25/04/2025
RFBO (Royal Future Builders Organization) လူငယ်အဖွဲ့အစည်းအား စတင်ဖွဲ့စည်းကြောင်း ကြေငြာချက် (၂၅.၄.၂၀၂၅)
-------------------------
RFBO(Royal Future Builders Organization)လူငယ်အဖွဲ့အစည်းအား ရန်ကုန်မြို့ရှိတိုးတက်သောလူငယ်များက ရည်ရွယ်ချက်(၅)ချက်ပေါ်မူတည်၍ ၃လပိုင်းအကုန်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
ကျွန်တော်တို့အဖွဲ့အစည်း၏ ရည်ရွယ်ချက်ငါးချက်မှာ
၁။ပညာရေး၊
၂။မြန်မာ့လူဘောင်အဖွဲ့အစည်းတိုးတက်ရေး၊
၃။လူငယ်များတိုးတက်ရေး၊
၄။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
၅။ကိုယ်ကျင့်သီလကောင်းမွန်ရေးတို့ဖြစ်ပါသည်။
ကျွန်တော်တို့အဖွဲ့အစည်းသည် မြန်မာ့လူဘောင်အဖွဲ့အစည်း၏တိုးတက်ရေးကိုစွမ်းစွမ်းတမံဆောင်ရွက်သွားမည်။
မည်သည့်နိုင်ငံရေးနှင့်မျှမပတ်သက်ဘဲ
လူ့အကျိုးပြုအဖွဲ့အစည်းအနေနှင့်သာ ရပ်တည်သွားမည်ပဲဖြစ်သည်။
ကျွန်တော့်ရဲ့မူဝါဒ
-------------
ယနေ့ခေတ် နိုင်ငံရေးအခြေအနေရှုပ်ထွေးသောကာလတွင် ကျွန်တော်တို့အနေဖြင့် မည်သည့်နိုင်ငံရေးအခြေအနေကိုမျှမယိမ်းယိုင်သော ဘက်မလိုက်သည့်မူဝါဒကိုကျင့်သုံးသွားပါမည်။