Myanmar Labour Law Learners-ML3

Myanmar Labour Law Learners-ML3 မြန်မာအလုပ်သမားဥပဒေ
လေ့လာလိုသူ
ဝန်ထမ်းများ
လုပ်ငန်းရှင်များ
စိတ်ဝင်စားသူများအတွက်
ML3

အောက်တိုဘာ9ရက်နေ့ကြေညာချက်
11/10/2023

အောက်တိုဘာ9ရက်နေ့ကြေညာချက်

အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ကြေညာခြင်းphotos credit
09/10/2023

အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ကြေညာခြင်း

photos credit

ဇွန်လ၂၈ရက် ရက်စွဲနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားတာလေးပါဝင်ငွေခွန်တွက်ချက်တဲ့အခါမှာ နေစရာပေးထားတာ နေစရိတ်ပေး...
04/07/2023

ဇွန်လ၂၈ရက် ရက်စွဲနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားတာလေးပါ
ဝင်ငွေခွန်တွက်ချက်တဲ့အခါမှာ နေစရာပေးထားတာ နေစရိတ်ပေးတာတွေအတွက် ထည့်သွင်းတွက်ချက်ဖို့လို/မလိုကိုရှင်းလင်းပေးထားတာပါ
ဖုန်းထဲမှာသိမ်းထားသင့်ပါတယ်
credit original uploader

#ဝင်ငွေခွန်

ဝန်ထမ်းသစ်များနှင့် ရက်သတ္တပတ် ၆ပတ်ရေးသားသူ-မျိုးဆက်အောင်ဝန်ထမ်းသစ်တစ်ယောက် အလုပ်ထဲဝင်ပြီးစအလုပ်လုပ်တဲ့ကာလကို HR model တ...
27/06/2023

ဝန်ထမ်းသစ်များနှင့် ရက်သတ္တပတ် ၆ပတ်

ရေးသားသူ-မျိုးဆက်အောင်

ဝန်ထမ်းသစ်တစ်ယောက်
အလုပ်ထဲဝင်ပြီးစအလုပ်လုပ်တဲ့ကာလကို HR model တစ်ခုဖြစ်တဲ့ Survival Curve modelက ဒီလိုရှင်းပြထားတယ်
ဝန်ထမ်းသစ် တွေ
အလုပ်စစလုပ်ချင်း ပထမဆုံး၆ပတ်ဟာ
အလုပ်ထွက်ဖို့ အလားအလာအများဆုံး ပဲတဲ့
ဒီ modelအရ
ဝန်ထမ်းတွေ အလုပ်တစ်ခုစဝင်ရင်
အဆင့်သုံးဆင့်ကိုဖြတ်ကျော်ရတယ်
အဲ့ဒီ့အဆင့်တွေကတော့
induction crisis
differential transit
settled connection တွေပဲ

1.Induction crisis (လုပ်ငန်းခွင်ဝင်စအကျပ်အတည်း)
ပထမဆုံးအဆင့်ကတော့ induction crisis
ဒီအဆင့်က အလုပ်စjoinတဲ့
ပထမဆုံး ရက်သတ္တပတ် တွေမှာ အဖြစ်များတယ်
ဒီအဆင့်ဟာ ဝန်ထမ်းတစ်ယောက် အလုပ်ထွက်နိုင်ချေအရှိဆုံး ကာလ ဖြစ်တယ်
အလုပ်မဝင်ခင်တုန်းက
ကိုယ်တိုင်ထင်ထားတာနဲ့ လက်တွေ့မတူညီတာ
အလုပ်အကိုင်အခြေအနေတွေက ကိုယ်နဲ့မကိုက်ညီမှန်းသိလာတာ
သူတို့တကိုယ်ရည်တန်ဖိုးထားမှုတွေ အလုပ်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်တွေက အဖွဲ့အစည်းသွားနေတဲ့ လမ်းကြောင်းနဲ့ မကိုက်ညီဘူး
သဟဇာတ မ ဖြစ်ဖူးခံစားရတာ
လူသစ် ဖြစ်တဲ့အတွက် ဝန်ထမ်းဟောင်းတွေက သွေးတိုးစမ်းတာ ပညာပြတာ
ကိုယ့်လက်စမဟုတ်တဲ့ အခြားသူ ရဲ့လက်စကိုဝင်တာဝန်ယူရတာ
သူတို့ကို ပေးအပ်လိုက်တဲ့တာဝန်က သူတို့လုပ်နိုင်စွမ်းထက် ပိုကြီးတယ်ခံစားရတာ
စသဖြင့်ပေါ့
အဲ့ဒီ့လိုအချိန်မှာ ဝန်ထမ်းသစ်တွေ ခံစားရတဲ့စိတ်ဖိစီးမှုက အလုပ်ဆက်မလုပ်ချင်တော့အောင်
စိတ်မပါဖြစ်သွားပါတယ်
ဝန်ထမ်းတွေအလုပ်အပေါ်စိတ်မပါတော့တာက
အလူပ်နဲ့ပတ်သက်ပြီးစိတ်ထက်သန်နေတာနဲ့ဆန့်ကျင်ဘက်ပါ

2.Differential Transit(အကူးအပြောင်းကာလ)
ဒုတိယအဆင့်ကတော့ differential transitကာလပါ
ပထမအဆင့်မှာ အလုပ်သစ် ဖြစ်မှု
လုပ်ငန်းခွင်အသစ် လူအသစ်တွေနဲ့စိမ်းနေမှု
ကိုယ်အရင်လုပ်ခဲ့ရတဲ့စနစ်တွေ အလေ့အထတွေ ကြောင့်စိတ်ပျက်ခဲ့ရပေမယ့်
ပထမအဆင့်ကိုအောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့တဲ့အခါ အသားကျတဲ့အဆင့်ကိုရောက်ပါပြီ
သူတို့ဝင်လုပ်တဲ့ အလုပ်အကိုင်နဲ့စပြီးအသားကျလာပါပြီ
တဖြည်းဖြည်းသူတို့ရဲ့အလုပ်တာဝန်အသစ်က သိပ်မခက်ခဲတော့ဘဲ အေးဆေးသက်သာ ဖြစ်လာပြီလို့စခံစားလာရတဲ့အဆင့်ပါ
ဝန်ထမ်းသစ်ဟာအလုပ်မှာတဖြည်းဖြည်းအသားကျလာတာနဲ့အမျှ
အလုပ်ထွက်နိုင်ချေလည်းတဖြည်းဖြည်းနည်းလာပါတယ်
ဒီဒုတိယအဆင့်ဟာ
အလုပ်ခန့်ပြီးလအနည်းငယ်နဲ့ ရောက်ရှိနိုင်ပါတယ်

3.Settled connection (အသားတကျ အံဝင်သွားမှု)
နောက်ဆုံးအဆင့်ကတော့ settled connection ပါ
ဝန်ထမ်းသစ်တွေခန့်ပြီး အမြန်ဆုံးဒီအဆင့်ရောက်လေကောင်းလေပါပဲ
ဒီအဆင့်မှာဆိုရင်ဝန်ထမ်းတွေကအဖွဲ့အစည်းနဲ့ကျွမ်းဝင်ရင်းနှီးလာပါတယ်
အဖွဲ့အစည်းနဲ့အံဝင်သွားတဲ့ဝန်ထမ်းတွေဟာ
အဖွဲ့အစည်းမှာကြာကြာနှစ်မြှုပ်လုပ်ကိုင်နိုင်ချေများပြီး
အလုပ်ထွက်ဖို့အလားအလာနည်းပါတယ်
အလုပ်နဲ့အံဝင်ချိတ်ဆက်မိသွားတဲ့ဝန်ထမ်းတွေဟာ
အလုပ်မှာလဲစွမ်းအင်အပြည့်
အားသွန်ခွန်စိုက်လုပ်ကိုင်သွားပါလိမ့်မယ်

ဒါကတော့ဝန်ထမ်းသစ်တွေစခန့်ပြီး ကြုံတွေ့ရမယ့်အဆင့်၃ဆင့် ဖြစ်ပါတယ်
ဝန်ထမ်းတွေထိန်းရတာခက်ပါတယ်
အထူးသဖြင့်ဝန်ထမ်းကောင်းတွေထိန်းးရတာပိုခက်ပါတယ်
ကုမ္ပဏီအနေနဲ့
projectအသစ်တွေထပ်ရတာမဟုတ်ပဲ
လုပ်ငန်းသစ်​တွေထပ်တိုးချဲ့တာမဟုတ်ဘဲ
ရှိပြီးလူတွေအလုပ်ထွက်ကုန်လို့
လစ်လပ်နေရာတွေခနခနခေါ်နေရပြီဆိုရင်
survival curve modelရဲ့ပထမအဆင့်ကို
အာရုံမထားလို့လားပြန်ဆန်းစစ်ရမှာပါ

မေတ္တာဖြင့်
Myanmar Labour Law Learners-ML3

Human Resource Management (HRM) ခေတ်မစားခင်ကPersonnel Management လို့ပဲ အသုံးပြုခဲ့ကြတာပါဒီကနေမှ ထပ်ဆင့်တိုးတက်မှုအနေနဲ့...
31/07/2021

Human Resource Management (HRM) ခေတ်မစားခင်က
Personnel Management လို့ပဲ အသုံးပြုခဲ့ကြတာပါ
ဒီကနေမှ ထပ်ဆင့်တိုးတက်မှုအနေနဲ့ HRMဖြစ်လာပါတယ်
HRနဲ့ပတ်သက်လို့ မြန်မာလိုရေးထားတဲ့စာအုပ်ရှားပါးချိန်မှာ တချိန်တုန်းက Personal Management စာအုပ် မြန်မာလိုရေးထားတ့ဲစာအုပ်လေး မျှဝေပေးချင်ပါတယ်
စာအုပ်ကိုဘယ်သူရေးထားလဲတော့မသိပါဖူး
ဒါပေမယ့် ရှားပါးတန်ဖိုးရှိလို့ သိမ်းထားသင့်ပါတယ်
ဒီစာအုပ်လေးကိုလိုချင်တယ်ဆိုရင်
Public နဲ့ share‌ပေးပြီး
Screenshotနဲ့ အတူ email addressလေး မန့်ပေးတာနဲ့ email ကတဆင့်မျှဝေပေးသွားပါမယ်

မျှဝေတယ်ဆိုတာမင်္ဂလာတပါးပါ

August 6ရက်မှာ ဖွင့်လှစ်မယ့်
အလုပ်သမားဥပဒေနားလည်ကွျမ်းကျင်မှုဆိုင်ရာသင်တန်း(Batch-3)
https://www.facebook.com/640246579952336/posts/869417933701865/

Batch 2ကို ၁လပိုင်းမှာ ဖွင့်လှစ်ခဲ့ပြီး အာဏာသိမ်းမှုဖြစ်ပြီး နိုင်ငံရေးအခက်ခဲ‌ေတွ‌ ကြောင့် ၆လကျော် ၇လနီးပါး သင်တန်းထပ်မဖ...
30/07/2021

Batch 2ကို ၁လပိုင်းမှာ ဖွင့်လှစ်ခဲ့ပြီး အာဏာသိမ်းမှုဖြစ်ပြီး နိုင်ငံရေးအခက်ခဲ‌ေတွ‌ ကြောင့် ၆လကျော် ၇လနီးပါး သင်တန်းထပ်မဖွင့်ဖြစ်ခဲ့ပါဘူး
Batch2 သင်တန်းမှာ တက်ခဲ့သူများအ‌ ‌ေနနဲ့လည်း လွတ်သွားတ့ဲဥပ‌ ‌ေဒများကို ပြန်လည်တက်ရောက်လိုတယ်ဆိုရင် အခွင့်ရေးပေးပါမယ်ခင်ဗျာ

အလုပ်သမားဥပဒေ လေ့လာဖို့ လိုအပ်နေပြီလား??????............................................................................
Certificate in Understanding Labour Laws (Batch-3) မှကြိုဆိုနေပါတယ်
“အလုပ်လုပ်သူတိုင်း အလုပ်သမားဥပဒေနားလည်ရမည် ”ဆိုတာ ML3 ရဲ့ Mission ပဲဖြစ်ပါတယ် ။ ML3 အနေနဲ့ မြန်မာတစ်နိုင်ငံလုံးက အလုပ်လုပ်နေသူ HR တွေနဲ့ ဝန်ထမ်းအဖြစ်အလုပ်လုပ်နေသူတိုင်း အလုပ်သမားဥပဒေတွေ ဖတ်ထား ရမယ်လို့ယုံကြည်နေပါတယ် ။
အလုပ်သမားဥပဒေဖတ်ထားတဲ့ လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေကို မျှမျှတတအုပ်ချုပ်နိုင်ပြီး ဝန်ထမ်းတွေရဲ့ ကြိုးစားမှုကြောင့် ကုန်ထုတ်စွမ်းအားတိုးလာမှာအသေအချာပါပဲ ၊
ဝန်ထမ်းနှုတ်ထွက်မှုနှုန်းများနေတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း ဝန်ထမ်းတွေအထွက်များနေတာ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေချိုးဖောက်မိနေလို့လားပြန်ဆန်းစစ်နိုင်ပါတယ် ။
HR တွေအနေနဲ့လည်း အလုပ်သမားဥပဒေနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ရမှာဖြစ်တဲ့အတွက် HR diploma ရပြီးရင် အလုပ်သမားဥပဒေတွေဖတ်ထားမှသာ လုပ်ငန်းခွင်မှာအဆင်ပြေမှာဖြစ်ပါတယ် ။
အလုပ်သမားဥပဒေဖတ်ထားတဲ့ ဝန်ထမ်းတွေက ထက်မြက်တဲ့ဝန်ထမ်းတွေဖြစ်လာမှာပါ ၊လစာထုတ်လို့ Payslip ကြည့်ပြီး ဘာတွေ ဘာ့ကြောင့်အဖြတ်ခံရတာလဲ မသိတဲ့ဝန်ထမ်းတွေထက် ဘာကဘယ်လိုဆိုတာတွေအထိ သိလာတဲ့ ဝန်ထမ်း တွေဖြစ်လာနိုင်ပါတယ်။ လူမှုဖူလုံရေးခံစားခွင့်တွေဘယ်လိုရနိုင်မလဲ၊ EC စာချုပ်ချုပ်ထားရင် ဘယ်လို အကျိုး ကျေးဇူးတွေ ရမလဲ ၊ အချိန်ပိုကြေး ဘယ်လိုတွက်ကတာလဲ၊ တစ်နေ့အလုပ်ချိန်ဘယ် လောက်ရှိသင့် တာလဲ စတဲ့စတဲ့ အကြောင်းအရာတွေကို သိရှိလာမှာပါ ။
ပြန့်ကျဲနေတဲ့အလုပ်သမားဥပဒေတွေကို နားလည်ဖို့ဆိုတာမလွယ်ပါဖူး၊ အရင်ဆုံးဥပဒေတွေ လိုက်စု ရတာ တင်အ ချိန်အတော်ပေး ရပါတယ် ။စုပြီးသွားရင်လည်း ဘေးကတွန်းအားသာမရှိရင် ဖတ်ဖို့ပျင်းနေတတ်ပါတယ် ။
ဒါ့ကြောင့် အားလုံးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့
ML3 အနေနဲ ့ အလုပ်သမားဥပဒေ လေ့လာလိုသူတွေအတွက် Certificate in Understanding Labour Laws သင်တန်းရဲ့ Batch 3ကို ဖွင့်လှစ်ပေးသွားတော့မှာပဲဖြစ်ပါတယ် ။

ဒီသင်တန်းမှာ HR သမားတွေမသိမဖြစ်သိထားရမယ့်
ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ
အနည်းဆုံးအခကြေးငွေဥပဒေ
အခကြေးငွေပေးချေရေးဥပဒေ
အလုပ်ရုံများဥပဒေ
ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
လူမှုဖူလုံရေးဥပဒေ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေ
ဝင်ငွေခွန်ဥပဒေ
စတဲ့ဥပဒေများကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ရောက်ပြီးသွားတာနဲ့
ခွင့်ရက် အမျိုးအစားတွေ ပိတ်ရက်အမျိုးအစားတွေနားလည်သွားမယ် ၊အချိန်ပိုကြေးဘယ်လိုတွက်ရမယ် သိသွားမယ် ၊ ဝင်ငွေခွန်ဘယ်လိုတွက်ချက်ရမယ်သိသွားမယ် ၊အလုပ်ချိန်နာရီသတ်မှတ်ချက်တွေသိသွားမယ်၊ SSB ကြေးဘယ်လိုဆောင်ရမလဲ ၊ဘယ်လိုနှုတ်ယူရမယ်ဆိုတာသိသွားမယ် ၊SSB ကရနိုင်မယ့် အကျိုးခံစားခွင့်တွေ သိရှိသွားမယ် ၊ EC စာချုပ် ချုပ်ဖို့ လိုအပ်တာတွေသိသွားမယ် ၊ အလုပ်ထုတ်တဲ့အခါ နစ်နာကြေး ဘယ်လိုပေးရတယ် သိသွားမယ် ၊ အလုပ်သမားသမဂ္ဂ တွေနဲ့ ဘယ်လို ဆက်ဆံရမယ် ၊ကိုင်တွယ်ရမယ်ဆိုတာသိသွားမယ် ၊အလုပ်သမားရေးရာအငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းရမလဲသိသွားပါမယ်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ ဘာတွေလုပ်ရမယ် သိသွားမယ် ၊ စက်ရုံ အလုပ်ရုံတွေမှာ ဘယ်လို မျိုး အလုပ်သမား တွေအတွက် ပြင်ဆင်ထားရှိရမယ်ဆိုတာ သိသွားမယ် စတဲ့စတဲ့ အကျိုးကျေးဇူးများစွာ ရရှိမှာပါ ။

သင်တန်းဖွင့်မည့်ရက်
၂၀၂၁ခုနှစ်၊ဩဂုတ်လ(၆)ရက်နေ့ ၊သောကြာနေ့၊

သင်တန်းကာလ -(၁)နှင့်(၁)ပတ်
သင်တန်းရက်-အပတ်စဉ်သောကြာ၊စနေ၊တနင်္ဂနွေ ည၈နာရီမှ ၉နာရီအထိ

သင်ကြားမှုပုံစံ
Zoom meeting နဲ့ Live သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ meeting မတက်နိုင်သူတွေအတွက်လည်း recorded Video lesson၊ pdfတွေနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ် ၊ သင်တန်းတက်ပြီးအလကားမဖြစ်အောင် assignment တွေလည်းလုပ်ရမှာဖြစ်တဲ့အတွက် အကျိုးမရှိမှာလည်းပူစရာမလိုပါဘူး ။

သင်ကြားမည့် platforms
-Zoom meeting
-Telegram

သင်တန်းကြေး
Labour Law နဲ့ ပတ်သက်ပြီး သင်တန်းကြေးတစ်သိန်းပေးတက်နေရချိန်မှာအစောဆုံးအပ်သူ အယောက် ၅၀အတွက် သင်တန်းကြေး ၃၀၀၀၀(သုံးသောင်းကျပ်) တည်းနဲ့ တက်ရောက်နိုင်မှာပါ ။

သင်ကြားမည့်သူရဲ့ကိုယ်ရေးအကျဉ်း
ဆရာမျိုးဆက်အောင်
B.Tech(Civil)
B.E(Civil)
Civil Engineer
Labour Law Consultant
Founder of Myanmar Labour Law
Learners'-ML3
Founder of Myanmar Learners'Society-MLS

ဒီသင်တန်းလေးကို တက်ရောက်ချင်တယ်ဆိုရင် ဒီပို့စ်လေးအောက်မှာ ML3 လို့မန့်ပေးလိုက်ရုံနဲ့ သင်တန်းကြေးပေးသွင်းရမယ့် ပုံစံကို လာရောက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်

အများပြည်သူအလုပ်ပိတ်ရက်       အများပြည်သူအလုပ်ပိတ်ရက် ဆိုတာကတော့ အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာနဲ့နှစ်စဉ်ထုတ်ပြန်ကြေညာတဲ့...
04/01/2021

အများပြည်သူအလုပ်ပိတ်ရက်

အများပြည်သူအလုပ်ပိတ်ရက် ဆိုတာကတော့ အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာနဲ့နှစ်စဉ်ထုတ်ပြန်ကြေညာတဲ့ အများ ပြည်သူ အလုပ်ပိတ်ရက်တွေကို ဆိုလိုတာပါ ။ အများပြည်သူအလုပ်ပိတ်ရက်ကို တစ်ချို့ကတော့ အင်္ဂလိပ်လို Gazette Holidays လို့ခေါ်ကြပါတယ် ။Public Holidays လို့လည်းသုံးကြပါတယ် ။ ဥပမာ ဇန်နဝါရီ လ ၄ ရက် နေ့လွတ်လပ်ရေးနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တို့လို နေ့မျိုးတွေဟာ အများပြည်သူအလုပ်ပိတ်ရက် များပဲဖြစ်ပါတယ် ။
အများပြည်သူအလုပ်ပိတ်ရက်ကို အစိုးရက လာမယ့်နှစ်အတွက်ကို ကြိုတင် ကြေညာလေ့ရှိပါတယ် ။ ဒါပေမယ့် ကြိုတင် သတ်မှတ်လို့မရတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ အစ်ဒ်နေ့၊ ဟိန္ဒူဘာသာဝင်များရဲ့ ဒီပါဝလီနေ့တို့လို ရက်မြတ်တွေကိုလည်း အနီးကပ်ကြေညာပေးလေ့ရှိပါတယ် ။
ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ ပုဒ်မ ၃အရ အလုပ်ရှင်အနေနဲ့ မိမိရဲ့အလုပ်သမားတွေကို အခကြေးငွေနဲ့ အများပြည်သူ အလုပ်ပိတ်ရက်မှာ နားခွင့်ပေးရမှာဖြစ်ပါတယ် ။

အများပြည်သူအလုပ်ပိတ်ရက်မှာ အလုပ်ဆင်းခိုင်းမယ်ဆိုရင်

အများပြည်သူအလုပ်ပိတ်ရက်မှာ အလုပ်ဆင်းခိုင်းမယ်ဆိုရင် အလုပ်ရှင်အနေနဲ့ အလုပ်သမားရဲ့ ဆန္ဒကို ရယူပြီး အဲ့ဒီ့နေ့မတိုင်ခင်အနည်းဆုံး ၂၄ နာရီ ကြိုတင်ပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေးအရာရှိကို ပုံစံ၈ နဲ့ အကြောင်းကြားရမှာဖြစ်ပါတယ် ။ ခွင့်ပြုချက်ရမှာသာ အလုပ်ခိုင်းခွင့်ရှိတာဖြစ်ပါတယ် ။

၂ ဆရှင်းတမ်း

အများပြည်သူအလုပ်ပိတ်ရက်မှာ အလုပ်လုပ်ရမယ်ဆိုရင် ပေးမြဲနှုန်းရဲ့ ၂ ဆရရှိမှာဖြစ်ပါတယ် ။ ရှားပါးစရိတ်ရေ နမယ်ဆို ရင်လည်း ပေးမြဲနှုန်းအတိုင်းရှားပါးစရိတ်ရမှာဖြစ်ပါတယ် ။ ပေးမြဲနှုန်းရဲ့ ၂ ဆဆိုတာလေးနဲနဲရှင်းချင်ပါတယ် ။ အလုပ်ရှင်အနေနဲ့ အလုပ်သမား ခံစားခွင့်ရှိတဲ့ ခွင့်ရက်နဲ့အလုပ်ပိတ်ရက် တွေကို လစာနဲ့ခံစားခွင့်ပြုတာဖြစ်ပါတယ်။ ဥပမာ တစ်နေ့ ၈ထောင်ရ တဲ့ အလုပ်သမားဟာ တစ်ပတ်ကို တစ်ရက်ပိတ်ရက်ရပေမယ့် လစာကိုတွက်ပေးတဲ့အခါ အနားရတဲ့ရက်ကိုပါပေါင်းပြီး ရက် ၃၀ ၊ ၃၁ စသဖြင့် သက်ဆိုင်ရာလမှာ ရှိတဲ့ရက်စုစုပေါင်းနဲ့တွက်ပေးတာဖြစ်ပါတယ် ။ ဒါ့ကြောင့် တစ်ဆ ဟာ ဒီထဲမှာ ပါသွား ပြီးဖြစ်ပါတယ် ။ ဒါ့ကြောင့် တစ်နေ့၈၀၀၀ ရတဲ့အလုပ်သမားအနေနဲ့ အများပြည်သူအလုပ်ပိတ်ရက်တစ်ရက်မှာ အလုပ်ဆင်း ခဲ့ရရင် လစာအပြင် နောက်ထပ် ၈၀၀၀ ကျပ်သာထပ်မံရရှိမှာဖြစ်ပါတယ် ။

သတ်မှတ်အလုပ်ချိန်မပြည့်ရင်

အများပြည်သူအလုပ်ပိတ်ရက်မှာ အလုပ်သမားကို တစ်ရက်သတ်မှတ်အလုပ်ချိန်ပြည့်အောင် မခိုင်းစေဘဲ အချိန်ပိုင်းသာ ခိုင်းမယ်ဆိုရင်လည်း ပေးမြဲနှုန်းရဲ့ ၂ ဆရရှိမှာဖြစ်ပါတယ် ။

အကျိုးဖြစ်စေတယ်ယူဆမယ်ဆို အခြားသူတွေသိအောင်ပြန်လည် share ပေးကြပါနော်

ခွင့်ရက် နဲ့အလုပ်ပိတ်ရက် တွေနဲ့ပတ်သက်ပြီး ထပ်မံသိလိုတယ်ဆိုရင် ၈ ရက်နေ့မှာ ဖွင့်လှစ်တော့မယ့် အလုပ်သမားဥပဒေ နားလည်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း(Batch-2) က ကြိုဆိုနေပါတယ်။https://m.facebook.com/story.php?story_fbid=747715472538779&id=640246579952336

လွတ်လပ်ရေးနေ့မှာ လွတ်လပ်ကြရဲ့လားမနားရသူတွေရှိရင် ပြောပေးသွားပါဦး
04/01/2021

လွတ်လပ်ရေးနေ့မှာ
လွတ်လပ်ကြရဲ့လား

မနားရသူတွေရှိရင် ပြောပေးသွားပါဦး

EC စာချုပ်ချုပ်တော့မယ်ဆိုရင် .......    EC စာချုပ်နဲ့ပတ်သက်ရင် ဝန်ထမ်းအများစုက ဗဟုသုတ အားနည်းနေကြတာတွေ့ရပါတယ်။စာချုပ်ကို...
03/01/2021

EC စာချုပ်ချုပ်တော့မယ်ဆိုရင် .......

EC စာချုပ်နဲ့ပတ်သက်ရင် ဝန်ထမ်းအများစုက ဗဟုသုတ အားနည်းနေကြတာတွေ့ရပါတယ်။စာချုပ်ကို လက်မှတ်သာ ထိုးလိုက်တယ် သေချာမဖတ်ဖြစ်ကြတာတွေရှိသလို စာချုပ်ကို ဝန်ထမ်းကိုပေးမထားဘဲ ပြဿနာတစ်စုံတစ်ရာ တက်တဲ့အခါ စာချုပ်မှာ ဘယ်လိုထိုးခဲ့တယ် ဒါ့ကြောင့် ဘယ်လိုတော့လုပ်ခွင့်မရှိဘူးလို့အလုပ်ရှင်ဘက်က ပြောပေမယ့် ဝန်ထမ်းဘက်က ဂဃနဏ မသိရတာတွေ အများကြီးတွေ့နေရပါတယ် ။ ဒါ့ကြောင့် EC စာချုပ်နဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို မျှဝေပေးချင်ပါတယ်။
EC စာချုပ်ဆိုတာ Employment Contract မြန်မာလို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီမှုစာချုပ်ကို ဆိုလိုတာ ဖြစ်ပါ တယ်။ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ဝန်ထမ်းတစ်ဦးကို အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်ခန့်ပြီးတာနဲ့ရက်ပေါင်း ၃၀ အတွင်း အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် စာချုပ်ချုပ်ဆို ရမယ်လို့ ပြဌာန်းထား ပါတယ်။
စာချုပ်မှာဘာတွေပါဝင်ရမလဲ?
စာချုပ်မှာ
(၁)အလုပ်အကိုင်အမျိုးအစား
(၂)အစမ်းခန့်ကာလ
(၃)လုပ်ခ၊လစာ
(၄)လုပ်ငန်းတည်နေရာနှင့်အမျိုးအစား
(၅)စာချုပ်သက်တမ်း
(၆)အလုပ်ချိန်
(၇)နားရက်၊အလုပ်ပိတ်ရက်၊နှင့်ခွင့်ရက်
(၈)အချိန်ပိုလုပ်ကိုင်ခြင်း
(၉)အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ်
(၁၀)နေရာထိုင်ခင်းနှင့်ဝတ်စုံ
(၁၁)ဆေးဝါးကုသခြင်း
(၁၂)အလုပ်ခွင်သို့ကြို၊ပို့ယာဉ်စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း
(၁၃)သင်တန်း
(၁၄) အလုပ်မှနုတ်ထွက်ခြင်းနှင့်အလုပ်မှရပ်စဲခြင်း
(၁၅)စာချုပ်ရပ်စဲခြင်း
(၁၆)အလုပ်ရှင်၏တာဝန်ဝတ္တရားများ
(၁၇)အလုပ်သမားများ၏တာဝန်ဝတ္တရားများ
(၁၈)အလုပ်ခန့်ထားမှုသဘောတူညီချက် စာချုပ်အား အလုပ်ရှင်၊အလုပ်သမားနှစ်ဦး သဘောတူဖျက်သိမ်းခြင်း
(၁၉)အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများကို ဖြေရှင်းခြင်း
(၂၀) စာချုပ်စည်းကမ်းများကို ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊
(၂၁)စာချုပ်အသက်ဝင်သည့်ရက်စွဲ
(၂၂)တာဝန်ရှိမှုများ
(၂၃)အထွေထွေ
လုပ်ငန်းခွင်စည်းကမ်းများ(နောက်ဆက်တွဲအဖြစ်ထည့်သွင်းရန်) စတဲ့အချက်တွေပါဝင်ရမှာဖြစ်ပါတယ် ။

စာချုပ်ချုပ်တဲ့အခါ အလုပ်ရှင်၊အလုပ်သမား တစ်ဖက်စီ လက်မှတ်ထိုးရမှာဖြစ်သလို အလုပ်ရှင်ဘက်က အသိသက်သေတစ်ဦး ၊အလုပ်သမားဘက်က အသိသက်သေ တစ်ဦးတို့လည်းပါဝင်လက်မှတ်ရေးထိုးရမှာပါ ။ စာချုပ်ကို မူရင်း ၃ စုံ ချုပ်ဆိုရမှာဖြစ်ပြီး အလုပ်ရှင်တစ်စုံ၊အလုပ်သမားတစ်စုံ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တစ်စုံဖြန့်ဝေပေးရမှာပါ ၊

စာချုပ်ပါစည်းကမ်းတွေက တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ညီညွတ်မှုရှိရမယ့်အပြင် အလုပ်သမားရဲ့အကျိုး ခံစားခွင့် တွေက လည်း တည်ဆဲဥပဒေ ပါ ခံစားခွင့်တွေအောက်ယုတ်လျော့လို့မရပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရမယ့်အခြေအနေ‌ေပါ်ပေါက်လာတယ်ဆိုရင် အလုပ်သမားကို သတ်မှတ်ထားတဲ့ နစ်နာကြေးပေးရမှာဖြစ်ပါတယ်

မိမိသဘောအရ အလုပ်ကနှုတ်ထွက်မယ်ဆိုရင် ?

စာချုပ်သက်တမ်းမပြည့်ခင် အလုပ်သမားဘက်က မိမိသဘောဆန္ဒအရ အလုပ်ကနှုတ်ထွက်မယ်ဆိုရင် အနည်းဆုံး တစ်လကြိုအသိပေးရမှာဖြစ်ပြီး ဒီလိုအခြေအနေမှာတော့ အလုပ်ရှင်ဘက်က နစ်နာကြေးပေးစရာမလိုပါဘူး။ပေးဖို့ကျန်တဲ့ လုပ်ခကျန်ငွေနဲ့ လုပ်သက်ခွင့်အတွက်ခံစားခွင့်ငွေကြေးတွေကိုသာ ပေးပြီး နှုတ်ထွက်ခွင့်ပြုရမှာဖြစ်ပါတယ်။ဒါပေမယ့် အလုပ်ရှင်ရဲ့ကျခံမှုနဲ့သင်တန်းတွေတက်ရောက်ခဲ့မယ်ဆိုရင် တက်ရောက်ခဲ့တဲ့သင်တန်းကြေးတွေကို ပေးလျော်ပြီးမှသာ နှုတ်ထွက်ခွင့်ရှိမှာပါ ။ လုပ်သက် ၃ နှစ် အထက် ထမ်းဆောင်ခဲ့သူဆိုရင်တော့ သင်တန်းကုန်ကျစရိတ်ပြန်ပေးစရာမလိုပါဘူး။

ပြစ်မှုကြောင့် အလုပ်မှရပ်စဲခံရမယ်ဆိုရင် ?

ပြစ်မှုကျူးလွန်ပြီးအလုပ်ကရပ်စဲခံရမယ်ဆိုရင် အလုပ်ထုတ်နစ်နာကြေးရရှိမှာမဟုတ်ပါဘူး ။ လုပ်ခကျန်ငွေကို သာရရှိမှာဖြစ်ပါတယ်။

ဒီလောက်ဆို EC စာချုပ်နဲ့ပတ်သက်ပြီး အတော်လေးသိလောက်ပြီထင်ပါတယ်။ အကျိုးရှိမယ်ယူဆရင် ပြန်လည် Share ပေးစေလိုပါတယ် ။

ဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားတဲ့ EC စာချုပ် နမူနာကို မျှဝေပေးချင်တဲ့အတွက် လိုချင်သူများ EC လို့ မန့်ပေးခဲ့ပါခင်ဗျာ

8ရက်နေ့မှာ ဖွင့်လှစ်မယ့် အလုပ်သမားဥပဒေနားလည်ကျွမ်းကျင်မှုသင်တန်း(Batch-2)
https://www.facebook.com/640246579952336/posts/747715472538779/

ာချုပ်

အစမ်းခန့်ကာလမှာ အလုပ်ကနှုတ်ထွက်မယ်ဆိုရင်………….                       အစမ်းခန့်ကာလမှာ အလုပ်ကနေ နှုတ်ထွက်ဖို့ နှုတ်ထွက်တော့...
30/12/2020

အစမ်းခန့်ကာလမှာ အလုပ်ကနှုတ်ထွက်မယ်ဆိုရင်………….

အစမ်းခန့်ကာလမှာ အလုပ်ကနေ နှုတ်ထွက်ဖို့ နှုတ်ထွက်တော့မယ်ဆိုရင် အလုပ်ရှင်(သို့မဟုတ်) HR မန်နေဂျာကို အနည်းဆုံး၇ ရက် နောက်ဆုံးထားပြီး ကြိုတင်အကြောင်းကြားပြီး နှုတ်ထွက်စာတင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အလုပ်က နှုတ်ထွက်တဲ့နေ့မှာ ရဖို့ကျန်သေးတဲ့ လစာကို အလုပ်ရှင်က ထုတ်ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ၇ ရက်ကြို အကြောင်းကြားဖို့ပျက်ကွက်မယ်ဆိုရင်တော့ အလုပ်နှုတ်ထွက်တဲ့နေ့ရဲ့ နောက်နေ့အလုပ်ဖွင့်ရက်မှသာ လစာကျန်ငွေကို ရရှိမှာဖြစ်ပါတယ် ............................................................................
အလုပ်သမားဥပဒေလေ့လာဖို့လိုအပ်နေပြီလား?

Certificate in Understanding Labour Laws (Batch-2) မှကြိုဆိုနေပါတယ်
“အလုပ်လုပ်သူတိုင်း အလုပ်သမားဥပဒေနားလည်ရမည် ”ဆိုတာ ML3 ရဲ့ Mission ပဲဖြစ်ပါတယ် ။ ML3 အနေနဲ့ မြန်မာတစ်နိုင်ငံလုံးက အလုပ်လုပ်နေသူ HR တွေနဲ့ ဝန်ထမ်းအဖြစ်အလုပ်လုပ်နေသူတိုင်း အလုပ်သမားဥပဒေတွေ ဖတ်ထား ရမယ်လို့ယုံကြည်နေပါတယ် ။
အလုပ်သမားဥပဒေဖတ်ထားတဲ့ လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေကို မျှမျှတတအုပ်ချုပ်နိုင်ပြီး ဝန်ထမ်းတွေရဲ့ ကြိုးစားမှုကြောင့် ကုန်ထုတ်စွမ်းအားတိုးလာမှာအသေအချာပါပဲ ၊
ဝန်ထမ်းနှုတ်ထွက်မှုနှုန်းများနေတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း ဝန်ထမ်းတွေအထွက်များနေတာ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေချိုးဖောက်မိနေလို့လားပြန်ဆန်းစစ်နိုင်ပါတယ် ။
HR တွေအနေနဲ့လည်း အလုပ်သမားဥပဒေနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ရမှာဖြစ်တဲ့အတွက် HR diploma ရပြီးရင် အလုပ်သမားဥပဒေတွေဖတ်ထားမှသာ လုပ်ငန်းခွင်မှာအဆင်ပြေမှာဖြစ်ပါတယ် ။
အလုပ်သမားဥပဒေဖတ်ထားတဲ့ ဝန်ထမ်းတွေက ထက်မြက်တဲ့ဝန်ထမ်းတွေဖြစ်လာမှာပါ ၊လစာထုတ်လို့ Payslip ကြည့်ပြီး ဘာတွေ ဘာ့ကြောင့်အဖြတ်ခံရတာလဲ မသိတဲ့ဝန်ထမ်းတွေထက် ဘာကဘယ်လိုဆိုတာတွေအထိ သိလာတဲ့ ဝန်ထမ်း တွေဖြစ်လာနိုင်ပါတယ်။ လူမှုဖူလုံရေးခံစားခွင့်တွေဘယ်လိုရနိုင်မလဲ၊ EC စာချုပ်ချုပ်ထားရင် ဘယ်လို အကျိုး ကျေးဇူးတွေ ရမလဲ ၊ အချိန်ပိုကြေး ဘယ်လိုတွက်ကတာလဲ၊ တစ်နေ့အလုပ်ချိန်ဘယ် လောက်ရှိသင့် တာလဲ စတဲ့စတဲ့ အကြောင်းအရာတွေကို သိရှိလာမှာပါ ။
ပြန့်ကျဲနေတဲ့အလုပ်သမားဥပဒေတွေကို နားလည်ဖို့ဆိုတာမလွယ်ပါဖူး၊ အရင်ဆုံးဥပဒေတွေ လိုက်စု ရတာ တင်အ ချိန်အတော်ပေး ရပါတယ် ။စုပြီးသွားရင်လည်း ဘေးကတွန်းအားသာမရှိရင် ဖတ်ဖို့ပျင်းနေတတ်ပါတယ် ။
ဒါ့ကြောင့် အားလုံးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့
ML3 အနေနဲ ့ အလုပ်သမားဥပဒေ လေ့လာလိုသူတွေအတွက် Certificate in Understanding Labour Laws သင်တန်းရဲ့ Batch 2 ကို ဖွင့်လှစ်ပေးသွားတော့မှာပဲဖြစ်ပါတယ် ။

ဒီသင်တန်းမှာ HR သမားတွေ အလုပ်ဝင်နေသူတွေ မသိမဖြစ်သိထားရမယ့်
ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ
အနည်းဆုံးအခကြေးငွေဥပဒေ
အခကြေးငွေပေးချေရေးဥပဒေ
အလုပ်ရုံများဥပဒေ
ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
လူမှုဖူလုံရေးဥပဒေ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေ
ဝင်ငွေခွန်ဥပဒေ
အလုပ်သမားလျော်ကြေးဥပဒေ စတဲ့ဥပဒေများကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ရောက်ပြီးသွားတာနဲ့
ခွင့်ရက် အမျိုးအစားတွေ ပိတ်ရက်အမျိုးအစားတွေနားလည်သွားမယ် ၊အချိန်ပိုကြေးဘယ်လိုတွက်ရမယ် သိသွားမယ် ၊ ဝင်ငွေခွန်ဘယ်လိုတွက်ချက်ရမယ်သိသွားမယ် ၊အလုပ်ချိန်နာရီသတ်မှတ်ချက်တွေသိသွားမယ်၊ SSB ကြေးဘယ်လိုဆောင်ရမလဲ ၊ဘယ်လိုနှုတ်ယူရမယ်ဆိုတာသိသွားမယ် ၊SSB ကရနိုင်မယ့် အကျိုးခံစားခွင့်တွေ သိရှိသွားမယ် ၊ EC စာချုပ် ချုပ်ဖို့ လိုအပ်တာတွေသိသွားမယ် ၊ အလုပ်ထုတ်တဲ့အခါ နစ်နာကြေး ဘယ်လိုပေးရတယ် သိသွားမယ် ၊ အလုပ်သမားသမဂ္ဂ္ဂတွေနဲ့ ဘယ်လို ဆက်ဆံရမယ် ၊ကိုင်တွယ်ရမယ်ဆိုတာသိသွားမယ် ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ ဘာတွေလုပ်ရမယ် သိသွားမယ် ၊ စက်ရုံ အလုပ်ရုံတွေမှာ ဘယ်လို မျိုး အလုပ်သမား တွေအတွက် ပြင်ဆင်ထားရှိရမယ်ဆိုတာ သိသွားမယ် စတဲ့စတဲ့ အကျိုးကျေးဇူးများစွာ ရရှိမှာပါ ။

သင်တန်းဖွင့်မည့်ရက်
၂၀၂၁ခုနှစ်၊ဇန်နဝါရီလ(၈)ရက်နေ့ ၊သောကြာနေ့၊

သင်တန်းကာလ -(၁)လ
သင်တန်းရက်-အပတ်စဉ်သောကြာ၊စနေ၊တနင်္ဂနွေ ည၈နာရီမှ ၉နာရီအထိ

သင်ကြားမှုပုံစံ
Zoom meeting နဲ့ Live သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ meeting မတက်နိုင်သူတွေအတွက်လည်း recorded Video lesson၊ pdfတွေနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ် ၊ သင်တန်းတက်ပြီးအလကားမဖြစ်အောင် assignment တွေလည်းလုပ်ရမှာဖြစ်တဲ့အတွက် အကျိုးမရှိမှာလည်းပူစရာမလိုပါဘူး ။

သင်တန်းကြေး
Labour Law နဲ့ ပတ်သက်ပြီး သင်တန်းကြေးတစ်သိန်းပေးတက်နေရချိန်မှာအစောဆုံးအပ်သူ အယောက် ၅၀အတွက် သင်တန်းကြေး ၃၀၀၀၀(သုံးသောင်းကျပ်) တည်းနဲ့ တက်ရောက်နိုင်မှာပါ ။

ဒီသင်တန်းလေးကို တက်ရောက်ချင်တယ်ဆိုရင် ဒီပို့စ်လေးအောက်မှာ ML3 လို့မန့်ပေးလိုက်ရုံနဲ့ သင်တန်းကြေးပေးသွင်းရမယ့် ပုံစံကို လာရောက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်

အလုပ်သမားဥပဒေလေ့လာဖို့လိုအပ်နေပြီလား?..................................................................................C...
29/12/2020

အလုပ်သမားဥပဒေလေ့လာဖို့လိုအပ်နေပြီလား?..................................................................................

Certificate in Understanding Labour Laws (Batch-2) မှကြိုဆိုနေပါတယ်
“အလုပ်လုပ်သူတိုင်း အလုပ်သမားဥပဒေနားလည်ရမည် ”ဆိုတာ ML3 ရဲ့ Mission ပဲဖြစ်ပါတယ် ။ ML3 အနေနဲ့ မြန်မာတစ်နိုင်ငံလုံးက အလုပ်လုပ်နေသူ HR တွေနဲ့ ဝန်ထမ်းအဖြစ်အလုပ်လုပ်နေသူတိုင်း အလုပ်သမားဥပဒေတွေ ဖတ်ထား ရမယ်လို့ယုံကြည်နေပါတယ် ။
အလုပ်သမားဥပဒေဖတ်ထားတဲ့ လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေကို မျှမျှတတအုပ်ချုပ်နိုင်ပြီး ဝန်ထမ်းတွေရဲ့ ကြိုးစားမှုကြောင့် ကုန်ထုတ်စွမ်းအားတိုးလာမှာအသေအချာပါပဲ ၊
ဝန်ထမ်းနှုတ်ထွက်မှုနှုန်းများနေတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း ဝန်ထမ်းတွေအထွက်များနေတာ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေချိုးဖောက်မိနေလို့လားပြန်ဆန်းစစ်နိုင်ပါတယ် ။
HR တွေအနေနဲ့လည်း အလုပ်သမားဥပဒေနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ရမှာဖြစ်တဲ့အတွက် HR diploma ရပြီးရင် အလုပ်သမားဥပဒေတွေဖတ်ထားမှသာ လုပ်ငန်းခွင်မှာအဆင်ပြေမှာဖြစ်ပါတယ် ။
အလုပ်သမားဥပဒေဖတ်ထားတဲ့ ဝန်ထမ်းတွေက ထက်မြက်တဲ့ဝန်ထမ်းတွေဖြစ်လာမှာပါ ၊လစာထုတ်လို့ Payslip ကြည့်ပြီး ဘာတွေ ဘာ့ကြောင့်အဖြတ်ခံရတာလဲ မသိတဲ့ဝန်ထမ်းတွေထက် ဘာကဘယ်လိုဆိုတာတွေအထိ သိလာတဲ့ ဝန်ထမ်း တွေဖြစ်လာနိုင်ပါတယ်။ လူမှုဖူလုံရေးခံစားခွင့်တွေဘယ်လိုရနိုင်မလဲ၊ EC စာချုပ်ချုပ်ထားရင် ဘယ်လို အကျိုး ကျေးဇူးတွေ ရမလဲ ၊ အချိန်ပိုကြေး ဘယ်လိုတွက်ကတာလဲ၊ တစ်နေ့အလုပ်ချိန်ဘယ် လောက်ရှိသင့် တာလဲ စတဲ့စတဲ့ အကြောင်းအရာတွေကို သိရှိလာမှာပါ ။
ပြန့်ကျဲနေတဲ့အလုပ်သမားဥပဒေတွေကို နားလည်ဖို့ဆိုတာမလွယ်ပါဖူး၊ အရင်ဆုံးဥပဒေတွေ လိုက်စု ရတာ တင်အ ချိန်အတော်ပေး ရပါတယ် ။စုပြီးသွားရင်လည်း ဘေးကတွန်းအားသာမရှိရင် ဖတ်ဖို့ပျင်းနေတတ်ပါတယ် ။
ဒါ့ကြောင့် အားလုံးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့
ML3 အနေနဲ ့ အလုပ်သမားဥပဒေ လေ့လာလိုသူတွေအတွက် Certificate in Understanding Labour Laws သင်တန်းရဲ့ Batch ၂ ကို ဖွင့်လှစ်ပေးသွားတော့မှာပဲဖြစ်ပါတယ် ။

ဒီသင်တန်းမှာ HR သမားတွေမသိမဖြစ်သိထားရမယ့်
ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ
အနည်းဆုံးအခကြေးငွေဥပဒေ
အခကြေးငွေပေးချေရေးဥပဒေ
အလုပ်ရုံများဥပဒေ
ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
လူမှုဖူလုံရေးဥပဒေ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေ
ဝင်ငွေခွန်ဥပဒေ
အလုပ်သမားလျော်ကြေးဥပဒေ စတဲ့ဥပဒေများကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ရောက်ပြီးသွားတာနဲ့
ခွင့်ရက် အမျိုးအစားတွေ ပိတ်ရက်အမျိုးအစားတွေနားလည်သွားမယ် ၊အချိန်ပိုကြေးဘယ်လိုတွက်ရမယ် သိသွားမယ် ၊ ဝင်ငွေခွန်ဘယ်လိုတွက်ချက်ရမယ်သိသွားမယ် ၊အလုပ်ချိန်နာရီသတ်မှတ်ချက်တွေသိသွားမယ်၊ SSB ကြေးဘယ်လိုဆောင်ရမလဲ ၊ဘယ်လိုနှုတ်ယူရမယ်ဆိုတာသိသွားမယ် ၊SSB ကရနိုင်မယ့် အကျိုးခံစားခွင့်တွေ သိရှိသွားမယ် ၊ EC စာချုပ် ချုပ်ဖို့ လိုအပ်တာတွေသိသွားမယ် ၊ အလုပ်ထုတ်တဲ့အခါ နစ်နာကြေး ဘယ်လိုပေးရတယ် သိသွားမယ် ၊ အလုပ်သမားသမဂ္ဂ္ဂတွေနဲ့ ဘယ်လို ဆက်ဆံရမယ် ၊ကိုင်တွယ်ရမယ်ဆိုတာသိသွားမယ် ၊အလုပ်သမားရေးရာအငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းရမလဲသိသွားပါမယ်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ ဘာတွေလုပ်ရမယ် သိသွားမယ် ၊ စက်ရုံ အလုပ်ရုံတွေမှာ ဘယ်လို မျိုး အလုပ်သမား တွေအတွက် ပြင်ဆင်ထားရှိရမယ်ဆိုတာ သိသွားမယ် စတဲ့စတဲ့ အကျိုးကျေးဇူးများစွာ ရရှိမှာပါ ။

သင်တန်းဖွင့်မည့်ရက်
၂၀၂၁ခုနှစ်၊ဇန်နဝါရီလ(၈)ရက်နေ့ ၊သောကြာနေ့၊

သင်တန်းကာလ -(၁)လ

သင်တန်းရက်-အပတ်စဉ်သောကြာ၊စနေ၊တနင်္ဂနွေ ည၈နာရီမှ ၉နာရီအထိ

သင်ကြားမှုပုံစံ
Zoom meeting နဲ့ Live သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ meeting မတက်နိုင်သူတွေအတွက်လည်း recorded Video lesson၊ pdfတွေနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ် ၊ သင်တန်းတက်ပြီးအလကားမဖြစ်အောင် assignment တွေလည်းလုပ်ရမှာဖြစ်တဲ့အတွက် အကျိုးမရှိမှာလည်းပူစရာမလိုပါဘူး ။

သင်တန်းကြေး
Labour Law နဲ့ ပတ်သက်ပြီး သင်တန်းကြေးတစ်သိန်းပေးတက်နေရချိန်မှာအစောဆုံးအပ်သူ အယောက် ၅၀အတွက် သင်တန်းကြေး ၃၀၀၀၀(သုံးသောင်းကျပ်) တည်းနဲ့ တက်ရောက်နိုင်မှာပါ ။

ဒီသင်တန်းလေးကို တက်ရောက်ချင်တယ်ဆိုရင် ဒီပို့စ်လေးအောက်မှာ ML3 လို့မန့်ပေးလိုက်ရုံနဲ့ သင်တန်းကြေးပေးသွင်းရမယ့် ပုံစံကို လာရောက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်

29/12/2020

Hey ML3 is coming back to you
ဒီအတောအတွင်းသင်ပေးခဲ့တဲ့ Certificate In Understanding Labour Laws (Batch 1) သင်တန်းလေးထဲက တချို့အရာလေးတွေပြန်မျှဝေပေးလိုက်ပါတယ်
Batch-2 ကို ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၈ရက်နေ့မှာ စတော့မှာဖြစ်တဲ့အကြောင်း ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်

Address

Yangon

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 05:00

Website

Alerts

Be the first to know and let us send you an email when Myanmar Labour Law Learners-ML3 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category