PFI Chinese Language Centre- Unity of PFI

PFI Chinese Language Centre- Unity of PFI PFI Chinese Language Centre- is a brunch of Unity of PFI Language & Education Centre for Learners.

🇨🇳✨ Calling for Chinese Department Volunteers ✨💙 Learn, Create & Grow Together with PFI 💙Hello PFIners! 👋💙Chinese Langua...
10/08/2026

🇨🇳✨ Calling for Chinese Department Volunteers ✨

💙 Learn, Create & Grow Together with PFI 💙

Hello PFIners! 👋💙

Chinese Language ကို စိတ်ဝင်စားလား? 🇨🇳

Creative Content တွေ ဖန်တီးရတာကို နှစ်သက်လား? ✨

ဒါဆိုရင် Unity of PFI Chinese Department နဲ့အတူ Volunteer အဖြစ် လာရောက် Join လုပ်လိုက်ပါ! 💙

📌 Chinese Department မှ ခေါ်ယူမည့် Volunteer Positions များ

👩‍💼 HR
📝 Content Writer
🎨 Graphic Designer
🎬 Video Editor
📱 Admin
👥 Project Leader
🎤 Video Presenter

🔅 Chinese Department Volunteer အဖြစ် ပါဝင်ခြင်းဖြင့် ရရှိနိုင်မည့် အတွေ့အကြုံများ

🇨🇳 Chinese Language & Culture ကို လေ့လာနိုင်မယ်

🎨 Creative, Communication & Teamwork Skills တိုးတက်မယ်

💼 Portfolio အတွက် Experience ရမယ်

🤝 Supportive Team နဲ့ အတူတူ Grow လုပ်နိုင်မယ်

Experience မရှိသေးတဲ့သူတွေလည်း လျှောက်ထားနိုင်ပါတယ်နော် 🤍

အရေးကြီးတာက Experience မဟုတ်ဘဲ လေ့လာလိုစိတ်၊ ကြိုးစားချင်စိတ်နဲ့ တာဝန်ယူမှုရှိဖို့ပါ ✨

PFI Team ကနေ လိုအပ်တဲ့ Guidance နဲ့ Support တွေ ပေးသွားမှာဖြစ်လို့ အတူတူ လေ့လာတိုးတက်ကြရအောင် 💙

🎁 Volunteer ကာလအတွင်း ရရှိမည့် Benefits

🏅 Volunteer Certificate
📩 Recommendation Letter
🤝 Teamwork & Networking Experience
💻 Digital Working Skills Development
🏆 Best Volunteer Award ရရှိနိုင်မည့် အခွင့်အရေး

၄ လတာ Volunteer Journey မှာ
Chinese Department နဲ့အတူ Create, Learn & Grow Together လုပ်ကြရအောင်
🇨🇳✨

📩 လျှောက်ထားရန် Registration Form

https://docs.google.com/forms/d/e/1FAIpQLSeFXF00P5_SsUdWCq94mGNcXdW3gFF8wldoY6cRXfefG3lFGw/viewform?usp=header

📌 Registration Form ဖြည့်စွက်ပြီးနောက် Interview အတွက် လိုအပ်သော အချက်အလက်များကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်သည့်အတွက် Email ကို သေချာစစ်ဆေးပေးပါနော် ✨

အသေးစိတ် လေ့လာရန် 👇

https://www.facebook.com/share/p/1CTjimxSWW/

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞ 💙

📖 ပုံပြင်‌လေးတွေဖတ်ရင်း တရုတ်စာသင်ကြမယ် 📖大家好 𝑷𝑭𝑰ners 🙋🏻‍♀️✨ဒီနေ့မှာတော့ ပုံပြင်လေးတွေဖတ်ရင်းနဲ့ တရုတ်စာမှာ အရေးပါတဲ့ Phr...
04/08/2026

📖 ပုံပြင်‌လေးတွေဖတ်ရင်း တရုတ်စာသင်ကြမယ် 📖

大家好 𝑷𝑭𝑰ners 🙋🏻‍♀️✨

ဒီနေ့မှာတော့ ပုံပြင်လေးတွေဖတ်ရင်းနဲ့ တရုတ်စာမှာ အရေးပါတဲ့ Phrase လေးတွေနဲ့ Usage အချို့ကို လေ့လာကြည့်ကြမယ်‌နော် 💁

ဒီတစ်ခေါက်အတွက် ရွေးပေးထားတဲ့ ပုံပြင်လေးကတော့ "‌လေပြင်း🌬️နဲ့ နေမင်း🌞" ဆိုတဲ့ ပုံပြင်ကလေးပဲ ဖြစ်ပါတယ်

🌬️လေရဲ့ အားသန်မှုနဲ့ 🌞နေရောင်ရဲ့ နွေးထွေးမှုတို့ကို ဥပစာအနေနဲ့ အသုံးပြုပြီး တစ်ခါတစ်ရံမှာ ခွန်အားသုံးခြင်းထက် ကြင်နာမှုကို ပြသခြင်းက ပို၍အကျိုးရှိတတ်ကြောင်းကို သင်ခန်းစာယူနိုင်မယ့် ပုံပြင်လေးတစ်ပုဒ်ဖြစ်ပြီး လူတိုင်းကြားဖူးနားဝရှိကြမယ့် "ယုန်နဲ့လိပ်" ပုံပြင်လိုမျိုး ကမ္ဘာကျော်အီစွတ်ပုံပြင်တွေထဲက တစ်ပုဒ်ဆိုလည်း မမှားပါဘူးနော် ✨

ကဲ ဒါဆိုရင်တော့ တစ်ပုံချင်းစီ ထောက်ကြည့်ပြီး 📖 ပုံပြင်လေးကိုလည်း စမ်းဖတ်ကြည့်ရင်း Vocab နဲ့ Grammar လေးတွေ လေ့လာကြည့်လိုက်တော့နော် 🤗

တစ်လက်စတည်း Pinyin အကူအညီမပါဘဲလည်း ဖတ်ကြည့်ပြီး ကိုယ်ဘယ်လောက်ထိ ဖတ်နိုင်၊နားလည်နိုင် နေကြပြီလဲဆိုတာ Comments မှာ ပြောသွားခဲ့ကြပါဦးနော် 👇✨

အားလုံးပဲ 加油 💪 . . . .
❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

💭 HSK 7 - 9 ကဘယ်သူတွေ ဖြေထားသင့်တာလဲ?👉 ကိုယ်ကအကယ်၍ တရုတ်နိုင်ငံမှာ တိကျတဲ့ Field တစ်ခုခုအတွက် ဘာသာပြန်၊ တက္ကသိုလ်ပါမောက္...
27/07/2026

💭 HSK 7 - 9 ကဘယ်သူတွေ ဖြေထားသင့်တာလဲ?

👉 ကိုယ်ကအကယ်၍ တရုတ်နိုင်ငံမှာ တိကျတဲ့ Field တစ်ခုခုအတွက် ဘာသာပြန်၊ တက္ကသိုလ်ပါမောက္ခ၊ သုတေသနပညာရှင် စတဲ့အလုပ်အကိုင်တွေ လုပ်မယ်ဆိုမှ လိုအပ်မှာပါ။ ကျန်တာတွေက အမြင့်ဆုံး Level 6 အထိဆိုရင် ရပါပြီ

💭 HSK 2.0 Certificate တွေက အကျုံးဝင်သေးလား?

👉 အကျုံးဝင်ပါသေးတယ်။ ဒါပေမယ့် ကိုယ်ကအလုပ်တွေ၊ကျောင်းတွေ လျှောက်မယ်ဆိုရင်တော့ ကိုယ်လျှောက်မယ့် ကျောင်း/အလုပ်က လက်ခံ၊မခံကိုတော့ ကြည့်ရမှာပါ

ကဲ ဒီလောက်ဆိုရင် နားလည်ကြမယ် ထင်ပါတယ်။ ထပ်ပြီးသိချင်တဲ့ မေးခွန်းလေးတွေ ရှိရင်လည်း Comment မှာ မေးခဲ့လို့ရပါတယ်နော် 👇

HSK 2.0 နဲ့ HSK 3.0 ကွာခြားမှုကို အသေးစိတ် ကြည့်ရှူချင်တယ် ဆိုရင်တော့ ‌အောက်မှာပုံနဲ့တကွ Side by Side Comparison လုပ်ပြီး နှိုင်းယှဉ်ပြထားတာကို ကြည့်ရှူနိုင်ပါတယ်‌ရှင် 🤗

ဒါဆိုရင်ဒီလိုမျိုး စိတ်၀င်စားစရာကောင်းတဲ့ သတင်းတွေ ဗဟုသုတရစရာလေးတွေကို Page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်🫶
အားလုံးပဲ 再见 . . . . .👋

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞
❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

ဟိတ် စနေ၊တနင်္ဂနွေမှာ ဘာလုပ်ဖို့စီစဉ်ထားကြလဲ 🛍️✨大家好 𝑷𝑭𝑰ners 🙋🏻‍♀️🌟တရုတ်စာကို စာတွေမှတ်မိပေမယ့် စကားပြောရင် ဘာပြောရမလဲ မသ...
27/07/2026

ဟိတ် စနေ၊တနင်္ဂနွေမှာ ဘာလုပ်ဖို့စီစဉ်ထားကြလဲ 🛍️✨

大家好 𝑷𝑭𝑰ners 🙋🏻‍♀️🌟

တရုတ်စာကို စာတွေမှတ်မိပေမယ့် စကားပြောရင် ဘာပြောရမလဲ မသိဖြစ်နေ‌ကြလား ❓

ဒါဆိုရင် ကွက်တိပဲနော် 🤫

💬 ဒီနေ့မှာတော့ တရုတ်လို နေ့စဉ်စကားပြောတွေ လေ့ကျင့်ချင်သူ‌လေးတွေအတွက် လွယ်လည်းလွယ် အသုံးလည်းဝင်မယ့် Dialogue လေးတစ်ခု ပြင်ဆင်ပေးထားပါတယ်နော်

ဒီတစ်ခေါက်အတွက် Dialogue လေးမှာတော့ 🗓️ ကိုယ့်အတန်းဖော်နဲ့ဖြစ်ဲဖြစ် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် ပိတ်ရက်မှာ အပြင်ထွက်ဖို့ ချိန်းတဲ့အခါမှာ ပေါ့ပေါ့ပါးပါး သဘာဝကျကျဘယ်လို ပြောကြမလဲဆိုတာ လေ့လာရမှာပဲ ဖြစ်ပါတယ် 🥰

ကဲ ဒါဆိုရင် Dialogue လေးနဲ့အတူတူ လိုက်ပြောကြည့်ရင်း နောက်ခါသုံးဖို့ အသုံးအနှုန်းလေးတွေကို မှတ်သားထားလိုက်တော့နော် 🤭

အားလုံးပဲ 加油 💪 . . . .

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞
❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

Show the Post:🀄 အင်္ဂလိပ်စာကနေ "ချေးငှား"ထားတဲ့ တရုတ်စကားလုံးများ 💬大家好 𝑷𝑭𝑰ners 🙋🏻‍♀️🌟𝑷𝑭𝑰ners လေးတို့ တော်တော်များများ ☕ ...
23/07/2026

Show the Post:
🀄 အင်္ဂလိပ်စာကနေ "ချေးငှား"ထားတဲ့ တရုတ်စကားလုံးများ 💬

大家好 𝑷𝑭𝑰ners 🙋🏻‍♀️🌟

𝑷𝑭𝑰ners လေးတို့ တော်တော်များများ ☕ 咖啡 (kā fēi) ဒါမှမဟုတ် 🍫 巧克力 (qiǎo kè lì) စတဲ့စကားလုံး‌လေးတွေကို ရင်းရင်းနှီးနှီး ကြားဖူးကြတယ်ဟုတ် 💁

အဲ့ဒီစကားလုံးလေးတွေက တကယ်တမ်းတော့ တရုတ်စာမှာ နဂိုကရှိတဲ့ စကားလုံးလေးတွေ မဟုတ်ဘဲ အင်္ဂလိပ်စာကနေ တိုက်ရိုက်ယူသုံးထားတဲ့ Loan Words လေးတွေပဲ ဖြစ်ပါတယ် 🇬🇧

💬 ဒါဆိုရင် Loan Words ဆိုတာကရော ဘာကြီးလဲ

📚 Loan Words ဆိုတာ အခြားဘာသာစကားတစ်ခုကနေ အသံထွက်တိုက်ရိုက်ဖြစ်စေ၊ တိုက်ရိုက်ဘာသာပြန်ဆိုပြီး ဖြစ်စေ၊ အသံထွက်နဲ့ အဓိပ္ပာယ်ပေါင်းစပ်ပြီး ဖြစ်စေ စသည်ဖြင့် အတုယူပြီး ပြောဆိုကြတဲ့ စကားလုံးတွေကို ခေါ်တာဖြစ်ပြီး ဘာသာစကားသင်ယူရာမှာ ပိုမိုလွယ်ကူစေပါတယ်

📚 တရုတ်ဘာသာစကားမှာဆိုရင် Loan Words အများစုဟာ အင်္ဂလိပ်စာကနေ ယူသုံးထားတာဖြစ်ပြီး များသောအားဖြင့် အစားအစာ၊ Technology၊ အားကစားနဲ့ ပတ်သက်တဲ့ စကားလုံးတွေ သို့မဟုတ် ဗန်းစကားတွေ စတာတွေမှာ အသုံးပြုကြတာ ဖြစ်ပါတယ်

ဒါဆိုရင် ဒီနေ့မှာတော့ တရုတ်စာမှာ အသုံးများ၊အသိများတဲ့ Loan Words လေးအချို့ကို မျှဝေပေးသွားမှာမို့ အတူတူလေ့လာ ကြည့်ကြရအောင်နော် 🤗

အားလုံးပဲ 加油 💪. . . .
❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

📢  HSK စာမေးပွဲဖြေဖို့ စီစဉ်နေသူတွေအတွက် HSK 2.0 နဲ့ HSK 3.0 အကြောင်း သိကောင်းစရာများ大家好 𝑷𝑭𝑰ners 🙋🏻‍♀️🌟HSK စာမေးပွဲ Vers...
20/07/2026

📢 HSK စာမေးပွဲဖြေဖို့ စီစဉ်နေသူတွေအတွက် HSK 2.0 နဲ့ HSK 3.0 အကြောင်း သိကောင်းစရာများ

大家好 𝑷𝑭𝑰ners 🙋🏻‍♀️🌟

HSK စာမေးပွဲ Version အသစ်အကြောင်း သိပြီးကြပြီလား ❓

📖 HSK စာမေးပွဲနဲ့ ရင်းနှီးတဲ့သူတွေ၊ တရုတ်စာကို အချိန်တစ်ခုစာလောက် လေ့လာဖူးသူတွေဆိုရင် လွန်ခဲ့တဲ့ 5 နှစ် 2021 ခုနှစ်တုန်းက HSK စာမေးပွဲကို Level အသစ်ထပ်တိုးပြီး စံနှုန်းအသစ်နဲ့အတူ မူရင်း Level တွေကိုပါ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ကြမှာပါ 💁

🗓️ ဒီသတင်းထွက်ပြီး နောက်နှစ်တွေအတွင်းမှာလည်း Level အသစ်တွေဖြစ်တဲ့ 🎖️ HSK 7 - 9 ကို စာမေးပွဲစင်တာအချို့မှာ အစမ်းသဘောမျိုး ဖြေဆိုစမ်းသပ်မှု‌တွေနဲ့ စံနှုန်းအသစ်၊ ဖြည့်စွက်ပြင်ဆင်ထားတဲ့ သင်ရိုးအသစ်တွေကို ချပြတာမျိုး ရှိခဲ့ပေမယ့် အစစ်အမှန်စာမေးပွဲ ဖြေကြားနိုင်‌ပြီဖြစ်‌ကြောင်း တရားဝင်ထုတ်ပြန်ခြင်းမျိုးတော့ မရှိခဲ့ပါဘူး

ဒါပေမယ့် နောက်ဆုံးရရှိထားတဲ့ 📰 သတင်းတွေအရ ဒီနှစ် 2026 ခုနှစ်မှာတော့ Version အဟောင်းမှအသစ်သို့ ဖြည်းဖြည်းချင်း ကူးပြောင်းတဲ့ကာလ ဝင်ရောက်လို့လာပြီး ကမ္ဘာအရပ်ရပ်က စာမေးပွဲစင်တာအသီးသီးမှာ စာမေးပွဲစနစ်ကို အဆင့်မြင့်တင်မှုများ ပြုလုပ်လာတော့မည်ဖြစ်ကြောင်း ပြောကြားထားတာကို တွေ့ရပါတယ် 📈

ဒါကြောင့် ဒီ‌နေ့မှာတော့ 📚 စာမေးပွဲစနစ်အသစ်အကြောင်း သိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် HSK 2.0 နဲ့ HSK 3.0 ဘာတွေ ပြောင်းလဲသွားမှာလဲဆိုတာနှိုင်းယှဉ်ပြောပြပေးသွားမှာ ဖြစ်ပါတယ်

1️⃣ အရင်ဆုံး HSK စာမေးပွဲဆိုတာဘာလဲ အရင်ကြည့်ကြည့်ရအောင်

📚 HSK (Hànyǔ Shuǐpíng Kǎoshì) ဆိုတာက နိုင်ငံတကာအသိအမှတ်ပြု တရုတ်စာအရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပြီး ‌ကမ္ဘာအရပ်ရပ်က တရုတ်စာလေ့လာလိုသူတွေအ‌နေနဲ့ ကိုယ့်ရဲ့တရုတ်စာကျွမ်းကျင်မှုကို ဆန်းစစ်ပြီး အသိအမှတ်ပြုလက်မှတ် ရရှိနိုင်မယ့် စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်

📚 အထူးသဖြင့် တရုတ်နိုင်ငံမှာ ကျောင်းတက်လိုသူ၊ အလုပ်လုပ်လိုသူတွေ အတွက်တော့ HSK စာမေးပွဲရလဒ်တွေက မရှိမဖြစ်လိုအပ်တဲ့ တရုတ်စာကျွမ်းကျင်မှု အထောက်အထား တစ်ခုပါပဲ

ကဲ... ဒါဆိုရင် HSK 2.0 နဲ့ 3.0 ဘာတွေကွာလဲ ကြည့်ကြည့်ကြရအောင်

2️⃣ HSK 2.0 Old Version မှာ ဘာတွေပါလဲ 🤔

📖 အခုလက်ရှိမှာ ဖြေဆိုနေကြတဲ့ HSK 2.0 စာမေးပွဲဟာဆိုရင် Level 1 - 6 အထိ ခြောက်ခုရှိပြီး အခြေခံအားဖြင့် Elementary, Intermediate နဲ့ Advanced ဆိုပြီး သုံးပိုင်းခွဲခြားထားပါတယ်

📚 Vocabulary : Level 1 မှ 6 အထိစုစုပေါင်း ဝေါဟာရအလုံးရေ 5000 ကျော်ပါဝင်ပြီး အခြေခံနေ့စဉ်စကားပြောမှ သတင်းအချက်အလက်တွေလို ပိုမိုရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို တရုတ်လိုချောချော‌မွေ့မွေ့ ပြောဆိုဆက်ဆံနိုင်ဖို့ စကားလုံးများစွာ ပါဝင်ပါတယ်

📚 Exam Structure : Listening, Reading နဲ့ Writing တို့ပါဝင်ပြီး HSK Level 1 နဲ့ 2 တို့မှာ Writing Section မပါဝင်ဘဲ Level 3 မှသာ စတင်ဖြေဆိုရတာ ‌ဖြစ်ပါတယ်

📚 Speaking Section : Elementary, Intermediate နဲ့ Advanced သုံးပိုင်းခွဲခြားထားပြီး HSKK ဆိုပြီး သက်သက်ဖြေဆိုရတာ ဖြစ်ပါတယ်

3️⃣ HSK 3.0 New Version မှာရော ဘာတွေပါမှာလဲ 🤔

📖 မကြာခင်မှာ စတင်ဖြေဆိုခွင့် ရရှိတော့မယ့် HSK 3.0 ဟာဆိုရင် မူလ HSK 2.0 စာမေးပွဲ CEFR (Common European Framework of Reference for Languages) စံနှုန်းများနဲ့အညီ ပြန်လည်မွမ်းမံထားတဲ့ စာမေးပွဲဖြစ်ပြီး 9 Level - 3 Stages ပုံစံကိုအသုံးပြုထားပါတယ်

📚 Level Structure : 9 Level - 3 Stages

• Level 1 - 3 : Stage 1 (Elementary)
• Level 4 - 6 : Stage 2 (Intermediate)
• Level 7 - 8 : Stage 3 (Advanced)

📚 Vocabulary : Level 1 - 6 မှာဝေါဟာရ အလုံးရေ 5000 ကျော်ပါဝင်ပြီး တရုတ်စာကို အတော်အတန် ချောမွေ့စွာပြောဆိုနိုင်ဖို့ စကားလုံးများစွာ ပါဝင်ပါတယ်။ Level 7 - 9 မှာ‌တော့ဝေါဟာရ အလုံးရေ တိတိကျကျ ဖော်ပြထားခြင်းမရှိဘဲ Level 9 ခုပေါင်း အလုံးရေ 11000 ကျော်ပါဝင်ပါတယ်။

📚 Exam Structure : Listening, Reading နဲ့ Writing အပြင် Speaking ကို HSK Level 3၊ Translation ကို Level 4 စသည်ဖြင့် Level အသီးသီးမှစတင်ပြီး မဖြစ်မနေ ဖြေဆိုရတော့မှာ ဖြစ်ပါတယ်

📚 CEFR Alignment :

• Level 1 - 3 : Elementary (CEFR A1 - A2)
• Level 4 - 5 : Intermediate (CEFR B1 - B2)
• Level 6 : Advanced (CEFR C1)
• Level 7 - 9 : Mastery (CEFR C2)

ကဲဒါဆိုရင် HSK 3.0 အကြောင်းလဲ ပြောပြပြီးပြီဆိုတော့ အမေးများတတ်တဲ့ မေးခွန်းလေးတွေကို ဖြေပေးသွားပါမယ်

4️⃣ Frequently Asked Questions

💭 HSK 3.0 က အခုဖြေလို့ရနေပြီလား ?

👉 အခုလက်ရှိမှာ‌တော့ စာမေးပွဲစင်တာ အသီးသီးက ပြင်ဆင်မှု‌‌တွေ ပြုလုပ်ဆဲဖြစ်တာမို့ HSK 3.0 ဖြေနိုင် မဖြေနိုင်က ကိုယ်ဖြေမယ့်စင်တာရဲ့ Website မှာ သွားကြည့်ရမှာ ဖြစ်ပါတယ်

💭 အရင် HSK 2.0 ကိုရော ဖြေလို့ရသေးလား ?

👉 ရပါသေးတယ်။ ဒီနှစ်အတွင်းမှာတော့ HSK 2.0 ကဆက်လက်ဖြေဆိုလို့ ရနေဆဲဆိုပေမယ့် နောက်နှစ်တွေက မသေချာတော့လို့ သင်ရိုးအသစ်နဲ့အတူ HSK 3.0 ကို ကြိုတင်ပြင်ဆင်ထားဖို့ အကြံပေးပါတယ်နော်

💭 HSK 7 - 9 ကဘယ်သူတွေ ဖြေထားသင့်တာလဲ?

👉 ကိုယ်ကအကယ်၍ တရုတ်နိုင်ငံမှာ တိကျတဲ့ Field တစ်ခုခုအတွက် ဘာသာပြန်၊ တက္ကသိုလ်ပါမောက္ခ၊ သုတေသနပညာရှင် စတဲ့အလုပ်အကိုင်တွေ လုပ်မယ်ဆိုမှ လိုအပ်မှာပါ။ ကျန်တာတွေက အမြင့်ဆုံး Level 6 အထိဆိုရင် ရပါပြီ

💭 HSK 2.0 Certificate တွေက အကျုံးဝင်သေးလား?

👉 အကျုံးဝင်ပါသေးတယ်။ ဒါပေမယ့် ကိုယ်ကအလုပ်တွေ၊ကျောင်းတွေ လျှောက်မယ်ဆိုရင်တော့ ကိုယ်လျှောက်မယ့် ကျောင်း/အလုပ်က လက်ခံ၊မခံကိုတော့ ကြည့်ရမှာပါ

ကဲ ဒီလောက်ဆိုရင် နားလည်ကြမယ် ထင်ပါတယ်။ ထပ်ပြီးသိချင်တဲ့ မေးခွန်းလေးတွေ ရှိရင်လည်း Comment မှာ မေးခဲ့လို့ရပါတယ်နော် 👇

HSK 2.0 နဲ့ HSK 3.0 ကွာခြားမှုကို အသေးစိတ် ကြည့်ရှူချင်တယ် ဆိုရင်တော့ ‌အောက်မှာပုံနဲ့တကွ Side by Side Comparison လုပ်ပြီး နှိုင်းယှဉ်ပြထားတာကို ကြည့်ရှူနိုင်ပါတယ်‌ရှင် 🤗

ဒါဆိုရင်ဒီလိုမျိုး စိတ်၀င်စားစရာကောင်းတဲ့ သတင်းတွေ ဗဟုသုတရစရာလေးတွေကို ဆက်လက်ဖတ်ရှူချင်တယ်ဆိုရင်တော့ Page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်🫶
အားလုံးပဲ 再见 . . . . .👋

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

.0_NewVersion

13/07/2026

📢 HSK စာမေးပွဲဖြေဖို့ စီစဉ်နေသူတွေအတွက် HSK 2.0 နဲ့ HSK 3.0 အကြောင်း သိကောင်းစရာများ

大家好 𝑷𝑭𝑰ners 🙋🏻‍♀️🌟

HSK စာမေးပွဲ Version အသစ်အကြောင်း သိပြီးကြပြီလား ❓

📖 HSK စာမေးပွဲနဲ့ ရင်းနှီးတဲ့သူတွေ၊ တရုတ်စာကို အချိန်တစ်ခုစာလောက် လေ့လာဖူးသူတွေဆိုရင် လွန်ခဲ့တဲ့ 5 နှစ် 2021 ခုနှစ်တုန်းက HSK စာမေးပွဲကို Level အသစ်ထပ်တိုးပြီး စံနှုန်းအသစ်နဲ့အတူ မူရင်း Level တွေကိုပါ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ကြမှာပါ 💁

🗓️ ဒီသတင်းထွက်ပြီး နောက်နှစ်တွေအတွင်းမှာလည်း Level အသစ်တွေဖြစ်တဲ့ 🎖️ HSK 7 - 9 ကို စာမေးပွဲစင်တာအချို့မှာ အစမ်းသဘောမျိုး ဖြေဆိုစမ်းသပ်မှု‌တွေနဲ့ စံနှုန်းအသစ်၊ ဖြည့်စွက်ပြင်ဆင်ထားတဲ့ သင်ရိုးအသစ်တွေကို ချပြတာမျိုး ရှိခဲ့ပေမယ့် အစစ်အမှန်စာမေးပွဲ ဖြေကြားနိုင်‌ပြီဖြစ်‌ကြောင်း တရားဝင်ထုတ်ပြန်ခြင်းမျိုးတော့ မရှိခဲ့ပါဘူး

ဒါပေမယ့် နောက်ဆုံးရရှိထားတဲ့ 📰 သတင်းတွေအရ ဒီနှစ် 2026 ခုနှစ်မှာတော့ Version အဟောင်းမှအသစ်သို့ ဖြည်းဖြည်းချင်း ကူးပြောင်းတဲ့ကာလ ဝင်ရောက်လို့လာပြီး ကမ္ဘာအရပ်ရပ်က စာမေးပွဲစင်တာအသီးသီးမှာ စာမေးပွဲစနစ်ကို အဆင့်မြင့်တင်မှုများ ပြုလုပ်လာတော့မည်ဖြစ်ကြောင်း ပြောကြားထားတာကို တွေ့ရပါတယ် 📈

ဒါကြောင့် ဒီ‌နေ့မှာတော့ 📚 စာမေးပွဲစနစ်အသစ်အကြောင်း သိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် HSK 2.0 နဲ့ HSK 3.0 ဘာတွေ ပြောင်းလဲသွားမှာလဲဆိုတာနှိုင်းယှဉ်ပြောပြပေးသွားမှာ ဖြစ်ပါတယ်

1️⃣ အရင်ဆုံး HSK စာမေးပွဲဆိုတာဘာလဲ အရင်ကြည့်ကြည့်ရအောင်

📚 HSK (Hànyǔ Shuǐpíng Kǎoshì) ဆိုတာက နိုင်ငံတကာအသိအမှတ်ပြု တရုတ်စာအရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပြီး ‌ကမ္ဘာအရပ်ရပ်က တရုတ်စာလေ့လာလိုသူတွေအ‌နေနဲ့ ကိုယ့်ရဲ့တရုတ်စာကျွမ်းကျင်မှုကို ဆန်းစစ်ပြီး အသိအမှတ်ပြုလက်မှတ် ရရှိနိုင်မယ့် စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်

📚 အထူးသဖြင့် တရုတ်နိုင်ငံမှာ ကျောင်းတက်လိုသူ၊ အလုပ်လုပ်လိုသူတွေ အတွက်တော့ HSK စာမေးပွဲရလဒ်တွေက မရှိမဖြစ်လိုအပ်တဲ့ တရုတ်စာကျွမ်းကျင်မှု အထောက်အထား တစ်ခုပါပဲ

ကဲ... ဒါဆိုရင် HSK 2.0 နဲ့ 3.0 ဘာတွေကွာလဲ ကြည့်ကြည့်ကြရအောင်

2️⃣ HSK 2.0 Old Version မှာ ဘာတွေပါလဲ 🤔

📖 အခုလက်ရှိမှာ ဖြေဆိုနေကြတဲ့ HSK 2.0 စာမေးပွဲဟာဆိုရင် Level 1 - 6 အထိ ခြောက်ခုရှိပြီး အခြေခံအားဖြင့် Elementary, Intermediate နဲ့ Advanced ဆိုပြီး သုံးပိုင်းခွဲခြားထားပါတယ်

📚 Vocabulary : Level 1 မှ 6 အထိစုစုပေါင်း ဝေါဟာရအလုံးရေ 5000 ကျော်ပါဝင်ပြီး အခြေခံနေ့စဉ်စကားပြောမှ သတင်းအချက်အလက်တွေလို ပိုမိုရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို တရုတ်လိုချောချော‌မွေ့မွေ့ ပြောဆိုဆက်ဆံနိုင်ဖို့ စကားလုံးများစွာ ပါဝင်ပါတယ်

📚 Exam Structure : Listening, Reading နဲ့ Writing တို့ပါဝင်ပြီး HSK Level 1 နဲ့ 2 တို့မှာ Writing Section မပါဝင်ဘဲ Level 3 မှသာ စတင်ဖြေဆိုရတာ ‌ဖြစ်ပါတယ်

📚 Speaking Section : Elementary, Intermediate နဲ့ Advanced သုံးပိုင်းခွဲခြားထားပြီး HSKK ဆိုပြီး သက်သက်ဖြေဆိုရတာ ဖြစ်ပါတယ်

3️⃣ HSK 3.0 New Version မှာရော ဘာတွေပါမှာလဲ 🤔

📖 မကြာခင်မှာ စတင်ဖြေဆိုခွင့် ရရှိတော့မယ့် HSK 3.0 ဟာဆိုရင် မူလ HSK 2.0 စာမေးပွဲ CEFR (Common European Framework of Reference for Languages) စံနှုန်းများနဲ့အညီ ပြန်လည်မွမ်းမံထားတဲ့ စာမေးပွဲဖြစ်ပြီး 9 Level - 3 Stages ပုံစံကိုအသုံးပြုထားပါတယ်

📚 Level Structure : 9 Level - 3 Stages

• Level 1 - 3 : Stage 1 (Elementary)
• Level 4 - 6 : Stage 2 (Intermediate)
• Level 7 - 8 : Stage 3 (Advanced)

📚 Vocabulary : Level 1 - 6 မှာဝေါဟာရ အလုံးရေ 5000 ကျော်ပါဝင်ပြီး တရုတ်စာကို အတော်အတန် ချောမွေ့စွာပြောဆိုနိုင်ဖို့ စကားလုံးများစွာ ပါဝင်ပါတယ်။ Level 7 - 9 မှာ‌တော့ဝေါဟာရ အလုံးရေ တိတိကျကျ ဖော်ပြထားခြင်းမရှိဘဲ Level 9 ခုပေါင်း အလုံးရေ 11000 ကျော်ပါဝင်ပါတယ်။

📚 Exam Structure : Listening, Reading နဲ့ Writing အပြင် Speaking ကို HSK Level 3၊ Translation ကို Level 4 စသည်ဖြင့် Level အသီးသီးမှစတင်ပြီး မဖြစ်မနေ ဖြေဆိုရတော့မှာ ဖြစ်ပါတယ်

📚 CEFR Alignment :

• Level 1 - 3 : Elementary (CEFR A1 - A2)
• Level 4 - 5 : Intermediate (CEFR B1 - B2)
• Level 6 : Advanced (CEFR C1)
• Level 7 - 9 : Mastery (CEFR C2)

ကဲဒါဆိုရင် HSK 3.0 အကြောင်းလဲ ပြောပြပြီးပြီဆိုတော့ အမေးများတတ်တဲ့ မေးခွန်းလေးတွေကို ဖြေပေးသွားပါမယ်

4️⃣ Frequently Asked Questions

💭 HSK 3.0 က အခုဖြေလို့ရနေပြီလား ?

👉 အခုလက်ရှိမှာ‌တော့ စာမေးပွဲစင်တာ အသီးသီးက ပြင်ဆင်မှု‌‌တွေ ပြုလုပ်ဆဲဖြစ်တာမို့ HSK 3.0 ဖြေနိုင် မဖြေနိုင်က ကိုယ်ဖြေမယ့်စင်တာရဲ့ Website မှာ သွားကြည့်ရမှာ ဖြစ်ပါတယ်

💭 အရင် HSK 2.0 ကိုရော ဖြေလို့ရသေးလား ?

👉 ရပါသေးတယ်။ ဒီနှစ်အတွင်းမှာတော့ HSK 2.0 ကဆက်လက်ဖြေဆိုလို့ ရနေဆဲဆိုပေမယ့် နောက်နှစ်တွေက မသေချာတော့လို့ သင်ရိုးအသစ်နဲ့အတူ HSK 3.0 ကို ကြိုတင်ပြင်ဆင်ထားဖို့ ..
❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

"‌ရှေ့ဆက်ပြီးတော့ ဆက်သွားနေလိုက်ပါ ဘယ်လိုအရာတွေ ကိုယ့်ဆီက ယူဆောင်သွားခံရပါစေ....❤️‍🩹🌱"大家好 𝑷𝑭𝑰ners 👋❤️‍🩹 𝑷𝑭𝑰ners လေးတို့ ...
08/07/2026

"‌ရှေ့ဆက်ပြီးတော့ ဆက်သွားနေလိုက်ပါ ဘယ်လိုအရာတွေ ကိုယ့်ဆီက ယူဆောင်သွားခံရပါစေ....❤️‍🩹🌱"

大家好 𝑷𝑭𝑰ners 👋

❤️‍🩹 𝑷𝑭𝑰ners လေးတို့ ကိုယ့်ရဲ့ဘဝမှာ စိတ်ဓာတ်ကျရတဲ့ အခိုက်အတံ့တွေ ပင်ပန်းလွန်းလို့ အားလုံးကို စွန့်လွှတ်ပစ်လိုက်ချင်တဲ့ အခိုက်အတံ့လေးတွေ အနည်းနဲ့အများတော့ ရှိဖူးကြမှာပါ

အဲ့ဒီလို အခိုက်အတံ့တွေမှာ ဒီလိုအခက်ခဲတွေကို ကြုံတွေ့နေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့နော် တစ်နေရာရာမှာတော့ ကိုယ့်လိုမျိုး တစ်စုံတစ်ယောက်က အခက်အခဲ‌တွေကို တစ်ချိန်တည်းဖြတ်ကျော်နေမှာပဲ ‌ဆိုတဲ့စိတ်နဲ့ ဆက်လက်လျှောက်လမ်းနေလိုက်ပါ 💪

ဒီတစ်ခေါက်မှာတော့ 𝑷𝑭𝑰ners လေးတို့အတွက် စိတ်ခွန်အားဖြစ်စေမယ့် 🇨🇳 သီချင်းလေးတစ်ပုဒ်ကို မျှဝေပေးသွားမှာမို့ သီချင်းလေးနဲ့အတူ Vocab လေးတွေ Phrase လေး‌တွေ လေ့လာကြည့်ရအောင်နော် 💁

🎶 သီချင်းလေးဟာဆိုရင် 平凡之路 (píng fán zhī lù) - The Ordinary Road လို့ခေါ်ပြီး 🎥 “The Continent” (後會無期 - Hòu huì wúqí) ဆိုတဲ့ ဇာတ်ကားလေးရဲ့ Theme Song ပဲဖြစ်ပါတယ်

သူ့ရဲ့ Message လေးကတော့ "ဘယ်သူပဲဖြစ်ဖြစ် ဘ၀မှာ စိတ်ရှုပ်ရတဲ့ အခိုက်အတန့်တွေ၊ စိတ်ပျက်လက်ပျက်ဖြစ်ရတဲ့ အခိုက်အတံ့‌တွေ လမ်းပျောက်တာ အမှား‌တွေလုပ်ဖူးကြတာတွေ ရှိကြမှာပါပဲ။ ဒါပေမယ့် လက်မလျော့ဘဲ ဆက်လက်လျှောက်လမ်း‌နေပါမှ ကိုယ့်ရဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ရှာတွေ့နိုင်မှာပါ" ဆိုပြီး အားပေးထားတာပဲ ဖြစ်ပါတယ် 🌱

🎤 သီချင်းလေးမှာဆိုရင် တေးဆိုကိုယ်တိုင်က တစ်စိတ်တစ်ပိုင်း ပါဝင်ရေးစပ်ထားတာ ဖြစ်တဲ့အတွက် စာသားလေးတွေက meaningful ဖြစ်ပြီး သူ့ရဲ့ ဘဝအတွေ့အကြုံတွေကို ထင်ဟပ်နေသယောင် ရှိတာကို နားထောင်ရမှာပါ

ဒါကြောင့်မို့လို့ ဒီသီချင်းလေးကို နားထောင်ကြည့်ပြီး 𝑷𝑭𝑰ners လေးတို့ ဘယ်လို သီချင်းမျိုးလေးတွေ သဘောကျလဲ စိတ်ဓာတ်ကျနေချိန်မှာ ဘယ်လိုသီချင်းတွေ နားထောင်ဖြစ်လဲဆိုတာ မျှဝေခဲ့ပါဦးနော် 🎧

ကဲ ဒါဆိုရင် Vocab လေးတွေအတူတူ ကြည့်ကြည့်လိုက်ရအောင် 📖

အားလုံးပဲ 加油 💪. . . .

🎶 平凡之路 ((píng fán zhī lù) - The Ordinary Road
Singer : 朴树 (Pu Shu)
Composer : 朴树 (Pu Shu)
Lyricist(s) : 朴树 (Pu Shu) & 韩寒 (Han Han)

🎵平凡之路 - Chinese, Pinyin and English YouTube link ➡️ https://youtu.be/867jz5wd1ME?si=7RSlx4aoo7Y10gwF

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

ခရီးသွားရင်း တရုတ်လို လမ်းဘယ်လိုမေးကြမလဲ 🤗🤗ကိုယ်က နိုင်ငံရပ်ခြားမှာဖြစ်စေ၊ ကိုယ့်နိုင်ငံအတွင်းမှာဖြစ်စေ တစ်နယ်တစ်ခြားကို...
06/07/2026

ခရီးသွားရင်း တရုတ်လို လမ်းဘယ်လိုမေးကြမလဲ 🤗🤗

ကိုယ်က နိုင်ငံရပ်ခြားမှာဖြစ်စေ၊ ကိုယ့်နိုင်ငံအတွင်းမှာဖြစ်စေ တစ်နယ်တစ်ခြားကို ခရီးသွားတော့မယ်ဆိုရင် လမ်းမပျောက်ရအောင် နေရာတွေ၊လမ်းတွေ မေးတတ်ဖို့လိုပါတယ်

ဒီလိုမေးတတ်ဖို့အတွက်ဆို တည်နေရာတွေနဲ့ Direction စကားလုံးတွေ တွေသိတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူးနော် 🙅 ကိုယ်က အဲ့ဒီ့စကားလုံးတွေကို သုံးပြီးမေးတတ်ဖို့၊ အဖြေတွေကို နားလည်နိုင်ဖို့လည်း အရေးကြီးပါသေးတယ်

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ တရုတ်နိုင်ငံကို အလည်သွားချင်တဲ့ ners လေးတို့ လေ့လာအတုယူနိုင်ဖို့ Asking Directions အမေးအဖြေ Conversation လေးကို မျှဝေပေးသွားမှာမို့ လိုက်ပြောကြည့်ပြီး နောက်ခါသုံးဖို့ မှတ်ထားလိုက်တော့နော်

ကဲ ဒါဆိုရင် အတူတူကြည့်ကြည့်လိုက်ရအောင်🥰
အောက်မာပြထားတဲ့linkထဲမာလည်းအသေးစိတ်လေ့လာကြည့်ရှုလို့ရနေပြီနော်🤗🤞

"Practice for Improving"

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

ပုံပြင်ဖတ်ရင်း တရုတ်စာသင် : "သိုးကျောင်းသားနှင့်ဝံပုလွေ" ပုံပြင်   ners လေးတို့ ငယ်ငယ်က ပုံပြင်စာအုပ်တွေ ဖတ်ရင်းနဲ့ဖြစ်ဖ...
02/07/2026

ပုံပြင်ဖတ်ရင်း တရုတ်စာသင် : "သိုးကျောင်းသားနှင့်ဝံပုလွေ" ပုံပြင်

ners လေးတို့ ငယ်ငယ်က ပုံပြင်စာအုပ်တွေ ဖတ်ရင်းနဲ့ဖြစ်ဖြစ် ကိုယ့်မိဘအဘိုးအဘွားတွေ ပြောပြဖူးလို့ဖြစ်ဖြစ် "သိုးကျောင်းသားနှင့် ဝံပုလွေ" ဆိုတဲ့ ပုံပြင်လေးကို မကြာခဏ ကြားဖူးကြလိမ့်မယ် ထင်ပါတယ်

သိုးကျောင်းသားလေး တစ်ဦးက ရွာသူရွာသားတွေကို အပျော်အပျက် လိမ်လည်စနောက်ခဲ့တာကြောင့် တကယ်တမ်း ဒုက္ခရောက်ချိန်မှာ မည်သူမျှမယုံကြည်တော့ဘဲ အကူအညီမဲ့ခဲ့ရပုံကို ကလေးတွေ သင်ခန်းစာယူဖွယ် ရေးသားထားတဲ့ ပညာပေးဇာတ်လမ်းလေး ဖြစ်ပြီး လူတိုင်းသိကြလောက်မယ့် ပုံပြင်လေးတစ်ပုဒ်ဆိုလည်း မမှားပါဘူး

ဒီနေ့မှာတော့ ဒီပုံပြင်လေးရဲ့ Chinese Version ဖြစ်တဲ့ ! (The Wolf is Coming) ပုံပြင်လေးကို မျှဝေပေးသွားမှာမို့ ကိုယ့်ရဲ့ တရုတ်စာ Reading လေးကို လေ့ကျင့်ကြည့်လို့ ရပြီနော်

ကဲ ဒါဆိုရင် ပုံပြင်လေးကိုဖတ်ရင်း ဝေါဟာရလေးတွေ အတူတူလေ့လာ ကြည့်လိုက်ကြရအောင် ...
❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKw

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz

Address

Online Platform
Yangon

Website

Alerts

Be the first to know and let us send you an email when PFI Chinese Language Centre- Unity of PFI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share