13/06/2019
အားလံုးပဲ မဂၤလာပါ ။
အခုအခ်ိန္ကေတာ့ Dream Link
ကနေ လူငယ်တွေအတွက်
အခွင့်အရေး တစ်ခု ယူဆောင်လာပြန်ပါပြီ။
👉Dream Link ရဲ့ member recruitment 👈
Dream Link ဆိုတာကတော့......
လူငယ်တွေရဲ့ အိမ်မက်တွေကို
အကောင်အထည်ဖော်ရာမှာ
ပညာရေးဆိုင်ရာတွေ career နဲ့ပတ်သက်တာတွေကို အကြံပေး ဆွေးနွေးပေးခြင်း၊ တက္ကသိုလ်များရွေးချယ်လျှောက်ရာတွင် လိုအပ်သည့်informationများကို ပေးခြင်း၊ သင့်တော်သောသင်တန်းကျောင်းများ ရှာဖွေပေးခြင်း စသည့်ဝန်ဆောင်မှုများကို ပေးနေသော လူငယ်တွေစုပေါင်းတည်ထောင်ထားတဲ့ social enterprise တစ်ခုဖြစ်ပါတယ်။
👉Dream Link member အနေနဲ့ ဘာတွေလုပ်ရမှာလဲ 👈
Member ဝင်တွေက တစ်လကို 1000နှုန်းနဲ့....3လစာ 4လစာမျိုး စုပြီး Agency ကိုထည့်ဝင်ရမှာပါပဲ....ထည့်ဝင်ကြေးတွေအတွက် 50%ကိုပညာရေးကဏ္ဍ အထူးသဖြင့် Seminars,Workshops တွေမှာ အသုံးပြုသွားမှာဖြစ်ပြီး၊ ကျန်50%ကိုတော့ Agency ရဲ့ လုပ်ငန်းစဉ် ကျယ်ပြန့်လာရေးအတွက် သုံးသွားမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ workshops seminars ပွဲတွေမှာ volunteer အနေနဲ့လည်း ကူညီပေးနိုင်ပါတယ်...
👉Dream Link member တစ်ယောက်အနေနဲ့
ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ👈
လူငယ်တွေ အတွက်
ပညာရေးဆိုင်ရာ သတင်းအချက်အလက်တွေ၊
Scholarship programs တွေအကြောင်း၊
Fresh graduate တွေအတွက်
Internship opportunities တွေ၊
Job opportunities များစွာကို
Information sharing လုပ်ပေးသွားမှာဖြစ်တဲ့အပြင်
Dream Link က work shopတွေမှာလဲ
ပါဝင်စီစဉ်နိုင်မှာ ဖြစ်ပါတယ်။
👉member ဝင်ဖို့ ဘာတွေလိုအပ်တာလဲ 👈
Member Formဖြည့်ပြီးပြီဆိုတာနဲ့ Agency ရဲ့ page ကိုSee first လုပ်ထားပြီး Posts တွေကို like & share အမြဲလုပ်ပေးရုံပါပဲ + Member ဝင်မယ်ဆိုရင်တော့ အောက်က Link လေးမှာ Form ဖြည့်လိုက်ရုံပါပဲ...
https://docs.google.com/forms/d/e/1FAIpQLSeAJukYr8nj4B0sxvusZ8HLMtorj1xBkGhBde8Q5IWAjut6qQ/viewform
မှတ်ချက်။ ။Member တွေအနေနဲ့ ထည့်ဝင်ကြေး 1000ကျပ်ထည့်တာဟာ Agencyရဲ့ အကျိုးအမြတ်တစ်စုံတရာကြောင့်မဟုတ်ဘဲ Agency ရဲ့လုပ်ဆောင်ချက် အထူးသဖြင့် ပညာရေးပိုင်းလုပ်ဆောင်ချက်တွေမှာ အသုံးချသွားမှာဖြစ်ပါတယ်...ဒါကြောင့် မိမိထည့်ဝင်ကြေးဟာ မြန်မာ့ပညာရေးတိုးတက်ရေးအတွက် လူငယ်တွေ တိုးတက်လာရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပံပိုးပေးနေသလိုဖြစ်နေမှာပါ....
အားလုံး ကောင်းသောနေ့လေး ပိုင်ဆိုင်ပါစေ ။
26/03/2019
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။
Dream Link ကနေ ပြန်လည်ကြိုဆိုပါတယ် 🙏
အခုအချိန်မှာ တက္ကသိုလ် အတော်များများက
1st smester စာမေးပွဲတွေ ပြီးကုန်ပြီဆိုတော့
ကျွန်တော်တို့ Dream Link မှလဲ လူငယ်များအတွက်
အကျိုးရှိစေမဲ့ program လေးတစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျာ။
အခုမိတ်ဆက်ပေးမဲ့ program ကတော့
ရန်ကုန်စီးပွားရေးတက္ကသိုလ် UNESCO နဲ့ Pepsicoတို့
ပူးပေါင်းဖွင့်လှစ်ထားတဲ့
Centre of Excellence for Business Skills Development မှ ထပ်မံဖွင့်လှစ်ပေးမဲ့
"Business Skills For Youth" Batch-14 ဖြစ်ပါတယ်။
Business Skills For Youth Program မှာ
သင်ကြားပေးတာတွေကတော့....
👉ကိုယ့်ရဲ့ career ကို ဘယ်လိုရွေးချယ်ရမလဲက စလို့
Job seeking ဘယ်လိုလုပ်ရမလဲ
CV,Resume, Cover letter တွေ စနစ်တကျပြင်နည်း
Interview အတွက်ပြင်ဆင်နည်းများ အပြင်
Work place ထဲမှာ မရှိမဖြစ်လိုအပ်တဲ့
Presentation skills
Negotiation skills
Communication skills
Problem Solving skills
Decision making skills
Customer relationship
Effective Leadership 👈
အစရှိသည်များကို စာတွေ့သာမက theory အခြေပြု
Activities တွေ Quiz တွေ games တွေနဲ့
လေ့ကျင့်သင်ကြားပေးတာ ဖြစ်တဲ့အတွက်
လူငယ်တွေအတွက် ထိရောက်မှုရှိလှတဲ့ program
တစ်ခုဖြစ်ကြောင်း recommendation ပေးရခြင်း
ဖြစ်ပါတယ်ခင်ဗျာ။
ဒါ့အပြင် Yangon Stock Exchange သို့ သွားရောက်၍
Stock စျေးကွက်တွေ အကြောင်း
လေ့လာသင်ယူနိုင်မှာ ဖြစ်သလို
လက်ရှိလုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ လူငယ်
စီးပွားရေး လုပ်ငန်းရှင်များကလည်း ဆွေးနွေးပေးမယ့်
Guest Speaker အစီအစဉ်များလဲ ပါဝင်ပါတယ်ခင်ဗျာ။
နောက်ထပ်အရေးအကြီးဆုံး အချက်တစ်ချက်က
Business model တစ်ခုတည်ဆောက်ခြင်းကို
စနစ်တကျသင်ကြားပေးပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု
အတွက် Business plan presentation ပြင်ဆင်ရခြင်းမှာလည်း လူငယ်များအတွက် အသစ်အသစ်သော
အကြံဉာဏ်များနှင့် စိတ်ကူးစိတ်သန်းများကို
ပေါင်းစည်းပြီးသား ဖြစ်စေပါတယ်။
လုပ်ငန်းတစ်ခုရဲ့ mission, vision ကစလို့
ဒီလုပ်ငန်းရဲ့ marketing ဘယ်လိုလုပ်ရမလဲ
Profits ဘယ်လိုပြန်ရှာရမလဲ
Budget ဘယ်လောက်သုံးမလဲ
ဘယ်လိုအကောင်အထည် ဖော်မလဲ
စတာတွေကို Brainstorm ရမှာ ဖြစ်တာကြောင့်
လက်တွေ့မှာပါ တစ်ကယ်အသုံးဝင်စေပါတယ်။
နိဂုံးချုပ် ပြောရရင် လူငယ်တွေအတွက်
networkingကို ပိုမိုချဲ့ထွင် လာနိုင်သည့်အပြင်
လုပ်ငန်းခွင်မဝင်မှီ ရှိသင့်ရှိထိုက်တဲ့ skills တွေ
knowledge တွေကို လေ့ကျင့်ပေးတဲ့နေရာတစ်ခု
ဖြစ်တဲ့အတွက် အားလုံးရဲ့ ကျောင်းပိတ်ရက်လေးမှာ
အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ အတွက်
ကျွန်တော်တို့ Dream Link မှ information ပေးခြင်း
ဖြစ်ပါတယ်ခင်ဗျာ။
Business Skills For Youth Program Batch-14
အကြောင်းကို အောက်ပါLinkမှ
ဝင်ရောက် လေ့လာနိုင်ပါတယ်ခင်ဗျာ။
https://m.facebook.com/story.php?story_fbid=2378303662389441&id=1633612036858611
06/02/2019
Members' activity
YUEco မှ Single အပေါင်း သူတော်ကောင်းတို့ရေ....👏👏👏
မကြာခင် V Day 😀😀😀ရောက်တော့မှာဆိုတော့ ကိုယ်တွေလို Singleတွေနဲ့ မသက်ဆိုင်ဘူးလို့မထင်နဲ့နော်....V Dayမှာ Single တွေအတွက် Dream Link Agency ကနေ အထူးအစီအစဉ်လုပ်ဖို့ရှိပါတယ်😳...ကျွန်တော်တို့လို Singleတွေမှာလည်း ကိ်ုယ်သဘောကျတဲ့သူရှိတယ်မလား....Crushပေါ့နော် 😁😁😁 ဒါပေမယ့် မဖွင့်မပြောရဲ ဖြစ်နေကြတယ်မလား...အဲ့နေ့မှာ ကျွန်တော်တို့လို Singleတွေက ကိုယ့်ရဲ့အချစ်တွေကို Crush သိစေနိုင်ဖို့...ဘာတွေနဲ့ သက်သေပြမလဲ 🤔🤔🤔 နှင်းဆီပန်းလေးပို့မှာလား ပန်းစည်းလေးနဲ့လား သူကြိုက်တတ်တဲ့ Cartoon ရုပ်လေးနဲ့လား....Crush အပေါ် အချစ်တွေပြနိုင်ဖို့ ဒီက Single တွေပေါ်မှာမူတည်ပါတယ်...ခင်ဗျားတို့ crush ကို ပို့ချင်တဲ့အရာလေးတွေကို ကျွန်တော်တို့ Agency ကနေ ဆောင်ရွက်ပြီး Crush ဆီအရောက် ပို့ပေးမှာပါ....မြှားနတ်မောင်လိုပေါ့....အဲ့လိုပို့ပေးရလို့ fees ပေးရာမလိုပါဘူး Free Delivery ပါနော် 😍😍😍 ကဲ...crush ကို အချစ်တွေ သိစေချင်နေတဲ့ Single/Fa လေးတွေ V Day မတိုင်ခင်ထိ ကျွန်တော်တို့ Agency ကိုဆက်သွယ်လိုက်ပါ ....ခင်ဗျားတို့ ပို့ချင်တဲ့အရာလေးတွေကို Agency နဲ့ Confirm လုပ်ပြီး ဆောင်ရွက်ပေးသွားပါ့မယ်...တကယ်လို့ ကိ်ုယ့်အစီအစဉ်လေးနဲ့ လုပ်ချင်တယ်ဆိုရင်တော့ Free Delivery နဲ့ လုပ်ဆောင်ပေးသွားပါမယ်....YUEco က ကျွန်တော်တို့ Single တွေအားလုံး...အချစ်မှတ်တိုင်တွေ စိုက်ထူလိုက်ကြရအောင်....👏👏?ပစ္စည်း ကတော့( ၃ )မျိုး ရှိပါတယ်
၁။ ။ နှင်းဆီပန်း(အတု၊အစစ်)🌹🥀🌷
၂။ ။ချောကလက်🍫🍫
၃။ ။ချစ်စရာ အရုပ် လေးတွေ🐶🦊🐧🐦
ဝယ်ချင်တဲ့ သူတွေ ကြိုတင် မှာ ယူလို့ရပီနော်
မှတ်ချက်။ ။ RS တွေ ဝယ်ခွင့်မရှိပါ
ဆက်သွယ်ရန်...09692784570
09791837158စ္စ(only YUEco campus)
22/01/2019
Dream Link Education Agency ရဲ့ ပထမဆုံး Workshop(Youth empowerment) ကို
အောင်မြင်စွာကျင်းပ ပြီးဆုံးသွားပါပြီ😇😇📌
လာရောက်ပေးကြတဲ့👨👦👦 ကျောင်းသူ/သား များအားလုံးကို အထူးကျေးဇူးတင်ပါတယ်😍😍😍
Speakers များနဲ့ Organizers များကိုလည်း ကျေးဇူး အထူးတင်ပါတယ်
live as we dream #
Member ဝင်ချင်သူများ ဆက်သွယ်နိုင်ပါသည်
Ph...📞.09692784570
...... ☎.09696630316
16/01/2019
ကျနော်တို့ Dream Link Education Agency ရဲ့ ပထမဆုံး Activity ဖြစ်တဲ့ Youth Empowerment ဆိုတဲ့ခေါင်း စဉ်ဖြင့် YUEco campus တွင် Work Shop တစ်ခု ပြုလုပ်သွားမည်ဖြစ်ပါသည်။ အဓိက ပြောသွားမယ့် ခေါင်း စဉ်များ
1...How to master your English(Day 1)
2...Essential skills for the youths(Day 2)
3...How to apply for scholarships(Day 3)
4....Who am I (How to make a presentation)
(Day 3 extra minutes )
နေရာ။ ။Art Club Room(ကျောင်းသားသမဂ္ဂ ရုံး နှင့် ဘေးချင်းကပ် အခန်း)
ရက်စွဲ။ ။2019,January 18,21,22
အချိန်။ ။၉း၃၀ -၁၂း၀၀
01/01/2019
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ🙏
နှစ်သစ်ကာလ ရောက်တဲ့အချိန်မှာဆိုရင်ဖြင့်
ကျွန်တော်တို့ "Dream Link" ကလဲ
လူငယ်တွေအတွက် ပြောင်းလဲခြင်းတွေ
ယူဆောင်လာပေးတော့မှာဖြစ်ပါတယ်✨
ကျွန်တော်တို့ "Dream Link" ရဲ့
Information တွေရယ်
ကျွန်တော်တို့ရဲ့ process တွေရယ်ကို
အသေးစိတ် ရှင်းပြပေးပရစေ ခင်ဗျာ။
👉What's Dream Link?👈
Dream Link ဆိုတာကတော့
လူငယ်တွေအတွက် ကိုယ်ဝါသနာပါရာ
လမ်းကြောင်းကနေတစ်ဆင့် အိမ်မက်တွေကို
အကောင်အထည် ဖော်ရာမှာ
မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက်
လမ်းညွှန်ပေးမဲ့ agency တစ်ခုဖြစ်ပါတယ် ခင်ဗျာ။
👉Target people 👈
တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသော
ကျောင်းသား ကျောင်းသူများ
Vocational courses များ တက်ရောက်ရန်
စုံစမ်းနေသူများ
မိမိဝါသနာကို ရှာဖွေနိုင်သော်လည်း မည်သို့
အကောင်အထည်ဖော်ရန် မသိသေးသူများ
👉Dream Link က ဘယ်လို service တွေပေးမှာလဲ
ရှေးဦးစွာ တစ်ဦးတစ်ယောက်ချင်းစီရဲ့
ဝါသနာပေါ်ကို အခြေခံကာ ဆွေးနွေးပေးသွားမှာ
ဖြစ်ပါတယ်။
မိမိဝါသနာကို မသိသေးသူများအတွက်လဲ
Psycho test များဖြင့် မိမိ၏ ဝါသနာကို
အနီးစပ်ဆုံး ရှာတွေ့ရန် ကူညီပေးပါမည်။
မိမိဝါသနာကို အကောင်အထည်ဖော်နိုင်ရန်
အသိပညာ အတတ်ပညာများ သင်ကြားရမည့်
သက်ဆိုင်ရာ တက္ကသိုလ်များ ကောလိပ်များနှင့်
သင်တန်းကျောင်းများ၏ information များကို
အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
မိမိ တက်ရောက်လိုသော သက်ဆိုင်ရာ
ဘာသာရပ်၏ အကြောင်းအရာ နှင့်တကွ
Future career opportunities ရှိ ၊ မရှိ?
စသည်တို့ကိုပါ တပါတည်း ဆွေးနွေးသွားမှာ
ဖြစ်ပါတယ် ခင်ဗျာ။
မိမိ မျှော်မှန်းသော career lifeကို လျောက်လှမ်းနိုင်ရန်ကြိ ုတင်ပြင်ဆင်သင့်သည်များ
တက်ရောက်သင့်သည့် courses များကို
အကြံပေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
👉Dream Link ရဲ့ ရည်ရွယ်ချက် 👈
လူငယ်တွေ မိမိဝါသနာကို အရင်းခံကာ
မှန်ကန်တဲ့ တက္ကသိုလ်၊ကောလိပ်၊
သင်တန်းကျောင်းများ ရွေးချယ် နိုင်ရန်
ရည်ရွယ်ရာ career life ကို လျောက်လှမ်းနိုင်ရန်
Preparationတွေ မှန်ကန်စွာ ပြုလုပ်နိုင်ရန်
☺အခုဆိုရင်ဖြင့် Dream link နဲ့ ပတ်သက်ပြီး
Information လေးတွေ စုံလင်စွာ သိရှိပြီးပြီဆိုတော့
လူငယ်တွေကို အက်ျိုးပြုနိင်ဖို့
လူငယ်တွေ ကိုယ်တိုင် ဦးစီးဦးဆောင်ပြုနေတဲ့
Dream Link မှ
Members များကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။
✨ကျွန်တော်တို့ရဲ့ နှစ်သစ်ကို လူငယ်အကျိုးပြု
အစီအစဉ်လေးတွေနှင့်တကွ ကြိုဆိုချင်ပါတယ်ခင်ဗျာ
✨Dream Link မှ Organizer များ ကြီးမှူးပြီး
မကြာမီ အချိန်ကာလ အတွင်းမှာ
"How to boost your Presentation & Public Speaking Skills "ဆိုတဲ့ training လေးတစ်ခု
ပြုလုပ်သွားဖို့ရှ်ိပါတယ် ။
Training နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့
မကြာခင်မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
❤သင့်စိတ်ကူးအိမ်မက်တွေကို Dream Link က
ယူဆောင်လာပေးမှာ ဖြစ်ပါတယ် ❤
28/12/2018
အားလံုးပဲမဂၤလာပါ။☺️
မကြာခင်အချိန် ၂၀၁၉ မှာ Dream Link Agency ကအသက်ဝင်လာတော့မှာဖြစ်ပါတယ်။
📌DREAM LINK ဆိုတာဘာလဲ ??
DREAM LINK ဆိုတာကတော့ “We live as we dream” ဆိုတဲ့ဆောင်ပုဒ်အတိုင်း သင်တို့အိပ်မက်မက်ရာအတိုင်း ရှင်သန်ဖို့အတွက်ကူညီပေးသွားမှာဖြစ်ပါတယ်။
📌ဘာတွေကူညီပေးမှာလဲ ?
သင်တို့စိတ်ဝင်စားရာ အသက်မွေးဝမ်းကြောင်းသင်တန်းများ နဲ့ တက္ကသိုလ်များကိုလမ်းညွှန်ဆွေးနွေးရှင်းပြပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် တက္ကသိုလ်တက်ရောက်ရာတွင် တက္ကသိုလ်များအလိုက်လိုအပ်ရာ စာရွက်စာတမ်းများ၊လုပ်ဆောင်ရမည့် ပြင်ဆင်ရမည့်အချက်အလက်များကိုလမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်။
📌ဘယ်သူတွေအတွက်လဲ ?
ဆယ်ကျော်သက်လူငယ်များ၊တက္ကသိုလ်ကျောင်းသား/သူများ နှင့်
အနယ်နယ်အရပ်ရပ်မှ ဆယ်တန်းအောင်မြင်ပြီးသော ညီငယ်၊ညီမလေး များ
နယ်ရပ်ဝေးများမှ ရန်ကုန်သို့ပညာလာရောက်သင်ကြားသူများအတွက် အဓိကဖြစ်ပါတယ်။
📍ရည်ရွယ်ချက်📍
မြန်မာ့ပညာရေးအဆင့်အတန်းတိုးတက်လာစေရန် နှင့် မြန်မာနိုင်ငံအရပ်ရပ်မှ အတွေ့အကြုံ၊ဗဟုသုတ မပြည့်သေးသောလူငယ်လူရွယ်လေးများ မိမိတို့ဖြစ်ချင်ရာအိပ်မက်များကိုလျှောက်လမ်းနိုင်စေရန်နှင့် ပညာရေးလမ်းကြောင်းမလွဲစေရန် ဖြစ်ပါတယ်။
Dream Link မှနောက်ထပ် လူငယ်တွေအတွက် အကျိုးရှိစေမယ့်အစီအစဉ်ကောင်းတွေ အများကြီးထပ်ရှိဦးမှာမို့ စောင့်မျှော်ပေးကြပါနော်😍