07/08/2026
🌾 ဂျုံအရုပ်လေးတွေနဲ့ စိတ်ကူးပုံဖော်တမ်း ကစားကြမယ်! 🎨✨
ကလေးတွေအတွက် Play-Based Learning ဟာ သင်ယူမှုရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။
ဒီနေ့တော့ Nursery အတန်းက သားသားမီးမီးလေးတွေဟာ ဂျုံအရုပ်လေးတွေကို အသုံးပြုပြီး မိမိတို့ရဲ့ စိတ်ကူးစိတ်သန်းအတိုင်း ပုံဖော်ဖန်တီးကစားခြင်း လှုပ်ရှားမှုကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါတယ်။ 💛
ဒီသင်ခန်းစာမှတစ်ဆင့်…
🌟 စိတ်ကူးစိတ်သန်း (Creativity) တိုးတက်လာစေခြင်း
🌟 လက်ချောင်းအသေးစိတ်လှုပ်ရှားမှု (Fine Motor Skills) ဖွံ့ဖြိုးလာစေခြင်း
🌟 အရောင်၊ ပုံသဏ္ဍာန်များကို လေ့လာသင်ယူနိုင်ခြင်း
🌟 မိမိ၏ အတွေးအမြင်များကို ယုံကြည်မှုရှိရှိ ဖော်ထုတ်တတ်လာစေခြင်းတို့ကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။
✨ ကစားရင်း သင်ယူ၊ သင်ယူရင်း ကြီးထွား ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါတယ်။ 💜
#အကောင်းဆုံးတွေကိုအမြဲပေးတာCSLAပါ