Akio News

Akio News

Share

သတင်းတွေဖတ်ရင်း ဂျပန်စာလေ့လာကြမယ်

04/02/2026

国家暫定大統領、ロシア安全保障会議書記と会談

国家暫定大統領であり、国家安全保障・平和安定委員会委員長のミンアウンライン上級大将は、2月3日午前、ロシア連邦安全保障会議書記のセルゲイショイグ氏(H.E. Mr. Sergey Shoigu)と、国家防衛・安全保障会議事務局の迎賓ホールにおいて会談した。

နိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့တွေ့ဆုံ

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါသည်။

04/02/2026

フレグー郡区第2幹線道路で、工場送迎車と路線バスが正面衝突し、32人が負傷、4人が死亡

2月3日午前7時15分ごろ、フレグー郡区第2幹線道路のインタイン村付近で交通事故が発生したと、現場で救助活動を行った社会団体の関係者が明らかにした。

この事故では、工場送迎車の乗員を中心に多数の負傷者が出た。事故現場では男性1人と女性1人が死亡し、残る女性2人は病院に搬送された後、死亡が確認されたという。

လှည်းကူးမြို့နယ် အမှတ် ၂ လမ်းမကြီးတွင် စက်ရုံဖယ်ရီနှင့် လိုင်းကားတစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ ၃၂ ဦး ဒဏ်ရာရပြီး လေးဦး သေဆုံး

ဖေဖော်ဝါရီ ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က လှည်းကူးမြို့နယ် အမှတ် ၂ လမ်းမကြီး အင်းတိုင်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သည့် လူမှုအသင်းများထံမှ သိရသည်။

ယင်းဖြစ်စဉ်တွင် စက်ရုံဖယ်ရီပေါ်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ အခင်းဖြစ်နေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးနှစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

12/01/2026

ミャンマーにおける総選挙(第2回)が引き続き実施

1月11日、ミャンマーにおいて総合民主主義総選挙の第2回が実施され、第2回では100の郡区が参加しました。

これに先立ち、2025年12月15日には102の郡区で第1回の選挙が成功裏に実施されており、今回はその続きとして行われたものです。
また、第3回の選挙は今月25日に実施される予定であり、3月には国会を招集することが発表されています。

မြန်မာနိုင်ငံတွင် အထွေထွေရွေး‌ကောက်ပွဲ အပိုင်း (၂) ဆက်လက်ကျင်းပ

ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် မြန်မာနိုင်ငံ၏ အထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပခဲ့ပြီး အပိုင်း(၂) တွင် မြို့နယ် ၁၀၀ ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ အပိုင်း(၁) ကို အောင်မြင်စွာကျင်းပခဲ့ပြီး ယခု ထပ်မံကျင်းပခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်း ယခုလ၂၅ ရက်နေ့တွင် ကျင်းပသွားမည် သိရပြီး မတ်လတွင် လွှတ်တော်ခေါ်ယူမည်ဟု ကြေငြာထားပါသည်။

24/12/2025

暫定大統領、クリスマス感謝礼拝式典で祝福の祈り

ミャンマー全国キリスト教会連合が主催するキリスト降誕祭(クリスマス)感謝礼拝および親睦会が、本日午前、ヤンゴン管区ボータタウン郡区にあるセント・メアリー大聖堂(カトリック教会)で開催された。この式典には、ミャンマー連邦共和国の暫定大統領であり、国家安全保障・平和安定委員会委員長を務めるミン・アウン・ライン上級大将が出席し、祝福の祈りを捧げた。

ယာယီသမ္မတက ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် ဆုတောင်းမေတ္တာပို့

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်၍ ဆုတောင်းပေးခဲ့သည်။

24/12/2025

KKパーク区域で違法建築物491棟を解体、ミャワディ市周辺でも建物を封鎖・押収

ミャワディ―メートータレー(KKパーク)区域内において、オンライン詐欺や違法賭博に使用されていた第3区画にある違法な4階建て建物3棟が新たに取り壊された。これにより、KKパーク区域内に存在する違法建築物の総数635棟のうち、491棟が計画的に解体・撤去されたことが明らかになった。

KK Park နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ ၄၉၁ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကာ မြဝတီမြို့နှင့် အနီးတစ်ဝိုက်တွင် အဆောက်အအုံများကို ချိပ်ပိတ်သိမ်းဆည်း

မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၉၁ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

24/12/2025

タイの治安当局は、疑わしいドローン機体2,500機以上を押収した。

タイ国家放送通信委員会(NBTC)の発表によると、スワンナプーム国際空港近くで、治安当局が疑わしいドローン機体2,500機以上を押収したという。

押収されたこれらのドローンは、ロシアの軍事基地を攻撃する際に使用されているウクライナ型ドローンと外観が似ているとも伝えられている。

また、治安当局との合同調査の結果、これらのドローンは陸路を通じて貨物の中に隠され、タイ国内へ密輸された後、国内で使用される目的で準備されていた可能性があり、危険性が高いことが判明したとしている。

ထိုင်းလုံခြုံရေးအေဂျင်စီများက သံသယဖြစ်ဖွယ် ဒရုန်းအစင်းရေ ၂,၅၀၀ ကျော်ကိုသိမ်းဆည်းရမိ

ထိုင်းနိုင်ငံ၏ အမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေး ကော်မရှင် NBTC ၏ ပြောကြားချက်အရ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် လုံခြုံရေးအေဂျင်စီများက သံသယဖြစ်ဖွယ် ဒရုန်းအစင်းရေ ၂,၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒရုန်းများ၏ ပုံသဏ္ဌာန်မှာ ရုရှားစစ်စခန်းများကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် ယူကရိန်းပုံစံ ဒရုန်းများနှင့် ဆင်တူကြောင်းလည်း ဖော်ပြထားသည်။

လုံခြုံရေးအေဂျင်စီများနှင့် ပူးပေါင်းစစ်ဆေးချက်အရ အဆိုပါဒရုန်းများကို ကုန်းလမ်းမှတစ်ဆင့် ကုန်စည်များအတွင်း ဝှက်ယူကာ ထိုင်းနိုင်ငံအတွင်း မှောင်ခိုသွင်းယူလာပြီးနောက် ပြည်တွင်း၌ အသုံးပြုရန် ပြင်ဆင်ထားသည့် ဘေးအန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

11/12/2025

ミャンマー・ロシア共同テロ対策委員会会議の合意事項に署名し承認

第3回ミャンマー・ロシア共同テロ対策委員会会議の2日目は、昨日午前、ネピドーのJasmineホテルにおいて引き続き開催された。

同会議には、国防軍司令部(陸軍)からタン・タイク副大将および委員会メンバーであるミャンマー国軍の高官、ロシア連邦からはロシア陸軍平和維持担当のアレクサンドル・アナトリエヴィチ・マトヴニコフ陸軍上級大将(Colonel General)と、委員会メンバーであるロシア軍の高官らが出席した。

မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် ကော်မတီဝင်မြန်မာ့တပ်မတော်မှ အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov နှင့် ကော်မတီဝင် ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

29/11/2025

PDF 名義の男性67名、女性16名、計83名が武器・弾薬とともに法の枠内へ復帰

政府は、PDF を含む武装抵抗組織などの各種団体に所属している者に対し、法の枠内へ復帰するよう呼びかけており、復帰した人々には必要な支援も行っています。
その中で、国家および国軍の和平プロセスを理解し始めた PDF 名義の男性67名、女性16名、計83名が、本日、所持していた武器や弾薬とともに法の枠内へ復帰しました。

PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ပေါင်း ၈၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

အဖွဲအစည်းအမျိုးမျိုးအမည်ခံ၍ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ပေါင်း ၈၃ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာကြပါတယ်။

29/11/2025

ベラルーシのルカシェンコ大統領がミャンマー訪問中に投資協定を締結

27日、ミャンマー政府の招待により、ベラルーシのルカシェンコ大統領が友好訪問としてミャンマーを訪れました。
この訪問中、両国はビザ免除協定や税制優遇に関する協議を行い、総額900万米ドル相当の16件の投資協定を締結したことが明らかになりました。
さらに、教育、保健、科学技術、スポーツ分野においても協力を進めていく予定であると伝えられています。

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုစာချုပ်များ ချုပ်ဆိုခဲ့

၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဗီဇာကင်းလွတ်ခွင့်သဘောတူညီမှုများ၊ အခွန်ကင်းလွတ်ခွင့်များ ဆွေးနွေးသဘောတူခဲ့ကြပြီး အမေရိကန်ဒေါ်လာ (၉) သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုစာချုပ်(၁၆)စောင် ချုပ်ဆိုနိုင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာ နှင့် အားကစားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။

09/10/2025

チャウメー市立高等学校第1校 開校

ミャンマー北部シャン州チャウメー市にある第1基礎教育高等学校が、10月8日に開校しました。新たに636人の生徒が入学し、現在通学している生徒の総数は1,042人に達したことが分かりました。

ကျောက်မဲမြို့ အထက (၁) စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းကို အောက်တိုဘာလ (၈) ရက် တွင်စတင်ဖွင့် လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူ ၈၃၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့သောကြောင့် တက်ရောက်နေသော ကျောင်းသားစုစုပေါင်း ၁၀၄၂ ဦးရှိကြောင်း သိရသည်။

09/10/2025

ヤンゴンで若い女性をナイフで刺し殺した犯人と共犯者を逮捕

ヤンゴン管区パンベーダン郡区第11区にある「32nd Beauty Land Hotel」において、映画のシーンのように若い女性を殺害した犯人とその共犯者が、事件発生から24時間以内に逮捕されたことが分かりました。

捜査によると、アウン・カイン・ジョー・ジン容疑者は、過度にゲームをプレイし、死体隠しなどを描いた外国のドラマを頻繁に視聴していたとされています。事件当日、被害者であるマ・スー・ミャッ・ウィンさんをホテルに誘い、性的関係を持っている最中に、映画のシーンのように2本のスチールナイフで残酷に殺害しました。その後、恋人のエイ・モン・アウン容疑者に助けを求め、部屋に飛び散った血液を清掃し、マ・スー・ミャッ・ウィンさんの遺体を隠す行為を共に行ったことが明らかになりました。

ရန်ကုန်တွင် အမျိုးသမီးငယ်တစ်ဦးကို ဓားဖြင့် ခုတ်ထစ်သတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူကိုဖမ်းမိ

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၌ ရုပ်ရှင်ဇာတ်ဝင်ခန်းအတိုင်း အမျိုးသမီးငယ်တစ်ဦးအားသတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့အား အခင်းဖြစ်ပြီး ၂၄ နာရီအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အောင်ခန့်ကျော်ဇင်သည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှုလေ့ရှိပြီး အခင်းဖြစ်ပွားသည့်နေ့က သေဆုံးသူ မစုမြတ်ဝင်းအား ဟိုတယ်သို့ခေါ်ဆောင်၍ လိင်ဆက်ဆံနေစဉ် ရုပ်ရှင်ဇာတ်ဝင်ခန်းများအတိုင်း မစုမြတ်ဝင်းအား စတီးဓား(၂)ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီးနောက် ရည်းစားဖြစ်သူ အေမွန်အောင်အား အကူအညီတောင်းကာ အခန်းအတွင်းပေကျံနေသည့် သွေးများအားသန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

30/09/2025

ミャンマー暫定大統領、ミャンマーに帰国

ミャンマー連邦共和国の暫定大統領は、ロシア連邦大統領およびカザフスタン共和国大統領の招待を受け、ロシアとカザフスタンを実務訪問した。国家安全保障・平和安定委員会議長であるミンアウンライン上級大将は、本日9月29日午後、特別機にてネピドー国際空港に帰国した。

ネピドー国際空港に到着したミャンマー連邦共和国の暫定大統領を、関係当局者らが出迎え、歓待した。

မြန်မာနိုင်ငံတော် ယာယီသမ္မတ မြန်မာနိုင်ငံသို့ပြန် လည်ရောက်ရှိ

ရုရှားနိုင်ငံသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့သို့ အလုပ်သဘောခရီးစဥ်သွားရောက်ခဲ့သည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၉ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့်နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Myanmar
Yangon