးဆုံးအချက်ကတော့ အချိန်သတ်မှတ်ပြီး ဖြေဆိုတာပါပဲ။ စာမေးပွဲခန်းထဲမှာ ဖြေနေရသလိုမျိုး အချိန်ကို စနစ်တကျ စီမံခန့်ခွဲပြီး ဖြေဆိုရပါမယ်။ Paper 2, Paper 4 တွေအတွက် အချိန် ဘယ်လောက်ယူမယ်၊ Paper 6 အတွက် ဘယ်လောက်ယူမယ်ဆိုတာကို သတ်မှတ်ထားပါ။
အချိန်နဲ့ဖြေခြင်းအားဖြင့် စာမေးပွဲနေ့မှာ အချိန်ကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို ကြိုတင်လေ့ကျင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
Marker's Report ကို သေချာဖတ်ပါ
Past paper ကို ဖြေပြီးပြီဆိုရင် Mark Scheme ကိုကြည့်ပြီး ကိုယ့်အဖြေမှန်လား မှားလား စစ်ဆေးရုံနဲ့ မပြီးသေးပါဘူး။
Marker's Report ကိုပါ သေချာဖတ်ရပါမယ်။ ဒီ Report ထဲမှာ ကလေးအများစု ဘယ်နေရာမှာ မှားတတ်လဲ၊ ဘယ်လိုအဖြေမျိုးကို အမှတ်ပေးလဲဆိုတာတွေကို အသေးစိတ် ဖော်ပြထားပါတယ်။
ဒီအချက်က ကိုယ့်ရဲ့ အဖြေရေးသားပုံကို တိုးတက်စေမယ့် အရေးပါဆုံး အချက်တစ်ခုပါပဲ။
မှားတဲ့မေးခွန်းတွေကို ပြန်လည်သုံးသပ်ပါ
ဖြေဆိုတဲ့အခါ မှားသွားတဲ့ မေးခွန်းတွေကို ဘာကြောင့်မှားလဲဆိုတာကို သေချာစဉ်းစားပါ။
မေးခွန်းကို နားမလည်လို့လား၊ concept ကို မရှင်းလင်းလို့လား၊ ဒါမှမဟုတ် အရေးအသား အမှားကြောင့်လားဆိုတာကို ခွဲခြားပြီး ပြန်လေ့လာပါ။ ဒီလိုလုပ်မှသာ နောက်တစ်ခါမှာ အလားတူအမှားမျိုး ထပ်မဖြစ်အောင် ရှောင်ရှားနိုင်ပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့...
Past Paper တွေကို လေ့ကျင့်တယ်ဆိုတာ ကိုယ့်ရဲ့အားနည်းချက်တွေကို ရှာဖွေပြီး ပိုမိုအားကောင်းလာအောင် တည်ဆောက်တာနဲ့ တူပါတယ်။ စိတ်ရှည်သည်းခံပြီး စနစ်တကျ လေ့ကျင့်မယ်ဆိုရင် အမှတ်ကောင်းကောင်းရဖို့ဆိုတာ မခက်ခဲပါဘူး။ ကံကောင်းပါစေနော်💗"
တီချယ် Alice💗💗💗
M.Sc Biochemistry
📞09666062302
👉 notes,common questions, mock tests, past papers များဖြင့်သင်ကြားပေးပါသည်။