27/11/2025
✨ N4 Kanji for JLPT ✨
みなさん、こんにちは!
JLPT N4 မေးခွန်းဟောင်းတွေမှာ အမေးများတက်တဲ့ Kanji တွေကို အစဉ်လိုက်စုစည်းဖော်ပြပေးလိုက်ပါတယ်။
Learn Japanese with JYS! We offer easy N5 to N3 lessons, JLPT tips, and fun culture content – all online and beginner-friendly.
27/11/2025
✨ N4 Kanji for JLPT ✨
みなさん、こんにちは!
JLPT N4 မေးခွန်းဟောင်းတွေမှာ အမေးများတက်တဲ့ Kanji တွေကို အစဉ်လိုက်စုစည်းဖော်ပြပေးလိုက်ပါတယ်။
26/11/2025
JLPT N4 Kanji
TikTok · JYS Japanese Check out JYS Japanese’s post.
18/08/2025
🟠 Monday – Weekly Onomatopoeia
✨イライラしている✨
皆さん、こんにちは!
JYS Japanese မှကြိုဆိုပါတယ်。
ဒီအပတ်တနင်္လာနေ့မှာ မျှဝေပေးချင်တဲ့ オノマトペလေးကတော့ —
「イライラ」 ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။
「イライラ」 ဆိုတဲ့စကားလုံးလေးက
➡ စိတ်မကြည်ဘဲ အလိုမကျဖြစ်နေတဲ့အခါ
➡ အချိန်ကြာပြီး စောင့်နေရတဲ့အခါ
➡ သူများအပြုအမူကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတဲ့အခါ
မှာ သုံးပါတယ်။
例
👉 バスがなかなかこなくて、イライラしている。
Bus ကားက တော်တော်နဲ့မလာတဲ့ အတွက်ကြောင့် စိတ်ထဲမှာ အလိုမကျဖြစ်လာတယ် ။
👉 うまくいかない じぶんに、イライラしている。
ဘာမှအဆင်ပြေပြေမလုပ်နိုင်နေတဲ့ မိမိကိုယ်ကို စိတ်အလိုမကျဖြစ်နေမိတယ်။
ကဲ ဒီနေ့တော့ ဒီလောက်ပါပဲနော်။
また来週ね~
#イライラ #日本語学習
01/08/2025
🟢 Friday – General Knowledge Sharing
✨馬の耳に念仏 (うまの みみに ねんぶつ) ✨
ဒီတစ်ပတ် သောကြာနေ့မှာ မျှဝေပေးချင်တဲ့ ဂျပန်စကားပုံလေးကတော့ —
「馬(うま)の耳(みみ)に念仏(ねんぶつ)」 ဆိုတာပဲ ဖြစ်ပါတယ်။
🧐 အဓိပ္ပါယ်က ဘာလဲ?
ဘယ်လောက်ပဲ ကောင်းတဲ့အကြံဉာဏ်တွေ၊ သင်ကြားမှုတွေပေးနေပါစေ၊ အဲဒီလူက နားမဝင်တဲ့အခါမျိုးမှာ သုံးပါတယ်။
🗣 မြန်မာစကားပုံနဲ့ တူတာကတော့ "ကျွဲပါးစောင်းတီး" ပဲဖြစ်ပါတယ်။
📝 ဥပမာ -
* 彼(かれ)に何回(なんかい)も注意(ちゅうい)したけど、馬の耳に念仏だった。
(သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့်လည်း ကျွဲပါးစောင်းတီး ရသလိုပဲ နားမဝင်ခဲ့ဘူး။)
* 親(おや)のアドバイスも、彼女(かのじょ)には馬の耳に念仏のようだ。
(မိဘရဲ့ အကြံဉာဏ်တောင် သူမအတွက်တော့ တဖက်နားကဝင် တဖက်နားကထွက်သွားတဲ့ပုံပဲ။)
ဒီလို イディオム (စကားပုံ) တွေက နေ့စဉ်စကားပြောမှာတင်မကဘဲ အလုပ်ခွင်နဲ့ ကျောင်းမှာပါ အသုံးဝင်တာကြောင့် မှတ်ထားသင့်ပါတယ်နော်။ ✨
#日本語イディオム
#馬の耳に念仏
#毎日日本語
30/07/2025
🟡 Wednesday – Kanji Radical Spotlight
🌟 今週のRadical – きへん (木偏)🌟
皆さん、こんにちは!
ရှေ့အပတ်မှာ にんべん နဲ့ပတ်သတ်ပြီးလေ့လာခဲ့ကြတယ်နော်။
ဒီအပတ်မှာတော့🌳 きへん(木偏) ကိုမိတ်ဆက်ပေးပါမယ်!
---
📌 「きへん」って何?
➡️ 「木」(သစ်ပင်) ကိုအခြေခံထားတဲ့ Radical ဖြစ်ပါတယ်。
➡️ သစ်ပင် 🌲၊ သစ်သား 🪵、သစ်တော 🌳 နဲ့ပတ်သက်တဲ့ Kanji တွေမှာတွေ့ရပါတယ်။
---
🌟 例:きへんを使った漢字
🌲 林(はやし) – သစ်တော
🪵 板(いた) – သစ်သား
🪵 柱(はしら) – တိုင်
---
✨ Tip!
「きへん」 Radical ပါတဲ့ Kanji တွေက သစ်ပင်・သစ်သားနဲ့ဆိုင်တဲ့အဓိပ္ပါယ် အများစုမှာ တွေ့ရပါတယ်
---
🩷 Comment မှာ「あなたの好きなきへんのかんじ」をかいてね!
#部首 #きへん
28/07/2025
🟠 Monday – Weekly Onomatopoeia
✨ゴロゴロ鳴っている✨
皆さん、こんにちは!
JYS Japanese မှကြိုဆိုပါတယ်🌸
ဒီအပတ်တနင်္လာမှာ မျှဝေပေးချင်တာက オノマトペ 「ゴロゴロ」 ရဲ့ ဒုတိယအသုံးအနှုန်းပါ။
「ゴロゴロ」 ဆိုတာ မိုးကြိုးသံလိုမျိုး ဂျိမ်းဂျိမ်း၊ တဂျိမ်းဂျိမ်း ဆိုတဲ့အသံကိုဖော်ပြတဲ့အခါမှာ အသုံးများပါတယ်။
📌 例文(ဥပမာ)
・雨がふるまえに、雷が ゴロゴロ なっている。
မိုးမရွာခင်မှာ မိုးခြိမ်းသံက တဂျိမ်းဂျိမ်းမြည်နေပါတယ်။
・こどものとき、そらが ゴロゴロ なると とても こわかったです。
ကလေးဘဝတုန်းက မိုးကောင်းကင်က တဂျိမ်းဂျိမ်းမြည်လာရင် အရမ်းကြောက်ပါတယ်။
---
📌အရင်အပတ်က 「ゴロゴロ」 ရဲ့ တခြားအသုံးအနှုန်းအကြောင်းလည်း ဒီမှာဖတ်လို့ရပါတယ်👇
https://m.facebook.com/story.php?story_fbid=122105868392942647&id=61578279414883&mibextid=UyTHkb
じゃ、また来週ね〜!💫
#ゴロゴロ #日本語学習
27/07/2025
🟣 Sunday -【JYS Japanese Weekly Quiz for July】
皆さん、こんにちは😊
JYS Japanese ရဲ့ July လအတွက် နောက်ဆုံး クイズ(ညဏ်စမ်းမေးခွန်း) လေးကို တင်ပေးလိုက်ပါပြီ〜!
📝 正しい答え(အဖြေမှန်)ကို မှန်မှန်နဲ့မြန်မြန်လေး ဖြေကြည့်လိုက်ပါနော်!
🎁 ဖြေဆိုသူတွေထဲက ပထမဆုံးအဖြေမှန်သူ (2) ယောက် ကို
ဖုန်းဘေလ် 1000ks လက်ဆောင်ပေးသွားမှာပါ📱✨
❤️ အဖြေမှန်သူရဲ့ comment ကို Love React လေးပေးသွားမှာဖြစ်ပြီး
လက်ဆောင်ယူဖို့ Page Messenger ကို message လုပ်ပေးပါနော်📩
👇 答えはコメント欄へ!
🕛 正解発表は明日!
#クイズで楽しく勉強 #အပတ်စဉ်クイズ
25/07/2025
🟢 Friday – General Knowledge Sharing
✨ ゴマすり ✨
皆さん、こんにちは!
JYS Japanese မှကြိုဆိုပါတယ်🌸
ဒီအပတ်သောကြာနေ့မှာ မျှဝေပေးချင်တဲ့ Japanese Idiom လေးကတော့ —
「ゴマすり」ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။
🧐📌 【ゴマすり】ဆိုတာဘာလဲ?
➡️ တစ်ဖက်လူရဲ့အကြိုက်ကိုသာလိုက်ပြီး ချီးကျူးမြှောက်ပင့်ကာ အတုအယောင်စကားပြောတတ်သူတွေအတွက် သုံးလေ့ရှိတဲ့စကားလုံးပါ။
(တချို့အခြေအနေမှာတော့ “ဖားတယ်” ဆိုတဲ့အဓိပ္ပာယ်နဲ့တူပါတယ်။)
🗣 例文 –
田中さんはいつも上司(じょうし)にゴマすりをしている。
( တနကစံက အမြဲတမ်းအထက်လူကြီးကို ချီးကျူးဖော်ပြလေ့ရှိတယ်။ )
ゴマすりばかりしていると、周り(まわり)の人にきらわれるよ。
( အမြဲတမ်းဖားနေတာပဲလုပ်နေမယ်ဆိုရင် ပတ်၀န်းကျင်ကလူတွေဆီက မုန်းခံရလိမ့်မယ်နော်။ )
---
📌 ဒီလိုအသုံးအနှုန်းတွေက 日常会話 (နေ့စဉ်သုံးစကားပြော) မှာပဲမဟုတ်ဘဲ
ビジネスシーン (လုပ်ငန်းခွင်) မှာပါတွေ့မြင်ရနိုင်တဲ့အတွက်အဓိပ္ပာယ်ကိုသေချာနားလည်ပြီးမှ သုံးဖို့ အကြံပြုလိုပါတယ်နော်✨
#日本語イディオム
#ゴマすり
#毎日日本語
23/07/2025
🟡 Wednesday – Kanji Radical Spotlight
🌟 Radicals အမျိုးအစားများ🌟
皆さん、こんにちは!
Japanese Kanji တွေကို လေ့လာရာမှာ
အရမ်းအရေးကြီးတဲ့「部首(ぶしゅ)」အကြောင်းကို ရှေ့အပတ်မှာတော့ မိတ်ဆက်ပေးပြီးပြီဆိုတော့ ဒီအပတ်မှာ ぶしゅ အမျိုးအစားတွေကိုမိတ်ဆက်ပေးမှာပါ။
ぶしゅ တွေကို အကြမ်းဖျင်းအားဖြင့် အမျိုးအစား (၇) ခု ခွဲပြီးမှတ်ကြပါတယ်။
---
(1) へん ( Kanji ရဲ့ ဘယ်ဘက်)
(2)つくり( Kanji ရဲ့ ညာဘက် )
(3)かんむり(Kanji ရဲ့ အပေါ်ဖက် )
(4)あし (Kanji ရဲ့ အောက်ခြေ)
(5)たれ ( Kanji ရဲ့ အပေါ် + ဘယ်ဘက်ခြမ်း )
(6)にょう ( Kanji ရဲ့ ဘယ်ဘက်ခြမ်း + အောက်ခြေ )
(7)がまえ ( Kanji ရဲ့ ပတ်ပတ်လည် ) အပေါ်+ ဘယ်/ညာ+ အောက်
နမူနာကြည့်ပြီး လေ့လာလို့ရအောင် Google ကပုံလေးကိုရှာပြီး ထည့်ပေးထားပါတယ်။
Disclaimer: This photo is used for educational purposes only. All rights remain with the original creator and copyright owner. If you are the owner and believe your rights have been violated, please contact us for prompt removal. No infringement is intended.
#部首 #にんべん
21/07/2025
🟠 毎週月曜日のオノマトペ
✨「ゴロゴロしている」✨
こんにちは、皆さん!
JYS Japanese မှကြိုဆိုပါတယ် 💫
ဒီတပတ် Monday မှာ မိတ်ဆက်ပေးချင်တာကတော့
👉 オノマトペ 「ゴロゴロ」 ပါ။
「ゴロゴロ」 က အဓိပ္ပာယ်တွေ အများကြီးရှိပေမယ့်
ဒီနေ့မှာတော့ “ဘာမှမယ်မယ်ရရမလုပ်ဘဲ နားနေတယ်” (သို့) "ယောင်လည်လည်လုပ်နေတယ် " ဆိုတဲ့ အသုံးအနှုန်းနဲ့ အသုံးပြုပုံကို မျှဝေပေးချင်ပါတယ်။
例えば - ဥပမာ
📘 きょうはなにもしないで、ゴロゴロしている。
📌 ဒီနေ့ဘာမှမလုပ်ဘဲ၊ အိမ်မှာပဲ နားနားနေနေတယ်။
📕 ゴロゴロしないで、ちゃんとべんきょうしなさい。
📌 ယောင်လည်လည်လုပ်မနေဘဲ သေချာလေးစာလုပ်ပါ။
🧡 ဒီလိုအချိန်တွေမှာ “ゴロゴロする” ဆိုတာ အသုံးဝင်ပါတယ်နော်။
💬 さいきん、あなたはゴロゴロしたことある?comment မှာမျှဝေပေးပါဦးနော်~
また来週ね〜!
#ゴロゴロ #擬態語 #擬音語
20/07/2025
🟣 Sunday -【JYS Japanese Weekly Quiz for July】
皆さん、こんにちは😊
JYS Japanese ရဲ့ ဒီနေ့အတွက် クイズ(ညဏ်စမ်းမေးခွန်း) လေးကို တင်ပေးလိုက်ပါပြီ〜!
📝 正しい答え(အဖြေမှန်)ကို မှန်မှန်နဲ့မြန်မြန်လေး ဖြေကြည့်လိုက်ပါနော်!
🎁 ဖြေဆိုသူတွေထဲက ပထမဆုံးအဖြေမှန်သူ (2) ယောက် ကို
ဖုန်းဘေလ် 1000ks လက်ဆောင်ပေးသွားမှာပါ📱✨
❤️ ပထမဆုံးအဖြေမှန်သူ(၂)ဦး ရဲ့ comment ကို Love React လေးပေးသွားမှာဖြစ်ပြီး
လက်ဆောင်ယူဖို့ Page Messenger ကို စာပို့ပေးပါနော်📩
👇 答えはコメント欄へ!
🕛 正解発表は明日!
#クイズで楽しく勉強 #အပတ်စဉ်クイズ
18/07/2025
🟢 Friday – General Knowledge Sharing
✨ 口がうまい 「くちがうまい 」✨
皆さん、こんにちは!
JYS Japanese မှကြိုဆိုပါတယ်။
ဒီအပတ်သောကြာနေ့မှာ မျှဝေပေးချင်တဲ့ Japanese Idiom လေးကတော့ —
「くちがうまい」 ဆိုတဲ့အသုံးအနှုန်းပဲဖြစ်ပါတယ်။
📌【くちがうまい】ဆိုတာဘာလဲ?
➡️ စကားချိုတယ်၊ ချစ်စရာကောင်းအောင် ပြောတတ်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး
တခြားသူတွေကို စကားလှလှလေးတွေနဲ့ စိတ်ချမ်းသာအောင်ပြောတတ်သူကို ဖော်ပြတဲ့အခါသုံးတတ်ပါတယ်။
🗣 ဥပမာ –
Aさん:「Bさん、久しぶり!会わないうちに、前よりきれいになりましたね~」
Bさん:「えっ、ほんとう?ありがとう。Aさん、口がうまいね〜(笑)でも、うれしい!」
Aさん:「Bさん、မဆုံတာကြာပြီနော်!、မတွေ့ရတဲ့အတောအတွင်း အရင်ကထက်ပိုလှလာတာပဲနော်~」
Bさん:「အယ်、တကယ်လား?ကျေးဇူးပါ။ A さん က အပြောချိုလိုက်တာနော် 〜(ရယ်လျက်)ဒါပေမယ့်、ပျော်သွားပြီ!」
☝️ သတိထားရမယ့်အချက် –
「くちがうまい」ကို အချို့အခါမှာ မကောင်းတဲ့အဓိပ္ပာယ်နဲ့လည်းသုံးတတ်ပါတယ်။
ဥပမာအနေနဲ့ တချို့ရောင်းသူတွေက စကားချိုချိုနဲ့ မလိုအပ်တဲ့အရာတွေကို ဝယ်သွားအောင်လုပ်တတ်တာမျိုးပါ။
🧠 Negative 用例 –
「店員さんはくちがうまいから、気をつけたほうがいいよ。いらないものは買わないように!」
「 ဆိုင်၀န်းထမ်းတွေက အပြောချိုတဲ့အတွက်ကြောင့် သတိထားတာကောင်းမယ်နော်။ မလိုတာတွေမ၀ယ်မိအောင်ဂရုစိုက်နော်။ 」
📌 အမြဲသတိပြုဖို့ –
တကယ်သုံးချင်ရင်တော့ မိမိပြောချင်တဲ့အရာနဲ့ပတ်သက်ပြီး အဓိပ္ပာယ်မှန်အောင်၊
အခြေအနေနဲ့ ကိုက်ညီအောင် သုံးဖို့လိုပါတယ်နော်။
#日本語イディオム
#口がうまい
#毎日日本語