InnoVerse

InnoVerse

Share

We will offer IT courses such as AI, ML, Web development and Mobile development at a fair price.

11/05/2026

InnoVerse မှာ စာတွေသင်လို့ရတဲ့ အပြင် Project တွေပါ အပ်လို့ရနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်နော် ❤️❤️🍀🍀






10/05/2026

🤖 n8n ဆိုတာဘာလဲ?

n8n ဆိုတာ Apps, APIs နဲ့ Services တွေကို အချင်းချင်းချိတ်ဆက်ပြီးအလုပ်တွေ အလိုအလျောက်လုပ်ဆောင်ပေးနိုင်တဲ့ Open-Source Workflow Automation Platform တစ်ခုဖြစ်ပါတယ်။

ဥပမာအနေနဲ့ - Email အလိုအလျောက်ပို့ခြင်း၊ Google Sheets နဲ့ Data Sync လုပ်ခြင်း၊ Slack / Notion / CRM Tools တွေနဲ့ချိတ်ဆက်ခြင်း၊ API တွေခေါ်ပြီး Process Automation ပြုလုပ်ခြင်း စတဲ့အလုပ်တွေကို Program အပြည့်အဝရေးစရာမလိုဘဲ Workflow အနေနဲ့တည်ဆောက်နိုင်ပါတယ်။

n8n ရဲ့ထူးခြားချက်ကတော့ “Node-Based Workflow” System ကိုအသုံးပြုထားတာပါ။
Node တစ်ခုချင်းစီက Trigger, Action, Data Processing စတဲ့ Step တစ်ခုစီကိုကိုယ်စားပြုပြီး Lego ဆောက်သလို Workflow တွေကို Visual Canvas ပေါ်မှာ ချိတ်ဆက်တည်ဆောက်နိုင်ပါတယ်။

n8n ရဲ့ အားသာချက်တွေကတော့…
🔹 Open-Source ဖြစ်တဲ့အတွက် ကိုယ်ပိုင် Server ပေါ်မှာ Self-Host လုပ်နိုင်တယ်။
🔹 No-Code + Code နှစ်မျိုးလုံးအသုံးပြုနိုင်တယ်။
🔹 JavaScript / Python Logic တွေထည့်ပြီး Advanced Automation ပြုလုပ်နိုင်တယ်။
🔹 Apps & Services ရာနဲ့ချီပြီး Integration Support လုပ်ထားပါတယ်။

အတိုချုပ်ပြောရရင် n8n က Zapier သို့မဟုတ် Make လို Automation Tools တွေရဲ့ အစားထိုး Open-Source တစ်ခုဖြစ်ပြီး Automation ပိုင်းကိုပိုပြီး Control လုပ်ချင်သူတွေ၊ Developer-grade Flexibility လိုချင်သူတွေအတွက် အလွန်အသုံးဝင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ 🚀





Photos from InnoVerse's post 09/05/2026

⌨️ JavaScript ကို အခြေခံကနေ Advanced Level အထိ InnoVerse မှာ စနစ်တကျ သင်ယူနိုင်ပါပြီ။

ယနေ့ခေတ် Website တွေ၊ Web App တွေ၊ Interactive Platform တွေ အများစုရဲ့နောက်ကွယ်မှာ အလုပ်လုပ်ပေးနေတဲ့ Language ကတော့ JavaScript ပါ။

သင်က
- Frontend Developer ဖြစ်ချင်သူ
- Backend Developer လမ်းကြောင်းသွားချင်သူ
- Full-Stack Developer ဖြစ်ဖို့ရည်မှန်းထားသူ
- UX/UI Designer အနေနဲ့ Interactive Design တွေဖန်တီးချင်သူတစ်ယောက်ဆိုရင် JavaScript က “မဖြစ်မနေ” သိထားသင့်တဲ့ Skill တစ်ခုပါ။

❓ JavaScript က ဘာကြောင့် အရေးကြီးတာလဲ?

Website တစ်ခုကို “ကြည့်ကောင်းရုံ” သီးသန့်မဟုတ်ဘဲ “အသက်ဝင်ပြီးအသုံးပြုလို့ကောင်းတဲ့ Experience” ရရှိအောင် JavaScript ကဖန်တီးပေးပါတယ်။

✨ Animation Effects
✨ Interactive Buttons
✨ Dynamic Content
✨ Real-time User Experience
တွေကို JavaScript နဲ့ တည်ဆောက်ထားတာကြောင့်

အကယ်၍ JavaScript မရှိဘူးဆိုရင် Website တွေဟာ Static Page တစ်ခုလိုပဲဖြစ်နေမှာပါ။

ဒါကြောင့် Web Development နယ်ပယ်ထဲဝင်ချင်သူတိုင်းအတွက် JavaScript ဟာ ချန်ထားလို့မရတဲ့ Core Language တစ်ခုဖြစ်ပါတယ်။

🔥 InnoVerse ရဲ့ 'JavaScript Class (Batch-3)' မှာတော့…
✅ Core JavaScript Concepts
✅ DOM Manipulation
✅ Asynchronous JavaScript
✅ API Integration
✅ Advanced JavaScript Logic တွေကို အတွေ့အကြုံရှိ instructor ရဲ့လမ်းညွှန်မှုနဲ့ လက်တွေ့ project တွေ လေ့ကျင့်ပြုလုပ်ရင်း Step-by-Step လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

⏳ အချိန် (2) လအတွင်း JavaScript ကို Core Concept ကနေ Advanced Level အထိ နားလည်အသုံးပြုနိုင်ချင်တယ်ဆိုရင် InnoVerse ရဲ့ JavaScript in Depth Class ကို အခုပဲ Join လိုက်ပါ။

Class Details

Starting Date 🔹30 May, 2026
Class Date 🔹 Saturday, Sunday
Time 🔹 9:00 - 10:30 AM (MMT)
Duration 🔹 2 months
Fee 🔹 150,000 MMK
Teaching platform 🔹Zoom (Live Session )

အတန်းအပ်နှံရန် - https://forms.gle/hVoEEr2ECKR7bcDw5

One on one အတန်းများနှင့် အခြားသော AI, IT အတန်းများကိုတက်ရောက်လိုပါကလည်း page messenger မှတစ်ဆင့် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။



Photos from InnoVerse's post 07/05/2026

❓Tech career အတွက် သင်္ချာ foundation ကောင်းတစ်ခု လိုအပ်နေပြီလား။
💡InnoVerse ကို သတိရလိုက်ပါ။

🔗 နည်းပညာနယ်ပယ်ကို ဝင်ရောက်မယ့်သူတွေအတွက် သင်္ချာဆိုတာ ကင်းကွာလို့မရတဲ့အရာတစ်ခုပါ။
သင်္ချာသီအိုရီတွေကို သိရှိထားမှသာ သူတို့ရဲ့အလုပ်လုပ်ပုံ၊ နည်းပညာနဲ့ချိတ်ဆက်နေပုံတွေကို နားလည်သဘောပေါက်နိုင်မှာဖြစ်ပါတယ်။

📍InnoVerse ရဲ့ "Smart Math for Smarter Algorithms" အတန်းမှာ သင်္ချာရဲ့ အခြေခံကျောရိုးဖြစ်တဲ့

▫️Algebra
▫️Statistics
▫️Matrices & Vectors
▫️Linear system
▫️Probability
▫️Calculus

တွေအကြောင်းကို Theory + Practical Thinking နည်းဖြင့် အတွင်းကျကျသင်ကြားပေးမယ့်အပြင် activity တွေ၊ gameတွေ၊ quiz တွေနဲ့အတူ Real-world tech examples နဲ့ နားလည်ရလွယ်ကူအောင် ရှင်းလင်းသင်ပြပေးမှာဖြစ်ပါတယ်။

ဒါကြောင့် နည်းပညာနယ်ပယ်ကိုစတင်ဝင်ရောက်မယ့် beginner တွေကနေစလို့ Programming လေ့လာနေပြီး သင်္ချာအားနည်းနေသူ၊ Tech career ကို အတည်တကျ build လုပ်ချင်သူ၊ Foundation ကို strong ဖြစ်အောင်လုပ်ချင်သူ၊ နည်းပညာနယ်ပယ်မှာ လက်ရှိလုပ်ကိုင်နေသူတွေအထိ သင်္ချာနဲ့နည်းပညာဆက်နွယ်မှုကိုလေ့လာချင်သူအားလုံးအတွက် သင့်တော်ပါတယ်။

👨🏻သင်ကြားပေးမယ့် instructor ဖြစ်သူကလည်း Bachelor of Science in Mathematics ဘွဲ့ကိုရရှိထားကာ သင်္ချာသင်ကြားခြင်းအတွေ့အကြုံ (9)နှစ်အထက်ရှိပြီး ITနယ်ပယ်မှာပါ (2)နှစ်အထက် အတွေ့အကြုံတွေရှိနေသူတစ်ယောက်ဖြစ်တာကြောင့် ဆရာရဲ့ skillပိုင်းကိုယုံကြည်စိတ်ချစွာဖြင့် သင်္ချာရဲ့ အသုံးဝင်ပုံ၊အရေးပါပုံများကို လေ့လာသင်ယူနိုင်ပါတယ်။

ဒါဆို သင်္ချာအကြောင်း Details ကျကျ လေ့လာသင်ယူဖို့ အခုပဲ InnoVerse မှာ စာရင်းပေးသွင်းလိုက်တော့နော်။

စာရင်းပေးသွင်းရန် - https://forms.gle/twLTrE7qnCoG4GSx9

"Smart Math for Smarter Algorithms (Batch-4)"

Starting Date 🔹25.5.2026
Class Date 🔹Monday, Wednesday
Time 🔹8:00 - 9:30 PM
Duration 🔹2 months
Fee. 🔹100,000 MMK
Teaching platform 🔹Zoom (Live Section)

One on one အတန်းများနှင့် အ‌ခြားသော AI, IT အတန်းများကိုတက်ရောက်လိုပါကလည်း page messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။






07/05/2026

Which language is most commonly used for AI and Data Science? 🧠💭💭




05/05/2026

🌚 Dark Mode ဘာလို့ သုံးတာလဲ။

Digital Product တွေမှာ Dark Mode ကို “အမြင်လှလို့သုံးတာလား? ဒါမှမဟုတ် တကယ်လိုအပ်လို့သုံးတာလား?”
တကယ်တော့ ဒီမေးခွန်းက အဖြေတစ်ခုတည်းဖြေလို့မရပဲ အသုံးပြုနေတဲ့အခြေအနေ (context) ပေါ်မှာမူတည်နေပါတယ်။

👇🏻Dark Mode က အောက်ပါအခြေအနေတွေမှာ မဖြစ်မနေလိုအပ်တဲ့အရာတစ်ခု ဖြစ်နေတတ်ပါတယ်။

အများစုက ညဘက်လိုအလင်းရောင်နည်းတဲ့နေရာတွေမှာ Dark Mode သုံးရင် မျက်စိအေးတယ်လို့ခံစားရပါတယ်။ Screen brightness နည်းသွားတာကြောင့် မျက်စိအတွက်လည်း ပင်ပန်းမှုလျော့စေပါတယ်။ Light sensitivity ရှိသူတွေ၊ migraine ဖြစ်လွယ်သူတွေအတွက်လည်း Dark Mode အသုံးပြုရတာက ပိုပြီးအဆင်ပြေစေမှာပါ။ OLED ဖုန်းတွေမှာဆိုရင် Battery လည်း အတိုင်းအတာတစ်ခုအထိ သက်သာစေပါတယ်။

👇🏻ဒါပေမယ့် တစ်ခါတလေမှာ ဒီလိုအခြေအနေမျိုးလည်း ရှိတတ်ပါတယ်။

လူတချို့ Dark Mode ကြိုက်တာက အသုံးဝင်လို့ဆိုတာထက် “Modern ဖြစ်တယ်”, “Cool ဖြစ်တယ်” ဆိုတဲ့ ခံစားချက်ကြောင့်ပါ။ Dark Mode on လိုက်တဲ့အခါ Design ကပိုပြီး premium ဆန်သွားသလိုခံစားရတာကြောင့် အသုံးပြုတာမျိုးပါ။

📍Social media, coding tools, streaming apps, e-reading apps လို ညဘက်အသုံးများတဲ့ platform တွေမှာတော့ Dark Mode က မရှိမဖြစ်လိုအပ်ပါတယ်။

✔️ တကယ်တမ်း App တွေမှာ အဓိကအရေးကြီးတာက User ကို Dark Mode သုံး/မသုံး ရွေးချယ်ခွင့်ပေးခြင်းနဲ့ Light Mode / Dark Mode နှစ်မျိုးလုံးကောင်းကောင်းအလုပ်လုပ်ဖို့၊ contrast နဲ့ color balance ကောင်းကောင်းညှိထားဖို့ပါပဲ။

သင်ရော Dark Mode ကို "လှလို့သုံးတာလား၊ လိုအပ်လို့သုံးတာလား?" ဆိုတာ comment မှာ ဖြေခဲ့ပေးဦးနော်။





02/05/2026

🎓 IT ဘာသာရပ်တွေကိုလေ့လာရင်း Projectတွေ Thesisတွေနဲ့ ရုန်းကန်နေရပြီလား။❓

💥 သင့်အတွက် InnoVerse ရှိနေပါတယ်။

နိုင်ငံရပ်ခြားမှာ တက္ကသိုလ်တက်ရောက်နေတဲ့ student တွေအနေနဲ့ သင်ကြားနေရတဲ့ဘာသာရပ်တွေကိုနားမလည်တာ၊ ရောထွေးနေတာ၊ Deadline မတိုင်ခင် project အကောင်အထည်ဖော်ဖို့နဲ့ Thesis လုပ်ရတဲ့ pressure တွေကြောင့်ရတဲ့ စိတ်ပင်ပန်းမှုတွေကို ကြုံတွေရတတ်ပါတယ်။

✨ဒါကိုသိတဲ့ InnoVerse က သင်တို့ရဲ့စိတ်ပင်ပန်းမှုတွေကို ကုစားပေးနိုင်ဖို့ IT Student တွေအတွက်သီးသန့် One on One Study Guide, Thesis and Project Mentorship service တွေ ပြင်ဆင်ထားရှိတာကြောင့် တယောက်ထဲအပင်ပန်းခံစရာမလိုတော့ဘူးနော်။

Project / Thesis ကြောင့် စိတ်ဖိစီးနေရင်…
IT ဘာသာရပ်တွေကို အမှန်တကယ် နားလည်ချင်တယ်ဆိုရင် …

အခုပဲ InnoVerse Page👇🏻 ကို Message ပေးပို့ပြီး One on One Study Guide, Mentorship service ကို စတင်နိုင်ပါပြီ။

📩 https://m.me/InnoVerseITSchool






01/05/2026

📡 Man-in-the-Middle (MITM) ဆိုတာဘာလဲ။

Man-in-the-Middle (MITM) Attack ဆိုတာက Cyber Attack တစ်မျိုးဖြစ်ပြီး Hacker တစ်ယောက်က User နဲ့ Website (သို့မဟုတ် System) ကြားမှာ လျှို့ဝှက်ဝင်ရောက်ပြီး ဆက်သွယ်မှုတွေကို ကြားဖြတ်ဖမ်းယူတဲ့ နည်းလမ်းဖြစ်ပါတယ်။

🚨 User အနေနဲ့ Website နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ထင်ပေမယ့် တကယ်တော့ Hacker က ဒီကြားမှာဝင်ရောက်နေပြီး ပို့လိုက်တဲ့ Data တွေကို ကြည့်ရှုနိုင်သလို ပြောင်းလဲပြင်ဆင်နိုင်ပါသေးတယ်။

ဒီလို Attack မျိုးမှာ Hacker က သင့် connection ကို ကြားဖြတ်ပြီး Login Password, Bank Information, Private Messages စတဲ့ အရေးကြီးတဲ့အချက်အလက်တွေ ခိုးယူခံရနိုင်သလို Data ကိုပါ ပြောင်းလဲပြင်ဆင်တာတွေ ပြုလုပ်နိုင်ပါတယ်။

ဥပမာ - သင် Facebook login ဝင်နေတုန်း Hacker က Password ကို ကြားဖြတ်ယူပြီး Password ပြောင်းနိုင်ပါတယ်။

📍MITM Attack တွေကို အများအားဖြင့် Free Wi-Fi ပုံစံ Public Wi-Fi အတုများဖန်တီးခြင်း၊ DNS Spoofing (Fake website သို့ redirect လုပ်ခြင်း) နဲ့ ARP Spoofing (Network ထဲမှာ data လမ်းကြောင်းပြောင်းခြင်း)လို နည်းလမ်းတွေကို အသုံးပြုပြီးလုပ်ဆောင်ကြပါတယ်။

ဒီလိုအန္တရာယ်တွေကနေ ကာကွယ်ဖို့ User တွေအနေနဲ့…

✔️ HTTPS 🔒 (lock icon) ပါတဲ့ Website တွေကိုသာ အသုံးပြုပါ။
✔️ Public Wi-Fi ပေါ်မှာ အရေးကြီးတဲ့ အချက်အလက်တွေမထည့်ပါနဲ့။
✔️ VPN အသုံးပြုခြင်းနဲ့ Software များကို အမြဲ Update လုပ်ထားခြင်းတို့လို အခြေခံ Cyber Security အလေ့အကျင့်တွေကို လိုက်နာဖို့အရေးကြီးပါတယ်။

ဒီ Article လေးက သင့်ရဲ့ Cyber Security အတွက် အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။





30/04/2026

🤔 ဒီလို App နှစ်ခုယှဉ်လာရင် ဘယ်တစ်ခုကို သင်ဆက်သုံးမလဲ။

App တစ်ခုဖွင့်လိုက်တာနဲ့…

▫️ စာတွေဖတ်ရခက်တယ်၊
▫️ Font မျိုးစုံနဲ့ ရှုပ်ထွေးနေတယ်၊
▫️ နောက်တဆင့်အတွက် ဘယ် button ကို နိုပ်ရမလဲမသိ ဖြစ်နေတယ်ဆိုရင်

❓သင့်အနေနဲ့ ဆက်သုံးမလား။
❓မသုံးပဲ App ကနေ ထွက်သွားမလား။

ဒါက UI/UX Design ရဲ့ အရေးပါမှုပါပဲ။

UI Design မှာ အရေးကြီးဆုံး 3 ချက်က

✔ Consistency - Font, Color, Style တူညီမှုရှိရမယ်။
✔ Readability - Text ကို လွယ်လွယ်ကူကူ ဖတ်နိုင်ရမယ်။
✔ User Flow - User ကို step-by-step guide လုပ်နိုင်ရပါမယ်။

ဒီ principle တွေမရှိရင် Design ဘယ်လောက်လှနေပါ‌စေ User တွေအတွက် စွဲစွဲမြဲမြဲသုံးချင်စိတ် မဖြစ်စေပါဘူး။

Design လဲလှ User တွေ အသုံးပြုရလွယ်ကူပြီး အမြဲတမ်းအသုံးပြုချင်စိတ်ဖြစ်စေမယ့် App တွေကို စနစ်တကျ ဖန်တီးတတ်ချင်တယ်ဆိုရင်တော့ InnoVerse ရဲ့ “𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻 𝘁𝗼 𝗨𝗫/𝗨𝗜 𝗖𝗼𝘂𝗿𝘀𝗲”ကို လာ join သင့်ပါတယ်။

Class Details ကို အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုပါ။

https://www.facebook.com/share/p/1EU4SJ1QqZ/



29/04/2026

🌾 AI ကို Theory ထဲမှာသာမက Real-world application အဖြစ်ဘယ်လိုအသုံးချလဲဆိုတာ သိချင်ပါသလား?

'From Research to Real-World AI Systems: Building Computer Vision Applications for Smart Agriculture' Webinar ကို လာjoinလိုက်ပါ။

ဒီ Webinar မှာ Computer Vision အသုံးပြုပြီး Smart Agriculture system တွေ ဘယ်လိုတည်ဆောက်လဲဆိုတာကို real project experience နဲ့အတူ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

🔍 Webinar မှာ ဘာတွေလေ့လာရမလဲ။

• Research ကနေ Deployment အထိ AI system တစ်ခုကို အဆင့်လိုက်ဘယ်လိုတည်ဆောက်လဲ။
• Object Detection, Tracking, Identification နည်းပညာများကို လက်တွေ့အသုံးချပုံ
• Camera အများကြီးကိုပေါင်းစပ်ပြီး real-time monitoring system တည်ဆောက်နည်း
• Livestock monitoring AI system ကို case study အဖြစ် နားလည်အောင်ရှင်းပြခြင်း
• PyTorch, Detectron2 စတဲ့ tool တွေနဲ့ real-time pipeline တည်ဆောက်နည်းတွေကို

University of Miyazaki မှ Master of Engineering ဘွဲ့ကိုရရှိထားပြီး လက်ရှိမှာ AI Researcher & Computer Vision Engineer တစ်ယောက်အဖြစ်လုပ်ကိုင်နေသူ Ko Aung Si Thu Moe က မျှဝေပေးသွားမှာပါ။

💥 လက်တွေ့အသုံးချမှုကိုပြသတဲ့အနေနဲ့လည်း…

• ကျွဲ၊ နွားများကို AI ဖြင့်ခွဲခြားသတ်မှတ်ခြင်းနှင့် tracking လုပ်ခြင်း
• အပြုအမူများ (စားခြင်း၊ လမ်းလျှောက်ခြင်း၊ ရပ်နေခြင်း) များကို စောင့်ကြည့်လေ့လာခြင်း
• ကျန်းမာရေးအခြေအနေများ (အပူချိန်၊ လမ်းလျှောက်ပုံမမှန်မှု၊ ခန္ဓာကိုယ်အခြေအနေ) ကိုခန့်မှန်းသုံးသပ်ခြင်း
• RGB, Thermal နှင့် 3D data များကိုပေါင်းစည်းအသုံးပြုခြင်း တို့ကိုပြသသွားမှာဖြစ်တာကြောင့်

• AI / Computer Science လေ့လာနေသူများ
• Software / Mobile Developer တွေထဲက AI ဘက်ကိုပြောင်းချင်သူများ
• Researcher များနှင့် Engineer များ
• AI ရဲ့လက်တွေ့အသုံးချမှုတွေကို လေ့လာလိုသူမည်သူမဆို လက်လွှတ်မခံသင့်တဲ့ Webinar တစ်ခုပါ။

Webinar Details

📅 Date: May 24, 2026 (Sunday)
⏰ Time: 1:00 PM – 2:30 PM (MMT)
💻 Platform: Zoom

👇🏻 AI ကို Practical world မှာဘယ်လိုအသုံးချနေကြလဲဆိုတာ သိချင်သူတွေအတွက် သေချာ‌ပေါက်အကျိုးရှိမယ့် Webinar တစ်ခုဖြစ်တာကြောင့် တက်ရောက်မယ်ဆိုရင် အောက်ပါ link မှာ စာရင်းပေးသွင်းနိုင်ပါပြီနော်။

https://forms.gle/6Nb2pmDa12ZvD5uP9








27/04/2026

🥹😜



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon