Active Plus Preschool

Active Plus Preschool

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Active Plus Preschool, School, 988/A, Thu Mingalar Road, Thingangyun Tsp, Yangon.

24/07/2026

🚗🚢✈️ Land, Water and Air Transportation Sorting

🚌Nursery အတန်းက သားသားမီးမီးလေးတွေက ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အမျိုးအစားခွဲခြားတဲ့ Activity ကို စိတ်ဝင်တစား ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ ပုံရိပ်‌ လေးများဖြစ်ပါတယ်ရှင်။

🚌ကလေးတို့က ပုံတွေကို ကြည့်ပြီး

🚊ဘယ်ယာဉ်က ကုန်းလမ်းသွား၊

🚢ဘယ်ယာဉ်က ရေလမ်းသွား၊

✈️ဘယ်ယာဉ်က လေကြောင်းသွားဆိုတာကို ကိုယ်တိုင်စဉ်းစားပြီး မှန်ကန်တဲ့နေရာမှာ ထားနိုင်ခဲ့ကြပါတယ်ရှင့်။

🎡ဒီလို လှုပ်ရှားမှုလေးက ကလေးတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ခွဲခြားသိမြင်နိုင်စွမ်းနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးအစားများကို ပိုမိုနားလည်စေဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ 💙

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418


23/07/2026

🚣‍♀️🎶 Row, Row, Row Your Boat 🎶🚣‍♂️

သီချင်းလေးနဲ့အတူ လှေလှော်ကစားရင်း 🚣‍♀️🌊
သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ Pretend Play လုပ်ခဲ့ကြတဲ့ Pre-KG Classက ရင်သွေးလေးများ 🥰💙

ကလေးလေးတွေရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ လှေလှော်ခရီးထွက်ရင်း 🎵🚣‍♂️ပျော်ရွှင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ သင်ယူမှုတွေကို တစ်ပြိုင်နက်တည်း ရရှိခဲ့ကြပါတယ်ရှင် ✨🌈

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418

19/07/2026

🕊️ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးချစ်စိတ် နှင့် နိုင်ငံအပေါ်ထားရှိခဲ့သော စိတ်ဓာတ်များကို အစဉ်အမြဲ အောက်မေ့သတိရလျက်…

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အား Active Plus Preschool မိသားစုမှ လေးစားစွာ ဦးညွတ်ဂါရဝပြုအပ်ပါသည်။

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418


Photos from Active Plus Preschool's post 17/07/2026

🌈 Bracelets Making with Friends 🌈

ကလေးများအတွက် အကောင်းဆုံးသင်ယူမှုက လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ 💙

Nursery Class မှ သားသား၊ မီးမီးတို့က ရောင်စုံပိုက်လေးများကို ကြိုးထဲသို့ ထည့်ပြီးလက်ကောက်လေးများကို ကိုယ်တိုင်ဖန်တီးခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှတစ်ဆင့် ကလေးများ၏ လက်ချောင်းကြွက်သားဖွံ့ဖြိုးမှု၊ အာရုံစူးစိုက်နိုင်စွမ်း၊ လက်နှင့်မျက်စိ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း တို့ကို မြှင့်တင်ပေးရုံသာမက အရောင်ခွဲခြားသိမြင်နိုင်စွမ်း နှင့် တီထွင်ဖန်တီးနိုင်စွမ်း တို့ကိုလည်း ဖွံ့ဖြိုးစေပါတယ်ရှင့်။

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418

Photos from Active Plus Preschool's post 17/07/2026

🧩 Friend's Face Puzzle 🧩

သူငယ်ချင်းရဲ့ မျက်နှာပုံကို အပိုင်းအစလေးတွေ ပြန်လည်ဆက်စပ်ရင်း ကလေးလေးတွေဟာ ပျော်ရွှင်စွာ သင်ယူခဲ့ကြပါတယ်ရှင့်။ 🥰

ဒီလှုပ်ရှားမှုက👇🏽

✅မျက်နှာမှတ်မိနိုင်စွမ်း (Face Recognition)၊
✅အာရုံစူးစိုက်နိုင်စွမ်း၊
✅စဉ်းစားဆင်ခြင်နိုင်စွမ်း နဲ့
✅လက်-မျက်စိ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း တို့ကို ဖွံ့ဖြိုးစေပါတယ်။

ထို့အပြင် သူငယ်ချင်းများကို ပိုမိုရင်းနှီးချစ်ခင်လာစေပြီး လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) ကိုလည်း တိုးတက်စေပါတယ်။ 💙

ကစားရင်း သင်ယူခြင်းက ကလေးများအတွက် အကောင်းဆုံး သင်ယူနည်းတစ်ခုဖြစ်ပါတယ်ရှင်။ 🌟

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418






Photos from Active Plus Preschool's post 16/07/2026

❤️ Heart Shape Matching & Find the Best Friend (Pre KG Class)

♥️ Pre KG Class လေးတွေကအရောင်တူ Heart Shape လေးတွေကို ကိုယ်တိုင်လိုက်လံရှာဖွေပြီး အခင်ဆုံးသူငယ်ချင်းရဲ့ အင်္ကျီမှာ သွားကပ်ပေးခဲ့ကြတဲ့ Activity လေးဖြစ်ပါတယ်ရှင့်။ 💕

♥️Heart Shape လေးတွေကို အောင်မြင်စွာ Match လုပ်ပြီးတဲ့နောက်မှာတော့ သူငယ်ချင်းအချင်းချင်း နွေးနွေးထွေးထွေး ပွေ့ဖက်ကာ ချစ်ခင်မှုနဲ့ မိတ်ဆွေကောင်းဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကို ပျော်ရွှင်စွာ သင်ယူခဲ့ကြပါတယ်။ 🤗

♥️ဒီ Activity လေးက ကလေးတွေရဲ့ Color Recognition, Matching Skills, Social Skills နဲ့ Friendship & Kindness ကို သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်စေခဲ့တဲ့ ချစ်စရာအခိုက်အတန့်လေးတစ်ခုပါပဲရှင်။ ❤️✨

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418

16/07/2026

🧩 Build the Friend's Body (Nursery Class)
ကလေးတွေရဲ့ သင်ယူမှုဟာ စာအုပ်ထဲမှာပဲ မဟုတ်ပါဘူး‌ရှင်။

Nursery Class သားသားမီးမီးလေးတွေက Block လေးတွေနဲ့ သူငယ်ချင်းရဲ့ ကိုယ်ခန္ဓာပုံစံကို အတူတူ ဖန်တီးကြရင်း Body Parts တွေကို လေ့လာခဲ့ကြပါတယ်။

ကစားရင်း ရယ်မောပျော်ရွှင်ခဲ့ကြသလို၊ အချင်းချင်း ကူညီပေးတတ်တဲ့စိတ်၊ စိတ်ကူးဖန်တီးနိုင်စွမ်းနဲ့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုလည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာစေခဲ့တဲ့ ချစ်စရာ Learning Moment လေးတစ်ခု ဖြစ်ခဲ့ပါတယ်ရှင့်။ 💙✨

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418

Photos from Active Plus Preschool's post 15/07/2026

🎨 Draw Your Friend’s Picture
(Pre KG Class Activity) 🌈

Pre KG ကလေးလေးများအတွက် ပျော်ရွှင်စရာ Art Activity လေးအဖြစ် “Draw Your Friend’s Picture” လုပ်ဆောင်ခဲ့ပါတယ်ရှင့်။

ဒီ Activity မှာ သူငယ်ချင်းရဲ့ မျက်နှာပုံစံကို ကြည့်ကာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတဲ့ အစိတ်အပိုင်းလေးတွေကို စိတ်ကူးဖန်တီးပြီး ရေးဆွဲခဲ့ကြပါတယ်။ 🖍️

ဒီလို လှုပ်ရှားမှုလေးတွေကနေတစ်ဆင့်
✨ Face Parts များကို သိရှိစေခြင်း
✨ Observation Skill တိုးတက်စေခြင်း
✨ Fine Motor Skill နှင့် Creativity ဖွံ့ဖြိုးစေခြင်း
✨ သူငယ်ချင်းများအပေါ် စိတ်ဝင်စားမှုနှင့် ပေါင်းသင်းဆက်ဆံရေး တိုးတက်စေခြင်း တို့ကို ရရှိစေပါတယ်ရှင့်။

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418

13/07/2026

🔥 Ring of Fire Activity | Nursery Class 🔥

"ကစားရင်း သင်ယူမယ်" ဆိုတဲ့ သဘောတရားနဲ့ Nursery Class သားသားမီးမီးလေးတွေဟာ Ring of Fire Activity လေးကို စိတ်အားထက်သန်စွာ ပါဝင်ကစားခဲ့ကြပါတယ်ရှင်။ 🥰

ကွင်းတစ်ကွင်းချင်းစီကို ဖြတ်သန်းရင်း...

✨ Balance (ဟန်ချက်ညီမှု)
✨ Gross Motor Skills (ခန္ဓာကိုယ်လှုပ်ရှားမှုစွမ်းရည်)
✨ Concentration (အာရုံစူးစိုက်နိုင်မှု)
✨ Confidence (မိမိကိုယ်ကို ယုံကြည်မှု)

တို့ကို ပျော်ရွှင်စွာ ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။ 💛

ကစားရင်း၊ သင်ယူရင်း၊ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာတဲ့ သားသားမီးမီးလေးတွေကို မြင်ရတာဟာ Active Plus Preschool က တီချယ်တို့ အတွက် အပျော်ဆုံးအချိန်လေးတွေပါပဲ။ 🌈💕

🏡လိပ်စာ🏡
အမှတ်-၉၈၈(A)၊သုမင်္ဂလာလမ်း(ရတနာလမ်းနှင့်
သုမင်္ဂလာလမ်းဆုံအနီး)၊သင်္ဃန်းကျွန်းမြို့နယ်။

09955102700
09775598418

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

988/A, Thu Mingalar Road, Thingangyun Tsp
Yangon