We are pleased to announce that the selected candidates for the Learning and Mentorship Program (Batch-2) have been notified.
Congratulations! An individual offer letter has been sent to the selected candidates via email. Kindly review your email and confirm your admission by the specified deadline of January 5, 10:00 PM (Myanmar Time).
Learning and Mentorship Program Batch-2 အတွက် ရွေးချယ်ခံရတဲ့သူတွေကို အီးမေလ်းကနေတဆင့် ဆက်သွယ်အကြောင်းကြားထားပြီး ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့သူများအနေနဲ့ မိမိတို့ရဲ့ Email Inbox၊ Spam (ဒါမှမဟုတ်) Junk mail box တွေကို သေသေချာချာ ပြန်လည်စိစစ်ပြီး ဆက်လက်လုပ်ဆောင် ပေးပို့ရမယ့် အရာတွေကို ဇန်နဝါရီလ၊ ၅ ရက်နေ့ မြန်မာအချိန် ည ၁၀ နာရီထက်နောက်မကျပဲ လုပ်ဆောင်ပေးဖို့အတွက် မေတ္တာရပ်ခံလိုပါတယ်။
အခြားမေးမြန်းလိုတဲ့ မေးခွန်းတွေ၊ အချက်အလက်တွေအတွက် Access To Education - Myanmar ရဲ့ အီးမေလ်းဖြစ်တဲ့ [email protected] သို့မဟုတ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Access to Education - Myanmar
An Education Initiative working to promote access to quality education in Myanmar.
We are dedicated to work and promote free of charge access to education for the young people in Myanmar.
26/12/2025
Today is the last day to register for the event on "Education Without Fear". A Zoom link for the event will be sent through a registered emails. Join us tomorrow to learn from Saya Ko Thu Ta.
မင်္ဂလာပါ…။
Access to Education - Myanmar ရဲ့ လစဥ်ပြုလုပ်လျှက်ရှိတဲ့ Talk Series အစီအစဥ်လေးကနေ တဖန်ကြိုဆိုလိုက်ပါတယ်။
ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ Education Without Fear "ကြောက်စိတ်ကင်းဝေး ပညာရေး” ဆိုတဲ့ ခေါင်းစဥ်ပဲဖြစ်ပါတယ်။
ပညာရေးလို့ပြောလို့ရှိရင် လူတိုင်းကို ငယ်ငယ်ကတည်းကနေ အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ ပြုပြင်ပေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခေတ်အခြေအနေတိုးတက်ပြောင်းလဲလာတာနဲ့မျှ အမြင်တွေ၊ တွေးခေါ်မှုတွေ အသစ်ဖြစ်လာသလို မေးခွန်းထုတ်စရာများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီထဲမှာ ပညာရေးက တခုအပါအဝင်ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပညာရေးရဲ့ အခြေခံလုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ အရည်အချင်းစစ်စာမေးပွဲတွေ၊ စာမေးပွဲရလဒ်တိုင်းတာမှုတွေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြောက်တရားအပေါ်အခြေခံတဲ့ သင်ကြားရေးနည်းစနစ်တွေက ၂၁ရာစုရဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ အသုံးတည့်သေးရဲ့လားဆိုတဲ့ အဖြေရှာစရာ မေးခွန်းပုစ္ဆာတွေရှိလာခဲ့ပါတယ်။ ဒီမေးခွန်းတွေနဲ့ဆက်စပ်ပြီး ပညာရေးရဲ့ အဓိပ္ပါယ်နဲ့ တကယ့်အနှစ်သာရကဘာလဲ၊ စာမေးပွဲအခြေခံတဲ့ ပညာရေးက တကယ်ပဲ အသုံးဝင်သေးလား၊ သင်ကြားရေးမှာ အသုံးပြုတဲ့ အကြောက်တရားကရော ကျောင်းသားတွေအတွက် တကယ်ပဲ အထောက်အကူပြုရဲ့လားဆိုတဲ့ မေးခွန်းတွေကို ဆရာသုတ ကနေပြီး ဝေဝေဆာဆာ ဆွေးနွေးဖြေကြားပေးသွားမှာဖြစ်ပါတယ်။
Speaker မိတ်ဆက်...
ဆရာသုတသည် အမေရိကန်ပညာရေးအပါအဝင် နိုင်ငံတကာ သင်ကြားရေးနယ်ပယ်မှာ (၁၅)နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။ ဆရာသည် အင်္ဂလိပ်စာပေနှင့် Educational Leadership မဟာဘွဲ့နှစ်ဘွဲ့အပြင် ကလေးသူငယ်စိတ်ကျန်းမာရေးဆိုင်ရာ ပညာရပ်တွေကိုလည်း အထူးပြုလေ့လာထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ Connected Oregon Padauk Education (COPE)ကို တည်ထောင်ထားပြီး မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် ကမ္ဘာ့အဆင့်မီ အရည်အသွေးရှိတဲ့ ပညာရေးကို အခက်အခဲမရှိ သင်ယူနိုင်ဖို့ အင်တိုက်အားဆိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Education Without Fear
နေ့ရက် ။ ။ ဒီဇင်ဘာလ (၂၇)ရက်၊ ၂၀၂၅ (စနေနေ့)
အချိန် ။ ။ မြန်မာအချိန် ည (၇) နာရီ မှ (၈း၃၀) နာရီ အထိ
ဆွေးနွေးပွဲတွင် အသုံးပြုမည့် ဘာသာစကား ။ ။ မြန်မာ
စာရင်းပေးသွင်းရန် -
https://forms.gle/NJuSGteNUbtcV4YW8
🔔 ဒီဆွေးနွေးပွဲ စကားဝိုင်းလေးကို တက်ရောက်ဖို့ စိတ်ဝင်စား တယ်ဆိုရင် ဒီ link လေးကနေ https://forms.gle/NJuSGteNUbtcV4YW8 ကြိုတင် စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပွဲမစခင် တစ်ရက်အလိုမှာ Zoom link ကို အီးမေးလ်ကနေ ပို့ပေးသွားမှာ ဖြစ်ပါတယ်။
24/12/2025
It was a profound honor that we, Access to Education - Myanmar, in partnership with KOKKO Institute and KIMO Institute, successfully implemented a debate tournament using the Karl Popper Debate format from December 20th to 22nd, 2025.
A total of 30 Debaters, representing 10 Debate teams from various regions, participated in the tournament—engaging in debates on diverse thematic motions, including education, artificial intelligence and technology, politics, and cultural issues.
We would like to express our heartfelt thanks to debaters — both as individuals and as a team — who took part in the tournament with such great passion, courage, and dedication to building a debate culture in the country.
We would also like to thank and appreciate the individuals who expressed interest in our tournament but were not selected to participate due to our limited capacity to host every team.
We extend our sincere gratitude to all the debate judges and volunteers, whose insights, experiences, and contributions have been instrumental in the success of this debate tournament.
It is a unique privilege for us to have collaborated with and worked as partners with such dynamic and supportive organizations—KOKKO Institute and KIMO Institute—in Myanmar, as our aspirations and visions deeply resonated with theirs.
We are dedicated to enhancing debate education in Myanmar as we firmly believe that it serves as the foundation of an open society characterized by critical thinking and reasoning.
18/12/2025
📩 Shortlisted candidates for LMP Batch-2 interview have been informed!!
Learning and Mentorship Program Batch-2 အတွက် ပထမအဆင့် ရွေးချယ်ခံရတဲ့သူတွေကို အီးမေလ်းကနေတဆင့် ဆက်သွယ်အကြောင်းကြားထားပြီး ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့သူများအနေနဲ့ မိမိတို့ရဲ့ Email Inbox၊ Spam (ဒါမှမဟုတ်) Junk mail box တွေကို သေသေချာချာ ပြန်လည်စိစစ်ပြီး ဆက်လက်လုပ်ဆောင် ပေးပို့ရမယ့် အချက်အလက်တွေကို အမြန်ဆုံး ပြန်လည်ပေးပို့ဖို့ လိုအပ်ပါမယ်။
အစီအစဉ်ကို အချိန်ပေးပြီး စိတ်ဝင်တစားလျှောက်ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် နောက်ထပ်သော ပညာရေးဆိုင်ရာအခွင့်အရေးတွေကိုလည်း Access to Education–Myanmar ရဲ့ Social Media စာမျက်နှာတွေဖြစ်တဲ့ Facebook ၊ LinkedIn ၊ BlueSky Social စတဲ့ အင်တာနက်စာမျက်နှာတွေနဲ့ Website ဖြစ်တဲ့ https://accesstoedu-mm.org ကတဆင့် ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးဖို့ကိုလည်း တောင်းဆိုပါရစေ။
အခြားမေးမြန်းလိုတဲ့ မေးခွန်းတွေ၊ အချက်အလက်တွေအတွက် Access To Education - Myanmar ရဲ့ အီးမေလ်းဖြစ်တဲ့ [email protected] သို့မဟုတ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Congratulations to the applicants who have advanced to the next stage of the selection process!
18/12/2025
မင်္ဂလာပါ…။
Access to Education - Myanmar ရဲ့ လစဥ်ပြုလုပ်လျှက်ရှိတဲ့ Talk Series အစီအစဥ်လေးကနေ တဖန်ကြိုဆိုလိုက်ပါတယ်။
ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ Education Without Fear "ကြောက်စိတ်ကင်းဝေး ပညာရေး” ဆိုတဲ့ ခေါင်းစဥ်ပဲဖြစ်ပါတယ်။
ပညာရေးလို့ပြောလို့ရှိရင် လူတိုင်းကို ငယ်ငယ်ကတည်းကနေ အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ ပြုပြင်ပေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခေတ်အခြေအနေတိုးတက်ပြောင်းလဲလာတာနဲ့မျှ အမြင်တွေ၊ တွေးခေါ်မှုတွေ အသစ်ဖြစ်လာသလို မေးခွန်းထုတ်စရာများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီထဲမှာ ပညာရေးက တခုအပါအဝင်ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပညာရေးရဲ့ အခြေခံလုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ အရည်အချင်းစစ်စာမေးပွဲတွေ၊ စာမေးပွဲရလဒ်တိုင်းတာမှုတွေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြောက်တရားအပေါ်အခြေခံတဲ့ သင်ကြားရေးနည်းစနစ်တွေက ၂၁ရာစုရဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ အသုံးတည့်သေးရဲ့လားဆိုတဲ့ အဖြေရှာစရာ မေးခွန်းပုစ္ဆာတွေရှိလာခဲ့ပါတယ်။ ဒီမေးခွန်းတွေနဲ့ဆက်စပ်ပြီး ပညာရေးရဲ့ အဓိပ္ပါယ်နဲ့ တကယ့်အနှစ်သာရကဘာလဲ၊ စာမေးပွဲအခြေခံတဲ့ ပညာရေးက တကယ်ပဲ အသုံးဝင်သေးလား၊ သင်ကြားရေးမှာ အသုံးပြုတဲ့ အကြောက်တရားကရော ကျောင်းသားတွေအတွက် တကယ်ပဲ အထောက်အကူပြုရဲ့လားဆိုတဲ့ မေးခွန်းတွေကို ဆရာသုတ ကနေပြီး ဝေဝေဆာဆာ ဆွေးနွေးဖြေကြားပေးသွားမှာဖြစ်ပါတယ်။
Speaker မိတ်ဆက်...
ဆရာသုတသည် အမေရိကန်ပညာရေးအပါအဝင် နိုင်ငံတကာ သင်ကြားရေးနယ်ပယ်မှာ (၁၅)နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။ ဆရာသည် အင်္ဂလိပ်စာပေနှင့် Educational Leadership မဟာဘွဲ့နှစ်ဘွဲ့အပြင် ကလေးသူငယ်စိတ်ကျန်းမာရေးဆိုင်ရာ ပညာရပ်တွေကိုလည်း အထူးပြုလေ့လာထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ Connected Oregon Padauk Education (COPE)ကို တည်ထောင်ထားပြီး မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် ကမ္ဘာ့အဆင့်မီ အရည်အသွေးရှိတဲ့ ပညာရေးကို အခက်အခဲမရှိ သင်ယူနိုင်ဖို့ အင်တိုက်အားဆိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Education Without Fear
နေ့ရက် ။ ။ ဒီဇင်ဘာလ (၂၇)ရက်၊ ၂၀၂၅ (စနေနေ့)
အချိန် ။ ။ မြန်မာအချိန် ည (၇) နာရီ မှ (၈း၃၀) နာရီ အထိ
ဆွေးနွေးပွဲတွင် အသုံးပြုမည့် ဘာသာစကား ။ ။ မြန်မာ
စာရင်းပေးသွင်းရန် -
https://forms.gle/NJuSGteNUbtcV4YW8
🔔 ဒီဆွေးနွေးပွဲ စကားဝိုင်းလေးကို တက်ရောက်ဖို့ စိတ်ဝင်စား တယ်ဆိုရင် ဒီ link လေးကနေ https://forms.gle/NJuSGteNUbtcV4YW8 ကြိုတင် စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပွဲမစခင် တစ်ရက်အလိုမှာ Zoom link ကို အီးမေးလ်ကနေ ပို့ပေးသွားမှာ ဖြစ်ပါတယ်။
09/12/2025
🚨 Deadline Day Tomorrow 🚨
06/12/2025
🛑 Deadline Reminder for Learning and Mentorship Program Batch-2!!! 🛑
Access to Education–Myanmar ရဲ့ (၃)လတာ Learning and Mentorship Program လျှောက်လွှာများကို လာမယ့် ဒီဇင်ဘာလ (၁၀)ရက်နေ့ ည မြန်မာစံတော်ချိန် ၁၁:၅၉ နာရီမှာ ပိတ်မည်ဖြစ်ကြောင်း အသိပေးပါရစေ။
မြန်မာနိုင်ငံတစ်ဝန်းက အခက်အခဲအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်ဆုံးရှုံးခဲ့ရတဲ့သူတွေ၊ ပညာဆက်လက်သင်ယူဖို့ စိတ်အားထက်သန်ကြတဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ ဒီ (၃)လတာသင်တန်းကို စိတ်ဝင်စားတဲ့ လူငယ်များကို လျှောက်လွှာပိတ်ရက်မတိုင်မီ အမြန်ဆုံးလျှောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
သင်တန်းအကြောင်းအရာနဲ့ပတ်သက်ပြီး အသေးစိတ်ကို ပေးထားတဲ့ လင့်ခ်ကနေတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်။
https://accesstoedu-mm.org/announcement/learning-and-mentorship-program-batch-2/
သင်တန်းလျှောက်ရန်လင့်ခ်:
[https://forms.gle/vacs9uTSx8xMhzRu9 ]
ပရိုဂရမ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုတာများ ရှိပါက
Email: [email protected]
Telegram:
Facebook Messenger: .MM
တို့ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
01/12/2025
မင်္ဂလာပါ…
Access to Education Myanmar အဖွဲ့ရဲ့ လုပ်ငန်း အစီအစဉ်တွေမှာ ပါဝင်အားဖြည့်ပေးနိုင်ဖို့အတွက် Program Assistant နှင့် Teaching Assistant နေရာတွေအတွက် အလုပ်သင် ခေါ်ယူနေပါတယ်။
🔷ယခု Internship အစီအစဉ်ဟာဆိုရင် ကျောင်းသား/လူငယ် အတွက် အလုပ်အကိုင် သို့မဟုတ် ပညာသင်ဆုများ လျှောက်ရာတွင် လိုအပ်တဲ့ profile ကောင်းတခု တည်ဆောက်နိုင်ရန်သာမက တကယ့်လုပ်ငန်းခွင်တွေမှာ လက်တွေ့အသုံးချနိုင်မည့် အတွေ့အကြုံနှင့် အချိတ်အဆက်ကွန်ယက်ကောင်းများ တည်ဆောက်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။
🔷ဒါ့အပြင် အလုပ်သင်ကာလ တလျှောက်လုံးမှာလည်း မိမိ၏ ပညာရေးနှင့် အလုပ်ကိုင်အခွင့်အလမ်းများအတွက် လိုအပ်တဲ့ လမ်းညွှန်ကြီးကြပ်မှုနှင့် အထောက်အပံများကိုလည်း ပံပိုးပေးနိုင်ရန် ရည်ရွယ်ပါတယ်။
အသေးစိတ်အချက်အလက်
Position။ ။ Program Assistant (unpaid)၊
Teaching Assistant (unpaid)
တည်နေရာ။ ။ အွန်လိုင်း
အလုပ်ချိန်။ ။ အချိန်ပိုင်း (တစ်ပတ်လျှင် ၁၀ နာရီ)
အလုပ်သင်ကာလ။ ။ (၄) လ (ဇန်နဝါရီ-ဧပြီ၊ ၂၀၂၆)
လျှောက်လွှာပိတ်ရက်။ ။ (၇)ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅
ခေါ်ယူနေသော အလုပ်အကြောင်း အသေးစိတ်ဖတ်ရှုရန် 👇
Program Assistant - https://drive.google.com/file/d/1nnnr54QEgXqfIh1cfYrc92M__jgbpAMC/view?usp=sharing
Teaching Assistant - https://drive.google.com/file/d/1o8eL-Er0H1rjzJ211Uc4G1ZuINRpnp4n/view?usp=drive_link
မိမိစိတ်ဝင်စားသော Position အတွက် Cover Letter နှင့် အတူ CV/Resume ကို [email protected] သို့ အီးမေးလ်ပေးပို့ပြီး ဒီဇင်ဘာ (၇) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။
30/11/2025
မကြာခင် ဖွင့်လှစ်တော့မယ့် Access to Education–Myanmarရဲ့ (၃) လတာ Learning and Mentorship Batch-2 သင်တန်းကို စိတ်ဝင်စားတဲ့ သူတွေအတွက် Information Sharing Session တခု စီစဥ်ထားပါတယ်။
ဒီအစီစဥ်မှာ သင်တန်းနဲ့ပတ်သက်ပြီး သိသင့် သိထိုက်တဲ့ အချက်အလက်တွေ၊ သင်တန်းဟောင်း ကျောင်းသူ၊ကျောင်းသားများရဲ့ သင်ကြားရေးအတွေ့အကြုံတွေကို ပြည့်ပြည့်စုံစုံ မျှဝေသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် သင်တန်းနဲ့ပတ်သက်ပြီး သိချင်တဲ့ အကြောင်းအရာများကိုလည်း ဒီအစီအစဥ်ကနေတဆင့် မေးမြန်းနိုင်မှာဖြစ်လို့ သင်တန်းကို စိတ်ဝင်စားတဲ့သူတွေ၊ လျှောက်ဖို့ စတင်ပြင်ဆင်နေတဲ့သူ မည်သူမဆို တက်ရောက်ဖို့ ဖတ်ခေါ်လိုက်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဥ်။ ။ Information Sharing Session on Learning and Mentorship Program Batch-2
နေ့ရက်။ ။ ၅ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅။ (သောကြာနေ့)
အချိန်။ ။ မြန်မာအချိန် ည ၇နာရီ။
နေရာ။ ။ အွန်လိုင်း (Zoom)
ဆွေးနွေးမည့်ဘာသာစကား။ ။ မြန်မာ
အစီအစဥ်ကို တက်ရောက်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါပေးထားတဲ့ လင့်ကနေတစ်ဆင့် ဒီဇင်ဘာ ၄ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
စာရင်းပေးသွင်းရန်။ ။ https://forms.gle/ZyQwWNevmyyFE7DJA
27/11/2025
မင်္ဂလာပါ…
Access to Education - Myanmar နဲ့ TET Myanmar တို့ ပူးတွဲ စီစဉ်တဲ့ "Empowering Youth to Shape the Future Through Technology" စကားဝိုင်းဆွေးနွေးပွဲအတွက် စာရင်းပေးသွင်းရမည့် နောက်ဆုံးရက်လေးကို ထပ်မံ အသိပေးလိုပါတယ်။
ဒီစကားဝိုင်းဆွေးနွေးပွဲကနေ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာ ခေတ်ကြီးမှာနေထိုင်တဲ့ လူငယ်တွေအနေနဲ့ နည်းပညာကို အကျိုးရှိရှိ ဘယ်လို အသုံးချကြမလဲ။ အသစ်သစ် ပေါ်လာတဲ့ ဒီနည်းပညာတွေက ကိုယ်သုံးရင်သုံးတတ်သလို အခွင့်အလမ်းများစွာကို ဘယ်လို ရယူကြမလဲ။ ပညာရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်လို လေ့လာကြမလဲ၊ စသဖြင့် နည်းပညာကနေတဆင့် လူငယ်တွေရဲ့ စွမ်းရည်တွေကို ဘယ်လိုမြှင့်တင်ပေးရမယ်ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကို နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာ၊ဆရာမ (၃)ဦးကနေပြီး မျှဝေဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
စာရင်းပေးသွင်း ထားသည့် အီးမေလ်းလိပ်စာများကိုသာ စကားဝိုင်းအစီအစဉ်၏ Zoom Link ပေးပို့ သွားမှာဖြစ်တဲ့အတွက် ယခု စကားဝိုင်းဆွေးနွေးပွဲကို ပါဝင်တက်ရောက် လေ့လာလိုပါက ဖော်ပြပါ https://forms.gle/2i55PCQ3R34UXU9u8 လင့် ကနေတဆင့် နိုင်ဝင်ဘာလ၊၂၉ ရက်နေ့၊ မြန်မာအချိန် ည ၈ နာရီ နောက်ဆုံးထားပြီး စားရင်းပေးသွင်းဖို့ အသိပေး တိုက်တွန်းလိုပါတယ်။
စကားဝိုင်းအသေးစိပ်ကို အောက်ပါလင့် https://accesstoedu-mm.org/announcement/talk-series-youth-technology/ မှ တဆင့် သွားရောက် ဖတ်ရှုနိုင်ပါတယ်။
25/11/2025
Learning and Mentorship Program Batch-2 အတွက်လျှောက်လွှာများ ခေါ်ယူခြင်း
Access to Education—Myanmarမှ ဖွင့်လှစ်တဲ့ (၃) လတာ သင်တန်းအတွက် စိတ်ဝင်စားတဲ့ သင်တန်းသားအသစ်များခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသူ/ကျောင်းသား၊ လူငယ်များအတွက် အရည်အသွေးပြည့်မီသော ပညာရေးအခွင့်လမ်းကောင်းများ လက်လမ်းမီရရှိနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Access to Education—Myanmarအနေနဲ့ ကျွန်ုပ်တို့၏ ပညာရေးအစီစဉ်များမှတဆင့်
💠စဉ်ဆက်မပြတ်လေ့လာသင်ယူလိုသူများအတွက် သင်ယူမှုအဝန်းဝိုင်းကောင်း တရပ်ဖန်တီးတည်ဆောက်သွားရန်၊
💠လူတိုင်းအတွက် အရည်အသွေးရှိသောပညာရေးကို လက်လှမ်းမီရရှိနိုင်စေရန်၊
💠ပညာရေးဖြင့် လူမှု့ဘဝတိုးတက်ပြောင်းလဲရေးကို ဖော်ဆောင်ရန်၊
ရည်ရွယ်လျှက် လက်ရှိကာလတွင် ပညာရေး တပိုင်းတစနှင့် ကျောင်းဆက်တက်ရန် အခက်အခဲဖြစ်နေသော သို့မဟုတ် လုပ်ငန်းခွင်ဝင်ရန် လေ့ကျင့်ပြင်ဆင်လိုသော လူငယ်များအတွက် Learning and Mentorship Program (၃) လကြာ အစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။
🟦 သင်တန်းမိတ်ဆက်
Learning and Mentorship Program သည် အသက် (၁၆) နှစ်မှ (၂၆) နှစ်ကြားရှိ ကျောင်းသူ/ကျောင်းသား လူငယ်များ ဘဝတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့အတွက်
"ပညာရေးလမ်းခရီးရှေ့ဆက်နိုင်အောင် လိုအပ်သည့်ကျွမ်းကျင်မှုများကို ပြင်ဆင်လေ့ကျင့်ပေးခြင်း နှင့်
လုပ်ငန်းခွင်ဝင်ရန်အတွက် လိုအပ်သည့် အရည်အချင်းတွေကို မြှင့်တင်ပေးနိုင်ရန်"
ရည်ရွယ်ကာ Work & Learning Skills, Digital Literacy, Critical Reading and Writing စသည့်သင်တန်းခေါင်းစဉ်များ အပြင် သက်ဆိုင်ရာ နယ်ပယ်အလိုက် အနီးကပ်လမ်းညွှန်ကူညီပေးမည့် Mentoring session နှင့် အပတ်စဉ် Webinar များလည်း ပါဝင်သည့် (၃) လတာ လေ့ကျင့် သင်ကြားပေးသွားမည့် အစီစဉ်တခုဖြစ်ပါတယ်။
Access to Education—Myanmarအနေဖြင့် Learning and Mentorship Programရဲ့ အပါတ်စဉ် (၁) မှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၂၅) ယောက်ကို ခေါ်ယူလေ့ကျင့်သင်တန်းပေးနိုင်ခဲ့ပြီး သင်တန်းပြီးသွားသည့်ကာလတိုင်အောင် ပညာရေးအခွင့်အလမ်းတွေမျှဝေပေးခြင်း၊ ကျောင်းလျှောက်တဲ့နေရာမှာ လိုအပ်တဲ့ စာရွက်စာတမ်း၊ recommendation letterတွေကို ထောက်ပံ့ပေးခြင်းနှင့် ကျောင်းသူကျောင်းသားများ၏ အခြားလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးခြင်းများကို ဆက်လက်ဆောင်ရွက်လျှာက်ရှိပါတယ်။
🟦 Learning and Mentorship Program Batch-2 သင်တန်းအချက်အလက်
ပရိုဂရမ် တက်ရောက်ရန်ကာလ။ ။ ဇန်နဝါရီလ ၁၂ ရက်နေ့ မှ ဧပြီလ ၁၀ ရက်နေ့ အထိ။
ကြိုဆိုခြင်း နှင့်မိတ်ဆက်ခြင်း စတင်မည့်နေ့။ ။ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ၂၀၂၆။
ပရိုဂရမ် တက်ရောက်ရန် အချိန်ဇယား။ ။ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ။
အတန်းချိန်။ ။ နေ့စဉ် မြန်မာအချိန် ညနေ ၆:၃၀ နာရီ မှ ၈:၀၀ နာရီ အထိ။
သင်တန်းကြေး။ ။ အခမဲ့ ဖြစ်ပြီး ရွေးချယ်ခံရသူများကို လစဉ် ဆက်သွယ်ရေးစရိတ် ၈၀,၀၀၀ (ရှစ်သောင်း)ကျပ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
နေရာ နှင့် သင်ကြားနည်း။ ။ အတန်းများ နှင့် တွေ့ဆုံမှုများကို အဓိက Zoom ကနေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး သင်ယူမှုထိရောက်စေရန်အတွက် အခြားသင်ကြားရေးဆိုင်ရာ Platform များကိုလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။
လျှောက်လွှာပိတ်ရက်။ ။ ဒီဇင်ဘာလ ၁၀ ရက်၊ မြန်မာအချိန် ည ၁၁:၅၉ နာရီ။
🔶ပရိုဂရမ်တက်ရောက်ရန် သတ်မှတ်ချက်များ -
✅ အသက် ၁၆ မှ ၂၆ အတွင်းရှိသူများ၊
✅ ပညာရေးအခွင့်အလမ်းရရှိမှုနည်းပါးသူများ၊
✅ သင်ခန်းစားများကို အင်္ဂလိပ်လို ပြောဆိုနွေးနွေးရမှာ ဖြစ်သည့်အတွက် အင်္ဂလိပ်စာ အရေး၊ အပြော Intermediate အဆင့်ရှိသူများ၊
✅ သင်တန်းအပေါ် စိတ်ဝင်စားမှုကို ဖော်ပြရေးသားရာတွင် မည်သည့် AI tool ကိုမှ မသုံးဘဲ မိမိကိုယ်တိုင်ရေးသားထားသူများ၊
✅ အွန်လိုင်း သင်တန်းအစီစဉ် ဖြစ်သည့်အတွက် အတန်းတက်ရောက်ရန် အင်တာနက် ရသူများနှင့်
✅ သင်တန်း အစအဆုံး တက်ရောက်နိုင်မည့် မည်သူမဆို ဝင်ရောက်လျှောက်ထားလို့ရပါတယ်။
✅ ပရိုဂရမ်တလျှောက်လုံးမှာ ကျောင်းသူ/ကျောင်းသား လူငယ်များအတွက် အသိပညာကြွယ်ဝလာစေမှု အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုပါ ဖွံ့ဖြိုးတိုးတက်လာအောင် လေ့ကျင့်ပြင်ဆင်ပေးသွားမှာ ဖြစ်တဲ့အတွက် ရွေးချယ်ခံရသူများအနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေး လုပ်ဆောင်သွားဖို့လည်း (အထူး)လိုအပ်တဲ့ သင်တန်းအစီစဉ်တစ်ခုဖြစ်ပါတယ်။
🔵 အစီစဉ်တွင်ပါဝင်တက်ရောက်ရန် စိတ်ဝင်စားသည့်သူများအနေဖြင့် ဖော်ပြပါ Application Form (https://tinyurl.com/accesstoeducation-mm-lmp) ကို ဒေါင်းလုပ် (download) ရယူဖြည့်စွက်ပြီး Email လိပ်စာ [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
အွန်လိုင်းကနေ တိုက်ရိုက်လျှောက်ထားလိုပါက ဖော်ပြပါ Google form -
[https://forms.gle/vacs9uTSx8xMhzRu9] ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့၊ မြန်မာအချိန် ည ၁၁:၅၉ နာရီ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။
🟥 ပထမအဆင့်အောင်မြင်ပြီး အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကို လျှောက်လွှာရှင်များ၏ email မှတဆင့် ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။
ပရိုဂရမ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုတာများ ရှိပါက
Email: [email protected]
Telegram:
Facebook Messenger: .MM
တို့ကနေ ဆက်သွယ်နိုင်ပါတယ်။
Click here to claim your Sponsored Listing.