Smart Finance Guide for MSMEs

Smart Finance Guide for MSMEs

Share

Helping Myanmar MSMEs grow with smart financial tips, tools & loan advisory.

17/12/2025

မြန်မာအမျိုးသမီး MSME စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အထူးရည်ရွယ်ထားပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ eLearning Portal မှာ လေ့လာသင်ယူနိုင်တဲ့ သင်တန်းတစ်ခုကတော့ "အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)" ပဲဖြစ်ပါတယ်။
...
ဘာကြောင့် "အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)"သင်တန်းကို ထည့်သွင်းထားပါသလဲ။
စွန့်ဦးတီထွင်ဖန်တီးမှုအားဟာ နိုင်ငံတစ်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဆန်းသစ်ဖန်တီးနိုင်မှုတွေကို မြှင့်တင်ပေးတဲ့အတွက်ကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေပါတယ်။ အခြားတစ်ဖက်မှာလည်း အမျိုးသမီးစွန့်ဦးတီထွင်ခြင်းဟာ နိုင်ငံတစ်ခုရဲ့ ကျား-မတန်းတူညီမျှမှု၊ အမျိုးသမီးလုပ်ပိုင်ခွင့်စွမ်းအားမြင့်တက်မှုနဲ့ လူမှုရေးသဟဇာတဖြစ်မှုတို့အတွက် အလွန်အရေးပါနေပါတယ်။ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ ကျား-မဆိုင်ရာ ခွဲခြားမှုနဲ့ဘက်လိုက်မှုတွေ၊ မိမိနေထိုင်နေတဲ့လူ့အဖွဲ့အစည်းရဲ့မျှော်လင့်ချက်တွေကြောင့် အမျိုးသားတွေထက်စာရင် စိန်ခေါ်မှုတွေ ပိုပြီးရင်ဆိုင်နေရပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဖို့လိုအပ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လက်လှမ်းမီရရှိနိုင်မှုနဲ့ ပရော်ဖက်ရှင်နယ်ကွန်ယက်တွေမှာ ပါဝင်နိုင်မှုတွေကို အကန့်အသတ်ဖြစ်စေပြီး စီးပွားရေးလောကမှာ အမျိုးသမီးများရဲ့ပါဝင်မှုကို လျော့နည်းစေပါတယ်။
....
UNDP Myanmar နဲ့ UN Women တို့ပူးပေါင်းတင်ဆက်ထားတဲ့ "အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship & Empowerment)" သင်တန်းကတစ်ဆင့် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနဲ့ အဲ့ဒီစိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေနဲ့ ရင်ဆိုင်ကျော်လွှားနည်းတွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့စွမ်းရည်တွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။
...
အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သင့်ရဲ့စွမ်းရည်မြှင့်တင်နိုင်ဖို့ "အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)" သင်တန်းကို UNDP Myanmar ရဲ့ eLearning Portal မှာ မြန်မာဘာသာစကားနဲ့ အခုပဲ အခမဲ့ လေ့လာလို့ရနေပြီဖြစ်ပါတယ်။ သင်ခန်းစာအားလုံးပြီးသွားလို့ Final test ကို ဖြေဆိုအောင်မြင်ရင် သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း ရရှိမှာဖြစ်ပါတယ်။ သင်တန်းတက်ချင်ရင်တော့ အောက်ကလင့်ခ်လေး နှိပ်ပြီး စာရင်းသွင်းလိုက်ပါနော်။
https://msmelearning.mm.undp.org/course/preview/63e08deda7ddd00ae87eaf59
...
"eLearning Portal for MSMEs" မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
အကောင့်ဖွင့်တဲ့အခါ code က အီးမေးလ်ရဲ့ Spam folder ထဲ ရောက်နေတတ်တဲ့အတွက် မိမိအီးမေးလ်ရဲ့ Spam folder ကို စစ်ပေးဖို့လိုအပ်ပါတယ်။
...
မြန်မာဘာသာစကားနဲ့ အခုတက်နိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/photo?fbid=727063833656556&set=a.255619310801013
...
UNDP Myanmar ရဲ့ eLearning Portal for MSMEs ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်ခ်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Facebook: https://www.facebook.com/MMeLearningPortal
Telegram: https://t.me/eLearningPortal4MSMEs
LinkedIn: https://www.linkedin.com/company/e-learning-portal-for-msmes/?viewAsMember=true
Viber: https://invite.viber.com/?g2=AQAsLo9aRL8%2BJFD5gqMAD3haTSHzG018a0TNOP6hUhWG0r%2BIooTwIw94dPaWa15S

27/11/2025

ကျပ်သိန်း (၄၀) ကနေ သိန်း(၁၀၀) ထိ ပေးအပ်မဲ့ SME ငွေကြေးထောက်ပံ့မှုအစီအစဥ်မှာ ဘယ်လိုပါဝင်မလဲ❓
...
ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပထမအသုတ် အငယ်စားနဲ့ အလတ်စားလုပ်ငန်း ၂၀၀ ခန့်အတွက် ငွေကြေးထောက်ပံ့မှုတွေ ပေးအပ်ပံ့ပိုးသွားမဲ့ UNDP ရဲ့ ငွေကြေးထောက်ပံ့မှုလျှောက်လွှာတင်ရာမှာ အဆင့်ဆင့် အချက်အလက်ဖြည့်သွင်းမှုတွေ ပြုလုပ်ရပါတယ်။ ဖြည့်သွင်းတဲ့အချက်အလက်တွေ မှန်ကန်တိကျမှုရှိမှသာ ငွေကြေးထောက်ပံ့မှုကို အောင်အောင်မြင်မြင် လျှောက်ထားနိုင်မှာဖြစ်လို့ လျှောက်လွှာပြင်ဆင်နေကြတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေ အများဆုံး တွေ့ကြုံမေးမြန်းခဲ့တဲ့ မေးခွန်းတွေကို အဖြေနဲ့တကွ လေ့လာနိုင်ဖို့ မျှဝေပေးချင်ပါတယ်။
...
မေး : UNDP ရဲ့ ငွေကြေးထောက်ပံ့ရေးလျှောက်လွှာကို ဘယ်ကနေ တင်ရမလဲ❓
ဖြေ : လျှောက်လွှာ နောက်ဆုံးပေးပို့နိုင်မယ့်ရက်ကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက် (သောကြာနေ့) ဖြစ်ပါတယ်။
🔗လျှောက်လွှာတင်ရန် လင့်ခ် - [ https://ee.kobotoolbox.org/x/abdKEOxj]
...
မေး : UNDP က ပေးတဲ့ အထောက်အပံ့ရဖို့ ဘယ်လိုလုပ်ရမလဲ ❓
ဖြေ : SME ငွေကြေးအထောက်အပံ့ရဖို့အတွက် ပထမဆုံး လုပ်ငန်းအချက်အလက်နဲ့ ငလျင်ကြောင့် ထိခိုက်သွားတဲ့အထောက်အထားတွေကို လျှောက်လွှာမှာ ဖြည့်သွင်းပေးရပါမယ်။ အချက်အလက်တွေကို သေသေချာချာ စစ်ဆေးပြီး ပြန်လည်ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။
...
မေး : လျှောက်လွှာမဖြည့်တတ်လို့ ဘယ်လိုဖြည့်ရမလဲ ❓
ဖြေ : လျှောက်လွှာဖြည့်ဖို့ အခက်အခဲဖြစ်နေရင် ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ တစ်ဦးချင်း တိုင်ပင်ဆွေးနွေးလို့ ရပါတယ်။ အနီးကပ်ဆွေးနွေးလမ်းညွှန်မှုအတွက် Mentoring Session
[ https://ee.kobotoolbox.org/x/W7LaH5V5 ] မှာ အမြန်ဆုံးစာရင်းသွင်းထားဖို့ တိုက်တွန်းပါတယ်။
...
မေး : Viber ကနေ အချက်အလက်တွေ ပို့ပြီး လျှောက်လွှာတင်လို့ရလား ❓
ဖြေ : Viber ကနေ အချက်အလက်တွေပို့ပြီး လျှောက်လွှာတင်လို့ မရပါဘူး။ လျှောက်လွှာတင်ရန် လင့်ခ်မှာ အချက်အလက်တွေဖြည့်ပြီး Submit ကို နှိပ်ပြီးမှ လျှောက်လွှာတင်တာ အောင်မြင်ပြီးဆုံးမှာ ဖြစ်ပါတယ်။
...
မေး : Viber group ထဲ ရောက်ပြီဆို ဘာတွေ ဆက်လုပ်ရမလဲ ❓
ဖြေ : သက်ဆိုင်ရာ Mentor ရဲ့ ပေးထားတဲ့ အချိန်ပေါ် မူတည်ပြီး Session တစ်ခု ၁ နာရီနဲ့ Session ၄ ခု ယူဖို့ စာနဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ အကြောင်းကြားနိုင်ပါတယ်။ သက်ဆိုင်ရာ Coordinator ရဲ့
အကြောင်းကြားစာတွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
...
မေး : Mentor နဲ့ ဆွေးနွေးဖို့ ဘာတွေပြင်ဆင်ထားရမလဲ ❓
ဖြေ : Mentor နဲ့ ဆွေးနွေးဖို့ Online (Zoom, Google Meet….) မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အဆင်ပြေဆုံးသော နည်းလမ်းဖြင့် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ လျှောက်လွှာမှာ ဖြည့်သွင်းရမဲ့ အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ပြီးမှ Mentor နဲ့အနီးကပ်ဆွေးနွေးဖို့ အကြံပြုပါတယ်။
...
မေး : UNDP က ပေးတဲ့ ငွေကြေးအထောက်အပံ့က ဘယ်အပေါ်မူတည်ပြီး ပေးအပ်တာလဲ?
ဖြေ : (1) လုပ်ငန်းခိုင်မာမှု ရှိမရှိ
(2) ငလျင်ဒဏ်အမှန်တကယ် သက်ရောက်မှု ရှိမရှိ
(3) တောင်းဆိုထားသည့်အကြောင်းရင်းနဲ့ ထောက်ပံ့ငွေပြန်လည်အသုံးချရန်လုပ်ငန်းစဉ် ကိုက်ညီမှု ရှိမရှိ
...
🔗လျှောက်လွှာတင်ရန် လင့်ခ် - [ https://ee.kobotoolbox.org/x/abdKEOxj ]
အဖြေနှင့် ပူးတွဲတင်ပြရမည့်အချက်အလက်များကို ကြိုတင်ပြင်ဆင်နိုင်ရန် လျှောက်လွှာပုံစံ - [https://shorturl.at/QH28u] ကို လေ့လာပါ။
...
ငွေကြေးထောက်ပံ့မှုလျှောက်လွှာပြင်ဆင်နေစဉ် အနီးကပ်လမ်းညွှန်မှုရယူလိုရင်
Mentoring Session [https://ee.kobotoolbox.org/x/W7LaH5V5]မှာ စာရင်းသွင်းထားနိုင်ပါတယ်။
👉ပြန်လည်ထူထောင်ရေးငွေကြေးအထောက်အပံ့ပေးအပ်ခြင်းအကြောင်းအသေးစိတ်ပိုမိုလေ့လာနိုင်ရန်
[ https://shorturl.at/s6cq9 ]
လျှောက်လွှာ နောက်ဆုံးပေးပို့နိုင်မယ့်ရက်ကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက် (သောကြာနေ့) ဖြစ်ပါတယ်။

06/11/2025

Break Even point(BEP)

Break Even Pointဆိုတဲ့ အရင်းကြေမှတ် ကလုပ်ငန်းတွေအတွက် သိဖို့အလွန်အရေးကြီးပါတယ်၊၊

ကိုယ့်ရဲ့ productတွေ အရေအတွက်ဘယ်လောက်၊ငွေအမောက်ဘယ်လောက် ရောင်းမှ အရင်ကြေမယ်ဆိုတာကို သိထားရပါမယ်၊၊

ဒါမှ sales targetတွေချရင်လည်း ဒါကိုပါထည့် စဉ်းစားရမှာ ဖြစ်ပါတယ်၊၊

Break Even pointတွက်ဖို့ ဆိုရင် ရောင်းစျေး(sales price) , variable cost , Fixed costတွေကို သိထားရပါမယ်၊၊

-Sales priceဆိုတာကရောင်းစျေး
-variable costဆိုတာက ထုပ်လုပ်မှကုန်ကျတဲ့cost
-Fixed costဆိုတာက ပုံသေမပြောင်းလဲပဲပေးရတဲ့ costတို့ဖြစ်ကြပါတယ်၊၊
Break Even Point ရဲ့ formula က

BEP = Fixed cost / (Sales price – Variable cost)

Contribution = sales price – variable cost

ဥပမာ- distribution companyတစ်ခုမှာ အချိုရေ ရောင်းတယ်ဆိုပါဆို့ အချိုရည်ကို တစ်ဘူး 500ks(sales price)နဲ့ရောင်းမယ်၊ ဒီအချိုရည်ကို ဝယ်တဲ့စျေး(variable cost)က300ksဖြစ်ပြီး တခြား ကားတွေဌားခ၊saleman လစာ၊ ဂိုထောင်ဌားခ စတာတွေက 2,000,000ks(Fixed cost)ရှိတယ်ထားပါ၊၊ဒီတော့ ဘယ်လောက်ရောင်းမှ အရင်ကြေအမှတ်ကိုရောက်မလဲ တွက်ကြည့်ရအောင်

BEP =2,000,000 /(500 – 300) = 10,000

ပုလင်ပေါင်း 10000 ရောင်းရမှာအရင်းကြေဖြစ်ပါတယ်၊၊

ပြီးတော့ ဒီcompanyကပဲ တစ်လကို 1,000,000ထပ်မြတ်ချင်တယ် ဒါဆို ဘယ်လောက်ရောင်းရမလဲသိချင်တယ်ဆိုရင်တော့ Fixed costထဲကို ကိုယ်လိုချင်တဲ့ အမြတ်ကိုထည့်ပေါင်း ပေးရမှာဖြစ်ပါတယ်၊၊

= (2,000,000 +1,000,000) / (500 -300) = 15,000

ပုလင်းပေါင်း 15,000 ရောင်းရမှာဖြစ်ပြီး saleက ဒါကိုဘယ်channelတွေကရောင်းမယ် ဆိုတာ sales planလိုအပ်ပြီး၊marketingက ဒီအရောင်းဖြစ်အောင် supportပေးရမှာဖြစ်ပါတယ်၊၊

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

------------------------------------

Break Even point(BEP)

Break Even Pointဆိုတဲ့ အရင်းကြေမှတ် ကလုပ်ငန်းတွေအတွက် သိဖို့အလွန်အရေးကြီးပါတယ်၊၊

ကိုယ့်ရဲ့ productတွေ အရေအတွက်ဘယ်လောက်၊ငွေအမောက်ဘယ်လောက် ရောင်းမှ အရင်ကြေမယ်ဆိုတာကို သိထားရပါမယ်၊၊

ဒါမှ sales targetတွေချရင်လည်း ဒါကိုပါထည့် စဉ်းစားရမှာ ဖြစ်ပါတယ်၊၊

Break Even pointတွက်ဖို့ ဆိုရင် ရောင်းစျေး(sales price) , variable cost , Fixed costတွေကို သိထားရပါမယ်၊၊

-Sales priceဆိုတာကရောင်းစျေး
-variable costဆိုတာက ထုပ်လုပ်မှကုန်ကျတဲ့cost
-Fixed costဆိုတာက ပုံသေမပြောင်းလဲပဲပေးရတဲ့ costတို့ဖြစ်ကြပါတယ်၊၊
Break Even Point ရဲ့ formula က

BEP = Fixed cost / (Sales price – Variable cost)

Contribution = sales price – variable cost

ဥပမာ- distribution companyတစ်ခုမှာ အချိုရေ ရောင်းတယ်ဆိုပါဆို့ အချိုရည်ကို တစ်ဘူး 500ks(sales price)နဲ့ရောင်းမယ်၊ ဒီအချိုရည်ကို ဝယ်တဲ့စျေး(variable cost)က300ksဖြစ်ပြီး တခြား ကားတွေဌားခ၊saleman လစာ၊ ဂိုထောင်ဌားခ စတာတွေက 2,000,000ks(Fixed cost)ရှိတယ်ထားပါ၊၊ဒီတော့ ဘယ်လောက်ရောင်းမှ အရင်ကြေအမှတ်ကိုရောက်မလဲ တွက်ကြည့်ရအောင်

BEP =2,000,000 /(500 – 300) = 10,000

ပုလင်ပေါင်း 10000 ရောင်းရမှာအရင်းကြေဖြစ်ပါတယ်၊၊

ပြီးတော့ ဒီcompanyကပဲ တစ်လကို 1,000,000ထပ်မြတ်ချင်တယ် ဒါဆို ဘယ်လောက်ရောင်းရမလဲသိချင်တယ်ဆိုရင်တော့ Fixed costထဲကို ကိုယ်လိုချင်တဲ့ အမြတ်ကိုထည့်ပေါင်း ပေးရမှာဖြစ်ပါတယ်၊၊

= (2,000,000 +1,000,000) / (500 -300) = 15,000

ပုလင်းပေါင်း 15,000 ရောင်းရမှာဖြစ်ပြီး saleက ဒါကိုဘယ်channelတွေကရောင်းမယ် ဆိုတာ sales planလိုအပ်ပြီး၊marketingက ဂီအရောင်းဖြစ်အောင် supportပေးရမှာဖြစ်ပါတယ်၊၊

Myint Maung Maung Tun

Photos from The Art of Facilitation's post 06/11/2025
Photos from ေငြတိုက္စိုး's post 29/10/2025
Photos from Design & Build Engineering Training Center's post 10/10/2025
22/09/2025

“Grant လျှောက်ထားမှုစွမ်းရည်မြှင့်တင်ရေးနှင့် UNDP က ပေးအပ်မည့် Grant များလျှောက်ထားမှု အကြိုအလုပ်ရုံဆွေးနွေးပွဲ အမှတ် (၁)”

ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရတဲ့ အငယ်စားနဲ့ အလတ်စား (Small & Medium Enterprises) လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး မကြာခင် စီစဥ်ပေးတော့မဲ့ Grant လျှောက်ထားမှုစွမ်းရည်မြှင့်တင်ရေး သင်တန်းနှင့် လုပ်ငန်းပြန်လည်ထူထောင်ရေးအတွက် ပေးအပ်လာမည့် Grant ထောက်ပံ့မှု အလားအလာကောင်းတွေကို အောင်အောင်မြင်မြင်လျှောက်ထားရယူနိုင်စေဖို့ မန္တလေးမြို့မှာ အကြိုအလုပ်ရုံဆွေးနွေးပွဲအမှတ် (၁) ကို စတင်ကျင်းပ‌သွားတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
….
ဒီ “Grant လျှောက်ထားမှုစွမ်းရည်မြှင့်တင်ရေးနှင့် UNDP က ပေးအပ်မည့် Grant များလျှောက်ထားမှု အကြိုအလုပ်ရုံဆွေးနွေးပွဲ” ကို မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဘေးဒဏ်သင့်‌ဒေသတွေမှ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့
✔️ Grant လျှောက်ထားမှုစွမ်းရည်မြှင့်တင်ရေး
✔️ စီမံကိန်း၏ထောက်ပံ့မှုအချက်အလက်များအား ဝေမျှခြင်း
✔️လျှောက်ထားရန်လိုအပ်ချက်နှင့် လျှောက်ထားပုံအဆင့်ဆင့်အတွက် လိုအပ်သည်များကြေညာခြင်း
✔️ အလုပ်ရုံဆွေးနွေးပွဲပြီးနောက် Grant လျှောက်လွှာများရေးသားရာတွင် လမ်းညွှန်ဆွေးနွေးမှုများရရှိခြင်း
✔️ အခြားသိလိုသည်များကို သင်တန်းပို့ချသူ ဆရာမှ တိုက်ရိုက်ဖြေကြားပေးခြင်း စတဲ့ အစီအစဥ်တွေအပြင် ဆွေးနွေးပွဲမှာ တစ်ပါတည်း လက်တွေ့ပြင်ဆင်ကြည့်ကြရမှာဖြစ်လို့ အောင်မြင်တဲ့ Grant လျှောက်လွှာတစ်ခု ပြင်ဆင်၊တည်ဆောက်နိုင်မှာ အသေအချာပါပဲ။
….
ဘယ်လိုလုပ်ငန်းတွေက ယခုသင်တန်းကို လျှောက်ထားဖို့ အကျုံးဝင်ပါသလဲ ?
ငလျင်မတိုင်မီတွင်
☑️ အသေးစားလုပ်ငန်း မဖြစ်ရပါ (Micro Enterprises)
☑️ လုပ်ငန်းလည်ပတ်မှုသက်တမ်း အနည်းဆုံး (၁၂)လရှိသူ
☑️ ဝန်ထမ်းအင်အား အနည်းဆုံး (၅) ဦးရှိသူ
☑️ လုပ်ငန်းနှစ်စဥ်ဝင်ငွေ သိန်း (၃၅၀)ကျပ်မှ သိန်း (၁၀၀၀) ကြားရှိသူ
☑️ လုပ်ငန်းမတည်ငွေ အရင်းအနှီး သိန်း (၃၀၀) ကျပ်အနည်းဆုံးရှိသူတွေအတွက် ပြင်ဆင်ကူညီပေးမှာ ဖြစ်ပါတယ်။
☑️ မှတ်ပုံတင်ထားသော လုပ်ငန်းများအတွက် DICA / SME / လုပ်ငန်းမှတ်ပုံတင်တစ်ခုခုရှိထားပြီး (သို့မဟုတ်) မှတ်ပုံမတင်ထားသော လုပ်ငန်းများအတွက် အခြားလုပ်ငန်းလည်ပတ်မှု အထောက်အထားများရှိရပါမယ်။
☑️ မှတ်ပုံမတင်ထားသော လုပ်ငန်းများအတွက် အခြားလုပ်ငန်းလည်ပတ်မှု အထောက်အထားဥပမာများမှာ -
၁။ လုပ်ငန်းနေရာအတည်တကျရှိခြင်း (ကိုယ်ပိုင်/အငှားဖြင့် အလုပ်ရုံ/စက်ရုံ/ဆိုင်ခန်းနေရာ)
၂။ ၁၂ လ သက်တမ်းအတွင်း စဥ်ဆက်မပြတ်သော ဝယ်ယူရောင်းချမှုမှတ်တမ်း/ စာချုပ်စာတမ်းများ / ဘေလ်များ စသည်
၃။ ငွေကြေးဆိုင်ရာ မှတ်တမ်းများ (ဘဏ်ငွေသွင်း၊ ငွေထုတ်၊ ငွေစု စာရင်းများ / အရောင်းဘောက်ချာ / စာရင်းများ စသည် နှင့်
၄။ ခိုင်မာသော ဝယ်ယူအားပေးသူအညွှန်း/ထောက်ခံချက်များ စသည်တို့ ဖြစ်ပါတယ်။
….
ဒစ်ဂျစ်တယ်အသိပညာကျွမ်းကျင်မှု အသင့်အတင့်ရှိပြီး ထောက်ပံ့ကြေးတွေနဲ့ ပြန်လည်ထူထောင်အပြီးမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်မဲ့ လုပ်ငန်းများ ဥပမာ - စားသောက်ကုန်ထုတ်လုပ်ရေးဆိုင်ရာ၊ လက်လီလက်ကား အထည်အလိပ်ဆိုင်ရာ ၊ ဝန်ဆောင်မှုဆိုင်ရာ စတဲ့ မရှိမဖြစ်သောနယ်ပယ်တွေက လုပ်ငန်းတွေကို ကြိုဆိုလျက်ရှိပါတယ်။ အမျိုးသမီး (သို့မဟုတ်) လူငယ်တွေ ဦးဆောင်တဲ့ လုပ်ငန်းတွေကို ဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။
….
ဆွေးနွေးပွဲ အသေးစိတ်
နေ့ရက် - စက်တင်ဘာလ (၂၇) ရက်နှင့် (၂၈) ရက် - စနေ၊ တနင်္ဂနွေနှစ်ရက်တာ
အချိန် - နံနက် (၈:၃၀) နာရီ မှ ညနေ (၄) နာရီ
နေရာ - မန္တလေးမြို့
စာရင်းပေးသွင်းရန် - https://forms.gle/dnxcHkHAdm7Yr7zH8
(လူဦးရေအကန့်အသတ်ရှိပါသဖြင့် စက်တင်ဘာလ ၂၂ ရက်၊ တနင်္လာနေ့နောက်ဆုံးထားပြီး စာရင်းပေးသွင်းပါရန်)
….
မိတ်ဆွေရဲ့ စီးပွားရေးလုပ်ငန်းက အထက်ပါအချက်အလက်တွေနဲ့ ကိုက်ညီပြီး ထောက်ပံ့ကြေးတွေ အောင်အောင်မြင်မြင်ရယူနိုင်ဖို့ စိတ်အားထက်သန်တယ်ဆိုရင် အလုပ်ရုံဆွေးနွေးပွဲလေးကို ဆက်ဆက်စာရင်းပေးသွင်းတက်ရောက်လိုက်ပါနော်။

Photos from Accounting Knowledge Concepts's post 04/09/2025
Photos from SME မွတ္စု's post 27/07/2025
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon