AL- ITQAN Qur'anic Platform

AL- ITQAN Qur'anic Platform "You can find Quran courses, translations of Quranic verses, Tafseer, and Quranic history taught by PhD-qualified qurra and authentic Islamic scholars."

ကုရ်အာန်ကျမ်း‌တော်မြတ်အား မှန်ကန်စွာဖတ်ရွတ်နိုင်ဖို့အသင့်ဖြစ်ပြီလား? မြန်မာနိုင်ငံရှိ ကျောင်းကြီးများသာမက ပါကစ္စတန်နိုင်...
19/12/2025

ကုရ်အာန်ကျမ်း‌တော်မြတ်အား မှန်ကန်စွာဖတ်ရွတ်နိုင်ဖို့အသင့်ဖြစ်ပြီလား? မြန်မာနိုင်ငံရှိ ကျောင်းကြီးများသာမက ပါကစ္စတန်နိုင်ငံမှ ပညာရပ်များ ဆည်းပူးလာသည့် ဆရာကိုယ်တိုင် သင်ကြားပေးနေပါသည်။

📍သင်ကြားပေးမည့် ဆရာ့အရည်အချင်း:
- Hafiz
-Molvi
- Qiraat & Tajweed Specialist
- Online သင်ကြားမှူ့ အတွေ့ကြုံရှိသူ

📚ဘာသာရေးပညာ: ကုရ်အာန်ကုရ်အာန်ကျမ်း‌တော်မြတ်အာဂုံဆောင်ပြီးနောက် Jamia Umar Bin Khattab (ဆရာမုဖ်သီအလီ) ကျောင်းတွင် မော်လဝီ ၇ တန်းထိ ဆည်းပူးခဲ့ပြီး နောက်ဆုံးနှစ်ကို ပါကစ္စတန်နိုင်ငံရှိ Jamia Tur Rasheed (Karachi) မှာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။
📚အထူးပြု: Al-Khair Darul Quran Al Kareem (မော်လာနာ ကာရီ အိစ်ဟားက် ) ကျောင်းမှာ အရှရ ကိရာအသ်(ကုရ်အာန်၏ ရိ၀ါယာသ် အခု၂၀) အား သင်ယူခဲ့ပြီး၊ လက်ရှိထိလည်း ထိုကျောင်း၌ လက်ထောက်ဆရာအဖြစ် တာဝန်ယူနေပါသည်။

ဆိုတော့ လူကြီးမင်းများအနေနဲ့ ယုံကြည်စိတ်ချရသည့်ဆရာများဘက်မှ စီစဉ်ထားသည့်သင်တန်းတွင် ပါဝင်တက်ရောက်လိုပါက comment ရှိလင့်ကိုနှိပ်၍ လျှောက်လွှာတင်နိုင်ပါသည်။

 #၂လပြတ်သက်ကြီးonlineကုရ်အာန်သင်တန်း #ဒုတိယအကြိမ်စနစ်တကျကုရ်အာန်ကျမ်းတော်မြတ်ကိုမဖတ်ရွတ်နိုင်သည့် လူကြီးမင်းများအတွက် အခ...
17/12/2025

#၂လပြတ်သက်ကြီးonlineကုရ်အာန်သင်တန်း
#ဒုတိယအကြိမ်

စနစ်တကျကုရ်အာန်ကျမ်းတော်မြတ်ကိုမဖတ်ရွတ်နိုင်သည့် လူကြီးမင်းများအတွက် အချိန်တိုကာလအတွင်း ကုရ်အာန်ကျမ်းတော်မြတ်ကို မှန်မှန်ကန်ကန်ဖတ်ရွတ်နိုင်သည်အထိ သင်ကြားပေးမည့် အွန်လိုင်းသင်တန်းတစ်ခု ပြန်လည် စီစဉ်ထားပါသည်။
ဤသင်တန်းကိုတက်ရောက်ခြင်းအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်အား မှန်ကန်စွာဖတ်ရွတ်နိုင်သွားခြင်း၊ သဂ်ျဝီးဒ်နှင့်တကွ စူရဟ်ပုဒ်တိုများ နုတ်တိုက်ရရှိသွားခြင်း၊ ဆွလာသွလ်သစ်ဗီးဟ်နှင့် အစရှိသည့် နမားဇ်များ ဖတ်တတ်သွားခြင်းနှင့် မြောက်များစွာသော အကျိုးမြတ်များ ရရှိသွားမည်ဖြစ်ပါသည်။

📖သင်တန်းတွင် သင်ကြားမည့်ကဏ္ဍရပ်များ၊

✔️ နူရာနီကာအိဒဟ် အစအဆုံး၊
✔️ ကုရ်အားန် အကြည့် ၂ ပါရဟ်၊
✔️ ဟိဖ်ဇ်စူရဟ်+သဂ်ျဝီးဒ်၊
✔️ နမားဇ်၏ မစာအိလ်များ၊
✔️အ‌ခြေခံကြသည့်ယုံကြည်ချက်များ၊
✔️ နေ့စဉ်တောင်း ဒုအာများ၊

🔷ဘာ‌ကြောင့်သင့်အနေနဲ့ ဤသင်တန်းကို တက်ရောက်သင့်သနည်း?

သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်:၊
အရည်အချင်းပြည့်မီ ဆရာများမှတိုက်ရိုက်သင်ကြားပို့ချပေးခြင်း၊
နေ့စဉ်သင်ခန်းစာများအား တစ်ယောက်ချင်းစီနားထောင်ပြုပြင်ပေးခြင်း၊
အရေးကြီး PDF file,Video file များ နှင့် Note မျှဝေပေးခြင်း၊

👤သင်ကြားပေးမည့်ဆရာများ
မော်လဝီကာရီစလ်မာန်မက်သူးမ်
(ဒါရုလ်အုလူးမ်ကရာချီ ကျောင်းဆင်း၊
(သဂ်ျဝီးဒ်နှင့်ကိရာအသ်အထူးအတန်းပြဆရာ)
မော်လဝီကာရီအဟ်မဒ်ဘိုဒီး
(ဂျာမိအဟ်သွရ်ရရှီးဒ် ကျောင်းဆင်း)

📌 သင်တန်းအသေးစိတ်အချက်အလက်များ

📍 Application: Google Meet
📅 စတင်မည့်ရက်: 5, January, 2026 မှ 5, March, 2026 ထိ
⏳သင်တန်းကာလ: ၂ လ
🗓️ရက်: တနင်္လာ မှ ကြာသပတေးနေ့ ထိ (တစ်ပတ် လေးရက်)
⏰ အချိန်: ည ၈:၀၀ မှ ၉:၃၀ ထိ
💲သင်တန်းကြေး : အခမဲ့

သင်တန်းတွင်ပါဝင်ရန် comment တွင်ပေးထားသည့် လင့်ကိုနှိပ်၍လျှောက်လွှာဖြည့်သွင်းပါ။

သင်တန်းအထူးအခွင့်အရေးကို လက်မလွှတ်လိုက်ပါနှင့်
အမျိုးသားသီးသန့်ပါ။

➡️ ဆက်သွယ်ရန်
🔵Messenger Chat box
🟣Viber ဖုန်းနံပါတ်: +959963811947

"လေးစားစွာဖြင့်"
AL- ITQAN Qur'anic Platform

07/12/2025

အဇားန်သည် အစ္စလာမ်သာသနာ၏ ထင်ရှားသော သင်္ကေတနှင့် နမားဇ်ဘက် ကို ဖိတ်ခေါ်သည့် အရေးပါသော အသံဖြစ်သည်။ အဇားန်၏ စာလုံးများကို ရှင်းရှင်းလင်းလင်း နှင့် သာယာနာပျော်သော အသံနဲ့ ပေးရန်‌အရေးကြီးသည်။
ကိရာအာသ်နှင့် သဂ်ျ၀ီးဒ် အထူးပြု အတန်းမှ ကျောင်းသား အိရှာအဇားန် ပေးထားသည့် ဗီဒီယိုနား‌ထောင်ကြည့်ပါ။

28/10/2025

ကျွန်တော်တို့ရဲ့ ကျောင်းသားများကို သဂ်ျဝီးဒ်၊မခါရိဂ်ျ နဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို ကောင်းမွန်စွာဖတ်နိုင်ဖို့အတွက်သာမက၊ တမန်တော်မြတ် ထံတော်ပါးမှ ဆင့်ကဲရောက်ရှိလာထားသော (Qira’at)များကို ကောင်းမွန်စွာမှတ်မိနိုင်ဖို့ ရည်ရွယ်ပြီး နမားဇ်အတွင်း လေ့ကျင့်မှုများ ပြုလုပ်ပေးပါသည်။
ကျွန်တော်တို့ရဲ့တပည့်ဖြစ်သူ رواية سوسى عن الامام البصری နဲ့ ရှေ့ဆောင်၀တ်ပြုထားတဲ့ video မျှဝေလိုက်ပါတယ်။

15/08/2025

ကုရ်အားန်ကျမ်းတော်မြတ်ရဲ့ အလှတရားက စာလုံးတိုင်းရဲ့ မခ်ရဂ်ျ နဲ့ ဆိဖားသ် မှန်ရုံနဲ့သာ ပေါ် လွင်နေပါတယ်။

07/04/2025

🌙 Eid Mubarak! ✨ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ဖြင့် ရမဇာန်လမြတ်ကို ဖြတ်သန်းနိုင်ခဲ့ပြီး မင်္ဂလာ...
31/03/2025

🌙 Eid Mubarak! ✨

အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ဖြင့် ရမဇာန်လမြတ်ကို ဖြတ်သန်းနိုင်ခဲ့ပြီး မင်္ဂလာများစွာဖြင့် အိဒ်ဖီတ်ရ် ရောက်ရှိလာပါပြီ။

ရမဇာန်လတွင် ဥပုသ်သီလစောင့်ထိန်းခြင်း၊ တရာဝီနမာဇ်၀တ်ပြုခြင်း၊ ကုရ်အာန်ကျမ်းမြတ်ဖတ်ရှု့ခြင်း၊၎င်း‌နောက်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် လွတ်ညိမ်းချမ်းသာခွင့် ရရှိရန်ကြိုးစားခဲ့ကြပါသည်။

ယခုအိဒ်နေ့တွင် မေတ္တာကရုဏာဖြင့် စုစည်းနေထိုင်ခြင်း၊ မိသားစုနှင့်အတူ ချစ်ခြင်းမေတ္တာများဖလှယ်ခြင်းတို့၊ အချင်းချင်းရိုင်းပင်ကူညီခြင်းဖြင့် ဖြတ်သန်းကြပါစို့။

အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့၏ ဥပုသ်နှင့်ဆုတောင်းဝတ်ပြုမှုများကို လက်ခံတော်မူပြီး ကျွန်တော်မျိုးတို့၏ အပြစ်များကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။
မြန်မာနိုင်ငံတွင် ငလျှင်ဘေးဒဏ် ခံရသော ညီအစ်ကိုမောင်နှမများကို အလ္လာဟ်အရှင်မြတ် သနားကြင်နာတော်မူပါစေ။ ဆုံးရှုံးမှုများအစား ပိုမိုကောင်းမွန်သော အရာများ ချီးမြင့်တော်မူပါ။ ဖျားနာသူများကို အမြန်ဆုံးသက်သာစေ‌တော်မူပါ။ ကွယ်လွန်သူများကို မဂ်ဖိရတ် ချီးမြှင့်တော်မူပါ။ အာမီးန်။

Address

Yangon
11141

Website

Alerts

Be the first to know and let us send you an email when AL- ITQAN Qur'anic Platform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category