17/04/2026
နေ့စဉ် တရုတ် 偏旁 သင်ခန်းစာ (၂၇)
ဒီနေ့ လေ့လာမယ့် 偏旁 (piānpáng) ကတော့ "ချည်မျှင် 偏旁" ဖြစ်ပါတယ်။
纟 (ကျစ်ထားသော ချည်မျှင် သို့မဟုတ် ပိုးချည်မျှင်ပုံ)
绞丝旁 (Jiǎo sī páng)
纟 (ချည်မျှင်ပုံ) လေးကို 绞丝旁 (Jiǎo sī páng) လို့ခေါ်ပြီး အဓိပ္ပာယ်ကတော့ ချည်မျှင် သို့မဟုတ် ပိုးသား (Silk/Thread) ဖြစ်ပါတယ်။ ၎င်းသည် မူရင်းစာလုံး 糸 (mì) ၏ ဘယ်ဘက်ခြမ်း ပုံစံပြောင်း ဖြစ်ပါတယ်။
ဒီ 纟偏旁 ကို တရုတ်စာလုံးရဲ့ ဘယ်ဘက်ခြမ်းမှာ အများဆုံး တွေ့ရပါတယ်။ သူက အထည်အလိပ်များ၊ ချည်နှောင်ခြင်း၊ အရောင်များ (ရှေးခေတ်က အထည်များကို ဆိုးဆေးဆိုးခြင်းကြောင့်) သို့မဟုတ် ဆက်သွယ်မှုများစသည်တို့နှင့် သက်ဆိုင်တဲ့ အဓိပ္ပာယ်ရှိတဲ့ စာလုံးတွေကို ကိုယ်စားပြုပါတယ်။
Eg.
红 (hóng): အနီရောင်
ရှင်းလင်းချက်: ရှေးခေတ်က ပိုးထည်များကို အနီရောင်ဆိုးဆေး ဆိုးခဲ့ခြင်းကို အစွဲပြု၍ 纟 ကို အသုံးပြုသည်။
给 (gěi): ပေးသည်
ရှင်းလင်းချက်: (မူလက ပိုးချည်မျှင်များကို စုစည်းပေးခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်း အဓိပ္ပာယ်မှ ဆင်းသက်လာသည်)။
级 (jí): အဆင့်၊ အတန်း (ဥပမာ- 年级 Grade)
ရှင်းလင်းချက်: ချည်မျှင်များကို တစ်ခုချင်းစီ အဆင့်လိုက် ကျစ်သွားခြင်း သို့မဟုတ် အဆင့်ဆင့် ဆက်သွယ်ခြင်းကို ဆိုလိုသည်။
练 (liàn): လေ့ကျင့်သည် (ဥပမာ- 练习 Exercise)
ရှင်းလင်းချက်: (မူလက ပိုးသားများကို ဖြူစင်အောင် လျှော်ဖွတ်ခြင်း လုပ်ငန်းစဉ်မှ ဆင်းသက်လာပြီး ယခုအခါ ကျွမ်းကျင်အောင် လေ့ကျင့်ခြင်း အဓိပ္ပာယ်ဖြင့် သုံးသည်)။.........
⭕HSKK Intermediate ပြင်ဆင်နေသူများအတွက် Speaking Class လေးရှိပါတယ်ရှင့် Developing Chinese Speaking Elementary II course နဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ HSK 3/4 တက်ရောက်နေသူများအတွက် သင့်တော်ပါတယ်ရှင့်⭕
အခုချိန်လာအပ်ရင် Early bird promotion လေးရှိသေးတာမလို့ အမြန်လာအပ်လိုက်ကြတော့နော်.......
#智学平台
#分享
#中文
#学习汉语