27/07/2025
ဂျပန်မှာ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ပြီးရင် ဘာဆက်လုပ်ကြမလဲ ❓🇯🇵
𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ပြီးသွားတဲ့အခါ ကျောင်းသားတွေအနေနဲ့
(၁) 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐎𝐫 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ဆက်တက်လို့ရမယ် ။
(၂) လုပ်ငန်းခွင်ဝင်လို့ရမယ် ။
🎓 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐕𝐬 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
✅ ကိုယ်က မြန်မာပြည်မှာ ဘွဲ့မရသေးဘူးဆိုရင်တော့ တက္ကသိုလ် ( 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ) တက်ပြီး ဂျပန်ကပေးတဲ့ ဘွဲ့တစ်ခုကို ယူထားသင့်ပါတယ် ။ ဒါက ဂျပန်မှာ ပိုကောင်းတဲ့ အလုပ်တစ်ခုကို ရဖို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ် ။
✅ နောက်တစ်ခုကတော့ ကိုယ်က မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးသားဖြစ်ပေမယ့် ကိုယ်ရရှိထားတဲ့ဘွဲ့က ဂျပန်မှာအလုပ်ရဖို့ ခက်ခဲတယ်ဆိုရင်တော့ 𝐂𝐨𝐥𝐥𝐞𝐠𝐞 တက်သင့်ပါတယ် ။ ဒါက ဂျပန်မှာ လုပ်ငန်းခွင်ဝင်တဲ့အခါ ပိုအဆင်ပြေစေမှာပါ ။
💼 လုပ်ငန်းခွင်ဝင်မယ်ဆိုရင်တော့
(၁) 𝐖𝐨𝐫𝐤 𝐕𝐢𝐬𝐚
(၂) 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐕𝐢𝐬𝐚
(၃) 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐕𝐢𝐬𝐚 ဆိုပြီး ရွေးချယ်စရာ ( ၃ ) ခုရှိပါတယ် ။
✅ 𝐖𝐨𝐫𝐤 𝐕𝐢𝐬𝐚 ကတော့ 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 / 𝐈𝐓 စသဖြင့် ဘွဲ့တစ်ခုခုရထားမှ ရနိုင်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ် ။ ဂျပန်စာအနေနဲ့လည်း 𝐋𝐞𝐯𝐞𝐥 𝐍𝟐 နဲ့ အထက် ရှိဖို့ လိုပါတယ် ။
✅ 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐕𝐢𝐬𝐚 ( ကျွမ်းကျင်လုပ်သားဗီဇာ ) ကတော့ ဂျပန်စာ အနည်းဆုံး 𝐍𝟒 𝐏𝐚𝐬𝐬𝐞𝐝 နဲ့ သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင် စာမေးပွဲအောင်လက်မှတ်ရှိရင် ရပါတယ် ။ ပညာအရည်အချင်း မသတ်မှတ်ထားပါဘူး ။
✅ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐕𝐢𝐬𝐚 ( အလုပ်သင်ဗီဇာ ) ကတော့ အခြေခံ လုပ်သား ဗီဇာဖြစ်ပြီး ပညာအရည်အချင်းမလိုအပ်သလို ဂျပန်စာ 𝐥𝐞𝐯𝐞𝐥 𝐍𝟓 / 𝐍𝟒 ဆိုရင် အဆင်ပြေပါတယ် ။
ဂျပန် 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 တွေကနေလည်း ကျောင်းပြီးခါနီးမှာ ဘာဆက်လုပ်သင့်လဲ ဘယ်လိုအခွင့်အရေးတွေရှိတယ်ဆိုတာကို ဆွေးနွေးအကြံပြုတာ ၊ လိုအပ်တာတွေကို ကူညီပေးလေ့ရှိပါတယ် ။ ✨
ဂျပန်ပြည်အိပ်မက်တွေကို စတင်ဖို့ အခြေခံအကျဆုံးဖြစ်တဲ့ ဂျပန်စာကို သင်ယူလေ့လာချင်သူတွေအတွက် 𝐀𝐬𝐚𝐡𝐢 𝐉𝐮𝐤𝐮 မှာ 𝐍𝟓 / 𝐍𝟒 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 တွေကို ဖွင့်လှစ်ပေးထားပါပြီရှင် ။
အသေးစိတ်သိရှိလိုပါက အောက်ပါကို ဆက်သွယ်နိုင်ပါတယ် ။
☎️ +𝟗𝟓𝟗 𝟐𝟓𝟖 𝟖𝟖𝟒 𝟗𝟐𝟔
☎ +𝟔𝟔𝟗 𝟑𝟑𝟑 𝟒𝟔 𝟓𝟑𝟕
◾𝐕𝐢𝐛𝐞𝐫 +𝟔𝟔𝟗 𝟑𝟑𝟑 𝟒𝟔 𝟓𝟑𝟕
✉️ 𝐄𝐦𝐚𝐢𝐥: 𝐚𝐬𝐚𝐡𝐢𝐣𝐮𝐤𝐮𝐣𝐥𝐜@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
လူငယ်တိုင်းရဲ့ ဂျပန်ပြည် အိပ်မက် အမြန်နီးစပ်ဖို့
အကောင်းဆုံး ပံ့ပိုးပေးသွားမယ့် ❝ 𝗔𝘀𝗮𝗵𝗶 𝗝𝘂𝗸𝘂 ❞
☎️ +𝟗𝟓𝟗 𝟐𝟓𝟖 𝟖𝟖𝟒 𝟗𝟐𝟔
☎ +𝟔𝟔𝟗 𝟑𝟑𝟑 𝟒𝟔 𝟓𝟑𝟕
◾𝐕𝐢𝐛𝐞𝐫 +𝟔𝟔𝟗 𝟑𝟑𝟑 𝟒𝟔 𝟓𝟑𝟕
✉️ 𝐄𝐦𝐚𝐢𝐥: 𝐚𝐬𝐚𝐡𝐢𝐣𝐮𝐤𝐮𝐣𝐥𝐜@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
#အစဟိဂျုကု #ဂျပန်စာသင်ကျောင်း
19/07/2025
( ၁၉ ) ဇူလိုင် မမေ့နိုင် 🇲🇲
ယနေ့ ဇူလိုင်လ ( ၁၉ ) ရက်နေ့ မှာကျရောက်တဲ့ ( ၇၈ ) ကြိမ်မြောက် ❝ အာဇာနည်နေ့ ❞အားဂုဏ်ပြုကြိုဆိုအပ်ပါတယ်။
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် ၊ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများအား Asahi Juku Japanese Language Center မိသားစုမှ လေးစားစွာ ဦးညွတ်ဂါရဝပြုအပ်ပါတယ်ရှင် ။
#အာဇာနည်နေ့
#ဇူလိုင်ဆယ့်ကိုး
16/07/2025
𝐉𝐋𝐏𝐓 ဖြေပြီးတဲ့နောက် 𝐑𝐞𝐬𝐮𝐥𝐭 မထွက်ခင် ဘယ်အတန်းအတွက် ပြင်ဆင်ရမလဲ ❓
ဒါက 𝐉𝐋𝐏𝐓 𝐄𝐱𝐚𝐦 ဖြေပြီးတဲ့နောက် ကျောင်းသားအများစုကြုံရတဲ့ အခက်အခဲပါပဲ ။ အောင်မှာလား? ကျမှာလား? နောက်အတန်းကို ဆက်တက်လို့ရော အဆင်ပြေပါ့မလား? ငါတကယ် စာတွေလိုက်နိုင်ပါ့မလားဆိုပြီး မေးခွန်းပေါင်းများစွာနဲ့ တွေဝေနေတတ်ပါတယ် ။ 🗣
ဒီလိုဖြစ်နေပြီဆိုရင်တော့ နောက်အတန်းတွေကိုသာ ဆက်တက်ပါ ။
ကျမယ်လို့ထင်နေတဲ့ 𝐍𝟓 ကလည်း 𝐍𝟒 စာကို ဆက်လုပ်ပါ ။
𝐍𝟒 တွေကလည်း 𝐍𝟑 ကိုသာ ဆက်တက်ပါလို့ အကြံပေးချင်ပါတယ် ။
ဒီနေရာမှာပဲ ရပ်မနေပါနဲ့ ။ ဆက်လေ့လာပါ ။
𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဆက်လေ့လာလေ ပိုပြီး အကျိုးရှိလေပါပဲ ။ 𝐍𝟑 ကို လေ့လာတဲ့အခါ 𝐍𝟒 က အလိုလို ကျေညက်ပြီးသားဖြစ်သွားမှာပါ ။ 𝐍𝟐 ကိုလေ့လာတဲ့အခါမှာလည်း အဲ့လိုပါပဲ ။ ဒါကြောင့် အချိန်ကုန်မခံပါနဲ့ ဆက်ပြီးလေ့လာသွားပါ ။
အောင်စာရင်းထွက်လို့ ကျခဲ့ရင်လည်း နောက်တစ်တန်းကို ဆက်တက်ပါ ။ သေချာတာတစ်ခုက အတိုင်းအတာတစ်ခုအထိ စာလုပ်ခဲ့ကြပါတယ် ။ ဒီစာတွေကို သင်ယူခဲ့ကြပါတယ် ။ ဒါကြောင့် နောက်အတန်းအတွက် ပိုပြီးပြင်ဆင်ပါ ။ စာလုပ်ပါ ။ လေ့လာပါ ။ ဒါဆိုရင် ရှေ့ 𝐋𝐞𝐯𝐞𝐥 က စာတွေက ကျေကိုကျေပါတယ် ။ ရကိုရပါတယ်နော် ။
ဒီလောက်ပါပဲ မိနစံတို့ရေ... ဖိုက်တင်းပါ ။ 💪🇯🇵
👉 𝐄𝐱𝐚𝐦 ပြီးလည်း မနားဘူး အတန်းတွေ ဂျပန်စာကို ဆက်လေ့လာမယ်ဆိုတဲ့ သူတွေအတွက် 𝐉𝐮𝐥𝐲 လ အတန်းတွေကို 𝐀𝐬𝐚𝐡𝐢 𝐉𝐮𝐤𝐮 မှာ လာရောက် အပ်နှံနိုင်ပါပြီနော် ။
သင်တန်းအသေးစိတ် -
https://www.facebook.com/share/p/19Kj5L5Dfx/
လူငယ်တိုင်းရဲ့ ဂျပန်ပြည် အိပ်မက် အမြန်နီးစပ်ဖို့
အကောင်းဆုံး ပံ့ပိုးပေးသွားမယ့် ❝ 𝗔𝘀𝗮𝗵𝗶 𝗝𝘂𝗸𝘂 ❞
☎️ +𝟗𝟓𝟗 𝟐𝟓𝟖 𝟖𝟖𝟒 𝟗𝟐𝟔
☎ +𝟔𝟔𝟗 𝟑𝟑𝟑 𝟒𝟔 𝟓𝟑𝟕
◾𝐕𝐢𝐛𝐞𝐫 +𝟔𝟔𝟗 𝟑𝟑𝟑 𝟒𝟔 𝟓𝟑𝟕
✉️ 𝐄𝐦𝐚𝐢𝐥: 𝐚𝐬𝐚𝐡𝐢𝐣𝐮𝐤𝐮𝐣𝐥𝐜@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
#အစဟိဂျုကု #ဂျပန်စာသင်ကျောင်း
09/07/2025
ဝါဆိုလပြည့် ( ဓမ္မစကြာအခါတော်နေ့ ) 🙏📿
မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ စတင်ဟောကြားတော်မူခဲ့တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မြတ်မှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များပွားများရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ။
ဝါတွင်းကာလတစ်လျှောက်လုံးလည်း မြတ်ဗုဒ္ဓရဲ့တရားတော်များနဲ့အညီ ကျင့်ကြံအားထုတ်နိုင်ကြပါစေလို့ ❝ Asahi Juku Japanese Language Center ❞ မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။ 🙏
#ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့ #မြတ်ဗုဒ္ဓ
08/07/2025
❝ ဘာကွာသွားတာလည်းဆိုရင် သူနဲ့မင်းလို ဝေးကွာသွားတာ ❞
06/07/2025
အားလုံးပဲဖြေဆိုနိုင်
ကြရဲ့လား ⁉️
02/07/2025
ဂျပန်စာ အိပ်မက်တွေ အကောင်အထည်ဖော်လိုသူများအတွက် 𝗔𝘀𝗮𝗵𝗶 𝗝𝘂𝗸𝘂 ရဲ့ အတန်းသစ်များ 🎌
ဂျပန်စာကို စိတ်ဝင်စားပြီး အခြေခံမှစတင်ကာ စနစ်တကျလေ့လာလို သူတွေအတွက် သတင်းကောင်းလေး ပါးပါရစေနော်။
မကြာခင် 𝗔𝘀𝗮𝗵𝗶 𝗝𝘂𝗸𝘂 မှာ 𝐘𝐔𝐅𝐋 မှဂျပန်စာမေဂျာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ထားပြီး ဂျပန်စာအတန်းများကို သင်ကြားပြသပေးနေတဲ့ ဆရာမကိုယ်တိုင် ဦးစီးသင်ကြားပေးမယ့် N5 နဲ့ N4 အတန်းသစ်တွေ ကို ဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါတယ် 🇯🇵⛩️
အိမ်ကနေပဲ အဆင်ပြေပြေ သင်ယူနိုင်ဖို့ 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 တွေအဖြစ် စီစဉ်ထားပြီး သင်တန်းပြီးဆုံးတာနဲ့ JLPT စာမေးပွဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်ရောက်ဖြေဆိုနိုင်အောင် လေ့ကျင့်ပေးသွားမှာပါ။
__ ဖွင့်လှစ်မည့် အတန်းသစ်များ __
🇯🇵 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐥𝐚𝐬𝐬 𝐍𝟓
✓ သင်ကြားမည့်ရက် - တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (တစ်ပတ် ၄ ရက်)
✓ အချိန် - ည ၆:၃၀ မှ ည ၈:၃၀ ထိ (မြန်မာစံတော်ချိန်)
✓ သင်တန်းစမည့်ရက် - ၁၄.၇.၂၀၂၅
✓ သင်တန်းကာလ - ၄ လ
✓ သင်တန်းကြေး - ၁၅၀,၀၀၀ ကျပ်
🇯🇵 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐥𝐚𝐬𝐬 𝐍𝟒
✓သင်ကြားမည့်ရက် - စနေ၊ တနင်္ဂနွေ (တစ်ပတ် ၂ ရက်)
✓ အချိန် - နေ့လယ် ၂:၀၀ မှ ညနေ ၄:၀၀ ထိ (မြန်မာစံတော်ချိန်)
✓ သင်တန်းစမည့်ရက် - ၁၂.၇.၂၀၂၅
✓သင်တန်းကာလ - ၄ လခွဲ
✓သင်တန်းကြေး - ၁၇၀,၀၀၀ ကျပ်
JLPT စာမေးပွဲအတွက် လိုအပ်တဲ့ 𝐆𝐫𝐚𝐦𝐦𝐚𝐫, 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲, 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐑𝐞𝐚𝐝𝐢𝐧𝐠 ပိုင်းတွေကို အသေးစိတ် သင်ကြားပေးမှာဖြစ်လို့ ဂျပန်စာကို အခြေခံကစပြီး လေ့လာချင်သူတွေ၊ JLPT စာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုအောင်မြင်ချင်သူတွေအတွက် အခွင့်အရေးကောင်းလေး ဖြစ်တာကြောင့် လက်မလွတ်သင့်ပါဘူးနော်။
အသေးစိတ်သိရှိလိုပါက 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
လူငယ်တိုင်းရဲ့ ဂျပန်ပြည် အိပ်မက် အမြန်နီးစပ်ဖို့
အကောင်းဆုံး ပံ့ပိုးပေးသွားမယ့် ❝ 𝗔𝘀𝗮𝗵𝗶 𝗝𝘂𝗸𝘂 ❞
#အစဟိဂျုကု #ဂျပန်စာသင်ကျောင်း
27/06/2025
𝐀𝐧𝐢𝐦𝐞 ကြည့်ရင်း ဂျပန်စာလေ့လာရအောင် ⛩️🇯🇵
𝐌𝐨𝐯𝐢𝐞 ကြည့်ရင်း စာလေ့လာရတာကြိုက်တဲ့ သူလေးတွေ၊ 𝐒𝐡𝐚𝐝𝐨𝐰𝐢𝐧𝐠 လုပ်ချင်သူလေးအတွက် အကောင်းဆုံး 𝐀𝐧𝐢𝐦𝐞 𝐌𝐨𝐯𝐢𝐞 ( ၁၂ ) ခုကို ဖော်ပြပေးလိုက်ပါတယ်နော်
" My Neighbor Totoro ( 1988 ) "
https://t.me/tm_animes/286
" Grave of the Fireflies "
https://www.facebook.com/share/p/15e1yq1CXL/
" Your Name "
https://t.me/animemovies347/4
" Howl's Moving Castle "
https://t.me/AnimeOngoing_MM/306
" The Secret world of Arrietty "
https://t.me/animemovies347/21
" The Wind Rises ( 2013 ) "
https://www.facebook.com/share/p/1AHgoj34LW/
" Ponyo ( 2008 ) "
https://t.me/tm_animes/290
" The Garden of words "
https://www.facebook.com/share/v/1Eu6hLgdnA/
" Hitarubi no Mori e ( 2011 ) "
https://t.me/tm_animes/320
" From up on poppy hill ( 2011 ) "
https://t.me/tm_animes/337
" Wolf Children ( 2012 ) "
https://t.me/tm_animes/351
လူငယ်တိုင်းရဲ့ ဂျပန်ပြည် အိပ်မက် အမြန်နီးစပ်ဖို့
အကောင်းဆုံး ပံ့ပိုးပေးသွားမယ့် ❝ 𝗔𝘀𝗮𝗵𝗶 𝗝𝘂𝗸𝘂 ❞
#အစဟိဂျုကု #ဂျပန်စာသင်ကျောင်း
25/06/2025
ဂျပန်စာလေ့လာသူတိုင်း သိထားသင့်တဲ့ ဂျပန်စာ စာမေးပွဲများ 💁
ဂျပန်မှာ ပညာသင်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂျပန်စာ အရည်အချင်းကို တိုင်းတာဖို့ပဲဖြစ်ဖြစ် စာမေးပွဲတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
ဂျပန်စာစာမေးပွဲနဲ့ပတ်သက်လာရင် မြန်မာနိုင်ငံမှာ လူသိများပြီး ဖြေဆိုသူများတဲ့ စာမေးပွဲတွေက
📍JLPT (Japanese Language Proficiency Test)
📍NAT-TEST
📍JFT
📍J.TEST
📍TOP J တို့ ဖြစ်ပါတယ်။
စာမေးပွဲတစ်ခုစီအကြောင်းရှင်းပြရရင်...
⛩️JLPT (Japanese Language Proficiency Test)
တစ်နှစ်ကို ( ၂ ) ကြိမ် ဇူလိုင်လ နဲ့ ဒီဇင်ဘာလမှာ ပုံမှန်ကျင်းပတဲ့ JLPT က ကမ္ဘာတစ်ဝန်းမှာ အကျယ်ပြန့်ဆုံးနဲ့ အမြင့်ဆုံး အသိအမှတ်ပြုခံရတဲ့ ဂျပန်စာ အရည်အချင်း စစ်စာမေးပွဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာနက စီစဉ်တာဖြစ်လို့ ဂျပန်မှာ ပညာသင်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်လျှောက်ထားဖို့ပဲဖြစ်ဖြစ် ဒီလက်မှတ်ကို အဓိကထားပြီး တောင်းဆိုကြတာများပါတယ်။
⛩️NAT-TEST
JLPT လိုပဲ ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုကနေ စီစဉ်တာဖြစ်ပါတယ်။ JLPT ကို အမီလိုက်နိုင်ဖို့ ရည်ရွယ်ပြီး စာမေးပွဲ ပုံစံချင်း ဆင်တူပါတယ်။
တစ်နှစ်ကို ၆ ကြိမ် (၂ လ တစ်ကြိမ်) ကျင်းပတာမို့ JLPT ထက် စာမေးပွဲ ဖြေဆိုခွင့် အကြိမ်ရေ ပိုများလို့ ဒုတိယရွေးချယ်မှုများတဲ့ စာမေးပွဲတစ်ခုလည်း ဖြစ်ပါတယ်နော်။
⛩️JFT (Japan Foundation Test for Basic Japanese)
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် (အထူးသဖြင့် Specified Skilled Worker - 特定技能 ဗီဇာလျှောက်ထားသူတွေအတွက်) လိုအပ်တဲ့ နေ့စဉ်သုံး ဂျပန်စကားပြောစွမ်းရည် ကို တိုင်းတာတဲ့ စာမေးပွဲ ဖြစ်ပါတယ်။ JFT -A2 (JLPT N4 အဆင့်နဲ့ ညီမျှ) အခြေခံအဆင့်ကို တိုင်းတာတာများပါတယ်။
တစ်နှစ်ကို အကြိမ်များစွာ ကျင်းပပေးလေ့ရှိပြီး Prometric စနစ်နဲ့ ကွန်ပျူတာပေါ်မှာ ဖြေဆိုရတာဖြစ်လို့ ရလဒ်ကို ချက်ချင်းနီးပါး သိနိုင်တဲ့ စာမေးပွဲတစ်ခုပါ။
⛩️J.TEST (Practical Japanese Language Test)
ဒီစာမေးပွဲကတော့ ဂျပန်စာရဲ့ "လက်တွေ့အသုံးချနိုင်မှု" ကို ပိုပြီး အလေးထား စစ်ဆေးတဲ့ စာမေးပွဲမျိုးပါ။ A-C (အမြင့်ဆုံး) ကနေ G (အနိမ့်ဆုံး) အထိ အဆင့်များစွာ ခွဲခြားထားပြီး တစ်နှစ်ကို ( ၆ ) ကြိမ် (၂ လ တစ်ကြိမ်) ကျင်းပလေ့ရှိပါတယ်။
ဂျပန်စာရဲ့ နားထောင်နိုင်စွမ်း၊ စကားပြောဆိုနိုင်စွမ်းနဲ့ လက်တွေ့အခြေအနေတွေမှာ အသုံးချနိုင်စွမ်းကို ပိုပြီး အသားပေး တိုင်းတာတဲ့စာ မေးပွဲမျိုးဖြစ်တဲ့အတွက် အလုပ်အကိုင်နဲ့ ဆက်စပ်တဲ့ ဂျပန်စာ အရည်အချင်းကို လိုအပ်သူတွေအတွက် J.Test က ပိုမိုသင့်တော်ပါတယ်။
⛩️TOP-J (TOP Japanese)
ဂျပန်လူဝင်မှုကြီးကြပ်ရေး (Japan Immigration) ကနေ အသိအမှတ်ပြုထားပြီး The Asian Foundation for International Scholarship Interchange မှ (၂၀၀၈ ) ခုနှစ်ကစပြီး ကျင်းပခဲ့တဲ့ ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြစ်ပါတယ်။
✓JLPT လို N1-N5 အဆင့်တွေမဟုတ်ဘဲ SHOKYU (Basic) - JLPT N4~N5
✓ CHUKYU (Intermediate) - JLPT N2~N3
✓JYOKYU (Advance) - JLPT N1 ဆိုပြီး အဓိက Level ၃ မျိုး ခွဲခြားထားပါတယ်။
Level တစ်ခုစီမှာ A, B, C ဆိုပြီး ထပ်ခွဲထားတာကြောင့် စုစုပေါင်း ( ၉ ) ဆင့် ရှိပြီး ဂျပန်ကို ပညာတော်သင်သွားနိုင်တဲ့ အသိအမှတ်ပြု Level မှာ SHOKYU-A (JLPT N4) ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တစ်နှစ်ကို ၆ ကြိမ် (ဇန်နဝါရီ၊ မတ်၊ မေ၊ ဩဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာ) လများမှာ ကျင်းပပြီး နားထောင်မှု အရည်အချင်း (Listening) ကို အလေးပေးစစ်ဆေးတာများပါတယ်။ လက်တွေ့လူမှုဆက်ဆံရေး (Communication) အရည်အသွေးကို အဓိကထား တိုင်းတာတဲ့ စာမေးပွဲတစ်ခုလည်းဖြစ်ပါတယ်။
ဂျပန်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဂျပန်စာ စာမေးပွဲက ဦးစွာကျော်ဖြတ်ရမယ့် ဂိတ်တစ်ခုဖြစ်လို့ ဖြေဆိုလိုတဲ့စာမေးပွဲအမျိုးအစားကို ရွေးချယ်ပြီးတာနဲ့ စနစ်တကျလေ့ကျင့်ဖို့က အရေးကြီးဆုံးပါပဲ✨
ဂျပန်စာနှင့်ပတ်သက်တဲ့ သိကောင်းစရာအကြောင်းအရာများကို ထပ်မံဝေမျှပေးသွားမှာဖြစ်လို့
❝ Asahi Juku Japanese Language Centre❞ Page ကို Like & Follow လုပ်သွားဖို့လည်း မမေ့ပါနဲ့နော်
လူငယ်တိုင်းရဲ့ ဂျပန်ပြည် အိပ်မက် အမြန်နီးစပ်ဖို့
အကောင်းဆုံး ပံ့ပိုးပေးသွားမယ့် ❝ 𝗔𝘀𝗮𝗵𝗶 𝗝𝘂𝗸𝘂 ❞
#အစဟိဂျုကု #ဂျပန်စာသင်ကျောင်း
23/06/2025
𝐉𝐋𝐏𝐓 𝐄𝐱𝐚𝐦 အတွက် လေ့ကျင့်နိုင်မယ့် 𝐍𝟒 𝐎𝐥𝐝 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐋𝐢𝐧𝐤𝐬 ✍
မေးခွန်းဟောင်းတွေကို ဒီအချိန်မှ မလေ့ကျင့်ရင် ဘယ်အချိန်သွားလေ့ကျင့်မလဲနော် 🤭
တကယ် အကျိုးရှိပြီး လေ့ကျင့်လို့ကောင်းတဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကို သေချာရွေးချယ်ပေးထားပါတယ် ။ ✨
𝐌𝐨𝐣𝐢𝐠𝐨𝐢 , 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 , 𝐆𝐫𝐚𝐦𝐦𝐚𝐫, 𝐑𝐞𝐚𝐝𝐢𝐧𝐠 ခွဲထားပြီးတော့ နှစ်အစုံက မေးခွန်းဟောင်းနဲ့ 𝐒𝐩𝐞𝐞𝐝𝐦𝐚𝐬𝐭𝐞𝐫 က မေးခွန်းတွေကို ရောထားတဲ့ 𝐍𝟒 𝐒𝐚𝐦𝐩𝐥𝐞 𝐓𝐞𝐬𝐭 ဖြစ်ပါတယ် ။
https://jlpt4u.com/n4_sample_old/
𝐍𝟒 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧 𝐏𝐚𝐩𝐞𝐫
https://www.scribd.com/doc/119861425/JLPT-N4-Question-paper
𝐊𝐚𝐧𝐣𝐢 𝐎𝐥𝐝 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐚𝐧𝐝 𝐀𝐧𝐬𝐰𝐞𝐫𝐬
https://learnjapaneseaz.com/jlpt-n4-kanji-practice.html
𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 𝐎𝐥𝐝 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐚𝐧𝐝 𝐀𝐧𝐬𝐰𝐞𝐫𝐬
https://learnjapaneseaz.com/jlpt-n4-vocabulary-practice.html
𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐎𝐥𝐝 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐚𝐧𝐝 𝐀𝐧𝐬𝐰𝐞𝐫𝐬
https://learnjapaneseaz.com/jlpt-n4-grammar-practice.html
𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐎𝐥𝐝 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐚𝐧𝐝 𝐀𝐧𝐬𝐰𝐞𝐫
https://learnjapaneseaz.com/jlpt-n4-reading-practice.html
အပြည့်အဝလေ့ကျင့်ပြီး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြပါစေနော် ။
「✦ 𝐀𝐬𝐚𝐡𝐢 𝐉𝐮𝐤𝐮 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐞𝐫 ✦」
19/06/2025
𝐉𝐋𝐏𝐓 ဖြေဆိုမယ့် ကျောင်းသားများအတွက် 𝐘𝐁𝐒 လမ်းညွှန် 🚃🇯🇵
𝐉𝐋𝐏𝐓 ဖြေဆိုရမယ့်နေရာတွေကို ရောက်ရှိတဲ့ ယာဥ်လိုင်းတွေနဲ့ အနီးဆုံးမှတ်တိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်ရှင် ။
1. NYRDDC (စာဥမှတ်တိုင်)
YBS - 4 or 133 / 8 or 134 / 9 / 100
YBS - 5 စီးပါက အလိုတော်ပြည့်မှတ်တိုင်ဆင်းရန်
2. ရန်ကင်းပညာရေးဒီဂရီကောလိပ် (မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 or 139 / 38 / 60 / 83 / 87 / 108
YBS - 43 စီးပါက ရန်ကင်းစာတိုက်မှတ်တိုင်ဆင်းရန်
3. ရန်ကုန်ပညာရေးတက္ကသိုလ် (စိုက်ပျိုးရေးမှတ်တိုင်)
YBS - 21 or 131 / 35 / 37 / 39 or 140 / 61 / 65 or 145 / 77 / 78 / 82 / 104 / 105 / 106 / 107 / လေဆိပ်ကား(ပြည်လမ်း) (APS-1)
***TTC သည်လည်းယခုအတိုင်းသာဖြစ်သည်
4. အထက ၂ ရန်ကင်း (မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 or 139 / 38 / 60 / 83 / 87 / 108
YBS - 43 စီးပါက ရန်ကင်းစာတိုက်မှတ်တိုင်ဆင်းရန်။
YBS - 14 / 26 / 27 စီးပါက ကျောက်ကုန်းမှတ်တိုင်ဆင်းရန်။
YBS- 63 စီးပါက ဂိတ်ဆုံးထိစီး၍လမ်းလျှောက်ရန်။
5. အထက ၁ လမ်းမတော် (သခင်မြပန်းခြံမှတ်တိုင်)
YBS - 14 / 20 / 22 / 23 / 30 / 40 or 141 or 142 or 143 / 41 / 55 / 56 / 57 / 58 / 59 or 144 / 89 / 90 / 94 / 98 / 117
YBS - 21 or 131 / 35 / 37 / 39 / 78 / 104 / 105 / 106 / 107 / 118 / 128 / လေဆိပ်ကား(ပြည်လမ်း)စီးပါက စိန်ဂျွန်းမှတ်တိုင်ဆင်းရန်(လမ်းပြန်လျှောက်ပေးရန်တော့လိုပါတယ်)
6. အထက ၁ ဗဟန်း (ရွှေဂုံတိုင်မှတ်တိုင်)
YBS - 12 / 20 / 29 or 139 / 59 or 144 / 61 / 62 / 65 or 145 / 75 / 82 / 85 / 118 / 128
YBS - 28 / 36 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)စီးပါက ရွှေဂုံတိုင်(နှင်းဆီကုန်း)မှတ်တိုင်ဆင်းရန်
7. အလက ၄ ရန်ကင်း (မှတ်တမ်းရုံးမှတ်တိုင်)
YBS - 14 / 26 / 27
YBS - 60 / 63 စီးပါက သံလမ်းမှတ်တိုင်ဆင်းရန်(အောင်ဇေယျလမ်း)မှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
8. ရန်ကုန်တက္ကသိုလ် (ကျောင်းရှေ့ (ဓမ္မာရုံ)မှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86
ဂိတ်နံပါတ်ပေါ်မူတည်၍ ကျောင်းရှေ့( ဓမ္မာရုံ ) မှတ်တိုင် / ကျောင်းလမ်းမှတ်တိုင်ဆင်းပါ ။
9. အထက ၁ စမ်းချောင်း (ဟံသာဝတီအဝိုင်းမှတ်တိုင်)
YBS - 21 or 131 / 35 / 37 / 39 or 140 / 61 / 65 or 145 / 77 / 78 / 82 / 104 / 105 / 106 / 107 / လေဆိပ်ကား(ပြည်လမ်း)
10. အထက ၂ ဗဟန်း (ကုက္ကိုင်းမှတ်တိုင်)
YBS - 28 / 36 / 87 / 108 / 115 / 116 / လေဆိပ်ကား (ကမ္ဘာအေးဘုရားလမ်း)
YBS - 14 / 38 / 60 / 76 / 86 စီးပါက တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမှတ်တိုင်ဆင်း၍တံတားအဆင်းသို့လမ်းလျှောက်ရန်
11. အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီး (ဗဟန်း၃လမ်းမှတ်တိုင်)
YBS - 8 or 134 / 12 / 28 / 29 or 139 / 36 / 61 / 82 / 87 / 95 / 108 / 115 / 116 / လေဆိပ်ကား (ကမ္ဘာအေးဘုရားလမ်း)
12. အထက ၁ ဒဂုံ (ယောက်လမ်းမှတ်တိုင်)
YBS - 12 / 28 / 29 or 139 / 36 / 61 / 72 / 82 / 87 / 108 / 115 / 116 / လေဆိပ်ကား (ကမ္ဘာအေးဘုရားလမ်း)
YBS - 78 / 80 / 93 / 94 / 118 / 120 စီးပါက ဘူတာကြီးဆင်း၍လမ်းလျှောက်ရန် ။
13. အထက ၂ ဒဂုံ(ပဲခူးကလပ်မှတ်တိုင်)
YBS - 21 or 131 / 35 / 37 / 39 / 78 / 104 / 105 / 106 / 107 / 118 / 128 / လေဆိပ်ကား (ပြည်လမ်း)
14. အထက ၆ အလုံ (ချန်မာဖီမှတ်တိုင်)
YBS - 22 / 41 / 59 or 144 / 89 (ကြည့်မြင်တိုင်မှသာကေတအသွား) / 94 / 98 / 117
15. ရန်ကုန်နည်းပညာတက္ကသိုလ် (ဘီပီအိုင်မှတ်တိုင်)
YBS – 21 or 131 / 39 or 140 / 41 / 65 or 145 / 68 / 78 / 88 / 99 / 119 / 15 or 137 (ကြိုးတံတား)
YBS-15 or 137 ( ကြိုးတံတား ) စီးပါက ဘီပီအိုင်ရောက်မရောက်မေးစီးရန် ။
16. အထက ၁ ရန်ကင်း ( ၁၂ လုံးတန်းမှတ်တိုင်)
YBS - 12 / 14 / 29 or 139 / 38 / 43 / 60 / 64 / 76 / 79 / 86 / 87 / 108,132
17. အထက ၁ တာမွေ (မင်္ဂလာစျေးမှတ်တိုင်/ ၁၂၄လမ်းမှတ်တိုင် / ယုဇနပလာဇာမှတ်တိုင်)
YBS - 3 / 7 or 111 / 9 / 13 / 20 / 25 / 26 / 27 / 43 / 64 / 65 or 145 / 72 / 80 / 85 / 111 / 112 / 113 / 120 / 129
YBS - 33 စီးပါက ဂိတ်ဆုံးထိစီးရန် ။
8 or 134, 95 စီးပါက BOC မှတ်တိုင်ဆင်းရန်။
18. ရန်ကုန်စီးပွားရေးတက္ကသိုလ် (Mainထဲ) (မာလာမှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)
19. NMDC (ဂန္ဓီဆေးရုံမှတ်တိုင်)
YBS - 56 / 57 / 100 / 98 (လင်းစဒေါင်းမှလှိုင်သာယာအသွား)
YBS - 13 / 24 / 26 / 34 / 43 / 58 / 63 / 65 or 145 / 82 / 114 စီးပါက ဗိုလ်တထောင်ဘုရားမှတ်တိုင်ဆင်းရန်
YBS - 3 / 31 / 70 / 81 / 89 / 110 စီးပါက လမ်း၅ဝမှတ်တိုင်ဆင်းရန်
YBS - 65 / 132 / 145 စီးပါက ယာဉ်မောင်းကိုမေး၍ဂန္ဓီဆေးရုံဘက်မှအရင်ပတ်မည်ဆိုပါက ဂန္ဓီဆေးရုံမှတ်တိုင်ဆင်းရန်။
20. အထက ၁ အင်းစိန် (အင်းစိန်ဆေးရုံမှတ်တိုင်)
YBS - 15 (အဝါ) or 137 / 21 or 131 / 65 (အဝါ) or 145 / 77 / 78 / 88 / 94/ 109
21. အထက ၁ မင်္ဂလာတောင်ညွန့် (မဆလာစက်မှတ်တိုင်)
YBS - 7 or 111 / 20 / 25 / 64 / 72 / 111 / 112 / 113 / 120/43
22. RC 2 (ကျောင်းကွေ့မှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 105 / 106 / 107 / 117 / လေဆိပ်ကား (ပြည်လမ်း)
YBS - 21 or 131 / 30 / 39 or 140 / 41 / 61 / 65 or 145 / 76 / 77 / 78 / 82 / 86 / 90 စီးပါက သံလမ်းမှတ်တိုင်ဆင်းရန် (လမ်းအနည်းငယ်လျှောက်ရမည်)
23. အထက ၂ ကမာရွတ် (ကျောင်းလမ်းမှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86
24. အထက ၄ စမ်းချောင်း (ရှမ်းလမ်းမှတ်တိုင်)
YBS - 11 or 136 / 20 / 59 or 144 / 62 / 75 / 85
25. အလက ၁ ရန်ကင်း (မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 or 139 / 38 / 60 / 83 / 87 / 108
26. အထက ၃ လှိုင် (အုတ်ကျင်းမှတ်တိုင်)ဗဟိုလမ်းကိုရောက်ပါမယ်
YBS - 11 or 136 / 22 / 94
YBS - 21 or 131 / 30 / 39 / 41 / 61 / 65 or 145 / 76 / 77 / 78 / 82 / 86 / 90 စီးပါက အင်းစိန်လမ်းကိုရောက်ပါမည်
27. အထက ၄ အလုံ (သခင်မြပန်းခြံမှတ်တိုင်)
YBS - 14 / 19 / 20 / 22 / 23 / 30 / 40 or 141 or 142 or 143 / 41 / 55 / 56 / 57 / 58 / 59 or 144 / 89 / 90 / 94 / 98 / 117 / 128 / 130
အထက ၁ လမ်းမတော်သည်လည်းယခုအတိုင်းသာဖြစ်သည်။
28. အထက ၂ မရမ်းကုန်း ( ခဝဲခြံမှတ်တိုင် )
YBS – 21 or 131 / 39 or 140 / 41 / 65 or 145 / 68 / 78 / 88 / 99 / 119 / 15 or 137 (ကြိုးတံတား)
***YBS – 15 or 137 (ကြိုးတံတား) စီးပါက ခဝဲခြံရောက်မရောက်မေးစီးရန်
29. အထက ၁ လှိုင် (ဘူတာရုံလမ်းမှတ်တိုင်)
YBS – 11 or 136 / 22 / 94
YBS – 21 or 131 / 30 / 39 or 140 / 41 / 61 / 65 or 145 / 76 / 77 / 78 / 82 / 86 / 90 စီးပါက အင်းစိန်လမ်းကိုရောက်ပါမည်
30. အထက ၂ လသာ (ဆေးရုံကြီးမှတ်တိုင်)
YBS - 20 (သခင်မြပန်းခြံမှလှိုင်သာယာအပြန်) / 37 / 56 / 94 / 98 / 104 / 105 / 107 / လေဆိပ်ကား (ပြည်လမ်း)
YBS – 4 or 133 စီးပါက ဗိုလ်ချုပ်စျေးဆင်းရန်
YBS - 8 or 134 / 11 or 136 / 77 စီးပါက လေဟာပြင်စျေးဆင်းရန်
YBS – 21 or 131 / 35 / 39 or 140 / 78 / 118 စီးပါက အရေးပေါ်ဌာနဆင်းရန်
***အထက ၁ လသာသည်လည်းယခုအတိုင်းသာဖြစ်သည်
31. အထက ၁ မရမ်းကုန်း (ဦးဘဟန်မှတ်တိုင်)
YBS – 15 or 137 (ကြိုးတံတား) / 16 / 19 / 61 / 68 / 79 or 132 / 83 / 86
32. ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (UFLမှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86
33. အထက ၁ တောင်ဥက္ကလာ (အင်းဝမှတ်တိုင်)
YBS – 10 or 135 / 12 / 32 / 87 / 96 / 108
YBS – 29 or 139 / 38 / 83 စီးပါက ဘုရားလမ်းမှတ်တိုင်ဆင်းရန်
34. ကုန်ထုတ်ဓာတုဗေဒဌာန - ဒဂုံတက္ကသိုလ် (၃၇မှတ်တိုင်)
YBS – 10 or 135 / 15 / 24 / 25 / 26 / 28 / 29 or 139 (ရိုးရိုး) / 30 / 117 / 128/137
YBS - 13 / 27 / 62 / 66 / 87 / 88 / 108 စီးပါက မုခ်ဝမှတ်တိုင်ဆင်းရန် (ကျောင်းထဲသို့လမ်းလျှောက် (or) ကားထပ်စီးပါ)
35. အထက သုဝဏ္ဏ (ကျောင်းလမ်းမှတ်တိုင်)
YBS - 25 / 59 or 144 / 63 / 75 / 80 / 110 / 118
36. အထက ၄ မင်္ဂလာတောင်ညွန့် (ဘူတာကြီးမှတ်တိုင်)
YBS - 78 / 80 / 93 / 94 / 118 / 120
YBS - 80 / 120 စီးပါက ကျောက်ကွေ့မှတ်တိုင်ဆင်းရန်။
YBS - 12 / 28 / 29 / 36 / 61 / 72 / 82 / 87 / 108 / 115 / 116 / 139 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း) စီးပါက ယောက်လမ်းမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
***အထက ၃ မင်္ဂလာတောင်ညွန့်သည်လည်းယခုအတိုင်းသာဖြစ်သည်
37. အထက ၇ အလုံ (ဒန်အိုးစက်မှတ်တိုင်)
YBS - 14 / 19 / 23 or 130 / 30 / 40 or 141 or 142 or 143 / 55 / 89 (သာကေတမှကြည့်မြင်တိုင်အသွား) / 90
38. အထက ၃ ကမာရွတ် (သဘော်ကျင်းမှတ်တိုင်)
YBS - 19 / 20 / 23 or 130 / 38 / 40 or 141 or 142 or 143 / 55 / 60 / 85 / 98
YBS - 14 / 30 / 41 / 90 / 117 စီးပါက ကမာရွတ်ရဲစခန်းရှေ့မှတ်တိုင်ဆင်းရန်
YBS – 11 or 136 / 22 / 94 စီးပါက ပြည်ရိပ်မွန်မှတ်တိုင်ဆင်းရန်
YBS - 62 စီးပါက ဆင်မလိုက်မှတ်တိုင်ဆင်းရန်
39. သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် (ဘီအိုစီမှတ်တိုင်)
YBS - 1 / 3 / 7 or 111 / 13 / 24 / 46 / 62 / 71 / 84 / 92 / 96 / 111 / 112 / 113 / 114 / 128 / ထာဝရ / ကမ္ဘာကျော်
40. အထက ၂ စမ်းချောင်း (မြေနီကုန်း (ပြည်လမ်း)မှတ်တိုင်)
YBS – 21 or 131 / 35 / 37 / 39 or 140 / 61 / 65 or 145 / 77 / 78 / 82 / 104 / 105 / 106 / 107 / လေဆိပ်ကား (ပြည်လမ်း)
YBS - 11 or 136 / 20 / 59 or 144 / 62 / 75 / 85 / 118 / 128 ,65(or)145စီးပါက မြေနီကုန်းမှတ်တိုင်(ဗားဂရာလမ်း)ဆင်းရန်
41. အထက ၈ အင်းစိန် (ဆယ်မိုင်ကုန်းမှတ်တိုင်)
YBS - 6 / 15 (အဝါ) or 137 / 37 / 43 / 44 / 55 / 77 / 90 / 96 / 97 / 103 / 104 / 105 / 106 / 107
42. ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) (အေဒီမှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 106 / 107 / 117 / လေဆိပ်ကား (ပြည်လမ်း)
သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်သည်လည်းယခုအတိုင်းသာဖြစ်သည်။ အေဒီမှတ်တိုင်ဆင်းပါ။
43. အထက ၁ သင်္ဃန်းကျွန်း (ဘုရားလမ်းမှတ်တိုင်)
YBS - 1 / 3 / 7 / 13 / 24 / 46 / 62 / 71 / 84 / 92 / 96 / 111 / 112 / 113 / 114 / 128 / ထာဝရ / ကမ္ဘာကျော်
44. အထက ၄ တာမွေ (ကျောက်မြောင်းစျေးမှတ်တိုင်)
YBS - 3 / 7 or 111 / 9 / 13 / 20 / 25 / 26 / 27 / 43 / 64 / 65 or 145 / 72 / 80 / 85 / 95 / 112 / 113 / 129
45. အထက ၄ သင်္ဃန်းကျွန်း (ဘဝမြင့်မှတ်တိုင်)
YBS - 1 / 3 / 7 or 111 / 13 / 24 / 46 / 62 / 71 / 84 / 92 / 96 / 111 / 112 / 113 / 114 / 128 / ထာဝရ / ကမ္ဘာကျော်
46. အထက ၁ ကမာရွတ် (မြေနီကုန်းမှတ်တိုင်)
YBS – 21 or 131 / 35 / 37 / 39 or 140 / 61 / 65 or 145 / 77 / 78 / 82 / 104 / 105 / 106 / 107 / လေဆိပ်ကား(ပြည်လမ်း)
47.အထက ၂ လမ်းမတော်( စံပြမှတ်တိုင်)
YBS - 58
YBS - 20(လှိင်သာယာမှသခင်မြပန်းခြံအသွား) / 56 / 57 / 58 / 89 / 131 စီးပါက မော်တင်မှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
YBS - 21 / 35 / 37 / 39 / 56 / 78 / 94 / 98 / 104 / 105 / 107 / 118 / လေဆိပ်ကား( ပြည်လမ်း)စီးပါက သရက်တောမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
YBS - 128 / 140 စီးပါက ဗဟိုစည်မှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
**YBS - 56 / 57 / 58 ယာဉ်လိုင်းများသည်မြိုတွင်းပတ်လိုင်းများဖြစ်၍နှစ်နေရာလောက်တွင်ပါနေခြင်းဖြစ်သည်။
48. မြင်သာမြို့ဦးလူငယ်ဖွံ့ဖြိုးရေးစင်တာ(တောင်ဥက္ကလာဘုရားမှတ်တိုင်)
YBS - 6 / 13 / 14 / 26 / 27 / 29 / 38 / 42 / 84 / 92 / 97 / 103 / 128 / 139
YBS - 83စီးပါက ဂိတ်ဟောင်း(or)မိုးဆွေမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
49. ဒဂုံတက္ကသိုလ်၊ အဆောင် (၁၂/၁၄/၁၅)၊ ဥပဒေ
အဆောင် (၁၃)၊ စီးပွားရေး (ဒဂုံတက္ကသိုလ်မှတ်တိုင်)
YBS - 15 / 24 / 25 / 26 / 28 / 30 / 117 / 128 / 137 / 139
50. အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ဂန္ဒီမှတ်တိုင်-ကုန်သည်လမ်း)
YBS - 56 / 57 / 98 / 100
51. အထက(၂) သင်္ဃန်းကျွန်း (ဇဝနမှတ်တိုင်) သို့ (ပြည်သာယာမှတ်တိုင်)
YBS - 1 / 3 / 7 / 13 / 24 / 46 / 62 / 71 / 84 / 92 / 96 / 111 / 112/ 113 / 114 / 128
📌 အချက်အလက်များအတွက် မူရင်းပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ် ။