Social Studies Academy - GED

Social Studies Academy - GED

Share

Your path to GED success starts here. Follow us for study tips, practice questions, and expert guidance. 🏆

16/12/2025
Photos from Social Studies Academy - GED's post 12/12/2025

ဒီနေ့ ဖြေခဲ့တဲ့ ခလေးရဲ့ result လေးပါ🥰

ကြိုးစားတဲ့
နာခံသင်ယူ ဖို့စိတိဆန္ဒရှိကြတဲ့ ခလေးတွေဟာ
ထူးချွနိမူနဲ့ အောင်မြင် တတ်ကြတယ် 🥰🥰🥰

Photos from Social Studies Academy - GED's post 10/12/2025

သင်လိုမပြီးသေးလို့မဖြေပါနဲ့ဦးဆိုတာ
မရမက သွားဖြေပြီး မှ
မဆူပါနဲ့ နော်တဲ့ 🤨

မောရပါသော 🥺
ဘာဘဲဖြစ်ဖြစ်ပြီး သွားတာပေါ့နော် 🤭

10/12/2025

Nov ကဖြေပြီး တဲ့ခလေး
High School Equivalency Credential ရသွားပေါ့🥰

04/12/2025

ဒီခလေးကတော့
Pre-GED တန်းမှာဘဲသင်လိုက်ရပြီး
ခတ် အခြေအနေတွေအရ
GED အတနိးမတက်နိုင်ဘဲ
စစ်ရှောငိ နေရင်းက
သူဖာသာ
Self Studies လုပ်ရင်းဖြေခဲတဲ့သူ

Social အခြေခံ လုံးဝမရှိ
Academic တန်းလည်း Grade 9 အထိဘဲ
သင်ခဲ့ တက်ခဲ့ရသူမို
Pre ကိုအခြေခံကနေ ပြီး
သင်ခဲ့ရတာအမှတိတရဘဲ

ဘယ်လိုအခြေအနေနဲ့ကြုံကြုံ
နိုင်ငံတစ်ကာတက္ကသိုလိကအသိအမှတိပြုပေးတဲ့
US Grade 12 Equivalency Exam ကို
ထူးထူးချွနိချွနိဖြေနိုင်လို
ဝမ်းသာကျေနပ်သောပါဘဲနော်

မနှစ်က ဒီအချိနိဖြေခဲ့တဲ့ခလေး 🥰

25/11/2025
25/11/2025

https://www.facebook.com/share/p/1D37WvTSjV/

လူတိုင်း မဖြစ်မ​နေ
ဖတ်မှတ်သင့်သောအထူး​ဆောင်းပါး
=============
လူတိုင်း​လေ့လာ.စီးပွား​ရေးပညာ
[ Economics For All ]
[အပိုင်း..၅ ]
==================
​ဒေါက်သင်း.[​ဘောဂ​ဗေဒ]

ယ္ခင်အပတ်ကနိုင်ငံတစ်နိုင်ငံ၏ကုန်ထုတ်အင်အားစု
(၄)မျိုးဖြစ်သောLand,Labour,Capital and Entrepreneurshipတို့မှLandအကြောင်းကို
ဆွေးနွေးတင်ပြခဲ့ရင်းယ္ခုတပတ်တွင်လည်း
အနည်းငယ်ဆက်ပြောပါရစေ။

နိုင်ငံတစ်နိုင်ငံတွင်အထက်ပါကုန်ထုတ်အင်အားစု
(factors of production)၄မျိုးရှိလျှင်ကောင်းစွာ
စီမံခန့်ခွဲအသုံးချနိုင်လျှင်ထိုနိုင်ငံသည်ဆင်းရဲစရာ
အကြောင်းမရှိပေ။ထိုကုန်ထုတ်အင်အားစု(၄)မျိုး
ထဲမှမြေယာပိုင်ဆိုင်မှုအင်မတန်နည်းပါးကျဉ်းမြောင်း
ပြီးသဘာဝသယံဇာတဘာမှမရှိသောစက်ာပူလို
နိုင်ငံပင်လျှင်ယနေ့ဆိုလျှင်ဖွံ့ဖြိုးပြီးတိုင်းပြည်
တစ်ပြည်ဖြစ်နေပြီဆိုသည်ကိုမည်သူမျှမငြင်းနိုင်ပေ။

သို့ဆိုလျှင်မြေယာလုပ်အားရှိသောတိုင်းပြည်
တစ်ပြည်ရှိလူများအဘယ်ကြောင့်ဆင်းရဲနေကြသနည်း။
ထိုနိုင်ငံသည်အဘယ်ကြောင့်ဖွံ့ဖြိုးမှုနိုမ့်ကျဆင်းရဲသော
နိုင်ငံဖြစ်နေရသနည်းဟုမေးစရာရှိပေသည်။

ပြောရလျှင်အလွန်ကျယ်ပြန့်ပြီးဆောင်းပါး
တစ်ပုဒ်စာမျှဖြင့်မလုံလောက်ပေ။နောင်အကျယ်
တဝင့်ဆွေးနွေးတင်ပြမျှဝေပါဦးမည်။
ယခုဆောင်းပါးတွင်မူနိုင်ငံတစ်နိုင်ငံရှိ
လူတစ်ဦးချင်းသည်မိမိတွင်ပိုင်ဆိုင်သောရင်းမြစ်များ
(မြေယာ,လုပ်အား,အရင်းအနှီး,စွှန့်ဦးတီထွင်မှု)တို့ကို
ကောင်းစွာစနစ်တကျအသုံးချတတ်လျှင်
အသုံးချနိုင်လျှင်တစ်ဦးချင်းဆင်းရဲနွမ်းပါးမှု
မိသားစုလိုက်ဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်
နိုင်ပေသည်။

ဆင်းရဲနွမ်းပါးမှု(Poverty)ဟူသည်အဘယ်နည်း။
ဆင်းရဲနွမ်းပါးမှုဆိုသည်မှာလူတစ်ဦး(သို့မဟုတ်)
မိသားစုတစ်စုတွင်အနိမ့်ဆုံးလူနေမှုအဆင့်အတန်း
အတွက်ကိုဖြေရှင်းရန်ပင်လျှင်လုံလောက်သော
ငွေကြေးဝင်ငွေမရှိခြင်း(သို့မဟုတ်)မလုံလောက်ခြင်း(သို့မဟုတ်)နည်းပါးလွန်းနေခြင်းပင်ဖြစ်သည်။

Minimum Standard Of Livingဆိုသည်မှာ
အခြေခံလိုအပ်ချက်များဖြစ်သောစားစရာ၊
ဝတ်စရာ၊နေစရာနှင့်ကျန်းမာရေးအသုံးစရိတ်တို့
ပင်ဖြစ်သည်။ထိုအခြေခံလိုအပ်ချက်များကို
ဖြေရှင်းရန်ဝင်ငွေမလုံလောက်ခြင်းသည်ပင်လျှင်
ဆင်းရဲနွမ်းပါးခြင်းပင်ဖြစ်သည်။

ထိုအခြေခံလိုအပ်ချက်များကိုမဖြည့်ဆည်းနိုင်လျှင်
ပညာရေးလည်းချို့တဲ့လာမည်။အသက်မွေးရာ၌
အသိပညာအတတ်ပညာမပါလျှင်အလုပ်လုပ်ရာ၌
ခွဲခြားဆက်ဆံခံရခြင်းများလည်းရင်ဆိုင်ရလာနိုင်
သည်။ပညာရေးချို့တဲ့၍သိမြင်ဗဟုသုတနည်း
လာသောအခါကျန်းမာရေးတွင်လည်းအသုံး
အဆောင်ငွေကြေးအသုံးပြုနိုင်မှုအသိအမြင်
အားနည်းလာကာကျန်းမာရေးချို့တဲ့ပြီးအလုပ်တွင်
ကျယ်​အောင်လုပ်ကိုင်နိုင်စွမ်း၊အာရုံစိုက်နိုင်စွမ်း၊
တီထွင်နိုင်စွမ်းစဥ်းစားနိုင်စွမ်းများအားနည်းလာကာ
ထိုမှတစ်ဆင့်ကုန်ထုတ်စွမ်းရည်ကျဆင်းဝင်ငွေ
လျော့နည်းလာပြီးအခြေခံလိုအပ်ချက်အပေါ်
ဖြည့်ဆည်းနိုင်စွမ်းဝယ်နိုင်စွမ်းအားတို့ပါ
ကျဆင်းလာပေလိမ့်မည်။

ဆင်းရဲနွမ်းပါးမှုကိုတိုင်းတာရာတွင်လုံးလျားဆင်းရဲမှု
(Absolute Poverty-တစ်ရက်စာအခြေခံလိုအပ်
ချက်ကိုဖြေရှင်းရန်လိုအပ်သောဝင်ငွေထက်
လျော့နည်းသောဝင်ငွေဖြင့်ရပ်တည်နေရခြင်း)နှင့်
လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းအတွင်းတစ်ခြားသော
သူများနှင့်နှိုင်းယှဥ်ပါကအအနိုမ့်ဆုံးအခြေခံ
လိုအပ်ချက်ကိုပင်ဖြည့်ဆည်းနိုင်ခြင်းမရှိသောအခြေအနေ(Relative Poverty)ဟူ၍ရှိပေရာ
မည်သည့်ဆင်းရဲနွမ်းပါးမှုမျိုးဖြစ်ဖြစ်မရှိလေ
ကောင်းလေကျော်လွှားနိုင်လေကောင်းလေပင်
ဖြစ်သည်။

ထိုသို့ကျော်လွှားနိုင်ဖို့ဆိုလျှင်မိမိတွင်မျက်စေ့
နှစ်လုံးရှိရပေမည်။တစ်လုံးကအမှားအမှန်ကို
ဝေဖန်ပိုင်းခြားနိုင်သောပညာမျက်စေ့နှင့်နောက်
တစ်လုံးကစီးပွားရှာတတ်သောမျက်စေ့ပင်ဖြစ်သည်။
ထိုမျက်စေ့(၂)လုံးတွင်တစ်လုံးပဲရှိသည်ဆိုလည်း
ဘဝလမ်းတစ်လျှောက်အဆင်မပြေနိုင်သကဲ့သို့
နှစ်လုံးစလုံးမရှိပါကလုံးဝအမြင်ကွယ်သွားပြီ
ဖြစ်ရာလိုရာပန်းတိုင်မရောက်လှော်ရင်းနစ်
လျှောက်ရင်းလမ်းချော်ဖြစ်နေပေလိမ့်မည်။

ထိုမျက်စိနှစ်လုံးအနက်စီးပွား​ရေးမျက်စိ၊စီးပွား​ရေး
အမြင်သည်လူတိုင်းတွင်ရှိပြီးမိမိပိုင်ဆိုင်ထား​သော
ရင်းမြစ်များ[ဥပမာ.မြေယာလုပ်အား]နှင့်အကြံဥာဏ်
ကို​ကောင်းစွာအသုံးချနိုင်ပါကအ​ခြေခံစားဝတ်​နေ​ရေး
ကိစ္စကိုပင်​ဖြေရှင်းနိုင်ခြင်းမရှိ​သောဘဝအ​ခြေအ​နေ
မှလွတ်​မြောက်​ပေလိမ့်မည်။

ကျွန်မ​တွေ့ကြုံခဲ့ဖူး​သောမိရိုးဖလာစိုက်ပျိုး​ရေး
လုပ်ငန်းဖြင့်အသက်​မွေးသူတစ်​ယောက်အ​ကြောင်း​
ပြောပြပါဦးမည်။

သူ့အမည်ကဦးဝင်းဆိုပါစို့။သူ့တွင် မိဘမျိုးရိုး
စဥ်ဆက်ပိုင်ဆိုင်လာခဲ့​သော​မြေကွက်​လေးရှိသဖြင့်
တစ်စိတ်တစ်ပိုင်းကိုမိသားစုစားဝတ်​နေ​ရေးအတွက်
ရာသီအလိုက်သီးနှံများစိုက်ပျိုး၏၊​ပြောရမည်
ဆိုလျှင်သူ့တွင်ကုန်ထုတ်အင်အားစု[၄]မျိုးထဲမှ​
မြေယာရှိ၏၊လုပ်အားအဖြစ်သူနှင့်သူ့ဇနီးသည်
သူတို့စိုက်ပျိုး​ရေးလုပ်ငန်းအတွက်ပင်မလုပ်သား၊
လုပ်အားဖြစ်၏၊

ဦးဝင်းသည်သူပိုင်​သော​မြေယာတွင် စ​တော်ဘယ်ရီ
အချိန်တွင်စ​တော်ဘယ်ရီစိုက်၏၊ထိုရာသီတွင်သူတို့​
နေထိုင်ရာ​ဒေသတစ်ခုလုံးနီးပါးစ​တော်ဘယ်ရီစိုက်
ကြ​လေရာ စိုက်ချိန်တူ၊အသီး​ပေါ်ချိန်၊ဆွတ်ခူးချိန်၊​
ရောင်းချချိန်တူ​နေ​​လေရာ အထွက် [Supply]များ
လာ၏၊​ဘောဂ​ဗေဒသ​ဘောတရားအရ ကုန်စည်
တစ်ခုသည်[Supply][​ရောင်းလိုအား]များလာပြီး
[Supply]များသ​လောက် ဝယ်လိုအား[Demand]
မလိုက်လျှင်​ရေရှည်တွင်​စျေးကျလာ၏၊​စျေးကျ
လာ၍မခူးဆွတ်ပဲအပင်မှာအကြာကြီးထား၍မရ​ပေ၊
ခူးဆွတ်ထားပြီးဒ်ုင်မသွှင်းပဲအိမ်မှာအကြာကြီးထား
၍လည်းမရ​ပေ။ကြာလျှင်မှည့်​ပျော်လာ၏၊ပုပ်လာ၏၊
အပုပ်ကူးလာတတ်၏၊ကျန်အသီးများကိုကူးစက်ပုပ်
လာ​တော့၏၊ဒိုင်သွှင်သူများသဖြင့်ဒိုင်များ၏၊
ဝယ်​စျေးကလည်းကျလာ၏၊စိုက်ပျိုးစရိတ်၊​
မြေဆီစရိတ်၊ပိုးသတ်​​ဆေးစရိတ်၊ခူးဆွတ်ချိန်တွင်
အလုပ်သမားငှားရသဖြင့်အလုပ်သမားစရိတ်၊
ဒိုင်သို့ပို့​ဆောင်ရ​သော သယ်ယူပို့​ဆောင်စရိတ်၊
စ​သောအ​ထွေ​ထွေစရိတ်များကိုကာမိ​အောင်ပင်
ပြန်မရချင်​တော့​ပေ၊ထို့​ကြောင့်နှစ်စဥ်အရှုံး​ပေါ်၏၊

ကျွန်မသွား​ရောက်လည်ပတ်တိုင်းအရှုံး​ပေါ်​နေသဖြင့်
ညည်းငြူ​နေရ၏။ကျွန်မကိုသူဘာလုပ်ရမလဲ၊နှစ်စဥ်
စိုက်ပျိုးချိန်​ရောက်တိုင်း​ချေးရ၊ငှားရ၊ဇနီးသည်ရဲ့​
ရွှေတို​ရွှေစ​လေးများ​ပေါင်နှံ​ရောင်းချရနှင့်အမြဲ
ချာလပတ်ရမ်း​နေသဖြင့်အကြံ​ပေးပါဦးဟု​ပြော၏။

ကျွန်မက​စျေးကွက်တွင်မည်သည့်စ​တော်ဘယ်ရီသီး
မျိုးကိုလူပိုကြိုက်၊[တနည်း]ဝယ်လိုအားပိုများသည်ကို
စုံစမ်းပြီး​ပြောင်းလဲစိုက်ပျိုးသင့်ကြောင်းအကြံ​ပေး
လိုက်သည်၊
​ပြောချင်သည်မှာ...
သူတို့အများစုသည်မိမိ၏၊အဓိကစီးပွား​ရေးဖြစ်​သော
စိုက်ပျိုး​ရေးနှင့်ပက်သက်သည့်စာ​ပေဗဟုသုတ
ဖတ်ရှုမှုအားအလွန်နည်း၏၊သူတို့အိမ်တွင်စိုက်ပျိုး​
ရေးအ​ကြောင်းသာမကမည်သည့်အ​ကြောင်းနှင့်
မဆိုဘာဆိုဘာစာအုပ်မှမရှိ၊စာမဖတ်၊TV ကြီးရှိ​
သော်လည်းညစဥ်ဇာတ်လမ်းများသာမပျက်မကွက်
ကြည့်​လေ့ရှိ၏၊

ထို့အပြင်တယ်လီဖုန်းလူတိုင်းမှာရှိ​သော်လည်း
စိုက်ပျိုး​ရေးနှင့်ပက်သက်၍သိလိုရာ​မေး၍ရ​သော
App များ​ Down load ချ ထားခြင်းမရှိ၊အသုံး
ပြုခြင်မရှိ၊အား​လျှင်သီချင်းနား​ထောင်၊ဇာတ်လမ်း
ကြည့်၊ဂိမ်း​ဆော့၊TikTok. ကြည့်၊​ဆော့ဒါ​တွေပဲ
ပြု​လေ့ရှိ၏။

ကျွန်မလည်းအဲဒါ​တွေ​လျှော့ပြီးကိုယ်စိုက်ပျိုး​ရေး
လုပ်ငန်းအတွက်အသုံးတည့်မည့်App များ၊မိုး​လေဝသ
သတင်းများ၊ချိတ်ဆက်ထားဖို့၊ဖတ်ရှုဖို့၊နား​ထောင်ဖို့​
ပြောရ၏၊​စျေးကွက်တွင်အလုံးလှ၊အ​ရောင်လှပြီး၊
စားသုံးသူ၏၊မျက်စိကျ​သောစ​တော်ဘယ်ရီမှာ
ထိုင်ဝမ်မျိုး၊ဂျပန်မျိုးများဖြစ်သဖြင့်​ပြောင်းလဲ
စိုက်ပျိုးကြည့်ဖို့​ပြောရ၏၊

​ဒေသမျိုးစ​တော်ဘယ်ရီသည်အလုံး​သေး၊အခွံပါး၊
အချဥ်စူးသဖြင့်အထိအခိုက်မခံ၊ပွန်းပဲ့၊ရိ၊အပုပ်မြန်၏၊
သို့​သော်.ဝိုင်​ဖောက်လျှင်အရသာရှိ၏၊ဂျပန်မျိုး၊
တိုင်ဝမ်မျိုးလည်းစိုက်၊စိုက်ခင်းကိုခွဲခြမ်းပြီး၊​ဒေသ
မျိုးလည်းစိုက်၊​ဒေသမျိုးကိုဝိုင်​ဖောက်နည်း​လေ့လာ၊
ယူကျု့[youtube] တွင်ကြည့်၊​ဒေသမျိုးကိုတန်ဖိုးမြင့်
ထုတ်ကုန်[Value Added Product ]ဖြစ်​အောင်လုပ်၊
မိမိကိုယ်ပိုင်တံဆိပ်​လေးကပ်​ရောင်း၊အ​ရောအ​နှော၊
အ​ရောင်၊​ပေါကရလုပ်မထား​ကြောင်းအာမခံပြီး​ရောင်း၊
စိတ်ရှည်၊စသဖြင့်အကြံ​ပေးရ၏။

ခက်သည်ကသူတို့ကလည်းအဲလိုလုပ်ခိုင်းရင်
သိပ်မလုပ်ချင်၊မစွန့်စားချင်၊ပြင်း၏၊အလုပ်ပြီးရင်နား
ချင်၏၊ရှုံးရင်ရှုံးသည်ဟုမှတ်၏၊မိမိပိုင်​မြေယာက​နေ
ပြန်ရချက်အ​ကောင်းဆုံး၊အများဆုံးဖြစ်​အောင်မည်သို့
ကြံ​ဆောင်ရမည်ကိုမ​တွေး​တော့၊မကြံဆ၊နှစ်စဥ်
ဒီအတိုင်းလုပ်​နေကြ၊ဒီနှစ်လည်းဒီအတိုင်းပဲဆက်လုပ်၏၊
ဝင်​ငွေနှင့်ကုန်ကျစရိတ်မကာမိ၍စားဝတ်​နေ​ရေး
အဆင်မ​ပြေဖြစ်လာ​တော့ညည်း၏၊အခု​တော့.ကျွန်မ
အကြံ​ပေးသလိုစ​တော်ဘယ်ရီမျိုး​ပြောင်းစိုက်ကြည့်ရာ
အ​တော်အသင့်အဆင်​ပြေလာပြီဟုပြန်ကြားရ၏၊
ဝမ်းသာရ၏၊

​နောက်ထပ်အကြံ​ပေးခဲ့​သေး၏၊သူတို့၏၊စိုက်ပျိုး​မြေကို​ဘောင်ခတ်ထား​သောကန်သင်းရိုး​များကိုဘာမှမစိုက်ပဲ
ဒီအတိုင်းပဲထားပြီးရွာကိုပတ်​ရောင်း​သောဆိုင်ကယ်​ပေါ်တွင်ဟင်းသီးဟင်းရွက်များ၊သားငါးအစုံပါသည့်သူတို့အ​ခေါ်
[အစုံသည်]ဆီမှလိုချင်သည့်အသီးအရွက်များ၊
သားငါး၊​နေ့စဥ်ဝယ်စား၏၊ကျွန်မကသားငါး​တော့
ဝယ်​ပေါ့၊အသီးအရွက်က​လေးက ဟိုကန်သင်းရိုး​တွေကို
ဒီအတိုင်းထားမယ့်အစားချဥ်​ပေါင်၊ကန်စွန်း၊ရုံးပတီပင်​
လေး​တွေစိုက်၊စပါးလင်ပင်​လေး​တွေပါစိုက်ရင်အပွား
မြန်လို့ရိတ်ပြီး​စျေးမှာပင်ပြန်သွင်းလို့ရ​သေး၊ငြုတ်သီး
မပြတ်စားသူ​တွေမို့ငြုတ်မှည့်​လေးတစ်​တောင့်ဆို
အ​​စေ့တွေအများကြီးရ၊စိုက်ထားရင်စားပါ​လေ့။
​ငြုတ်သီးကိုအမုန်း၊ဟိုဘက်ကန်သင်းရိုး​ပေါ်မှာဝါးပင်​တွေ
ဒီဘက်ကန်သင်းရိုးမှာငှက်​ပျောပင်စိုက်ထားရင်
ဝါးပင်ကဝါးကအိမ်မှာ၊စိုက်ပျိုး​ရေးမှာလိုတဲ့​နေရာသုံး၊
လာဝယ်ရင်​ရောင်း၊ငှက်ျပျာပင်ကလုပ်​ကြွေးပုံများ
ကိုယ်အိပ်​နေလည်းသူကတစ်ခိုင်ပြီးတစ်ခိုင်သီး​နေတာ၊​
ရောင်းရင်လည်း​စျေး​ကောင်းရ၊စားရင်ဗိုက်ဝ၊
လှူရင်ကုသိုလ်ရ၊​ပေါ့ ဦးဝင်း​ရေ လို့အကြံ​ပေးခဲ့ရာ
အခု​တော့တီချယ်ကြီး​ပြောသလိုလုပ်ကြည့်တာ​
စျေးဖိုးလည်းကာမိ၊​ရောင်းလည်း​ရောင်းရ​တော့
အပိုဝင်​ငွေ​လေး​တွေရပြီးမိန်းမရဲ့​ရွှေ​တွေယူမ​ပေါင်ရ​
တော့ဘူးဟုဆို၏။

ဤသို့ဆိုလျှင် မိမိပိုင်​မြေယာဟုဆို​သော
resource ​လေး​တွေကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသ​ရွှေ့၊
အသုံးချတတ်လျှင်၊သုံးတတ်လျှင်အဘယ်မှာအ​ခြေခံ
စားဝတ်​​နေ​ရေးအဆင်မ​ပြေဖြစ်မည်နည်း၊
အ​ခြေခံစားဝတ်​နေ​ရေးကိုမ​ဖြေရှင်းနိုင်၍ဆင်းရဲရခြင်း၊
​ချေး၊ငှား​၊ပေါင်နှံ​ရောင်းချရခြင်းတို့ရှိ​တော့မည်နည်း။

​နောက်တစ်ပတ်မှာအတန်းပညာ ၂ တန်းပင်မ​အောင်​သော
စာဖတ်ခြင်း၊ရိုးသားကြိုးစားခြင်း​ကြောင့်လူတန်​စေ့​နေနိုင်​သော
မပု အ​ကြောင်း ​ပြောပြပါဦးမည်။

​ဒေါက်သင်း
[​ဘောဂ​ဗေဒ]

19/11/2025

ဒေသန္တရအစိုးရနှင့်မြန်မာနိုင်ငံ ဆောင်းပါး အပိုင်း (၁+၂+၃) မှ ကောက်နှုတ်ချက်များ


#ဖက်ဒရယ်အကြောင်းလေ့လာကြမယ်



>> မူရင်းဆောင်းပါးများ

ဒေသန္တရအစိုးရနှင့် မြန်မာနိုင်ငံ (အပိုင်း-၃) - ပြုပြင်ပြောင်းလဲရေးကာလနှင့် တော်လှန်ရေးကြားကာလ ဒေသန္တရအုပ်ချုပ်ရေး
https://www.facebook.com/acdd.burma/posts/718974700263243

ဒေသန္တရအစိုးရနှင့်မြန်မာနိုင်ငံ (အပိုင်း - ၂) လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီဒေသန္တရအစိုးရဥပဒေ
https://www.facebook.com/acdd.burma/posts/715698563924190

ဒေသန္တရအုပ်ချုပ်ရေးနှင့်မြန်မာနိုင်ငံ (အပိုင်း -၁) - မြန်မာနိုင်ငံ ဒေသန္တရအုပ်ချုပ်ရေး သမိုင်းကြောင်းနှင့် အနာဂတ် ဖက်ဒရယ်စနစ်အတွက် ထည့်သွင်းစဉ်းစား ဖွယ်ရာများ
https://www.facebook.com/acdd.burma/posts/678056904355023

-----------------

>>ဖက်ဒရယ်အကြောင်းလေ့လာကြမယ် အစီအစဉ်မှ ယခင်ဖော်ပြပြီးသော အခြားဆောင်းပါးများ

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့်မြန်မာနိုင်ငံ (အပိုင်း ၄) - မျှတရေးအစီအမံ
ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် မြန်မာနိုင်ငံ (အပိုင်း ၃) - ဘဏ္ဍငွေလွှဲပြောင်းပေးအပ်ခြင်း
https://www.facebook.com/1087785347917887/posts/6802195103143521/?mibextid=Nif5oz

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် မြန်မာနိုင်ငံ (အပိုင်း ၂) - အခွန်ခွဲဝေမှုဆိုင်ရာမညီမျှမှုများ
https://www.facebook.com/1087785347917887/posts/6765742160122149/?mibextid=Nif5oz

ဖက်ဒရယ်ဘဏ္ဍရေးစနစ်နှင့်မြန်မာနိုင်ငံ(အပိုင်း ၁) - အခွန်ခွဲဝေမှုနှင့်မြန်မာနိုင်ငံအခွန်စနစ်
https://www.facebook.com/1087785347917887/posts/6729654180397614/?mibextid=Nif5oz

ဖက်ဒရယ်စနစ်မိတ်ဆက်နှင့်ဖက်ဒရယ်စနစ်အမျိုးအစားများ (အပိုင်း - ၁)
https://www.facebook.com/acdd.burma/posts/6113676098662095

ဖက်ဒရယ်စနစ်မိတ်ဆက်နှင့်ဖက်ဒရယ်အမျိုးအစားများ (အပိုင်း - ၂)
https://www.facebook.com/acdd.burma/posts/6129629573733414

စုံလင်ကွဲပြားမှုများကိုစုစည်းမှုအဖြစ်တည်ဆောက်ခြင်း
https://www.facebook.com/acdd.burma/posts/6157132047649833

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်မိတ်ဆက်
https://www.facebook.com/acdd.burma/posts/6189200747776296

ဖက်ဒရယ်သယံဇာတခွဲဝေမှုမိတ်ဆက်
https://www.facebook.com/1087785347917887/posts/6269400529756317/?mibextid=Nif5oz

ဆွစ်ကွန်ဖက်ဒရေးရှင်း
https://www.facebook.com/1087785347917887/posts/6343673422329027/?mibextid=Nif5oz

ဖက်ဒရယ်စနစ်နှင့်ဒေသန္တရအစိုးရ (အပိုင်း-၁) https://www.facebook.com/1087785347917887/posts/6393659300663772/?mibextid=Nif5oz

ဖက်ဒရယ်စနစ်နှင့်ဒေသန္တရအစိုးရ (အပိုင်း-၂) (ပန်ချာရပ်အုပ်ချုပ်ရေး)
https://www.facebook.com/1087785347917887/posts/6418779278151774/?mibextid=Nif5oz

ဒေသန္တရအစိုးရနှင့် မြန်မာနိုင်ငံ (အပိုင်း-၃) - ပြုပြင်ပြောင်းလဲရေးကာလနှင့် တော်လှန်ရေးကြားကာလ ဒေသန္တရအုပ်ချုပ်ရေး

[စောရဲသီဟ]

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ
--------------
၁၉၆၂ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဒေသန္တရအစိုးရတွေကို ဒေသန္တရစီမံခန့်ခွဲရေး (local administration) နဲ့ အစားထိုးခဲ့ပြီး လူထုဝန်ဆောင်မှု လုပ်ငန်းတွေအစား လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားရေး လုပ်ငန်းတွေကိုသာ ပိုမိုဦးစားပေး ဆောင်ရွက်စေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ပြီး နောက်မှာတော့ ဒေသန္တရအစိုးရ တည်ဆောက်ရေးအတွက် လမ်းစတစ်ချို့ ပေါ်ထွန်းလာခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မြို့တော်စည်ပင်သာယာရေး ဥပဒေတွေ ပြဌာန်းနိုင်ခဲ့ပြီး ကျန်မြို့နယ်တွေအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စည်ပင်သာယာရေး ဥပဒေတွေပြဌာန်းပြီး မြို့နယ်စည်ပင် သာယာရေး အဖွဲ့တွေကို နယ်စပ်၊ စည်ပင်ဝန်ကြီးဌာန လက်အောက်ကနေ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရတွေ လက်အောက်ကို ပြောင်းရွေ့ခဲ့ပါတယ်။ ဒါကြောင့် စည်ပင်သာယာရေး အဖွဲ့တွေဟာ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုဆောင်ရွက်လာနိုင်ခဲ့ပြီး မြို့ပြတွေမှာ ဒေသန္တရအစိုးရရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ စည်ပင်သာယာရေးအဖွဲ့ကို ပြုပြုင်ပြောင်းလဲမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီလို မြို့ပြတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရာမှာ သိသိသာသာ အကျိုးရှိခဲ့ပေမယ့် ကျေးရွာတွေအတွက် ကတော့ အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်မှာ စတင်ပြဌာန်းခဲ့ပြီး နောက်ပိုင်းမှာ ပြင်ဆင်မှုတွေ လုပ်ခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ (ရပ်/ကျေးဥပဒေ) အရ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက ရွေးကောက်တင်မြောက်နိုင်ပေမယ့် သူတို့ဟာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ခိုင်းစေသမျှသာ ဆောင်ရွက်ရပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အာဏာတွေ မရှိကြပါဘူး။ ဥပဒေထဲမှာ သူတို့ကို လူထုဝန်ဆောင်မှုပေးဖို့ လုပ်ပိုင်ခွင့်တွေ ပေးအပ်ထားခြင်း သိပ်မရှိပဲ လုံခြုံရေးနဲ့ သတင်းပေး သဘောဆန်သော တာဝန်များသာ အဓိကပေးခဲ့တာ တွေ့ရပါတယ်။ ဥပဒေပြင်ဆင်ရေးမှာလည်း ဧည့်စာရင်း တိုင်ကြားခြင်း ဆိုတဲ့အချက်ကို ပယ်ဖျက်နိုင်ခဲ့တာကလွဲရင် ဒီဥပဒေဟာ လူထုကို ဖိနှိပ်ထိန်းချုပ်ထားတဲ့ ကိရိယာတစ်ခုအဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာ ဧည့်စာရင်း တိုင်ကြားခြင်းကို ပြန်လည်အသက်သွင်းခဲ့သလို ကျေးလက်/မြို့ပြ ဒေသန္တရအစိုးရရဲ့ အခန်းကဏ္ဍလည်း လုံးဝ ပြန်လည် ပျောက်ကွယ်သွားခဲ့ရပြီး ပိုမိုတင်းကျပ်တဲ့ ဒေသန္တရအုပ်ချုပ်ရေးစနစ်ကိုသာ ကျင့်သုံးခဲ့ပါတယ်။

တော်လှန်ရေးကြားကာလ
-----------------
လက်ရှိမှာ အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဟာ ဒေသန္တရအစိုးရ ဖော်ဆောင်မယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါပေမယ့်လည်း စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်း တွေမှာ NUG က လက်ရှိဆောင်ရွက်နေတဲ့ ဒေသန္တရအုပ်ချုပ်ရေးပုံစံဟာ ဦးနေဝင်းလက်ထက် စတင်တည်ထောင်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်သူ့အုပ်ချုပ်ရေးလို့ အမည်ပြောင်းလဲ ဖော်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။

တကယ်ဆို လက်ရှိအခင်းအကျင်းမှာ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက သက်ဆိုင်ရာ ဒေသတွေမှာ ယခင်ကတည်းက အတိုင်းအတာ တစ်ခုအထိ တည်ဆောက်ထားခဲ့တဲ့ လူထုဝန်ဆောင်မှု ပေးရေးနဲ့ အုပ်ချုပ်ရေး ဆောင်ရွက်နေတဲ့ ဒေသန္တရအစိုးရ အဖွဲ့တွေလည်း ရှိနေပါတယ်။ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဒေသန္တရအစိုးရတွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို အသုံးပြုပြီး ကဏ္ဍစုံ စုစည်းအုပ်ချုပ်သော ဒေသန္တရအစိုးရပုံစံ (multi-purpose local government) နဲ့ လည်ပတ်ကြပါတယ်။

အနာဂါတ် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးအတွက် ဒေသန္ဆရအစိုးရတွေရဲ့ အခန်းကဏ္ဍကို စဉ်းစားတဲ့အခါ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ ယခင်ကတည်းက တည်ဆောက်မွန်းမံလာတဲ့ ဒေသန္တရ အစိုးရတွေနဲ့ အခင်းအကျင်းအသစ်မှာ အသစ်တည်ဆောက်ကြမည့် ဒေသန္တရအစိုးရတွေ ဘယ်လို ပေါင်းစပ်ဖွဲ့စည်း တည်ဆောက်ကြမလဲ (integration) ဆိုတဲ့ကိစ္စက အတော်လေး အရေးကြီးပါတယ်။ ဒါ့အပြင် လူနည်းစုထဲက လူနည်းစုတွေ အတွက်လည်း စနစ်တကျ စီမံခန့်ခွဲမှုတွေ လုပ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။ တစ်ချိန်ထဲမှာ ဒေသန္တရ အစိုးရတွေဟာ ပြည်နယ်အစိုးရတွေကိုသာ တာဝန်ခံရလေ့ရှိပေမယ့် လုပ်ငန်းတာဝန်တွေအရ ဗဟိုအစိုးရနဲ့ တိုက်ရိုက် အပြန်အလှန် ပူးပေါင်း လုပ်ဆောင်ရတာတွေ များလာတာကြောင့် ဒေသန္တရအစိုးရနဲ့ ဗဟိုအစိုးရတွေကြား ပူးတွဲဆောင်ရွက်ဖို့ အစီအမံတွေကို စနစ်တကျ ပြဌာန်းထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အနာဂတ် ဖက်ဒရယ်စနစ်မှာ ဒေသန္တရ အစိုးရတွေ ဖွဲ့စည်းတဲ့အခါ အခြေခံအားဖြင့် ပါဝင်သင့်တဲ့ အကြောင်း အရာတွေကို ဆက်လက်တင်ပြလိုပါတယ်။

>> (၁) တရားဝင်မှုအရင်းအမြစ် (Source of Legitimacy)
ဒေသန္တရအစိုးရ ဖွဲ့စည်းတည်ထောင်ခွင့် ဘယ်ကလာသလဲဆိုတဲ့ တရားဝင်မှု အရင်းအမြစ် ဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတွေမှာ ဒေသန္တရအစိုးရကို (၁) ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်းကောင်း၊ (၂) ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လည်းကောင်း၊ (၃) ဗဟိုအစိုးရ ဒါမှမဟုတ် လွှတ်တော်တွေက ဥပဒေ ပြဌာန်းပြီး လည်းကောင်း၊ (၄) ပြည်နယ်အစိုးရတွေက ဥပဒေပြဌာန်းပြီး လည်းကောင်း စတဲ့နည်းလမ်း တွေနဲ့ တည်ထောင်လေ့ရှိပြီး ဒီဥပဒေတွေနဲ့အညီ ပြည်သူတွေက ရွေးကောက် တင်မြှောက်ကြပါတယ်။ နိုင်ငံအလိုက် သာဓကတွေကို လေ့လာတဲ့အခါ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ နီပေါ၊ မက္ကစီကိုနဲ့ မလေးရှားနိုင်ငံတွေမှာ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲ ပြဌာန်းထားတာ တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ဆွစ်ဇာလန်နဲ့ ဂျာမနီ စတဲ့နိုင်ငံတွေမှာတော့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒေသန္တရ အစိုးရတွေဟာ တတိယအလွှာ အစိုးရတွေ ဖြစ်တယ်ဆိုတဲ့ အသိအမှတ်ပြု ဖော်ပြချက်ကို ထည့်သွင်းပြဌာန်းထားပြီး ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေသန္တရ အစိုးရတွေကို တည်ထောင် ကြပါတယ်။ ပြည်နယ်လွှတ်တော်တွေက ဥပဒေပြဌာန်းပြီး ပြည်နယ်ဥပဒေအရ ဒေသန္တရ အစိုးရတွေကို ဖွဲ့စည်းတည်ထောင်တဲ့ ပုံစံကိုတော့ ကနေဒါနိုင်ငံမှာ တွေ့ရပြီး ရုရှားနိုင်ငံမှာတော့ သမ္မတအမိန့်နဲ့ ဖက်ဒရယ်ခရိုင်လို့ခေါ်တဲ့ ဒေသန္တရ အစိုးရတွေကို ဖွဲ့စည်းတည်ထောင်ထား‌တာ တွေ့ရပါတယ်။

ဒေသန္တရအစိုးရတွေရဲ့ တရားဝင်မှုနဲ့ ဖွဲ့စည်းတည်‌ထောင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထည့်သွင်း ပြဌာန်းထားခြင်း ရှိမရှိ ဆိုတဲ့အချက်ဟာ ဖက်ဒရယ်စနစ်အတွက် အလွန်အရေးကြီးပါတယ်။ လွှတ်တော်တွေက ဥပဒေ ပြဌာန်းပြီး ဖွဲ့စည်းတည်ထောင်တယ်ဆိုတာ ကာလတစ်ခုရဲ့ နိုင်ငံရေး အခြေအနေ‌ အပေါ်မှာ အများကြီး မူတည်နေပြီး အပြောင်းအလဲများစွာ ရှိနိုင်တာကြောင့် တည်ငြိမ်မှုနဲ့ ခိုင်မာမှု အားနည်းပါတယ်။ အထူးသဖြင့် လူထုကို ဝန်ဆောင်မှုပေးပြီး လူထုအကျိုး သယ်ပိုးရမယ့် ဒေသန္တရအစိုးရတွေ ဖြစ်မလာပဲ လွှတ်တော်ကို ကြီးစိုးထားတဲ့ အနိုင်ရပါတီက ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့တွေရဲ့ အကျိုးစီးပွားကိုသာ ရှေးရှု့အကောင် အထည်ပေးတဲ့ ဒေသန္တရ အစိုးရတွေ ဖြစ်သွားတတ်ပါတယ်။ ဥပမာ - ရုရှားနိုင်ငံရဲ့ ဒေသန္တရ အစိုးရတွေမှာ ဒီလိုအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတာ တွေ့နိုင်ပါတယ်။ ရုရှားနိုင်ငံမှာ သမ္မတက နိုင်ငံရေးကိစ္စတွေကို ဆုံးဖြတ်ဆောင်ရွက်ပြီး ပြည်တွင်း အုပ်ချုပ် စီမံခန့်ခွဲမှုကို ဝန်ကြီးချုပ်က တာဝန်ယူ ဆောင်ရွက်ရတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ ဒါပေမယ့် ရုရှသမ္မတ ပူတင်ဟာ ဒေသန္တရအဆင့် အုပ်ချုပ်ရေးမှာ သူ့ရဲ့ဩဇာအာဏာ ဖြန့်ကျက်ထူထောင်နိုင်ဖို့ လွှတ်တော်ကိုသုံးပြီး တစ်နိုင်ငံလုံးမှာ ဖက်ဒရယ် ခရိုင်တွေ ဖွဲ့စည်းခဲ့ပါတယ်။ ပြီးရင် ဒီဖက်ဒရယ် ခရိုင်တွေမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ ဝင်ရောက်ဆုံးဖြတ် ပိုင်ခွင့်မရှိပဲ သူသာလျှင် တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ ဒေသန္တရအစိုးရတွေကို တည်ထောင်ခဲ့ပါတယ်။

ဒါကြောင့် စစ်အာဏာရှင်နဲ့ ယှဉ်ပြိုင်ဖို့အတွက် ပါတီတစ်ခုအပေါ် အလွန်အကျွံ အမှီအခိုပြုတဲ့ သမိုင်းရှိခဲ့တဲ့ မြန်မာနိုင်ငံ မှာလည်း ဒေသန္တရ အစိုးရတွေရဲ့ တရားဝင်မှုနဲ့ ဖွဲ့စည်းခွင့်ကို ပါတီတစ်ခု သို့မဟုတ် အနည်းငယ် ကသာ ကြီးစိုးနိုင်တဲ့ လွှတ်တော်ကတစ်ဆင့် ဥပဒေပြဌာန်းတာ ထက်စာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာသာ ထည့်သွင်း ရေးဆွဲထားဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ဒေသန္တရအစိုးရတွေရဲ့ တရားဝင်မှုနဲ့ ကျေးလက်၊ မြို့ပြ ဒေသန္တရအစိုးရ ဖွဲ့စည်းမှုပုံစံကို ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသိအမှတ်ပြု ဖော်ပြပြီး ဒေသန္တရအစိုးရ အင်စတီကျူးရှင်းတွေ ဖွဲ့စည်းခြင်းကိုလည်း ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အရသာ ဆောင်ရွက်သင့်ပါတယ်။ ကျေးလက်/မြို့ပြ မတူညီတဲ့ သဘောသဘာဝတွေကြောင့် ဖက်ဒရယ်နိုင်ငံ အများအပြားဟာ ကျေးလက်/မြို့ပြ တစ်မျိုးစီ မတူညီတဲ့ ဒေသန္တရ အစိုးရပုံစံတွေကို ကျင့်သုံးကြသလို မြန်မာနိုင်ငံရဲ့‌ အနာဂါတ် ဒေသန္တရအစိုးရတွေကိုလည်း လုပ်ပိုင်ခွင့် တာဝန်တွေ ခွဲဝေပေးအပ်ရာမှာ ကျေးလက်နဲ့မြို့ပြ တစ်ပုံစံထဲမဟုတ်ပဲ သီးခြားစီ အာဏာခွဲဝေမှု ပြုလုပ်ရင် ပိုပြီးသင့်လျှော်နိုင်ပါတယ်။

လက်ရှိ ရှိပြီးသားဖြစ်တဲ့ လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်း/အစိုးရတွေက တည်ထောင်ထားတဲ့ ဒေသန္တရအစိုးရ အင်စတီကျူးရှင်းတွေကို တစ်ပုံစံတည်း ပေါင်းစပ်ဖွဲ့စည်းဖို့ ခက်ခဲတာကြောင့်လည်း သက်ဆိုင်ရာ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိပြည်နယ်နဲ့ ပိုမိုကိုက်ညီမှု ရှိတဲ့ပုံစံနဲ့ ဖွဲ့စည်းခြင်းက ပိုပြီးသင့်တော်တာ တွေ့နိုင် ပါတယ်။ ဥပမာ - အချို့ပြည်နယ်တွေဟာ ကဏ္ဍတစ်ခုစီအလိုက် သီးသန့်အုပ်ချုပ်တဲ့ ဒေသန္တရအစိုးရပုံံစံ (single purpose local government) မျိုး ကျင့်သုံးကြပြီး အချို့ပြည်နယ်တွေမှာတော့ ကဏ္ဍပေါင်းစုံ စုစည်းအုပ်ချုပ်တဲ့ ဒေသန္တရအစိုးရပုံစံ (multi-purpose local government) ကျင့်သုံးနေကြပါတယ်။ ဒါ့ပြင် ပြည်နယ်အားလုံးမှာ ရှိတဲ့ လူနည်းစုထဲက လူနည်းစုတွေအတွက် ဌာနေလူမျိုးစု ဒေသန္တရအစိုးရပုံစံ (indigenous local government) ကိုလည်း ဖွဲ့စည်းခွင့်ပေးဖို့ လိုအပ်လာဦးမှာ ဖြစ်ပါတယ်။ ဒါမှသာ ပြည်နယ်တစ်ခု အတွင်းမှာရှိတဲ့ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ထုံးတမ်းဓလေ့ဆိုင်ရာ အုပ်ချုပ်ရေးကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကာအကွယ်ပေးဖို့ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

>> (၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy)
ဒေသန္တရအစိုးရတွေရဲ့ သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့် (autonomy) ကို တိကျစွာ ပြဌာန်းနိုင်ဖို့ လိုအပ်ပါတယ်။ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေသန္တရအစိုးရတွေ ဖွဲ့စည်းတည်ထောင်ပြီး ဒေသန္တရ အစိုးရတွေရဲ့ လုပ်ငန်းတာဝန်တွေကို တိတိကျကျ သတ်မှတ်ပြဌာန်းထားဖို့ လိုအပ်ပါတယ်။ ဖက်ဒရယ် နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ မြို့ပြနဲ့ ကျေးလက် ဒေသန္တရအစိုးရတွေရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေထဲမှာ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အထူးရဲတပ်ဖွဲ့၊ လမ်းပြုပြင်ထိန်းသိမ်းရေး၊ လမ်းစည်းကမ်း စီမံခန့်ခွဲရေး၊ ဒေသရွှေ့ပြောင်း အခြေချ နေထိုင်ခြင်းဆိုင်ရာ ဝန်ဆောင်မှု၊ ရပ်ကွက်ပန်းခြံနဲ့ ဒေသပန်းခြံ ထိန်းသိမ်းရေး၊ ရေပေးဝေရေး၊ မိလ္လာစနစ်၊ ပြည်တွင်း စာကြည့်တိုက်၊ မူလတန်းပညာရေး၊ အလယ်တန်း ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ ဆေးရုံ ဆေးခန်းများ၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေ၊ လေထုနှင့် ရေထုညစ်ညမ်းမှု ဆိုင်ရာ ကိစ္စများ၊ ဒေသဆိုင်ရာ စီမံကိန်းများ စတဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။ ဒါကတော့ ကမ္ဘာတစ်ဝှမ်းက ဖက်ဒရယ်နိုင်ငံ အများစုမှာ တွေ့ရတဲ့ ယေဘူယျ အာဏာခွဲဝေမှုဖြစ်ပြီး ဒေသန္တရအစိုးရတွေကို ဒီထက်မက ပိုမိုများပြားတဲ့ လုပ်ပိုင်ခွင့် တာဝန်တွေ ပေးအပ်ထားတဲ့ ဖက်ဒရယ် နိုင်ငံတွေလည်း ရှိပါတယ်။ အလားတူ ဆင်ရဲနွမ်းပါးမှု လျော့ချရေး အစီအမံတွေကို ဗဟိုအစိုးရက မူဝါဒရေးဆွဲပြီး ဒေသန္တရအစိုးရတွေက အကောင် အထည်ဖော်ဖို့ ဗဟိုအစိုးရက သီးသန့်လွှဲပြောင်းငွေတွေ ပေးအပ်တာမျိုးလည်း ရှိပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ရင် လက်ရှိတော်လှန်ရေး ကာလအတွက် ပြဌာန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ချာတာအရ ပြည်နယ်တွေဟာ ကြွင်းကျန်အာဏာ ပိုင်ဆိုင်ကြပါတယ်။ ဒီမူအရဆိုရင် အနာဂတ်မှာ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ထည့်သွင်းပြဌာန်းထားခြင်း မရှိတဲ့ အထွေထွေ ကြွင်းကျန်အာဏာကို ဒေသန္တရအစိုးရတွေ ပိုင်ဆိုင်မှာဖြစ်တာကြောင့် ဒေသန္တရ အစိုးရတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတာ တွေ့နိုင်ပါတယ်။ ဒေသန္တရအစိုးရကို ဘယ်ကဏ္ဍတွေအတွက် လုပ်ပိုင်ခွင့် တာဝန်တွေ ပေးအပ်ထားမယ် ဆိုတာကိုတော့ သက်ဆိုင်ရာ ပြည်နယ်တွေက ဆုံးဖြတ်ကြမှာဖြစ်ပြီး ဒေသန္တရ အစိုးရတွေက သူတို့ရဲ့တာဝန်တွေကို အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းတာ၊ ပြင်ဆင်တာနဲ့ ပယ်ဖျက်တာတွေကိုလည်း ပြည်နယ်လွှတ်တော်တွေက ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဥပမာ - လက်ရှိမြန်မာနိုင်ငံမှာ စက်ရုံတွေ ထောင်မယ်ဆိုရင် ဥပဒေအရ စည်ပင်သာယာရေးအဖွဲ့ရဲ့ ထောက်ခံချက် လက်မှတ် လိုအပ်တယ်လို့ ပြဌာန်းထားတာကြောင့် စည်ပင်သာယာ‌ရေး နယ်နမိတ်ပြင်ပမှာရှိတဲ့ ကျေးလက် ဒေသတွေမှာ စက်ရုံ၊ အလုပ်ရုံတွေ တည်ထောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီလို နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေကို ပြန်လည်ပြင်ဆင် ပယ်ဖျက်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် မြို့ပြဒေသတွေအတွက် အာဏာခွဲဝေ‌ရာမှာလည်း မူဝါဒတွေ သဟာဇာတ ဖြစ်စေရေးကို ထည်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးကို သက်ဆိုင်ရာ ဒေသန္တရအစိုးရတွေကို လုပ်ပိုင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ စည်ပင်သာယာက လမ်းများတို့ချဲ့ဖောက်လုပ်တဲ့အခါ လမ်းလည်ခေါင်မှာ ဓါတ်တိုင်တွေ ထီးထီးကျန်ရစ်နေတဲ့ ပြဿာနာတွေ ပြေလည်နိုင်မှာ ဖြစ်ပါတယ်။

>> (၃) ဒေသန္တရဥပဒေပြဌာန်းပိုင်ခွင့်
ဒေသန္တရအစိုးရတွေဟာ သူတို့မှာရှိတဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် လိုအပ်တဲ့ ဒေသန္တရဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ရေးဆွဲပြဌာန်းခွင့်ရှိဖို့ လိုအပ်ပါတယ်။ ဥပမာ - စည်ပင်သာ‌ယာရေး၊ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး စတဲ့ကိစ္စရပ်တွေ အတွက် မိမိဒေသ အခြေအနေအလိုက် စီမံဆောင်ရွက်နိုင်ဖို့ ဒေသန္တရအစိုးရ သို့မဟုတ် ဒေသန္တရ လွှတ်တော်တွေက ဒေသန္တရ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲပြဌာန်း ဆောင်ရွက်ရင် ဒေသအကျိုး၊ လူထုအကျိုး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

>> (၅) ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များ ပိုင်ဆိုင်မှု
ဒေသန္တရ အစိုးရတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို လွတ်လပ်စွာ ဆုံးဖြတ်အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် အတိုင်းအတာ တစ်ခုအထိ ကိုယ်ပိုင်ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေ ပိုင်ဆိုင်ခွင့်ရှိဖို့လည်း လိုအပ်ပါတယ်။ စည်ပင်သာယာရေးဆိုင်ရာ အခွန်အခ၊ ပိုင်ဆိုင်မှုအခွန်၊ မြေယာအသုံးပြုခ၊ စိုက်ပျိုးရေးဆိုင်ရာ အခွန်အခ၊ ဒေသန္တရဥပဒေ ချိုးဖောက်မှုကြောင့် ပေးဆောင်ရတဲ့ ဒဏ်ကြေးနဲ့ ကားပါကင်ကြေး စတာတွေဟာ ဖက်ဒရယ်နိုင်ငံ အများစုမှာ ဒေသန္တရအစိုးရတွေက စီမံကောက်ခံပြီး ကိုယ်ပိုင်ဝင်ငွေအဖြစ် လွတ်လပ်စွာ ပြန်လည် စီမံသုံးစွဲနိုင်တဲ့ ဝင်ငွေအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ ဒေသန္တရအစိုးရတွေဟာ ဒီလို ကိုယ်ပိုင်ဘဏ္ဍာရေး အရင်းအမြစ်တွေကရတဲ့ ဝင်ငွေတွေရှိလာတဲ့အခါ ကိုယ်ပိုင်ဝန်ထမ်းတွေ ခန့်အပ်ပြီး မြို့ရွာဖွံ့‌ဖြိုးရေးကိစ္စတွေကို ပိုမိုအားကောင်းစွာ စီမံဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

>> (၅) ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ
ဒေသတွင်းနဲ့ သီးခြားသက်ဆိုင်တဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ ဒေသခံတွေကသာ အသိဆုံးဖြစ်တာကြောင့် အများအားဖြင့် သူတို့ကသာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်စွမ်း ရှိကြပါတယ်။ ဒါကြောင့် ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့ သူတို့ချမှတ်ထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဒေသန္တရအစိုးရတွေကို အသုံးစရိတ်ချပေးပြီး သူတို့ကိုယ်စား အကောင်အထည် ဖော်စေခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ရလာဒ်တွေ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေဟာ ငွေကြေးလွှဲပြောင်း ထောက်ပံ့ခြင်းဆိုင်ရာ မူဝါဒတွေနဲ့ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒများတွေ ချမှတ်တဲ့အခါ ဒေသန္တရအစိုးရတွေအတွက် ထောက်ပံ့ငွေပေးဖို့ကိစ္စတွေ ထည့်သွင်းရေးဆွဲ ပြဌာန်းထားဖို့လည်း လိုအပ်တယ်။ ဒါ့ပြင် ဒေသန္တရအလိုက် လိုအပ်ချက်တွေကို စဉ်းစားတဲ့အခါ မြန်မာနိုင်ငံမှာ ပင်လယ်အတွင်း ကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုမြို့နယ်လိုမျိုး ပထဝီအနေအထားအရ ကွဲပြားခြားနားတဲ့ ဒေသန္တရ အစိုးရတွေအတွက် တန်းတူညီမျှရေး ဒါမှမဟုတ် သွေးစည်းညီညွတ်ရေးဆိုင်ရာ အထူးအစီအမံတွေကိုလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အနှစ်ချုပ်
-------
အချုပ်အားဖြင့်ဆိုရရင် ဖက်ဒရယ် စနစ်ကျင့်သုံးတဲ့ နိုင်ငံအများစုမှာ ဒေသန္တရအစိုးရတွေကို အရေးပါတဲ့ အစိုးရ အလွှာတစ်ခုအဖြစ် အလေးထား တည်ဆောက်လာကြပါတယ်။ ခိုင်မာတဲ့ ဖက်ဒရယ် ဒေသန္တရအစိုးရတွေ တည်ထောင်နိုင်ဖို့ဆိုရင် အခြေခံဥပဒေကပေးတဲ့ တရားဝင်မှု အရင်းအမြစ်ရှိဖို့ အရေးကြီးသလို သင့်လျှော်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ဒေသန္တရ ဥပဒေပြဌန်းခွင့်၊ ကိုယ်ပိုင် ရန်ပုံငွေရှာဖွေခွင့်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ရယူခွင့်တွေ ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါ့ပြင် ဒေသန္တရ အစိုးရတွေကို ဖွဲ့စည်းတည်ထောင်ရာမှာ ရွေးကောက်ခံ တွေဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ဗဟိုအစိုးရက ခန့်အပ်ထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေကြား စနစ်တကျပူးပေါင်း ဆောင်ရွက်မှုရှိစေဖို့ ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်းများကို စနစ်တကျရေးဆွဲပြဌာန်းထားသင့်ပါတယ်။ ဒါမှသာ အစိုးရက ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေက အစည်းအဝေးတွေမှာ ဆုံးဖြတ်ခွင့်အာဏာ အများအပြား ရှိနေခြင်းကြောင့် ဗဟိုချုပ်ကိုင်မှု စီးဆင်းမှုများတဲ့ အခြေအနေမျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ရင် နောက်ပိုင်း ကြုံလာရနိုင်တဲ့ ဒေသန္တရ အစိုးရတွေအတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်တဲ့ စွမ်းဆောင်ရည်အားနည်းတဲ့ ပြဿနာအတွက် လေ့ကျင့်သင်ကြားရေး အစီအမံတွေ စနစ်တကျ စီမံဆောင်ရွက် နိုင်ဖို့ လိုအပ်ပါတယ်။ ခိုင်မာတဲ့ ဒေသန္တရအစိုးရတွေ ပီပီပြင်ပြင် ပေါ်ပေါက်လာရင် နိုင်ငံတစ်ဝှမ်း ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာအောင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။ လူနည်းစုအခွင့်အရေးကို ပိုမိုကာကွယ်လာနိုင်ပြီး မြို့ပြနဲ့ကျေးလက် ဆင်းရဲချမ်းသာ ကွာဟမှု၊ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကွာဟချက်တွေကို ပိုမိုကျဉ်းမြောင်းအောင်လည်း ဆောင်ရွက်နိုင်စွမ်း ရှိလာနိုင်ပြီး သာတူညီမျှမှုရှိအောင် တည်ဆာက်ရာမှာလည်း များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

နိုင်ငံတကာ သာဓကတွေ အတွေ့ကြုံတွေကနေ လေ့လာ အတုယူ စရာတွေ သင်ခန်းစာ ယူစရာတွေ အများအပြား ရှိပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့ ကိုလိုနီခေတ် ဒေသန္တရအစိုးရပုံစံနဲ့ လွတ်လပ်ရေးခေတ်ဦးကာလ ဒီမိုကရေစီ ဒေသန္တရအစိုးရ ဥပဒေတွေမှာလည်း အနာဂါတ် ဖက်ဒရယ်ဒေသန္တရ အစိုးရ တည်ဆောက်ရေးအတွက် ကိုးကား လေ့လာစရာ အများအပြား ပါဝင်ပါတယ်။ ဒီလို အတွေ့အကြုံတွေ ကနေ သင်ခန်းစာယူပြီး မြန်မာနိုင်ငံရဲ့ အနာဂါတ် ဖက်ဒရယ်စနစ်မှာ ဒေသအခြေအနေနဲ့ ကိုက်ညီပြီး အားကောင်းတဲ့ ဒေသန္တရအစိုးရတွေ ပေါ်ပေါက် လာအောင် ဝိုင်းဝန်းဆောင်ရွက် နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
-------
ကိုးကား - 1898 Municipal Act; 1922-23 Rural Self Government Rule; Burma, Vol., VI, No. ii, January 1956, Yangon, the Director of Information, Union of Myanmar; Parliamentary (CN) Records,. Vol.VI, Meeting No. # # , Yangon, Government Printing and Stationery, Burma, 1948 to 1953 .'Printing and stationery, Burma, 1954 ...; The Burma Gazette,. VI, No., xxv, 20 June 1953; The Democratic Local Administration Act of 1953; The 1961 Democratic Local Administration (Suspension) Act; The Burma Gazette, Vol. XIV, No. xl, 7 October 1961; MUNICIPAL GOVERNANCE IN MYANMAR:AN OVERVIEW OFDEVELOPMENT AFFAIRS ORGANIZATIONS; MATTHEW ARNOLD, Ye THU AUNG, SUSANNE KEMPEL AND KYI PYAR CHIT SAW, July, 2015.
-------

#ဖက်ဒရယ်အကြောင်းလေ့လာကြမယ်



Disclaimer
အထက်ပါ ဆောင်းပါးသည် မူရင်းစာရေးသူ၏ အာဘော်သာဖြစ်ပြီး ဆောင်းပါးရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှုမရှိပါကြောင်း အသိပေးအပ်ပါသည်။
-------

>> [ဖက်ဒရယ်အကြောင်းလေ့လာကြမယ် အစီအစဉ်မှ ယခင်ဖော်ပြခဲ့သော ဆောင်းပါးများ]

ဒေသန္တရအစိုးရနှင့်မြန်မာနိုင်ငံ (အပိုင်း - ၂) လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီဒေသန္တရအစိုးရဥပဒေ
https://www.facebook.com/acdd.burma/posts/715698563924190

ဒေသန္တရအုပ်ချုပ်ရေးနှင့်မြန်မာနိုင်ငံ (အပိုင်း -၁) - မြန်မာနိုင်ငံ ဒေသန္တရအုပ်ချုပ်ရေး သမိုင်းကြောင်းနှင့် အနာဂတ် ဖက်ဒရယ်စနစ်အတွက် ထည့်သွင်းစဉ်းစား ဖွယ်ရာများ
https://www.facebook.com/acdd.burma/posts/678056904355023

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့်မြန်မာနိုင်ငံ (အပိုင်း ၄) - မျှတရေးအစီအမံ

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် မြန်မာနိုင်ငံ (အပိုင်း ၃) - ဘဏ္ဍငွေလွှဲပြောင်းပေးအပ်ခြင်း
https://www.facebook.com/1087785347917887/posts/6802195103143521/?mibextid=Nif5oz

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် မြန်မာနိုင်ငံ (အပိုင်း ၂) - အခွန်ခွဲဝေမှုဆိုင်ရာမညီမျှမှုများ
https://www.facebook.com/1087785347917887/posts/6765742160122149/?mibextid=Nif5oz

ဖက်ဒရယ်ဘဏ္ဍရေးစနစ်နှင့်မြန်မာနိုင်ငံ(အပိုင်း ၁) - အခွန်ခွဲဝေမှုနှင့်မြန်မာနိုင်ငံအခွန်စနစ်
https://www.facebook.com/1087785347917887/posts/6729654180397614/?mibextid=Nif5oz

ဖက်ဒရယ်စနစ်မိတ်ဆက်နှင့်ဖက်ဒရယ်စနစ်အမျိုးအစားများ (အပိုင်း - ၁)
https://www.facebook.com/acdd.burma/posts/6113676098662095

ဖက်ဒရယ်စနစ်မိတ်ဆက်နှင့်ဖက်ဒရယ်အမျိုးအစားများ (အပိုင်း - ၂)
https://www.facebook.com/acdd.burma/posts/6129629573733414

စုံလင်ကွဲပြားမှုများကိုစုစည်းမှုအဖြစ်တည်ဆောက်ခြင်း
https://www.facebook.com/acdd.burma/posts/6157132047649833

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်မိတ်ဆက်
https://www.facebook.com/acdd.burma/posts/6189200747776296

ဖက်ဒရယ်သယံဇာတခွဲဝေမှုမိတ်ဆက်
https://www.facebook.com/1087785347917887/posts/6269400529756317/?mibextid=Nif5oz

ဆွစ်ကွန်ဖက်ဒရေးရှင်း
https://www.facebook.com/1087785347917887/posts/6343673422329027/?mibextid=Nif5oz

ဖက်ဒရယ်စနစ်နှင့်ဒေသန္တရအစိုးရ (အပိုင်း-၁) https://www.facebook.com/1087785347917887/posts/6393659300663772/?mibextid=Nif5oz

ဖက်ဒရယ်စနစ်နှင့်ဒေသန္တရအစိုးရ (အပိုင်း-၂) (ပန်ချာရပ်အုပ်ချုပ်ရေး)
https://www.facebook.com/1087785347917887/posts/6418779278151774/?mibextid=Nif5oz

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00