Success Maths Academy

Success Maths Academy

Share

Strong Foundation, Smart Solutions

15/11/2025

WOW AMAZING GRAPH FUNCTION Math Notes

15/11/2025

Good morning 🥰
Solution



Photos from MatemĂĄgics's post 15/11/2025
Photos from Medina Homes's post 04/11/2025
Photos from Mathematics's post 30/10/2025
10/10/2025

လေထဲမှာဆောက်တဲ့တိုက်အိမ်တွေကြောင့် နစ်နာကြရတဲ့ကလေးတွေ...

ကလေးတွေကောင်းဖို့ လုပ်ရတာပါပဲဆိုပြီး မိဘတွေ ကြိုးစားလုပ်ပေးကြတယ်.... အပြင်သင်တန်းတွေ၊ ကျောင်းကောင်းတွေ၊ နိုင်ငံတကာကျောင်းတွေ၊ အပြင်စာမေးပွဲတွေ..... တက္ကသိုလ်ကောင်းရဖို့တွေ... ဒါပေမယ့် လေထဲမှာတိုက်အိမ်ဆောက်သလိုမဖြစ်ဖို့အရေးကြီးပါတယ်။ အရေးကြီးတဲ့အခြေခံအချက်တွေကို မလွတ်သွားဖို့ သတိထားရပါမယ်။

ကလေးတွေရဲ့တကယ့်လိုအပ်ချက်ကို သိဖို့လိုတယ်။ ကလေးတွေကို ကလေးဖြစ်ခွင့် ပေးဖို့လိုပါတယ်။ ကစားခွင့် ( သင်ကြားရေးအရုပ်တွေနဲ့မဟုတ် ၊ မိဘကစားစေချင်သလိုမဟုတ်၊ တကယ့် child led ကစားခွင့်) ၊ ကလေးတွေကို စူးစမ်းလေ့လာ ခွင့်... သူတို့ ပင်ကိုယ်ဗီဇ ကို သိခွင့်.. သူတို့ ဝါသနာကို သူတို့သိခွင့် ပေးဖို့အရေးကြီးပါတယ်။ သူတို့ သိသင့်တဲ့ limits နဲ့ boundaries ကိုသိဖို့၊ အနိုင်အရှုံး တွေကို မြည်းစမ်းနိုင်ဖို့ ၊ သူ့ကိုယ်သူ ရပ်တည်နိုင်ဖို့ အခွင့်အရေး ပေးဖို့လိုပါတယ်။ ဒါတွေ မရခဲ့ရင် ၊ ကလေးဖြစ်ခွင့်မရခဲ့ရင် inner child က တသက်လုံး လွှမ်းမိုးတတ်ပါတယ်။

ကျွန်မတို့ကလေးတွေကြီးလာရင်လေ … ကိုယ်မပြောတတ်တဲ့ဘာသာစကား... AI ဘာသာပြန်ခိုင်းလို့ရတယ်။ လှချင်ရဲ့ဆို ကြိုက်သလို ပြင်ဆင်လို့ရတယ်။ ကိုယ်မလုပ်တတ်တဲ့အလုပ် သူများ ကို ငွေပေးခိုင်းလို့ရတယ်။ ကိုယ်မတွက်တတ်တဲ့သင်္ချာ Google မှာရှာတွက်ခိုင်း/သင်လို့ရတယ်... အရာရာကို click လေးခေါက်ရုံနဲ့ ရနိုင်တဲ့ခေတ်ရောက်သွားမှာ။

ဒါပေမယ့်လေ စိတ်ဓါတ်ကျတာကို သူများငွေပေး ကျခိုင်းလို့မရဘူး။
စိတ်မလုံခြုံမှုကို ခွဲစိတ်ပြုပြင်လို့မရဘူး။
Stress ပျောက်အောင် AIနဲ့ ကုစားမရဘူး။
စိတ်ဓါတ်ပြည့်ဝ အောင် လုပ်တဲ့ဆေး online ကဝယ်မရဘူးရယ်။
ဒီအရာတွေက အင်တာနက်ကနေ ဒေါင်းလုပ်ချမရဘူးရယ်။
ငယ်ငယ်လေးကတည်းက သိစိတ်၊မသိစိတ်နဲ့သင်သွားမယ့် သူတို့ရဲ့ ဘဝ အခြေခံပါ။
သင်္ချာအိုလံပစ်ဖြေသလို တစ်လအနီးကပ် သင်လို့မရတဲ့ ၊ တော်တော်များများ မိဘ ဆရာမတွေမေ့လျော့နေတတ်တဲ့အရာတွေပါ။

ကျွန်မတို့ကလေးတွေက ကျွန်မတို့နဲ့မတူတဲ့ခေတ်ကာလမှာ ကြီးပြင်းနေကြပါတယ်။ ကလေး ၂ယောက်ရှိရင်တောင် မတူတော့ဘူး၊ ပို တိုးတက်လာတဲ့အတွက် ပိုပေးဆပ်ရတာတွေအများကြီးရှိပါတယ်။ ဒီထဲမှာ ကလေးတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာ တွေ အများကြီးပါသွားတယ်။

ဘယ်လိုဖုန်းသုံးလဲ။ trend လိုက်နိုင်လား၊ social media သုံးလား။ ရင်သား ရှိပြီလား... အရပ်ပုလား။ like ဘယ်နှစ်ခုရှိလဲ။ ပုံတွေ leak လား။ ပုံတွေ edit ပြီးတင်ခံရလား။ ခိုးရိုက်လား... အတွင်းစကား online ပေါ်ရောက်မှာလား။ ဆေး သုံးမှ cool ဖြစ်တာလား... ကောင်မလေးနဲ့အတူ မနေဖူးသေးရင် လှောင်ခံရမလား.....

ဆက်တွေးကြည့်ပါ။ ဘယ်လောက်တောင် စိတ်ပျက်၊ ကျဉ်းကျပ်လိုက်တဲ့ ရှင်သန်ခြင်းမျိုးလည်း။
ဒီတော့ စိတ်ကျတာ၊ existential crisis ရတာ၊ စိတ်ထွက်ပေါက်ရှာတာ အပြင် ဘဝပါပျက်သွားရတဲ့အရာတွေ အများကြီးရှိသလို ၊ relationship ပြသနာတွေလည်းတပုံကြီး။ အထူးသဖြင့် လူတိုင်းစိတ် အခြေအနေ မကောင်းကြတဲ့ ဒီနိုင်ငံမှာပေါ့။

ဒီလို ကလေးလေးတွေ.. ဒီလိုခေတ် ကို ကျော်ဖြတ်နိုင်ဖို့ ဘာက အရေးအကြီးဆုံးထင်လဲ။

သူတို့စိတ်.... သူတို့ကိုယ်ရည်ကိုယ်သွေး ပေါ့။ ဒိလိုဖြစ်ဖို့ ၀-၈ အရွယ် နဲ့ ဆယ်ကျော်သက် အရွယ် ကအရမ်းအရေးကြီးပါတယ်။ ကလေးတွေဆိုတာ ဆန်းကြယ်တယ်... ထိန်းချုပ်လို့မရဘူး...ဖြစ်ချင်တဲ့အတိုင်း ပုံသွင်းလို့မရဘူး။ သူတို့ကိုလေ့လာပြီးလမ်းပြပေးလို့သာရပါမယ်။ သူတို့ဦးနှောက်လေးတွေဖွံ့ဖြိုးနေဆဲ ၀-၈ မှာ သူတို့ကို အနီးကပ်လေ့လာရင်း ပြုစုပေးမှ တစ်သက်တာ အောင်မြင်ဖို့အခြေခံအုတ်မြစ်ကိုတည်ဆောက်နိုင်မှာ။

လူဆိုတာ အသိုင်းအဝိုင်းနဲ့နေတာ။ ကိုယ့်ကလေးကို ဒီလောကနဲ့ဘယ်လောက်များ အဆက်ဖြတ်နိုင်၊ ကာကွယ်ထားနိုင်မယ်ထင်ပါသလဲ။

ရင်ဆိုင်ကျော်လွှားနိုင်အောင်ပဲသင်ပေးရမှာပေါ့။ ဒါကြောင့် မိဘဆရာ တွေ့ဆုံပွဲ ဆိုရင် တကယ်တော့ ပညာရေးအပြင် ကလေးရဲ့ကိုယ်စိတ် လိုအပ်ချက်ကိုဆွေးနွေးရမှာ။ ကျွန်မကတော့ ဒါကို အဓိကထားပါတယ်။ ကလေးတစ်ယောက်ကိုကျောင်းထားတဲ့အခါ တန်ဖိုးအရှိဆုံးက မိဘ က ကိုယ့်သားသမီး ရဲ့အကြောင်း ကို ပိုသိလာပြီး လိုအပ်တဲ့အားပေးပြုစုမှုကို မိဘဆရာအတူ လုပ်နိုင်တာလို့ထင်ပါတယ်။ ဒါက တသက်တာ အကျိုးရှိစေတာ။

ကလေးတစ်ယောက် တကယ်ရေရှည် စာတော် ၊ အောင်မြင်ဖို့ဆို တကယ်လိုတာက IQ ကောင်းဖို့လည်းမဟုတ်၊ စာမေးပွဲအမှတ်လည်းမဟုတ်။ ကျူရှင်ပေါင်းများစွာတွေလည်းမဟုတ်ဘူး။ “ Quality of their early relationships” ကလေးဘဝကြုံရတဲ့ ဆက်ဆံရေးတွေရဲ့ အရည်အသွေးပါဘဲ။ Safety, belonging, love, emotional stability ဒါက အပိုမဟုတ်ဘဲ ဒါရှိမှ တကယ့်အောင်မြင်မှု ဆိုတာတာရှည်ခံနိုင်မှာပါ။
ခုခေတ် ကလေးများစွာမှာ ဒီအရာတွေမရှိသလို ကျောင်းမှာရော၊ အိမ်မှာရော ဒီလိုနွေးထွေးလုံခြုံမှု နဲ့ သူတို့လိုအင်ကို ဖြည့်ဆည်းနိုင်မှုမရတာအများကြီးတွေ့လာရပါတယ်။

ဒါကြောင့်... ကျွန်မတို့အားလုံးပြင်ဆင်သင့်ပါတယ်။ဒီတော့ လူကြီးမိဘ၊ ဆရာဆရာမတွေ အများကြီး တွေးဖို့လိုပါတယ်။ ကျွန်မတို့ကျွန်မတို့ရဲ့ ကလေးတွေအကြောင်းတကယ် သိကြပါသလား။

သူတို့ရမှတ်တွေ၊
သူတို့ ဆုတွေ...
သူတို့ မိဘတွေတင်တဲ့ Facebook ပေါ်က သူတို့အကြောင်းတွေမဟုတ်ဘဲ

သူတို့ဘာတွေကြောက်လဲ?
သူတို့စိတ်ကူး?
သူတို့ကိုဝမ်းနည်းစေတဲ့အရာ?
သူတို့ကို အားတက်စေတဲ့အရာ?
သူတို့ လိုချင်တဲ့ အရာ?
သူတို့ ပြင်ပပုံစံ?
သူငယ်ချင်းတွေနဲ့သူတို့ကြားဆက်ဆံရေး?
သူ့ရဲ့ boundaries တွေ ?

မိဘတွေကသားသမီးအတွက် အမြဲအကောင်းဆုံးကိုလိုချင်ပါတယ်။ အကောင်းဆုံးက သူတို့အလိုအပ်ဆုံး ဖြစ်ချင်မှာဖြစ်မှာပေါ့။ ဗိုက်ဆာနေတဲ့အချိန် စိန်တုံးကြီးပေးလည်း အဆာမပြေသလို ရောင်းစားမှာပေါ့ဆိုတဲ့ ကလေးဆန်ဆန် အဖြေမျိုးလည်း အသုံးမဝင်တာအမှန်ပါ။ ကလေးတွေဘဝ မြင့်မားဖို့ တိုက်အိမ်တွေ ဆောက်ကြရမှာပေါ့.... အခြေခံအုတ်မြစ်ကိုတော့ မမေ့ဖို့ အရေးကြီးပါတယ်။ ဒါမှ လေထဲဆောက်တဲ့တိုက်အိမ်တွေမဖြစ်မှာပေါ့။

ကျွန်မတို့အမြဲမှာပါတယ်။ ကလေးတိုင်းတော်ပါတယ်။ စာလည်းတော်ကြရမှာပေါ့။ တော်အောင်သင်ရမှာဖြစ်သလို ဘဝမှာ အောင်မြင်ပျော်ရွှင်အောင်လည်း ပြုစုသင်ကြားပေးရမှာပေါ့။ လောကကြီးက မလွယ်ကူဘူး။ သူတို့ကို ဒီလောကကြီးကိုလျှောက်ဖို့ ကျွန်မတို့ ပြုစုရမှာတွေအများကြီးပါ။ ကွက်လပ်တွေဖြည့်ပြီး အတူတူ ပံ့ပိုးကြပါမယ်။

ကလေးတိုင်းအားလုံးပျော်ရွှင်လုံခြုံတဲ့ဘဝလေးရကြပါစေ။

Tututat
( photo credit to owner, photo retrieved from Google)

14/09/2025

BASIC CONCEPTS OF ALGEBRA 🥰🥰❤️🌹

14/09/2025

Six formulas of Volumes🥰❤️🌹🌹

14/09/2025

Six important Theorem of Geometry 🥰❤️❤️

02/08/2025

Singapore Math,
Cambridge Math,
Olympiad Math သင်ရိုးတွေက ဘာ‌တွေ ကွာတာလဲ?

Differences Between Singapore Math, Cambridge Math and Olympiad Math

ဒီကနေ့မှာတော့ သားငယ်၊ သမီးငယ်တွေကို သင်္ချာစွမ်းရည်တွေတိုးတက်စေဖို့အတွက် လေ့ကျင့်သင်ကြားပေးလိုကြတဲ့ မိဘတွေနဲ့ Math သင်ကြားရေးနယ်ပယ်က ဆရာ၊ ဆရာမတွေ သိရှိမေးမြန်းလိုကြတဲ့ Singapore Math, Cambridge Math နဲ့ Olympiad Math တို့ရဲ့ ကွာခြားမှုတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်ရိုးတွေကို အကြမ်းဖျင်းခွဲခြားလိုက်မယ်ဆိုရင် Academic Math နဲ့ Competition Math လို့‌ တွေ့ရမှာဖြစ်ပါတယ်။
Singapore Math နဲ့ Cambridge Math ကတော့ Academic Math သင်ရိုးတွေ ဖြစ်ပြီး Olympiad Math ကတော့ စွမ်းရည်ပြိုင်ပွဲအတွက်ရည်ရွယ်တဲ့ Competition Math ဖြစ်ပါတယ်။

🔷 Singapore Math

- စင်ကာပူနိုင်ငံရဲ့ Government School မှာ ပြဋ္ဌာန်းသင်ကြားတဲ့ သင်ရိုးကို အခြေတည်ထားတာ ဖြစ်ပါတယ်
- Primary Level နဲ့ Secondary Level ဆိုပြီး ရှိပြီးတော့ မြန်မာနိုင်ငံရဲ့ Government School တွေကိုတက်ထားတဲ့ ကလေးတွေနဲ့ ကိုက်ညီတဲ့ သင်ရိုးတစ်ခုဖြစ်ပါတယ်။
- Concrete-Pictorial-Abstract (CPA) Approach နဲ့ လေ့ကျင့်သင်ကြားပေးတာဖြစ်ပြီး Problem-Solving Skills တွေကို ဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။
- လက်တွေ့ဆန်ဆန် ဖြေရှင်းလေ့ကျင့်မှုတွေကနေတစ်ဆင့် နက်ရှိုင်းတဲ့ သင်္ချာပညာရပ်ဆိုင်ရာ အသိပညာရပ်များကို တွေးခေါ်ဖြေရှင်းနိုင်စွမ်းတွေ တိုးပွားလာစေနိုင်ပါတယ်။
- International Mathematics Assessments တွေမှာ ကောင်းမွန်တဲ့ Results တွေ မြင်တွေ့ရတာကြောင့် Singapore Math ကို Private School, International School တွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာဖြစ်ပါတယ်။
- အတွက်အချက်စွမ်းရည်သာမက တွေးခေါ်နိုင်တဲ့ စွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်တာကြောင့် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးသင့်တဲ့ သင်ရိုးတစ်ခုလည်း ဖြစ်ပါတယ်။

🔷 Cambridge Math

- Cambridge University ကနေ စီစဉ်ထားတဲ့ International Assessment Curriculum တွေထဲက တစ်ခု ဖြစ်ပါတယ်။
- ဒီသင်ရိုးမှာဆိုရင် Primary Level ကနေစပြီး Advanced Level အထိ ကလေးတွေကို အသက်အရွယ်အလိုက် သင်္ချာပညာရပ်ဆိုင်ရာ စွမ်းရည်တွေ၊ အယူအဆတွေကို ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်စေဖို့ စီစဉ်ရေးဆွဲထားပါတယ်။
- လတ်တလော International School အများစုမှာ အသုံးပြုသင်ကြားနေတဲ့ သင်ရိုးတစ်ခုဖြစ်ပြီး
- Primary Stage၊ Lower Secondary Stage၊ Upper Secondary Stage နဲ့ Advanced Level (A Level) ဆိုပြီးတော့ အဆင့် (၄) ဆင့်ရှိပါတယ်။
- ဒီသင်ရိုးနဲ့သင်ကြားပြီးတဲ့အခါ ကလေးတွေရဲ့ Level အလိုက်တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ပေးတဲ့ IGCSE, Cambridge International AS & A Level Mathematics တို့လို International Mathematics Assessment Exam တွေကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
- သင်္ချာစွမ်းရည်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိမှတ်ပြု Certificate တွေရယူလိုတဲ့သူတွေအနေနဲ့ ဒီသင်ရိုးကို လေ့လာသင်ယူသင့်ပါတယ်။

🔷 Olympiad Math

- Olympiad Math ဆိုတာကတော့ Academic Math တွေဖြစ်တဲ့ Singapore Math နဲ့ Cambridge Math တို့ထက် ပိုမိုအဆင့်မြင့်တဲ့ သင်ရိုးဖြစ်ပါတယ်။
- ကမ္ဘာအဝှမ်းမှာရှိတဲ့ ကျောင်းသား/သူတွေနဲ့ သင်္ချာစွမ်းရည်တွေ ယှဉ်ပြိုင်နိုင်ဖို့အတွက် သင်္ချာနဲ့ပတ်သက်တဲ့ တွက်ချက်နည်းနာမျိုးစုံ၊ စဉ်းစားတွေးခေါ်နည်းမျိုးစုံကို အသက်အရွယ်အလိုက် လေ့ကျင့်သင်ကြားပေးတဲ့ သင်ရိုးတစ်ခုဖြစ်ပါတယ်။
- ဒီသင်ရိုးမှာဆိုရင် သင်္ချာပညာရပ်ဆိုင်ရာ အဆင့်မြင့် အကြောင်းအရာများစွာ ထည့်သွင်းထားပြီးတော့ IQ, Critical Thinking, Logical Thinking and Visualization, Analytical Thinking and Problem Solving skills စတဲ့ Mathematical Skills တွေကို ခြုံငုံမိအောင် အခန်းအလိုက် စီစဉ်ထားတာဖြစ်ပါတယ်။
- Junior Level (14 Years), Intermediate Level (14-16 years), Senior Level (16-18 years) နဲ့ International Level ဆိုပြီး အသက်အရွယ်အလိုက် ပိုင်းခြားထားတဲ့ Level (၄) ခုရှိပါတယ်။
- နိုင်ငံအလိုက်၊ ဒေသအလိုက် မတူကွဲပြားတဲ့ Olympiad Math Exam တွေ အမျိုးမျိုးရှိပြီး (1) International Mathematical Olympiad (IMO), (2) Asian Pacific Mathematics Olympiad (APMO), (3) United States of America Mathematical Olympiad (USAMO), (4) European Mathematical Olympiad (EMO) တွေကတော့ လူသိအများဆုံးပဲဖြစ်ပါတယ်။
- ငယ်စဉ်ကတည်းက သင်္ချာထူးချွန်ထက်မြက်ပြီး နိုင်ငံတကာဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ဖို့အထိ မျှော်မှန်းထားတဲ့ Genius ကလေးတွေဆိုရင်တော့ ဒီသင်ရိုးကို အသုံးပြုပြီး သင်ကြားလေ့ကျင့်ပေးသင့်ပါတယ်။ Academic Math တစ်ခုခုကို သင်ကြားပေးပြီးမှသာ ကလေးအတွက် ပိုမိုလွယ်ကူပြီး အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။

⭐ ဆရာ၊ဆရာမတို့ရဲ့ အမြင်များကိုလည်း လွတ်လပ်စွာ ဆွေးနွေးမျှ‌ဝေနိုင်ပါတယ်။

Teaching Agency က ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျှက် ရှိနေပါတယ်။







Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00