17/06/2026
"Eureka Talk: Introduction to Public Policy" 🌟💫
ပြည်သူ့ရေးရာ မူဝါဒကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် Eureka Learning Hub ကနေ Online Seminar လေးတစ်ခု စီစဉ်ပေးထားပါတယ်ဗျ . . .။
အကယ်၍ သင်ဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ လူမှုကူညီမှုလုပ်ငန်းနှင့် အများသူငှာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များတွင် စိတ်ဝင်စားတဲ့ လူငယ်တစ်ဦးဖြစ်ပါက ဒီ Talk လေးက သင့်အတွက်ပါ။ ⚡️
အဓိက ဆွေးနွေးပေးသွားမည့် Speaker ကတော့ ဆရာနိုဝယ်လ်ပဲဖြစ်ပါတယ်။
ဆရာနိုဝယ်လ်ဟာ Eureka Learning Hub မှာ Program Manager အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးနေပြီး ပြည့်သူ့ရေးရာ မူဝါဒလေ့လာသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ပညာရေးသုတေသန၊ စီမံကိန်း၊ စီမံချက်များတွင် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။
ဆွေးနွေးပွဲကို လာမည့် စနေနေ့ (၂၀.၆.၂၀၂၆) မြန်မာစံတော်ချိန် ည (၉) နာရီတွင် Zoom ဖြင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆို အခုပဲ Register လုပ်လိုက်တော့နော် . . .!
https://docs.google.com/forms/d/1xtwkXIESjzN0S0wrRY77yFt4NUFydD_OjukzIGvsrmM/edit