22/08/2026
🌷 Hikari မှာ စာသင်ရင်း ဖန်တီးကြမယ် 🌷
ကလေးတွေအတွက် သင်ယူခြင်းဆိုတာ စာအုပ်ထဲက စာတွေကို လေ့လာရုံနဲ့ မပြီးဆုံးပါဘူး။ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရင်း၊ စမ်းသပ်ရင်း၊ ဖန်တီးရင်း သင်ယူနိုင်တဲ့ အတွေ့အကြုံတွေကလည်း ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါတယ်။ 💗
🎨 Hikari Kid’s Learning Center မှာတော့ လစဉ်တိုင်း Monthly Craft Time လေးတွေ ပြုလုပ်ပေးပြီး ကလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဖန်တီးလေ့လာကြပါတယ်။
🇯🇵 ဂျပန်နိုင်ငံရဲ့ ရိုးရာပွဲတော်လေးတွေနဲ့
🇲🇲 မြန်မာနိုင်ငံရဲ့ ရိုးရာပွဲတော်လေးတွေကို အကြောင်းအရာအဖြစ်ယူပြီး ပွဲတော်တွေနဲ့ သက်ဆိုင်တဲ့ Craft လေးတွေကို ကလေးတွေနဲ့အတူ ကိုယ်တိုင်ပြုလုပ်ကြပါတယ်။ ✂️🖍️🌸
ဒီလို လက်တွေ့လုပ်ဆောင်မှုတွေကနေတစ်ဆင့် ကလေးတွေအနေနဲ့ ပျော်ရွှင်စွာ သင်ယူရင်း စိတ်ကူးစိတ်သန်း၊ ဖန်တီးနိုင်စွမ်း၊ ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း တွေကို တဖြည်းဖြည်း တိုးတက်လာစေနိုင်မှာပါ။ 🌈✨
ပန်းချီဆွဲခြင်းကို စိတ်ဝင်စားတဲ့ ကလေးလေးတွေအတွက် အနုပညာကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်စေဖို့ Art Class ကိုလည်း သင်တန်းအပ်နှံလက်ခံပေးနေပါပြီ။ 🎨💕
📚 September လအတွက် သင်တန်းအပ်နှံမှုများလည်း စတင်လက်ခံနေပါပြီ။
ကလေးတွေအတွက် စာသင်ယူရုံသာမက
✨ ဖန်တီးတတ်ဖို့
✨ စူးစမ်းတတ်ဖို့
✨ ကိုယ်တိုင်လုပ်ဆောင်တတ်ဖို့
✨ ကိုယ့်စိတ်ကူးကို အနုပညာနဲ့ ဖော်ပြတတ်ဖို့
အခွင့်အရေးကောင်းတွေ ပေးစွမ်းနေတဲ့ Hikari Kid’s Learning Center နဲ့အတူ ကလေးတို့ရဲ့ သင်ယူမှုခရီးလမ်းကို ပိုမိုပျော်ရွှင်ပြီး အမှတ်တရဖြစ်စေလိုက်ပါ။ 🌷
📩 September Intake အတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီရှင့်။
Contact
Add . G33, Cherry Street, FMI City, Hlaing Thar Yar.
Ph . 09989466155
Hikari Kid’s Learning Center — Learn with Joy, Create with Love. 💖