Mufti Muhammad Nurullah

Mufti Muhammad Nurullah Islam and Comparative Religion, Islam knowledge Sharing

 #တမန်တော်မြတ်ﷺ၏စကားပြောဆိုတော်မူပုံ
23/08/2026

#တမန်တော်မြတ်ﷺ၏စကားပြောဆိုတော်မူပုံ

“တမန်တော်မြတ် ﷺ ၏ စကားပြောဆိုတော်မူပုံ”
(ရှမာအေလေသိရ်မီဇီကျမ်း၊ ဟဒီးဆ် အမှတ်စဉ် ၂၂၈)

ဟဇရသ် အလီؓ သခင်၏ သားတော်မောင် ဟဇရသ် ဟစံန်ؓ သခင်က ပြန်လည် ပြောပြသည်။
ကျွန်တော်ဟာ ဦးလေးဖြစ်သူ ဟင်န်ဒ် ဗင်န် အဗီဟာလဟ်ؓ အား တမန်တော်မြတ်ﷺ ရဲ့ စကားပြောပုံအကြောင်းမေမြန်းခဲ့ပါသည်။

ဟင်န်ဒ် ဗင်န် အဗီဟာလဟ်ؓ သည် ဟဇရသ် ခဒီဂျဟ်ؓ သခင်မကြီး၏ ယခင် အိမ်ထောင်ဖြင့် ရရှိခဲ့သော သားတော်မောင်ဖြစ်သည့်အတွက် ဟဇရသ် ဟစံန်ؓ သခင်နှင့် ဦးလေးတော်စပ်ရခြင်းဖြစ်သည်။ ထို့ပြင် ဟင်န်ဒ်ဗင်န် အဗီဟာလဟ်ؓ သည် တမန်တော်မြတ်ﷺ နှင့် နီးကပ်စွာ နေထိုင်ခဲ့ဖူးသူ ဖြစ်ပြီး တမန်တော်မြတ်ﷺ ၏ ရုပ်ဆင်းအင်္ဂါတော်၊ နေမှုထိုင်မှု တွေကို ကောင်းကောင်း ပြောပြနိုင်သူတစ်ဦးလည်း ဖြစ်ပေသည်။

ဟင်န်ဒ် ဗင်န် အဗီဟာလဟ်ؓ က ပြောပြသည်။

كَانَ رَسُولُ الله ﷺ مُتَوَاصِلَ الْأَحْزَانِ دَائِمَ الْفِكْرَةِ لَيْسَتْ لَهُ رَاحَةً،
တမန်တော်မြတ်ﷺ သည် စဉ်ဆက်မပြတ် ပူပန်သောကထဲ၌ ရှိနေသလို အမြဲတစေစဉ်းစားတွေးတော နေတတ်သည်။ ပူပန်သောကကင်းကင်းဖြင့် နေသည် ဟူ၍မရှိပေ။
(ဆိုလိုသည်မှာ တမန်တော်မြတ် ﷺ သည်အာခေရသ်နှင့်ပါတ်သက်ပြီး အမြဲ တွေးပူနေတတ်သည်။ အလွန်ကြီးမားလှသည့် နဗူဝသ်တာဝန်ကို ထမ်းရွက်နေရသည့်အပြင် မိမိအွမ္မသ်၏ ကောင်းရာကောင်းကျိုးများအတွက် အမြဲလိုလို စဉ်းစားတွေးတောနေလေ့ရှိသည်။)

طَوِيلَ السَّكْتِ، لَا يَتَكَلَّمُ فِي غَيْرِ حَاجَةٍ،
အချိန်ကြာကြာ နှုတ်ဆိတ်ကာ နေတတ်တော်မူသည်။ မလိုအပ်ပဲလျက် စကား မပြောဆိုပေ။

يَفْتَتِحُ الْكَلَامَ وَيَخْتِمُهُ بِأشْدَاقِهِ،
စကားပြောဆိုသည့်အခါတွင်လည်း စကားအစမှ အဆုံးအထိ ပြည့်ပြည့်ဝဝ ပြောဆိုတော်မူသည်။
(ဆိုလိုသည်မှာ စကားကို တစ်ဝက်တစ်ပြတ် တစ်ပိုင်းတစ်စ မရှင်းမလင်း မပြောဆိုပေ။)

وَيَتَكَلَّمُ بِجَوَامِع الْكَلِمِ، كَلّامُهُ فَصْلُ،
စကားလုံးနည်းနည်းဖြင့် ထိထိမိမိ အလိုသဘောရောက်အောင် ပြောတော်မူလေ့ရှိသည်။
တမန်တော်မြတ် ၏ စကားလုံးတိုင်းသည် ရှင်းရှင်းလင်းလင်းရှိသည်။
(ဆိုလိုသည်မှာ စကားကို မြန်မြန်မပြောပေ။ နားထောင်နေသူသည် နားထောင်ရင်း ကောင်းစွာ မှတ်သားနိုင်ပေသည်ဟု နောက်ဟဒီးဆ်တော်တစ်ရပ်တွင် လာရှိထားသည်။)

لَا فُضُولَ وَلَا تَقْصِيرَ،
စကားကို လိုအပ်တာထက်လည်း ပိုမပြောသလို လျှော့ပြောလေ့လည်း မရှိပေ။
(ဆိုလိုသည်မှာ စကား၏ ဆိုလိုရင်းကို ရှေ့ကလူနားလည်ဖို့ လိုအပ်သလောက် စကားလုံး အတိုင်းအတာ ပြောဆိုတော်မူသည်။ ဆိုလိုရင်းမရောက်လောက်အောင် လိုအပ်တာထက် စကားလုံး လျော့နည်းကာ ပြောဆိုလေ့မရှိပေ။)

لَيْسَ بِالْجَافِي وَلَا الْمُهِينِ،
တမန်တော်မြတ်ﷺ သည် စိတ်နေစိတ်ထား ခက်ထန်မာကျောသူ မဟုတ်သလို မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သေးသိမ်အောင် ပြုလုပ်လေ့လည်း အလျဉ်းမရှိပေ။

يُعَظَّمُ النَّعْمَةَ وَإِنْ دَقَّتْ،
အလွန်သေးငယ်သည့်အရာ ဖြစ်နေပါစေ။ အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုတိုင်းကို တန်ဖိုးထားတော်မူလေ့ရှိသည်။

لَا يَذُمُّ مِنْهَا شَيْئًا غَيْرَ أَنَّهُ لَمْ يَكُنْ يَذُمُّ ذَوَاقًا وَلَا يَمْدَحُهُ،
အလ္လာဟ်အရှင် ချီးမြှင့်သည့် မည့်သည့် နေ့အ်မသ်ကိုမျှ ကဲ့ရဲ့ဝေဖန်ခြင်း မရှိပေ။ ထို့ပြင်
အစားအသောက်ကိုလည်း ကဲ့ရဲ့ခြင်းမရှိသလို အမွှန်းတင်ခြင်းလည်း မရှိပေ။
(ဆိုလိုသည် အစားအသောက်ကို မက်မောတက်မက်သည့်ပုံစံဖြင့် အမွှန်းတင်ခြင်း လုပ်လေ့မရှိပေ။)

وَلَا تُغْضِبُهُ الدُّنْيَا، وَلَا مَا كَانَ لَهَا،
လောကီနှင့် လောကီ၏ ရုပ်ဝတ္ထုများကြောင့် တမန်တော်မြတ်ﷺ ဒေါသဖြစ်လေ့မရှိပေ။
(ဆိုလိုသည်မှာ လောကီ စည်းစိမ် သို့မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ဆုံးရှုံးခြင်း၊ မရရှိခြင်းကြောင့် ဒေါသ မည်သည့်အခါမျှ ဖြစ်လေ့မရှိပေ။)

فَإِذَا تُعُدِّيَ الْحَقُ لَمْ يَقُمْ لِغَضَبِهِ شَيْءٌ حَتَّى يَنْتَصِرَ لَهُ؛
အမှန်တရားအပေါ် ထိပါးမှု ဖြစ်လာလျှင်တော့ ပြန်လည် မတုန့်ပြန်ရမချင်း တမန်တော်မြတ်ﷺ ၏ ဒေါသကို မည်သူမျှ မတားစီးနိုင်ပေ။

لَا يَغْضَبُ لِنَفْسِهِ، وَلَا يَنْتَصِرُ لَهَا،
မိမိကိုယ်ရေးကိုယ်တာကြောင့် မည့်သူ့ကိုမျှ ဒေါသဖြစ်လေ့မရှိသလို ပြန်လည် တုန့်ပြန်ခြင်းလည်း မရှိပေ။

إِذَا أَشَارَ أَشَارَ بِكَفِّهِ كُلَّهَا،
တစ်ခုခုကို ညွှန်ပြလိုပါက လက်ဖဝါးတစ်ခုလုံးဖြင့် ညွှန်ပြလေ့ရှိသည်။
(ဆိုလိုသည်မှာ လက်ညှိုးတစ်ချောင်းထဲကို သုံး၍ ညွှန်ပြလေ့မရှိပေ။ )

وَإِذَا تَعَجَّبَ قَلَبَهَا،
အံ့ဩစရာ ဖြစ်ပေါ်ပါက လက်ဖဝါးကို အပေါ်အောက် လှန်လိုက်လေ့ရှိသည်။
(ဆိုလိုသည်မှာ အံ့ဩစရာတွေ့ရလျှင် အော်ဟစ်လိုက်ခြင်း၊ wow , wah စသဖြင့် အသံပြုခြင်း မရှိပေ။ တည်ငြိမ်စွာ လက်ဖဝါးကို အထက်အောက် လှည့်တော်မူလိုက်သည်။ ဗုခါရီကျမ်းတွင် အံ့ဩစရာတွေ့သည့်အခါ “စွဗ်ဟာနလ္လာဟ်” ဖတ်ရန် တမန်တော်မြတ်ﷺက ညွှန်ကြားထားသည်။)

وَإذا تَحَدَّثَ اتَّصَلَ بِهَا،
စကားပြောဆိုသည့်အခါ လက်ဟန်နှင့်အတူ (တစ်နည်း) လက်ကို လှုပ်ရှား၍ပြောဆိုလေ့ရှိသည်။

وَضَرَبَ بِرَاحَتِهِ الْيُمْنَى بَطْنَ إِبْهَامِهِ الْيُسْرَى،
(ပို၍ အရေးကြီးသော စကားပြောဆိုသည့် အခါ )ညာဖက်လက်ဖဝါးကို ဘယ်ဖက် လက်မ၏ အတွင်းဖြင့် ပုတ်၍ ပြောဆိုတတ်သည်။
(တမန်တော်မြတ်ﷺ ၏ လက်လှုပ်ရှားမှုတိုင်းသည် အလွန်သိမ်မွေ့လှသည်။ ဖန်တီး လုပ်ယူခြင်း မဟုတ်ပေ။ မိမိစကားကို နားထောင်သူ ပို၍ သဘောပေါက်စေရန်ဖြစ်သည်။)

وَإِذَا غَضِبَ أَعْرَضَ وَأَشَاحَ،
တစ်ဦးတစ်ယောက်အား စိတ်ဆိုးပါက တမန်တော်မြတ်ﷺ သည် မျက်နှာတော်ကို လွှဲတော်မူလိုက်သည်။ အခြားတစ်ဖက်သို့ အာရုံလွှဲတော်မူလိုက်သည်။
(ဆိုလိုသည်မှာ ဒေါ်သထွက်၍ အော်ဟစ်ခြင်း၊ ဆူငေါက်ခြင်း စသဖြင့် မည်သည့်အခါမှ ပြုလေ့မရှိပါ။ ဒေါသကို ထိန်းချုပ်ပြီး နူးညံ့စွာ အလွန် အိန္ဒြေရှိစွာဖြင့် မိမိ၏ စိတ်ဆိုးမှုကို ထုတ်ဖော်တော်မူသည်)

وَإِذَا فَرِحَ غَضَّ طَرْفَهُ،
ဝမ်းမြောက်ပျော်ရွှင်စရာ ဖြစ်ပေါ်ပါက မျက်လွှာအရှုကို အောက်သို့ ချတော်မူလိုက်သည်။
(ဤသည် တမန်တော်မြတ်ﷺ၏ ရိုးသားမှုနှင့် ရို့ကျိုးမှု ဖြစ်သည်။)

جُلُّ ضَحِكِهِ التَّبَسُّمُ،
ရယ်မောစရာအများစု၌ ပြုံးတော်မူလေ့သာရှိသည်။
(ဟက်ဟက်ပက်ပက် ဟားတိုက် ရယ်မောလေ့ မရှိပေ။ ဤသို့ ရယ်မောခြင်းကိုလည်း နှစ်သက်တော်မမူပေ။ လှပစွာ အိန္ဒြေရှိစွာဖြင့် ပြုံးတော်မူသည်။ တစ်ခါတစ်ရံ သွားတော်များ ပေါ်လာလေ့ရှိသည်။)

يَفْتَرُ عَنْ مِثْلِ حَبِّ الْغَمَامِ .
ပြုံးတော်မူသည့်အချိန် တမန်တော်မြတ် ﷺ ၏ သွားတော်များသည် မိုးသီးခဲများကဲ့သို့ (ဖြူဖွေးဝင်းလက််စွာ) ပေါ်ထွက်တော်မူလာသည်။

ပြန်ဆိုတင်ပြသူ- မွဖ်သီ နူရွလ္လာဟ် B.E (Civil)

15/08/2026

#မိသားစုအတွင်းချစ်ခင်ကြဖို့ဒီအချက်(၇)ချက်ပြုလုပ်ပါ #မွဖ်သီနူရွလ္လာဟ်

 #အေးချမ်းသာယာတဲ့မိသားစုဘယ်လိုတည်ဆောက်မလဲ #မွဖ်သီနူရွလ္လာဟ်
12/08/2026

#အေးချမ်းသာယာတဲ့မိသားစုဘယ်လိုတည်ဆောက်မလဲ #မွဖ်သီနူရွလ္လာဟ်

***inurullah #မွဖ်သီနူရွလ္လာဟ် ***i nurullah myanmar #ဗယာန် 2026...

ဒီးန်ရှိတယ်ဆိုတာ ဘာကိုကြည့်ပြီးပြောမလဲဒီနေ့ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ လူတစ်ယောက်ဒီးန်ရှိလား မရှိလား ဆိုတာကို ဒီလောက်...
11/08/2026

ဒီးန်ရှိတယ်ဆိုတာ ဘာကိုကြည့်ပြီးပြောမလဲ

ဒီနေ့ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ လူတစ်ယောက်ဒီးန်ရှိလား မရှိလား ဆိုတာကို ဒီလောက်ပဲကြည့်ပြီး ဆုံးဖြတ်ကြတယ်။ သူဗလီသွားလား သူနမားဇ်ဖတ်လား သူပုဝါဆောင်းလား သူဒါရီထားလား။

တကယ်တမ်းမှာတော့ ဒီးန်ဟာ ကျွန်တော်တို့ကို နမားဇ်ဖတ်ဖို့ ရိုဇဟ်ထားဖို့ လောက်ပဲမှာထားတာမဟုတ်ပါဘူး။

ကုရ်အာန်ကျမ်းတော်မြတ်နဲ့ တမန်တော်မြတ် ﷺ ရဲ့ သွန်သင်မှုတွေအားလုံးကို ခြုံလိုက်မယ်ဆိုရင် ဒီးန်ဟာ အချက် ၅ ချက် အပေါ် မူတည်ပါတယ်။

၁။ عَقَائِدْ ယုံကြည်ချက်မှန်ရမယ်

၂။ عِبَادَاتْ အေဗာဒသ်မှန်ရမယ်
(အေဗာဒသ်ထဲမှာ ဖရဇ်တွေဖြစ်တဲ့ နမားဇ် ၅ ကြိမ် ဖတ်တာ၊ ရမဇာန်လမှာ ရိုဇဟ်ထားတာ ၊ တာဝန်ရှိတဲ့အခါ ဇကားသ်ပေးတာ ဟဂျ်လုပ်တာ ဒီပြင် နဖိလ်အေဗာဒသ်တွေ နိုင်သလောက်လုပ်တာ၊ စွန္နသ်လမ်းစဉ်အတိုင်း နေထိုင်တာ အားလုံးပါပါတယ်)

၃။ اَخْلَاقْကိုယ်ကျင့်တရားကောင်းရမယ်။

၄။ مُعَاشَرَتْ လူမှုဆက်ဆံရေးမှန်ကန်ရမယ်
(ဆိုလိုတာက မိဘ၊ ဇနီး၊ ခင်ပွန်း၊ ဆွေမျိုး၊ သားသမီး၊ အိမ်နီးချင် အစရှိတဲ့သူတွေအပေါ် ကောင်းမွန်စွာဆက်ဆံရမယ်။ ထားအပ်တဲ့ ဝတ္တရားတွေ ကျေပွန်ရမယ်)

၅။ مُعَامَلَاتْ အပေးအယူမှန်ကန်ရမယ်
ဆိုလိုတာက ငွေကြေး ရှာဖွေ ရောင်းဝယ် တဲ့နေရာမှာ မှန်မှန်ကန်ကန် အပေးအယူလုပ်ရမယ်။

ဒီ (၅) ချက်လုံး မှန်ကန်မှ ဒီးန်ရှိသူလို့ ခေါ်ဆိုထိုက်ပါတယ်။ ယုံကြည်ချက်မှန်ပြီး အေဗာဒသ်တော့လုပ်ပါရဲ့ - ကိုယ့်ကျင့်တရား မကောင်းဘူး၊ ဇနီး ခင်ပွန်း အိမ်နီးချင်းကို ဒုက္ခပေးတဲ့သူ ၊ အပေးအယူမမှန် ကတိမတည်တဲ့သူ ဆိုရင် သူ့ကို ဘယ်လိုမှ ဒီးန်ရှိပါတယ်လို့ မခေါ်ထိုက်ပါဘူး။ အဲ့ဒီလိုလူဟာ ကိယာမသ်နေ့ကျရင်လည်း ဂျန္နသ်ကို တန်းတန်းမတ်မတ်ဝင်ရောက်ရမှာ မဟုတ်ပါဘူး။

#မွဖ်သီနူရွလ္လာဟ်

Address

Yangon

Alerts

Be the first to know and let us send you an email when Mufti Muhammad Nurullah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mufti Muhammad Nurullah:

Shortcuts

Share