My Journey Notes

My Journey Notes Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Journey Notes, Educational consultant, Yangon.

“ရှေ့ရေးလဲပျောက်သလို ဖြစ်နေပြီး တကယ်ပဲ စိတ်ဓာတ်ကျနေပါပြီ၊ ကုန်ကျစရိတ်ကိုလဲချင့်ချိန် ထည့်တွက်နေရလို့ လက်ထဲတစ်ခုခုရှိသွား...
21/03/2025

“ရှေ့ရေးလဲပျောက်သလို ဖြစ်နေပြီး တကယ်ပဲ စိတ်ဓာတ်ကျနေပါပြီ၊ ကုန်ကျစရိတ်ကိုလဲ
ချင့်ချိန် ထည့်တွက်နေရလို့ လက်ထဲတစ်ခုခုရှိသွားအောင် ပြည်တွင်းကျောင်း/ပြည်ပနဲ့ပူးပေါင်းထားတဲ့ပြည်တွင်းကျောင်းမှာသာ အမြန်တက်လိုက်ချင်တော့တယ် အမ ရေ” လို့ ရင်ဖွင့်လာတဲ့ မောင်/ညီမငယ်များအတွက်…

(ကျမ ရဲ့ အတွေ့အကြုံနဲ့ ရှိထားတဲ့ ဗဟုသုတအရ သိထားသမျှ ဖြေကြားထားခြင်းသာ ဖြစ်ပါတယ်. လိုအပ်မှုရှိပါက ဖြည့်တွေးနားလည်ပေးနိုင်ပါရန် ဦးစွာမေတ္တာရပ်ခံအပ်ပါတယ်ရှင်.)

ဘွဲ့/ဒီပလိုမာ/စာတီဖီကိတ်တစ်ခုခုရဖို့ လိုအပ်တဲ့အချက် ပြင်ဆင်ရမယ့်အချက်တွေ အများကြီးထဲမှာမှ အရင်ဆုံး သတိပြုစေချင်တာက တက်ရောက်မယ့်ကျောင်းကို အလျင်အမြန် မရွေးချယ်မိဖို့ မဆုံးဖြတ်မိစေဖို့က ပထမဦးဆုံးလိုအပ်ချက်ပါပဲ. ခေတ်စကားနဲ့ပြောရရင် ဂျင်းမိတာမျိုး ဖြစ်မှာစိုးပါတယ်. အခုခေတ်အခြေအနေရဲ့ ပညာရေးလိုအပ်မှုကို အခြေပြုလို့ ပေါ်ပေါက်လာတဲ့ ပြည်တွင်းက ကျောင်းမျိုးစုံဆိုတာ မရေမတွက်နိုင်အောင်ဖြစ်တော့ ဂျင်းမိနိုင်ခြေကလဲ အရမ်းများလာတာကြောင့်ပါ.

ပြည်တွင်းကျောင်းကနေပဲ ပြည်ပကျောင်းကို လှမ်းယူလို့ရတဲ့ လက်မှတ်တွေ၊ ပြည်တွင်းတဝက် ပြည်ပတဝက် ယူလို့ရတဲ့ လက်မှတ်တွေ၊ ပြည်တွင်းမှာတက်ပြီး နောက်ဆုံးနှစ်ကို ပြည်ပမှာယူလို့ရတဲ့ လက်မှတ်တွေ စသည်ဖြင့် လက်မှတ်ရသင်တန်းတွေ/ကျောင်းတွေ အလွန်ပဲ များပြားလွန်းပါတယ်.

မောင်/ညီမ တို့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင် သို့မဟုတ် အဆင့်မြင့်ပညာတွေ ဆက်လက်ဆည်းပူးဖို့ ကျောင်းလျှောက်ထားတော့မယ်ဆိုရင် အလုပ်ကို သို့မဟုတ် ကျောင်းကို တင်ပြမယ့် ဘွဲ့/ဒီပလိုမာ/စာတီဖီကိတ်တွေက မိမိရဲ့ အရည်အချင်းကို ထောက်ခံပေးနိုင်တဲ့ အာမခံချက်အပြည့်အဝရှိတဲ့ Accredited စာရွက်စာတမ်းတွေ ဖြစ်နေဖို့ အင်မတန်အရေးကြီးပါတယ်. သို့မဟုတ်ခဲ့ရင်တော့ အဲဒီကျောင်းမှာ တက်ရောက်ခဲ့တဲ့ အချိန် ငွေ လူ အင်အားမှန်သမျှဟာ သဲထဲရေသွန်ဆိုသလို ဖြစ်သွားနိုင်တာကြောင့်ပါ.

Accreditation ဆိုတာ…?
Accreditation ဆိုတာက သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရက ပညာရေးဆိုင်ရာကိစ္စရပ်များအတွက် ဆောင်ရွက်ရန် အာဏာလွှဲအပ်ထားတဲ့အဖွဲ့အစည်း (ဥပမာ ပညာရေးဝန်ကြီးဌာန)က ကျောင်းတစ်ကျောင်း၏ ပညာရေးဆိုင်ရာဆောင်ရွက်ချက်များ/လုပ်ငန်းများသည် အရည်အချင်းပြည့်မီကြောင်းနှင့် အဆိုပါကျောင်း၌ တက်ရောက်အောင်မြင်ခဲ့ကြသည့် ကျောင်းသားများသည်လည်း သတ်မှတ်အရည်အချင်းပြည့်ဝကြကြောင်း အာမခံချက်ပေး၍ အသိအမှတ်ပြုပေးထားခြင်း ဖြစ်ပါတယ်.

(Accreditation အကြောင်း အသေးစိတ်ကို အချိန်ရခဲ့ရင် ထပ်ရေးပေးပါမယ်. အခုတော့ စာရှည်သွားမှာစိုးတဲ့အတွက် ဒီမှာပဲ ရပ်ခွင့်ပြုပါ.)

ဒီတော့ ဂျင်းမမိရအောင် အာမခံချက်အပြည့်အဝရှိအောင် ပြည်တွင်းကျောင်းများကပြောတဲ့ သူတို့နဲ့တွဲဖက်လုပ်ကိုင်နေတဲ့ နိုင်ငံရပ်ခြားက ကျောင်းရဲ့ Accreditation ခိုင်မာမှုကို အဆိုပါ ပြည်တွင်းကျောင်းမှာ မေးမြန်းရမှာဖြစ်သလို ကိုယ်တိုင်လဲ အွန်လိုင်းကရှာဖွေရမှာဖြစ်ပါတယ်. ဒါ့အပြင် တတ်သိနားလည်နိုင်သူများထံမှာလဲ စုံစမ်းပြီးမှသာ ကျောင်းရွေးချယ်ခြင်းကို ဆုံးဖြတ်ကြရန်မှာ ပထမဦးစွာအရေးကြီးသောအချက်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ပါတယ်. မှန်ကန်ခိုင်မာတဲ့ကျောင်းများကို ရွေးချယ်နိုင်ကြပါစေရှင်.

#ပျော်ရွှင်အောင်မြင်သောဘဝများပိုင်ဆိုင်နိုင်ကြပါစေ
#ကိုယ်စိတ်နှစ်ပါးကျန်းမာအောင်ထိန်းသိမ်းနေထိုင်နိုင်ကြပါစေ
#အများအကျိုးသယ်ပိုးနိုင်ကြပါစေ

Photo credit to Original Uploader

ညီမငယ်တစ်ဦး မေးလာတဲ့ အကြောင်းအရာလေး ဖြစ်ပါတယ်. ကျမ ရဲ့ အတွေ့အကြုံနဲ့ ရှိထားတဲ့ ဗဟုသုတအရ သိထားသမျှ ဖြေကြားထားခြင်းသာ ဖြစ်...
19/03/2025

ညီမငယ်တစ်ဦး မေးလာတဲ့ အကြောင်းအရာလေး ဖြစ်ပါတယ်. ကျမ ရဲ့ အတွေ့အကြုံနဲ့ ရှိထားတဲ့ ဗဟုသုတအရ သိထားသမျှ ဖြေကြားထားခြင်းသာ ဖြစ်ပါတယ်. လိုအပ်မှုရှိပါက ဖြည့်တွေးနားလည်ပေးနိုင်ပါရန် ဦးစွာမေတ္တာရပ်ခံအပ်ပါတယ်ရှင်.

မေး
မင်္ဂလာပါရှင့် အမ. ညီမ တို့ သူငယ်ချင်းတွေ မာစတာ လျှောက်ချင်လို့ပါ. တခြားလိုအပ်တာတွေလဲ မေးနေ စုံစမ်းနေတာပေမယ့် တစ်ခုမရှင်းနေတာက ကျောင်းစာသင်သက်တမ်းမပြည့်ရင် မခေါ်ဘူးဖြစ်တတ်တယ် ဆိုတာပါ. အချိန်ရရင် ဖြေပေးပါဦးနော်. ကျေးဇူးပါရှင့်.

ဖြေ
ဟုတ်ပါတယ် ညီမ ရေ. မာစတာလျှောက်ထားတဲ့အခါ ကျောင်းအများစု(အများစု)က ငယ်စဉ်ကျောင်းစတက်တဲ့နှစ်ကစလို့ ဘွဲ့ရပြီးသည့်အချိန်ထိ စုစုပေါင်း ၁၆ နှစ်ရှိမှ လက်ခံကြတာများပါတယ်. ဆိုလိုတာက အမ တို့ဆီမှာဆိုရင် သူငယ်တန်းစတက်တဲ့နှစ်ကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ အောင်မြင်ခဲ့တဲ့ခုနှစ်တွေကို တစ်နှစ်စီပေါင်းသွားပြီး ရေတွက်ပါတယ်. အဲဒီနောက် တက္ကသိုလ်တက်ရောက်အောင်မြင်ပြီး ဘွဲ့ရလာသည်ထိ အောင်မြင်ခဲ့တဲ့နှစ်တွေကို တစ်နှစ်စီထပ်ထည့်ပေါင်းပြီး ရေတွက်ပါတယ်. အဲဒီလိုမျိုးပါ.

အကယ်၍ ညီမ တို့ သူငယ်ချင်းတစ်စုက ငယ်စဉ်ဘဝမှာလဲ စနစ်ဟောင်း‌ ကျောင်းတက်သက်တမ်းနဲ့ တက်ရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်. တက္ကသိုလ်တက်တော့လဲ စနစ်ဟောင်း ကျောင်းတက်သက်တမ်းအရ ၃ နှစ်နဲ့ ဘွဲ့ရခဲ့တာဆိုရင်တော့ စုစုပေါင်း ကျောင်းတက်သက်တမ်းက ၁၁+၃=၁၄ ဖြစ်နေတဲ့အတွက် ၂ နှစ်လောက် လိုနေမှာပါ. အမ မိတ်ဆွေအချို့ဆိုရင် ကျောင်းလျှောက်လိုက်တိုင်း အဘက်ဘက်က ပြည့်စုံနေလျက်နဲ့ ဝင်ခွင့် ပယ်ရှားခြင်းခံရတာ၊ စကော်လာရှစ် ဆိုရင်လဲ paper screening အဆင့်မှာတင် ကျန်ခဲ့တာတွေ ကြုံခဲ့ကြရပါတယ်.

ဒါဆို အမ ရေ ညီမ တို့က ကျောင်းသက်တမ်းမပြည့်ခဲ့ဘူး ကျောင်းလဲ ပြန်သွားတက်လို့မရတော့ဘူး လိုနေတဲ့ နှစ်ကို ဘယ်လိုဖြည့်ရမလဲလို့ဆိုရင်တော့ ဖြည့်လို့ရပါတယ်. ကိုယ့်နိုင်ငံအတွင်း အစိုးရတက္ကသိုလ်တွေမှာ ဖွင့်လှစ်တဲ့ သင်တန်းတွေ၊ အစိုးရအသိအမှတ်ပြုအဖွဲ့အစည်းတွေက ဖွင့်တဲ့ သင်တန်းတွေနဲ့ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ သင်တန်းတွေမှာ တက်ရောက်အောင်မြင်ခဲ့တဲ့ ဘွဲ့/ဒီပလိုမာတွေရဲ့ အထောက်အထားစာရွက်စာတမ်းကို ကျောင်းသင်သက်တမ်းမှာ ထည့်ပေါင်းရေတွက်လို့ရပါတယ်.

ဒါကြောင့်မို့ အမ အပေါ်မှာ ပြောခဲ့သလို မာစတာတက်ရောက်နိုင်ဖို့ လက်ခံတဲ့ ကျောင်းတက်သက်တမ်းကို ကျောင်းတိုင်းက ကန့်သတ်တာမဟုတ်ပေမယ့် အများစုက ကန့်သတ်တာဖြစ်လို့ ကိုယ်လျှောက်ချင်တဲ့ ကျောင်းတွေရဲ့ သဘောတရားကိုတော့ သိထားဖို့ သေချာလေ့လာထားဖို့တော့ လိုအပ်ပါလိမ့်မယ် ညီမ ရေ. မာစတာကျောင်းသူကြီးတွေ အမြန်ဆုံးဖြစ်နိုင်ကြပါစေရှင်.

#ပျော်ရွှင်အောင်မြင်သောဘဝများပိုင်ဆိုင်နိုင်ကြပါစေ
#ကိုယ်စိတ်နှစ်ပါးကျန်းမာအောင်ထိန်းသိမ်းနေထိုင်နိုင်ကြပါစေ
#အများအကျိုးသယ်ပိုးနိုင်ကြပါစေ

Photo credit to Original Uploader

ညီမငယ်တစ်ဦး ရဲ့ မေးခွန်းလေး ဖြစ်ပါတယ်. ကျမ ရဲ့ အတွေ့အကြုံနဲ့ ရှိထားတဲ့ ဗဟုသုတအရ သိထားသမျှ ဖြေကြားထားခြင်းသာ ဖြစ်ပါတယ်. လ...
19/03/2025

ညီမငယ်တစ်ဦး ရဲ့ မေးခွန်းလေး ဖြစ်ပါတယ်. ကျမ ရဲ့ အတွေ့အကြုံနဲ့ ရှိထားတဲ့ ဗဟုသုတအရ သိထားသမျှ ဖြေကြားထားခြင်းသာ ဖြစ်ပါတယ်. လိုအပ်မှုရှိပါက ဖြည့်တွေးနားလည်ပေးနိုင်ပါရန် ဦးစွာမေတ္တာရပ်ခံအပ်ပါတယ်ရှင်.

မေး
၂၀၂၀ မှာ ဆယ်တန်းအောင်ထားပြီး ပညာရေးရပ်တန့်သွားခဲ့ရာကနေ အခု English ပြင်ဆင်ပြီး ကျောင်းသွားတက်ဖို့ ကြိုးစားချင်လို့ပါ. ပြီးတော့ အသက်အားဖြင့်ရော မီပါဦးမလားနော် အမ.

ဖြေ
အခုပြောလာတဲ့ English စာပြင်ဆင်ပြီး ကျောင်းတက်မယ်ဆိုတဲ့ ကိစ္စရပ်မှာ English စာအပြင် သက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ သို့မဟုတ် တက္ကသိုလ်တက်ဖြစ်ပြီ ဆိုတဲ့အခါ ရွေးချယ်မယ့် ဘာသာရပ်ပိုင်းဆိုင်ရာလေးတွေကိုလဲ ဒီမှာကြိုတင် သင်ယူသွားစေချင်ပါတယ်. ဒါမှသာ နိုင်ငံရပ်ခြားကျောင်းတက်ရောက်တဲ့အခါ အများသိထားကြတဲ့အတိုင်း ဓလေ့ထုံးတမ်းနဲ့ယဉ်ကျေးမှု/ဘာသာစကား/အစားအသောက်/ရာသီဥတု စတဲ့ မတူညီမှုတွေကို သေချာပေါက်ရင်ဆိုင်ရမယ့်အပြင် သင်ကြားပေးမယ့် ဆရာများရဲ့ အသံနေအသံထား၊ ဘာသာရပ်ရဲ့ ခက်ခဲမှုတွေကိုပါ ကြုံဆုံရမှာဖြစ်လို့ ဘာသာရပ်ခက်ခဲမှုမှာ ထိုက်သင့်သလောက်လေး ပြေလည်အောင်လို့ ကြိုတင်သင်ယူထားဖို့ အကြံပြုချင်ပါတယ် ညီမ ရေ.

အသက်အားဖြင့်ရော မီပါဦးမလားဆိုတော့ ၂၀၂၀ မှာ ဆယ်တန်းအောင်ခဲ့တာဖြစ်တဲ့အတွက် ၅ နှစ်နီးပါး ရှိခဲ့ပြီမို့ အသက် က ၂၁ ဝန်းကျင်လောက် ရှိပြီပေါ့နော်. များသောအားဖြင့် undergrad တွေကို လက်ခံတဲ့အသက်က ၂၅ နှစ်အထိ ဖြစ်ပါတယ် (ပိုနည်း/ပိုများ ကွဲလွဲမှုအနည်းငယ် ရှိနိုင်ပါတယ်). ကျောင်းလျှောက်ထားတဲ့အခါ English ရမှတ်နဲ့ အခြားသော စာရွက်စာတမ်းတွေအပြင် ၅ နှစ်နီးပါး ဒီကြားထဲ ဘာလုပ်နေခဲ့သလဲဆိုတာမျိုး တချို့ကျောင်းတွေက မေးတတ်ပါတယ်. အဲဒီတော့ ကိုယ့်ဘက်က သူမမေးခင် ဥပမာ ကျောင်းသာ ဆက်မတက်ဖြစ်ပေမယ့် အလုပ်လုပ်နေခဲ့တာ၊ ဒီပလိုမာ/ဆာတီဖီကိတ်သင်တန်းလေးတွေ တက်နေခဲ့တာ စသည်ဖြင့် ပြနိုင်မယ် ပြောနိုင်မယ်ဆိုရင် ကျောင်းဝင်ခွင့်အတွက် ပိုလို့လက်ခံနိုင်ဖွယ်ရာ ရှိပါတယ်. မဖြစ်မနေတော့ မဟုတ်ပေမယ့် ပြည့်စုံစေချင်တဲ့ သဘောပါ ညီမ ရေ. Undergrad အသက်ကန့်သတ်ချက်နဲ့က နှစ်အနည်းငယ်လိုသေးတဲ့အတွက် ဖြစ်နိုင်ချေရှိပါသေးတယ်. အားလေးထည့်ပြီး ကြိုးစားကြည့်ပါရှင်.

#ပျော်ရွှင်အောင်မြင်သောဘဝများပိုင်ဆိုင်နိုင်ကြပါစေ
#ကိုယ်စိတ်နှစ်ပါးကျန်းမာအောင်ထိန်းသိမ်းနေထိုင်နိုင်ကြပါစေ
#အများအကျိုးသယ်ပိုးနိုင်ကြပါစေ

Photo credit to Original Uploader

မိခင်တစ်ဦးထံမှ မေးခွန်းလေး ဖြစ်ပါတယ်. ကျမ ရဲ့ အတွေ့အကြုံနဲ့ ရှိထားတဲ့ ဗဟုသုတအရ သိထားသမျှ ဖြေကြားထားခြင်းသာ ဖြစ်ပါတယ်. လိ...
19/03/2025

မိခင်တစ်ဦးထံမှ မေးခွန်းလေး ဖြစ်ပါတယ်. ကျမ ရဲ့ အတွေ့အကြုံနဲ့ ရှိထားတဲ့ ဗဟုသုတအရ သိထားသမျှ ဖြေကြားထားခြင်းသာ ဖြစ်ပါတယ်. လိုအပ်မှုရှိပါက ဖြည့်တွေးနားလည်ပေးနိုင်ပါရန် ဦးစွာမေတ္တာရပ်ခံအပ်ပါတယ်ရှင်.

မေး
ကလေးက မြန်မာဆယ်တန်းဆက်မတက်ဘဲ HND (IT)ကို Level 3,4,5 အထိ Dip လက်မှတ်ရထားပါတယ်။အရင် plan ကတာ့မြန်မာပြည်မှာပဲ internship ဆင်းပြီးအလုပ်ဝင်၊အလုပ်လုပ်ရင် top up ကို online နဲ့တက်ဖို့စီစဉ်ခဲ့ပေမဲ့
အခုအခြေအနေအရ နိုင်ငံခြားပို့ပြီးကျာင်းတက်ရတော့မယ် ဖြစ်နေပါတယ်။
ထိုင်း uni တွေ India uni တွေပြောကြပေမဲ့ ကလေးက အထက်တန်းအောင်မထားတော့လျှောက်မရမှာစိုးတာနဲ့အခု GED တက်ဖို့အပ်ထားပါတယ်။
မဖြစ်မနေမို့သာနိုင်ငံခြားကိုလွှတ်ရပေမဲ့ ကျောင်းစရိတ် ကမတတ်နိုင်ပါဘူး(ကျောင်းစရိတ်မတတ်နိုင်လို့IGCSEတို့ GEDတို့မတက်ဘဲ မြန်မာပြည်ထဲမှာပဲတက်ရတဲ့ HND ကိုရွေးခဲ့တာပါ )။
နိုက်ငံခြားကျောင်းသွားတက်နိုင်ဖို့ GED အောင်လက်မှတ်ရယ် HND (IT)Dip3ခုရယ် နဲ့ full scholarship ရနိုင်ပါ့မလား။
တခြားဘာတွေရမှ ရနိုင်မလဲပြောပြပါဦးနော်။
နေ့စဉ်နဲ့အမျှရင်ထဲပူနေရတာမို့ပါ.

ဖြေ
ဟုတ်ကဲ့ အမ. full scholarship ဆိုတာမှာ တော်တဲ့ကျောင်းသားလေးတွေကိုပေးတာလဲရှိသလို လိုအပ်လို့ထောက်ပံ့ချင်လို့ပေးတာမျိုးတွေလဲရှိပါတယ်. ပြောရရင် ကလေးက အခုဖြေမယ့် GED အမှတ်ကောင်းထားရပါမယ် (HND က အမှတ်လဲ ကောင်းခဲ့မယ်ဆို ပိုအထောက်အပံ့ဖြစ်ပါတယ်). တိုင်းရင်းသား (သို့မဟုတ်) ခက်ခဲတဲ့ဒေသကလဲ ဖြစ်နေရပါမယ် ဒါဆိုရင် နှစ်ချက်လုံးနဲ့ ကိုက်ညီတာမို့ ပညာသင်ဆုရနိုင်ဖို့ ပိုနီးစပ်ပါတယ်. ပညာသင်ဆုဆိုတာမှာ ကျောင်း၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ ကုမ္ပဏီ၊ အထင်ကရပုဂ္ဂိုလ် စတာတွေရဲ့ ပေးအပ်တဲ့ဆုအမျိုးမျိုးရှိကြပါတယ်. GED ပြီးလို့ ကျောင်းစလျှောက်တော့မယ်လို့ တွေးတဲ့အချိန်ရောက်ရင် လျှောက်မယ့်ကျောင်းတွေဆီ တိုက်ရိုက်စာပို့ မေးမြန်းတာမျိုး၊ လက်လှမ်းမီသလောက် ရှေ့က ရသွားကြတဲ့ စီနီယာတွေကို မေးမြန်းတာမျိုးနဲ့ ယုံကြည်ရတဲ့ အေဂျင်စီကို စုံစမ်းတာ၊ ကိုယ်တိုင် အွန်လိုင်းက ရှာဖွေတာမျိုးတွေ သေချာလုပ်ရပါမယ်. တစ်ကျောင်းတည်းမှာပဲ လျှောက်ထားတာမျိုး မလုပ်ဘဲ အနည်းဆုံး ၅ ကျောင်းလောက်ကိုတော့ အပြိုင်လျှောက်ထားပြီး ကြိုးစားတာမျိုးလုပ်သင့်ပါတယ် အမ. အရမ်းစိတ်မပူပါနဲ့ရှင် လက်ရှိအခြေအနေမှာ ကလေးကိုလဲ အားပေး ကိုယ်တိုင်လဲ ကြံ့ခိုင်အောင် ကြိုးစားနေထိုင်ပါနော်. အရင်ဆုံးတော့ အနီးစပ်ဆုံး GED ကို အကောင်းဆုံးဖြေဆိုနိုင်ဖို့ ကလေးကို တိုက်တွန်းပါရစေ အမ ရေ.

#ပျော်ရွှင်အောင်မြင်သောဘဝများပိုင်ဆိုင်နိုင်ကြပါစေ
#ကိုယ်စိတ်နှစ်ပါးကျန်းမာအောင်ထိန်းသိမ်းနေထိုင်နိုင်ကြပါစေ
#အများအကျိုးသယ်ပိုးနိုင်ကြပါစေ

19/03/2025

Personal Account မှာ တစ်ယောက်ချင်း ဖြေပေးနေရဆဲဖြစ်လို့ မေးချင်တာလေးတွေရှိရင် ဒီပို့စ်မှာ မန့်ထားလို့ရပါတယ် (သို့မဟုတ်) ဒီပေ့ချ်မှာ စာပို့ထားလို့ရပါတယ်ရှင်. အလုပ်ချိန်ဖြစ်နေတဲ့အတွက် Reply နည်းနည်းခက်ခဲနေတာကြောင့်ပါ. အဆင်ပြေကြပါစေရှင်…

Address

Yangon

Website

Alerts

Be the first to know and let us send you an email when My Journey Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share